ရုပ်ဆိုးမလေး ( ၂)
Vol. 22 Ch. 320
““ဒီမှာ စောင့်စရာမလိုပါဘူး။ ခင်ဗျားတို့ ပြန်ပြီး ညစာအရင်စားလို့ရပြီ”” လို့ ယန်ကျွင်းဇဲက ပြောလိုက်သည်။
သူတို့နှစ်ဦးစလုံးက အသံမထွက်ဘဲ ခေါင်းခါပြလိုက်ကြသည်။
ယန်ကျွင်းဇဲက သော့ကို ရိုက်ဖွင့်လိုက်တဲ့အချိန်မှာပဲ သူတို့နှစ်ယောက်၏ နှလုံးသားက လည် ချောင်းထဲကို ရောက်ရှိလာခဲ့ပြီး၊ အဆောက်အအုံအတွင်းက တစ်စုံတစ်ရာက လွတ်မြောက်သွားသလိုမျိုး၊ လူနှစ်ဦးလုံး ရုတ်တရက် ထိတ်လန့်သွားကြသည်။
ယန်ကျွင်းဇဲက သူတို့ကို ဂရုမစိုက်တော့ဘဲ တံခါးကို ညင်သာစွာ တွန်းဖွင့်လိုက်သည်။
ဤသစ်သားတံခါးက အချိန်အကြာကြီး မဖွင့်ရသေးတာကြောင့် ဖွင့်လိုက်တဲ့အခါမှာ ကြက်သီးထဖွယ် ပွတ်တိုက်သံက ထွက်လာပြီး ဒီလို ညနေစောင်း မှောင်ရီပျိုးချိန်မှာ အထူးသဖြင့် ထိတ်လန့်ဖွယ်ရာ အသံ ဖြစ်သည်။
ဝမ်ထောင်နဲ့ ဦးလေး ဝမ်တို့က မသိစိတ်ကနေ နောက်ကို ခြေလှမ်းတစ်လှမ်း ဆုတ်လိုက်ကြပြီး ယန်ကျွင်းဇဲက အတွင်းကို ဝင်သွားတာကို မြင်လိုက်ရသည်။
““ကျွန်တော်က ဘယ်လိုမှ သရဲမနှင်နိုင်ဘူး”” လို့ ဝမ်ထောင်က ရုတ်တရက် ပြောလိုက်သည်။ ““ပထမဆုံးအနေနဲ့ကတော့ ကျွန်တော် အခြားအရာတွေ မလုပ်ခင် ကြောက်ပြီး သေသွားမှာပဲ။ စစ်မြေပြင်မှာ ရန်သူနဲ့ တိုက်ခိုက်ရမှာကို ပိုကြိုက်တယ်။””
ဦးလေး ဝမ်ကလည်း ““ငါလည်း သရဲမနှင်နိုင်ဘူး၊ မင်းဒေါ်လေးနဲ့ သီးခြားအိပ်ရာမှာ အိပ်ရရင်တောင် သရဲနှင်တာမျိုးတော့ မလုပ်ချင်ဘူး”” လို့ ပြောလိုက်သည်။
ဝမ်ထောင်က လျှို့ဝှက်ချက်တစ်ခုကို ရှာဖွေတွေ့ရှိလိုက်သလိုပဲ တုန်လှုပ်သွားပြီး သူ့ဦးလေးကို လှည့်ကြည့်လိုက်မိသည်။
ဦးလေး ဝမ် မျက်နှာက နီရဲသွားပြီး သူမှားယွင်းစွာ ပြောလိုက်မိမှန်း သိသွားတာကြောင့် အလျင်အမြန် မချိပြုံးပြုံးပြလိုက်လေသည်။
““ဦးလေး၊ နောက်တစ်ခါကျရင် ကျောက်ကပ်အားဆေးတွေ ယူလာပေးပါ့မယ်”” လို့ ဝမ်ထောင်က ထေ့ငေ့ါပြုံးကာ ပြန်ပြောလိုက်သည်။
