← Chapters

ရှင် ပြန်လာတာကို စောင့်နေမယ်

Vol. 34 Ch. 506

ရှင် ပြန်လာတာကို စောင့်နေမယ်

Vol. 34 Ch. 506

ရှောင်းကျဲယွိ၏ မျက်ဝန်းနက်နက်များထဲတွင် အေးစက်စက် သတ်ဖြတ်ရိပ်များ ပြည့်နှက်နေပြီး ပြတ်သားသောအသံဖြင့် ချက်ချင်း စစ်ချီရန် ကြွေးကြော်လိုက်သည်။ စစ်ပွဲတွင် လျင်မြန်မှုနှင့် လက်ဦးမှုရယူနိုင်ခြင်းက မရှိမဖြစ်လိုအပ်သော အရာဖြစ်သည်။ ရန်သူများ မမျှော်လင့်ထားသည့်အချိန်မျိုးတွင် အလစ်အငိုက် ဝင်တိုက်နိုင်သရွေ့ အနိုင်ရနိုင်မည် ဖြစ်သည်။ မြောက်ပိုင်းလူရိုင်းစစ်သည်များက ယနေ့တွင် သူလျှိုတစ်ဦးကို ရှာဖွေတွေ့ရှိခဲ့ကြပြီး ညဘက်၌ အင်အားများပြားသော စစ်တပ်ကြီးတစ်ခု သူတို့၏နယ်စပ်သို့ ရောက်ရှိလာမည်ဟု ယောင်၍ပင် တွေးမိကြမည် မဟုတ်ပေ။

ရှောင်းကျဲယွိ သူ့၏တပ်များကို စုရုံးရန် စစ်စခန်းသို့ သွားမည့်အချိန်တွင် ယဲ့လွီချွမ်းကလည်း သူ့တပ်များကို ပြန်စုစည်းရန် မြို့ထဲမှ ထွက်ခွာရမည် ဖြစ်သည်။ သူ ပြန်ထွက်လာချိန်တွင် ကျိရှောင်ယင်က အပြင်ဘက်ခန်း၌ ရှိနေပြီး အမျိုးသမီးအနည်းငယ်နှင့်အတူ ချက်ပြုတ်နေသည်ကို သူ တွေ့လိုက်ရသည်။ သူ့အကြည့်များက ကျိရှောင်ယင်အပေါ်တွင်သာ ရှိနေပြီး တခြားဘယ်သူ့ကိုမှ မမြင်နိုင်တော့ပေ။ ထို့ကြောင့် သူက ကျိရှောင်ယင်ဆီသို့ လျှောက်သွားကာ စကားသွားပြောလိုက်သည်။

"ရှောင်ယင် ကိုယ် စစ်တိုက်ဖို့ သွားတော့မယ်"

ကျိရှောင်ယင်က အပြင်ခန်းတွင်ရှိနေခဲ့ပြီး သူတို့ ပြောနေသည့် စကားသံများကို ကြားထားပြီး ဖြစ်သည်။ သူမ၏ ကြည်လင်သော မျက်လုံးများလေးများတွင် စိုးရိမ်ရိပ်များ ယှက်သန်းနေသည်။ ယခုအချိန်တွင် သူမ သူ့ကို ပြောချင်သည့် စကားလုံးပေါင်း ထောင်ပေါင်းများစွာ ရှိနေသည့်တိုင် ထိုစကားလုံးများအားလုံးကို ဝါကျတစ်ကြောင်းအဖြစ်သာ ပြောလိုက်နိုင်တော့သည်။

"အစစ အရာရာ ဂရုစိုက်ပါရှင့်"

ကျိရှောင်ယင်၏မျက်လုံးများထဲမှ စိုးရိမ်ပူပန်မှုကို မြင်လိုက်ရသည့်အတွက် ယဲ့လွီချွမ်းက တိုးတိုးလေး ရယ်မောလိုက်သည်။ သူ၏နက်ရှိုင်းသော မျက်လုံးများအတွင်းမှ သူ့၏ ချစ်ခြင်းမေတ္တာကို မဖုံးကွယ်သလို သူ့အသံတွင်လည်း သူ့ကိုယ်သူ ယုံကြည့်မှုများ ပြည့်နှက်နေသည်။

"စိတ်ချပါ၊ ကိုယ် အောင်ပွဲနဲ့အတူ ပြန်လာခဲ့ပါမယ်”

“ဟုတ်ကဲ့”

ကျိရှောင်ယင်က သူ့အကြည့်များကို ရဲရဲရင့်ရင့် ပြန်ရင်ဆိုင်လိုက်ပြီး သူ့မျက်လုံးများထဲမှ နက်နဲသော ချစ်ခြင်းမေတ္တာကို နားလည်သွားခဲ့သည်။ သူမက ပြတ်ပြတ်သားသား ခေါင်းညိတ်ရင်း ထပ်ပြောလိုက်သည်။

