← Chapters

အရှင်ရွှယ်ယု....

Vol. 38 Ch. 584

အရှင်ရွှယ်ယု....

Vol. 38 Ch. 584

" နဂါးငွေ့တန်းကြယ်သခင် အခုဘယ်မှာလဲမသိဘူး။ " နာလန်က စိတ်ထဲမှ တွေးလိုက်သည်။

သူ၏ အမြင်တွင် နဂါးငွေ့တန်းကြယ်သခင်က မယုံကြည်နိုင်စရာကောင်းသော အရည်အချင်းများရှိသော်လည်း အလွှာဆယ့်တစ် ဒဏ္ဍာရီလာသက်ရှိများနှင့် ယှဉ်လျှင် ထင်ရှားသော ကွာဟချက်တစ်ခု ရှိနေဆဲပင်ဖြစ်သည်။

ထိုအချိန်တ်ိင် အိမ်ကြီး၏ အပြင်ဘက်၌ လူတစ်ယောက် ပေါ်လာသည်။ ထိုနေရာမှာ အလွှာဆယ့်တစ် ဆင့်ကဲပြောင်းလဲသူများက ချက်ချင်း သတိထားမိခဲ့ကြသည်။

" တစ်ယောက်ယောက်ရောက်လာပြီ။ "

" ကြီးမြတ်သူပြောခဲ့တဲ့ အရေးပါတဲ့လူဖြစ်နိုင်လား။ " အလွှာဆယ့်တစ် ဆင့်ကဲပြောင်းလဲသူနှစ်ဆယ်ကျော်က ချက်ချင်းထရပ်ပြီး အိမ်ကြီး၏ အပြင်ဘက်သို့ ထွက်လာကြသည်။

သူတို့က ရောက်လာသူ၏ အသွင်အပြင်နှင့် အော်ရာကို ခံစားလိုက်ရသောအခါ ချက်ချင်း အံ့အားသင့်သွားကြသည်။

" ရွှယ်ယုရှေးဟောင်းနိုင်ငံက လျို့ဝှက်ဆန်းကြယ်တဲ့ အင်အားကြီးသူလား။ "

" လွန်ခဲ့တဲ့နှစ်နှစ်ရာကျော်က အဲ့ဒီလျို့ဝှက်ဆန်းကြယ်တဲ့ အင်အားကြီးသူက အလွှာဆယ့်တစ် ပဉ္စမအဆင့်ဖြစ်တဲ့ ရှေးဟောင်းနတ်ဘုရားထို့ပါနဲ့ ဖေးရှန်းတို့ကို သတ်ပစ်ခဲ့တယ်။ "

" ဘုရားရေ ရွှယ်ယုရှေးဟောင်းနိုင်ငံက လျို့ဝှက်ဆန်းကြယ်တဲ့ အင်အားကြီးသူက ငါတို့လူသားမျိုးနွယ်ကလား။ "

အရပ်ရှည်ရှည်နှင့် အမျိုးသမီး ဆင့်ကဲပြောင်းလဲသူတစ်ယောက်က ရှေ့သို့ ထွက်ပြီး လင်းယွမ်ကို နှုတ်ဆက်လိုက်သည်။

" လူကြီးမင်းကို ဘယ်လိုခေါ်ရမခဲ မေးလို့ရမလား။ " အမျိုးသမီးက အနည်းငယ် လေးစားစွာဖြင့် ပြောလိုက်သည်။

သူမ၏ နာမည်က ရွှမ်ယွမ်တောက် ဖြစ်ပြီး ဒိုင်မန်ရှင်းနှစ်ခုကမ္ဘာထဲတွင် လူသားဆင့်ကဲပြောင်းလဲသူများကြား အသန်မာဆုံးထဲတွင် ပါဝင်လေသည်။ အစောပိုင်းနှစ်များတွင် သူမက အသန်မာဆုံးကိုးယောက်စာရင်းထဲသို့ပင် ရောက်ခဲ့လေသည်။

