← Chapters

ရုပ်ဆိုးမလေး ( ၁)

Vol. 22 Ch. 319

ရုပ်ဆိုးမလေး ( ၁)

Vol. 22 Ch. 319

ယန်ကျွင်းဇဲက ခြေလှမ်းကျဲကျဲနဲ့ လျင်မြန်စွာ လျှောက်သွားခဲ့သည်။ အဓိကကတော့ အပြင်မှာ မှောင်စပြုနေပြီမို့လို့ ဖြစ်သည်။ သူအမြန်မသွားရင် အပြင်ကနေ သီးခြားအဆောက်အအုံ၏ အခြေအနေကို စောင့်ကြည့်နိုင်တော့မှာ မဟုတ်ပေ။

နောက်ကနေ ဝမ်ထောင်နဲ့ သူ့၏ဦးလေး ဝမ်တို့က ပြေးလိုက်လာကြသည်။

သို့သော်လည်း စစ်မှုထမ်းဟောင်းတစ်ဦးဖြစ်ပြီး လုံခြုံရေးအဖွဲ့ခေါင်းဆောင်ဖြစ်တဲ့ ဝမ်ထောင်ကတော့ ခန္ဓာကိုယ်ကြံ့ခိုင်သည်။ တစ်လမ်းလုံး ပြေးလာပေမယ့်လည်း သူ့ဦးလေး ဝမ်ကို လက်နဲ့မြဲမြံစွာ ထောက်ကူပေးထားပြီး ယန်ကျွင်းဇဲနဲ့ တစ်ပြေးညီ လိုက်လာနိုင်ခဲ့သည်။

ခဏအကြာမှာတော့ ယန်ကျွင်းဇဲက မောပန်းပြီး အသက်ရှူသံတွေ မြန်လာခဲ့ပေမယ့် သူ့နောက်က လူနှစ်ဦးကတော့ ကောင်းကောင်းမွန်မွန်ရှိနေကြဆဲပင်ဖြစ်

သည်။

တစ်ကီလိုမီတာနီးပါးအကွာအဝေးကို ခဏလေးအတွင်းမှာပဲ ရောက်ရှိခဲ့ပြီး မြင်ကွင်းထဲမှာ ပေါ်လာတာက ကိုယ်ပိုင်ဆောက်လုပ်ထားတဲ့ အိမ်နှစ်လုံးပဲ ဖြစ်သည်။ တစ်လုံးကတော့ အများကြီးပိုကြီးပြီး ဝမ်ခွန်းဖန်၊ လီလန်လန်နဲ့ သူတို့၏သား နေထိုင်တဲ့နေရာ ဖြစ်သင့်သည်။

ဤအဆောက်အအုံက သုံးထပ်ရှိပြီး သူ့ဘေးမှာတော့ သီးခြားသေးငယ်တဲ့ အဆောက်အအုံတစ်ခု ရှိနေသည်။ ယန်ကျွင်းဇဲက ထိုအဆောက်အအုံလေးက နှစ်ထပ်ရှိပေမယ့် တစ်ထပ်စီက သာမန် ဧည့်ခန်းတစ်ခုလောက်ပဲ ကျယ်ဝန်းမယ်လို့ ခန့်မှန်းလိုက်သည်။

အပြင်ကကြည့်ရင် ဒါက ပစ္စည်းထားဖို့ အသုံးပြုတဲ့ အခန်းတစ်ခန်းလိုပဲ ဖြစ်နေသည်။

အနည်းဆုံးတော့ တစ်ယောက်မှ ဒီလိုပုံသဏ္ဌာန်ဆန်းတဲ့ အဆောက်အအုံလေးထဲမှာ နေမှာမဟုတ်ပေ။

ကောင်းကင်က မီးခိုးရောင်သမ်းနေပြီဖြစ်ပြီး လုံးဝမှောင်တော့မယ့် အရိပ်လက္ခဏာ ဖြစ် ပေသည်။ ယန်ကျွင်းဇဲက တန်းပြီး ပြေးဝင်သွားလိုက်လေသည်။

သီးခြားအဆောက်အအုံလေးပတ်လည်မှာ စတုရန်းပုံ မြင့်မားတဲ့ နံရံတစ်ခုရှိပြီး၊ အုတ်ခဲစိမ်းတွေနဲ့ ခိုင်ခံ့စွာ တည်ဆောက်ထားသည်။