“ရှင်တို့ အောင်ပွဲနဲ့အတူ ပြန်လာမယ့်အချိန်ကို အရသာရှိတဲ့ အစားအသောက်တွေ ချက်ပြုတ်ရင်း စောင့်နေပါ့မယ်”

နောက်ဆုံးတွင် ရှောင်းကျဲယွိက ယဲ့လွီချွမ်းကို ထိုနေရာမှ ဆွဲထုတ်သွားခဲ့သည်။

ဒီကောင်ကတော့ သူ နည်းနည်းလေး မျက်နှာသာပေးလိုက်တာနဲ့ ရှောင်ယင် ချက်ချင်း ဖြားယောင်းနေပြီ။

ရှောင်းကျဲယွိ‌နောက်မှ ယက်ကန်ယက်ကန် လိုက်ပါသွားသည့် ယဲ့လွီချွမ်းကတော့ လမ်းလျှောက်နေရင်း နောက်သို့ လှည့်ကြည့်နေကာ ကျိရှောင်ယင်ကို ပြုံးပြုံးကြီး လက်ဝှေ့ယမ်းပြနေသေးသည်။ သူက စစ်မြေပြင်သို့ သွားခါနီး ဇနီးဖြစ်သူကို အိမ်တွင် ထားခဲ့ရန် စိတ်မချပုံနှင့် နှုတ်ဆက်နေသော ခင်ပွန်းသည်တစ်ယောက်ကဲ့သို့ ပြုမူနေသည်။

သူမ၏အစ်ကိုကြီးနှင့် ယဲ့လွီချွမ်းကို လိုက်ပို့ပေးပြီးနောက် ကျိရှောင်ယင်က အသက်ကို ပြင်းပြင်းရှူလိုက်သည်။

သူတို့တွေ ဒီစစ်ပွဲကို အောင်နိုင်ပြီး ဘေးကင်းကင်းနဲ့ ပြန်လာမှာ သေချာတယ်။ သူမ သူတို့အတွက် ပိုအရသာရှိတဲ့ အစားအစာတွေ ပြင်ဆင်ပေးထားသင့်တယ်။ အဲ့ဒါမှ၏ သူတို့ စစ်မြေပြင်ကနေ ပြန်လာတာနဲ့ ပူပူနွေးနွေး စားနိုင်လိမ့်မယ်။

"အစ်ကိုကြီး ငါလည်း လိုက်ခဲ့မယ်"

ကျုံးယုံက တံခါးအပြင်ဘက်တွင် အသင့်စောင့်ဆိုင်းနေခဲ့သည်။

သူ သူ့အစ်ကိုကြီးရဲ့စကားကို မှတ်မိနေသေးတယ်။ နောင်မှာ သူက သူ့အစ်ကိုကြီးနဲ့အတူ ရန်သူတွေကို သတ်ဖို့ စစ်မြေပြင်ကို လိုက်သွားနိုင်ပြီ။

“အင်း”

ရှောင်းကျဲယွိက ကျုံးယုံ၏ပုခုံးကို ပုတ်လိုက်ပြီး မြောက်ပိုင်းလူရိုင်းများအား တိုက်ခိုက်ရန် သူ့နောက်သို့ လိုက်ခွင့်ပေးလိုက်သည်။

စူးချင်းတို့အဖွဲ့က အလောသုံးဆယ် ပြန်ရောက်လာကြပြီး စစ်ပွဲအတွက် ဆွေးနွေးနေကြကာ တခြားအရာများ မပြောနိုင်သေးပေ။ ထို့ကြောင့် ရှောင်းကျဲယွိက ကျုံးယုံနှင့် ကျန်းယွိရန်တို့၏ကိစ္စကို မသိသေးပေ။

ကျန်းယွိရန်က ဒဏ်ရာများနှင့် ပြန်ရောက်လာခဲ့သည့်အတွက် သူမ၏မိသားစုဝင်များက သူမကို အိမ်သို့ ပြန်ခေါ်သွားကြသည်။ ကျန်းယွိရန်က အရွယ်ရောက်စ မိန်းမပျိုလေးဖြစ်ပြီး ကျုံးယုံနှင့် သူမ၏ဆက်ဆံရေးကို သူမဘက်မှ စပြောရန် အလွန်ရှက်ရွံ့နေခဲ့သည်။ သူမ မြောက်ပိုင်းလူရိုင်းပြည်ထောင်မှ ပြန်လာပြီးနောက် ကျုံးယုံနှင့် မတွေ့ရသေးသော်လည်း ကျန်းယွိရန်ကတော့ ကျုံးယုံပြောခဲ့သည့်စကားများကို ဆက်တွေးနေသေးသည်။ ကျုံးယုံတစ်ယောက် သူမအိမ်သို့ လက်ထပ်ခွင့်လာတောင်းမည့်အချိန်ကို သူမ စောင့်မျှော်နေပြီး သူက သူမ စိတ်ချမ်းသာစေရန် ထိုစကားများအား ပြောခဲ့ခြင်း ဖြစ်မည်ကိုလည်း သူမ စိုးရိမ်နေမိသည်။

