← Chapters

သူ လှည့်ကွက်နဲ့ သူ့ကို ပြန်တိုက်မယ်

Vol. 34 Ch. 504

သူ လှည့်ကွက်နဲ့ သူ့ကို ပြန်တိုက်မယ်

Vol. 34 Ch. 504

မြောက်ပိုင်းလူရိုင်းစစ်သည်နှစ်ယောက်က ကျန်းယွိရန်ကို မည်သို့မျှ မလွှတ်ပေးနိုင်ပေ။ သူတို့က ရာထူးတိုးရန်နှင့် ဆုလာဘ်များရရှိနိုင်ရန် မျှော်လင့်နေကြသေးသည်။ သို့သော် သူတို့ စူးချင်းကိုလည်း ကြောက်ရွံ့နေကြသည်။ သူတို့ထဲမှ တစ်ယောက်က ရှေ့မှ ပိတ်ဆို့ထားပြီး ကျန်တစ်ယောက်က ကျန်းယွိရန်ကို ချုပ်နှောင်ထားသည်။ သူတို့ မြောက်ပိုင်းလူရိုင်းမျိုးနွယ်၏နယ်နမိတ်ထဲသို့ ဝင်ရန် ခြေလှမ်းရာဂဏန်းမျှသာ လိုအပ်တော့သည်။ မြောက်ပိုင်းလူရိုင်းပြည်ထောင်ထဲသို့ ဝင်သွားနိုင်သည်နှင့် သူတို့ လုံခြုံသွားပေလိမ့်မည်။ ထို့ကြောင့် သူတို့က သူတို့၏ကြိုးစားအားထုတ်မှုများကို အလဟသ မစွန့်ပစ်နိုင်သေးပေ။

"ငါ နင်တို့ကို အခွင့်အရေး ပေးခဲ့တယ်၊ ဒါပေမယ့် နင်တို့က မလိုချင်ကြဘူး"

စူးချင်းက အေးစက်စွာ ပြုံးနေရင်း ပေါ့ပေါ့ပါးပါး ပြောလိုက်သည်။ သူမ စကားဆုံးသွားသည်နှင့် ရုတ်​တရက်​ ​လေပြင်းတစ်​ချက်တိုက်ခတ်လာပြီး နှင်းများ လွင့်တက်လာသည်​။ သူတို့ဆီသို့ ပြေးဝင်လာသည့် နှင်းများကြောင့် မြောက်ပိုင်းသားရိုင်းစစ်သည်နှစ်ယောက်က မျက်လုံးမဖွင့်နိုင်ဖြစ်နေကြပြီး လေငြိမ်သွား၍ သူတို့၏မျက်လုံးများ ပြန်ဖွင့်လိုက်ချိန်တွင် စူးချင်းက တစ္ဆေတစ်ကောင်ကဲ့သို့ သူတို့ရှေ့၌ မားမားမတ်မတ် ရပ်နေပြီ ဖြစ်သည်။ သူမက လျှပ်စီးကြောင်းကဲ့သို့အရှိန်နှင့်အတူ သူတို့၏ ခန္ဓာကိုယ်ပေါ်ရှိ အပ်စိုက်မှတ်များကို နှိပ်ချလိုက်သည်။

ကျန်းယွိရန်ကို ဓားစာခံအဖြစ် ဖမ်းချုပ်ထားသည့် မြောက်ပိုင်းလူရိုင်းစစ်သည်က သူမ၏နှလုံးသားကို ဓားဖြင့် ချိန်ရွယ်ထားရင်း တောင့်တင်းသွားတော့သည်။ စူးချင်းက အချိန်ဖြုန်းရန် အလွန်ပျင်းရိနေပြီး သူ့လက်ကို အေး‌အေးဆေးဆေး ဆွဲဖယ်ကာ ကျန်းယွိရန်ကို ဆွဲထုတ်လိုက်သည်။

