← Chapters

လူသားမျိုးနွယ်၏ ဆင့်ကဲပြောင်းလဲသူများ...

Vol. 38 Ch. 583

လူသားမျိုးနွယ်၏ ဆင့်ကဲပြောင်းလဲသူများ...

Vol. 38 Ch. 583

" ကောင်းကင်တောင်က ဒီလိုဆိုရင် ကောင်းကင်တံခါးပေါ်လာတဲ့အခါ ဘယ်လိုဖြစ်မလဲမသိဘူး။ " လင်းယွမ်က တိတ်ဆိတ်စွာ တွေးလိုက်သည်။

သူက ကောင်းကင်ဂိတ်တံခါး၏ ဖော်ပြချက်များကို ရှေးဟောင်းစာပေနှင့် မှတ်တမ်းများထဲတွင် ဖော်ပြခဲ့ရသော်လည်း ဒိုင်မန်ရှင်းနှစ်ခုကမ္ဘာမှ ဒေသခံများက ကောင်းကင်တံခါးအကြောင်း သေးငယ်သော အစိတ်အပိုင်းတစ်ခုကိုပင် ဖော်ပြနိုင်ခြင်းမရှိပေ။

သူ၏ ရှေ့တွင်ရှိသော ကောင်းကင်တောင်က ဒိုင်မန်ရှင်းနှစ်ခုကမ္ဘာမှ ဒေသခံသက်ရှိများ၏ မျက်လုံးထဲတွင် သာမန်ထက်ပိုမြင့်ပြီး ကောင်းကင်တံခါးကြောင့်သာ ကျော်ကြားနေခြင်းဖြစ်သည်။ သို့သော် လင်းယွမ်၏ ရှေ့တွင် ၎င်းက အဆုံးမရှိ လျို့ဝှက်ဆန်းကြယ်နေသည်။

တစ်ခါတစ်ရံ လူတစ်ယောက်၏ တည်ရှိမှုက အဆင့်ပိုမြင့်သည်နှင့် သူကြည့်နိုင်သော အမြင်က ပို၍ မြင့်မားလေဖြစ်သည်။

" ဒီဒိုင်မန်ရှင်းနှစ်ခုကမ္ဘာရဲ့အဓိကနေရာက ဒီကောင်းကင်တောင်ဖြစ်ရမယ်။ " လင်းယွမ်က စိတ်ထဲမှ တွေးလိုက်သည်။

အဓိကနေရာဆိုသည်မှာ ရုပ်ပိုင်းဆိုင်ရာကို ရည်ညွှန်းခြင်းမဟုတ်ဘဲ ဒိုင်မန်ရှင်းနှစ်ခုကမ္ဘာနှင့် အနီးစပ်ဆုံးနေရာကို ရည်ညွှန်းခြင်းဖြစ်သည်။

လင်းယွမ်က ကောင်းကင်တောင်ကို လေ့လာနေချိန်တွင် ကြောက်မက်ဖွယ်ကောင်းသော အင်အားကြီးသူများက တစ်ယောက်ပြီး တစ်ယောက် ရောက်လာကြသည်။

ထိုအင်အားကြီးသူများက သူတို့၏ အော်ရာကို ထိန်းချုပ်ခြင်းမရှိဘဲ ထုတ်လွှတ်ထားကြပြီး လင်းယွမ်ကို မြင်သောအခါ သူတို့၏ အမူအရာက အနည်းငယ် ပြောင်းလဲသွားသည်။

" အဲ့ဒါ ရွှယ်ယုရှေးဟောင်းနိုင်ငံက လျို့ဝှက်ဆန်းကြယ်တဲ့ အင်အားကြီးသူမဟုတ်လား။ "

" သူဖြစ်လောက်တယ်။ အော်ရာကလည်းတူတယ်။ ပြီးတော့ သူ့ရဲ့နောက်မှာ အနက်ရောင်သံချောင်းကို သယ်ဆောင်လာတယ်။ "

" ငါကြားတာ လွန်ခဲ့တဲ့နှစ်နှစ်ရာက သူက ဖေးရှန်းကို အသက်နှစ်ကြိမ်ရှူချိန်အတွင်း သတ်ခဲ့ပြီး ကာကွယ်ရေးရတနာနဲ့ ရှေးဟောင်းနတ်ဘုရားကို သတ်ဖို့က နေ့တစ်ဝက်ပဲကြာခဲ့တယ်။ "

