← Chapters

ရွှယ်ယုရှေးဟောင်းနိုင်ငံ၏ တော်ဝင်မိသားစု...

Vol. 38 Ch. 579

ရွှယ်ယုရှေးဟောင်းနိုင်ငံ၏ တော်ဝင်မိသားစု...

Vol. 38 Ch. 579

နဂါးငွေ့တန်းပင်မကြယ်၏ အပြင်ဘက်တွင် စွမ်းအားအချို့ စုစည်းသွားပြီး ကြီးမြတ်သူယုတိုင်က ပေါ်လာသည်။

" အဲ့ဒီကောင်လေး သူက စုန်းဘိုးဘေး အဆင့်ဆယ့်ကိုးထိတောင် ကျင့်ကြံနိုင်ခဲ့တာလား။ " ကြီးမြတ်သူယုတိုက်က နဂါးငွေ့တန်းပင်မကြယ်ကို ကြည့်ပြီး ကြီးမြတ်သူရှချင်၏ စကားများကို စဉ်းစားနေသည်။

" သူက တကယ် ဘယ်လိုတောင် ကျင့်ကြံခဲ့တာလဲ။ အလွှာဆယ့်တစ်သက်ရှိတွေက မြင့်မားတဲ့ ရှုထောင့်နဲ့တောင် စွမ်းအားကို နားမလည်တာ သူက ဘယ်လိုလုပ်ဒီလောက်မြန်မြန် ကျင့်ကြံနိုင်ရတာလဲ။ " ကြီးမြတ်သူယုတိုင်က အံ့အားသင့်နေသော်လည်း ပြုံးလိုက်သည်။

" ဒါပေမယ့် အဲ့ဒါကောင်းတယ်။ အနည်းဆုံးတော့ ဒိုင်မန်ရှင်းနှစ်ခုကမ္ဘာထဲမှာ ငါတို့လူသားမျိုးနွယ်က ကိုယ်ပိုင်တိုက်ခိုက်နိုင်စွမ်းရှိနေပြီ။ "

" ဟင်းလင်းပြင်ကမ္ဘာ " ကြီးမြတ်သူယုတိုင်၏ အတွေးတစ်ချက်နှင့်အတူ အဆုံးမရှိသော အလင်းနှစ်များစွာကို ဖြတ်ပြီး စွမ်းအားအမျှင်များက နဂါးငွေ့တန်းပင်မကြယ်ဆီသို့ စီးဆင်းသွားသည်။

ကြယ်သခင်၏ ခန်းမထဲတွင် လင်းယွမ်က ထိုင်နေသည်။ ရုတ်တရက် သဘာဝလွန်စွမ်းအားမျှင်များက စုစည်းလာသည်။

" ဒါကဘာလဲ။ " လင်းယွမ်က မျက်လုံးများဖွင့်လိုက်သည်။ " လူသားမျိုးနွယ်ရဲ့ ကာကွယ်ရေးလက်နက် ဟင်းလင်းပြင်ကမ္ဘာရဲ့ စွမ်းအားလား။ "

ဟင်းလင်းပြင်ကမ္ဘာက မည်သည့်အရာကိုမဆို ပုံတူကူးနိုင်ပြီး ပင်မစကြာဝဠာ၏ နိယာမများကို အတုယူ၍ ပြင်ပကုန်းမြေကို ဖန်တီးခဲ့သည်။ ၎င်းက အလွှာတစ်ဆယ်ဆင့်ကဲပြောင်းလဲသူများ၏ ကျင့်ကြံမှုအရှိန်ကို သိသိသာသာမြှင့်တင်ပေးနိုင်လေသည််။

လူသားမျိုးနွယ်၏ ကြီးမြတ်သူကိုးယောက်မှ ကြီးမြတ်သူယုတိုင်က သူမ၏ အမြင့်ဆုံးဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်ကို ဟင်းလင်းပြင်ကမ္ဘာမှရရှိခဲ့သည်ဟု ဆိုလေသည်။

ဟင်းလင်းပြင်ကမ္ဘာက စကြာဝဠာထဲသို့ မရေတွက်နိုင်သော ရတနာများ ကျဆင်းလာသော အချိန် လူသားမျိုးနွယ်၏ ပုန်းကွယ်နေသော ကာလများ၌ ဖြစ်ပေါ်လာခဲ့ခြင်းဖြစ်သည်။

