← Chapters

အပြောင်းလဲကြီး ပြောင်းလဲသွားတဲ့ ဆက်ဆံရေးတွေ

Vol. 34 Ch. 496

အပြောင်းလဲကြီး ပြောင်းလဲသွားတဲ့ ဆက်ဆံရေးတွေ

Vol. 34 Ch. 496

“ငါတို့ရဲ့နတ်ဆရာ ပြောတာက ငါတို့ရဲ့နတ်ဘုရားတွေက ငါတို့ မြောက်ပိုင်းလူရိုင်းမျိုးနွယ်ကို ကမ္ဘာကြီးရဲ့အုပ်စိုးရှင် ဖြစ်လာစေချင်တယ်တဲ့၊ ပြီးတော့ နတ်လက်နက်တွေက ငါတို့ရဲ့ဘုရင်မင်းမြတ် နယ်မြေချဲ့ထွင်နိုင်ဖို့ ကူညီ‌နိုင်လိမ့်မယ်လို့ ပြောခဲ့သေးတယ်၊ နတ်ဘုရားတွေက ငါတို့အတွက် နတ်လက်နက်တွေ ပေးသနားတော်မူခဲ့တယ်၊ ဒါက တစ်သက်မှာ တစ်ခါကြုံရတဲ့ အခွင့်အရေးပဲ။ မော့ချန်နဲ့ ကျင့်ရှီလျိုမြောင်ကို ဖယ်ရှားနိုင်တာနဲ့ အနောက်မြောက်တစ်ခုလုံးကို ငါတို့ မြောက်ပိုင်းပြည်ထောင်က ပိုင်ဆိုင်နိုင်လိမ့်မယ်”

နှလုံးသားဆီမှ ပေါ်ထွက်လာသည့် နာကျင်ကိုက်ခဲမှုကို တောင့်မခံနိုင်တော့သည့် ဝူးအိုက်ဟန်က သူ သိသမျှ ဖွင့်ပြောလာခဲ့သည်။

ရှောင်းကျဲယွိက ထိုစကားကို နားထောင်လေလေ ထိုစကားများကို ပြောသည့်သူက ချိုးယုံခန်းဖြစ်နိုင်လေလေဟု ခံစားနေရသည်။ စူးချင်းကလည်း အလားတူ ခံစားနေရသည်။ စူးချင်းက ရှောင်းကျဲယွိကို တစ်ချက်ကြည့်လိုက်ပြီး လျှို့ဝှက်ဆန်းကြယ်သော အပြုံးတစ်ခုကို လှစ်ဟပြလိုက်သည်။

ရှောင်းကျဲယွိက စူးချင်း၏အတွေးကို ချက်ချင်း နားလည်လိုက်သည်။

သူတို့က ချိုးယုံခန်းရဲ့လုပ်ရပ်တွေကို တိုက်ရိုက်သွားမတားဘဲ အကျိုးဆက်တွေကို အရင် ခံစားခွင့်ပေးလိုက်မယ်။

“စစ်သည်တို့ လာကြစမ်း၊ ဝူးအိုက်ဟန်ရဲ့ခေါင်းကို ဖြတ်လိုက်”

စူးချင်းက သူမတို့ကို ကာကွယ်ပေးနေသည့် သက်တော်စောင့်များအား အမိန့်ပေးလိုက်သည်။ နောက်ဆုံးတွင် စူးချင်းက သူ့ကို အမြန်သေခွင့်ပေးလိုက်ပြီဖြစ်ကြောင်း သိလိုက်ရသောကြောင့် ဝူးအိုက်ဟန်၏မျက်လုံးများတွင် စိတ်လှုပ်ရှားမှုများ ပြည့်နှက်လာခဲ့သည်။