အင်အားကြီးသူ ခြောက်ယောက်ခုနှစ်ယောက်လောက်က လင်းယွမ်ကို အဝေးမှ အရိုအသေပေးလိုက်ကြသည်။

လင်းယွမ်က ရှေးဟောင်းနတ်ဘုရားထို့ပါတို့ကို သတ်ချိန်တွင် သူ၏ အော်ရာကို ထုတ်ဖော်ခဲ့သောကြောင့် ဤတစ်ကြိမ်တွင် သူ၏ အသွင်အပြင်ကို ဖုံးကွယ်ခြင်းမရှိခဲ့ပေ။

ဒိုင်မန်ရှင်းနှစ်ခုကမ္ဘာတွင် သက်ရှိတိုင်းက သူတို့၏ အော်ရာကို ဖုံးကွယ်ထားနိုင်စွမ်းမရှိပေ။ ထိုအခြေအနေတွင် လင်းယွမ်က သူ၏ အသွင်အပြင်ကို ဖုံးကွယ်ထားရန် မလိုအပ်ပေ။

သူ၏ ကျောပေါ်ရှိ အနက်ရောင်သံချောင်းကတော့ သူ၏ အထောက်အထားကို ဖုံးကွယ်ထားနိုင်ခြင်းမရှိသောကြောင့် ၎င်းကို ငွေရောင်မှန်အတွင်း သိမ်းဆည်းထားခြင်းက အဓိပ္ပါယ်မရှိပေ။

ရန်သူများနှင့် ရင်ဆိုင်ချိန်တွင် အနက်ရောင်သံချောင်းကို ထုတ်သောအခါ သူတို့က ငွေရောင်မှန်၏ လျို့ဝှက်ချက်ကို သိသွားနိုင်လေသည်။ ငွေရောင်မှန်အတွင်း လင်းယွမ်က ကျောက်စိမ်းပုဆိန်ကဲ့သို့ အခြားဝှက်ဖဲများကို သိမ်းဆည်းထားခဲ့သည်။

အဝေးတွင် အင်အားကြီးသူအချို့က လင်းယွမ်ကို စောင့်ကြည့်နေကြသည်။

" ရွှယ်ယုရှေးဟောင်းနိုင်ငံက အဲ့ဒီလူက နှစ်နှစ်ရာအတွင်း မလှုပ်ရှားခဲ့ပေမယ့် အသန်မာဆုံးကိုးယောက်ထဲမှာ ရှိနေတုန်းပဲ။ အဆင့်ကိုးဖြစ်ပေမယ့် သူ့ရဲ့ ခွန်အားကို တိုင်းတာလို့မရဘူး။ "

" နှစ်နှစ်ရာအတွင်း မလှုပ်ရှားခဲ့တာတောင် အဆင့်ကိုးမှာ ရှိနေတုန်းပဲဆိုတော့ တကယ်ကြောက်စရာကောင်းတယ်။ "

" သူက ဘယ်လိုစွမ်းအားမျိုးကိုပိုင်ဆိုင်တယ်ဆိုတာ ဘယ်သူသိနိုင်မှာလဲ။ "

အင်အားကြီးသူအချို့က အချင်းချင်း ပြောလိုက်ကြသည်။ သူတို့က ကောင်းကင်ဂိတ်တံခါးသို့ ဝင်ရောက်ရန် ဖြစ်နိုင်ခြေက သုညနီးပါးရှိသောကြောင့် လာရောက်ကြည့်ရှုကြခြင်းသာဖြစ်သည်။

" လူသားဆင့်ကဲပြောင်းလဲသူတွေနဲ့ တွေ့ဖို့အချိန်ကျပြီ။ " လင်းယွမ်က အဝေးရှိ အင်အားကြီးသူအချို့ကို ကြည့်လိုက်သည်။

