လှ၏လား(၃)
Vol. 22 Ch. 318
အခု သူမကိုကြည့်ရတာ လျှာရှည်ကျန်းကျန်းက တဖြည်းဖြည်းကောင်းလာနေပြီးဖြစ်ပေသည်။
သူမကိုဒိုင်မေးရှင်း စွမ်းအင်နဲ့ ပိုမိုကုသပေးမယ်ဆိုရင် သူမ၏ ပြန်လည်ကောင်းမွန်လာမှုနှုန်းက ပိုမြန်လာနိုင် ပေသည်။
စကားများတတ်တဲ့ ယန်ကျွင်းဇဲအနေနဲ့ တိတ်ဆိတ်ငြိမ်သက်နေတဲ့ “တွားသွားမကောင်းဆိုးရွား” နဲ့ စကားလည်းမပြောဘဲ ဖျက်လိုဖျက်ဆီးလုပ်နေတတ်တဲ့ ကလေးဆိုးနှစ်ယောက်ကိုတော့ သည်းမခံနိုင်ပေ။
ညနေစောင်းတော့ အခန်းဖော်များက တစ်ယောက်ပြီးတစ်ယောက် ပြန်ရောက်လာကြသည်။ ယန်ကျွင်းဇဲက မနက်ဖြန် သူဝမ်ထောင်နဲ့အတူ ထျန်းအီမြို့နယ်ကို သွားမယ်၊ အနှေးဆုံး သဘက်ခါပြန်ရောက်မယ်ဆိုတာကို ပြောပြလိုက်သည်။
“ထျန်းအီကို သွားမှာ? အဲဒီလောက် အဝေးကြီးကိုလား” ဟွာဟွာက အတော်လေး အံ့အားသင့်သွားပုံရသည်။
ယန်ကျွင်းဇဲက ခေါင်းညိတ်ပြလိုက်သည်။
ကျောက်ကျိန့်က “စာသင်ဖို့နဲ့ပဲ အလုပ်များနေတာ်၊ မင်းက ပါမောက္ခတွေထက်တောင် ပိုအလုပ်များနေပါလား၊ ဘွဲ့ရပါ့မလားကွ” လို့ပြောလိုက်လေသည်။
ယန်ကျွင်းဇဲက ခေါင်းခါပြလိုက်သည်။
ဟယ်ပိရှိုကလည်း “အစ်ကိုယန်က ဘွဲ့ရချင်ရင် တစ်မိနစ်အတွင်း ရနိုင်တယ်၊ သူအဆင် ပြေရင် ပြီးတာပဲ” လို့ ထပ်ဖြည့်ပြောလိုက်သည်။
ယန်ကျွင်းဇဲက ခေါင်းညိတ်လိုက်ပြီးတော့မှ ပြန်ခါလိုက်သည်။
“ဘာမှမပြောဘဲနဲ့ ငါက မင်းပြောတာကို ဘာလို့ နားလည်နေတာလဲ” ဟယ်ပိရှိုက အံ့အားသင့်သလို ဟန်ဆောင်သည်။
ယန်ကျွင်းဇဲက ဘာမှမတတ်နိုင်သလို ပြုံးပြပြီး အိပ်ဖို့ လှဲချလိုက်သည်။
နောက်တစ်နေ့မှာတော့ ဝမ်ထောင်က မနက်စောစောလာပြီး လေယာဉ်လက်မှတ်တွေ ဝယ်ပြီးပြီဖြစ်ပေမယ့် တစ်စီးတည်းသောလေယာဉ်က နေ့လယ်နှစ်နာရီမှ ထွက်မှာဖြစ်ပြီး ထျန်းအီမြို့နယ်ကို လေးနာရီလောက်မှာ ရောက်မယ်၊ ပြီးတော့မှ ဝမ်မိသားစုပင်လယ်အော်ဆီကို ထပ်စီးရဦးမှာဖြစ်လို့ ခြောက်နာရီလောက်မှ ရောက်နိုင်ဖွယ်ရှိကြောင်း၊ ညစာစားပြီးမှ မှောင်ချိန်လောက်မှ နတ်ဆိုးနှိမ်နင်းခြင်းကို စတင်နိုင်မယ်လို့ ပြောပြသည်။
တကယ်တော့ ယန်ကျွင်းဇဲက ညဘက်မှာ နတ်ဆိုးနှိမ်နင်းရေးလုပ်ရမှာကို မလိုလားခဲ့ပေ။
