← Chapters

လှရဲ့လား (၁)

Vol. 22 Ch. 316

လှရဲ့လား (၁)

Vol. 22 Ch. 316

ဝမ်ထောင်နဲ့ ခဏကြာ စကားပြောပြီးနောက် ယန်ကျွင်းဇဲက အဖြစ်အပျက်တွေနဲ့ပတ်သက်တဲ့ နောက်ဆက်တွဲအခြေအနေတွေကို ကောင်းကောင်းနားလည်လိုက်သည်။

ထူးဆန်းမှုတွေ တိုးလာတာနဲ့အမျှ ဝမ်မိသားစုတိုက်တန်းမှာ ကြောက်စရာကောင်းတဲ့ ဖြစ်ရပ်အချို့ ပေါ်ပေါက်လာခဲ့သည်။ အဲဒီအချိန်က လူတွေဟာ ဒီ “ထူးဆန်းမှုများ” ကို နားမလည်သေးဘဲ၊ သေဆုံးသွားတဲ့ ဝိညာဉ်တွေကို ဖျက်ဆီးပစ်တာ ဒါမှမဟုတ် ကယ်တင်တာမျိုးတွေကို ရိုးရာဓလေ့ထုံးတမ်းများနဲ့ လုပ်ဆောင်ခဲ့ကြသည်။

သို့ပေမယ့် ထိုဓလေ့ထုံးတမ်းများကို ဦးဆောင်သူအများအပြား သေဆုံးသွားပြီးနောက် လူတိုင်းကြောက်လန့်သွားကြသည်။

ထိုကြောင့် လူတော်တော်များများဟာ ဝမ်မိသားစုတိုက်တန်းကနေ ပြောင်းရွှေ့သွားခဲ့ကြသည်။ မကြာသေးခင် လပိုင်းလောက်ကမှ ဒီကြောက်စရာကောင်းတဲ့ ဖြစ်ရပ်များ၏ ပြင်းအား အနည်းငယ် လျော့ကျသွားတာ ဒါမှမဟုတ် နတ်ဆိုးနှိမ်နှင်သူများက ဖယ်ရှားပေးလိုက်တာကြောင့် လူတွေဟာ တဖြည်းဖြည်း ပြန်လာနေကြပြီ ဖြစ်သည်။

ပြီးတော့ နတ်ဆိုးနှိမ်နှင်သူများက “ထူးဆန်းမှုများ”ကို ဖယ်ရှားပေးနိုင်တယ်ဆိုတာကို လူတွေ နားလည်လာကြတဲ့အတွက် လူတွေလည်း တဖြည်းဖြည်း ပြန်လာပြီး အသက်မွေးဝမ်းကြောင်း လုပ်ငန်းတွေလည်း ပြန်လည်စတင်နိုင်ခဲ့ကြလေသည်။

ကြောက်မက်ထွယါ ဖြစ်ရပ်အချို့နဲ့ ကြုံတွေ့ရရင်တောင်မှ အချို့နေရာတွေမှာ ပြဿနာရှာတာကို ရှောင်ကြဉ်ရင် ဘဝက တော်တော်လေး အေးချမ်းနေ ယပေသည်။

ထို့အပြင် ဒေသခံများဟာ ဘယ်လို “ထူးဆန်းမှု”မျိုးနဲ့ပဲ တွေ့တွေ့ ၄၇၄၇ ကို ခေါ်ပြီးတော့ တိတ်တဆိတ် စောင့်ဆိုင်းရမယ်ဆိုတာကို ကောင်းစွာသိနေကြသည်။

ထိုအချိန်တုန်းက ဝမ်ခွန်ဖန်ဟာ သူ့ဇနီးနဲ့ သားလေးလိုပဲ အိမ်ကနေ ပြောင်းရွှေ့သွားခဲ့ပြီး ထျန်းအီမြို့နယ်နဲ့ နီးတဲ့ စီးပွားရေးဆိုင်ရာ တိုက်ခန်းမှာ ခဏတာနေထိုင်ခဲ့ပြီး အခြားသူတွေလိုပဲ ပြန်ပြောင်းလာဖို့ စတင်စီစဉ်ခဲ့သည်။

ထိုအချိန်တုန်းက ဝမ်ခွန်ဖန်ဟာ ထုံကျင်ပြီး ခဏတာ လေဖြတ်နေတာဖြစ်ပေမယ့် ပြန်လည်ကောင်းမွန်ဖို့ အချိန်ကြာမြင့်ခဲ့ပြီး သူ့၏လှုပ်ရှားမှုများကလည်း တစ်ကိုယ်လုံး နှေးကွေးနေခဲ့သည်။

