← Chapters

ငွေရောင်မှန်၏ စွမ်းရည်....

Vol. 38 Ch. 580

ငွေရောင်မှန်၏ စွမ်းရည်....

Vol. 38 Ch. 580

အချိန်ကြာလာသည်နှင့်အမျှ လင်းယွမ်က တဖြည်းဖြည်း မျက်မှောင်ကြုတ်လာသည်။ သူက စိတ်စွမ်းအားများကို ဆက်လက်အသုံးပြုနေလျှင် သူ၏ ခွန်အားကို ထိခိုက်လာနိုင်လေသည်။

ဝှစ်....

ငွေရောင်မှန်က တစ်စုံတစ်ခု ပြောင်းလဲသွားပြီး တဖြည်းဖြည်း မြင့်တက်လာသည်။ မှန်၏ မျက်နှာပြင်တွင် ပြဒါးကဲ့သို့ လှိုင်းများဖြစ်ပေါ်လာသည်။

" ဘာလဲ။ " လင်းယွမ်က သူ၏ ရှေ့တွင် မြင့်တက်လာသော မှန်ကို တုန်လှုပ်စွာ ကြည့်လိုက်သည်။

ငွေရောင်မှန်၏ မြင့်တက်လာမှုက သူ့ကို တုန်လှုပ်စေခြင်းမဟုတ်ဘဲ မှန်အတွင်း၌ သီးခြားနေရာတစ်ခုကို ခံစားလိုက်ရသောကြောင့် ဖြစ်သည်။ နေရာက မကျယ်ဝန်းဘဲ ဆယ်မီတာဝန်းကျင်သာ ရှိလေသည်။

သို့သော် ဒိုင်မန်ရှင်းနှစ်ခုကမ္ဘာတွင် လေဟာနယ်အယူအဆ မရှိပေ။ အရာအားလုံးက ပြားပြီး နှစ်ဖက်မြင်သာရှိလေသည်။ သို့သော် ငွေရောင်မှန်အတွင်းရှိ နေရာက ဒိုင်မန်ရှင်းနှစ်ခုကမ္ဘာတွင် ဒိုင်မန်ရှင်းသုံးခုနေရာကို ဖွင့်လှစ်လိုက်ခြင်းဖြစ်သည်။

" ငါ့ရဲ့ အတွင်းကမ္ဘာအရွယ်အစားက ၂.၃၃၁ ဘီလီယံမိုင်ရှိပြီး လေဟာနယ်အလွှာ အရေအတွက်က သုံးဘီလီယံကျော်ရှိတယ်။ ဒါတောင် ဒီဒိုင်မန်ရှင်းနှစ်ခုကမ္ဘာထဲကို ကျလာတော့ ငါ့ရဲ့ အတွင်းကမ္ဘာက စက္ကူတစ်ချပ်လို ဖိနှိပ်ခံခဲ့ရတယ်။ " လင်းယွမ်က စိတ်ထဲတွင် အံ့အားသင့်နေသည်။

ယခု ငွေရောင်မှန်အတွင်း သီးခြားနေရာတစ်ခုကို ထိန်းသိမ်းထားနိုင်လေသည်။ ၎င်းက ပင်မစကြာဝဠာသို့ ပြန်ရောက်လျှင် မည်မျှကျယ်ဝန်းမလဲ မသိနိုင်ပေ။

" ငွေရောင်မှန်ထဲမှ နေရာလွတ်တစ်ခုရှိတာက တော်တော်အဆင်ပြေတယ်။ " လင်းယွမ်က ငွေရောင်မှန်ကို ပွတ်သပ်ရင်း တွေးလိုက်သည်။

မှန်အတွင်းမှ နေရာက မကြီးမားသော်လည်း လင်းယွမ်၏ ပစ္စည်းများသိမ်းဆည်းရန် လုံလောက်လေသည်။ အထူးသဖြင့် သယ်ဆောင်သွားလျှင် အလွန်ထင်ရှားနေသော အနက်ရောင်သံချောင်းဖြစ်သည်။