စူးချင်းက ပေါ့ပေါ့ပါးပါးဟန်ဖြင့် သူ့လက်ကို ဆွဲဖယ်လိုက်သော်လည်း ကံဆိုးမိုးမှောင်ကျသွားသည့် မြောက်ပိုင်းလူရိုင်းစစ်သည်က ပြင်းထန်သောနာကျင်မှုကို ခံစားလိုက်ရပြီး သူ၏မျက်နှာက ရှုံမဲ့သွားသည်။ ထိုနောက် အော်ဟစ်သံနှင့်အတူ နှင်းပြင်ပေါ်သို့ လဲကျသွားကာ သူ သတိလစ်သွားပုံရသည်။

စူးချင်း၏ ရက်စက်ကြမ်းကြုတ်မှုကို မြင်လိုက်ရသော အခြား မြောက်ပိုင်းလူရိုင်းစစ်သည်ကလည်း အလွန်အမင်း ကြောက်ရွံ့တုန်လှုပ်နေပြီ ဖြစ်သည်။ သူ ထွက်ပြေးချင်နေသော်လည်း ပြေးရန်နေနေသာသာ လှုပ်ပင်မလှုပ်နိုင်တော့ပေ။ စူးချင်းက သူ့၏ညီအစ်ကိုအား ဓားဖြင့် ထိုးသတ်နေသည်ကို သူ ကြည့်နေရပြီး သူ အသက်ရှင်နိုင်ရန် မျှော်လင့်ချက်ဖြင့် မျက်လုံးများမှတဆင့် တောင်းပန်နေခဲ့သည်။ သို့သော် စူးချင်းက သူ့ကို အသက်ရှင်ရန် အခွင့်အရေး ပေးခဲ့ပြီး သူက မယူခဲ့ခြင်းသာ ဖြစ်သည်။ ယခုအချိန်တွင် သူ့အတွက် နောင်တရစရာ အခွင့်အလမ်း မရှိတော့ပေ။

စူးချင်းက ထိုမြောက်ပိုင်းလူရိုင်းတပ်သားနှစ်ဦးကို သတ်လိုက်ပြီး သူမ နောက်မှ သက်တော်စောင့်များက အလောင်းများကို ကိုင်တွယ်ရန် ချက်ချင်းရောက်လာကြသည်။ ဒူးဆစ်အထိ နက်သော နှင်းများဖြင့် ဝန်းရံနေသည့် ပတ်ဝန်းကျင်းတွင် ထိုအလောင်းများကို ဖြေရှင်းရန်က လွယ်ကူလွန်းလှသည်။ ထိုအလောင်းများကို နှင်းထဲသို့ ပစ်ချကာ မြုပ်နှံလိုက်ရုံသာ ဖြစ်သည်။

ကျုံးယုံက သူ့ဆရာ ကျန်းယွိရန်အား ကယ်တင်နိုင်ခဲ့သည်ကို မြင်သွားပြီး စိတ်လှုပ်ရှားစွာ ပြေးလာခဲ့သည်။ သူက လူတိုင်း၏အကြည့်များကို လျစ်လျူရှုလိုက်ပြီး ကျန်းယွိရန်ကို သူ့ရင်ခွင်ထဲသို့ ဆွဲသွင်းကာ တင်းတင်းကျပ်ကျပ် ပွေ့ဖက်ထားသည်။

"ယွိရန် အဆင်ပြေသွားပြီ၊ ဘာမှ မဖြစ်တော့ဘူး”

ထိုသို့ပြောပြီးနောက် သူက အဆုတ်ထိပ်မှအသံဖြင့် အော်ဟစ်ငိုယိုနေပြန်သည်။

ဒါက သူ့ဘဝမှာ ပထမဆုံးအကြိမ် ကြောက်လန့်သွားခြင်းပဲ၊ သူ သေလုနီးပါး ကြောက်လန့်ခဲ့ရတယ်။

သူမ၏တပည့် ပါးစပ်အကျယ်ကြီးဖြဲကာ အော်ငိုနေသည်ကို မြင်လိုက်ရချိန်တွင် စူးချင်းတစ်‌ယောက် သူမ၏မျက်နှာမှ အကြောများ အေးခဲတောင့်တင်းသွားသလို ခံစားလိုက်ရသည်။

'ရှက်စရာကောင်းလိုက်တာ!'

"ရှောင်ချီ၊ ငါတို့ လာခဲ့တဲ့လမ်းကို နင် မှတ်မိပြီလား?"

