← Chapters

လေဟာနယ်ဘုံမှ သတင်းများ

Vol. 153 Ch. 2173

လေဟာနယ်ဘုံမှ သတင်းများ

Vol. 153 Ch. 2173

ရီဖူရှင်းနှင့် သူ့လူများက ဆင်းသက်လိုက်သည်။ နတ်ဘုရားဂူဗိမာန်၏ အရှေ့ လွတ်နေသော မြေနေရာတွင် နယ်မြေသခင်အိမ်တော်မှ တိုက်ခိုက်ရေးသမားများ ရပ်ကာ စောင့်ကြပ်နေခဲ့သည်။ သူ၏ အရှေ့တွင် ထိပ်သီးကျင့်ကြံရေးအင်အားစုများမှ တန်ခိုးရှင်များစွာ ရောက်ရှိနေပြီး ဖြစ်သည်။

“အဲဒီကိုသွားရအောင်။” သွမ့်ထျန်းရှုံနှင့် အဘိုးမာလည်း ထိုနေရာသို့ ရောက်နေကြသည်။ သူတို့က သူတို့၏ အပေါင်းအပါများကို ဦးဆောင်ကာ ထိုနေရာသို့ ခေါ်သွားခဲ့သည်။

ယနေ့သည် နတ်ဘုရားဂူဗိမာန်ကို ဖွင့်လှစ်သော နေ့ဖြစ်ပြီး နယ်​မြေသခင်က ကိစ္စရပ်များ ဆွေးနွေးရန် စုဝေးထားသော နေ့လည်း ဖြစ်သည်။

ထိပ်သီးကျင့်​ကြံခြင်းအင်အားစုများမှ လူများသည်လည်း ထိုနေရာသို့ တစ်ယောက်ပြီးတစ်ယောက် ရောက်လာကြပြီ ဖြစ်သည်။ သူတို့ထဲမှ အချို့က စကားပြောဆိုနေကြစဥ် အခြားလူများက သူတို့ထံ လျှောက်လာကြသည်။

နန်ဟိုင်ကလန်၏ ခေါင်းဆောင်က သွမ့်ထျန်းရှုံနှင့် အဘိုးမာကို ကြည့်လိုက်ပြီးနောက် သူ့အကြည့်များက ရီဖူရှင်းထံ ကျရောက်လာသည်။

“ဒီနေ့ ဆွေးနွေးပွဲမှာ ကိုယ်စားပြုအနေနဲ့ သူ လာတာ မဟုတ်ဘူးလား။” နန်ဟိုင်ကလန်၏ ခေါင်းဆောင်က အဘိုးမာကို မေးလိုက်သည်။ ကလန်ခေါင်းဆောင်သည် လေးမျက်နှာကျေးရွာ၌ အပြောင်းအလဲများဖြစ်စဥ် ထွက်ပေါ်လာသော သုံးယောက်ထဲမှ တစ်ယောက်ဖြစ်သည်။ ကလန်ခေါင်းဆောင်ရည်ညွှန်းသော ထိုလူသည် ရွာမှ မှန်းဆ၍ မရနိုင်သော စွမ်းအားနှင့် တစ်စုံတစ်ယောက်ကို ပြောခြင်းဖြစ်သည်။ သူ၏ စွမ်းအားက ထိုသုံးယောက်ထက် အနည်းငယ်မျှ လျော့နည်းလိမ့်မည် မဟုတ်ပေ။

ထို့ကြောင့် သူတို့သည် ရွာမှ ပြန်ထွက်ခွာသွားပြီး သူတို့၏ လူများကိုလည်း ဆုတ်ခွာရန် ညွှန်ကြားခဲ့ကာ လေးမျက်နှာကျေးရွာ၏ တည်ရှိမှုကို အသိအမှတ် ပြုခဲ့သည်။