ဦးလေး ဝမ်ကတော့ သူ့ပါးစပ်ကို တင်းတင်းပိတ်ပြီး ဘာမှထပ်မပြောတော့ပေ။
ပတ်ဝန်းကျင်ကို ရှင်းလင်းစွာ မမြင်ရတော့တာကြောင့် သူတို့နှစ်ဦးစလုံးက သူတို့ဖုန်းတွေကို ထုတ်ပြီး ဖုန်းမီး ဖွင့်ကာ ကြောက်ရွံ့တုန်လှုပ်ရင်းနဲ့ သူတို့ရှေ့က အမှောင်ထုကို ဖယ်ရှားဖို့ ကြိုးစားခဲ့ကြသည်။
နံရံအတွင်းကို ဝင်ပြီးနောက် ယန်ကျွင်းဇဲက အဆောက်အအုံ ပထမထပ်ကို သွားနိုင်တဲ့ အခြားတံခါးတစ်ခုကို မြင်လိုက်ရပြီး ထိုတံခါးက ဟနေကာ ပိတ်မထားပေ။
အဆောက်အအုံက နံရံနဲ့ နှစ်မီတာလောက်ပဲ ကွာတာကြောင့် သူက ခြေလှမ်းအနည်းငယ် သွားလိုက်ပြီး ပတ်ပတ်လည်ကို ကြည့်လိုက်တော့ မြေပြင်နဲ့ နံရံတွေမှာ ဖုန်တွေ အများကြီး ရှိနေပေမယ့်လည်း ကစဥ့်ကလျားဖြစ်နေတဲ့ ထုံးမှုန့်အရိပ်အယောင်တွေကို သဲကွဲစွာ မြင်နေရသေးတာကို သတိထားမိလိုက်သည်။
ထိုအပြင် မိုးရေစိုသွားလို့ တစ်နေရာတည်းမှာ စုပြုံနေသော မြက်ပင်များနဲ့ အမှိုက်သရိုက်အကြွင်းအကျန်တွေလည်း ရှိနေသည်။
အဆောက်အအုံလေးပတ်ပတ်လည်မှာ အခြား သံသယဖြစ်ဖွယ်ရာ မရှိသလို၊ ဆံပင်များလည်း မတွေ့ရပေ။ ယန်ကျွင်းဇဲက လက်ကို အလျင်အမြန် ဆန့်လိုက်ပြီး တံခါးကို ထိကာ ညင်သာစွာ တွန်းလိုက်သည်။ တံခါးက အမှန်ပင်သော့မခတ်ထားဘဲအသံနဲ့အတူ ပွင့်သွားသည်။
အပြင်မှာ မှောင်နေပြီး အခန်းထဲမှာ ပိုတောင် မှောင်နေသည်။ ယန်ကျွင်းဇဲက သူ့ဖုန်းမီးကို အခန်းထဲကို ထိုးပြီး အတွင်းကို ဝင်လိုက်သည်။
အခန်းအတွင်း ပတ်ဝန်းကျင်ကို သူ သေချာမကြည့်ရသေးခင်မှာပဲ သူ့စိတ်ထဲမှာ တာဝန်အချက်အလက်တစ်ခု ရုတ်တရက် လင်းလက်လာခဲ့လေသည်။
[တာဝန်အမည် - ရုပ်ဆိုးမလေး၊
တာဝန်အဆင့် - စိုးရိမ်ပူပန်ဖွယ် (အဆင့်မြင့်)၊
တာဝန်နောက်ခံအကြောင်းအရာ - သူမ၏ရုပ်ရည်က သူမကို အရှုံးသမားလို့ ခံစားရစေသည်။ သူမ၏ရုပ်ရည်က သူမဘဝကို လုံးဝကွဲပြားတဲ့ လမ်းကြောင်းပေါ်ကို ရောက်ရှိစေသည်။ သူမ၏ရုပ်ရည်က သူမကို အဆုံးမဲ့ ကိုယ့်ကိုယ်ကိုယ် အပြစ်တင်ခြင်းနဲ့ ဝမ်းနည်းမှုတွေနဲ့ ပြည့်နေတဲ့ ဘဝ၌ နေထိုင်စေသည်။ သူမ၏ရုပ်ရည်ကြောင့် သူမ ကိုယ့်ကိုယ်ကိုယ်လေးစားမှုက ပြိုလဲသွားခဲ့သည်။ “ထူးဆန်းမှု” ဖြစ်သွားရင်တောင် ဒါကို ပြောင်းလဲနိုင်ခြင်း မရှိသေးပေ။ ဘယ်သူမှ မမြင်ရအောင် သူမမျက်နှာကို ဖုံးကွယ်ဖို့အတွက် ဆံပင်အများကြီးကို သူမ တောင့်တနေတယ်။
တာဝန်ဖော်ပြချက် - သူမမှာ ဆံပင်တွေ မရှိတော့ပေ၊ ကြောက်ရွံ့မှုထဲကို ပြန်လည်ကျရောက်စပြုနေပြီ။ မင်းက သူမကို ယုံကြည်မှုနဲ့အတူ သူ့ကိုယ်သူ ရင်ဆိုင်ဖို့ ကူညီပေးရမယ်။
တာဝန်ဆုလာဘ် - ဒိုင်မေးရှင်း စွမ်းအင် ၃၀၀ မှတ်။
တာဝန်ပြစ်ဒဏ် - ဆံပင်များအောက်မှာ ပိတ်မိနေပြီး အသက်ရှူကျပ်သွားတဲ့ ခံစားချက်ကို သိချင်လား။
တာဝန်အကြံပြုချက် - ၁၊ နတ်ဆိုးကိုချုပ်နှောင် နိုင်သည်။ ၂၊ သူမ၏ စွမ်းရည်က အရမ်းမတည်ငြိမ်ပေ၊ ထိုကြောင့် သူမကို ရင်ဆိုင်ဖို့အတွက် မင်းအပြည့်အဝ သတိရှိနေရမယ်။ ၃၊ အချိန်ကိုက်တာက အရမ်းအရေးကြီးပြီး ထိပ်တိုက်ရင်ဆိုင်တာက အဆိုးဆုံးရွေးချယ်မှုဖြစ်နိုင်ခြေရှိသည်။
မှတ်ချက် - ဓားသွားထက်ထက်ရှိတာက ကောင်းမွန်တဲ့အစဖြစ်သည်။]
တာဝန်အချက်အလက်များ ပေါ်လာပြီးနောက် ယန်ကျွင်းဇဲက တံခါးပေါက်ကနေ ဝင်လာပြီး ချက်ချင်းပင် တောင့်တင်းသွားသည်။
ပေါ်လာတဲ့ တာဝန်အချက်အလက်တွေထဲမှာ သူ့ကို အံ့အားအသင့်ဆုံး ဖြစ်စေတာက တာဝန်၏ အဆင့်ပဲဖြစ်ပြီး “စိုးရိမ်ပူပန်ဖွယ် (အဆင့်မြင့်)”” ပဲ ဖြစ်နေသည်။
[နံရံအက်ကြောင်းမှ ချောင်းကြည့်ခြင်း]”” ၏ တာဝန်အဆင့်နဲ့သာ နှိုင်းယှဉ်နိုင်တဲ့ အဆင့်ဖြစ်နေသည်။ အစက သူ့အိမ်ပေါ်ထပ်မှာနေပြီး သူ့သားက သတ်ပစ်လိုက်တဲ့ အဘွား ရန်၏ တာဝန်အဆင့်ကတော့ “စိုးရိမ်ပူပန်ဖွယ် (အလယ်အလတ်)”” အဆင့်ပဲ ရှိသေးတာကို သတိပြုရပေမည်။
ဝမ်ထောင်၏ ဖော်ပြချက်အရဆိုရင် ယန်ကျွင်းဇဲက တာဝန်၏ ခက်ခဲမှုအဆင့်က အနည်းဆုံးတော့ “စိုးရိမ်ပူပန်ဖွယ် (အလယ်အလတ်)”” ဖြစ်ရမယ်လို့ အစကထင်ခဲ့သည်။သို့ပေမယ့် သူ့ကို အံ့အားသင့်စေတာက ခက်ခဲမှုအဆင့်က “ကြောက်လန့်တုန်လှုပ်ဖွယ် (အဆင့်မြင့်)”” ကို အတင်းအကျပ် နိမ့်ချလိုက်တာပဲ။