နောက်ဆုံးတွင် စူးချင်းက တပည့်ဖြစ်သူ၏ ကိုယ်ရေးကိုယ်တာကိစ္စများကို ဂရုမစိုက်တော့ပေ။ သူမ ဤနေရာသို့ ရောက်လာရသည့် ရည်ရွယ်ချက်က မြေပုံဆွဲရန်သာ ဖြစ်ပြီး ယနေ့ညက တိုက်စစ်ဆင်ရန် အကောင်းဆုံးအခွင့်အခါ ဖြစ်သည်။

"သခင် ရှောင်ချီက မြေပုံတောင် ဆွဲထားပြီးပါပြီ"

ရှောင်ချီက အပြုံးလေးဖြင့် သတင်းပြန်ပို့လာခဲ့သည်။ သူမက သခင်ဖြစ်သူ၏ အတွေးကြောင့် လမ်းတစ်လျှောက်လုံး အလုပ်ကြိုးစားလာခဲ့သည်။ သူမက လမ်းတစ်လျှောက်ရှိ လမ်းကြောင်းများကို မှတ်သားရန် စနစ်ကို အသုံးပြုကာ မြေပုံတစ်ခု မှတ်သားရေးဆွဲထားပြီး ဖြစ်သည်။ ယခု သူမက သူမ၏သခင်အတွက် မြေပုံ ထုတ်ပေးလိုက်ပြီး သခင်ဆီမှ ချီးကျူးစကားကို စောင့်မျှော်လျက် သသူမ၏မျက်လုံးဝိုင်းဝိုင်းကြီးများဖြင့် စူးချင်းကို မော့ကြည့်နေလေသည်။

"တော်တယ်"

စူးချင်းက ရှောင်ချီကို ချီးကျူးလိုက်သည်။ သူမတို့နှစ်ယောက်ကြားမှ သခင်နှင့် အစေခံ ဆက်ဆံရေးတွင် နားလည်မှုတိုးတက်လာပြီး ပူးပေါင်းဆောင်ရွက်မှုက ပို၍ ပို၍ ကောင်းမွန်လာခဲ့သည်။ စူးချင်းက ရှောင်ချီအား အမိန့်ပေးစရာပင် မလိုတော့ပေ။

"သူ့ကို ဖမ်းကြစမ်း!"

စူးချင်းက မော့ချန်သို့ ပြန်ရန် သူမ၏လူများအား အမိန့်ပေးခါနီးတွင် မြောက်ပိုင်းလူရိုင်းများ၏ ဒေသိယဘာသာစကားဖြင့် အော်ဟစ်သံများကို ကြားလိုက်ရသည်။

"ပုန်းနေလိုက်ကြ"

စူးချင်းက အားလုံးကို နှင်းပြင်ထဲသို့ လှဲချရန် အချက်ပြလိုက်သည်။ သူမကိုယ်တိုင်ကတော့ လေနှင့် နှင်းထဲတွင် ရပ်နေပြီး မြောက်ပိုင်းလူရိုင်းနယ်စပ်ကို လှမ်းကြည့်နေလေသည်။ နှင်းပြင်ပေါ်သို့ လဲပြိုသွားသည့် အရိပ်မဲတစ်ခုကို သူမ တွေ့လိုက်ရပြီး ၎င်း၏နောက်တွင် ဓားများ ကိုင်ဆောင်ထားသည့် မြောက်ပိုင်းလူရိုင်းစစ်သည်တစ်ဒါဇင်ကျော် လိုက်ပါလာသည်။

အရှေ့မှ ပြေးနေသူက နှင်းပြင်ပေါ်မှ ပြန်ထရန် ရုန်းကန်နေပြီး ဆက်ပြေးရန် ကြိုးစားနေခဲ့သော်လည်း သူ့၏ဒဏ်ရာများက အလွန်ပြင်းထန်ပုံရပြီး သူ ပြန်မထနိုင်တော့ပေ။ မြောက်ပိုင်းလူရိုင်းစစ်သည်များက သူ့ကို နှင်းပြင်ပေါ်မှ ဆွဲမလိုက်သည်။ သူ့ခန္ဓာကိုယ်က မတည်မငြိမ် ဖြစ်နေပြီး လဲကျလုနီးပါးဖြစ်နေသောကြောင့် မြောက်ပိုင်းလူရိုင်းစစ်သည်နှစ်ဦးက ထိုလူ့ကို သူတို့၏မြင်းတွင် ချည်နှောင်ကာ ပြန်ဆွဲသွားရန် ပြင်ဆင်နေကြသည်။

