ငါစဉ်းစားကြည့်လိုက်ပါမယ်....
Vol. 38 Ch. 578
" ကျွန်တော် မကြာသေးခင်ကမှ စုန်းဘိုးဘေး အဆင့်ဆယ့်ကိုးကို ဝင်ရောက်သွားတာ။ " လင်းယွမ်က ပြောလိုက်သည်။
" မကြာသေးခင်က..." ကြီးမြတ်သူရှချင်က လင်းယွမ်ကို ကြည့်လိုက်သည်။
" မင်းက ဒီလိုအချိန်တိုအတွင်း စုန်းဘိုးဘေး အဆင့်ဆယ့်ကိုးကို ကျင့်ကြံနိုင်ခဲ့ရင် ငါတို့လူသားမျိုးနွယ်က ကြယ်စကြာဝဠာမဟာမိတ်ကို ရှာဖွေဖို့ မလိုတော့ဘူး။ " ကြီးမြတ်သူရှချင်က ပြုံး၍ ပြောလိုက်သည်။
" ကြယ်စကြာဝဠာမဟာမိတ်ကို ရှာဖွေတာလား။ " လင်းယွမ်က အနည်းငယ် အံ့ဩသွားသည်။
ကြယ်စကြာဝဠာမဟာမိတ်က စကြာဝဠာအတွင်းရှိ အထူးသက်ရှိများနှင့် ဖွဲ့စည်းထားခြင်းဖြစ်ပြီး လူသားမျိုးနွယ်မဟာမိတ်နှင့် အဆင့်တူဟု ပြောနိုင်လေသည်။
" ကြယ်စကြာဝဠာမဟာမိတ်ကို သွားမရှာရင် ဒိုင်မန်ရှင်းနှစ်ခုကမ္ဘာက ရတနာတွေကို ထုတ်ယူဖို့ ခက်ခဲသွားလိမ့်မယ်။ " ကြီးမြတ်သူရှချင်က ပြောလိုက်သည်။ " အခုအချိန်ထိ ကြယ်စကြာဝဠာမဟာမိတ်က နတ်ဘုရင်က ကောင်းကင်ဂိတ်တံခါးကတစ်ဆင့် ပင်မစကြာဝဠာကို ပြန်လာဖို့ အဖြစ်နိုင်ဆုံးပဲ။ "
" ဒိုင်မန်ရှင်းနှစ်ခုကမ္ဘာမှာ ငါတို့ လူသားမျိုးနွယ် ဆင့်ကဲပြောင်းလဲသူတွေရရှိခဲ့တဲ့ ရတနာတွေကို နတ်ဘုရင်ရဲ့ အကူအညီနဲ့ပဲ ထတ်ယူနိုင်လိမ့်မယ်။ " ကြီးမြတ်သူရှချင်က ရှင်းပြလိုက်သည်။
ထိုရတနာများက ဒိုင်မန်ရှင်းနှစ်ခုကမ္ဘာမှ ထွက်လာသည်နှင့် အလွန်တန်ဖိုးကြီးမားသွားပေလိမ့်မည်။
သို့သော် လူသားမျိုးနွယ်၏ ဆင့်ကဲပြောင်းလဲသူများက ဒိုင်မန်ရှင်းနှစ်ခုကမ္ဘာတွင် လွှမ်းမိုးထားနိုင်ခြင်းမရှိပေ။ သူတို့ထဲတွင် ကောင်းကင်ဂိတ်တံခါးသို့ ဝင်ရောက်ရန် နတ်ဘုရင်နှင့် ယှဉ်ပြိုင်နိုင်သော ဆင့်ကဲပြောင်းလဲသူမရှိပေ။
သို့သော် ယခု လင်းယွမ်၏ ခွန်အားကို သိရသောအခါ ကြီးမြတ်သူရှချင်၏ စိတ်ထဲတွင် မျှော်လင့်ချက်တစ်ခု ပေါ်လာခဲ့သည်။ လင်းယွမ်၏ လက်ရှိအဆင့်နှင့် နတ်ဘုရင်အတွက် ပြိုင်ဘက်မဖြစ်နိုင်လျှင်တောင် ကောင်းကင်ဂိတ်တံခါး နောက်တစ်ကြိမ် ပေါ်လာခြင်းကို ပစ်မှတ်ထားနိုင်လေသည်။
" အဲ့လိုကိုး။ " လင်းယွမ်က ခေါင်းညိမ့်လိုက်သည်။
ကြယ်စကြာဝဠာမဟာမိတ်ကို တောင်ဆိုရန် နတ်ဘုရင်ကို တောင်းဆိုရန်က နောက်ဆုံးတွင် တန်ဖိုးတစ်ခုနှင့်အတူ ပါလာပေလိမ့်မည်။