မြင့်မားတဲ့ နံရံအောက်မှာ မတ်တပ်ရပ်ပြီး အပေါ်ကို မော့ကြည့်ရင် ဘာမှမမြင်ရပေ၊ နောက်ကို ခြေလှမ်းအနည်းငယ် ဆုတ်လိုက်မှသာ မြင်ကွင်းက ပိုကောင်းလာသည်။

တစ်ချိန်တည်းမှာပဲ လိမ္မော်ဝါရောင်ရှိတဲ့ မြေတူးစက်တစ်စီးဟာ သီးခြားအဆောက်အအုံလေး၏ အရှေ့နား ဆယ်မီတာလောက်မှာ အဝေးမှာ တိတ်ဆိတ်စွာ ရပ်နားထားသည်။

အချိန်အရ နေဝင်ချိန်၏ နောက်ဆုံးပိုင်း ဖြစ်နေပြီ၊ သို့ပေမယ့် ဒီနေ့ ရာသီဥတုက သိပ်မကောင်းခဲ့ပေ။ မိုးအုံ့နေပြီး နေကိုမမြင်ရပေ၊ အပေါ်က တိမ်တွေက အတော်လေး ထူထဲနေတာကြောင့် နောက်ပိုင်းမှာ မိုးရွာနိုင်ဖွယ်ရှိနေတယ်လို့ ထင်ရပေသည်။

ယန်ကျွင်းဇဲက ကောင်းကင်ကို မော့ကြည့်ပြီး သူ့ရှေ့က အဆောက်အအုံလေး၏ မျက်နှာစာကို ကြည့်လိုက်သည်။ ဤအချိန်မှာပဲ ဝမ်ထောင်နဲ့ သူ့ဦးလေး ဝမ်တို့က သူ့နောက်မှာ ခြေလှမ်းအနည်းငယ်ခြားပြီး မတ်တပ်ရပ်နေကြပြီး သူတို့နှစ်ဦးစလုံးက ကြောက်ရွံ့တဲ့အကြည့်နဲ့ အဆောက်အအုံလေးကို ကြည့်နေကြသည်။

ယန်ကျွင်းဇဲကို ကြည့်လိုက်တဲ့အခါမှသာ သူတို့၏စိတ်ထဲမှာ နည်းနည်းလေး စိတ်အေးလက်အေး ခံစားလာရသည်။

ပြီးနောက် ယန်ကျွင်းဇဲက မြေတူးစက်၏ ယာဉ်မောင်းခန်းထဲကို တက်သွားတာကို လူနှစ်ဦးက တွေ့လိုက်ကြရသည်။ ဦးလေး ဝမ်ကလည်း မြေတူးစက်၏ အောက်ခြေကို သွားလိုကြီး မြေပြင်ပေါ်ကို သူပတ်ကြည့်ပြီး မကြာခင်မှာပဲ အဝတ်စုတ်တစ်စကို ကောက်ယူလိုက်ပြီး ဖုန်တွေ ဇွဲရှိရှိ သုတ်လိုက်ပြီး ယန်ကျွင်းဇဲကို လှမ်းပေးလိုက် လေသည်။

“ယာဉ်မောင်းခန်းမှန်က အရမ်းညစ်ပတ်နေလို့ မမြင်ရမှာစိုးတယ်။ ဒီအဝတ်နဲ့ သုတ်လိုက်ပါ” လို့ ဦးလေး ဝမ်က ပြောလိုက်လေသည်။

ယန်ကျွင်းဇဲက အဝတ်စုတ်ကိုယူဖို့ ကိုင်းညွှတ်လိုက်ပြီး ယာဉ်မောင်းခန်း၏ အတွင်းမှန်ကို အနည်းငယ် သုတ်လိုက် ပြီးမှ သူ့လက်ကိုဆန့်လိုက်ပြီး အပြင်မှန်ကို နှစ်ခါလောက် သုတ်လိုက်သည်။

မှန်မှာ အကြည်လင်ဆုံးနေရာ ရလာတဲ့အခါမှာ သူအခြားနေရာတွေကို သုတ်ဖို့ ဂရုမစိုက်တော့ပေ။

ပြီးနောက် သူက ယာဉ်မောင်းခန်းထဲမှာ ထိုင်ပြီး သီးခြားအဆောက်အအုံ၏ ဒုတိယထပ်ကို မော့ကြည့်လိုက်တော့သည်။