ထို့အပြင် ငွေရောင်မှန်က အသက်ကယ်ဝှက်ဖဲတစ်ခုလည်း ဖြစ်နိုင်လေသည်။ သူ မခုခံနိုင်သော တိုက်ခိုက်မှုတစ်ခုနှင့် ကြုံတွေရသောအခါ ငွေရောင်မှန်အတွင်း ဝင်ရောက်ပုန်းအောင်းနိုင်လေသည်။ ငွေရောင်မှန်က ကြယ်၁၂လုံး ရတနာတစ်ခုဖြစ်ပြီး ဒိုင်မန်ရှင်းနှစ်ခုကမ္ဘာအတွင်း ပျက်စီးနိုင်မည်မဟုတ်ပေ။

" မဆိုးဘူး လုံးဝမဆိုးဘူး။ " လင်းယွမ်က အလွန်ကျေနပ်သွားသည်။

" ပထမဆုံး ငါ သံချောင်းကို အထဲထည့်ကြည့်လိုက်မယ်။ " လင်းယွမ်၏ အတွေးတစ်ချက်နှင့်အတူ အနက်ရောင်သံချောင်းက ပျောက်ကွယ်သွားပြီး မှန်အတွင်းရှိ နေရာလွတ်ထဲသို့ ရောက်သွားသည်။

ထို့နောက် သူ့အတွက် အလွန်အသုံးဝင်သော သံလိုက်အိမ်မြှောင်ကိုလည်း ၎င်းထဲသို့ ထည့်လိုက်သည်။ ၎င်းက ခန္ဓာကိုယ်ပေါ်တွင် သယ်ဆောင်သွားလျှင် အဆက်မပြတ် အာရုံစိုက်နေရသည်။ ယခု ငွေရောင်မှန်အတွင်း ထည့်လိုက်သောကြောင့် များစွာ စိတ်သက်သာသွားပြီဖြစ်သည်။

မကြာမီ ရွှယ်ယုရှေးဟောင်းနိုင်ငံ၏ တော်ဝင်မိသားစုက ရောက်လာခဲ့သည်။ လင်းယွမ်ကို ဂါရဝပြုရန် ရောက်လာသူမှာ လက်ရှိဧကရာဇ်ဖြစ်ပြီး သက်လတ်ပိုင်းအမျိုးသားတစ်ယောက်ဖြစ်သည်။

" အရှင်ကို နှုတ်ဆက်ပါတယ်။ " ရွှယ်ယုဧကရာဇ်နှင့် နောက်မှ လူများကလည်း ပြောလိုက်ကြသည်။

သူတို့၏ ရှေ့မှ လူငယ်က ထိုင်နေရုံဖြင့် သူတို့အပေါ် ကြီးမားသော ဖိအားကို ခံစားရစေပြီး နဖူးမှ ချွေးများပင် စီးကျလာကြသည်။

" ဒါက ငါတို့ ရွှယ်ယုရှေးဟောင်းနိုင်ငံအတွင်းမှာ ပုန်းအောင်းနေတဲ့ လျို့ဝှက်ဆန်းကြယ်တဲ့ အင်အားကြီးပုဂ္ဂိုလ်လား။ " ရွှယ်ယုဧကရာဇ်က တံတွေးများမျိုချလိုက်သည်။

ရွှယ်ယုရှေးဟောင်းနိုင်ငံ၏ အနောက်မြောက်ဒေသတွင် ဖြစ်ပွားခဲ့သော တိုက်ပွဲက မျိုးနွယ်အမျိုးမျိုးမှ အင်အားကြီးသူများသာမက ရွှယ်ယုရှေးဟောင်းနိုင်ငံအတွင်းလည်း ပျံ့နှံ့နေခဲ့သည်။

ထို့အပြင် ရွှယ်ယုရှေးဟောင်းနိုင်ငံမှ တော်ဝင်မိသားစုက မရေတွက်နိုင်သော သဲလွန်စများပေါ်အခြေခံပြီး ထိုလျို့ဝှက်ဆန်းကြယ်သော အင်အားကြီးပုဂ္ဂိုလ်က သူတို့ရှေ့မှ လူငယ်ဖြစ်ကြောင်း ကောက်ချက်ချနိုင်ခဲ့သည်။

နှစ်ပေါင်းတစ်ရာကျော်အတွင်း ပြိုင်ဘက်ကင်းအင်အားကြီးသူများက ရှေးဟောင်းနိုင်ငံ ဆယ့်နှစ်နိုင်ငံတွင် ထွက်ပေါ်နေပြီး ဒေသခံအုပ်ချုပ်နေသော တော်ဝင်မိသားစုများကို ထိတ်လန့်စေခဲ့သည်။ ၎င်းက မလိုအပ်လျှင် ရွှယ်ယုဧကရာဇ်က လင်းယွမ်ဆီသို့ ချဉ်းကပ်ရဲမည်မဟုတ်ပေ။