သို့သော် လူသားမျိုးနွယ်က ရွေးချယ်စရာမရှိပေ။ ဒိုင်မန်ရှင်းနှစ်ခုကမ္ဘာတွင် နတ်ဘုရင်နှင့် အထူးသက်ရှိများက လွှမ်းမိုးထားလေသည်။ လူသားမျိုးနွယ်သာမက အင်းဆက်မျိုးနွယ်၊ ထျန်းယုမျိုးနွယ်နှင့် အခြားအထွတ်အထိပ်မျိုးနွယ်များကလည်း ကြယ်စကြာဝဠာမဟာမိတ်၏ အထူးသက်ရှိများနှင့် ယှဉ်ပြိုင်နိုင်ခြင်းမရှိပေ။
" မင်းက ဒိုင်မန်ရှင်းနှစ်ခုကမ္ဘာက ထွက်ပြီး လူသားမျိုးနွယ်အတွက် ရတနာတွေ ယူလာပေးနိုင်ရင် မင်းအတွက်လည်း အကျိုးမယုတ်စေရပါဘူး။ ရတနာတစ်ခုစီရဲ့ တန်ဖိုးအပေါ် အခြေခံပြီး မင်းက ငါးဆယ်ရာခိုင်နှုန်း ဝေစုကို ရလိမ့်မယ်။ " ကြီးမြတ်သူရှချင်က ပြောလိုက်သည်။
" ရတနာတွေကို ထုတ်ယူပြီး ငါးဆယ်ရာခိုင်နှုန်းပေးတာ များပေမယ့် ငါတို့သာ ရတနာတွေကို မထုတ်ယူနိုင်ရင် လူသားမျိုးနွယ်က ဘာမှရမှာမဟုတ်ဘူးလေ။ " ကြီးမြတ်သူရှချင်က ထိုသို့လုပ်ဆောင်ရန် အတော်လေး ဆန္ဒရှိနေသည်။
" ပြဿနာနရှိဘူး။ " လင်းယွမ်က ချက်ချင်း ပြောလိုက်သည်။
" ကျွန်တော် ကောင်းကင်ဂိတ်တံခါးထဲကို တကယ်ဝင်ရောက်နိုင်မလားဆိုတာ မသေချာဘူး။ " လင်းယွမ်က အနည်းငယ် တုန့်ဆိုင်းစွာ ပြောလိုက်သည်။
" မင်းရဲ့ ကျင့်ကြံမှုအရှိန်နဲ့ဆို မင်းက နတ်ဘုရင်ကို ရှောင်ရှားပြီး ကောင်းကင်ဂိတ်တံခါး ဒုတိယနဲ့ တတိယအကြိမ် ပေါ်လာတာကို အာရုံစိုက်နေသရွေ့ အခွင့်အရေး ကောင်းကောင်းရှိတယ်။ " ကြီးမြတ်သူရှချင်က ပြောလိုက်သည်။
" နတ်ဘုရင်ကို ရှောင်ရှားရမှာလား။ " လင်းယွမ်၏ အတွေးများက လှုပ်ရှားသွားသည်။ ဒိုင်မန်ရှင်းနှစ်ခုကမ္ဘာတွင်ဖြစ်စေ ပင်မစကြာဝဠာတွင်ဖြစ်စေ နတ်ဘုရင်၏ ခွန်အားက ကြီးမားလွန်းလှသည်။
" ဟုတ်တယ်။ နတ်ဘုရင်က ကြီးမြတ်သူအဆင့်လက်နက်နဲ့ ပြည့်စုံအောင် ပေါင်းစပ်ထားတယ်။ မင်းရဲ့ အဆင့်နဲ့ ခွန်အားက သူ့ထက် မြင့်နေရင်တောင် တိုက်ခိုက်ရေးစွမ်းအားက အခြားကိစ္စတစ်ခုပဲ။ "
" မင်းရဲ့ အလားအလာနဲ့ ကျင့်ကြံမှုအရှိန်နဲ့ဆို နတ်ဘုရင်ကို ယှဉ်ပြိုင်ဖို့မလိုပါဘူး။ အန္တရာယ်များလွန်းတယ်။ " ကြီးမြတ်သူရှချင်က ခေါင်းခါပြီး ပြောလိုက်သည်။
" နားလည်ပါပြီ။ " လင်းယွမ်၏ အတွေးများကလည်း ကြီးမြတ်သူရှချင်နှင့် ကိုက်ညီလေသည်။