ထိုအခိုက်အတန့်တွင် စူးချင်းက မြောက်ပိုင်းလူရိုင်းများ၏ မြေပြင်အနေအထားကို ကင်းထောက်ရန်အတွက် ရှောင်းကျဲယွိ စေလွှတ်လိုက်သော ဝူးနကျီရန်ကို ပြန်သတိရသွားခဲ့သည်။ ထို့ကြောင့် မြောက်ပိုင်းလူရိုင်းစစ်သည်များ သူ့ကို ပြန်မဆွဲခေါ်သွားနိုင်ခင် သူမ အမိန့်ပေးလိုက်သည်။

“ဘယ်သူ့ကိုမှ ထွက်မသွားစေနဲ့”

အမိန့်ပေးသံနှင့်အတူ စူးချင်းက ထိုလူအား မြင်းတွင် ချည်နှောင်ရန် ကြိုးစားနေသည့် မြောက်ပိုင်းလူရိုင်းစစ်သည်ကို ချက်ချင်း သတ်ပစ်လိုက်သည်။ ထို့နောက် သူမက ကြိုးကို ဖြတ်ပြီး ထိုလူကို နှင်းပြင်ပေါ်မှ ပြန်ဆွဲတင်လိုက်သည်။ ၏

တကယ်ကို ဝူးနကျီရန်ပဲ။

ဝူးနကျီရန်က သူ့ကိုယ်သူ အဆုံးသတ်သွားပြီဟု ထင်နေခဲ့သော်လည်း သခင်လေး၏ ဇနီးသည်က နတ်ဘုရားကဲ့သို့ ရောက်လာပြီး သူ့ကို ကယ်တင်ပေးခဲ့သည်။ သူ့မျက်လုံးများတွင် ကျေးဇူးတင်လွန်းသောကြောင့် ဖြစ်ပေါ်လာသာည့် မျက်ရည်များ ရစ်သိုင်းနေလေသည်။

"သခင်မလေး"

"အင်း၊ အခု အဆင်ပြေသွားပြီ"

စူးချင်းက ခေါင်းညိတ်လိုက်သည်။

သူမ အရင်က ဒီလူ သစ္စာဖောက်သွားမှာကို စိုးရိမ်ခဲ့ဖူးတယ်။ ဒါပေမယ့် အခုတော့ သူမရဲ့ သံသယတွေ လွန်ကဲနေပုံပဲ။

ဝူးနကျီရန်၏ဒဏ်ရာများ အလွန်ပြင်းထန်သည်ကို မြင်လိုက်ရသောကြောင့် သူမက ကုသဆေးအချို့ကို ထုတ်ကာ သက်တော်စောင့်တစ်ဦးထံသို့ လှမ်းပေးပြီး သူ့ကို ဆေးလိမ်းပေးခိုင်းလိုက်သည်။

"သူ့ကို ဆေးလိမ်းပေးလိုက်"

"ဟုတ်ကဲ့"

စူးချင်းနှင့်အတူ လိုက်ပါလာသော သက်တော်စောင့်များက ဝူးနကျီရန်အား အလွန်လေးစားနေကြသည်။

မြောက်ပိုင်းလူရိုင်းပြည်ထောင်ကို တစ်ယောက်တည်း သွားရတာက အန္တရာယ်တွင်းထဲကို ဝင်သွားရသလိုပဲလေ။ ဒီလူကတော့ ဒဏ်ရာအပြင်းအထန်ရနေတာတောင် နောက်ဆုံးထွက်သက်အထိ ထွက်ပြေးဖို့ ကြိုးစားနေသေးတယ်။ ဒီသတ္တိက သူတို့ရဲ့ ကြည်ညိုမှုကို ရရှိဖို့ လုံလောက်နေပြီ။