အခုအချိန်မှာ သူ အမြန်သေဖို့ပဲ ဆန္ဒရှိတော့တယ်။

ရှောင်းကျဲယွိက လွှမ်းမိုးချုပ်ကိုင်မှုအပြည့်ဖြင့် အမိန့်ပေးလိုက်သည်။

“ဖမ်းဆီးခံထားရတဲ့ မြောက်ပိုင်းလူရိုင်းတွေရဲ့ နောက်ထပ်ခေါင်းဆောင်ကို ရှာပြီး ဝူးအိုက်ဟန်ရဲ့ခေါင်းကို သူ့ဆီပေးလိုက်၊ သူတို့ရဲ့ဧကရာဇ်ဆီကို အဲ့ခေါင်းပြန်ယူသွားခိုင်းလိုက်။ ပြီးတော့ ငါ့ရဲ့ ရာဇသံကိုပါ ထည့်ပေးလိုက်မယ်၊ မြောက်ပိုင်းလူရိုင်းတွေရဲ့ ခွေးဧကရာဇ်က ငါရဲ့မော့ချန်ကို ကျူးကျော်တိုက်ခိုက်ဖို့ သတ္တိရှိလာပြီဆိုရင် အဲ့နေ့က သူတိုင်းပြည်ပျက်သုန်းတဲ့နေ့ ဖြစ်လာမယ်လို့ ပြောလိုက်"

စူးချင်းက ရှောင်းကျဲယွိကို ကြည့်ကာ ပြုံးနေခဲ့သည်။

သူက သူမ ဘာဆက်လုပ်မယ်ဆိုတာကို အမြဲတမ်း ခန့်မှန်းနိုင်တယ်။ ဒါက သူမအတွက် သူ့ရဲ့ခြွင်းချက်မရှိ ထောက်ပံ့မှုပဲ။

သူတို့က မြောက်ပိုင်းလူရိုင်းများကို တိုက်ခိုက်ရန် ဆုံးဖြတ်လိုက်သောကြောင့် စောစီးစွာ ပြင်ဆင်ကြရတော့သည်။ ပထမဦးစွာ မြို့ရိုးများကို ပြန်ပြုပြင်ပြီး ပြိုကျပျက်စီးသွားသော မြို့တံခါးများကို ပြန်လည်တည်ဆောက်ရမည် ဖြစ်သည်။ ထို့အပြင် မြောက်ပိုင်းလူရိုင်းများ၏ မြေပြင်အနေအထားက ရှုပ်ထွေးသောကြောင့် အမှားအယွင်း မရှိစေရန် မြေပုံများကိုလည်း ပြင်ဆင်ရမည် ဖြစ်သည်။

မြောက်ပိုင်းလူရိုင်းများက အလယ်ပိုင်းလွင်ပြင်မှ လူများကို မြင်လိုက်သရွေ့ သတ်ပစ်ကြမည် ဖြစ်သောကြောင့် မြေပြင်အနေအထား ထောက်လှမ်းရန် ကင်းထောက်များလည်း မလွှတ်နိုင်ပြန်ပေ။ ရှောင်းကျဲယွိက ထိုနေရာကို သူကိုယ်တိုင် သွားရန် တွေးနေခဲ့သော်လည်း ချန်ယွိက သူ့ကို တားဆီးလိုက်သည်။

“သခင်လေး၊ အချိန်တိုင်း သခင်လေးပဲ စွန့်စားနေဖို့ မလိုပါဘူး။ သခင်လေးကိုယ်တိုင် အန္တရာယ်တောကို တိုးဝင်ရမယ်ဆိုရင် ငါတို့စစ်သည်တွေကို ဘာအတွက် လိုနေဦးမှာလဲ?"

“ဦးလေးချန်၊ ဦးလေးမှာ အကြံကောင်းတွေ ရှိလို့လား?”

ရှောင်းကျဲယွိက ချန်ယွိကို ပြန်မေးလိုက်သည်။ ချန်ယွိက လက်သီးအုပ်ကာ ပြန်ဖြေလိုက်သည်။

“သခင်လေး၊ စစ်တပ်ထဲမှာ မြောက်ပိုင်းလူရိုင်းနွယ်ဖွား စစ်သည်တစ်ယောက် ရှိတယ်။ သူရဲ့ဘိုးဘွားအိမ်က မြောက်ပိုင်းလူရိုင်းပြည်ထောင်မှာ ရှိနေသေးတယ်”

"ဒီလူက အားကိုးလို့ရပါ့မလား?"