ကြောက်လန့်ဖွယ်၊ စိုးရိမ်ပူပန်ဖွယ်၊ ကြက်သီးထဖွယ်၊ ထိတ်လန့်ဖွယ် – စိုးရိမ်ပူပန်ဖွယ်”” က တာဝန်များအတွက် အနိမ့်ဆုံး ခက်ခဲမှုအဆင့် ဖြစ်ပေသည်။
သို့သော်လည်း ယန်ကျွင်းဇဲက နောက်ဆက်တွဲ တာဝနအကြံပြုချက်ကနေ တစ်ခုခု ထူးဆန်းနေတယ်လို့ ခံစားလိုက်ရတယ်။ ဒီ “ထူးဆန်းမှု”ကို ကိုင်တွယ်ဖို့အတွက် သူက အထူးသဖြင့် သတိထားပြီး သတိရှိနေရမယ်လို့ ထင်ရပေသည်။
ဤအချိန်မှာပဲ သူ့စိတ်ထဲမှာ ပေါ်လာတဲ့ တာဝန်အချက်အလက်ထဲက ခက်ခဲမှုအဆင့်ဖြစ်တဲ့ “ကြောက်လန့်ဖွယ် (အဆင့်မြင့်)”” က ရုတ်တရက် “ကြက်သီးထဖွယ် (အလယ်အလတ်)”” ကို ပြောင်းသွားတာကို သူလန့်သွားမိသည်။
တစ်ချိန်တည်းမှာပဲ တစ်စုံတစ်ရာက ယန်ကျွင်းဇဲ ဖိနပ်ကို ပွတ်တိုက်သွားသလို ဖြစ်သွားလေသည်။ သူက သူ့ဖုန်းအလင်းရောင်နဲ့ အောက်ကို ကြည့်လိုက်တော့ ဆီလိမ်းထားသလိုမျိုး အမည်းရောင် ဆံပင်တစ်ထွေးက အလျင်အမြန် ပြန် ပျောက်သွားတာကို တွေ့လိုက်ရလေသည်။
နောက်တစ်စက္ကန့်အကြာမှာ သူ့စိတ်ထဲက ခက်ခဲမှုအဆင့်က “ကြက်သီးထဖွယ် (အလယ်အလတ်)”” ကနေ “ကြက်သီးထဖွယ် (အဆင့်မြင့်)”” ကို ထပ်ပြီး ခုန်တက်သွားလေသည်။
ယန်ကျွင်းဇဲက သူ့ဖုန်းမီးကို ဖွင့်လိုက်ပြီး ဆီလိမ်းထားသလိုမျိုး အမည်းရောင်အရာဝတ္ထုကို သူ့မျက်လုံးတွေနဲ့ လိုက်ကြည့်နေခဲ့ပြီး အပေါ်ကို ပတ်တက်သွားတဲ့ သစ်သားလှေကားကို သူတွေ့လိုက်ရလေသည်။
ဆီလိမ်းထားသလိုမျိုး အမည်းရောင်အရာက လှေကားပေါ်ကို ပြန်ရောက်သွားပြီး မြင်ကွင်းကနေ အလျင်အမြန် ပျောက်ကွယ်သွားသည်။
ယန်ကျွင်းဇဲ မျက်လုံးများ ကျဉ်းသွားသည်။ ခဏလေးအတွင်းမှာပဲ သူရှင်းလင်းစွာ မြင်လိုက်ရပြီး ဆံပင်ထွေး တစ် ထွေးဖြစ်နေပေသည်။
တစ်ချိန်တည်းမှာပဲ သူ့စိတ်ထဲက ခက်ခဲမှုအဆင့်က “ကြက်သီးထဖွယ် (အလယ်အလတ်)”” ကနေ “ကြက်သီးထဖွယ် (အဆင့်မြင့်)”” ကို ထပ်ပြီး ခုန်တက်သွားလေသည်။
ယန်ကျွင်းဇဲက မျက်မှောင်ကြုတ်ထားပြီး မလှုပ်ရဲပေ။
