← Chapters

ရုပ်ဆိုးမလေး ( ၃)

Vol. 22 Ch. 321

ရုပ်ဆိုးမလေး ( ၃)

Vol. 22 Ch. 321

“မန်မန်၊ မန်မန်လား။”

ဒေါ်လေးဝမ်က ဧည့်ခန်းဝင်ပေါက်မှာ မတ်တပ်ရပ်ရင်း နဖူးကိုတွန့်ချိုးလိုက်သည်။ သူမနောက်မှာတော့ စားပွဲဝိုင်းတစ်လုံးရှိပြီး စွန်းထင်းနေတဲ့ပန်းကန်လုံးများဟာ အငွေ့ပျံနေပြီး ကြက်သီးထလောက်အောင် အေးစက်နေသည်။

ဒေါ်လေးဝမ် အံ့ဩသွားမိသည်။ သူမ အပြင်မှာ မှောင်စပျိုးလာတဲ့အထိ စောင့်နေခဲ့ပေမယ့် သူမခင်ပွန်းနဲ့ တခြားနှစ်ယောက်ကတော့ ပြန်မလာသေးပေ။ တခြားအိမ်နီးချင်းများကတော့ လူစုခွဲသွားပြီဖြစ်တာကြောင့် သူမနဲ့သူမသမီးကတော့ အထဲမှာ စောင့်နေရသည်။

မန်မန်က ဆာနေပြီလို့ပြောလာတာကြောင့် သူမသမီး အရမ်းဆာနေမှာစိုးလို့ ဒေါ်လေးဝမ်က သူ့အတွက် ဆန်ပြုတ်တစ်ပန်းကန် ခပ်ပေးလိုက်သည်။

မန်မန်က ဆိုဖာပေါ်မှာထိုင်ရင်း အိမ်သာတက်ဖို့လိုတယ်လို့ ပြောပြလာသည်။ ဒေါ်လေးဝမ်က မန်မန်၏ပန်းကန်ထဲကို ဆန်ပြုတ်ထည့်ဖို့ အလုပ်ရှုပ်နေချိန်မှာ မန်မန်ကတော့ အိမ်သာကို တစ်ယောက်တည်းသွားသည်။

အိမ်သာက ဧည့်ခန်းထဲမှာမဟုတ်ဘဲ ဧည့်ခန်း၏နောက်ဖေးတံခါးကနေ ထွက်ပြီး အိပ်ခန်းအနီးက စင်္ကြံဘက်ကို သွားမှ ရောက်သည်။

ဒီလို ဆင်ခြေဖုံးရပ်ကွက်များမှာ ဆောက်ထားတဲ့ အိမ်များက အဆင်ပြေအောင် မစဉ်းစားဘဲဆောက်ထားတတ်ကြသည်။

ဒေါ်လေးဝမ် အစာအ‌သောက်များ ပြင်ဆင်ပြီး ဆိုဖာရှေ့က ကော်ဖီစားပွဲပေါ်တင်လိုက်တဲ့အချိန်အထိ မန်မန် ပြန်ရောက်မလာသေးပေ။

သူမက မန်မန် အိမ်သာထဲမှာ အပေါ့အလေးသွားနေတာဖြစ်နိုင်တယ်လို့ တွေးမိပြီး စောင့်နေခဲ့ပေမယ့် အပြင်မှာ တဖြည်းဖြည်း မှောင်လာခဲ့ပြီ။ ဤနေ့မှာတော့ နတ်ဆိုးနှိမ်နှင်သူ ယန်ကျွင်းဇဲ ရောက်လာပြီး ထူးဆန်းမှုများကို ဖယ်ရှားပေးမယ်ဆိုတဲ့အတွက် အကြံပေးတာလား၊ သို့မဟုတ် တခြားတစ်ခုခုလားဆိုတာ သူမ မသိပေမယ့် တွန့်ဆုတ်ပြီး စိုးရိမ်ပူပန်နေမိသည်။

နှစ်မိနစ်လောက် ထိုင်ပြီး ဖုန်းကိုကြည့်ပြီးနောက် ဒေါ်လေးဝမ်က ကော်ဖီစားပွဲပေါ်ပြန်တင်ပြီး ဧည့်ခန်း၏ နောက်ဖေးတံခါးကနေ အိမ်သာဆီသို့သွားတဲ့ စင်္ကြံဆီကို သွားဖို့ ထရပ်လိုက်သည်။

မီးလုံးများကြောင့် ဒေါ်လေးဝမ်က ရုတ်တရက် တောင့်တင်းသွားပြီး အိပ်ခန်းတံခါးအနီးက ရေချိုးခန်းကို စိုက်ကြည့်လိုက်သည်။