ရှောင်းကျဲယွိက သူ့စစ်တပ်တွင် မြောက်ပိုင်းလူရိုင်းအနွယ်ဝင်များ ရှိနေမည်ဟု မမျှော်လင့်ထားခဲ့ပေ။ ထို့ကြောင့် သူ အနည်းငယ် စိတ်ပူနေခဲ့သည်။

“သူ့နာမည်က ဝူနကျီရန်ပါ။ သူ့အဖေက မြောက်ပိုင်းလူရိုင်းမျိုးနွယ်က ဆိုပေမယ့် သူ့အမေက မော့ချန်ကပါ။ သူက ငါတို့နဲ့အတူ နှစ်ပေါင်းများစွာ အေးအတူပူအမျှ နေထိုင်ခဲ့ပြီး သေခြင်းတရားကိုတောင် မကြောက်ဘဲ မော့ချန်ကို အတူတူ ကာကွယ်လာခဲ့တာပါ၊ သူ့ကို ယုံကြည်စိတ်ချလို့ရပါတယ်”

ချန်ယွိက ဝူနကျီရန်အတွက် အာမခံပေးခဲ့ပြီး ထိုလူ၏စရိုက်က လုံးဝ ယုံကြည်ရကြောင်း ပြောပြလာခဲ့သည်။

"ကောင်းပြီလေ၊ ဒါဆိုလည်း အဲ့လို လုပ်ကြတာပေါ့!"

ရှောင်းကျဲယွိက သဘောတူလိုက်ပြီး ဝူနကျီရန်ကို သွားခေါ်ခိုင်းလိုက်သည်။ သူက ဝူနကျီရန်အား သူကိုယ်တိုင် စစ်ရေးမြေပုံရေးဆွဲနည်း သင်ပေးရန် စီစဥ်နေသည်။

ရှောင်းကျဲယွိ၏ ပြီးပြည့်စုံသော အစီအမံများကို မြင်လိုက်ရသောကြောင့် စူးချင်းက သူတို့ကို စိတ်မပူတော့ဘဲ သူတို့ဘာသာ လွှတ်ပေးထားလိုက်သည်။ သူမ ကျိရှောင်ယင်၊ လီရွှမ်းအာနှင့် တခြားသူများအား မတွေ့ရသည်မှာ ကြာနေပြီ ဖြစ်သောကြောင့် ယခု သူမ အားလပ်နေတုန်း သူမတို့ကို သွားတွေ့ရန် ဆုံးဖြတ်လိုက်သည်။

စူးချင်းက ကျိရှောင်ယင် တည်းခိုနေသည့် လီရွှမ်းအာ၏အိမ်သို့ ရောက်ရှိလာခဲ့သည်။ ထောင်ဟွားဝူမှ ထွက်ပြေးတိမ်းရှောင်လာခဲ့သော ရွာသားများ၏ မိသားစုများက ထိုအနီးနား ပတ်ဝန်းကျင်တွင် စုရုံးနေထိုင်နေကြသည်။ စူးချင်းကို တွေ့လိုက်ချိန်တွင် သူတို့အားလုံးက ကြောက်ရွံ့ထိတ်လန့်နေကြပြီး သူမကို စကားမပြောဝံ့ကြဘဲ အိမ်ထဲသို့ ပြန်ဝင်သွားကြသည်။

စူးချင်းက သူမ၏ခြေလှမ်းမျာကို ခတ္တရပ်တန့်လိုက်သည်။ သူမ၏ အမူအရာက မပြောင်းလဲသော်လည်း သူမ၏ စိတ်ထဲတွင်တော့ အနည်းငယ် ဝမ်းနည်းသွားရသည်။