ဤအချိန်မှာပဲ အပေါ်ကနေ မိုးသည်းကြီးမဲကြီး ရွာချနေသလိုမျိုး လှုပ်ရှားသံတွေ အများအပြား ထွက်ပေါ်လာခဲ့သည် သူ့စိတ်ထဲက တာဝန်ခက်ခဲမှုအဆင့်ကလည်း ထပ်ပြီး ပြောင်းလဲသွားပြန်သည်။
ဒီတစ်ခါတော့ မတွန့်ဆုတ်တော့ဘဲ ယန်ကျွင်းဇဲက ချက်ချင်းနောက်ဆုတ်လိုက်ပြီး တံခါးအပြင်ဘက်ကို ထွက်လိုက်ကာ အလျင်အမြန် တံခါးကို ပြန်ပိတ်လိုက်သည်။
ဤအချိန်မှာ သူ့စိတ်ထဲက ခက်ခဲမှုအဆင့်က ထပ်ပြီး ခုန်တက်သွားပြီး “ထိတ်လန့်ဖွယ် (အနိမ့်)”” လို့ ပြသနေသည်။
ဖော်ပြလို့မရနိုင်တဲ့ အေးစက်စက် ခံစားမှုက ယန်ကျွင်းဇဲ ခန္ဓာကိုယ်တစ်ခုလုံးကို ချက်ချင်းပျံ့နှံ့သွားပြီး ရေအေးနဲ့ လောင်းချခံလိုက်ရသလို ဖြစ်သွားခဲ့ပြီး လျှာဖျားတွေတောင်မှ ရေခဲလို အေးစက်နေသည်။
““မဟုတ်ဘူး၊ တာဝန်ခက်ခဲမှုအဆင့်က ဒီလောက် မြန်မြန်တိုးလာတာ မဖြစ်နိုင်ဘူး!””
တာဝန်အကြံပြုချက်ကို တွေးမိလိုက်တာနဲ့ ယန်ကျွင်းဇဲက ရုတ်တရက် ဉာဏ်အလင်းပွင့်သွားပြီး သူဆက်မတွေးတော့ဘဲ ““အချိန်နောက်ပြန်ရစ်ခြင်း”” ကို ချက်ချင်း ရွေးချယ်လိုက်သည်။
သူက တံခါးကို တွန်းဖွင့်လိုက်ပေမယ့် အတွင်းကို ခြေမလှမ်းရသေးတဲ့ အချိန်ကို နောက်ပြန်ရစ်လိုက်သည်။
နောက်ပြန်ရစ်ပြီးနောက် သူက ချက်ချင်း နောက်ကို ဆုတ်လိုက်ပြီး နံရံခတ်ထားတဲ့ နေရာကနေ အပြင်ကို ထွက်လာခဲ့ပြီး သစ်သားခြံစည်းရိုးကို ခုန်ကျော်ပြီး အပြင်မှာ စောင့်နေကြတဲ့ ဝမ်ထောင်နဲ့ သူ့ဦးလေး ဝမ်တို့ကိုတောင် လှည့်မကြည့်ဘဲ သူလာခဲ့တဲ့ လမ်းကြောင်းအတိုင်း ပြန်ပြေးသွားတော့သည်။
““လန့်လိုက်တာ၊ သူ ဘာလို့ ပြေးတာလဲ”” လို့ ဦးလေး ဝမ်က ကြောက်လန့်ပြီး တုန်ယင်သွားခဲ့သည်။ အဆောက်အအုံလေးထဲက “ရုပ်ဆိုးမလေး”” က အရမ်းအန္တရာယ်များလို့ နတ်ဆိုးနှိမ်နှင်သူကတောင် လက်လျှော့လိုက်ပြီလို့ သူခံစားလိုက်ရမိသည်။
နောက်တစ်စက္ကန့်မှာ သူက လှည့်လိုက်ပြီး ကြောင်အနေတဲ့ ဝမ်ထောင်ကို ချက်ချင်းဆွဲခေါ်ပြီး အတူတူ ပြေးလိုက်တော့သည်။