" ရွှယ်ယုလိုပဲခေါ်ပါ။ " လင်းယွမ်က သာမန်အတိုင်း ပြောလိုက်သည်။

ဒိုင်မန်ရှင်းနှစ်ခုကမ္ဘာထဲသို့ ကျရောက်ခဲ့သော ပင်မစကြာဝဠာမှ သက်ရှိတိုင်းက ဖိနှိပ်ခံရပြီး သူတို့၏ အသွင်အပြင်နှင့် ပုံသဏ္ဍန်များက ပြောင်းလဲသွားကြသည်။ တစ်စုံတစ်ယောက်က အသိအမှတ်မပြုလျှင် သူတို့က အထောက်အထားအမှန်ကို သိရန် ခက်ခဲလှသည်။

" အရှင်ရွှယ်ယု " ရွှမ်ယွမ်တောက်က လင်းယွမ်ကို အိမ်ကြီးထဲသို့ ဖိတ်ခေါ်လိုက်ပြီးနောက် သေတ္တာကြီးတစ်လုံးကို ဖွင့်လိုက်သည်။ သေတ္တာထဲတွင် ထူးဆန်းသော ရတနာများရှိနေသည်။

" ဒါဆို ဒီရတနာတွေကို အရှင်ရွှယ်ယုလက်ထဲပဲ ထားလိုက်တော့မယ်။ " ရွှမ်ယွမ်တောက်က လေးနက်စွာ ပြောလိုက်သည်။

သေတ္တာထဲတွင် နှစ်သုံးရာကျော်အတွင်း လူသားမျိုးနွယ်မှ ဆင့်ကဲပြောင်းလဲသူများ စုဆောင်းခဲ့သော ရတနာများဖြစ်လေသည်။ ကြီးမြတ်သူ၏ ရည်ရွယ်ချက်အရ ရတနာအားလုံးကို လုံခြုံစွာ ထုတ်ယူနိုင်ရန်အတွက် လင်းယွမ်ကို ပေးအပ်စေခဲ့ခြင်းဖြစ်သည်။

" ဒီရတနာတွေက.... " လင်းယွမ်က ရတနာများကို ကြည့်ပြီး ရုတ်တရက် အံ့ဩသွားသည်။

သေတ္တာအတွင်း ရတနာများက တူများ၊ ဓားများနှင့် ချပ်ဝတ်များ စသည်ဖြင့် ပုံသဏ္ဍန်အမျိုးမျိုးနှင့် ရှိနေကြသည်။ ထိုရတနာများက အရာအားလုံးကို ဖိနှိပ်နိုင်သော ဒိုင်မန်ရှင်းနှစ်ခုကမ္ဘာထဲမှာပင် ထူးဆန်းသည့် အော်ရာတစ်ခု ထွက်ပေါ်နေသည်။

၎င်းတို့ကြားတွင် လင်းယွမ်၏ အာရုံကို ဖမ်းစားနိုင်သော အရာမှာ မျှော်စင်ပုံသဏ္ဍန်အရာတစ်ခုဖြစ်ပြီး ၎င်းက ငွေရောင်မှန်နှင့် ဆင်တူသော အော်ရာအတက်အကျများကို ထုတ်လွှတ်နေသည်။ မျှော်စင်ရတနာမှ ထုတ်လွှတ်သော အော်ရာက ငွေရောင်မှန်ထက် အနည်းငယ် နိမ့်ကျနေသည်။

" ဒီမျှော်စင်ရတနာက ငါ့ရဲ့ ငွေရောင်မှန်ထက် သေးငယ်ပေးမယ့် အတွင်းမှာ နေရာလွတ်တစ်ခု ပါလောက်တယ်။ " လင်းယွမ်က တွေးလိုက်သည်။

" ဒါပေမယ့် သူတို့က အဲ့ဒီရတနာရဲ့ အသုံးပြုပုံကို ရှာမတွေ့လောက်လူးထင်တယ်။ " လင်းယွမ်က ရွှမ်ယွမ်တောက်ကို ကြည့်လိုက်သည်။

သူတို့က မျှော်စင်ရတနာ၏ အသုံးဝင်ပုံကိုသိလျှင် ရတနာဆယ်ခုကျော်ကို သိမ်းဆည်းရန် သေတ္တာကို လိုအပ်လိမ့်မည်မဟုတ်ပေ။ သူတို့က ဘယ်သူမှသတိမထားမိအောင် မျှော်စင်ရတနာ၏ နေရာလွတ်ထဲတွင် သိမ်းဆည်းထားနိုင်လေသည်။