စွမ်းအားမျှင်များက ဆက်လက်စုစည်းလာပြီး လင်းယွမ်၏ ရှေ့တွင် အသေးစားဒိုင်မန်ရှင်းနှစ်ခုကမ္ဘာပေါ်လာသည်။

" ဒါဆို ဒါက ဒိုင်မန်ရှင်းနှစ်ခုကမ္ဘာရဲ့ ပုံစံပေါ့။ " လင်းယွမ်က ဂရုတစိုက် လေ့လာလိုက်သည်။

လင်းယွမ်၏ ထိုက်ယန်မူလစိတ်ဝိညာဉ်က ထိုဒိုင်မန်ရှင်းနှစ်ခုကမ္ဘာထဲသို့ ကျဆင်းခဲ့ပြီး သူ့အတွက် ဒိုင်မန်ရှင်းနှစ်ခုကမ္ဘာတစ်ခုလုံးကို ခံစားနိုင်ရန် ခက်ခဲလေသည်။

" ဒိုင်မန်ရှင်းနှစ်ခုကမ္ဘာရဲ့ အခြေခံစွမ်းအား..." လင်းယွမ်က အနီးကပ်လေ့လာနေပြီး ထိုက်ယန်မူလစိတ်ဝိညာဉ်က အတွင်းမှ ဒိုင်မန်ရှင်းနှစ်ခုကမ္ဘာ၏ အော်ရာကို ခံစားနေပြီး ပြည့်စုံသော ​လေ့လာမှုတစ်ခုဖြစ်သွားခဲ့သည်။

[ သင်က ကောင်းကင်ကိုဆန့်ကျင်သော နားလည်နိုင်စွမ်းဖြင့် လျို့ဝှက်ဆန်းကြယ်သော ကမ္ဘာ၏ စွမ်းအားအနှစ်သာရကို ​လေ့လာပြီး သင်၏ အသိအမြင်များက တိုးတက်လာပါပြီ။ ]

ကြီးမြတ်သူများနှင့် မတူခြင်းက လင်းယွမ်၏ ထိုက်ယန်မူလစိတ်ဝိညာဉ်က ဒိုင်မန်ရှင်းနှစ်ခုကမ္ဘာတွင် ရှိနေခြင်းဖြစ်သည်။ နှိုင်းယှဉ်ကြည့်လျှင် သူရရှိသော အသိအမြင်များက ကြီးမြတ်သူများထက် ပိုလေသည်။

" မဟုတ်သေးဘူး။ ဟင်းလင်းပြင်ကမ္ဘာက ပုံတူကူးထားတာက မပြည့်စုံဘူးလို့ ငါ ဘာလို့ ခံစားနေရတာလဲ။ ဒါက အစိတ်အပိုင်းတစ်ခုလိုပဲ။ " လင်းယွမ်က စိတ်ထဲမှ အံ့ဩသွားသည်။

အစစ်အမှန် ဒိုင်မန်ရှင်းနှစ်ခုကမ္ဘာတွင် ထိုက်ယန်မူလစိတ်ဝိညာဉ်၏ လေ့လာမှုထြင့် လင်းယွမ်က ဟင်းလင်းပြင်ကမ္ဘာ ပုံတူကူးထားသော ဒိုင်မန်ရှင်းနှစ်ခုကမ္ဘာက မပြည့်စုံကြောင်း ခံစားခဲ့ရသည်။ ဒိုင်မန်ရှင်းနှစ်ခုကမ္ဘာ၏ နက်ရှိုင်းမှုကို စဉ်းစားကြည့်လျှင် အပြည့်အဝ ပုံတူကူးယူနိုင်ခြင်းမရှိသည်မှာ ပုံမှန်သာဖြစ်သည်။

ကြီးမြတ်သူရှချင်၏ ပြောစကားအရ ဟင်းလင်းပြင်ကမ္ဘာမှ ပုံတူကူးယူထားသော ဒိုင်မန်ရှင်းနှစ်ခုကမ္ဘာက အစစ်အမှန်နှင့် ဆယ်ပုံတစ်ပုံမှ ဆယ်ပုံနှစ်ပုံထိသာ ရှိကြောင်း လင်းယွမ်က သိခဲ့ရသည်။