ထိုဆရာသခင် သုံးယောက်သည်ပင် ရွာအား သိမ်းပိုက်ရန် မဖြစ်နိုင်ခဲ့ပေ။ သူတို့က ထိုသို့ လုပ်ဆောင်လျှင်ပင် ပေးဆပ်ရမည်က သူတို့တတ်နိုင်သည်ထက် ကျော်လွန်နေပေလိမ့်မည်။ ထို့ကြောင့် သူတို့က ထိုသို့ အန္တရာယ်ကို တာဝန်မခံနိုင်ကြပေ။

ထို့အပြင် သူတို့သည် ထိုဆရာသခင်က ရွာနှင့် ထူးခြားသော ပတ်သတ်မှုအချို့ ရှိသည်ကို ခံစားမိပေသည်။ သူတို့က ရွာအတွင်း၌ ဆရာသခင်ကို ဆန့်ကျင်၍ ပြုမူလှုပ်ရှားခဲ့လျှင် သူတို့အတွက် အကျိုးသာ ယုတ်စေပေလိမ့်မည်။

နယ်မြေသခင်က စည်းဝေးပွဲကျင်းပသည့် ယခု အခြေအနေ၌ပင် ဆရာသခင်က မျက်နှာပြရန် ဆန္ဒမရှိပုံပေါ်လေသည်။ ထိုသည်မှာ လူအများအတွက် ဆရာသခင်ကို ပို၍ ထူးခြားဆန်းကြယ်သူ ဖြစ်ကြောင်း ခံစားမိစေပေသည်။

“ဆရာသခင်က သီးသန့်နေထိုင်ပြီး ရွာရဲ့ အရေးကိစ္စတွေကိုတောင် ဝင်မစွက်ဖက်ဘူး။ နယ်မြေသခင်က သူ့ကို နားလည်မယ်ဆိုတာ ကျုပ် သေချာတယ်။” အဘိုးမာက ပြန်ဖြေလိုက်ပြီး နန်ဟိုင်ကလန်ခေါင်းဆောင်က ရယ်သွမ်းသွေးလိုက်သည်။ အခြားကျင့်ကြံခြင်းအင်အားစုများမှ တစ်ယောက်ပြီးတစ်ယောက် ရောက်ရှိလာခဲ့သည်။

ထိုအချိန်တွင် လူတစ်စုရောက်ရှိလာပြီး ဦးဆောင်လာသူမှာ အခြားမဟုတ်ဘဲ ကျိုးမုဟွမ်ဖြစ်လေသည်။ သူက သူ့လူများနှင့် အတူ ရောက်လာခြင်း ဖြစ်သည်။ ကျိုးလင်ရှီးက သူတို့ကြားတွင် ရှိနေခဲ့သည်။

ထို့နောက် သူမက ရီဖူရှင်းကို ကြည့်ကာ အပြုံးနှင့် ခေါင်းညိတ်ပြလိုက်သည်။ ရီဖူရှင်းသည်လည်း တူညီသည့် အမူအရာနှင့် ပြန်နှုတ်ဆက်လိုက်သည်။ ရှားရှင်းယွန်၏ မျက်လုံးများက ထိုနှစ်ယောက်ကြား၌ အနည်းငယ် ကူးလူးသွားပေသည်။

'သေစမ်း...' သိမ်းငှက်လေးက တွေးလိုက်သည်။ သူသည် ခေါင်းကို အဝေးသို့ လွှဲလိုက်ရင်း မည်သည့်အရာမှ မသိသလို ဟန်ဆောင်နေလိုက်သည်။

ကျိုးလင်ရှီးသာလျှင် မဟုတ်ဘဲ နတ်မိမယ်ချီဟွမ်၊ ပိုင်ယန်၊ မော့ခယ်၊ မုယွင်လန်နှင့် အခြားလူအနည်းငယ်ကလည်း ရီဖူရှင်းကို ဂရုတစိုက် အကဲခတ်လိုက်သည်။ ၎င်းသည် သူသည် ရှန်ချင်းနယ်မြေ၌ အကြာကြီး​နေခဲ့ခြင်း မဟုတ်သော်လည်း သူ၏ လုပ်ဆောင်ချက်များက ကျယ်ကျယ်ပြန့်ပြန့် ပျံ့နှံ့သွားကာ သူ့ကို နယ်မြေအတွင်းမှ ထိပ်သီးပုဂ္ဂိုလ်တစ်ယောက် ဖြစ်လာစေသည်။ သူ၏ မျိုးဆက်အတွင်း သူနှင့် ယှဥ်နိုင်သူ အနည်းငယ်သာ ရှိသည်။ ထို့ကြောင့် ထိပ်သီးအင်အားစုများ စုဝေးရာ အခမ်းအနားအတွင်း သူက အာရုံစိုက်မှု အများအပြားကို ဆွဲဆောင်မိနေခြင်း ဖြစ်ပေသည်။