သူ့သားက ထျန်းအီမြို့နယ်က အမှတ် (၇) အလယ်တန်းကျောင်းမှာ တက်ပြီး ကျောင်းဆောင်မှာပဲ နေတာကြောင့် သူတို့ဇနီးမောင်နှံနှစ်ဦးတည်း ဝမ်မိသားစုတိုက်တန်းကို ပြန်ပြောင်းလာခဲ့ကြသည်။

သို့ပေမယ့် သူတို့ ပြန်ပြောင်းလာပြီး ဒုတိယနေ့မှာပဲ ထပ်ပြီး ပြောင်းရွှေ့သွားကြပြီး ဘယ်တော့မှ ပြန်မလာတော့ဘူးလို့ ဆုံးဖြတ်လိုက်ကြလေသည်။

အခြားအိမ်နီးချင်းတွေက သူတို့ ရုပ်ဆိုးသမီး သေဆုံးသွားတာကို သတိရပြီး ဝမ်းနည်းပူဆွေးနေကြတာလို့ ထင်ခဲ့ကြပေမယ့် သူတို့ဇနီးမောင်နှံကတော့ ဘာမှမပြောဘဲ တိတ်ဆိတ်နေခဲ့ကြ‌သည်။

ထိုမိန်းကလေး၏ ရုပ်အလောင်းက အဲဒီသီးခြားအိမ်ထဲမှာ ရှိနေသေးတယ်ဆိုတာကို လူတိုင်းသိကြပေမယ့် အပြင်ဘက်မှာတော့ “ထူးဆန်းမှု” ရှိတယ်လို့ သတိပေးတဲ့ ဆိုင်းဘုတ်တွေ တပ်ဆင်ထားတာကြောင့် အဲဒီနေရာက တားမြစ်နယ်မြေဖြစ်နေခဲ့သည်။

တစ်ယောက်မှ ဘာလို့ ၄၇၄၇ ကို ဖုန်းခေါ်ပြီး နတ်ဆိုးနှိမ်နှင်သူကို အကြောင်းမကြားလဲဆိုတော့ အဓိကအားဖြင့် ဝမ်ခွန်ဖန်နဲ့ သူ့ဇနီးက အကြောင်းကြားဖို့ ဘယ်တုန်းကမှ မရည်ရွယ်ခဲ့လို့ပါ။ ထိုအပြင် အိမ်ထဲမှာရှိတဲ့ ဆွဲကြိုးချထားတဲ့ ရုပ်အလောင်း ဆံပင်များက ဆက်ပြီးရှည်နေတာကိုသာ လူတွေ သတိထားမိကြပြီး အခြားအန္တရာယ်ရှိတဲ့ ထူးဆန်းမှုမျိုးတွေ မဖြစ်ပွားခဲ့တာကြောင့် လူတွေက အဲဒီသီးခြားအိမ်ကို ရုပ်ဆိုးမိန်းကလေး၏ ဂူသင်္ချိုင်းအဖြစ် စတင်သတ်မှတ်လာကြတော့သည်။

သီးခြားအိမ် နောက်ကျောဘက်က စွန့်ပစ်ထားတဲ့ မြေကွက်လပ်ကို မျက်နှာမူထားပြီး၊ ရှေ့ဘက်မှာတော့ ဝမ်ခွန်ဖန်၏ အိမ်မကြီးကို မျက်နှာမူထားတာကြောင့် အခြားအိမ်တွေနဲ့ အတော်လေး ဝေးသည်။

တခြားသူများအမြင်မှာဆိုရင် ဤသို့ကြောက်စရာကောင်းတဲ့ ဖြစ်ရပ်တွေ မကြာခဏဖြစ်နေတဲ့အချိန်မျိုးမှာ ဘယ်ရွာမှာ ဒါမှမဟုတ် ဘယ်အဆောက်အအုံတွေမှာ စွန့်ပစ်ထားတဲ့ အိမ်နဲ့ ထူးဆန်းတဲ့ အဆောက်အအုံတွေ မရှိဘဲ နေမလဲ။ ရှန်ထျန့်မြို့ဆင်ခြေဖုံးမှာတောင် “ဆွဲကြိုးချမိန်းမ” နဲ့ “လျှာရှည်ကျန်းကျန်း” တို့လို ကြောက်စရာကောင်းတဲ့ သတ္တဝါတွေကို တွေ့ဖူးကြသေးတာပဲ။