သူက လုံးဝမသေချာဘဲ ကောင်းကင်ဂိတ်တံခါး ပထမဆုံး ပေါ်လာချိန်တွင် နေရာတစ်ခုအတွက် ယှဉ်ပြိုင်ရန် အန္တရာယ်တောထဲသို့ ဝင်တိုးလိမ့်မည်မဟုတ်ပေ။ အချိန်က လင်းယွမ်၏ ဘက်တွင် ရှိနေသည်။ အချိန်ကြာလာသည်နှင့်အမျှ ကောင်းကင်ကိုဆန့်ကျင်သော နားလည်နိုင်စွမ်းဖြင့် ယူဆောင်လာမည့်အားသာချက်က ပို၍ ကြီးမားပေလိမ့်မည်။
နှစ်တစ်ရာကျော်အတွင်း လင်းယွမ်က ထိုအလွှာဆယ့်တစ် အထွတ်အထိပ်သက်ရှိများကို အမှီလိုက်နိုင်ခဲ့သည်။ နောက်ထပ် နှစ်တစ်သောင်းအတွင်း လင်းယွမ်က မည်သည့်အဆင့်သို့ ရောက်နိုင်မလဲ မသိပေ။
"မင်းက စုန်းဘိုးဘေး အဆင့်ဆယ့်ကိုး ရောက်နေပြီဆိုတော့ ငါတို့ဖန်တီးထားတဲ့ ကျင့်စဉ်တွေက မင်းအတွက် သိပ်အသုံးမဝင်တော့ဘူး။ ဒါပေမယ့် မင်းက ပုံတူကူးထားတဲ့ ဒိုင်မန်ရှင်းနှစ်ခုကမ္ဘာမှာ စွမ်းအားရဲ့ အနှစ်သာရကို နားလည်ဖို့ ကြိုးစားနိုင်တယ်။ " ကြီးမြတ်သူရှချင်က ပြောလိုက်သည်။
ဟင်းလင်းပြင်ကမ္ဘာမှ ဖမ်းယူထားသော စွမ်းအားအနှစ်သာရက ကြီးမြတ်သူများအတွက် စုန်းဘိုးဘေးအဆင့် ကျင့်စဉ်များကို ဖန်တီးရန် အခြေခံဖြစ်သည်။ ပုံမှန်အားဖြင့် ထိုကဲ့သို့သော စွမ်းအားအနှစ်သာရက အလွှာတစ်ဆယ်၊ အလွှာဆယ့်တစ် သက်ရှိများအတွက်ပင် အသိအမြင်များ ပေးမည်မဟုတ်ပေ။ သို့သော် လင်းယွမ်၏ စွမ်းဆောင်ရည်ကို မြင်တွေ့ပြီးနောက် ကြီးမြတ်သူရှချင်က မတူညီသော ထင်မြင်ချက်တစ်ခု ရှိခဲ့သည်။
" စွမ်းအားအနှစ်သာရလား။ " လင်းယွမ်၏ မျက်လုံးများက တောက်ပသွားသည်။
ဒိုင်မန်ရှင်းနှစ်ခုကမ္ဘာတွင် ၎င်း၏ စွမ်းအားအနှစ်သာရကို နားလည်ခြင်းက ကမ္ဘာ၏ ဖိနှိပ်မှုကြောင့် နှေးကွေးလေသည်။ သို့သော် အပြင်ဘက်တွင် ဒိုင်မန်ရှင်နှစ်ခုကမ္ဘာ၏ ကန့်သတ်ချက်များမရှိဘဲ စွမ်းအားအနှစ်သာရကို လေ့လာခြင်းက သိသာထင်ရှားသော အကျိုးကျေးဇူးများ ရှိနိုင်လေသည်။
" မင်းရဲ့ မူလခန္ဓာကိုယ်က နဂါးငွေ့တန်းပင်မကြယ်ပေါ်မှာ ရှိတယ်မဟုတ်လား။ မင်းလေ့လာဖို့အတွက် ငါ ယုတိုင်ကိုပြောလိုက်မယ်။ " ကြီးမြတ်သူရှချင်က ပြောလိုက်သည်။
" ကျေးဇူးတင်ပါတယ် ကြီးမြတ်သူ။ " လင်းယွမ်က ကျေးဇူးတင်စကား ပြောလိုက်သည်။
စကြာဝဠာထဲတွင် ဆန်းကြယ်သော စာလိပ်တစ်ခုက လိပ်ထားရာမှ ဖြန့်နေသည်။ ပုံရိပ်အချို့က ၎င်း၏ ပတ်ဝန်းကျင်တွင် ရပ်နေကြသည်။
