နောက်တစ်ကြိမ် စုဝေးခြင်း
Vol. 153 Ch. 2172
ရီဖူရှင်းက တည်းခိုဆောင်သို့ ပြန်ရောက်သည့်အခါ တစ်ယောက်တည်း ကျင့်ကြံနေခဲ့သည်။
သူသည် နယ်မြေသခင်အိမ်တော်မှ ပြန်ရောက်ပြီးနောက် တံခါးပိတ်ကျင့်ကြံနေခဲ့၏။ သူသည် ထိုအချိန်၌ တင်ပျဥ်ခွေကာ ထိုင်နေခဲ့ပြီး သူ့ခန္ဓာအတွင်းမှ မဟာလမ်းစဥ်များက ဆူနာမီကဲ့သို့ လှိုင်းထန်နေခဲ့သည်။
ကြောက်မက်ဖွယ် မဟာလမ်းစဥ်စွမ်းအားများက သူ၏ သက်စောင့်ဟော်နန်းအတွင်း အော်မြည်နေကာ မဟာလမ်းစဥ် နတ်အလင်းတို့က သူ့ခန္ဓာကိုယ်ကို လွှမ်းခြုံထားသည်။ မဟာလမ်းစဥ်စွမ်းအားများက သူ့ခန္ဓာကိုယ်ကို ဖြတ်ကာ အဆက်မပြတ် စီးဆင်းနေပြီး သူ့ခန္ဓာကိုယ်အား ပို၍ သန်မာလာစေကာ မဟာလမ်းစဥ်စွမ်းအားက တစ်စထက်တစ်စ ပြင်းထန်လာသည်။
သူက ကျင့်ကြံနေခြင်းအား မရပ်တန့်ခင် အချိန်အကြာကြီး ကျင့်ကြံနေခဲ့သည်။ မဟာလမ်းစဥ် နတ်အလင်းက သူ့ခန္ဓာကိုယ်တစ်ခုလုံးကို လွှမ်းခြုံထားပြီး မဟာလမ်းစဥ်ခန္ဓာကိုယ်အဖြစ် ဖွံဖြိုးတိုးတက်လာသလိုပင်။ သူ့မျက်လုံးများကို တစ်ဖန် ပြန်ဖွင့်လိုက်သည့်အခါ ပြင်းထန်သော မဟာလမ်းစဥ် စွမ်းအားများနှင့် ပြည့်နှက်နေခဲ့သည်။
ဘုန်း...
အလင်းက သူ့ခန္ဓာကိုယ်ကို လွှမ်းခြုံထားပြီး သဏ္ဌာန်မဲ့ အတက်အကျလှိုင်းတို့ ဖြစ်ပေါ်လာကာ သူ့ဝန်းကျင် နေရာအနှံ့ကို ပျံ့နှံ့သွားလေသည်။ ၎င်းသည် တည်းခိုဆောင်အတွင်းမှ လူများက သူ ကျင့်ကြံနေရာသို့ ကြည့်မိလိုက်စေသည်။ သူတို့သည် သူ့ခန္ဓာကိုယ်မှ ထွက်ပေါ်နေသော မဟာလမ်းစဥ်စွမ်းအားများကို ခံစားမိပုံပေါ်ပေသည်။
သူက ထရပ်လိုက်ပြီး တံခါးကို ဖွင့်လိုက်လျှင် အပြင်ဘက်၌ ရပ်နေသော လူပေါင်းများစွာကို မြင်လိုက်ရသည်။ တစ်စုံတစ်ယောက်က သူ့အခန်းသို့ လျှောက်လာပြီး ထိုလူက အခြားမဟုတ်ဘဲ သွမ့်ချုံးပင် ဖြစ်လေသည်။ သူက ရီဖူရှင်းကို ကြည့်လိုက်ပြီး ရီဖူရှင်းထံမှ ပြောင်းလဲမှုတစ်ခုခုကို ခံစားမိသွားပုံပေါ်သည်။ ထို့နောက် သူက ပြုံးကာ ပြောလို့ရတယ်။ “ကျုပ် ခင်ဗျားရဲ့ အရှိန်အဝါကို ခံစားမိကတည်းက ကျင့်ကြံလို့ ပြီးတော့မယ်ဆိုတာ သိတယ်။ ခင်ဗျားအဆင့်က နက်ရှိုင်းလာပြီး အဆင့်ခြောက်ကို ရောက်ဖို့ သိပ်ကြာမှာ မဟုတ်ဘူးလို့ ထင်တယ်။”