ဤနေရာကနေဆိုရင် ဒုတိယထပ်ပြတင်းပေါက်များ၏ ပတ်ပတ်လည်နေရာတစ်ခုလုံးကို အမှန်ပင်သူမြင်နိုင်ပေသည်။

အလင်းရောင်မှေးမှိန်နေပေမယ့် သူအတော်လေး ရှင်းလင်းစွာ မြင်နိုင်ခဲ့သည်။ သို့ပေမယ့်…

ယန်ကျွင်းဇဲက မျက်မှောင်ကြုတ်ပြီး ဒုတိယထပ်ပြတင်းပေါက်တွေကို ကြည့်လိုက်ပေမယ့် သူချက်ချင်းပဲ လက်လျှော့လိုက်ရလေသည်။

ဒီလောက်ကြာသွားလိမ့်မယ်လို့ သူကြိုမသိခဲ့ပေ။ ပြတင်းပေါက်များက ဖုန်မှုန့်တွေနဲ့ ဖုံးလွှမ်းနေပြီး ဖုန်တွေက အရမ်းထူထဲနေတာကြောင့် အခန်းထဲကို မမြင်ရပေ။

ခဏအကြာမှာတော့ ကောင်းကင်က ပိုမှောင်လာပြီး မှိုင်းညို့ညို့ ဖြစ်လာတော့သည်။ ဒီတစ်ခါတော့ ဒုတိယထပ်မှန်က ကြည်လင်နေရင်တောင်မှ ယန်ကျွင်းဇဲက အခန်းထဲကို မြင်နိုင်တော့မှာ မဟုတ်ပေ။

သူသက်ပြင်းချပြီး မြေတူးစက်၏ ယာဉ်မောင်းခန်းကနေ ဆင်းလာလိုက်သည်။

ဝမ်ထောင်က သူ့ဆိလာပြီး “ကျွင်းဇဲ၊ မှောင်နေပြီ၊ မင်းလည်း ဘာမှ မစားရသေးဘူး။ အရင်ဆုံး ညစာစားဖို့ ပြန်ကြရအောင်။ စားပြီးမှ ဓာတ်မီးတွေ ထပ်ယူပြီး သမီးရှိတဲ့ လူအနည်းငယ်ကိုပါ ခေါ်ပြီး လာကြည့်ကြရအောင်” လို့ ပြောလိုက် လေသည်။

သူ့၏အဓိပ္ပာယ်က သိသာနေသည်။

လူအင်အားများရင် အားရှိရုံတင်မကဘဲ သူတို့၏ သတ္တိကလည်း အများကြီး ပိုရှိလာလိမ့်မယ်။ ထိုအပြင် ဤလူတွေအကုန်လုံးမှာ သမီး ရှိနေကြပြီး အခု ယန်ကျွင်းဇဲက သူတို့၏ “ထူးဆန်းမှု”များကို ဖယ်ရှားပေးဖို့ ကူညီပေးနေတာမို့ အဖေများမှာ မကူညီဘဲ နေစရာအကြောင်း မရှိတော့ပေ။

အခုအချိန်မှာတော့ အလင်းရောင် ဆက်ပြီး မှေးမှိန်လာတာနဲ့အမျှ ဝမ်ထောင်က သူ့ကိုယ်ခန္ဓာက အေးစက်လာပြီး သူ့နှလုံးသားတစ်ခုလုံးက အေးစိမ့်တဲ့ နှင်းတွေထဲမှာ စိမ်ထားသလိုမျိုး ဖြစ်နေပြီး တစ်ကိုယ်လုံးနေမကောင်း ဖြစ်နေသလို ခံစားရသည။

သူသာ ဒီမှာ ခဏလောက် ထပ်ရပ်နေရင် တုန်ယင်လာလိမ့်မယ်လို့ သူယုံကြည်နေမိသည်။

သို့သော် ယန်ကျွင်းဇဲက ခေါင်းခါပြီး ဦးလေး ဝမ်ကို “ဦးလေး၊ နံရံထဲမှာရှိတဲ့ တံခါးလေး သော့ကို ဦးလေးမှာ ရှိလား” လို့ မေးလိုက်သည်။