ကျုံးယုံ၊ လီတာနျိူနှင့် ရှောင်းကျဲယွိ၏ကိုယ်ပိုင်သက်စောင့်များက တစ်ဒါဇင် သို့မဟုတ် ထို့ထက်ပိုများသော မြောက်ပိုင်းလူရိုင်းစစ်သည်များကို ဝိုင်းရံထားပြီး သူတို့ထဲမှ တစ်ဦးတစ်ယောက်မှ လွတ်မြောက်သွားခြင်း မရှိပေ။ သူတို့ တပါးသူအား ဖမ်းဆီးသတ်ဖြတ်ရန် ရောက်လာခဲ့ကြသော်လည်း သူတို့ ပြန်လမ်းမဲ့သည်အထိ လိုက်ဖမ်းခံလိုက်ရပြီး နောက်ဆုံးတွင် သူတို့သာ အသတ်ခံလိုက်ရသည်။ စူးချင်းက သူမ၏ကိုယ်ရံတော်များ ဝူးနကျီရန်အား ဆေးလိမ်းပြီး ပတ်တီးစည်းပေးနေသည်ကို စောင့်ဆိုင်းပေးနေခဲ့သည်။ ထို့နောက်မှ သူမက ခေါင်းညိတ်ကာ ဝူးနကျီရန်ကို လှမ်းပြောလိုက်သည်။

"မင်း အရမ်းတော်တယ်၊ ကြီးမားတဲ့ အကျိုးဆောင်မှုကြီးတခု လုပ်ခဲ့ပြီးပြီ"

"ကျွန်တော်အသက်ကို ကယ်တင်ပေးလို့ ကျေးဇူးတင်ပါတယ် သခင်မလေး"

ဝူးနကျီရန်က သူ့ကိုယ်သူ အားတင်းကာ စူးချင်းကို ဒူးထောက်အရိုအသေပေးလိုက်သည်။

သူ ဒီမြောက်ပိုင်းလူရိုင်းနယ်စပ်မှာ သေလုနီးပါးဖြစ်နေခဲ့ပြီး အသက်ရှင်ဖို့ မျှော်လင့်ချက်ကို စွန့်လွှတ်လုနီးပါး ဖြစ်နေခဲ့ပြီ။ ဒါပေမယ့် မမျှော်လင့်ဘဲ သခင်မလေးက ရုတ်တရက်ပေါ်လာပြီး သူ့ကို ကယ်တင်ပေးခဲ့တယ်။

အသက်ကယ်တင်ခြင်းရဲ့ကျေးဇူးကို သစ္စာစောင့်သိမှုနဲ့ တစ်သက်လုံး ပြန်ပေးဆပ်ဖို့ သူ ဆုံးဖြတ်လိုက်ပြီ။

"မြောက်ပိုင်းလူရိုင်းတွေက မင်းကို ဘယ်လို ရှာတွေ့သွားခဲ့တာလဲ?"

စူးချင်းက ဝူးနကျီရန်ကို ကူညီထူမပေးရန် သူမ၏လူများကို အမိန့်ပေးရင်း သူ့ကို ထပ်မေးလိုက်သည်။ ၏

ဝူးနကျီရန်က သူ့ကိုယ်သူ ရုပ်ဖျက်ပြီး မြောက်ပိုင်းလူရိုင်းပြည်ထောင်က သာမန်အရပ်သားတွေ ဝတ်တဲ့ အဝတ်အစားတွေကို ၀တ်ဆင်ထားခဲ့တယ်။ သူ့ရဲ့အသွင်အပြင်က မြောက်ပိုင်းလူရိုင်းတွေနဲ့ သိပ်မတူဘူးဆိုပေမယ့် သူက မြောက်ပိုင်းလူရိုင်းတွေရဲ့ ဘာသာစကားကို ကျွမ်းကျင်တယ်။ ဒါတောင်မှ သူ အဖမ်းခံရတယ်ဆိုတော့ မြောက်ပိုင်းသားရိုင်းတွေဘက်မှာ ဘယ်လောက်တောင် လုံခြုံရေး တင်းကျပ်တယ်ဆိုတာ သိသာနေပြီ။