လင်းယွမ်က အကြောင်းရင်းကို နားလည်လေသည်။ သူက ငွေရောင်မှန်၏ စွမ်းရည်များကို နားလည်ရန် စိတ်စွမ်းအားများကို နေ့တစ်ဝက်နီးပါး ဖြည့်သွင်းခဲ့ရပြီး သူ၏ ကိုယ်ပိုင်ခွန်အားပင် ထိခိုက်လုနီးပါး ဖြစ်ခဲ့လေသည်။

ထိုအချိန်တွင် လင်းယွမ်က စုန်းဘိုးဘေး အဆင့်ဆယ့်ကိုးသို့ ရောက်နေပြီဖြစ်သည်။ လင်းယွမ်က တစ်ဆင့်ချင်းကို ပြည့်စုံအောင်လုပ်၍ အဆင့်တက်ခဲ့သောကြောင့် သူ၏ အဆင့်ဆယ့်ကိုးက အခြားသူများ၏ အဆင့်နှစ်ဆယ့်ငါးနှင့် ညီမျှနိုင်လေသည်။

အဓိပ္ပါယ်မှာ မျှော်စက်ရတနာကို အသုံးပြုချင်လျှင် အနိမ့်ဆုံး စုန်းဘိုးဘေး အဆင့်နှစ်ဆယ့်ငါးရှိရန် လိုအပ်လေသည်။ ယခု လူသားမျိုးနွယ်ဆင့်ကဲပြောင်းလဲသူများ၏ အသန်မာဆုံး ရွှမ်ယွမ်တောက်ပင် အဆင့်နှစ်ဆယ်တွင်သာ ရှိလေသည်။

သူမက အရာအားလုံးကို စွန့်စားပြီး သူမ၏ စိတ်စွမ်းအား အားလုံးကို အသုံးမပြုလျှင် မျှော်စင်ရတနာထဲမှ နေရာလွတ်ကို အသက်သွင်းနိုင်မည်မဟုတ်ပေ။ သို့သော် စွန့်စားမှုက ကြီးမားသောကြောင့် ရွှမ်ယွမ်တောက်က ၎င်းကို လုပ်လိမ့်မည်မဟုတ်ပေ။

ထိုအချိန်အတွင်း လူသားမျိုးနွယ်က အခြားမျိုးနွယ်၏ အင်အားကြီးသူများ တိုက်ခိုက်ခြင်းခံရလျှင် ထျန်းယုမျိုးနွယ်ကဲ့သို့ ဖြစ်သွားပေလိမ့်မည်။ လူသားမျိုးနွယ်၏ ဆင့်ကဲပြောင်းလဲသူများက လင်းယွမ်ကဲ့သို့ ပုန်းအောင်းနေကြခြင်းမဟုတ်ပေ။

သူတို့က ရှေးဟောင်းမြို့တော်တွင် အခြေစိုက်စခန်းများကို တည်ထောင်ခဲ့ပြီး မတော်တဆမှုများကို ကာကွယ်ရန် လူသားမျိုးနွယ်များက စုစည်းနေထိုင်ကြလေသည်။

" ငါ ဒါတွေကို ထုတ်ယူနိုင်ရင် ဒီရတနာတွေရဲ့ တစ်ဝက်ကို ယူထားနိုင်တယ်။ " လင်းယွမ်က ရတနာများကို ကြည့်ရင်း တွေးလိုက်သည်။

၎င်းက ကြီးမြတ်သူရှချင် သူ့ကို ပေးခဲ့သော ကတိဖြစ်လေသည်။ လင်းယွမ်က ရတနာများကို မယူဘဲ လူသားမျိုးနွယ်မှ အခြားအဖိုးတန်အရင်းအမြစ်များနှင့် လဲလှရန် ကောင်းမှုအမှတ်များကိုလည်း ရယူနိုင်လေသည်။

" ဒီမှာ ချပ်ဝတ်တစ်ခုလည်း ရှိနေတာပဲ။ " လင်းယွမ်က သေတ္တာထဲရှိ အပြာရောင်ချပ်ဝတ်ကို ကြည့်လိုက်သည်။

လင်းယွမ်၏ ချပ်ဝတ်နှင့် ယှဉ်လျှင် ထိုအပြာရောင် ချပ်ဝတ်က ပို၍ ထူထဲပြီး ခုခံကာကွယ်မှုက ပို၍ ကောင်းမွန်ပေလိမ့်မည်။

