← Chapters

ကောင်းကင်တောင်....

Vol. 38 Ch. 582

ကောင်းကင်တောင်....

Vol. 38 Ch. 582

" ကောင်းကင်ဂိတ်တံခါး..."

" ဒီကောင်းကင်ဂိတ်တံခါး ဖွင့်လှစ်တာက ငါတို့အတွက် ဒီအဖြူရောင်စာရွက်ရဲ့ အနှစ်သာရကို မြင်နိုင်ဖို့ အခွင့်အရေးတစ်ခုဖြစ်နိုင်တယ်။ "

" ကောင်းကင်ဂိတ်တံခါးက အဖြူရောင်စာရွက်နဲ့ ပြင်ပကမ္ဘာကို တကယ်ဆက်သွယ်ပေးတာဆိုရင် အဲ့ဒါဖွင့်လှစ်နေတုန်းမှာ ငါတို့က အဖြူရောင်စာရွက်အတွင်းက ဖုံးကွယ်နေတဲ့ နေရာအချို့ကို ဖော်ထုတ်ဖို့ အခွင့်အရေးရလောက်တယ်။ "

" အဲ့ဒါက အဖြူရောင်စာရွက်ကို သန့်စင်ဖို့ အခွင့်အရေးတောင်ရနိုင်တယ်။ "

ကြီးမြတ်သူများက မျှော်လင့်ချက်များနှင့် စောင့်ဆိုင်းနေကြသည်။ နှစ်နှစ်ကြာပြီးချိန်မှာပင် သူတို့က အဖြူရောင်စာရွက်အကြောင်းကို သေချာမသိကြသေးသောကြောင့် သူတို့၏ မျှော်လင့်ချက်များကို ကောင်းကင်ဂိတ်တံခါးပေါ်တွင်သာ ပုံအောထားကြသည်။

" ယုတိုင် ဟင်းလင်းပြင်ကမ္ဘာက အဆင်သင့်ပဲလား။ " ကြီးမြတ်သူရှချင်က သူ၏ ဘေးမှ ကြီးမြတ်သူယုတိုင်ကို ကြည့်လိုက်သည်။

" စိတ်မပူနဲ့။ ကောင်းကင်ဂိတ်တံခါး ဖွင့်လှစ်ချိန်မှာ အော်ရာတစ်မျှင်ထွက်လာရင်တောင် ဟင်းလင်းပြင်ကမ်ဘာက ဖမ်းယူထားလိမ့်မယ်။ အဲ့အချိန်ကျရင် ဒိုင်မန်ရှင်းနှစ်ခုကမ်ဘာကို ပုံတူကူးယူတာက ပိုပြီးပြည့်စုံလာလိမ့်မယ်။ " ကြီးမြတ်သူယုတိုင်က ခေါင်းညိမ့်လိုက်သည်။

သူမ၏ အမြင့်ဆုံးဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်က ဟင်းလင်းပြင်ကမ်ဘာမှ ဆင်းသက်လာသောကြောင့် သူမက ၎င်းအပေါ် ကျွမ်းကျင်မှုရှိလေသည်။

" ကောင်းပြီ။ " ကြီးမြတ်သူရှချင်က ပြောလိုက်သည်။

" အဲ့ဒီကောင်လေး ဘယ်အဆင့်ထိ ကျင့်ကြံပြီးပြီလဲမသိဘူး။ " ကြီးမြတ်သူရှချင်က ရုတ်တရက် တွေးလိုက်သည်။

သူပြောသော ကောင်လေးကတော့ လင်းယွမ်မှလွဲ၍ အခြားမဟုတ်ပေ။ လွန်ခဲ့သော နှစ်နှစ်ရာက လင်းယွမ်၏ ကျင့်ကြံမှုမှာ စုန်းဘိုးဘေး အဆင့်ဆယ့်ကိုးဖြစ်ကြောင်း သိလိုက်ရချိန်တွင် ကြီးမြတ်သူရှချင်က ဒိုင်မန်ရှင်းနှစ်ခုကမ်ဘာမှ လူသားမျိုးနွယ် ဆင့်ကဲပြောင်းလဲသူများ၏ မျှော်လင့်ချက်အားလုံးကို သူ့အပေါ်တွင် ထားရှိခဲ့သည်။