"ကျွန်တော်က မြောက်ပိုင်းလူရိုင်းမြို့တော်ထဲကို ဝင်ပြီးတာနဲ့ မြောက်ပိုင်းလူရိုင်းဧကရာဇ် နေထိုင်တဲ့ တဲနန်းနဲ့ အရေးကြီးတဲ့ နေရာတွေကို စုံစမ်းဖို့ စကြိုးစားခဲ့တယ်။ ဒါပေမယ့် မြောက်ပိုင်းလူရိုင်းအဖွဲ့တစ်ဖွဲ့က ကျွန်တော့်ကို ဖမ်းဖို့ ချက်ချင်း ရောက်လာခဲ့တယ်။ သူတို့က မော့ချန်ရဲ့သူလျှိုကို ဖမ်းမယ်လို့ ကြွေးကြော်လာခဲ့ကြတာ။ ကျွန်တော် သတိထားပြီး သူတို့ရဲ့ဘာသာစကားကို ပြောခဲ့တာပါ။ ဒါပေမယ့် ဘယ်လိုရှာတွေ့သွားလဲတော့ မသိဘူး”

ဝူးနကျီရန်ကိုယ်တိုင်လည်း ထိုအချက်ကို နားမလည်နိုင်ဖြစ်နေခဲ့သည်။

သူက မြောက်ပိုင်းလူရိုင်းပြည်ထောင်ရဲ့ ပြည်သူတွေကြားထဲမှာ ပေါ်လွင်ထင်ရှားနေတာမျိုး မဟုတ်ဘူးလေ။ ဘာလို့ သူ့ကို ရှာတွေ့သွားကြတာလဲ?

"မင်း မော့ချန်မှာ စစ်မှုထမ်းနေတာကို သိတဲ့သူ ရှိလား?"

စူးချင်းက မြောက်ပိုင်းလူရိုင်းများထဲတွင် ဝူးနကျီရန် စစ်သည်ဖြစ်ကြောင်း သိနေသူ ရှိနေနိုင်ပြီး ထို့ကြောင့် သူ့ကို ရှာတွေ့သွားခြင်းဖြစ်သည်ဟု သံသယဖြစ်နေမိသည်။

"ကျွန်တော် မသိပါဘူး!"

ဝူးနကျိရန်က ခေါင်းခါလိုက်သည်။

သူ တကယ်ပဲ နားမလည်နိုင်သလို သိလည်း မသိဘူး။

တစ်ချိန်တည်းမှာပင် မြို့တော်၏တော်ဝင်နန်းတော်တွင် တာဝန်ကျနေသည့် အရာရှိက ရန်ရှင်းနန်းတော်၏အဝင်ပေါက်သို့ ရောက်ရှိနေခဲ့သည်။ သူ အရေးပေါ် စစ်ရေးသတင်းများ ပေးပို့ရန် ရောက်ရှိနေခြင်း ဖြစ်သော်လည်း အထဲသို့ဝင်ရန် ကြောက်ရွံ့နေခဲ့သည်။ မိန်းမစိုးက သူ့ကို နန်းတော်အပြင်တွင် စောင့်ခိုင်းထားပြီး ဧကရာဇ်မင်းမြတ်ထံ သတင်းပို့ရန် ရန်ရှင်းနန်းတော်ထဲသို့ ၀င်သွားတော့သည်။

“ဧကရာဇ်မင်းမြတ်ကို လျောက်တင်ပါတယ်၊ လျန်လူကြီးမင်းက အရေးပေါ်စစ်ရေးသတင်း အစီရင်ခံစာတစ်စောင် ပေးပို့ခဲ့ပါတယ်"

“ယူလာခဲ့”

ဝမ်ယွိလင်က လျောက်တင်လွှာများ ပြန်လည်သုံးသပ်ရန် တော်ဝင်စားပွဲခုံနောက်တွင် ထိုင်နေပြီး အဝါရောင်တောက်တောက် ၀တ်စုံကို ၀တ်ဆင်ထားသည်။ သူ့အမူအရာက တင်းမာအေးစက်နေကာ မျက်ခုံးမွှေးများက တွန့်ချိုးနေသည်။

သူ့ ဒီလောက် ရက်စက်ကြမ်းကြုတ်တဲ့ အုပ်ချုပ်နည်းတွေနဲ့ အုပ်ချုပ်ပြီး ရက်ရက်စက်စက် သတ်ဖြတ်မှုတွေ ပြုလုပ်နေတာတောင် ပုန်ကန်ရဲတဲ့လူတွေ ရှိနေသေးတာလား? ဒီလူတွေက သေခြင်းတရားကို မကြောက်ကြဘူလား?