သို့သော် ၎င်းက မတူပေါ ဥပမာ ပန်ချီကားတစ်ချပ်ကို ပုံတူကူးရန် ကြိုးစားသောအခါ မိတ္တူက ပန်းချီကားး အသေးစိတ်အချက်အလက်များအရ မူရင်းနှင့် နီးစပ်နိုင်မည်မဟုတ်ပေ။ သို့သော် အရွယ်အစားအရ မိတ္တူက မူရင်းနှင့် များစွာကွာခြားမှုမရှိသင့်ပေ။ ယခု ဟင်းလင်းပြင်ကမ္ဘာက ပုံတူကူးထားသော ဒိုင်မန်ရှင်းနှစ်ခုကမ္ဘာက အစစ်အမှန်ထက် များစွာသေးငယ်နေပုံရလေသည်။

" ဖြစ်နိုင်ခြေနှစ်ခုရှိတယ်။ တစ်ခုက ငါ့ရဲ့ နားလည်မှုလွဲသွားတာပဲ။ နောက်တစ်ခုက ဒိုင်မန်ရှင်းနှစ်ခုကမ္ဘာအတွင်းမှာ ဟင်းလင်းပြင်ကမ္ဘာက ရှာတွေ့နိုင်ခြင်းမရှိတဲ့ နေရာတွေ ရှိနိုင်တယ်။ အဲ့ဒါကြောင့် ပုံတူကူးယူနိုင်ခြင်းမရှိတာပဲ။ " လင်းယွမ်က တွေးလိုက်သည်။

" ဒိုင်မန်ရှင်းနှစ်ခုကမ္ဘာ... " လင်းယွမ်က အဖြူရောင်စာရွက်နောက်ဆုံး ရပ်တန့်ခဲ့သော ဦးတည်ရာသို့ ကြည့်လိုက်သည်။

" ထားလိုက်တော့။ အဲ့ဒီဒိုင်မန်ရှင်းနှစ်ခုကမ္ဘာက လျို့ဝှက်ချက်တွေက ငါနဲ့ဘာဆိုင်လဲ။ " လင်းယွမ်က ထိုအကြောင်းထပ်မတွေးတော့ပေ။

ယခုအချိန်တွင် သူ့အတွက် အရေးကြီးဆုံးမှာ ခွန်အားကို မြှင့်တင်နိုင်ရန်ဖြစ်သည်။ ထိုအခါမှ ကောင်းကင်ဂိတ်တံခါးပေါ်လာချိန်တွင် အခြားပြိုင်ဘက်များကို အနိုင်ယူပြီး ပင်မစကြာဝဠာသို့ ပြန်လာနိုင်မည်ဖြစ်သည်။

ဒိုင်မန်ရှင်းနှစ်ခုကမ္ဘာတွင် လင်းယွမ်က ငွေရောင်မှန်ကို ထုတ်ပြီး ​လေ့လာနေသည်။

" ဒီမှန်ကို ဘယ်လိုအသုံးပြုရမှာလဲ။ "

သူရရှိခဲ့သော အချက်အလက်များအရ ထိုငွေရောင်မှန်က ရေခဲမျိုးနွယ်ဝင်သက်ရှိ၏ လက်ထဲမှ ရှေးဟောင်းနတ်ဘုရားထို့ပါဆီသို့ ရောက်သွားခဲ့ခြင်းဖြစ်သည်။ ထိုရေခဲမျိုးနွယ်ဝင်သက်ရှိက ငွေရောင်မှန်ကို ဆယ်စုနှစ်အချို့ ပိုင်ဆိုင်ခဲ့ပြီး ၎င်း၏ စွမ်းရည်အချို့ကို ရှာတွေ့ထားနိုင်လေသည်။

သို့သော်​ ရှေးဟောင်းနတ်ဘုရားထို့ပါ၏ လက်ထဲတွင် သေဆုံးပြီးနောက် ထိုရေခဲမျိုးနွယ်ဝင်သက်ရှိ၏ မူလခန္ဓာကိုယ်က တံခါးပိတ်ကျင့်ကြံသွားခဲ့ပြီး လင်းယွမ်ပင် ဆက်သွယ်နိုင်ခဲ့ခြင်းမရှိပေ။

" သွေးက အလုပ်မဖြစ်တော့ စိတ်စွမ်းအားနဲ့ စမ်းကြည့်ရအောင်။ " လင်းယွမ်က စိတ်စွမ်းအားမျှင်တစ်ခုကို ထုတ်လိုက်သည်။