နောက်ပိုင်းမှာ ဝမ်ခွန်ဖန်နဲ့ သူ့ဇနီးတို့ ပြန်မလာတာကလွဲပြီး အရာအားလုံးက ပုံမှန်အတိုင်းပါပဲ၊ ဝမ်မိသားစုတိုက်တန်းက တခြားရွာသားတွေလည်း ကောင်းမွန်စွာ နေထိုင်နေကြသည်။

တစ်ခါတလေ ကြောက်စရာကောင်းတဲ့အရာတစ်ခုခုနဲ့ တွေ့ရင် ၄၇၄၇ ကို ခေါ်လိုက်တာနဲ့ များသောအားဖြင့် တစ်လအတွင်း နတ်ဆိုးနှိမ်နှင်သူတွေ ရောက်လာပြီး “ထူးဆန်းမှု” ကို ရှင်းလင်းပေးတတ်ကြသည်။

ပိုပြီးကြောက်စရာကောင်းတဲ့ “ထူးဆန်းမှု” နဲ့ တွေ့ကြုံရင်တော့ အဲဒီနေရာက ဒေသခံတွေဟာ နတ်ဆိုးနှိမ်နှင်သူတွေ လာပြီး အခြေအနေကို ဖြေရှင်းပေးတဲ့အထိ ပြောင်းရွှေ့နေထိုင်ကြပြီးမှ ပြန်လာနေထိုင်တတ်ကြသည်။

ထူးဆန်းတဲ့ ဖြစ်ရပ်တွေကတော့ ပြီးခဲ့တဲ့လကမှ စတင်ခဲ့တာ ဖြစ်သည်။

ဝမ်ထောင်၏ဒုတိယဦးလေးဝမ်က ရုပ်ဆိုးမိန်းကလေး ကိုယ့်ကိုယ်ကိုယ်သတ်သေခဲ့သော သီးခြားအိမ်နဲ့ သိပ်မဝေးတဲ့နေရာမှာ နေပေမယ့်လည်း သူတို့ကြားမှာ လမ်းတစ်ခုခြားနေတာကြောင့် အနည်းဆုံး မီတာတစ်ထောင်လောက်တော့ ဝေးသည်။

တစ်ညမှာတော့ ညစာစားရင်း အရက်နည်းနည်း ပိုသောက်မိတာကြောင့် ဒုတိယဦးလေးဝမ်ဟာ သေးပေါက်ချင်စိတ်နဲ့ ညသန်းခေါင်မှာ နိုးလာပြီး သန့်စင်ခန်းကို သွားခဲ့သည်။

သန့်စငါခန်းထဲမှာ အပေါ့သွားပြီးနောက် ဒုတိယဦးလေးဝမ်ဟာ အိပ်ယာကို ပြန်ပြီး အိပ်ဖို့ ပြင်နေတုန်းမှာပဲ ခေါင်းက နည်းနည်းလေး မှုန်ဝါးဝါးဖြစ်နေပေမယ့် ဘေးခန်းကနေ အသံတစ်သံ ကြားလိုက်ရ လေသည်။

ဘေးခန်းကလည်း အိပ်ခန်းဖြစ်ပြီး သူ့၏ ၁၁ နှစ်အရွယ် သမီးဖြစ်သူ ဝမ်မန်မန် နေထိုင်သည်။ ဝမ်မန်မန်ဟာ ပုံမှန်ဆိုရင် အိပ်ရေးအလွန်ကောင်းပြီး စောစောအိပ်လေ့ရှိသည်။

ဤအချိန်ကြီးမှာ သူ့သမီးက ဘာလို့ မအိပ်သေးတာလဲဆိုတာကို ဒုတိယဦးလေးဝမ် နားမလည်နိုင်ဖြစ်နေသည်။

သူက ဖိနပ်စီးပြီး ဘေးခန်းတံခါးဝကို သွားပြီး နားထောင်ကြည့်တော့ တိုးတိုးလေး လှုပ်ရှားနေတဲ့ အသံက သိသိသာသာ လျော့ကျသွားပေမယ့် ကြားနေရသေးသည်။

စိတ်ဝင်တစား သူတံခါးလက်ကိုင်ကို လှမ်းကိုင်ကြည့်လိုက်တော့ တံခါးက တကျွီကျွီအသံနဲ့ ပွင့်လာပြီး သူတွန်းလိုက်တော့လည်း တိုးလျသော အသံ ဆက်လက်ထွက်ပေါ်နေသည်။

အပြင်က လမ်းမီးရောင်ကြောင့် ဒုတိယဦးလေးဝမ်က သူ့သမီး၏အိပ်ယာမှာ တစ်ယောက်မှမရှိတာကို သတိထားမိတော့ လန့်သွားသည်။ သူမီးခလုတ် ဖွင့်ပြီး သူ့သမီးကို ရှာဖို့ ပြင်လိုက်တုန်းမှာပဲ ရုတ်တရက် တောင့်တင်းသွားလေသည်။