ယခင် ကြီးမြတ်သူရှချင်က ကောင်းကင်တောင်သို့ ရောက်သောအခါ လူသားမျိုးနွယ်၏ ဆင့်ကဲပြောင်းလဲသူများနှင့် တွေ့ဆုံရန် သူ့ကို ညွှန်ကြားထားခဲ့သည်။ ရည်ရွယ်ချက်မှာ လူသားမျိုးနွယ် ဆင့်ကဲပြောင်းလဲသူများက လင်းယွမ်ကို အပြည့်အဝ အကူအညီပေးပြီး ကောင်းကင်ဂိတ်တံခါးဝင်ရောက်ရန် ဖြစ်နိုင်ခြေမြင့်မားရန်ဖြစ်သည်။

လူသားမျိုးနွယ် ဆင့်ကဲပြောင်းလဲသူများကြားတွင် အသန်မာဆုံးကိုးယောက်ထဲသို့ မဝင်ရောက်နိုင်သော်လည်း အလွှာဆယ့်တစ် ဆင့်ကဲပြောင်းလဲသူများ၏ ကြိုးစားမှုက သက်ရောက်မှုတော့ ရှိနေဆဲဖြစ်သည်။

အရေးကြီးဆုံးမှာ လင်းယွမ်က လူသားမျိုးနွယ် ဆင့်ကဲပြောင်းလဲသူများနှင့် ရှိနေလျှင် ဖိအားများစွာကို ခံစားရမည်မဟုတ်ပေ။

အထွတ်အထိပ်မျိုးနွယ်အဖြစ် ကြီးမြတ်သူကိုးယောက်ရှိနေသည့်အပြင် အရေးကြီးဆုံးမှာ စည်းလုံးမှုဖြစ်သည်။

အထူးသက်ရှိများက လူသားမျိုးနွယ်နှင့် အင်းဆက်မျိုးနွယ်ကဲ့သို့ အထွတ်အထိပ်မျိုးနွယ်များကို ရင်ဆိုင်ရန်အတွင် ကြယ်စကြာဝဠာမဟာမိတ်ကိုပင် အတင်းအကျပ် တည်ထောင်ခဲ့ရသည်။

လင်းယွမ်က ကောင်းကင်ဂိတ်တံခါးသို့ ဝင်ရောက်နိုင်ခဲ့လျှင် လူသားမျိုးနွယ်၏ ဆင့်ကဲပြောင်းလဲသူများဆီမှ ရတနာများကို သူနှင့်အတူ ယူဆောင်သွားရမည်ဖြစ်သည်။ ထို့ကြောင့် သူက လူသားဆင့်ကဲပြောင်းလဲသူများနှင့် ပူးပေါင်းရန် လိုအပ်လေသည်။

" ငါ့မှာ ငွေရောင်မှန်ရှိတော့ ရတနာတွေကို အလွယ်တကူ သိမ်းဆည်းလို့ရတယ်။ " လင်းယွမ်က တွေးလိုက်သည်။

အခြားသူများတွင် ငွေရောင်မှန်မရှိပေ။ နတ်ဘုရင်ပင် သူနှင့်အတူ ရိုးရှင်းသော ပစ္စည်းများကိုသာ ထုတ်ယူသွားနိုင်လေသည်။ မီတာအနည်းငယ် ရှိသော ပုံမှန်မဟုတ်သည့် ရတနာများက အဆင်မပြေနိုင်ပေ။ ကောင်းကင်ဂိတ်တံခါးသို့ ဝင်ရောက်ရန်ပင် မသေချာဘဲ ကြီးမားသော ရတနာများကို ခန္ဓာကိုယ်ပေါ်တွင် ဘယ်လိုသယ်ဆောင်သွားမှာလဲ။

ကောင်းကင်တောင်၏ အနီးတွင် စုန်းဘိုးဘေးအဆင့်သို့ ဝင်ရောက်ခဲ့သော ယန်ဖူက ကြီးမားသော ရည်မှန်းချက်များဖြင့် သူ၏ ခွန်အားကို ကောင်းကင်တောင်တွင် ပြသရန် စီစဉ်ခဲ့သည်။ သို့သော် သူက ကောင်းကင်တောင်သို့ပင် မရောက်မီ ထိတ်လန့်ခဲ့ရလေသည်။