ဒိုင်မန်ရှင်းနှစ်ခုကမ္ဘာတွင် စွမ်းအားအားလုံးကို ဖိနှိပ်ထားသော်လည်း စိတ်စွမ်းအားက သက်ရှိများ၏ အခြေခံအကျဆုံးစွမ်းအားဖြစ်သောကြောင့် အသုံးပြုနိုင်ဆဲ ဖြစ်သည်။

သို့သော် စိတ်စွမ်းအားကို အသုံးပြုလျှင်တောင် ကမ္ဘာ၏ ဖိနှိပ်မှုက ရှိနေဆဲ ဖြစ်သည်။ စုန်းဘိုးဘေး အဆင့်ဆယ့်ကိုးတွင် ရှိနေသော လင်းယွမ်ပင် စိတ်စွမ်းအားအချို့ကို စုဆောင်းထားသောကြောင့် အသုံးပြုနိုင်ခြင်းဖြစ်သည်။

" ဟမ် ဒီမှန်က စိတ်စွမ်းအားကို စုပ်ယူတာလား။ " သူ၏ စိတ်စွမ်းအားက မှန်မျက်နှာပြင်နှင့် ထိတွေ့ချိန်တွင် လင်းယွမ်၏ စိတ်က ဆွဲအားတစ်ခုကို ခံစားလိုက်ရသည်။

လင်းယွမ်က ငွေရောင်မှန်၏ စွမ်းရည်ကို ရှာဖွေရန် သူ၏ စိတ်စွမ်းအားကို အသုံးပြုတော့မည့်အချိန်တွင် အပြင်ဘက်မှ ကျားရန်ဂူက ရောက်လာသည်။

" ဝင်ခဲ့။ "

" အရှင် " ကျားရန်ဂူက လေးစားစွာ နှုတ်ဆက်လိုက်သည်။

" ဘာကိစ္စလဲ။ " လင်းယွမ်က ကျားရန်ဂူကို ကြည့်လိုက်သည်။

သူက တံခါးပိတ်ကျင့်ကြံနေသောကြောင့် အရေးကြီးကိစ္စမရှိလျှင် သူ့ကို မနှောက်ယှက်ရန် ကျားရန်ဂူကို မှာထားခဲ့သည်။

" ရွှယ်ယုရှေးဟောင်းနိုင်ငံရဲ့ တော်ဝင်မိသားစုက အရှင်နဲ့တွေ့ချင်ကြောင်း ပြောပါတယ်။ " ကျားရန်ဂူက လျင်မြန်စွာ ပြောလိုက်သည်။

" ရွှယ်ယုရှေးဟောင်းနိုင်ငံရဲ့ တော်ဝင်မိသားစုလား။ " လင်းယွမ်က သူ၏ ခေါင်းကို ခါလိုက်သည်။ " ငါစိတ်မဝင်စားဘူး။ "

သူက ပထမဆုံးနှစ်များတွင် ရွှယ်ယုရှေးဟောင်းနိုင်ငံ၏ တော်ဝင်မိသားစုကို သတိထားမိနိုင်သော်လည်း ယခုအချိန်တွင် ရွှယ်ယုရှေးဟောင်းနိုင်ငံ၏ တော်ဝင်မိသားစုမပြောနှင့် ရှေးဟောင်းနိုင်ငံ ဆယ့်နှစ်ခုလုံး အတူတကွ ရပ်တည်လျှင်တောင် လင်းယွမ်က ဂရုမစိုက်တော့ပေ။

" ရွှယ်ယုရှေးဟောင်းနိုင်ငံရဲ့ တော်ဝင်မိသားစုက အရှင်ကို ဆက်သဖို့ ရတနာတစ်ခုရှိတယ်လို့ ပြောပါတယ်။ " ကျားရန်ဂူက ထပ်ပြောလိုက်သည်။

" ရတနာလား။ " လင်းယွမ်က အနည်းငယ် စိတ်လှုပ်ရှားသွားသည်။

ဒိုင်မန်ရှင်းနှစ်ခုကမ္ဘာတွင် ပင်မစကြာဝဠာမှ သက်ရှိများအတွက် တန်ဖိုးအကြီးဆုံးမှာ ရတနာများဖြစ်သည်။ သို့သော် အမှန်တကယ် တန်ဖိုးအကြီးဆုံးကတော့ ဒိုင်မန်ရှင်းနှစ်ခုကမ္ဘာကိုယ်တိုင်ဖြစ်သော အဖြူရောင်စာရွက်ပင်ဖြစ်သည်။ သို့သော် အဖြူရောင်စာရွက်ကို ကြီးမြတ်သူများပင် သန့်စင်နိုင်ခြင်းမရှိပေ။