မတတ်နိုင်ပေ။ ထိုအချိန်က လင်းယွမ်မှလွဲ၍ လူသားမျိုးနွယ်၏ အသန္မာဆုံး ဆင့်ကဲပြောင်းလဲသူက အဆင့်ဆယ့်လေးတွင်သာ ရှိလေသည်။

ကြီးမြတ်သူရှချင်က စဉ်းစားနေစဉ် ရုတ်တရက် အသံတစ္သံ ထွက်ပေါ်လာသည်။

" ရှချင် မင်း ဘယ်လိုဆုံးဖြတ်လိုက်လဲ။ " ကြယ်စကြာဝဠာမဟာမိတ်မှ ကြီးမြတ်သူက သူ၏ စကားမ်ားကို လျို့ဝှက်စွာ ပို့လွှတ်ပြီး ပြောလိုက်သည်။

သူက လူသားမျိုးနွယ်၏ ဆင့်ကဲပြောင်းလဲသူများ စုဆောင်းထားသော ရတနာမ်ားကို မစွန့်လွှတ်ချင်ပေ။ ၎င်းတို့ကို နတ်ဘုရင်အား ထုတ်ယူခိုင်းလျှင် အကျိုးအမြတ်များစွာ ရရှိနိုင်လေသည်။

ကြယ်စကြာဝဠာမဟာမိတ်က လူသားမျိုးနွယ်နှင့် ရန်ငြိုးမရှိသောကြောင့် ထိုကြီးမြတ်သူက လူသားမျိုးနွယ်မှ အကျိုးအမြတ်များ ရရှိရန် စိုးရိမ်ခြင်းနရှိပေ။

" စောင့်ကြည့်တာပေါ့။ " ကြီးမြတ်သူရှချင်က ပြုံး၍ ပြောလိုက်သည်။

လင်းယွမ်မရှိလျှင် သူက ကြယ်စကြာဝဠာမဟာမိတ်နှင့် ပူးပေါင်းနိုင်လေသည်။ မည်သို့ပင်ဖြစ်စေ ဒိုင်မန်ရှင်းနှစ်ခုကမ်ဘာမှ ရတနာမ်ားကို ထုတ်ယူနိုင်ခြင်းမရှိလျှင် ဘာမှရမည်မဟုတ်ပေ။ ကြယ်စကြာဝဠာမဟာမိတ်က ခြောက်ဆယ်ရာခိုင်နှုန်းရရှိလျှင်တောင် လူသားမျိုးနွယ်က လေးဆယ်ရာခိုင်နှုန်းရရှိခြင်းကြောင့် ဘာမှမရခြင်းထက်တော့ ပိုကောင်းလေသည်။

" စောင့်ကြည့်မှာလား။ " ကြယ်စကြာဝဠာမဟာမိတ်မှ ကြီးမြတ်သူက ကြီးမြတ်သူရှချင်ကို ကြည့်လိုက်သည်။ " ဒိုင်မန်ရှင်းနှစ်ခုကမ်ဘာထဲမှာ လူသားမျိုးနွယ်က အင်အားကြီးသူတစ်ယောက်ကို ပိုင်ဆိုင်ထားတာလား။ "

လွန်ခဲ့သော နှစ်နှစ်က ကြီးမြတ်သူရှချင်က စဉ်းစားဦးမည်ဟု ပြောသောကြောင့် သူက အနည်းငယ် ပဟေဠိဖြစ်ခဲ့လေသည်။ ယခု ကောင်းကင်ဂိတ်တံခါးဖွင့်လှစ်ခါနီးအချိန်တွင် ကြီးမြတ်သူရှချင်က စောင့်ကြည့်ကြတာပေါ့ဟု ပြောသောကြောင့် သူက ဖြစ်နိုင်ခြေနှစ်ခုကို တွေးမိခဲ့သည်။