“နည်းနည်းတော့ တိုးတက်လာပါတယ်။” ရီဖူရှင်းက ခေါင်းညိတ်လိုက်သည်။ ထို့အပြင် သူ တိုးတက်လာသည်က လမ်းစဥ်နှင့် မဟာလမ်းစဥ် နတ်ဝင်ရိုးတို့၌ တိုးတက်လာခြင်း မဟုတ်ပေ။ သူ့ တိုးတက်မှုက အားလုံး၌ ဆက်စပ်လွှမ်းခြုံနေပြီး သူ၏ နားလည်နိုင်စွမ်းက ရှေ့သို့ တစ်ဆင့် ခုန်တက်သွားပေသည်။ သူ၏ မဟာလမ်းစဥ်အပေါ် နားလည်နိုင်စွမ်းက ပို၍ နက်နဲသိမ်မွေ့လာပြီး သူ့အဆင့်က ပိုမို နက်ရှိုင်းလာသည်။ သူ့ကို လွှမ်းခြုံထားသည့် မဟာလမ်းစဥ်စွမ်းအားများက ပို၍ အစွမ်းထက်လာသည့်အတွက် သူ့မဟာလမ်းစဥ်နတ်ဝင်ရိုးကလည်း ပိုမိုအစွမ်းထက်လာပေသည်။
“ကျုပ်လို ချို့ယွင်းချက်ကင်း မဟာလမ်းစဥ်နဲ့ အဆင့်ခြောက်ရန်ဟောင်တောင် အခုချိန်မှာ အနိုင်ယူဖို့ ခက်လိမ့်မယ်။ ခင်ဗျားသာ အဆင့်ခြောက်ရန်ဟောင်ဖြစ်သွားရင် ချို့ယွင်းချက်ကင်း မဟာလမ်းစဥ်နဲ့ အဆင့်ခုနစ်ရန်ဟောင်တွေတောင် ခင်ဗျားကို အနိုင်ယူနိုင်မှာ မဟုတ်ဘူး။ အဲဒီနောက် မုယွင်လန်တစ်ယောက်ပဲ ခင်ဗျားကို ရင်ဆိုင်နိုင်တော့မှာစိုးမိတယ်။” သွမ့်ချုံးက အနည်းငယ် အထင်ကြီးလေးစားစွာဖြင့် ပြောလိုက်သည်။ သူသည် ရီဖူရှင်းက အလွန် ငယ်ရွယ်ဆဲ ရှိသေးသော်လည်း သူ့တိုက်ပွဲစွမ်းရည်က ယခင်မျိုးဆက်များမှ အစွမ်းထက်သူမျာ၏ အထက်တွင် ရှိကြောင်း သေချာပေသည်။
သူက ပို၍ တိုးတက်လာသည်ဆိုလျှင် တိုက်ပွဲစွမ်းရည်က အထွတ်အထိပ်သို့ ရောက်ရှိကာ ဆရာသခင်အဆင့် ကျင့်ကြံသူများမှလွဲ၍ အခြားသူများထက် အပြတ်အသတ်သာလွန် နေပေလိမ့်မည်။ သူ၏ ကျင့်ကြံခြင်း တိုးတက်မှုနှုန်းကို ဆုံးဖြတ်လျှင် သူသည် နှစ်ပေါင်းများစွာ မလိုအပ်ဘဲ ဆယ်နှစ် နှစ်နှစ်ဆယ်အတွင်းမှာပင် ရည်မှန်းချက်အား အောင်မြင်နိုင်ပေသည်။
ရီဖူရှင်းက အသက် ၁၀၀ မတိုင်ခင်၌ ဆရာသခင်အဆင့်သို့ ရောက်ရှိရန် အခွင့်အရေးရှိကာ ထိုသည်က အလွန်ပင် ကြောက်မက်ဖွယ် ကောင်းပေလိမ့်မည်။