ပြီးတော့ အခု စားနပ်ရိက္ခာ ပြတ်လပ်နေပြီ။ စီရင်စုတွေ အားလုံးက နန်းတော်ကို စားနပ်ရိက္ခာ ထောက်ပံ့ဖို့ တောင်းဆိုနေကြပြီ၊ ငတ်ပြတ်လာရင် ပြည်သူတွေ ပုန်ကန်ကြမယ်လို့ လျောက်တင်နေကြပြန်တယ်။

တိုင်းပြည်ရဲ့ဘဏ္ဍာတိုက်ထဲမှာ စားနပ်ရိက္ခာတွေ ရှိနေပေမယ့် စစ်တပ်ကို အရင် ထောက်ပံ့ရဦးမယ်။ ဆာလောင်နေတဲ့ စစ်သည်တွေက တိုက်ခိုက်ဖို့နေနေသာသာ လက်နက်တောင် ကိုင်နိုင်မှာ မဟုတ်ဘူး? ရန်သူကို ဘယ်လို သတ်နိုင်တော့မှာလဲ?

ထို့ကြောင့် ဝမ်ယွိလင်က တော်ဝင်ရုံးတော်၏ ဝန်ထုပ်ဝန်ပိုးကို မျှဝေမထမ်းဘဲ ညီလာခံတွင် ရိက္ခာတောင်းနေသည့် အရပ်ဘက်အရာရှိများကို အလွန်ဒေါသထွက်နေခဲ့သည်။

သူတို့က ပိုက်ဆံနဲ့ စားစရာတောင်းဖို့ပဲ သိကြတယ်။ သူတို့ကို အသက်ရှင်ခွင့်ပေးထားတာ ဘာအကျိုးရှိတော့မှာလဲ?

ပြီးတော့ သူ့အတွက် အကြီးမားဆုံးခြိမ်းခြောက်မှုက ပြင်ပရန်သူတွေ မဟုတ်ဘဲ ရှောင်းဟမ်ရဲ့သား ဖြစ်နေတယ်။ ဒီကောင်ငယ်လေးက သူ့အတွက် ခြိမ်းခြောက်မှုတစ်ခု ဖြစ်လာပြီး တကယ်လို့ သူ ဒီကောင်ငယ်လေးကို မချိန်မီ မဖယ်ရှားနိုင်ရင် ပိုကြီးမားတဲ့ ခြိမ်းခြောက်မှုတစ်ခု ဖြစ်လာလိမ့်မယ်။

အခုမှ သူ့အဖေက ရှောင်းမိသားစုရဲ့ကလေးကို ဘာကြောင့် ကြောက်နေခဲ့တယ်ဆိုတာ သူ နားလည်သွားခဲ့ရတယ်။ အဲ့ကလေးငယ်ရဲ့ကြီးပြင်းလာမှုက မြန်ဆန်လွန်းတယ်။

မိန်းမစိုးက သတင်းကို ဖတ်ကြားပြနေပြီး ဝမ်ယွိလင်က လျောက်လွှာများ ဖတ်နေရာမှ မကြည့်သေးပေ။ မိန်းမစိုးက လူကြီးမင်းလျန်ကို ရန်ရှင်းနန်းတော်၏ခန်းမထဲသို့ ခေါ်ဆောင်လာမှသာ ဝမ်ယွိလင်ကို မော့ကြည့်လာခဲ့သည်။ သို့သော် သူ့မျက်လုံးများထဲတွင် စိတ်မရှည်သည့်အရိပ်အယောင်များ ပြည့်နှက်နေပြီး အေးစက်စွာ လှမ်းမေးလိုက်သည်။

"ဘာကိစ္စလဲ?"

All Chapters