“လူတိုင်းကို ကြိုဆိုပါတယ်။” လူတစ်ယောက်က မြေပြင်သို့ ဆင်းသက်လာသည်။ သူက အခြားမဟုတ်ဘဲ နယ်မြေသခင်ကျိုး ဖြစ်သည်။ သူက လူအုပ်ကြီးကို ကြည့်ကာ ပြောလိုက်သည်။ “ဆွေးနွေးဖို့အတွက် နတ်ဘုရားဂူဗိမာန်ထဲ သွားကြရအောင်။”

“ကောင်းပြီ။” လူတိုင်းက ခေါင်းညိတ်လိုက်သည်။ နယ်မြေသခင်က ဦးဆောင်၍ အခြားထိပ်သီးအင်အားစုများမှ ပုဂ္ဂိုလ်များသည်လည်း သူ့နောက်မှ လိုက်ပါသွားကြသည်။ သွမ့်ထျန်းရှုံနှင့် အဘိုးမာကလည်း လမ်းလျှောက်သွားကြသည်။ အခြားတန်ခိုးရှင်များသည်လည်း နောက်မှလိုက်ကာ နတ်ဘုရားဂူဗိမာန်သို့ သွားခဲ့ကြသည်ယေ

ကျိုးလင်ရှီးက ခြေလှမ်းများကို နှေးချလိုက်ကာ ရီဖူရှင်းတို့အဖွဲ့နှင့်အတူ လျှောက်သွားခဲ့သည်။ သူမက မကြာခင်၌ ရီဖူရှင်း ရှေ့သို့ ရောက်လာပေသည်။

“လွန်ခဲ့တဲ့ ရက်တွေမှာ ရှင့်ကျင့်ကြံခြင်းက ဘယ်လိုနေလဲ။” ကျိုးလင်ရှီးက ရီဖူရှင်းကို ကြည့်ကာ မေးလိုက်သည်။ သူမက မှတ်ချက်ချလိုက်၏။ “ရှင့်ရဲ့ အရှိန်အဝါက နည်းနည်း ပြောင်းလဲသွားသလိုပဲ။ အရမ်းကြီး သိသာတာမျိုး မဟုတ်ပေမယ့် သတိထားမိဖို့တော့ လုံလောက်ပါတယ်။”

“အပြောင်းအလဲတချို့ ဖြစ်တာတော့ တကယ်ပဲ။ အရင်က နတ်ဘုရားခေါင်းတလားကနေ အတော်လေး သင်ယူလေ့လာနိုင်ခဲ့ပြီး ကျုပ်ရဲ့ မဟာလမ်းစဥ်အပေါ် နားလည်မှုက နက်ရှိုင်းလာသလို ထင်ရတယ်။” ရီဖူရှင်းက ပြန်ဖြေလိုက်သည်။

“အဲဒီလိုကိုး။” ကျိုးလင်ရှီးက ပြုံးကာ ဆက်ပြောလိုက်၏။ “နတ်ဘုရားဂူဗိမာန်က တည်ဆောက်ပြီးသွားပြီ။ ရှင် အဲဒီမှာ သွားပြီး ကျင့်ကြံလို့ရတယ်လေ။ ကြည့်ရတာ နောက်တစ်ဆင့် ရောက်ဖို့ သိပ်မကြာလောက်တော့ဘူး ထင်တယ်။”

“အဲဒီလို မျှော်လင့်ပါတယ်။” ရီဖူရှင်းက ခေါင်းညိတ်လိုက်ကာ လူအများနှင့်အတူ ဂူဗိမာန်ထဲ လျှောက်ဝင်သွားခဲ့သည်။