ရေချိုးခန်းတံခါးက ဟောင်းလောင်းပွင့်နေပေမယ့် ဘာမှမရှိပေ။

သူမက အိပ်ခန်းတိုင်းကို ဖွင့်ပြီး မီးများ လိုက်ဖွင့်ကြည့်ပေမယ့် မန်မန်ကို မ တွေ့ရတော့ဘဲ သူမ၏နှလုံးခုန်နှုန်းများက မြန်လာသည်။ သူမက နောက်ဖေးခြံထဲကို အပြေးသွားပြီး အပေါ်ထပ်ကိုပါ ကြည့်လိုက်သေးသည်။ အဲဒီမှာ မိသားစုနှစ်စုက အိမ်ငှားနေကြသည်။

တတိယထပ်ကသာ မီးလင်းနေပြီး ဒုတိယထပ်က အိမ်ငှားများက မပြန်လာသေးတာကြောင့် မှောင်နေသည်။

ထိတ်လန့်သွားတဲ့ ဒေါ်လေးဝမ်က မန်မန်၏နာမည်ကို ကျယ်လောင်စွာ အော်ခေါ်ရင်း ဧည့်ခန်းကိုဖြတ်ပြီး ရှေ့ခြံထဲကို အပြေးသွားသည်။

သူမက ခြံထဲက မီးများကို ဖွင့်ကြည့်ပေမယ့် မည်သူ့ကိုမှ မတွေ့ရပေ။

ဒေါ်လေးဝမ်က လမ်းမဘက်ကို လှည့်ပြီး ဘယ်ညာကြည့်လိုက်သည်။ ဒီမှာ လမ်းမီးများမရှိဘဲ၊ ညဘက်မှာ ပတ်ဝန်းကျင်က အိမ်များ၏ မီးရောင်ကိုသာ အားပြုရတာကြောင့် မှုန်မွှားမွှားပဲ မြင်ရသည်။

နေရာအနှံ့ ကြည့်ပြီး ဘာမှမမြင်ရတဲ့အခါ သူမက မန်မန်ကို နောက်ထပ်အကြိမ်အနည်းငယ် အော်ခေါ်လိုက်သည်။

လမ်းတစ်ဖက်ကအိမ်က လူက သူမအော်သံကိုကြားပြီး အပြင်ထွက်လာကာ “အစ်မကျူ၊ ဘာဖြစ်တာလဲ” လို့ အော်မေးလိုက်သည်။

“ငါ့ မန်မန် ပျောက်သွားတယ်” လို့ ဒေါ်လေးဝမ်က ပြောလိုက်သည်။ “သူ မင်းအိမ်ကို သွားတာလား။ ဟဲနဲ့ ဆော့နေတာလား။”

“မဟုတ်ဘူး” ထိုလူက ခေါင်းခါပြပြီး “ဟဲက ညစာစားနေတာ။ ငါတို့လည်း မန်မန်ကို မမြင်ရဘူး။ ဆက်ရှာကြည့်။ အကူအညီလိုလား” လို့ မေးလိုက်သည်။

“မလိုပါဘူး” လို့ ဒေါ်လေးဝမ်က လက်ဟန်ပြလိုက်ပြီး ပိုပြီး စိုးရိမ်လာတာကြောင့် အိမ်ထဲကို ပြန်ဝင်လာခဲ့သည်။

ဧည့်ခန်းထဲကို ဝင်ဝင်ချင်း သူမက ကြောင်သွားမိသည်။ ဝမ်မန်မန်က ဆိုဖာပေါ်မှာ သူမအရင်ကထိုင်နေတဲ့နေရာမှာပဲ ဘာမှမဖြစ်သလို ပြန်ထိုင်နေသည်။

မန်မန်က အခုတော့ ခေါင်းကို အောက်ကို နည်းနည်းစောင်းထားပြီး၊ သူမ၏ပါးလွှာတဲ့ ဆံပင်ရှည်များက ပါးပေါ် ကျနေသည်။

ပန်းကန်နဲ့ တူကို ကော်ဖီစားပွဲပေါ်မှာ တင်ထားပြီး မစားဘဲ ငြိမ်သက်စွာ ကြည့်နေသည်။

ပန်းကန်လုံးလေးထဲမှာ မန်မန် အကြိုက်ဆုံးဟင်းများနဲ့ထမင်းများ ထည့်ထားပြီး၊ တူများကလည်း ဘေးမှာ တင်ထားသည်။

ဒီမြင်ကွင်းကို မြင်ပြီးတော့မှ ဒေါ်လေးဝမ်က ထူးဆန်းမှုများကြောင့် မကြာသေးခင်ကမှ စိတ်အနှောင့်အယှက်ဖြစ်နေခဲ့တာကြောင့် ချက်ချင်းပင် သတိရှိလာသည်။

အစပိုင်းမှာတော့ သူမကတုန်လှုပ်သွားပြီး မန်မန်ကို မခေါ်ရဲခဲ့ပေ။ ဧည့်ခန်းအဝင်မှာ မတ်တပ်ရပ်ရင်း ကြောက်ရွံ့နေပေမယ့် သူမရင်သွေးကို တစ်ခုခုဖြစ်မှာ ပိုကြောက်နေမိသည်။