ထိုသို့ အစစအရာရာ တွေးတောကာ ရှက်ရွံ့ပူပန်ဝမ်းနည်းနေတတ်သည်က အချစ်တွင် ကျရှုံးသွားသည့် မိန်းမငယ်များ၏သဘာဝသာ ဖြစ်သည်။

စူးချင်းက ချပ်ဝတ်တန်ဆာများ ၀တ်ဆင်ကာ သူမ၏မြင်းနက်ကြီးပေါ်၌ အသင့်ဖြစ်နေသည်။ သူမက သူမ စစ်နတ်ဘုရား ဖြစ်ခဲ့စဥ်အချိန်အတိုင်း ခံ့ညားထည်ဝါမှုများ ပြည့်နေကာ သူမ၏လွှမ်းမိုးဟန်ကို အပြည့်အဝ ဖော်ထုတ်ထားသည်။ ရှောင်းကျဲယွိကလည်း သူ၏စစ်ဝတ်စုံကို ပြောင်းလဲဝတ်ဆင်ပြီး ဖြစ်သည်။ သူတို့ ဇနီးမောင်နှံက လက်ရွေးစင် ထိပ်တန်းစစ်သည်တစ်ထောင်ကို ခေါ်ဆောင်ကာ မော့ချန်မှ ထွက်ခွာလာကြသည်။ ယဲ့လွီချွမ်းကလည်း တာ့ထန်စစ်သည်များကို ဦးဆောင်ကာ သူတို့နောက်မှ အနီးကပ် လိုက်ပါသွားသည်။

မှောင်မိုက်နေသည့်ညအချိန်က သူတို့ကို အကောင်းဆုံး ဖုံးကွယ်ပေးထားသလို မြေပြင်အနေအထား အတိအကျ သိနိုင်သည့် မြေပုံများကြောင့် လက်ရှိအချိန်တွင် မြောက်ပိုင်းလူရိုင်းများ ဂုဏ်ယူရသည့် အတားအဆီးများက လုံးဝ အသုံးမဝင်တော့ပေ။ မကြာခင် စစ်တပ်ကြီးက နယ်စပ်သို့ ရောက်ရှိသွားသည်။ ကင်းစောင့်နေသည့် မြောက်ပိုင်းလူရိုင်းတပ်သားများက သူတို့ကို တွေ့ရှိသွားပြီး မြောက်ပိုင်းလူရိုင်းစစ်တပ်ကို သတိပေးရန်အတွက် တိမ်ဖောက်မြှားကို အဆောတလျင် မီးညှိပြီး ပစ်လွှတ်လိုက်ကြသည်။ သို့သော် ထိုမြှား ကောင်းကင်သို့ မတက်နိုင်သေးခင်မှာပင် ရှောင်းကျဲယွိ၏မြှားက အရင်ရောက်လာပြီး ထိုအချက်ပေးမီးမြှားကို ပစ်ချလိုက်သည်။

"သတ်"

သတ်ဖြတ်လိုစိတ်များ ပြည့်နှက်နေသည့် အမိန့်စကားတစ်လုံးတည်းဖြင့် ရှောင်းမိသားစုစစ်တပ်မှ စစ်သည်များနှင့် တာ့ထန်စစ်သည်များက မြောက်ပိုင်းလူရိုင်းနယ်နိမိတ်ထဲသို့ လှိုင်းလုံးကြီးသဖွယ် ပြေးဝင်သွားကြသည်။ သူတို့က လူမနေသောတိုင်းပြည်ထဲသို့ ဝင်ရောက်လာသလို အေး‌အေးဆေးဆေး ဖြစ်နေပြီး တိုက်ခိုက်သတ်ဖြတ်နေကာ အချိန်တိုလေးအတွင်း ရှောင်းမိသားစုစစ်တပ်က နယ်စပ်‌ဒေသကို ချက်ခြင်း သိမ်းပိုက်လိုက်ကြသည်။