" ထပါ။ " လင်းယွမ်က အောက်ရှိလူများကို ကြည့်ပြီး သူတို့ထဲမှ လူတစ်ယောက်ပေါ်တွင် ခဏရပ်တန့်သွားသည်။

ထိုလူက ရွှယ်ယုရှေးဟောင်းနိုင်ငံ၏ မြောက်ပိုင်းမင်းသားဖြစ်သည်။ လင်းယွမ်က သံလိုက်အိမ်မြှောင်ကို ရရှိခြင်းမှာ မြောက်ပိုင်းမင်းသားနှင့် ပက်သက်မှုအနည်းငယ် ရှိသည်ကို သိလေသည်။

မြောက်ပိုင်းမင်းသားက ယွင်ရှန်းဓားပြများကို လိုက်လံဖမ်းဆီးခဲ့ခြင်းမရှိလျှင် သူတို့က လျိုချွမ်စုဝေးခြင်းနေရာ၏ ပတ်ဝန်းကျင်သို့ ပြေးလာကြမည်မဟုတ်ပေ။ လင်းယွမ်က ဆုငွေတာဝန်ကို လက်ခံခဲ့လျှင်တောင် အဝေးသို့ ထွက်သွားရမည်ဖြစ်ပြီး သံလိုက်အိမ်မြှောင်ကို ရရှိရန်လည်း မသေချာပေ။

" ဒီဒိုင်မန်ရှင်းနှစ်ခုကမ္ဘာမှာတောင် ကြောင်းကျိုးဆက်နွယ်မှုက ရှိနေတုန်းပဲ။ မထင်ရှားတာပဲရှိတယ်။ " လင်းယွမ်က တွေးလိုက်သည်။

ရှယိုဆင့်ကဲပြောင်းလဲခြင်းမျှော်စင်တွင် လင်းယွမ်၏ ကိုယ်ပွားတစ်ခုက အော်ရိုရာကို လေ့လာနေသောကြောင့် ကြောင်းကျိုးနိယာမအပေါ် သူ၏ နားလာ်မှုက လျင်မြန်စွာ မြင့်တက်နေခဲ့သည်။

" အရှင် ဒါက ကျွန်တော်တို့ အရှင်ကို ဆက်သချင်တဲ့ ရတနာတွေပါ။ " ရွှယ်ယုဧကရာဇ်က သေတ္တာနှစ်ခုကို ထုတ်လိုက်သည်။

သေတ္တာတစ်ခုက ကြီးပြီး တစ်ခုက သေးလေသည်။ သေတ္တာအကြီးက တစ်ပေခွဲရှိပြီး အသေးက တစ်ဆယ်စင်တီမီတာလောက်သာ ရှိသည်။

ကျားရန်ဂူက သေတ္တာနှစ်ခုကို လျင်မြန်စွာ ယူပြီး လင်းယွမ်ကို ပေးလိုက်သည်။ လင်းယွမ်က ၎င်းတို့ကို စိတ်ဝင်တစား ဖွင့်လိုက်သည်။

သေတ္တာအကြီးထဲတွင် ကျောက်စိမ်းများဖြင့် ပုံဖော်ထားသော ပုဆိန်တစ်လက်ရှိနေသည်။ ထက်ရှသော စွမ်းအားများက ပုဆိမ်အသွားပေါ်တွင် လည်ပတ်​နေသည်။ သေတ္တာအသေးထဲတွင် သစ်သားပိုင်းတစ်ခုရှိနေပြီး ကြီးမားသော စွမ်းအားတစ်ခု ရှိနေသည်။

" ဒီရတနာနှစ်ခုက.." လင်းယွမ်၏ အမူအရာက မပြောင်းလဲသော်လည်း စိတ်ထဲတွင် အနည်းငယ် လှုပ်ရှားနေသည်။