" ထားလိုက်တော့။ ငါ့ရဲ့ ချပ်ဝတ်ကလည်း အဆင်ပြေပါတယ်။ " လင်းယွမ်က ကြီးမားသော ချပ်ဝတ်ကို ဝတ်ဆင်မည့် စိတ်ကူးကို စွန့်လွှတ်လိုက်သည်။

၎င်းက သူ၏ လျင်မြန်မှုကို ထိခိုက်စေနိုင်လေသည်။ သို့သော် ၎င်းက ဒိုင်မန်ရှင်းနှစ်ခုကမ္ဘာမှ အားနည်းချက်တစ်ခုသာဖြစ်သည်။ အပြင်ဘက်တွင် ၎င်းကို သန့်စင်နိုင်သရွေ့ ချပ်ဝတ်၏ အရွယ်အစားကို ဆန္ဒရှိသလို ပြောင်းလဲနိုင်လေသည်။

" ဒါဆို ငါဒါတွေကို သိမ်းထားလိုက်မယ်။ " လင်းယွမ်က ငွေရောင်မှန်ကို အသက်သွင်းပြီး သေတ္တာကို သိမ်းဆည်းလိုက်သည်။

သူက ငွေရောင်မှန်၏ စွမ်းရည်များကို ကြီးမြတ်သူရှချင်အား ပြောပြခဲ့ပြီး ၎င်းက ရတနာအားလုံး သူ့ကို ပေးအပ်ရသည့် အကြောင်းရင်းလည်း ဖြစ်သည်။ နောက်ထပ်အကြောင်းရင်းတစ်ခုမှာ သူ၏ ခွန်အားပင် ဖြစ်သည်။

" လေဟာနယ်အတက်အကျလား။ " ရွှမ်ယွမ်တောက်က ထိုမြင်ကွင်းကို ကြည့်ပြီး တုန်လှုပ်သွားသည်။

ဒိုင်မန်ရှင်းနှစ်ခုကမ္ဘာတွင် လေဟာနယ်အတက်အကျများကို ဖြစ်ပေါ်စေရန် အလွှာဆယ့်တစ်သက်ရှိများပင် မတတ်နိုင်ပေ။

" အရှင်ရွှယ်ယုက ပြည့်စုံတဲ့ နေရာတစ်ခုပါဝင်တဲ့ ရတနာတစ်ခုကို ပိုင်ဆိုင်ထားတာလား။ " ရွှမ်ယွမ်တောက်က တွေးလိုက်သည်။

တစ်ချိန်တည်းတွင် သူမက အရှင်ရွှယ်ယုမှ လူသားမျိုးနွယ်မှ မည်သည့်ဆင့်ကဲပြောင်းလဲသူဖြစ်သည်ကို ခန့်မှန်းနေသည်။ လင်းယွမ်အသုံးပြုသော ရွှယ်ယုဟူသော နာမည်က သူ၏ အထောက်အထားကို ဖုံးကွယ်ရန် အသုံးပြုလိုက်သော နာမည်တစ်ခုသာ ဖြစ်သည်။

လူသားမျိုးနွယ်မှ ကြီးမြတ်သူများ၏ မျိုးဆက်များတည်ထောင်ထားသော ဆင့်ကဲပြောင်းလဲခြင်းမိသားစုမှလာသော ရွှမ်ယွမ်တောက်က အလွှာဆယ့်တစ် ဆင့်ကဲပြောင်းလဲသူအများစုကို သိလေသည်။ သို့သော် သူမက လင်းယွမ်နှင့် ဆင်တူသော အလွှာဆယ့်တစ် ဆင့်ကဲပြောင်းလဲသူကို ရှာမတွေ့ခဲ့ပေ။

" သူက အဲ့ဒီနေရာက လာတာလား။ " ရွှမ်ယွမ်တောက်၏ အမူအရာက သိမ်မွေ့စွာ ပြောင်းလဲသွားသည်။