ဦးလေး ဝမ်က အံ့အားသင့်သွားပြီး ခေါင်းခါလိုက်ပြဖိး “သော့က ဝမ်ခွန်းဖန်နဲ့ သူ့ဇနီးဆီမှာ ရှိတယ်၊ သူတို့အိမ်ကြီးထဲမှာ တစ်နေရာရာမှာ ထားခဲ့တာ ဖြစ်နိုင်တယ်။ ငါတို့ ဝင်ပြီး ရှာကြည့်လို့ရတယ်” လို့ ပြောလိုက်သည်။

ယန်ကျွင်းဇဲက “မလိုပါဘူး” လို့ ပြန်ပြောလိုက်သည်။

သူက ထိုင်ချလိုက်ပြီး အနီးအနားက ကျောက်တုံးတစ်တုံးကို ကောက်ယူလိုက်ပြီး နံရံထဲက တစ်ခုတည်းသော တံခါးဆီကို လျှောက်သွားလိုက်သည်။

ဝမ်ထောင်က ကြောက်လန့်တကြားနဲ့ “ကျွင်းဇဲ၊ မင်း အခုပဲ ဝင်တော့မလို့လား၊ ငါတို့ တခြားလူတွေ ခေါ်လာတာကို မစောင့်တော့ဘူးလား” လို့ အံ့ဩတကြီး မေးလိုက်မိ‌လေသည်။

ယန်ကျွင်းဇဲက တံခါးနဲ့ ပိုနီးကပ်လာတာနဲ့အမျှ “ငါတို့ ဒီကိုရောက်နေပြီဆိုတော့ သံပူတုန်း အခိုက်အတန့်မှာပဲ အခွင့်အရေးယူပြီး ဝင်ကြည့်ရအောင်” ဟုပြန်ဖြေလိုက်သည်။

“မင်း ဓာတ်မီးလည်း ယူမလာဘူး!”

“ဖုန်းရှိတယ်။”

နံရံထဲက တံခါးက ဝမ်ခွန်းဖန်နဲ့ သူ့ဇနီးနေထိုင်တဲ့ အိမ်ကြီးနဲ့ နီးတာကြောင့် ယန်ကျွင်းဇဲက အိမ်ကြီးနားကို ကပ်လာရင်းနဲ့ စကားပြောလိုက်ပြီး သိပ်မမြင့်တဲ့ သစ်သားခြံစည်းရိုးတစ်ခုကို ခုန်ကျော်လိုက်သည်။ တံခါးလေးဆီ

သွားရာ တစ်ခုတည်းသော လမ်းကြောင်းပေါ်ကို ရောက်လာခဲ့ပြီး လက်ထဲက ကျောက်တုံးကိုင်ပြီးသွားလိုက်သည်။

တံခါးသော့က တံခါးထဲမှာ မြှုပ်ထားတဲ့ အမျိုးအစားမဟုတ်ဘဲ တံခါးဂိတ်မှာ သီးခြားတပ်ထားတဲ့ သော့တ ဖြစ်ပေသည်။

ယန်ကျွင်းဇဲက သော့ကို ပစ်မှတ်ထားပြီး ကျောက်တုံးနဲ့ ပြင်းထန်စွာ ရိုက်ချလိုက်တော့ တစ်ချက်တည်းနဲ့ သော့က ကျိုးသွားလေသည်။

ပြီးနောက် သူက ကျောက်တုံးကို လွှတ်ချလိုက်ပြီး ကျိုးနေတဲ့ သော့ကိုပါ ဖယ်လိုက်ပြီး လွှင့်ပစ်လိုက်လေသည်။

အခုဆိုရင် ကောင်းကင်က လုံးဝနီးပါး မှောင်နေပြီးမှိန်ဖျော့တဲ့ အလင်းရောင်လေးသာ ကျန်ရှိတော့သည်။

ယန်ကျွင်းဇဲက နောက်လှည့်ကြည့်လိုက်တော့ အဝေးမှာ မတ်တပ်ရပ်နေတဲ့ ဝမ်ထောင်နဲ့ သူ့ဦးလေး ဝမ်တို့က မျက်လုံးပြူးကျယ်စွာ သူ့ကို စိုက်ကြည့်နေကြတာကို တွေ့လိုက်ရပြီး သူတို့ မျက်နှာအမူအရာကလည်း တစ်ပုံစံတည်း ဖြစ်နေပြီး သူတို့၏ ကြောက်ရွံ့မှုကို ဖုံးကွယ်မထားနိုင်ကြပေ။”

All Chapters