ကျောက်စိမ်းပုဆိန်က အနက်ရောင်သံချောင်းနှင့်အတူတူပင် ကြီးမြတ်သူအဆင့် လက်နက်တစ်ခုဖြစ်နိုင်လေသည်။ လက်နက်များကို ဆင့်ကဲပြောင်းလဲသူများ၏ အဆင့်အတိုင်း သတ်မှတ်ပြီး ရတနာများကို ကြယ်အရေအတွက်နှင့် သတ်မှတ်လေသည်။ ဥပမာ အလွှာဆယ့်နှစ် ကြီးမြတ်သူအဆင့် လက်နက်က ကြယ်၁၂လုံး ရတနာနှင့် အတူတူပင်ဖြစ်သည်။

ထိုသစ်သားအပိုင်းကလည်း ကြယ်၁၂လုံး ရတနာဖြစ်နိုင်ပြီး ပင်မစကြာဝဠာတွင်ရှိလျှင် ကြီးမြတ်သူများပင် လှုပ်ရှားနိုင်လေသည်။

" ရွှယ်ယုရှေးဟောင်းနိုင်ငံ " လင်းယွမ်က သူ၏ ရှေ့မှ ရွှယ်ယုဧကရာဇ်နှင့် လက်အောက်ငယ်သားများကို ကြည့်လိုက်သည်။

လွန်ခဲ့သော နှစ်များတစ်လျှောက် အင်အားကြီးသူများစွာက ရွှယ်ယုရှေးဟောင်းနိုင်ငံကို လုယက်ခဲ့သော်လည်း ထိုရတနာနှစ်ခုကို ထိန်းသိမ်းထားနိုင်ခြင်းမှာ နည်းလမ်းအချို့ ရှိပုံရလေသည်။

" ပြောပါ။ မင်းတို့က ငါ့ကို ဘာလုပ်စေချင်လို့လဲ။ " လင်းယွမ်က သာမန်အတိုင်း မေးလိုက်သည်။

ရွှယ်ယုရှေးဟောင်းနိုင်ငံ၏ တော်ဝင်မိသားစုက သူ့ကို တွေ့ရန် မိုင်ပေါင်းများစွာ ဖြတ်ကျော်လာခဲ့ပြီး ရတနာနှစ်ခုကိုလည်း ပေးခဲ့သောကြောင့် သူတို့တွင် တောင်းဆိုမျိုတစ်ခုရှိမည်မှာ သေချာလေသည်။

" မေးခွင့်ပြုပါ အရှင်။ ရွှယ်ယုရှေးဟောင်းနိုင်ငံရဲ့ အနောက်မြောက်ဒေသက တိုက်ပွဲက အရှင်နဲ့ ပက်သက်မှုရှိပါသလား။ " ရွှယ်ယုဧကရာဇ်က သတိထားပြီး မေးလိုက်သည်။

" ငါပဲ။ " လင်းယွမ်က တိုက်ရိုက်ပြန်ဖြေလိုက်သည်။ သူ၏ စွမ်းအားနှင့် အမှန်တရားကို ဖုံးကွယ်ရန် မလိုအပ်ပေ။

" အရှင်ရဲ့ စွမ်းအားက ကောင်းကင်ကို ရောက်ရှိနေပါပြီ...." ရွှယ်ယုဧကရာဇ်က အံ့ဩစွာ ပြောလိုက်သည်။

" မင်းတို့ အလုပ်ကိစ္စကိုပဲ ပြောပါ။ " လင်းယွမ်က တည်ငြိမ်စွာ ပြောလိုက်သည်။

" ဟုတ်ကဲ့။ " ရွှယ်ယုဧကရာဇ်က ပြောလိုက်သည်။ " အရှင်က ကျွန်တော်တို့ ရွှယ်ယုရှေးဟောင်းနိုင်ငံကို ကာကွယ်မှုပေးနိုင်ဖို့ မျှော်လင့်ပါတယ်။ "

" ကာကွယ်မှု " လင်းယွမ်က ရွှယ်ယုဧကရာဇ်ကို ကြည့်လိုက်သည်။

သူက ထိုတောင်းဆိုမှုကို မျှော်လင့်ထားပြီးသားဖြစ်သည်။ ဒိုင်မန်ရှင်းနှစ်ခုကမ္ဘာ၏ ဒေသခံရှေးဟောင်းနိုင်ငံများက ပင်မစကြာဝဠာမှ အင်အားကြီးသူများကို ရင်ဆိုင်ရချိန်တွင် စိုးရိမ်ထိတ်လန့်မှုများကို ကြုံတွေ့ရလေသည်။