တစ်ခုမှာ လူသားမျိုးနွယ်က ရတနာမ်ားကို ထုတ်ယူရန် အခြားအင်အားစုများနှင့် ပူးပေါင်းထားပြီးသား ဖြစ်ပေလိမ့်မည်။ နောက်ထပ်ဖြစ်နိုင်ခြေတစ်ခုမှာ ဒိုင်မန်ရှင်းနှစ်ခုကမ္ဘာထဲသို့ ကျရောက်ခဲ့သော လူသားဆင့်ကဲပြောင်းလဲသူများကြားတွင် ကောင်းကင်ဂိတ်တံခါးသို့ ဝင်ရောက်ရန် မျှော်လင့်ချက်ရှိသူတစ်ယောက် ပေါ်လာခြင်းဖြစ်သည်။

ပထမတစ်ခုနှင့်ယှဉ်လျှင် ဒုတိယတစ်ခုက ပို၍ ဖြစ်နိုင်သည်ဟု သူကထင်မိလေသည်။ သူက ဒိုင်မန်ရှင်းနှစ်ခုကမ္ဘာတွင် နတ်ဘုရင်နှင့် ယှဉ်နိုင်သော အင်အားကြီးသူများကို သိလေသည်။

လူသားမျိုးနွယ်က သူတို့နှင့် ပူးပေါင်းခဲ့လျှင်တောင် ပေးရမည့်ရာခိုင်နှုန်းက ကြယ်စကြာဝဠာမဟာမိတ်ထက် ပိုများပေလိမ့်မည်။

" မင်းတို့က ငါတို့လူသားမျိုးနွယ်မဟာမိတ်က အလွှာဆယ့်တစ် အထွတ်အထိပ် ဆင့်ကဲပြောင်းလဲသူအကြောင်းသိတယ်မဟုတ်လား။ " ကြီးမြတ်သူရှချင်က ပြန်ပြောလိုက်သည်။

သူက လင်းယွမ်အကြောင်း အရိပ်အမြွက်တောင် ထုတ်ပြောမည်မဟုတ်ပေ။ ဒိုင်မန်ရှင်းနှစ်ခုကမ်ဘာထဲတွင် အဆင့်ပိုမြင့်လေ အန္တရာယ် ပိုရှိလေဖြစ်သည်။ အကြောင်းမှာ လူအများပူးပေါင်းမှု၏ အဓိကပစ်မှတ်တစ်ခု အလွယ်တကူဖြစ်လာနိုင်လေသည်။

နတ်ဘုရင်လည်း ထို့အတူပင်ဖြစ်သည်။ သို့သော် သူက ကြီးမြတ်သူအဆင့် လက်နက်များနှင့် ပေါင်းစည်းထားသောကြောင့် ထိုသို့ကြုံတွေ့ခဲ့လျှင်တောင် အလြယ္တကူ ရှုံးနိမ့်နိုင်မည်မဟုတ်ပေ။

ကြယ်စကြာဝဠာမဟာမိတ်မှ ကြီးမြတ်သူက ခဏစဉ်းထားပြီးနောက် ထပ်မစဉ်းစားတော့ပေ။ လူသားမျိုးနွယ်က ဒိုင်မန်ရှင်းနှစ်ခုကမ်ဘာတွင် အလွှာဆယ့်တစ် အထွတ်အထိပ် ဆင့်ကဲပြောင်းလဲသူတစ်ယောက် အမှန်တကယ်ရှိခဲ့လျှင်တောင် နတ်ဘုရင်နှင့် ယှဉ်ပြိုင်ရန် မဖြစ်နိုင်ပေ။

နတ်ဘုရင်မရှိလျှင်တောင် အခြားအင်အားအကြီးဆုံးသူများနှင့် ယှဉ်နိုင်ရန် ခက်ခဲနေဆဲဖြစ်သည်။

နက်ရှိုင်းသော မြေအောက်နေရာတစ်ခုတွင် လင်းယွမ်က ထိုင်နေပြီး သူ၏ အော်ရာကို ပြန်လည်ထိန်းချုပ်ထားသည်။ သို့သော် သူ၏ ခန္ဓာကိုယ်ထဲမှ သွေးများ အသားများက စိတ်ကူးမယဉ်နိုင်လောက်အောင် သန်မာနေခဲ့သည်။

" စုန်းဘိုးဘေး အဆင့်ငါးဆယ်။ " လင်းယွမ်က အနည်းငယ် ခါးမတ်လိုက်သည်နှင့် အရိုးများတိုက်မိသောအသံက ပတ်ဝန်းကျင်တွင် မိုးခြိမ်းသံကဲ့သို့ ထွက်ပေါ်နေသည်။