နတ်ဘုရားဂူဗိမာန်ကို တည်ဆောက်ထားသည့် နည်းလမ်းက ခမ်းနားထည်ဝါသည်။ အတွင်း၌ လျှောက်လမ်းတစ်ခု ရှိပြီး မနီးမဝေးတွင် ကျောက်တုံးတံခါးတစ်ချပ်ရှိသည်။  တံခါးက ပွင့်နေပြီး ဘေးတစ်ဖက်တစ်ချက်တွင် ရန်ဟောင်အစောင့်အကြပ်များ ရှိနေသည်။

“ဒီတံခါးမှာ ဝင်္ကပါအစီအရင် ခင်းကျင်းထားတယ်။ ပြီးတော့ ဒီသီးခြားအဆောက်အအုံထဲနဲ့ ပေါင်းစပ်သွားတာ။ အစောင့်အကြပ်နှစ်ယောက်ကလည်း ဒီမှာစောင့်နေသေးတော့ ဘယ်သူမှ အတင်းအကျပ် ထိုးဖောက်ပြီး ဂူဗိမာန်ထဲကို ဝင်ရောက်နိုင်မှာ မဟုတ်ဘူး။ ကျုပ်တို့လို အဆင့်မျိုး မဟုတ်ရင်ပေါ့။” နယ်မြေသခင်ကျိုးက မိတ်ဆက်ပေးလိုက်သည်။ “တခြားထက်ကို နတ်ဘုရားဂူဗိမာန်က သီးခြားအဆောက်အအုံတစ်ခု ဖြစ်ပြီး ကြီးမားတဲ့ ဝင်္ကပါအစီအရင်လည်း ဖုံးလွှမ်းထားတယ်။ ကျူးကျော်သူတွေ အထဲကို ရောက်လာရင် ဝင်္ကပါအစီအရင်ကို ချက်ချင်း အသက်သွင်းပြီး ဒီနေရာကို ချိပ်ပိတ်လိုက်လိမ့်မယ်။ အရမ်းအစွမ်းထက်တဲ့ လူတွေသာ မဟုတ်ရင် ထွက်ပြေးလွတ်မြောက်နိုင်စွမ်း ရှိမှာ မဟုတ်ဘူး။”

“နယ်မြေသခင်က တကယ်ကို စိတ်နှစ်ထားတာပဲ။” လူတိုင်းက ခေါင်းညိတ်လိုက်သော်လည်း အမှန်တကယ် စိတ်ရင်းပါခြင်းတော့ မဟုတ်ပေ။ နတ်ဘုရားဂူဗိမာန် တည်နေရာသည် အကြမ်းဖျင်းအားဖြင့် နယ်မြေသခင်အိမ်တော်၏ ထိန်းချုပ်မှုအောက်၌ ရှိနေသည်ဟု ဆိုနိုင်ပေသည်။ လူတိုင်းက နတ်ဘုရားရုပ်ကြွင်းကို လေ့လာလိုလျှင် ထိုနေရာသို့ သွားရောက်ရပေလိမ့်မည်။

သူတို့ကို လမ်းတလျှောက် ဖြတ်သန်းခေါ်ဆောင်သွားပြီး နတ်ဘုရားဂူဗိမာန်အတွင်းမှ အလွန် ခမ်းနားထည်ဝါသော နန်းတော်တစ်ခုသို့ ရောက်ရှိလာသည်။ နယ်မြေသခင်က နတ်ဘုရားခေါင်းတလား တည်ရှိသည့် လေဟာနယ်နေရာတစ်ခုလုံးကို ထိုနေရာ၌ ရွှေ့ထားခြင်း ဖြစ်သည်။ ကျောက်တိုင်များက လေထဲတွင် ရှိနေပြီး လှေကားများလည်း ရှိနေသည်။ သံသယဖြစ်ဖွယ်မရှိ ထိုအထက်တွင် နတ်ဘုရားခေါင်းတလား ရှိပေသည်။