“ကျုပ် အဲဒီ နတ်ဘုရားခေါင်းတလားထဲက မဟာအင်ပါယာရှန်ကျားရဲ့ နတ်ဘုရားရုပ်ကြွင်းကို လေ့လာတာကနေ တစ်ခုခုကို သင်ယူနိုင်ခဲ့တယ်။” သူက ထပ်ပြောလိုက်၏။ ထိုသည်က အမှန်ပင် ဖြစ်သည်။ သူက နတ်ဘုရားရုပ်ကြွင်းအား လေ့လာနေသည့် အချိန်တိုင်း တစ်စုံတစ်ခု ရရှိခဲ့သည်။ ထပ်ကာတလဲလဲ ဒဏ်ရာရခဲ့သော်လည်း ဒဏ်ရာတိုင်းက အသေးအဖွဲပင်ဖြစ်ကာ သူ၏ အရှိန်အဝါက အချိန်တိုင်း အားကောင်းသန်မာလာခဲ့သည်။
သူက မဟာအင်ပါယာရှန်ကျား၏ အနက်ရှိုင်းဆုံး လျှို့ဝှက်ချက်များကို ခပ်ရေးရေး သိရှိပြီး မည်မျှ ကြောက်မက်ဖွယ်ကောင်းသည်ကို သိရှိပေသည်။ အကြည့်တစ်ချက်နှင့်ပင် အလွန် ထိတ်လန့်အံ့သြဖွယ်တို့ကို ပေးစွမ်းပေသည်။ သို့သော် ထိုထိပ်သီးပုဂ္ဂိုလ်ကြီးများသည်ပင် နတ်ဘုရားရုပ်ကြွင်းကို စူးစမ်းလေ့လာနိုင်စွမ်း မရှိပေ။
“ကောင်းတယ်။” သွမ့်ချုံးက ခေါင်းညိတ်လိုက်သည်။ “ကျုပ် ခင်ဗျားကို မနာလိုဖြစ်မိတယ်။ လက်ရှိမှာ ကျုပ်ကတော့ တစ်ချက်လေး ကြည့်မိရုံနဲ့ ဘယ်တုန်းကမှ အခုလောက် ဆိုးဆိုးဝါးဝါး ဒုက္ခမရောက်ဖူးခဲ့ဘူး။ ကျုပ်တော့ နတ်ဘုရားရုပ်ကြွင်းကို လေ့လာနိုင်မယ့် အခြေအနေမရှိဘူးထင်ပါရဲ့။ နတ်ဘုရားဂူဗိမာန် ပြီးသွားတဲ့အခါ ခင်ဗျား ရှန်ချင်းနယ်မြေမှာ ခဏလောက်နေပြီး နတ်ဘုရားဂူဗိမာန်မှာ မကြာခဏ သွားလေ့လာကျင့်ကြံပေါ့။”
“အဲဒီလိုပဲ တွေးထားပါတယ်။” ရီဖူရှင်းက ပြုံးကာ ပြန်ဖြေလိုက်သည်။ နတ်ဘုရားဂူဗိမာန်က တည်ဆောက်ပြီးစီးကာ နတ်ဘုရားခေါင်းတလားကို ထည့်သွင်းပြီးသည့်အခါ သူက ထိုနေရာ၌ အချိန်တစ်ခုထိ ကျင့်ကြံရန် စိတ်ကူးထားပေသည်။
သူ ယခုချိန်ထိ လေ့လာခဲ့မိသော အရာအားလုံးသည် သူ၏ မဟာလမ်းစဥ်ကျင့်ကြံခြင်းထက် ပိုမိုပြီး တစ်စုံတစ်ခုက လျှို့ဝှက်ဆန်းကြယ်နေကြောင်း ခံစားမိကာ သူသည် ထို လျှို့ဝှက်ဆန်းကြယ်မှုကို ယခုထိ အဖြေမရှာနိုင်သေးပေ။ သူက ၎င်းမှ သင်ယူရန် အချိန်ပို၍ လိုအပ်အောင် ယူဆမိပေသည်။