သူ့သမီးအိပ်ယာနဲ့ တစ်မီတာလောက်အကွာမှာ ရှိတဲ့ ကလေးအဝတ်ဗီရိုဆီကို သူ့အကြည့် ရောက်သွားပြီး အနည်းငယ်တုန်ယင်လာသည်။ ထိုအဝတ်ဗီရိုတံခါးမှာ ကိုယ်လုံးပြည့် မြင်ရတဲ့ မှန်တပ်ဆင်ထားသည်။

ထိုမှန်ရှေ့မှာ လက်တိုနဲ့ ဘောင်းဘီတိုဝတ်ထားတဲ့ သူ့သမီးက မှန်ကို မျက်နှာမူပြီး သစ်သားဘီးကိုင်ကာ သူ့ဆံပင်ကို ဖြီးနေလေသည်။

ပခုံးကျော်ဆံပင်များကို သစ်သားဘီးနဲ့ ပြင်းထန်စွာဖြီးနေတာကြောင့် တကျွီကျွီအသံ ထွက်နေပြီး ခဏတာ ဒုတိယဦးလေးဝမ်က ဘီးဖြီးနေတာကြောင့် သူ့သမီးဦးရေပြား ကျွတ်ထွက်သွားမလားလို့တောင် တွေး နေမိသည်။

သူ့သမီး ဝမ်မန်မန်ဟာ ခေါင်းဖြီးနေရင်း မျက်လုံးများက တစ်ချိန်လုံး မှိတ်ထားသည်။

တိတ်ဆိတ်နေတဲ့ ညနက်ထဲမှာ ဤမြင်ကွင်းက ဒုတိယဦးလေးဝမ်ကို ကြောက်လန့်သွားစေသည်။ သူ့ခန္ဓာကိုယ် တုန်ယင်နေပေမယ့် သူ့သမီးဟာ အိပ်ပျော်ရင်း လမ်းလျှောက်နေတာ ဖြစ်နိုင်တယ်လို့ သူသဘောပေါက်လိုက်မိ‌လေသည်။

ပုံမှန်အားဖြင့် ကလေးများဟာ လူကြီးတွေထက် အိပ်ပျော်နေစဉ် လမ်းလျှောက်ဖို့ အခွင့်အရေး ပိုများ လေသည်။

သူတို့ကြီးလာတာနဲ့အမျှ ရောဂါလက္ခဏာတွေက လျော့နည်းလာပြီး တဖြည်းဖြည်း ပျောက်ကွယ်သွားတတ်သည်။

ဒီလိုဆုံးဖြတ်ချက်နဲ့အတူ ဒုတိယဦးလေးဝမ်က ခဏလေး တိတ်တဆိတ် စောင့်ကြည့်ဖို့ ဆုံးဖြတ်လိုက်ပြီး သူ့သမီး ခေါင်းဖြီးပြီးသွားရင် အိပ်ယာကို ပြန်ပြီး ဆက်အိပ်လိမ့်မယ်လို့ မျှော်လင့်ခဲ့ပေသည်။

ဒါပေမယ့် ထိုအချိန်မှာပဲ ခေါင်းဖြီးနေတဲ့ ဝမ်မန်မန်က ရပ်လိုက်ပြီး သူ့ဆံပင်ကို ညင်သာစွာပွတ်သပ်လိုက်သည်။ သူက မှန်ကို စကားပြောနေသလိုမျိုး “ကျွန်မလှရဲ့လား” လို့ မေးလိုက်လေသည်။

ဒုတိယဦးလေးဝမ်ဟာ ချက်ချင်းဆိုသလိုပဲ သူ့လက်တွေနဲ့ ခြေထောက်တွေ အေးစက်လာပြီး သူ့ခန္ဓာကိုယ်တစ်ခုလုံး ထုံကျင်သွားသည်။ သူနေရာမှာတင် ငြိမ်သက်နေပြီး သူ့သမီးပုံရိပ်ကနေ မျက်လုံးခွာမရတော့ပေ။

ဝမ်မန်မန်က မှန်ဆီကို လက်လှမ်းပြီး တစ်စုံတစ်ယောက်ကို ပိုနီးလာဖို့ အချက်ပြလိုက်ကာ “လာ၊ လာပြီး ကျွန်မကို ကြည့်၊ ကျွန်မ လှရဲ့လား” လို့ ထပ်ပြောလိုက် လေသည်။

All Chapters