ဤအချိန်တွင် သူက နတ်ဆိုးနှိမ်နင်းသူတစ်ယောက်ဖြစ်နေပေမယ့ အမှောင်ထဲမှာ ထူးဆန်းမှုတွေနဲ့ ရင်ဆိုင်ရတာက သူ့ကို ဖိအားများစေပြီး စိတ်ထဲမှာ အရမ်းကို မသက်မသာဖြစ်နေသည်။
အထူးသဖြင့် ရုပ်ဆိုးမလေး၏ အလောင်းက အဆောက်အအုံထဲမှာ ရှိနေသေးပြီး သူမ၏ဆံပင်များကလည်း ဆက်လက်ရှည်ထွက်နေသည်ဆိုတာကို သိထားရတာမျိုးဖြစ်ပေသည်။
ဤသို့ စိတ်ပိုင်းဆိုင်ရာ အခြေအနေက ပတ်ဝန်းကျင်တစ်ခုလုံးက ကြောက်စရာကောင်းနေလိမ့်မယ်လို့ သူ့ကို ပြောပြနေသလိုဖ့စ်နေသည်။
ဤသို့ ခံစားနေရပေမယ့်လည်း ဘာမှ ပြောစရာမရှိပေ။ ဝမ်ထောင်ကို ဝမ်မိသားစုပင်လယ်အော်က လူများကို ညဘက်လှုပ်ရှားဖို့အတွက် ဓာတ်မီးများနဲ့ တခြားကိရိယာတွေ ပြင်ဆင်ထားဖို့ အသိပေးခိုင်းလိုက်သည်။ သူက မနက်ပိုင်းမှာ စာသင်ပြီး နေ့လယ်ရောက်တော့မှ ဝမ်ထောင်နဲ့အတူ ကျောင်းကနေ ထွက်လာခဲ့သည်။
ဝမ်ထောင်က အငှားယာဉ်ကို ကြိုတင်မှာထားပြီးသားမို့ သူတို့ကို ကျောင်းရှေ့ကနေ ခေါ်ပြီး လေဆိပ်ကို ပို့ပေးခဲ့သည်။
လမ်းမှာ အနှောင့်အယှက် သိပ်မရှိတာကြောင့် သူတို့နှစ်ယောက် ထျန်းအီမြို့နယ်ကိုသွားမယ့် လေယာဉ်ပေါ်ကို အေးအေးဆေးဆေး တက်ရောက်ခဲ့ကြပြီး နှစ်နာရီလောက်အကြာမှာ ရည်မှန်းထားတဲ့နေရာကို ရောက်ရှိခဲ့ လေသည်။
လေဆိပ်မှာလည်း နောက်ထပ် အငှားကားတစ်စီးက စောင့်နေခဲ့ပြီးသားဖြစ်သည်။
ယန်ကျွင်းဇဲနဲ့ သူ့အဖော်က လေယာဉ်ပေါ်ကနေ ဆင်းပြီး ကားပေါ်ကို ထပ်တက်ခဲ့သည်။ လေဆိပ်က ဝမ်မိသားစုပင်လယ်အော်နဲ့ အတော်ဝေးတာကြောင့် အမြန်ဆုံးရောက်နိုင်အောင် အရှိန်တင်မောင်းလာခဲ့ကြရာ မျှော်လင့်ထားတာထက် နည်းနည်းစောပြီး ခြောက်နာရီမထိုးခင်လေးမှာပဲ ရောက်ရှိလာခဲ့ လေသည်။
ဝမ်ထောင်ဆီကနေ ကြိုတင်အကြောင်းကြားထားတာကြောင့် ဒုတိယဦးလေးဝမ်နဲ့ သူ့ဇနီးက အပြင်မှာ စောင့်နေခဲ့ကြသည်။ သူတို့နှစ်ယောက် ကားပေါ်ကဆင်းလာတာကို မြင်တော့ ချက်ချင်းဆိုသလို အလွန်ယဉ်ကျေးစွာနဲ့ နှုတ်ဆက်ကြတော့သည်။
ညစာကတော့ အသင့်ပြင်ဆင်ထားပြီးသားဖြစ်ပေမယ့် ယန်ကျွင်းဇဲက အပေါ်ကို မော့ကြည့်လိုက်သည်။ အ
မှောင်စပြုနေပေမယ့်လည်း အဝေးကိုတော့ မြင်နိုင်သေးသည်။
သူက ရိုးသားတဲ့အသွင်ရှိပုံရတဲ ဒုတိယဦးလေးဝမ်ကို “ဒုတိယဦးလေး၊ အဲဒီတစ်ယောက်တည်းရပ်နေတဲ့ အဆောက်အအုံက ဘယ်နားမှာလဲ” လို့ မေးလိုက်လေသည်။