လင်းယွမ်က လူသားမျိုးနွယ်မှ ဆင့်ကဲပြောင်းလဲသူများနှင့် တွေ့ဆုံချိန်တွင် ကောင်းကင်ဂိတ်တံခါးပေါ်လာရန် တစ်လခွဲလိုသေးသည်။ သို့သော် လုံခြုံမှုရှိစေရန်အတွက် လင်းယွမ်က လူသားဆင့်ကဲပြောင်းလဲသူအဖွဲ့တစ်ဖွဲ့ကို ဦးဆောင်ပြီး ကောင်းကင်တောင်ထိပ်သို့ တက်သွားခဲ့သည်။

" လူသားမျိုးနွယ်က ဆင့်ကဲပြောင်းလဲသူတွေ ရောက်လာပြီ။ "

" ဒိုင်မန်ရှင်းနှစ်ခုကမ္ဘာထဲမှာ လူသားမျိုးနွယ်က ထူးထူးခြားခြား သန်မာတဲ့သူ သိပ်မရှိဘူးနော်။ "

" သူတို့ကို ဦးဆောင်နေတာ ဘယ်သူလဲ။ အရင်က ငါ သူ့ကို မမြင်ဖူးပါဘူး။ "

" အဲ့ဒါ ရွှယ်ယုရှေးဟောင်းနိုင်ငံက လျို့ဝှက်ဆန်းကြယ်တဲ့ အင်အားကြီးသူမဟုတ်လား။ "

" သူက လူသားမျိုးနွယ်က လာတာလား။ "

ကောင်းကင်တောင်ထိပ်သို့ သွားရာလမ်းတွင် မျိုးနွယ်အမျိုးမျိုးမှ အင်အားကြီးသူများက လူသားမျိုးနွယ် ဆင့်ကဲပြောင်းလဲသူများအဖွဲ့ကို သတိထားမိကြလေသည်။ အထွတ်အထိပ်မျိုးနွယ်တစ်ခုအနေဖြင့် လူအများ၏ အာရုံစိုက်ခံရခြင်းမှာ ပုံမှန်သာဖြစ်သည်။

သူတို့က လင်းယွမ် လူသားမျိုးနွယ် ဆင့်ကဲပြောင်းလဲသူများအား ဦးဆောင်နေသည်ကို မြင်သောအခါ အံ့အားသင့်သွားကြသည်။ ရွှယ်ယုရှေးဟောင်းနိုင်ငံမှ လျို့ဝှက်ဆန်းကြယ်သော အင်အားကြီးသူက လွန်ခဲ့သော နှစ်နှစ်ရာတွင် တစ်ကြိမ်သာ လှုပ်ရှားခဲ့သော်လည်း အသန်မာဆုံးကိုးယောက်ထဲတွင် ရှိနေဆဲ ဖြစ်သည်။

အစတွင် အခြားအင်အားကြီးသူများက ထိုလျို့ဝှက်ဆန်းကြယ်သော အင်အားကြီးသူ၏ အထောက်အထားကို ခန့်မှန်းခဲ့ကြသည်။ သူက နတ်ဘုရင်ကဲ့သို့ အထူးသက်ရှိတစ်ယောက်ဖြစ်မည်ဟု အများစုက ထင်ကြလေသည်။

" တကယ်လူသားမျိုးနွယ်ပဲ။ "

" လူသားမျိုးနွယ်က ဒီလိုကြောက်စရာကောင်းတဲ့ လူတစ်ယောက် ပိုင်ဆိုင်ထားတာကို ဒီနေ့အထိ လျို့ဝှက်ထားခဲ့ကြတယ်။ "

" သူက လူသားမျိုးနွယ်ကလို့လည်း ပြောလို့မရပါဘူး။ လူသားမျိုးနွယ်နဲ့ ပူးပေါင်းထားတာလည်း ဖြစ်နိုင်တာပဲ။ "

အင်အားကြီးသူများက အချင်းချင်း ဆွေးနွေးနေကြသည်။ သူတို့က ဒိုင်မန်ရှင်းနှစ်ခုကမ္ဘာမှ ထွက်ခွာရန် မျှော်လင့်ချက်မရှိသည်ကို နားလည်ကြလေသည်။ ကောင်းကင်တောင်သို့ လာခဲ့ခြင်းမှာ သူတို့က ကြီးမြတ်သူများအောက် အသန်မာဆုံးသက်ရှိများကို မြင်တွေ့လိုသောကြောင့် ဖြစ်သည်။

All Chapters