" ဒီလိုလုပ်လို့ရတယ်။ အခုကစပြီး ငါက မင်းတို့ရဲ့ ကာကွယ်သူဖြစ်တယ်လို့ ပြင်ပကမ္ဘာကို ကြေညာနိုင်တယ်။ " လင်းယွမ်က ပြောလိုက်သည်။

" အဲ့လိုပဲလား။ " ရွှယ်ယုဧကရာဇ်က အနည်းငယ် ကြောင်သွားသည်။

" အဲ့လိုကြေညာရုံနဲ့ အခြားအင်အားကြီးသူတွေက လှုပ်ရှားရဲတော့မှာမဟုတ်ဘူး။ " လင်းယွမ်က ညင်သာစွာ ပြောလိုက်သည်။

မျိုးနွယ်အမျိုးမျိုး၏ အင်အားကြီးသူများကြားတွင် သတင်းပျံ့နှံ့မှုက လျင်မြန်လှသည်။ အဆင့်သတ်မှတ်ချက်နေရာတွင် အဆင့်ခြောက်ရှိသော အင်အားကြီးသူက ရွှယ်ယုရှေးဟောင်းနိုင်ငံအား ကာကွယ်နေသည်ကို သိလျှင် သူတို့က ပြဿနာရှာရဲတော့မည်မဟုတ်ပေ။

" ဟုတ်ကဲ့ပါ။ " ရွှယ်ယုဧကရာဇ်က နားမလည်သော်လည်း ကန့်ကွက်ရဲခြင်းမရှိပေ။

ရွှယ်ယုဧကရာဇ်က မြို့တော်သို့ ပြန်၍ လင်းယွမ်ညွှန်ကြားသည့်အတိုင်း ကြေညာပြီးနောက် တစ်လကြာသွားခဲ့သည်။ ယခုအချိန်တွင် ရွှယ်ယုရှေးဟောင်းနိုင်ငံက ပို၍ ငြိမ်သက်လာခဲ့ပြီး ယခင်က ဆိုးသွမ်းနေသော မျိုးနွယ်အမျိုးမျိုးမှ အင်းအားကြီးသူများကလည်း လျော့နည်းသွားကြသည်။

မျိုးနွယ်အမျိုးမျိုးမှ အင်အားကြီးသူများက လင်းယွမ်ကို အလွှာဆယ့်တစ် အထွတ်အထိပ်သက်ရှိတစ်ယောက်ဟု မှတ်ယူထားကြသည်။ ထိုသို့သော သက်ရှိတစ်ယောက်၏ ကာကွယ်မှုနယ်မြေအတွင်း ဘယ်သူမှမိုက်မဲစွာ ပြုမူရဲမည်မဟုတ်ပေ။

လင်းယွမ်က ကျင့်ကြံမှုထဲတွင် နစ်မြှုပ်နေခဲ့ပြီး အချိန်များက တဖြည်းဖြည်း ကုန်လွန်လာခဲ့သည်။

ထိုသို့ဖြင့် နှစ်ပေါင်းနှစ်ရာကြာသွားခဲ့သည်။ နှစ်တစ်သောင်းလျှင် တစ်ကြိမ်ပွင့်သော ကောင်းကင်ဂိတ်တံခါး ပေါ်လာရန် နှစ်လသာလိုတော့သည်။

ရေကန်မျက်နှာပြင်တစ်ခုပေါ်တွင် လက်လေးဖက်နှင့်လူက မတ်တပ်ရပ်နေသည်။ သူ၏ ခန္ဓာကိုယ်မှ ထွက်ပေါ်နေသော အော်ရာက ပတ်ဝန်းကျင်ကို နှောက်ယှက်နေသည်။

" နတ်ဘုရင် " ကမ်းစပ်မှ ပုံရိပ်များက ရိုသေစွာ နှုတ်ဆက်လိုက်ကြသည်။

လွန်ခဲ့သော နှစ်ပေါင်းနှစ်ရာက နတ်ဘုရင်၏ စွမ်းအားမှာ သူတို့ထက် ကျော်လွန်နေခဲ့ပြီး ယခုနှစ်ပေါင်းနှစ်ရာကြာပြီးနောက် သူတို့ကြား ကွာဟမှုက ပို၍ကြီးမားလာခဲ့သည်။

All Chapters