" စုန်းဘိုးဘေးအဆင့်ရောက်ရင် ကောင်းကင်ဂိတ်တံခါးထဲဝင်ရောက်ဖို့ သေချာတယ်လို့ မပြောခဲ့ဘူးလား။ အရင်ကောင်းကင်ဂိတ်တံခါးဖွင့်ချိန်မှာ ယှဉ်ပြိုင်သူတွေက စုန်းဧကရာဇ်အဆင့်တွေဆို။ " ယန်ဖူက နားမလည်နိုင်ဖြစ်နေသည်။

လမ်းတစ်လျှောက်တွင် သူက အင်အားကြီးသူများစွာကို တွေ့ခဲ့ကြပြီး အားလုံးက ခြွင်းချင်မရှိ စုန်းဘိုးဘေးများ ဖြစ်ကြလေသည်။ ထို့အပြင် သူတို့က စုန်းဘိုးဘေးအဆင့်ထက် များစွာ ကျော်လွန်နေသည်ကို သူက ခံစားခဲ့ရသည်။

၎င်းက ယန်ဖူ၏ စိတ်အခြေအနေကို ထိခိုက်စေခဲ့သည်။ စုန်းဘိုးဘေးအဆင့်သို့ တက်လှမ်းပြီးနောက် သူက ကမ္ဘာကြီးကို လွှမ်းမိုးနိုင်မည်ဟု ထင်ခဲ့သည်။ သို့သော် ယခု သူက အားအနည်းဆုံးဖြစ်သည်ကို ခံစားခဲ့ရသည်။

" စုန်းဘိုးဘေးတွေ ဘယ်လိုလုပ် ဒီလောက်တောင်များလာတာလဲ။ " ယန်ဖူက စဉ်းစားမရပေ။

" ငါအခု ကောင်းကင်တောင်ကို သွားသင့်လား။ " ယန်ဖူက အဝေးမှ ကောင်းကင်တောင်ကို ကြည့်ပြီး ခဏတုန့်ဆိုင်းသွားသည်။

သူက ကောင်းကင်တောင်သို့ မရောက်မီကပင် အင်အားကြီးသူများစွာကို တွေ့ခဲ့ရလေသည်။ သူက ကောင်းကင်တောင်သို့ နီးကပ်သွားသည်နှင့် သူတို့က အန္တရာယ်ပေးမည်လား မသိနိုင်ပေ။

" သွားမယ်ကွာ။ ငါက ကောင်းကင်ဂိတ်တံခါးကို မြင်တွေ့ရဖို့ နှစ်ခြောက်ရာကျော် ကျင့်ကြံခဲ့ရတယ်။ စုန်းဘိုးဘေးတွေ ဘယ်လောက်များများ ငါ ကောင်းကင်တောင်ကို သွားတာကို ရပ်တန့်နိုင်မှာမဟုတ်ဘူး။ "

နောက်ဆုံးတွင် ဒေသခံများကြား တစ်သန်းတွင် တစ်ယောက်သာရှိနိုင်သော ယန်ဖူက သူ၏ စိတ်အခြေအနေကို ပြင်ဆင်ပြီး ကောင်းကင်တောင်သို့ ဆက်သွားခဲ့သည်။

သို့သော် ယန်ဖူက ယခင်ထက် ပို၍ သတိထားလာပြီး သူ၏ အော်ရာကို အတတ်နိုင်ဆုံး ထိန်းချုပ်ထားခဲ့သည်။ ထို့အပြင် သူက ခဏခဏရပ်တန့်ပြီး ပတ်ဝန်းကျင်ကို စစ်ဆေးပြီးမှ ဆက်သွားခဲ့သည်။

ကောင်းကင်တောင်ခြေရှိ အိမ်တစ်လုံးအတွင်း ၎င်းက လူသားမျိုးနွယ်း ခံတပ်နေရာတစ်ခုဖြစ်သည်။ လွန်ခဲ့သော နှစ်ပေါင်းနှစ်ရာကျော်က လူသားမျိုးနွယ်ဆင့်ကဲပြောင်းလဲသူများက အခြေစိုက်စခန်းတစ်ခု တည်ထောင်ရန်အတွက် ဤနေရာသို့ လာခဲ့ကြသည်။

၎င်းက အင်အားကြီးသော နောက်ခံတစ်ခုရှိခြင်း၏ အားသာချက်ဖြစ်သည်။ အင်အားကြီးသူများက သေးငယ်သော ကိစ္စများကို အခြားသူများက ပြင်ဆင်ထားသောကြောင့် စိုးရိမ်စရာမလိုပေ။