သူက အပြင်သို့ ကြည့်လိုက်ပြီး အနီးတွင် စုဝေးနေသည့် လူတစ်စုကို မြင်တွေ့လိုက်ရသည်။ ချန်ယိက သူ့ကို ကြည့်ကာ မေးလိုက်၏။ “မင်း အဆင့်တက်သွားပြီလား။”
“အဲဒီလိုတော့ ခံစားမိနေပြီ။ အချိန်သိပ်မကြာလောက်တော့ဘူး။ တစ်နှစ်အတွင်း အဆင့်တက်နိုင်မယ် ထင်တယ်။ သူက ပြန်ဖြေလိုက်သည်။ တန်ခိုးရှင်များသည် သူတို့၏ ကိုယ်ပိုင်တိုးတက်မှုကို အလွန် သဘောပေါက်တတ်ကြပြီး သူကိုယ်တိုင်တွင်လည်း ထိုသို့ ခံစားချက်မျိုး ရှိပေသည်။ တစ်နှစ်ဟူသည်မှာ ပုံမှန်ခန့်မှန်းချက်တစ်ခုသာ ဖြစ်သည်။ အမှန်တကယ်၌ သူသည် အဆင့်တက်ရန် ခြေလှမ်းအနည်းငယ်မျှသာ လိုတော့ကြောင်း ခံစားမိပြီး သူ့ထံ၌ အချို့သော တွန်းအားများ လစ်လပ်နေခြင်းသာ ဖြစ်သည်။
“အရင်က ကျင့်ကြံသလို ကျင့်ကြံဖို့ ရည်ရွယ်ထားတာလား။” ဆူပူပြောဆိုလိုက်သည့် အသံတစ်ခုကို ကြားလိုက်ရသည်။ ရီဖူရှင်းသည် ရှားရှင်းယွန်က သူ့ကို ကြည့်နေပြီး အတော်လေး စိတ်မကျေမနပ် ဖြစ်နေကြောင်း မြင်လိုက်ရသည်။ သူမ အမြင်အရ သူ ကျင့်ကြံသော နည်းလမ်းမှာ ကိုယ့်ကိုယ်ကိုယ် နှိပ်စက်သည့် နည်းတစ်မျိုးသာ ဖြစ်ကြောင်း မြင်ပေသည်။ သူ ကျင့်ကြံလေတိုင်း ထိခိုက်ဒဏ်ရာ မရသည့်အချိန်ဟူ၍ မရှိပေ။
သူ၏ ပါရမီနှင့် စွမ်းအားများဖြင့်ဆိုလျှင် သူက ထိုသို့ကျင့်ကြံမှုမျိုး မလုပ်လျှင်ပင် အဆင့်တက်နိုင်စွမ်း ရှိပေလိမ့်မည်။
“ရှင်းယွန်.. ငါ နတ်ဘုရားရုပ်ကြွင်းကို ကြည့်မိတိုင်း ဘယ်လို ခံစားရတယ်ဆိုတာ မင်း နားမလည်ပါဘူး။ မင်းသိရင် ဒီလောက် အများကြီး တွေးနေလိမ့်မှာ မဟုတ်ဘူး။” ရီဖူရှင်းက သူမကို ပြောလိုက်သည်။ “ခေါင်းတလားထဲက နတ်ဘုရားရုပ်ကြွင်းကို ကြည့်မိတိုင်း တိုက်ခိုက်မှုတစ်ခုချင်းစီက ငါ့ရဲ့ လမ်းစဥ်ကို တည်ငြိမ်လာအောင် တကယ် လုပ်ပေးနိုင်တယ်။ အချိန်ကြာလာတာနဲ့ အဲဒါက ငါ့ကို ပြောင်းလဲလာအောင် လုပ်နိုင်စွမ်းရှိတယ်။ နောက်တစ်ဆင့်တက်ဖို့ အချိန်သိပ်မကြာတော့ဘူးလို့ ထင်ရတယ်။ အဲဒီလို အခွင့်အရေးမျိုးက ရဖို့ ခဲယဥ်းတယ်။ အခု ငါ့ မျက်စိရှေ့ရောက်နေပြီ။ ဒီလိုအခွင့်အရေးကို ဘယ်လိုလုပ် ကျော်သွားနိုင်မှာလဲ။”
