← Chapters

ကောင်းကင်တောင်ထိပ်ကိုရှင်းလင်းခြင်း....

Vol. 38 Ch. 585

ကောင်းကင်တောင်ထိပ်ကိုရှင်းလင်းခြင်း....

Vol. 38 Ch. 585

" အရှင်ရွှယ်ယုက ငါတို့လူသားမျိုးနွယ်က မဟုတ်ဘူးလား။ " ရွှမ်ယွမ်တောက်က ပတ်ဝန်းကျင်မှ အင်အားကြီးသူများကိုကြည့်ပြီး ခေါင်းခါလိုက်သည်။

ကြီးမြတ်သူက သူမကို ညွှန်ကြားခဲ့သော လေသံအရ လင်းယွမ်က လူသားမျိုးနွယ်မှ ဖြစ်ကြောင်း သေချာသလောက်ဖြစ်သည်။ သူက အပြင်လူတစ်ယောက်ဖြစ်ခဲ့လျှင် ကြီးမြတ်သူက တန်ဖိုးအရှိဆုံး ရတနာများကို ပေးအပ်ရန် ယုံကြည်လိမ့်မည်မဟုတ်ပေ။

အဖြူရောင်စာရွက်၏ အပြင်ဘက်တွင် ကြယ်စကြာဝဠာမဟာမိတ်မှ ကြီးမြတ်သူက ကြီးမြတ်သူရှချင်ကို ကြည့်ပြီး စကားပို့လွှတ်ပြောလိုက်သည်။ " ဒါဆို အဲ့ဒါက မင်းတို့လူသားမျိုးနွယ်ရဲ့ ယုံကြည်မှုပေါ့။ "

မျိုးနွယ်အမျိုးမျိုးမှ အင်အားကြီးသူများက လူသားမျိုးနွယ် ဆင့်ကဲပြောင်းလဲသူများအား လင်းယွမ်းဦးဆောင်နေသည်ကို မြင်သောအခါ သဘာဝအတိုင်း သတင်းကို ဖြန့်ခဲ့ကြပြီး ကြယ်စကြာဝဠာမဟာမိတ်မှ ကြီးမြတ်သူကလည်း ထိုအကြောင်းကို ချက်ချင်း သိခဲ့လေသည်။

ကြီးမြတ်သူရှချင်က ကြယ်စကြာဝဠာမဟာမိတ်မှ ကြီးမြတ်သူကို ကြည့်ပြီး ဘာမှပြန်မပြောပေ။ မကြာမီဖွင့်လှစ်တော့မည့် ကောင်းကင်ဂိတ်တံခါးအတွက် ယှဉ်ပြိုင်ရန် အင်အားစုများကို စုဆောင်းရန် လိုအပ်သောကြောင့် ထိုအချက်ကို ဖုံးကွယ်ထားရန် မလိုအပ်ပေ။

ထို့ကြောင့် သူက လင်းယွမ်ကို လူသားမျိုးနွယ် ဆင့်ကဲပြောင်းလဲသူများနှင့် ပူးပေါင်းစေခဲ့ခြင်း ဖြစ်သည်။ ရွှမ်ယွမ်တောက်နှင့် အခြားသူများက လင်းယွမ်ကို ကြီးမားသော အကူအညီမပေးခဲ့လျှင်တောင် အခြားအင်အားကြီးသူများကို အနှောက်အယှက်ပေးနိုင်လေသည်။

" မင်းတို့ လူသားမျိုးနွယ်က ဆင့်ကဲပြောင်းလဲသူရဲ့ တိုက်ပွဲဗီဒီယိုကို ငါကြည့်ခဲ့တယ်။ အလွှာဆယ့်တစ် အထွတ်အထိပ် ဆင့်ကဲပြောင်းလဲသူတစ်ယောက်တောင် အဲ့လိုတိုက်ခိုက်ရေးစွမ်းအားကို ပိုင်ဆိုင်ဖို့ အရမ်းရှားတယ်။ ဒါပေမယ့် ကောင်းကင်ဂိတ်တံခါးအတွက် ငါတို့ အထူးသက်ရှိတွေနဲ့ ယှဉ်ပြိုင်ဖို့ မင်းတို့လူသားမျိုးနွယ်က လိုအပ်နေတုန်းပဲ။ " ကြယ်စကြာဝဠာမဟာမိတ်မှ ကြီးမြတ်သူက ပြောလိုက်သည်။