အိမ်ကြီးထဲတွင် လူနှစ်ဆယ်ကျော် စုစည်းနေကြသည်။ သူတို့က လူသားမျိုးနွယ်၏ အလွှာဆယ့်တစ် ဆင့်ကဲပြောင်းလဲသူများဖြစ်ပြီး သူတို့က တစ်စုံတစ်ခုကို စောင့်ဆိုင်းနေပုံရလေသည်။

" ကြီးမြတ်သူက ငါတို့ကို ဒီနေရာမှာ စောင့်နေဖို့ပြောပြီး လူသားမျိုးနွယ်က အရေးပါတဲ့လူတစ်ယောက် လာလိမ့်မယ်လို့ ပြောခဲ့တယ်။ "

" ကြီးမြတ်သူကတောင် အမိန့်ပေးရအောင် အဲ့ဒီလူက ဘယ်သူဖြစ်နိုင်လဲ။ "

အလွှာဆယ့်တစ် ဆင့်ကဲပြောင်းလဲသူများက သိချင်နေကြသည်။ သူတို့က အလွှာဆယ့်တစ်များဖြစ်သောကြောင့် လူသားမျိုးနွယ်၏ ထိပ်ဆုံးတွင် ရှိနေကြသည်။ သို့သော် ကြီးမြတ်သူပြောသော အရေးပါသောလူကို မသိကြပေ။

" ကြီးမြတ်သူရဲ့စကားအရ ငါတို့က ဒီကိုယ်ပွားကို ဆုံးရှုံးရရင်တောင် သူ့ကို အစွမ်းကုန်ကူညီပေးရလိမ့်မယ်လို့ ပြောတယ်။ " အမျိုးသမီးဆင့်ကဲပြောင်းလဲသူတစ်ယောင်က အနည်းငယ် နားမလည်နိုင်ဘဲ ပြောလိုက်သည်။

သူတို့လို အလွှာဆယ့်တစ် ဆင့်ကဲပြောင်းလဲသူများပင် ကိုယ်ပွားတစ်ခု ပေးဆပ်ရသည်အထိ ကူညီရအောင် ထိုအရေးပါသော လူက ဘယ်သူလဲ။

" အဲ့ဒီလူက ကောင်းကင်ဂိတ်တံခါးရဲ့ နေရာအတွက် ယှဉ်ပြိုင်ဖို့ အရည်အချင်းရှိတာဖြစ်နိုင်လား။ " အလွှာဆယ့်တစ် ဆင့်ကဲပြောင်းလဲသူတစ်ယောက်က ပြောလိုက်သည်။

" အဲ့လိုပဲဖြစ်ရမယ်။ မဟုတ်ရင် ကြီးမြတ်သူက ဒီလောက်ထိ အလေးအနက်ထားစရာအကြောင်းမရှိဘူး။ "

" ဒီဒိုင်မန်ရှင်းနှစ်ခုကမ္ဘာကို ကျရောက်ခဲ့တဲ့ ငါတို့လူသားမျိုးနွယ်မှာ အဲ့လိုလူတစ်ယောက်ရှိနေတာလား။ "

​အလွှာဆယ့်တစ် ဆင့်ကဲပြောင်းလဲသူများက ကြီးမြတ်သူရည်ညွှန်းသော လူကို အလွန်သိချင်နေကြလေသည်။ သူတို့ထဲတွင် နာလန်က ထောင့်တစ်ခုတွင် ထိုင်ပြီး တိတ်ဆိတ်စွာ နားထောင်နေသည်။

သူက အလွှာဆယ့်တစ် ဆင့်ကဲပြောင်းလဲသူတစ်ယောက်ဖြစ်သော်လည်း မကြာသေးမီကမှ အဆင့်တက်ခဲ့ခြင်းဖြစ်ပြီး ယခင် အလွှာဆယ့်တစ် ဆင့်ကဲပြောင်းလဲသူများနှင့် အဆင့်အတန်းနှင့် အနေအထားက ကွာခြားမှုများရှိနေဆဲ ဖြစ်သည်။

All Chapters