လင်းယွမ်၏ အမြင်တွင် ရွှယ်ယုရှေးဟောင်းနိုင်ငံ၏ ရတနာမှာ ရွှယ်ယုလက်ဖက်ပင်ဖြစ်လေသည်။ သို့သော် ရွှယ်ယုလက်ဖက်ပင်က လွန်ခဲ့သော နှစ်ပေါင်းတစ်ရာက စုန်းဘိုးဘေးအဆင့်သို့ ဝင်ရောက်ခဲ့သော အင်အားကြီးသူများ၏ ယူဆောင်သွားခြင်းကို ခံခဲ့ရသည်။

ရွှယ်ယုလက်ဖက်ပင်၏ စွမ်းရည်များမှာ ရွှယ်ယုရှေးဟောင်းနိုင်ငံ၏ အထက်တန်းလွှာများကြား လျို့ဝှက်ချက်တစ်ခုမဟုတ်ပေ။ ထို့ကြောင့် ၎င်းက မျိုးနွယ်အမျိုးမျိုး၏ အင်အားကြီးသူများကို ဆွဲဆောင်ခဲ့လေသည်။

" ရွှယ်ယုရှေးဟောင်းနိုင်ငံမှာ အခြားရတနာတွေ ရှိနေတာလား။ " လင်းယွမ်က စိတ်ဝင်စားသွား၏။

" ဒါဆိုလည်း တွေ့ကြတာပေါ့။ " လင်းယွမ်က ရတနာတစ်ခုဖြစ်နိုင်သောကြောင့် လျစ်လျူမရှုထားရန် ဆုံးဖြတ်လိုက်သည်။

" ဟုတ်ကဲ့။ အရှင်တွေ့ချင်တဲ့အကြောင်း ကျွန်တော် သူတို့ကို အသိပေးလိုက်ပါမယ်။ " ကျားရန်ဂူက လေးစားစွာ နောက်ဆုတ်သွားသည်။

လင်းယွမ်၏ ခွင့်ပြုချက်မရှိဘဲ ရွှယ်ယုရှေးဟောင်းနိုင်ငံ၏ တော်ဝင်မိသားစုပင်လျှင် လျိုချွမ်စုဝေးခြင်းနေရာသို့ ဝင်ရောက်ရဲမည်မဟုတ်ပေ။ လင်းယွမ်က နှစ်များတစ်လျှောက် လှုပ်ရှားမှုအနည်းငယ်သာ ပြုလုပ်ခဲ့သော်လည်း ၎င်းက ရွှယ်ယုရှေးဟောင်းနိုင်ငံကို တားဆီးရန် လုံလောက်လေသည်။

ကျားရန်ဂူထွက်သွားပြီးနောက် လင်းယွမ်က ငွေရောင်မှန်ထဲသို့ စိတ်စွမ်းအားများ ပို့လွှတ်လိုက်သည်။ လင်းယွမ်၏ စိတ်စွမ်းအားထောက်ပံ့မှုနှင့်အတူ ငွေရောင်မှန်က တဖြည်းဖြည်း တောက်ပလာသည်။

တစ်ချိန်တည်းတွင် လင်းယွမ်က အလွန်ရင်းနှီးသော အတက်အကျတစ်ခုကို ခံစားလိုက်ရသည်။ လေဟာနယ်အတက်အကျ၊ ၎င်းက လေဟာနယ်နိယာမမဟုတ်ဘဲ လေဟာနယ်အတက်အကျ သီးသန့်ဖြစ်လေသည်။

" ဒါက မျှော်လင့်ချက်ရှိတယ်။ " လင်းယွမ်က သူ၏ စိတ်စွမ်းအားများကို ဆက်လက်ပို့လွှတ်နေသည်။

စုန်းဘိုးဘေး အဆင့်ဆယ့်ကိုးရှိသူတစ်ယောက်သာ ထိုကဲ့သို့ ပေါများသော စိတ်စွမ်းအားကို ပိုင်ဆိုင်လေသည်။ ၎င်းက အဆင့် ဆယ့်ငါး သို့မဟုတ် ဆယ့်ခြောက်ဖြစ်ခဲ့လျှင် သူတို့က ငွေရောင်မှန်ကို အသက်သွင်းရန် လိုအပ်ချက် ပြည့်မီလိမ့်မည်မဟုတ်ပေ။

All Chapters