အရင်တုန်းက သူမ ဒီလူတွေကို ကာကွယ်ပေးခဲ့ဖူးပြီး ဒီလူတွေကလည်း သူမနဲ့ ရွှေရှန့်ရဲ့ကာကွယ်ပေးမှုအောက်မှာ ပျော်ပျော်ရွှင်ရွှင် စည်းစည်းရုံးရုံးနဲ့ နေထိုင်ခဲ့ကြတယ်။ အခု သူတို့က သူမကို မြင်တာနဲ့ သိသိသာသာ ရှောင်ဖယ်သွားတယ်တဲ့လား? ရီချင်စရာ ကောင်းလိုက်တာ၊ ထားလိုက်ပါတော့၊ စိတ်ဆိုးမနေတော့ပါဘူးလေ၊ တူညီတဲ့ လူတန်းစား မဟုတ်ရင် ရင်းရင်းနှီးနှီးနေဖို့ မဖြစ်နိုင်တာ့ဘူး၊ သူတို့က မိတ်ဟောင်းဆွေဟောင်းတွေ ဆိုရင်တောင် သူတို့ကို ဆွဲခေါ်ပြီး စကားတွေပြောဖို့ ဘာအကြောင်းပြချက်မှ ရှိမနေတော့ဘူး။

"အစ်မစူးချင်း"

ကျန်းယွိရန်က စူးချင်းကို မြင်သွားပြီး စိတ်လှုပ်ရှားစွာ ‌အော်ခေါ်လိုက်သည့်အပြင် စူးချင်းဆီသို့ ပြေးလာပြီး သူမ၏လက်ကို အားရပါးရ ဆုပ်ကိုင်လိုက်သည်။ သူမ၏ မျက်နှာကလည်း ယခင်ကထက် နွေးထွေးနေပြီး သူမ၏အပြုံးလေးများက တောက်ပနေဆဲပင်။

ကျန်းယွိရန်၏ ထိုအပြုအမူလေးများက စူးချင်း၏ ကျဆင်းနေသော စိတ်အခြေအနေကို ရုတ်တရက် ပြန်တက်လာစေပြီး စိတ်ပြန်ကြည်လင်လာစေသည်။

ဟုတ်တယ်၊ အဲဒီလိုလူတွေအတွက် စိတ်ဓာတ်ကျနေစရာ မလိုပါဘူး။ သူမရဲ့ အကာအကွယ်ပေးမှုနဲ့ ထိုက်တန်တဲ့သူတွေ ရှိနေတုန်းပဲ။

"စူးချင်း"

အဒေါ်လီကလည်း ရေညစ်များကို သွန်ရန် အပြင်သို့ ထွက်လာခဲ့ပြီး စူးချင်းကို မြင်သွားကာ အားရပါးရ အော်ခေါ်လိုက်သည်။ သို့သော် ခဏအကြာတွင် သူမလည်း ရှို့တို့ရှန်းတန်း ဖြစ်သွားပုံရသည်။

ချိုးမိသားစု၏အဖြစ်အပျက်က လူတိုင်းကို သင်ခန်းစာတစ်ခု သင်ပေးခဲ့ပြီး ယခု စူးချင်းနှင့် ရှောင်းကျဲယွိတို့က အရင်လူများ မဟုတ်တော့ကြောင်း နားလည်သွားစေခဲ့သည်။ သူတို့က ရှောင်းကျဲယွိနှင့် တစ်ရွာတည်းမှ ဖြစ်သည်ဟူသောအချက်ကို အားကိုးကာ ရင်းနှီးမှုကို အလွဲသုံးစားလုပ်နေမည့်အစား သူ့အပေါ် လေးစားမှုရှိရန်နှင့် နာခံမှုရှိရန် လိုအပ်လာပြီ ဖြစ်သည်။

စူးချင်းက အဒေါ်လီ၏အမူအရာ အပြောင်းအလဲကို သတိပြုမိသွားခဲ့သည်။ သို့သော်လည်း အဒေါ်လီက သူမကို ရှောင်ဖယ်သွားခဲ့သော အခြားမိသားစုများနှင့်မတူဘဲ အဒေါ်လီ၏စိတ်ထဲတွင် သူမအတွက် အမှန်တကယ် ရင်းနှီးမှုများ ရှိနေသေးသည်ကို စူးချင်း ခံစားလိုက်ရသည်။

ထို့ကြောင့် သူမကို ယခင်ကကဲ့သို့ လှမ်းခေါ်လိုက်သည်။

"အ‌ဒေါ်လီ"