" ကောင်းကင်ဂိတ်တံခါးပေါ်လာတော့ ကြည့်ကြတာပေါ့။ " ကြီးမြတ်သူရှချင်က ခေါင်းခါလိုက်သည််။

ကြယ်စကြာဝဠာမဟာမိတ်မှ ကြီးမြတ်သူက လင်းယွမ်ကို အလွှာဆယ့်တစ် ဆင့်ကဲပြောင်းလဲသူတစ်ယောက်ဟု ထင်နေလေသည်။ သို့သော် အမှန်တွင် လင်းယွမ်က မကြာသေးမီကမှ အလွှာတစ်ဆယ်သို့ ဝင်ရောက်ခဲ့သော ဆင့်ကဲပြောင်းလဲသူတစ်ယောက်ဖြစ်သည််။

နှစ်တစ်ရာအတွင်း တူညီသော စမှတ်နှင့် အလွှာတစ်ဆယ်သက်ရှိတစ်ယောက်က အလွှာဆယ့်တစ်သက်ရှိများကို ကျော်လွန်ခဲ့လေသည်။ ထိုကဲ့သို့သော ပါရမီနှင့် အရည်အချင်းကို ကြီးမြတ်သူ ရှချင်က မကြားခဲ့ဖူးပေ။

နတ်ဘုရင်က အလွှာဆယ့်တစ် အထွတ်အထိပ်တစ်ယောက်ဖြစ်သည့်အပြင် သူနှင့်အတူ ကြီးမြတ်သူအဆင့် လက်နက်များကို ယူဆောင်လာနိုင်ခြင်းမရှိလျှင် လင်းယွမ်နှင့် နှိုင်းယှဉ်ရန် အရည်အချင်းပင်ရှိမည်မဟုတ်ပေ။

မကြာမီ လင်းယွမ်က လူသားဆင့်ကဲပြောင်းလဲသူများနှင့်အတူ ကောင်းကင်တောင်ထိပ်သို့ ရောက်လာခဲ့သည်။ ကောင်းကင်တောင်ထိပ်က ကျယ်ဝန်းပြီး အင်အားကြီးသူတစ်သိန်းနီးပါး ရှိနေလေသည်။

" နတ်ဘုရင် " လင်းယွမ်က အလယ်တွင် ထိုင်နေသော လက်လေးဖက်နှင့်လူကို ချက်ချင်း သတိထားမိလိုက်သည်။

" သူက ကြီးမြတ်သူသတိထားခိုင်းခဲ့တဲ့လူပေါ့။ ပြီးတော့ မသေချာရင် ဒီတစ်ကြိမ်အခွင့်အရေးကို စွန့်လွှတ်ပြီး နောက်တစ်ကြိမ် ဖွင့်လှစ်ချိန်မှလာရမှာလား။ " လင်းယွမ်က နတ်ဘုရင်ကို ဂရုတစိုက် လေ့လာနေသည်။

ကြီးမြတ်သူ ရှချင်၏ အမြင်တွင် ကြောက်စရာကောင်းသည်မှာ နတ်ဘုရင်မဟုတ်ဘဲ သူနှင့်အတူ ယူဆောင်လာသော ကြီးမြတ်သူအဆင့် လက်နက်ဖြစ်သည်။ သန့်စင်ထားသော လက်နက်တစ်ခုက ဒိုင်မန်ရှင်းနှစ်ခုကမ္ဘာထက် ကျော်လွန်သော စွမ်းအားကို ထုတ်လွှတ်နိုင်လေသည်။

" သူ့ရဲ့လက်တွေ..." လင်းယွမ်က နတ်ဘုရင်၏ လက်များ သို့မဟုတ် ကြီးမြတ်သူအဆင့် လက်နက်ကို ကြည့်နေသည်။

" သူက သိပ်အင်အားကြီးပုံလည်း မပေါ်ပါဘူး။ ဒါပေမယ့် သူ့ရဲ့ အော်ရာကို ဖုံးကွယ်ထားတာလည်း ဖြစ်နိုင်တယ်။ " လင်းယွမ်က တွေးလိုက်သည်။