“မင်း ငါ့ကို စိတ်ပူနေတာ သိပေမယ့် ငါ ဘယ်လိုစွမ်းရည်မျိုးမှာ ကျွမ်းကျင်လဲဆိုတာ မင်းလဲ သိတာပဲ။ အဲဒီ ဒဏ်ရာတွေက ငါ့ကို နာကျင်စေရုံလေးပဲ ရှိပြီး အခြေခံအုတ်မြစ်ကိုလည်း သက်ရောက်မှု မရှိစေဘူး။ အဲဒီဒဏ်ရာတွေက ငါ့ စွမ်းအားတွေ တိုးတက်လာဖို့အတွက်ဆိုရင် ယှဥ်ဖို့တောင် မလိုဘူးဆိုတာ မတွေးမိဘူးလား။” ရီဖူရှင်းက ရှင်းပြလိုက်သည်။
ရှားရှင်းယွန်က သူ ပြောသည်ကို နားလည်နိုင်ပေသည်။ အမှန်တကယ်၌ သူမက အရာအားလုံးကို နားလည်နိုင်စွမ်းရှိသော်လည်း သူက ထိုသို့သော နာကျင်ရသည့် ဖြစ်စဥ်အား ထပ်ကာတလဲလဲ လုပ်ဆောင်နေသည်အား မြင်သည့်အခါ သူ့အတွက် စိတ်မသက်မသာဖြစ်မိပေသည်။
သူမက ကိုယ်တိုင်ကြုံတွေ့ရခြင်း မရှိသော်လည်း နတ်ဘုရားရုပ်ကြွင်းနှင့် ရင်ဆိုင်ရသည့် သူ၏ နာကျင်မှုက မည်မျှ ပြင်းထန်ကြောင်း ခံစားမိိနိုင်စွမ်း ရှိနေဆဲဖြစ်သည်။ မဟုတ်လျှင် သူက အချိန်တိုင်း ဒဏ်ရာများစွာနှင့် အဆုံးသတ်ရလိမ့်မည် မဟုတ်ပေ။
“စိတ်အေးအေးထားပါ။” ရီဖူရှင်းက သူမ၏ ပခုံးကို ပုတ်ရင်း ထပ်ပြောလိုက်သည်။ “ငါတို့ အရင်က ဖြတ်ကျော်ခဲ့ဖူးတာတွေနဲ့ ယှဥ်ရင် ဒါက ဘာမှ မဟုတ်ပါဘူး။”
သူမသည် သူ၏ ခရီးစဥ်တလျှောက် မည်သို့သော အရာတွေကို ဖြတ်ကျော်ခဲ့ရသည်အား ကောင်းကောင်း သိရှိပေသည်။ သူမက ခေါင်းကို ငုံ့ကာ ခေါင်းညိတ်လိုက်၏။ “ဒါပေမယ့် ကိုယ့်ကိုယ်ကိုယ် အရမ်း တွန်းအားမပေးပါနဲ့။ ပြန်မကုစားနိုင်လောက်တဲ့ ဒဏ်ရာမျိုးတွေ မရစေနဲ့။”
ထိုသည်မှာ မဟာအင်ပါယာရှန်ကျား၏ ရုပ်ကြွင်းဖြစ်ပြီး အနည်းငယ်မျှ သတိမထားမိသည်နှင့် ဒုက္ခကောင်းကောင်း ရောက်သွားနိုင်ပေသည်။ သူသည် ယခင်က တိုးတက်ရန် အလွန် စိတ်အားထက်သန်ခဲ့သော အချိန်များ ရှိခဲ့ပြီး ပိုမိုပြင်းထန်သည့် ဒဏ်ရာများပင် ရရှိခဲ့ချိန်တို့ ရှိခဲ့ဖူးသည်။ သူ၏ ပြန်လည်ကုသနိုင်စွမ်းကြောင့် မည်သည့် ကြီးကြီးမားမား ဒုက္ခရောက်ခြင်းမျိုး မရှိခဲ့ခြင်း ဖြစ်ပေသည်။