မန်မန်က ဘာမှတုံ့ပြန်မှုမရှိဘဲ သူ့အမေကိုလည်း မော့မကြည့်ပေ။

ဒေါ်လေးဝမ်က သည်းမခံနိုင်တော့ဘဲ မန်မန်ကို ခေါ်တော့မယ့်အချိန်မှာ ကလေးက သူမ၏လက်ကို ဖြည်းဖြည်းချင်းဆန့်ထုတ်ပြီး တူများကို ကိုင်လိုက်သည်။

“မန်မန်၊ ဆာရင် စားလိုက်လေ။ ကိုယ့်ကိုယ်ကိုယ် အငတ်မနေနဲ့” လို့ ဒေါ်လေးဝမ်က ဒီမြင်ကွင်းကိုမြင်ပြီး စိတ်သက်သာရာရသွားကာ သူမကလေး အဆင်ပြေပြီလို့ တွေးလိုက်မိသည်။

သို့ပေမယ့် နောက်တော့ မန်မန်က တူများကိုယူပြီး ထမင်းနဲ့ဟင်းများပါတဲ့ ပန်းကန်လုံးထဲကို ဖြောင့်တန်းစွာ ထိုးထည့်လိုက်သည်။

ဒေါ်လေးဝမ်၏မျက်လုံးများက မယုံနိုင်လောက်အောင် ပြူးကျယ်သွားသည်။

တူများကို အဲဒီလိုထည့်တာက လူသေကို အစာ ကျွေးတဲ့အခါမှ လုပ်တာဆိုတာ သူမသိသည်။ ပြီးတော့ မန်မန်က သူမလက်ကို ပြန်ရုပ်လိုက်ပြီး အရှေ့ကိုပဲ စိုက်ကြည့်နေပြီး အစားအစာကို ထိဖို့ ရည်ရွယ်ချက် မရှိပေ။

“မန်မန်…”

ဒေါ်လေးဝမ်၏အသံက ပြင်းထန်စွာ တုန်ယင်နေသည်။ သူမခေါ်လိုက်တဲ့အချိန်မှာ မန်မန်က တုံ့ပြန်မှုမရှိပေမယ့် ရုတ်တရက် ကော်ဖီစားပွဲပေါ်က ဖုန်းက မြည်လာပြီး အခန်းထဲက တိတ်ဆိတ်မှုနဲ့ တင်းမာမှုများကို ဖြိုခွဲလိုက်သည်။

ဝင်ပေါက်ကနေ ဒေါ်လေးဝမ်က ဘယ်သူခေါ်နေလဲဆိုတာ မမြင်ရပေ။ သူမက မန်မန်ကို တစ်ချက်ကြည့်ပြီး ကော်ဖီစားပွဲနဲ့ ပိုနီးဖို့ ရှေ့ကို နှစ်လှမ်းသွားလိုက်သည်။

ထိုအချိန်မှာ မန်မန်က သူမခေါင်းကို မော့လိုက်ပြီး လည်ပင်းကို တောင့်တောင့်ကြီးလှည့်ကာ သူ့ကိုကြည့်လိုက်သည်။

ဒေါ်လေးဝမ်က ထိတ်လန့်သွားပြီး ချက်ချင်း ရပ်တန့်လိုက်ပြီး ပိုနီးအောင် မသွားရဲတော့ပေ။

ပြီးတော့ မန်မန်က သူမ၏ဆံပင်ကို ဆွဲယူပြီး ပါးစပ်ထဲကို ဝါးဖို့ ထည့်လိုက်သည်။ မမျိုချရသေးခင်မှာပဲ နောက်ထပ်တစ်ဆုပ်ကို ဆွဲယူပြီး ပါးစပ်ထဲ ထပ်ထိုးထည့်လိုက်သည်။

“မန်မန်၊ ရပ်လိုက်တော့!”

ကြောက်လန့်တကြားဖြစ်သွားတဲ့ ဒေါ်လေးဝမ်က မတွေဝေတော့ဘဲ အပြေးသွားပြီး မန်မန်၏လက်မောင်းကို ဆွဲကိုင်ကာ ဆံပင်များ ထပ်ထုတ်ပြီး မစားနိုင်အောင် တားလိုက်သည်။

ကိုယ့်၏ကြောက်ရွံ့မှုကို ဘယ်လိုပင် ဂရုမစိုက်စေကာမူ ဒေါ်လေးဝမ်က မန်မန်ကို သူ့ကိုယ်သူ အနာတရမဖြစ်အောင် တားဆီးရမည်။

မန်မန်က ရုတ်တရက် ဒေါ်လေးဝမ်၏ရင်ခွင်ထဲကို ပြေးဝင်လာသည်။ ဒေါ်လေးဝမ်က အံတင်းတင်းကျိတ်ထားပြီး မဖယ်ရှားတော့ပေ။ သူမက မန်မန်ကို တင်းကျပ်စွာ ပွေ့ဖက်ထားပြီး ကြောက်လန့်တကြားနဲ့ “မန်မန်၊ မလှုပ်နဲ့တော့၊ မေမေ ဒီမှာရှိတယ်၊ မေမေ ဒီမှာရှိတယ်…” လို့ပြောလိုက်လေသည်။

All Chapters