စူးချင်းက သူမကို အဒေါ်လီဟု ခေါ်နေဆဲဖြစ်ကြောင်း ကြားလိုက်ရချိန်တွင် အဒေါ်လီ၏ မျက်လုံးများက နီရဲလာခဲ့သည်။ သူမက သူမလက်ထဲမှ ရေညစ်ပုံးကို ချက်ချင်း ချထားလိုက်ပြီး စူးချင်းကို အိမ်ထဲသို့ နွေးနွေးထွေးထွေး ဖိတ်ခေါ်လိုက်သည်။

"စူးချင်း၊ မင်း စိတ်မရှိရင် ငါတို့အိမ်ထဲကို ခဏလောက် ဝင်ထိုင်ပါလား? ခန်က နွေးနေတုန်းပဲ။ ရှောင်ယင်လည်း ငါတို့အိမ်မှာ ရှိနေတယ်။ မင်းဦးလေးကို သိုးတစ်ကောင် သတ်ခိုင်းပြီး ရွှေရှန့်ကိုလည်း သွားခေါ်ခိုင်းလိုက်မယ်၊ မြောက်ပိုင်းလူရိုင်းတွေကို မောင်းထုတ်နိုင်ခဲ့တဲ့အတွက် ငါတို့ အောင်ပွဲခံကြမယ်"

“အင်း!”

စူးချင်းက မပြုံးလာသေးသော်လည်း သူမ၏အသံက ယခင်ကထက် ပိုညင်သာနေပြီး ပိုရင်းနှီးပုံပေါ်လာခဲ့သည်။ စူးချင်းက ပေါင်းသင်းဆက်ဆံရ ပိုလွယ်ကူလာသောကြောင့် အဒေါ်လီပင် အံ့အားသင့်နေခဲ့သည်။ မည်သို့ပင်ဖြစ်စေ သူမလည်း ပျော်ရွှင်ရသည်ပင်။

ကျိရှောင်ယင်နှင့် လီရွှမ်းအာတို့က အိမ်ထဲတွင် ပန်းထိုးနေကြသည်။ ကျိရှောင်ယင်က သူမ၏စိတ်အခြေအနေ ပိုကောင်းလာစေရန် နေ့တိုင်း မရပ်မနား အလုပ်လုပ်နေခဲ့သည်။ စူးချင်း၏အသံကို ကြားလိုက်ရချိန်တွင် သူမ အလွန်စိတ်လှုပ်ရှားသွားပြီး သူမ၏လက်ထဲမှ ပန်းထိုးအပ်ကို အမြန်ပစ်ချလိုက်သည်။ ထို့နောက် သူမ၏ယောင်းမကို တွေ့ရန် အိမ်အပြင်သို့ ပြေးထွက်လာခဲ့သည်။

သူမ၏ယောင်းမ ခြံဝင်းထဲသို့ ဝင်လာနေသည်ကို လှမ်းမြင်လိုက်ရ‌သော ကျိရှောင်ယင်က ယောင်းမဖြစ်သူကို အကျယ်ကြီး အော်ခေါ်လိုက်သည်။

“ယောင်းမ”

"ရှောင်ယင်၊ ငါ မင်းကို တွေ့ဖို့ ရောက်လာပြီ"

ပိန်ပါးလွန်းနေသည့် ကျိရှောင်ယင်ကို မြင်လိုက်ရသောကြောင့် စူးချင်း၏နှလုံးသားလည်း အနည်းငယ် နာကျင်သွားရသည်။ သို့သော်လည်း ထိုအရာက လူတစ်ယောက် ရင့်ကျက်လာရန် မဖြစ်မနေ ဖြတ်သန်းရမည့်အရာများဖြစ်ကြောင်းကိုလည်း သူမ နားလည်နေသေးသည်။

အခု ဘယ်သူမှ ရှောင်ယင်ကို နှစ်သိမ့်ပေးနိုင်မှာ မဟုတ်ဘူး။ ဒီအခြေအနေကို သူမကိုယ်တိုင်ပဲ ကျော်လွှားရမှာ။

"ယောင်းမ၊ အရမ်း သတိရတယ်"

ကျိရှောင်ယင်၏မျက်လုံးများက နီရဲလာပြီး သူမက စူးချင်းကို ပွေ့ဖက်ကာ သူမ၏မျက်နှာကို စူးချင်း၏ပခုံးပေါ်သို့ မှောက်ချလိုက်သည်။