ထို့ကြောင့် နတ်ဘုရားဂူဗိမာန်၏ အဓိက​နေရာက မျှော်စင်သဏ္ဌာန်ရှိသည်။ မျှော်စင်အနီးနံရံများပေါ်တွင် လေထဲ၌ ရစ်ဝဲနေသော ကျင့်ကြံရေး စင်မြင့်များက မတူညီသည့် နေရာများ၌ ရှိနေသည်။ စင်မြင့်များ၏ ရှေ့တွင် ထိုင်ခြင်းက ခေါင်းတလားအတွင်းရှိ နတ်ဘုရားရုပ်ကြွင်းကို မြင်နိုင်မည် ဖြစ်သည်။ ထို့အပြင် သူတို့ နောက်သို့ လှည့်လိုက်လျှင် နံရံများကိုသာ မြင်နိုင်မည်ဖြစ်ပြီး ၎င်းတို့ပေါ်တွင် နတ်အလင်းများကြောင့် အရောင်များလင်းနေပေသည်။

နတ်ဘုရားဂူဗိမာန် တစ်ခွင်လုံး အစွမ်းထက်သော ဝင်္ကပါအစီအရင်တစ်ခုကဲ့သို့ ထင်မှတ်ရပေသည်။

နေရာက မရှုပ်ထွေးဘဲ အလွန် ရိုးရှင်းသည်ဟု ပြောနိုင်ပေသည်။ ထိုနေရာက ကျင့်ကြံခြင်းအတွက် အဓိက အသုံးပြုနိုင်သည့် နေရာတစ်ခုအဖြစ် တည်ဆောက်ထားခြင်းဖြစ်ရာ လုံခြုံကာ ခိုင်ခံ့ရန်သာ လိုအပ်ပြီး ရှုပ်ထွေးသော အပြင်အဆင်များ မလိုပေ။

“အဲဒီက နတ်ဘုရားခေါင်းတလားနဲ့ ကျင့်ကြံဖို့ ကြိုက်တဲ့ အချိန် လာလို့ရတယ်။” ထို့နောက် နယ်မြေသခင်က ထပ်ပြောလိုက်သည်။ “ကျုပ် ခင်ဗျားတို့ကို ဒီနေရာ ဆင့်ခေါ်ရတဲ့ တခြားကိစ္စတစ်ခု ရှိသေးတယ်။ အဲဒါက ကောင်းကင်ဒေသရဲ့ စစ်ရေးအခြေအနေကို ဆွေးနွေးဖို့ပဲ။ ခင်ဗျားတို့ အားလုံး နှစ်ပေါင်းများစွာ ကျင့်ကြံခဲ့တာ လွန်ခဲ့တဲ့ နှစ်ရာချီလောက်က ဘာတွေ ဖြစ်ခဲ့လဲဆိုတာ ရင်းနှီးမယ်လို့ ထင်ပါတယ်။ လေဟာနယ်ဘုံကို သွားတဲ့ လမ်းပွင့်သွားကတည်းက ထပ်သီးအင်အားစုတွေမှာ အဲဒီကို သွားရောက်လေ့လာကြတဲ့ သူတွေ ရှိတယ်။ အဲဒီမှာ လေဟာနယ်ဘုံကို စိတ်ဝင်စားနေတဲ့ ကောင်းကင်ဒေသအပြင်ဘက်က အင်အားစုတွေလည်း ပါဝင်ပြီး ကောင်းကင်ဒေသရဲ့ အင်အားစုတွေနဲ့ ထိပ်တိုက်တွေ့ခဲ့တယ်။ ဒီနှစ်တွေထဲ လေဟာနယ်ဘုံမှာ ဖြစ်ပွားတဲ့ စစ်ပွဲက ပြင်းထန်လာခဲ့တယ်ဆိုတဲ့ အကြောင်းကို ခင်ဗျားတို့ ကြားမိသေးလား သိချင်မိတယ်။”