" သွားဖို့အချိန်ကျပြီ။ " လင်းယွမ်က ဖြည်းညင်းစွာ မတ်တပ်ရပ်လိုက်ပြီး လက်သီးတစ်ချက် ညင်သာစွာ ထိုးလိုက်သည်။

ကြောက်စရာကောင်းသော စွမ်းအားက မိုင်ပေါင်းများစွာ ထိုးဖောက်သွားပြီး လက်ရှိနေရာနှင့် မြေမျက်နှာပြင်သို့ လမ်းကြောင်းတစ်ခု ဖြစ်ပေါ်လာသည်။

" ငါ့ရဲ့ လက်ရှိခွန်အားက နတ်ဘုရင်နဲ့ယှဉ်ရင် ဘယ်လိုနေမလဲမသိဘူး။ " လင်းယွမ်က တွေးလိုက်သည်။

အဆင့်အရ သူက နတ်ဘုရင်ထက် ကျော်လွန်သည်ကို ယုံကြည်သော်လည်း ပြိုင်ဘက်တွင် သန့်စင်ထားပြီးသား ကြီးမြတ်သူအဆင့်လက်နက်ရှိသောကြောင့် သူ၏ တိုက်ခိုက်နိုင်စွမ်းက မသေချာပေ။

" လွန်ခဲ့တဲ့နှစ်တစ်ရာက ငါ စုန်းဘိုးဘေး အဆင့်လေးဆယ်ထဲကို ဝင်ရောက်ပြီးတဲ့နောက် ငါ့ရဲ့ တိုးတက်မှုက နှေးကွေးသွားခဲ့တယ်။ အဆင့်လေးဆယ်ကနေ အဆင့်ငါးဆယ်ကို တက်ဖို့ နှစ်တစ်ရာအချိန်ယူခဲ့ရတယ်။ " လင်းယွမ်က သက်ပြင်သချလိုက်သည်။ ကန့်သတ်ချက်နှင့် နီးကပ်လေ ရှေ့ဆက်ရန် ခက်ခဲလေဖြစ်သည်။

" ကောင်းကင်တံခါးဖွင့်ဖို့ နှစ်လလိုသေးတယ်။ ငါအခုထွက်သွားလို့ရပြီ။ " ခြေတစ်လှမ်းနှင့် လင်းယွမ်က မြေပြင်တွင် ပေါ်လာသည်။

" ငါ ကောင်းကင်တောင်ကို သွားတဲ့အခါ အခြားသူတွေရဲ့ ခွန်အားကို မြင်တွေ့ရလိမ့်မယ်။ သူတို့အားလုံး ငါ့ထက် အရမ်းအားနည်းရင်တော့ အကုန်လုံးကိုရှင်းပြီး ကောင်းကင်ဂိတ်တံခါးကို တိုက်ရိုက်ဝင်လိုက်မယ်။ "

" တိုက်ခိုက်ရေးစွမ်းအားက ငါနဲ့တန်းတူဆိုရင်တော့ ငါ ဒီတစ်ကြိမ် ကောင်းကင်ဂိတ်တံခါးကို စွန့်လွှတ်ပြီး နောက်ထပ်နှစ်တစ်သောင်းကြာမှ ပြန်ထွက်ရမယ်။ " လင်းယွမ်က တွေးလိုက်သည်။

အချိန်ကြာလာသည်နှင့်အမျှ သူ၏ ခွန်အားက ပို၍ တိုးတက်လာမည်ဖြစ်သည်။ လင်းယွမ်က ကောင်းကင်ကိုဆန့်ကျင်သော နားလည်နိုင်စွမ်းကို ပိုင်ဆိုင်ပြီး မျိုးနွယ်အမျိုးမျိုးမှ အင်အားကြီးသူများထက် သာလွန်လေသည်။ ထို့ကြောင့် ယခု ကောင်းကင်ဂိတ်တံခါးသို့ ဝင်ရောက်ရန်အတွက် အခြားသူများနှင့် ယှဉ်ပြိုင်ရန် သူ့အတွက် မလိုအပ်ပေ။