သူမ သူမရဲ့အစ်ကိုကြီးနဲ့ ယောင်းမကို တကယ်လွမ်းနေပြီ။

သူမရဲ့အစ်ကိုကြီးနဲ့ အစ်မစူးချင်းတို့ရဲ့ မင်္ဂလာပွဲကို မတက်နိုင်ခဲ့တဲ့အတွက်လည်း စိတ်မကောင်းဘူး။ ပြီးတော့ သူတို့ကလည်း အိမ်ထောင်ကျပြီးတာနဲ့ တိုက်ခိုက်ဖို့ ထွက်သွားကြပြန်တယ်။ အစ်ကိုကြီးနဲ့ ယောင်းမကို မတွေ့ရတာ တစ်လခွဲကျော်နေပြီ။

သူမက အစ်ကိုကြီးနဲ့ ယောင်းမ နှစ်သစ်အထိ ပြန်မလာနိုင်သေးဘူးလို့ ထင်ထားခဲ့တာ။ သူမရဲ့ယောင်းမနဲ့ အစ်ကိုကြီးက အမြန်ပြန်‌ရောက်လာပြီး သူမကို အံ့အားသင့်စေမယ်လို့တော့ သူမ မမျှော်လင့်ထားခဲ့ဘူး။

“ရှောင်ယင် လွမ်းနေတာကို သိလို့ ပြန်လာတာလေ"

စူးချင်းက သူမကို နူးနူးညံ့ညံ့ နှစ်သိမ့်ပေးလိုက်သည်။ သူမက အမြဲတမ်း ကျိရှောင်ယင်ကို စိတ်ရှည်သည်းခံခဲ့ပြီး ကျိရှောင်ယင်၏နာကျင်မှုများအတွက်လည်း ထပ်တူနီးပါး ခံစားပေးနိုင်သူ ဖြစ်သည်။

“ဒီယောင်းမကြီးက ရှောင်ယင်အတွက် အရသာရှိတဲ့ အစားအစာတွေ ချက်ပေးမယ်။ ရှောင်ယင် အရမ်းပိန်သွားတယ်"

“အင်း ညီမလေး ကူညီပေးပါ့မယ်”

သူမ၏ယောင်းမက သူမအတွက် အရသာရှိသည့်အစားအစာများ ချက်ပေးမည်ဟု ကြားလိုက်သောကြောင့် ကျိရှောင်ယင်က ချက်ခြင်း ဝမ်းသာသွားတော့သည်။ သူမက ဟိုယခင်အတိတ်မှ ကျိရှောင်ယင်ကဲ့သို့ အပြစ်ကင်းစင်စွာ ပြုံးနေလေသည်။

ကျိရှောင်ယင် ပျော်ရွှင်နေပြီး ပြုံးနေသည်ကို မြင်လိုက်ရသောကြောင့် စူးချင်းက သူမကို သေသေချာချာ အကဲခတ်လိုက်သည်။

နောက်ဆုံးတော့ ရှောင်ယင်က ဒီဝမ်းနည်းမှုတွေထဲကနေ ထွက်လာနိုင်တော့မယ့်ပုံပဲ။

အဒေါ်လီကလည်း အမှန်တကယ် ပျော်ရွှင်ကာ တက်ကြွနေလေသည်။ သူမက စူးချင်းတို့ကို ဧည့်ခံရန် စိတ်အားထက်သန်နေပြီး သူမ၏ခင်ပွန်းနှင့် သားဖြစ်သူကို သိုးသွားသတ်ရန် ချက်ချင်း စေလွှတ်လိုက်သည်။ ကျန်းယွိရန်၏မိဘများက စူးချင်းက လီမိသားစု၏အိမ်သို့ ရောက်ရှိနေကြောင်း ကြားလိုက်သည်နှင့် ကြက်အိုကြီးတစ်ကောင်ကို သတ်ကာ လာပို့ပေးကြသည်။ သူတို့က စူးချင်းနှင့် ရှောင်းကျဲယွိအား အစားကောင်းများ စားသောက်စေချင်နေကြသည်။