သူ့လိုပင် သူ၏ အော်ရာကို အပြည့်အဝ မထုတ်ထားသရွေ့ အခြားအင်အားကြီးသူများက သူ၏ ခွန်အား အတိအကျကို သိနိုင်မည်မဟုတ်ပေ။

" နည်းနည်းလောက် ထပ်ပြီး လေ့လာကြည့်တာပေါ့။ " လင်းယွမ်က အခြားအင်အားကြီးသူများကို ကြည့်လိုက်သည်။

သူတို့ကြားတွင် မီးတောက်များလောင်းကျွမ်းနေသကဲ့သို့ ထင်ရသော အဘိုးအိုတစ်ယောက်၊ သုံးမီတာမြင့်သော အမျိုးသားတစ်ယောက်နှင့် အခြားအင်အားကြီးသူအနည်းငယ်က လင်းယွမ်၏ အာရုံကို ဖမ်းစားနိုင်လေသည်။

လင်းယွမ်၏ လေ့လာချက်များအရ သူတို့က နတ်ဘုရင်ကဲ့သို့ ခြိမ်းခြောက်နိုင်စွမ်းမရှိသော်လည်း အားလုံးက အလွှာဆယ့်တစ် အထွတ်အထိပ်များ ဖြစ်ကြသည်။ သို့သော် သူတို့ကို လျှော့တွက်၍ မရပေ။

ပြင်ပကမ္ဘာတွင် လင်းယွမ်က သူတို့ကို ယှဉ်နိုင်ရန် ဝေးကွာလှသော်လည်း တူညီသော စမှတ်တစ်ခုတွင် ကြီးမြတ်သူတစ်ယောက်နှင့်ယှဉ်ရလျှင်တောင် အချိန်လုံလောက်လျှင် လင်းယွမ်က အနိုင်ရရှိရန် ယုံကြည်မှုရှိလေသည်။

" များလွန်းတယ်။ " ကောင်းကင်တောင်ထိပ်၏ အလယ်ရှိ နတ်ဘုရင်က ပတ်ဝန်းကျင်မှ အင်အားကြီးသူများကို ကြည့်ပြီး မျက်မှောင်ကြုတ်သွားသည်။

မျိုးနွယ်အမျိုးမျိုးမှ အင်အားကြီးသူတစ်သိန်းကျော်က ကောင်းကင်တောင်ထိပ်တွင် စုဝေးနေကြပြီး ၎င်းက နတ်ဘုရင်ကို စိတ်အနှောက်အယှက်ဖြစ်စေလေသည်။

" နတ်ဘုရင် ငါတို့ပူးပေါင်းပြီး ကောင်းကင်တောင်ထိပ်ကို ရှင်းလင်းလိုက်ရင် ဘယ်လိုလဲ။ " မီးတောက်များနှင့်တူသော အဘိုးအိုက ပြောလိုက်ပြီး အခြားအလွှာဆယ့်တစ် အထွတ်အထိပ်သက်ရှိများကို ကြည့်လိုက်သည်။

" ဒါဆို ရွေးချယ်မှုကို စကြတာပေါ့။ " နတ်ဘုရင်က ခေါင်းညိမ့်လိုက်သည်။

ထိုခဏတွင် နတ်ဘုရင်ကို ဗဟိုပြု၍ ကြောက်စရာကောင်းသော အော်ရာက အဖက်ဖက်သို့ ပျံ့နှံ့သွားသည်။ တစ်ချိန်တည်းတွင် အခြားအင်အားကြီးသူ လေးငါးယောက်ကလည်း သူတို့၏ အော်ရာများကို လွတ်လပ်စွာ ထုတ်ဖော်လိုက်ကြသည်။

ကြောက်စရာကောင်းသော ဖိအားတစ်ခုက ကောင်းကင်တောင်ထိပ်ကို ဖုံးလွှမ်းသွားပြီး အင်အားကြီးသူများစွာပေါ်သို့ ကျရောက်သွားသည်။

" ဘာဖြစ်တာလဲ။ "

" နတ်ဘုရင်က ဘာလုပ်နေတာလဲ။ "

" နတ်ဘုရင်က ကောင်းကင်တောင်ထိပ်ကို ရှင်းလင်းချင်နေတာပဲ။ "