“ကြည့်ရတာ အပြင်ဘက်မှာ ပိုပြီး ဆူညံနေသလိုပဲ။” သူက အပြင်ဘက်သို့ ကြည့်လိုက်ပြီး လူအများသည် နယ်မြေသခင်အိမ်တော်သို့ ဦးတည်နေကြသည်အား မြင်လိုက်ရသည်။
နယ်မြေသခင်အိမ်တော်က နတ်ဘုရားခေါင်းတလားကို ထားရန် နတ်ဘုရားဂူဗိမာန် တည်ဆောက်ရန် ရည်ရွယ်နေခြင်းက မြို့သူမြို့သားများ၏ အာရုံကို ဆွဲဆောင်နိုင်ခဲ့ပေသည်။ ထိုနတ်ဘုရားဂူဗိမာန်က ရှန်ချင်းနယ်မြေ၏ နောက်ထပ် အရေးကြီးသော နယ်မြေအမှတ်အသား ဖြစ်လာပေလိမ့်မည်။
သို့သော် ၎င်းတွင် မဟာအင်ပါယာရှန်ကျား၏ ရုပ်ကြွင်းသာလျှင် ရှိနေမည် ဖြစ်သည်။
သူက နောက်ရက်များစွာထိ တည်းခိုဆောင်တွင် ဆက်လက်ကျင့်ကြံနေခဲ့ပြီး အပြင်ဘက်၌ ဆူညံကာ သက်ဝင်လှုပ်ရှားနေဆဲ ဖြစ်သည်။ နယ်မြေသခင်အိမ်တော်အတွင်းမှ ထိပ်သီးပုဂ္ဂိုလ်များသည် ခမ်းနားထည်ဝါ၍ ထူးခြားကာ ခိုင်ခံ့သော အဆောက်အဦးမျိုး တည်ဆောက်ရန် လိုပေသည်။ နတ်ဘုရားဂူဗိမာန််အတွင်း နတ်ဘုရားဂူသင်္ချိုင်းသဖွယ် မဟာလမ်းစဥ် အုတ်မြစ်ကို တည်ဆောက်ထားသည်။
အကယ်၍ နတ်ဘုရားဂူဗိမာန်က လုံလောက်အောင် ခိုင်ခံ့နေခြင်း မရှိလျှင် အနာဂတ်၌ အခွင့်အလမ်း ကြုံတွေ့ရသည့်အခါ ရုတ်ရုတ်သဲသဲ အခြေအနေမျိုး ဖြစ်လာလျှင် ထိုနေရာတစ်ခုလုံးက ပြိုကျသွားနိုင်ပေသည်။
သို့သော် ထိုအရာအားလုံးက ရီဖူရှင်းနှင့် မသက်ဆိုင်သည့်အလား သူက မည်သည်ကိုမှ အာရုံမထားဘဲ တံခါးပိတ်၍သာ ကျင့်ကြံနေလေသည်။
ထိုသည်မှာ နတ်ဘုရားဂူဗိမာန်ကို တည်ဆောက်ပြီးသည့်နေ့တိုင်အောင် ဖြစ်နေခဲ့သည်။ နယ်မြေသခင်အိမ်တော်မှ လူများသည် ထိပ်သီးအင်အားစုမှ လူများကို နယ်မြေသခင်အိမ်တော်သို့ လာရောက်ရန် အကြောင်းကြားခဲ့သည်။
ခမ်းနားထည်ဝါသော အဆောက်အဦးက နယ်မြေသခင်အိမ်တော်အနီးတွင် တည်ဆောက်ထားခဲ့သည်။ နေရာက ကြီးမားကျယ်ပြန့်ကာ အဆောက်အအုံက မြင့်မားထည်ဝါသည်။ ထို့အပြင် ၎င်းက နတ်ဘုရားတစ်ပါးအား ထည့်သွင်းမြှုပ်နှံရန် နတ်ဘုရားဂူဗိမာန်ကဲ့သို့ အမှန်တကယ် တည်ဆောက်ထားခြင်း ဖြစ်သည်။