“ကောင်းကောင်းစားကြဟေ့၊ ကောင်းမွန်တဲ့ အစားအစာတွေကို များများစားပေးမှ ရန်သူတွေကို ခုခံနိုင်စွမ်းရှိမှာပေါ့။ ငါတောင်မှ မြို့ရိုးပြန်ပြင်ရန် သွားကူညီဖို့ လူအိုကြီးလီနဲ့ ပြောဖြစ်ကြသေးတယ်။ ငါတို့အနေနဲ့ မော့ချန်ကို ကာကွယ်ဖို့ တိုက်ခိုက်ပေးနေတဲ့ ‌ရှောင်းမိသားစုစစ်တပ်ကိုပဲ အားကိုးနေလို့ မဖြစ်ဘူး။ ငါတို့အားလုံး အတူတကွ ပူးပေါင်းပြီး ငါတို့ရဲ့နေထိုင်တဲ့နေရာကို ကာကွယ်ကြရမယ်”

ကျန်းယွိရန်၏ဖခင်က တော်တော်လေးရဲရင့်ပြီး အနည်းငယ် သွေးပူကာ တက်ကြွနေသေးသည်။ သူက စူးချင်းအား သူနှင့် ဦးလေးလီတို့၏အစီအစဉ်အကြောင်း ပြောပြခဲ့သည်။ သူတို့နှစ်ယောက်သာမက သူတို့၏သားများလည်း ကျောက်မီးသွေးတွင်းသို့ မသွားလျှင် မြို့ရိုးသို့ သွားကူညီရမည် ဖြစ်သည်။ အင်အားစိုက်ထုတ်ရသည့်အလုပ်များကို မလုပ်နိုင်သော သူတို့၏သမီးများက ရေနှင့် အစားအစာ ပို့ပေးခြင်းမျိုးကဲ့သို့သော တာဝန်များကို ယူကြရမည် ဖြစ်သည်။ ရှောင်းမိသားစုစစ်တပ်က မြို့ကို ကာကွယ်နေချိန်တွင် သူတို့ကလည်း တက်နိုင်သည့်ဘက်မှ ဝိုင်းကူရန် ဆုံးဖြတ်ထားကြသည်။

ဖခင်ကျန်း၏ စကားကို ကြားလိုက်ရချိန်တွင် စူးချင်းက သူမနှင့် ‌ရှောင်းကျဲယွိတို့ သူ့တို့အတွက် အသက်စွန့်ကာကွယ်ပေးနေခြင်းက ထိုက်တန်သည်ဟု ခံစားလိုက်ရသည်။

အနည်းဆုံးတော့ သူတို့က ဘယ်လို ကျေးဇူးတင်ရမယ်ဆိုတာ သိနေသေးတယ်။

အရင်တုန်းက သူမရဲ့ယောက္ခမက သာမန်ပြည်သူတွေကို အကာအကွယ်ပေးခဲ့တယ်၊ အဲ့ဒါက ရှောင်းမိသားစုစစ်တပ်ကို ချစ်မြတ်နိုးတဲ့ သူ့ရဲ့စိတ်ရင်းကို အခြေခံပြီး ဖြစ်ပေါ်လာတဲ့ ကာကွယ်ပေးချင်စိတ် ဖြစ်နေနိုင်တယ်လို့တောင် သူမ တွေးမိလာပြီ။

ရှောင်းကျဲယွိက သူ စီမံစရာရှိသည့်အလုပ်များကို ပြီးပြည့်စုံအောင် စီစဥ်ပေးနေခဲ့ပြီး သူအလုပ်ပြီးသွားချိန်မှ စူးချင်းတစ်ယောက် ကျိရှောင်ယင်ကို တွေ့ရန် လီမိသားစုအိမ်သို့ သွားနေကြောင်း သူ သိလိုက်ရသည်။ သူလည်း နောက်မှ အပြေးအလွှားလိုက်လာခဲ့ပြီး လီမိသားစုအိမ်နားသို့ ရောက်ခါနီးတွင် သူ့ကို ‌အော်ခေါ်လိုက်သည့်အသံကို ကြားလိုက်ရသည်။

All Chapters