အင်အားကြီးသူများက လျင်မြန်စွာ နားလည်သွားကြပြီး သူတို့၏ မျက်နှာများက မဲမှောင်သွားကြသည်။

" အခုကစပြီး ငါတို့ရဲ့ ဖိအားကို အမွှေးတိုင်တစ်တိုင် လောင်ကျွမ်းချိန်အထိ ခံနိုင်ရည်ရှိတဲ့ သူတွေပဲ ကောင်းကင်တောင်ထိပ်မှာ ရပ်ဖို့ အခွင့်အရေးရှိလိမ့်မယ်။ " နတ်ဘုရင်က အေးစက်စွာ ပြောလိုက်သည်။

သူတို့၏ ခွန်အားနှင့် ပူးပေါင်းခဲ့လျှင် ကောင်းကင်တောင်ထိပ်မှ အင်အားကြီးသူအားလုံးကို သတ်ဖြတ်နိုင်လေသည်။ သို့သော် ထိုသို့လုပ်ခြင်းက သူတို့၏ နောက်ကွယ်မှ အင်အားစုများကို စိတ်အနှောက်အယှက်ဖြစ်စေနိုင်လေသည်။

နှစ်ပေါင်းသုံးရာကျော်ပြီးနောက် အသက်ရှင်ကျန်ရစ်သော အင်အားကြီးသူများက ရတနာများရရှိထားလျှင်တောင် သူတို့နှင့်အတူ ယူဆောင်လာကြမည်မဟုတ်ပေ။ ရတနာများရှိလျှင် နတ်ဘုရင်က သူတို့ကို သတ်ဖြတ်ရန် ဝန်မလေးသော်လည်း ယခု သူတို့ကို သတ်ဖြတ်ခြင်းက အဓိပ္ပါယ်မရှိပေ။

" အမွှေးတိုင်တသ်တိုင် လောင်ကျွမ်းချိန်အထိ ခုခံရမှာလား။ "

" ငါ အသက်ရှူချိန် ဆယ်ကြိမ်လောက်တောင် မခံနိုင်လောက်ဘူး။ "

အင်အားကြီးသူအချို့က ခန္ဓာကိုယ်များ တုန်ယင်နေပြီး ကောင်းကင်တောင်ထိပ်မှ ထွက်သွားရန်သာ ရွေးချယ်ကြလေသည်။

" နှစ်သုံးရာကျော် ခက်ခက်ခဲခဲ ကျင့်ကြံပြီူ စုန်းဘိုးဘေးအဆင့်တစ်ဆယ်ကို ရောက်ခဲ့တာတောင် ကောင်းကင်ဂိတ်တံခါး ဖွင့်လှစ်တာကို ကြည့်ရှုဖို့ အခွင့်အရေးတောင်မရှိဘူးပဲ။ " အင်အားကြီးသူတစ်ယောက်က စိတ်ဓာတ်ကျစွာ ရေရွတ်လိုက်သည်။

" ဒီလိုကြောက်စရာကောင်းတဲ့ဖိအား... နတ်ဘုရင်က ဘယ်အဆင့်မှာရှိနေတာလဲ။ "

အလွှာဆယ့်တစ် အင်အားကြီးသူတစ်ယောက်က လေးနက်သွား၏။ သူက နတ်ဘုရင်ထုတ်လွှတ်သော ဖိအားကို ခံနိုင်ရည်ရှိသော်လည်း ဖိအားလေးတစ်ခုကိုပင် ယခုလောက်ခုခံနေရလျှင် ကောင်းကင်ဂိတ်တံခါးမှ နေရာတစ်ခုအတွက် မျှော်လင့်ချက်မရှိတော့ပေ။

လူသားမျိုးနွယ်ဘက်တွင် လင်းယွမ်က တည်ငြိမ်စွာ ရပ်နေသည်။ နတ်ဘုရင်နှင့် အခြားအင်အားကြီးသူအချို့က ကောင်းကင်တောင်ထိပ်ကို ရှင်းလင်းရန် ပူးပေါင်းခြင်းက လင်းယွမ်အတွက် သက်ရောက်မှုမရှိပေ။ သူက နတ်ဘုရင်နှင့် အခြားသူများ၏ ခွန်အားကို လေ့လာနိုင်သောကြောင့် ပို၍ပင် သဘောကျလေသည်။