" ရှချင် ဘယ်လိုလဲ။ မင်းစဉ်းစားပြီးပြီလား။ " မိုင်ပေါင်းများစွာ မြင့်မားသော ပုံရိပ်တစ်ခုက ကြီးမြတ်သူရှချင်ကို ပြောလိုက်သည်။ " မင်းရဲ့ လူသားမျိုးနွယ်က ငါတို့ ကြယ်စကြာဝဠာမဟာမိတ်နဲ့ ကောင်းမွန်တဲ့ ဆက်ဆံရေးရှိတယ်။ "
" ဒိုင်မန်ရှင်းနှစ်ခုကမ္ဘာမှာ ကောင်းကင်ဂိတ်တံခါး ဖွင့်လှစ်တဲ့အချိန်ကျရင် မင်းတို့က ရတနာတွေရဲ့ ခြောက်ဆယ်ရာခိုင်နှုန်းကို ပေးရင် မင်းတို့ လူသားမျိုးနွယ် ဆင့်ကဲပြောင်းလဲသူတွေ တွေ့ခဲ့တဲ့ ရတနာတွေကို ထုတ်ယူဖို့ ငါနတ်ဘုရင်ကို ပြောလို့ရတယ်။ "
" ဘယ်လိုလဲ။ ငါက အင်းဆက်မျိုးနွယ်နဲ့ ထျန်းယုမျိုးနွယ်ကို ရတနာတွေရဲ့ ခုနှစ်ဆယ် ရာခိုင်နှုန်းကနေ ရှစ်ဆယ်ရာခိုင်နှုန်းထိ တောင်းဆိုထားတယ်။ " ကြီးမားသော ပုံရိပ်က ကြီးမြတ်သူ ရှချင်ကို ကြည့်လိုက်သည်။
" ငါ စဉ်းစားကြည့်လိုက်မယ်။ " ကြီးမြတ်သူရှချင်က တည်ငြိမ်စွာ ပြောလိုက်သည်။
" စဉ်းစားကြည့်မှာလား။ " ကြီးမားသော ပုံရိပ်က အနည်းငယ် လန့်သွားသည်။
" ရှချင် မင်း အရင်က ဒီလိုမဟုတ်ပါဘူး။ " သူက အနည်းငယ် စဉ်းစားမရဖြစ်နေသည်။
မကြားသေးခင်က ကြီးမြတ်သူရှချင်က ညှိနှိုင်းရန် အတော်လေး စိတ်အားထက်သန်နေပုံရလေသည်။ သို့သော် ယခု သူက ပြောင်းလဲသွားလေသည်။
" မင်းတောင်းဆိုတဲ့ စျေးနှုန်းက အရမ်းများတယ်။ " ကြီးမြတ်သူရှချင်က လင်းယွမ်၏ ခွန်အားကို သိထားပြီဖြစ်သောကြောင့် ပို၍ ယုံကြည်မှုရှိလာပြီဖြစ်သည်။
" စျေးနှုန်းများတယ်ဆိုရင် ငါတို့ ညှိနှိုင်းလို့ရတယ်။ " ကြီးမားသော ပုံရိပ်က ပြောလိုက်သည်။
" ဒါဆို ငါစဉ်းစားကြည့်လိုက်မယ်။ " ကြီးမြတ်သူရှချင်က စကားအစသို့ ပြန်ရောက်သွားသည်။
" ကောင်းပြီ။ မင်းစဉ်းစားကြည့်ပေါ့။ " ကြီးမားသော ပုံရိပ်က ထပ်မပြောတော့ပေ။ " ဒါပေမယ့် အချိန်က အကန့်အသတ်ရှိတယ်။ မင်းအချိန်ဆွဲနေရင်တော့ ရတနာတွေရဲ့ ခြောက်ဆယ်ရာခိုင်နှုန်း မကလောက်တော့ဘူး။ "
ဒိုင်မန်ရှင်းနှစ်ခုကမ္ဘာရှိ ရတနာများက အလွန်ဖုံးကွယ်ထားနိုင်စွမ်းရှိလေသည်။ နတ်ဘုရင်ကဲ့သို့ ခွန်အားကြီးသူများပင် ရတနာများကို အနီးကပ်လေ့လာပြီးမှသာ သိနိုင်လေသည်။
ထို့ကြောင့် လူသားမျိုးနွယ်၏ ဆင့်ကဲပြောင်းလဲသူများက ရတနာများကို လူမသိသူမသိနေရာများတွင် ဝှက်ထားလျှင် နတ်ဘုရင်က သူတို့အားလုံးကို သတ်လိုက်လျှင်တောင် ရတနာများကို ရနိုင်မည်မဟုတ်ပေ။