အခြားထက်ပို၍ သူတို့သည် အထဲ၌ မဟာအင်ပါယာရှန်ကျား၏ ရုပ်ကြွင်းကို ထည့်သွင်းထားခဲ့သည့်အတွက်ကြောင့် အမှန်တကယ်ပင် နတ်ဘုရားဂူဗိမာန် ဖြစ်ပေသည်။ နယ်မြေသခင်သည် နတ်ဘုရားဂူဗိမာန်ကို မဟာအင်ပါယာအပေါ် လေးစားသမှုနှင့် တည်ဆောက်ခဲ့ခြင်းဟု ဆုံးဖြတ်နိုင်သည်။
မဟာအင်ပါယာ၏ ရုပ်ကြွင်းကို အနှောက်အယှက်ပြုသည်က စော်ကားခြင်းဖြစ်သော်လည်း အခြားနည်းလမ်း မရှိပေ။ ရှေးခေတ်နတ်ဘုရား၏ ရုပ်ကြွင်းကို ပြန်လည်တူးဖော်မိသည့်အခါ ငြိမ်းချမ်းစွာ အနားယူနိုင်ရန် နည်းလမ်းမရှိပေ။ မရေတွက်နိုင်သော လူများက ၎င်းကို လက်ဝယ်ပိုင်ဆိုင်ရန် သေချာပေါက် တိုက်ခိုက်ကြပေလိမ့်မည်။
နတ်ဘုရားရုပ်ကြွင်းနှင့် ပတ်သတ်ပြီး ထိုသို့ မည်သည့်အခါမှ မဖြစ်ခဲ့ခြင်းမှာ နတ်ဘုရားခေါင်းတလားအား ဤနေရာသို့ အလျင်အမြန် ယူဆောင်လာသောကြောင့် ဖြစ်လေသည်။ ထို့အပြင် ရုပ်ကြွင်းကို တစ်ချက်မျှကြည့်ရန်ပင် ခက်ခဲနေရာ ၎င်းအား အဝေးသို့ ယူဆောင်သွားရန်မှာ ပို၍ မလွယ်ကူသောအရာ ဖြစ်သည်။ ထို့ကြောင့် နတ်ဘုရားခေါင်းတလားအား နေရာမှ ယူဆောင်သွားရန် အင်အားမရှိကြခြင်း ဖြစ်နိုင်သည်။
နတ်ဘုရားဂူဗိမာန်၏ အလယ်က အလွန် မြင့်မားပြီး ၎င်းသည် မျှော်စင်သဖွယ် တည်ဆောက်ထားပေသည်။ နတ်ဘုရားခေါင်းတလားကို အတွင်းသို့ ရွှေ့ပြီး ၎င်း၏ အနားယူရာ နေရာအဖြစ် ဖန်တီးထားခဲ့သည်။ မရေတွက်နိုင်သော ထိပ်သီးပုဂ္ဂိုလ်များက နတ်ဘုရားဂူဗိမာန် အပြင်ဘက်သို့ ရောက်ရှိလာကြသည်။ လွန်ခဲ့သည့် ရက်များအတွင်း သတင်းများက ပျံ့နှံ့သွားပြီး မြို့ထဲမှ တန်ခိုးရှင်များစွာ လာရောက်ကြပေသည်။
နတ်ဘုရားဂူဗိမာန် ပြီးစီးသွားသည်နှင့် နယ်မြေသခင်အိမ်တော်သည် နေရာအသီးသီးမှ အင်အားစုများကို စုဝေးခဲ့သည်။ သူတို့က ရောက်မလာစရာ အကြောင်းမရှိပေ။
လူတစ်စုက လေထဲသို့ တက်သွားခဲ့ပြီး ထိုနေရာသို့ ဦးတည်လိုက်သည်။ ထိုလူစုမှာ အခြားမဟုတ်ဘဲ ရီဖူရှင်းနှင့် သူ့လူများ ဖြစ်လေသည်။
***