" ကောင်းကင်တောင်ကိုပဲ တိုက်ရိုက်သွားတော့မယ်။ လျိုချွမ်စုဝေးခြင်းနေရာနဲ့ ရွှယ်ယုရှေးဟောင်းနိုင်ငံကို မဝင်တော့ဘူး။ " လင်းယွမ်က ဦးတည်ချက်ကို သတ်မှတ်ပြီးနောက် ရှေ့သို့ လှမ်းလိုက်သည်။

ဆယ်ရက်ကြာပြီးနောက် လင်းယွမ်က ကောင်းကင်တောင်သို့ ရောက်ခါနီးနေပြီဖြစ်သည််။

" လမ်းမှာ မျိုးနွယ်အမျိုးမျိုးက အင်အားကြီးသူတွေကို ငါခံစားမိတယ်။ " လင်းယွမ်က တိတ်ဆိတ်စွာ တွေးလိုက်သည််။

မျိုးနွယ်အမျိုးမျိုးမှ အင်အားကြီးသူ အများစုက အဖွဲ့များနှင့် လာကြခြင်းဖြစ်သည်။ လွန်ခဲ့သော နှစ်ပေါင်းနှစ်ရာအတွင်း အင်အားကြီးသူများက သူတို့ထက်အားနည်းသူများကို အမဲလိုက်ခဲ့သောကြောင့် အသက်ရှင်ကျန်ရစ်သူများက အဖွဲ့များ ဖွဲ့စည်းထားကြသည်။

အဖွဲ့မဖွဲ့သော အင်အားကြီးသူများက အများအားဖြင့် အလွန်ယုံကြည်မှုရှိသူများဖြစ်ပြီး အလွှာဆယ့်တစ်များ ဖြစ်နိုင်လေသည်။

ပင်မစကြာဝဠာမှ သက်ရှိများ ဒိုင်မန်ရှင်းနှစ်ခုကမ္ဘာထဲသို့ ကျဆင်းလာပြီးနောက် နှစ်ပေါင်းသုံးရာကျော်ကြာသွားခဲ့ပြီး သူတို့ထဲမှ အသက်ရှင်ကျန်ရစ်သူမှာ နှစ်သိန်းပင်မပြည့်တော့ပေ။ထိုနှစ်သိန်းကြားတွင် အလွှာဆယ့်တစ်သက်ရှိများက နှစ်ရာကျော်သာရှိလေသည်။

​ခဏကြာပြီးသောအခါ လင်းယွမ်က ကောင်းကင်တောင်သို့ ရောက်လာခဲ့သည်။

"အဲ့ဒါ ကောင်းကင်တောင်လား။ " လင်းယွမ်က ရပ်တန့်လိုက်ပြီး အဝေးမှ အလွန်မြင့်မားသော တောင်ထိပ်ကို ကြည့်၍ သူ၏ အမူအရာက လေးနက်သွားသည်။

လွန်ခဲ့သော နှစ်နှစ်ရာအတွင်း သူက ကောင်းကင်တောင်ကိုလည်း လာရောက်ခဲ့သည်။ သို့သော် သူရောက်လာသည့်အချိန်တိုင်း အံ့ဩနေရဆဲဖြစ်သည်။

ကောင်းကင်တောင်က အမြင့်မီတာ ရှစ်သောင်း၊ ကိုးသောင်းလောက်ရှိပြီး ကြယ်စကြာဝဠာမှ ကြယ်များနှင့်ယှဉ်လျှင် အရေးမပါသည်ဟု ထင်ရသည်။

သို့သော် လျို့ဝှက်ဆန်းကြယ်သော စွမ်းအားတစ်ခုက ကောင်းကင်တောင်တစ်ခုလုံးအား စီးဆင်းနေသည်ဟု လင်းယွမ်က မှိန်ဖျော့စွာ ခံစားနေရသည်။ ထိုခံစားချက်က လူသားမျိုးနွယ်၏ မိခင်ကြယ်ပေါ်သို့ ရောက်ခဲ့သောအချိန်က ခံစားချက်နှင့် အလားသဏ္ဍန်တူလေသည်။ ကောင်းကင်တောင်တွင် စီးဆင်းနေသော စွမ်းအားက ပို၍ ကြီးမားပြီး နက်ရှိုင်းလေသည်။

All Chapters