ရီဖူရှင်း၏ နှလုံးသားက ပြင်းထန်စွာ တုန်ယင်သွားခဲ့သည်။ သူ ကောင်းကင်ဒေသကို ရောက်ကတည်းက သူ ထိန်းချုပ်ရန် အသုံးပြုထားသော နတ်ဆိုးသားရဲအချို့အပါအဝင် လေဟာနယ်ဘုံနှင့် အဆက်အသွယ်အားလုံး ပြတ်တောက်သွားခဲ့သည်။ သူသည် ကောင်းကင်ဒေသကို ဝင်ရောက်လာသည်နှင့် အချို့အဆက်အသွယ်များကို အပြည့်အဝ ဖြတ်တောက်ပစ်ခဲ့သည်။ သူသည် ဤဘုံနှစ်ခုက လုံးဝ ကွဲပြားခြားနားသည်ဟု ယူဆခဲ့သည့်အတွက် ထိုသို့ လုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်။

သို့သော် နယ်မြေသခင်က လက်ရှိ လေဟာနယ်ဘုံတွင် စစ်ပွဲဖြစ်ပွားနေသည်ဟု ပြောခဲ့သည်။

သူသည် ထိုစစ်ပွဲ၌ လေဟာနယ်ဘုံတစ်ခုလုံး ပါဝင်နေသည်လား သိချင်မိ၏။

သူသည် လေဟာနယ်ဘုံမှ သူ သိသောသူ အားလုံး အဆင်ပြေလား သိချင်မိသည်။

သူက သူတို့အတွက် အနည်းငယ် စိတ်ပူလာပေသည်။ နှစ်များစွာ ကုန်လွန်သွားပြီး သူက အလွန် လုံ့လရှိရှိ ကျင့်ကြံခဲ့ကာ သူ ရန်ဟောင်အထွတ်အထိပ်အဆင့် ရောက်သည့်အခါ ပြန်သွားနိုင်ရန် တွေးထားခဲ့သည်။ သို့သော် သူက သတင်းကြားကြားချင်း နှလုံးသားက န​စ်မြုပ်သွားခဲ့ပြီး ချက်ချင်း ပြန်သွားနိုင်ရန်ကလွဲလျှင် အခြားမလိုချင်တော့ပေ။

“ကျုပ်တို့ တချို့အကြောင်းတွေတော့ ကြားထားပေမယ့် အများကြီးမသိထားဘူး။” လုကလန်ခေါင်းဆောင်က ပြောလိုက်သည်။ အခြားအင်အားစုအချို့က လေဟာနယ်ဘုံအကြောင်း စိတ်ဝင်စားသော်ငြား သူတို့က သူတို့၏ လူများထဲမှ မဟုတ်ပေ။

“မှော်နက်စစ်တပ်က လေဟာနယ်ဘုံကို ကျူးကျော်လာပြီး ဒီနှစ်တွေတလျှောက် သဘောတူညီချက်က အကျုံးမဝင်တော့ဘူးလို့ ဆိုတယ်။ သူတို့က စစ်ပွဲဖြစ်ချင်နေကြတယ်။ တခြားအင်အားစုတွေလည်း တစ်ချိန်တည်း ပေါ်လာပုံရတယ်။ တော်ဝင်နန်းတော်က သတင်းတွေအရ ယခု စစ်ပွဲက ပြန့်လာတော့မယ့် အရိပ်အယောင်ရှိတယ်။ ပြီးတော့ မှော်နက်စစ်တပ်က တပ်ဖွဲ့ဝင်တွေ ပိုမိုစုဆောင်းပြီး အဲဒီမှာ သူတို့အတွက် လမ်းရှင်းပေးဖို့ မှော်နက်လောကရဲ့ စစ်တပ်ကို အမိန့်ပေးခဲ့တယ်။ ကောင်းကင်ဒေသက အခု ဖိအားတွေ အများကြီးအောက်မှာ ကျရောက်နေပြီး နယ်မြေဆယ့်ရှစ်ခုရဲ့ ပံ့ပိုးမှုကို လိုအပ်နေတယ်။ ခင်ဗျားတို့အားလုံးက ရှန်ချင်းနယ်မြေရဲ့ ထိပ်သီးအင်အားစုတွေပဲ။ တော်ဝင်နန်းတော်က ကျုပ်တို့ကို အလိုရှိရင် ခင်ဗျားတို့အားလုံးက ပူးပေါင်းပြီး အစွမ်းထက်ဆုံး တန်ခိုးရှင်တွေ ပို့ပေးဖို့ မျှော်လင့်ပါတယ်။ ခင်ဗျားတို့အားလုံး ဘယ်လိုထင်လဲ။”