ဤအချိန်မှာ ဝမ်ထောင်၏ ခေါင်းက ထုံကျင်နေသလို ဖြစ်နေပြီး သူလည်း ယန်ကျွင်းဇဲ ဘာလို့ ထွက်ပြေးရတာလဲလို့ တွေးနေမိသည်။ အတွင်းက “ထူးဆန်းမှု” က အရမ်းအစွမ်းထက်ပြီး အရမ်းကြောက်စရာကောင်းလို့လား။
သို့မဟုတ် ယန်ကျွင်းဇဲက တကယ်ပဲ ကျွမ်းကျင်မှုမရှိဘူးလား။ အမြဲတမ်း ရဲရင့်ပြနေပေမယ့် လက်တွေ့မှာတော့ အဲဒီအရာကို သူ လုံးဝ ကိုင်တွယ်နိုင်ခြင်း မရှိတာလား။
အဲဒီအချိန်မှာပဲ ယန်ကျွင်းဇဲက ပြေးနေရင်းနဲ့ အော်ပြောလာခဲ့သည် - ““ဦးလေး၊ ဦးလေးဇနီးကို အခုပဲ ခေါ်လိုက်ပြီး သမီးကို သေချာစောင့်ကြည့်ခိုင်းလိုက်။ ပြီးတော့ ခေါင်းဆောင် ဝမ်၊ အတတ်နိုင်ဆုံး အမြန်ဆုံးပြန်ပြီး သမီးရှိတဲ့ တခြားမိသားစုတွေကို အကုန်လုံး အသိပေးလိုက်။ သူတို့ရဲ့ ကလေးတွေကို လုံခြုံအောင် ထားရမယ်! အမြန်!””
ဝမ်ထောင်က ဘာဖြစ်လို့ ဘာဖြစ်မှန်း နားမလည်ဘဲ တုန်လှုပ်သွားသည်။
သူ့ဦးလေးလည်း လန့်သွားခဲ့ပေမယ့် အတွေ့အကြုံရှိတာကြောင့် နောက်တစ်စက္ကန့်မှာ ဝမ်ထောင်ရဲ့ ခေါင်းကို ပုတ်ပြီး ““မင်းအမြန်လုပ်စမ်း၊ နတ်ဆိုးနှိမ်နှင်သူရဲ့ ညွှန်ကြားချက်အတိုင်း လုပ်လိုက်! မြန်မြန်!”” လို့ အော်ပြောလိုက်တော့သည်။
ဤသို့ပြောပြီးနောက် ဦးလေး ဝမ်က သူ့ဇနီး ဖုန်းကို ချက်ချင်းခေါ်ပြီး ပြေးရင်းနဲ့ ခေါ်နေခဲ့သည်။
တစ်ချိန်တည်းမှာ ဝမ်ထောင်က စစ်သားဘဝတုန်းက အားအင်တွေ စုစည်းပြီး ထိုနှစ်ယောက်ကို နောက်မှာ ထားခဲ့ပြီး ဦးလေး ဝမ် အိမ်ဘက်ကို အပြေးအလွှား သွားလိုက်သည်။ စက္ကန့်ပိုင်းအတွင်းမှာပဲ ယန်ကျွင်းဇဲကို ကျော်တက်သွားပြီး အမှောင်ထဲမှာ သူ့လက်ထဲက ဓာတ်မီး အလင်းရောင်က ပြေးနေတဲ့ သူ့လက်နဲ့အတူ လှုပ်ခါနေတာကိုသာ မြင်ရသည်။
ဒီဘက်မှာတော့ ဦးလေး ဝမ်၏ ဖုန်းခေါ်ဆိုမှုက အကြိမ်အနည်းငယ်လောက် မြည်နေပေမယ့် တစ်ဖက်က တစ်ယောက်မှ မကိုင်ပေ။
““ဖုန်းမကိုင်ဘူး”” လို့ ဦးလေး ဝမ်က ပြောလိုက်ပြီး သူ့ရဲ့ နှလုံးသားက ရုတ်တရက် လေးလံသွားတော့လေသည်။”