" သူက သူ့ရဲ့ အော်ရာကို ထုတ်လွှတ်ခဲ့ပေမယ့် ကြီးမြတ်သူအဆင့် လက်နက်ကို အသက်မသွင်းရသေးဘူး။ ထပ်စောင့်ကြည့်တာပေါ့။ " လင်းယွမ်က နတ်ဘုရင်ကို စိုက်ကြည့်လိုက်သည်။ သူက ကောင်းကင်ဂိတ်တံခါးအတွက် မယှဉ်ပြိုင်မီ နတ်ဘုရင်၏ ကြီးမြတ်သူအဆင့် လက်နက်ကို ကြည့်ချင်ခဲ့သည်။

" မင်းတို့.." လင်းယွမ်က သူ၏ ပတ်ဝန်းကျင်ကို ကြည့်လိုက်သည်။

ထိုအချိန်တွင် ရွှယ်ယွမ်တောက်နှင့် အခြားသူအနည်းငယ်မှ လွဲ၍ ဆင့်ကဲပြောင်းလဲသူအများစုက အမွှေးတိုင်တစ်တိုင် လောင်ကျွမ်းချိန်ထိ ဖိအားကို ခုခံနိုင်ရန် ရုန်းကန်နေသည်။

နတ်ဘုရင်နှင့် အခြားသူများ၏ ပူးပေါင်းထားသော ဖိအားက စုန်းဘိုးဘေး အဆင့်ဆယ့်ရှစ်များပင် မနည််းထိန်းထားရသည်။ နာလန်၏ မျက်နှာက နီရဲနေပြီး သူက ဖိအားကို မခုခံနိုင်လုနီးပါးဖြစ်နေသည်။

" အာရုံမပျံ့စေနဲ့။ " လင်းယွမ်က အတွေးတစ်ချက်နှင့်အတူ သူတို့ကို ကူညီလိုက်သည်။

ရုတ်တရက် ရွှမ်ယွမ်တောက်နှင့် အခြားဆင့်ကဲပြောင်းလဲသူများ၏ မျက်နှာများက သက်သောင့်သက်သာဖြစ်သွားကြသည်။

" ကျေးဇူးတင်ပါတယ် အရှင်ရွှယ်ယု..." ရွှမ်ယွမ်တောက်နှင့် အခြားသူများက ကျေးဇူးတင်လိုက်ကြသည်။

" ဟမ် " နတ်ဘုရင်က လူသားမျိုးနွယ် ဆင့်ကဲပြောင်းလဲသူများရှိရာသို့ ကြည့်ပြီး အနည်းငယ် အံ့အားသင့်သွားသည်။

" စိတ်ဝင်စားစရာပဲ။ " နတ်ဘုရင်က သူတို့ထုတ်လွှတ်သော ဖိအားမှာ လူသားဆင့်ကဲပြောင်းလဲသူများအနီးသို့ ရောက်သောအခါ မမြင်ရသော အတားအဆီးတစ်ခုနှင့် ကြုံတွေ့ရသည်ကို ခံစားလိုက်ရသည်။

" လူးသားမျိုးနွယ်ကိုလည်း လျှော့မတွက်သင့်ဘူး။ " နတ်ဘုရင်က လင်းယွမ်ကို ခဏကြည့်ပြီးနောက် အကြည့်လွှဲလိုက်သည်။

သူ၏ အမြင်တွင် လင်းယွမ်က အလွှာဆယ့်တစ် အထွတ်အထိပ်သက်ရှိများနှင့် တူညီသော အဆင့်တွင်သာရှိပြီး သူ့အတွက် ခြိမ်းခြောက်မှုတစ်ခုမဟုတ်ပေ။

မကြာမီ အမွှေးတိုင်တစ်တိုင် လောင်ကျွမ်းချိန်ကုန်လွန်သွားပြီး အင်အားကြီးသူအများစုက အဝေးသို့ မောင်းထုတ်ခံလိုက်ရသည်။ လက်ရှိကောင်းကင်တောင်ထိပ်ပေါ်တွင် အင်အားအကြီးဆုံးသူတစ်ရာကျော်သာ ကျန်ခဲ့လေသည်။

All Chapters