နယ်မြေသခင်က ဖြေးညင်းစွာ ဆက်ပြောလိုက်သည်။ “ပြီးတော့ တစ်စုံတစ်ယောက်ရဲ့ ရဲစွမ်းသတ္တိကို စမ်းသပ်ဖို့ ကြီးမားတဲ့ အခွင့်အရေးလည်း ဖြစ်တယ်။ အဲဒီကို နယ်မြေ ၁၈ ခုရဲ့ အင်အားစုတွေပဲ သွားမှာ မဟုတ်ဘူး။ ကောင်းကင်ဒေသအပြင်ဘက်က အင်အားစုတွေလည်း ပါဝင်လိမ့်မယ်။ ဒါက အချိန်တစ်ခုထိတော့ ငြိမ်းချမ်းဖို့ ခက်ခဲတဲ့ ဖြစ်ရပ်တစ်ခုပဲ။”

“မှော်နက်စစ်တပ်က လေဟာနယ်ဘုံကို စစ်မြေပြင် ဖြစ်စေချင်နေတာလား။” နန်ဟိုင်ကလန်ခေါင်းဆောင်က မေးလိုက်သည်။

“အဲဒီလို ဖြစ်နိုင်တယ်။” နယ်​မြေသခင်က ခေါင်းညိတ်လိုက်သည်။

“စီနီယာ အခု လေဟာနယ်ဘုံမှာ ဘယ်လိုအခြေအနေရှိလဲ။” ရီဖူရှင်းက အတော်လေး စိုးရိမ်ပူပန်မှုကို ခံစားနေရတာကြောင့် မေးလိုက်သည်။

“ကျုပ်က လေဟာနယ်ဘုံမှာ မဟုတ်တော့ အဲဒီမှာ ဘယ်လိုအခြေအနေ ဖြစ်နေလဲ သေချာမသိဘူး။ ခင်ဗျားတို့ အဆင်ပြေမယ်ဆိုရင် ခင်ဗျားတို့အင်အားစုတွေမှာ လူစုဖို့ ကျုပ်လူတွေ လွှတ်လိုက်မယ်။ ဒါပေမယ့် ဆန္ဒမရှိတဲ့သူ ရှိရင် ပါဝင်ဖို့ အတင်းဖိအားပေးမှာ မဟုတ်ဘူး။” နယ်​မြေသခင်က ဆက်ပြောလိုက်သည်။

လူတိုင်းက ခေါင်းညိတ်လိုက်ပြီး နယ်မြေသခင်အား ထောက်ခံနေပုံပေါ်ပေသည်။ သို့သော် သူတို့စေလွှတ်မည့် တိုက်ခိုက်ရေးသမားများက မည်မျှ အစွမ်းထက်မည်ဟု ဆုံးဖြတ်ရမည်မှာ သူတို့အပိုင်းသာ ဖြစ်သည်။ ဤသို့သော အခြေအနေအောက်တွင် ထိုတောင်းဆိုချက်မျိုးကို မည်သူမှ ငြင်းဆန်လိမ့်မည် မဟုတ်ပေ။

“ခင်ဗျားတို့အားလုံးကို ကျေးဇူးတင်ပါတယ်။” နယ်မြေသခင်က ပြောလိုက်သည်။ “နတ်ဘုရားဂူဗိမာန် ​ဆောက်လို့ ပြီးသွားပြီဆိုတော့ ခင်ဗျားတို့အားလုံး ဒီမှာ ခဏနေဦးမယ်ဆိုတာ သေချာပါတယ်။ ကျုပ်က ဒီမှာ အိမ်ရှင်ဖြစ်ပေမယ့် ခင်ဗျားတို့ကို မည်မည်ရရ ဧည့်မခံရသေးဘူး။ ဒါကြောင့် အိမ်တော်မှာ စားသောက်ပွဲတစ်ခု တည်ခင်းပေးဖို့ ရည်ရွယ်ထားတယ်။ အခု အဲဒီကို သွားကြမယ်ဆိုရင်ရော ဘယ်လိုလဲ။”