ဒုတိယဦးလေးဝမ်က သူ့အိမ်နဲ့ တစ်ဖက်တစ်ချက်က ထောင့်တစ်နေရာကို လက်ညှိုးထိုးပြရင်း “ဒီကနေ လမ်းလျှောက်သွားရင် မီတာကိုးရာလောက်ရှိတယ်။ ဒီနေရာကနေဆို သိပ်မရှင်းဘူး။ ညစာအရင်စားကြရအောင်၊ စားပြီးမှ ငါနဲ့ ရှောင်ထောင်တို့အတူ လိုက်ခဲ့ပေးမယ်” လို့ ပြောသည်။
ယန်ကျွင်းဇဲက ခေါင်းခါပြလိုက်သည်။
“ကျန်နေသေးတဲ့ အလင်းရောင်ကို အသုံးချရအောင်။ ကျွန်တော် အဆောက်အအုံပတ်လည်ကို အရင်သွားကြည့်ချင်သည်။ အော်၊ အဆောက်အအုံကို ဖြိုချဖို့အတွက် မူလရှိနေခဲ့တဲ့ ဘူဒိုဇာက အဲဒီမှာ ရှိနေတုန်းပဲလား”
“ရှိနေတုန်းပဲ၊ အဲဒါက လွန်ခဲ့တဲ့အချိန်အတော်ကြာကတည်းက ပျက်စီးသွားတယ်” ဒုတိယဦးလေးဝမ်က ခေါင်းညိတ်လိုက်သည်။ “နောက်ပိုင်းမှာ ဝမ်ခွန်ဖန်က အဲဒါကိုတောင် သုံးသိန်းကျော်ပေးပြီး ဝယ်ခဲ့သေးသည်၊ ပိုင်ရှင်ကို လျော်ကြေးပေးတဲ့သဘောမျိုးပေါ့။”
“အဲဒီဘူဒိုဇာရဲ့ ယာဉ်မောင်းထိုင်ခုံကနေ ဒုတိယထပ်ကို မြင်နိုင်လား။ ကျွန်တော် အခုသွားကြည့်ချင်တယ်” လို့ ယန်ကျွင်းဇဲက ပြောလိုက်သည်။
ဒီလိုပြောရင်းနဲ့ သူက ဒုတိယဦးလေးဝမ် လက်ညှိုးထိုးပြခဲ့တဲ့ လမ်းအတိုင်း စတင်သွားနေပြီဖြစ်ပေသည်။
ဒုတိယဦးလေးဝမ်နဲ့ ဝမ်ထောင်က တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြပြီး ဘာမှမပြောဘဲ အမြန်လိုက်သွားကြသည်။
“အမြန်ပြန်လာခဲ့၊ မဟုတ်ရင် ထမင်းတွေ အေးသွားလိမ့်မယ်” လို့ သူ့ဇနီးက နောက်ကနေ လှမ်းအော်ပြောလိုက်သည်။
သူမက ပိန်ပိန်ပါးပါး ကောင်မလေးတစ်ယောက်ကို သူမဆီ ဆွဲခေါ်လိုက်ပြီး သူတို့နှစ်ယောက်က အိမ်ထဲမဝင်သေးဘဲ ထွက်ခွာသွားတဲ့ ယောကျ်ားသုံးယောက်၏ ပုံရိပ်တွေကို ရပ်ကြည့်နေခဲ့ကြသည်။
မကြာခင်မှာပဲ စပ်စုတတ်တဲ့ အိမ်နီးနားချင်းအချို့က ရောက်လာပြီး ရောက်လာတဲ့သူက နတ်ဆိုးနှိမ်နင်းသူဟုတ်မဟုတ် လာမေးကြသည်။ ဝမ်မန်မန်၏ ပခုံးကို ဖက်ပြီး သူမ၏ဆံပင်တွေကို ပွတ်သပ်ရင်း ဒုတိယဦးလေးဝမ်၏ဇနီးက ညင်သာစွာ ခေါင်းညိတ်ပြလိုက်သည်။
ပြီးတော့ သူမ၏လက်ထဲမှာ တစ်ဆုပ်တစ်ခဲပါလာတဲ့ ဆံပင်များကို ကြည့်ပြီး တုန်ယင်သွားမိလေသည်။ ဝမ်မန်မန်၏ ခေါင်းပေါ်မှာတော့ တစ်ချိန်က ဆံပင်ထူခဲ့ရာကနေ ဦးရေပြားတွေက ဖျော့တော့စွာ ပေါ်နေခဲ့လေပြီ။