လူတိုင်းက ခေါင်းညိတ်လိုက်ပြီး အပြင်ဘက်သို့ မထွက်ခင် နတ်ဘုရားခေါင်းတလားကို တစ်ချက်ကြည့်လိုက်ကြသည်။ အပြင်ဘက်၌ တန်ခိုးရှင်အများအပြား စုဝေးနေကြသော်လည်း အဓိကအင်အားစုများမှ မဟုတ်သူများက နတ်ဘုရားဂူဗိမာန်အတွင်း ဝင်ရောက်ခွင့်မရခဲ့ပေ။

မရေတွက်နိုင်သော မျက်လုံးများက နတ်ဘုရားဂူဗိမာန်အတွင်း ထွက်လာသူတို့ကို ကြည့်နေကြသည်။ နယ်မြေသခင်က အပြင်၌ စောင့်နေသူများအား ပြောလိုက်သည်။ “နတ်ဘုရားဂူဗိမာန်က အခု တည်ဆောက်ပြီးစီးသွားပြီ။ လိုအပ်ချက်နဲ့ ကိုက်ညီတဲ့ ဘယ်သူမဆို အထဲကို ဝင်ရောက်ကျင့်ကြံနိုင်မယ့် အခွင့်အရေး ရှိတယ်။ ဒါပေမယ့် ကျုပ်ရဲ့ သတိပေးချက်က အရင်ကနဲ့ အတူတူပဲ။ သတိမထားဘဲ မလှုပ်ရှားပါနဲ့။”

လူတိုင်းက သူဆိုလိုသည်ကို နားလည်ကြပေသည်။ မဟာအင်ပါယာ ရှန်ကျား၏ ရုပ်ကြွင်းက မည်မျှ အန္တရာယ်များကြောင်း မသိသူ မရှိပေ။

ထိုနေရာတွင် ပြောစရာရှိသည်အား ပြောပြီးနောက် နယ်မြေသခင်နှင့် အစွမ်းထက် တန်ခိုးရှင်များက လေထဲသို့ ခြေလှမ်းကာ နယ်မြေသခင်အိမ်တော်သို့ ဦးတည်လိုက်၏။ အချို့တန်ခိုးရှင်များက ရှေ့၌ စကားပြောဆိုနေကြစဥ် ရီဖူရှင်း၏ မျက်ခုံးများက တင်းကျပ်စွာ စုကျုံ့နေခဲ့သည်။ ရှားရှင်းယွန်က ထိုအချိန်၌ သူ၏ ခံစားချက်များကို နားလည်ပေသည်။ သူမသည်လည်း ထိုနေရာမှ ကိစ္စများကို စိတ်ပူနေခဲ့သည်။ သူတို့၏ မိတ်ဆွေများ မိသားစုများ အားလုံးက ထိုနေရာ၌ ရှိနေခဲ့ပြီး ထိုနေရာတစ်ခုလုံးသာ စစ်မြေပြင် ဖြစ်လာခဲ့ပါက မည်သို့အခြေအနေဖြစ်လိမ့်မည်ကို မပြောနိုင်ပေ။

“အဆင်ပြေမှာပါ။” ရှားရှင်းယွန်က သူမကိုယ်တိုင် စိတ်ပူနေပါသော်လည်း သူ့အား နှစ်သိမ့်လိုက်သည်။

“အင်း။” ရီဖူရှင်းက ခေါင်းညိတ်လိုက်၏။ သူသည် ယခုအချိန်၌ ထိုနေရာသို့ ပြန်သွားပြီး အခြေအနေများကို တတ်နိုင်သမျှ မြန်မြန် စစ်ဆေးနိုင်ဖို့သာ ဆန္ဒရှိပေသည်။

***

All Chapters