ရှောင်းကျဲယွိက သူတို့ ပြန်ဆုတ်ခွာမည့် လမ်းကြောင်းအတွက် ယဲ့လွီချွမ်းကို တာဝန်ပေးလိုက်သည်။ သူနှင့် စူးချင်းတို့က ရှောင်းမိသားစုစစ်တပ်ကို ဦးဆောင်နေပြီး မြေပုံပေါ်မှ အမှတ်အသားများအတိုင်း မြောက်ပိုင်းလူရိုင်းများ၏စစ်စခန်းဆီကို စတင်ချီတက်တော့သည်။ သနားစရာ မြောက်ပိုင်းလူရိုင်းများကတော့ အိပ်ပျော်နေရင်း အသတ်ခံလိုက်ကြရသည်။ ချက်ချင်း နိုးလာသည့် မြောက်ပိုင်းသားရိုင်းစစ်သည်များကတော့ ပြန်တိုက်ခိုက်ရန် လက်နက်များ လှမ်းဆွဲလိုက်ကြသည်။ သို့သော် သူတို့ အလွန်နောက်ကျနေပြီ ဖြစ်ကာ ထောင်ချီနေသည့် စစ်သည်များအားလုံး ကစင့်ကလျား ဖြစ်နေလေသည်။

မြောက်ပိုင်းလူရိုင်းနန်းတော်မှ ထိုသတင်းကို ရရှိသွားချိန်တွင် ရှောင်းမိသားစုစစ်တပ်က သူတို့၏စစ်စခန်းကို ထိန်းချုပ်ထားပြီး ဖြစ်သည်။ ရှောင်းကျဲယွိနှင့် စူးချင်းတို့က ထိုစစ်စခန်းကို စောင့်ကြည့်ရန် ကျုံးယုံကို တာဝန်ပေးခဲ့ပြီး မြောက်ပိုင်းလူရိုင်းနန်းတော်ဆီသို့ ထွက်ခွာလာခဲ့ကြသည်။

မြောက်ပိုင်းလူရိုင်းပြည်ထောင်၏ ဧကရာဇ်က သူ့၏ချစ်လှစွာသော ကြင်ယာတော်နှင့်အတူ အိပ်ရာတိုက်ပွဲဆင်နွဲနေခဲ့သည်။ သူ့၏ပျော်ရွှင်မှု တစ်ဝက်တစ်ပျက်မှာပင် လက်တွေ့ဘဝ၏တိုက်ပွဲသံများကို သူ ကြားလိုက်ရသည်။ အဘိုးအိုက အလွန်ထိတ်လန့်သွားပြီး အိပ်ရာပေါ်မှ ချက်ချင်း လှိမ့်ချလိုက်သည်။ မိန်းမစိုးတစ်ယောက်က သူ့အဝတ်အစားများ ကူညီဝတ်ဆင်ပေးရန် ရောက်လာခဲ့သော်လည်း သူ အဝတ်အစား အပြည့်အစုံ မဝတ်နိုင်သေးမီမှာပင် တဲနန်း၏တံခါး ကန်ဖွင့်ခံလိုက်ရသည်။ ရှောင်းမိသားစုစစ်တပ်က ကောင်းကင်မှ ဆင်းသက်လာသလို ချက်ချင်းရောက်ရှိလာသောကြောင့် မြောက်ပိုင်းလူရိုင်းပြည်ထောင်၏ ဧကရာဇ်က အလွန်အမင်း ထိတ်လန့်သွားကာ ကြမ်းပြင်ပေါ်သို့ ဖင်ထိုင်ကျသွားသည်။ သူထံတွင် ဧကရာဇ်မင်းတစ်ပါး၏ ဂုဏ်သိက္ခာလည်း မရှိတော့ပေ။

ရှောင်းကျဲယွိနှင့် စူးချင်းတို့က အတွင်းခန်းထဲသို့ ဝင်လာသည်။ ကြင်ယာတော်က ကြောက်လွန်းသောကြောင့် သူမကိုယ်သူမ ကာကွယ်ရန် စောင်ကို ဆွဲယူကာ ဖုံးအုပ်လိုက်ရင်း ကြောက်လန့်တကြား အော်ငိုနေသည်။ မြောက်ပိုင်းလူရိုင်းများ၏ဧကရာဇ်ကလည်း တစ်ကိုယ်လုံး တုန်ယင်နေပြီး လေထဲမှ ထွက်လာသလို ရှောက်ရှိလာသည့် ရှောင်းကျဲယွိကို မယုံကြည်နိုင်စွာ ကြည့်နေရင်း သူ့မျက်နှာက စာရွက်ကဲ့သို့ ဖြူဖျော့လာသည်။

"ခင်ဗျား ကျုပ်ရဲ့စစ်ကြေငြာစကားကို ရခဲ့တယ်မလား?"

ရှောင်းကျဲယွိက လှောင်ပြောင်သရော်ဟန်ဖြင့် မြောက်ပိုင်းလူရိုင်းဧကရာဇ်ကို ပြန်ကြည့်နေပြီး မောက်မောက်မာမာ လှမ်းမေးလိုက်သည်။ ထို့နောက် သူက အားမာန်အပြည့်ဖြင့် ကြွေးကြော်လိုက်သည်။

“ကျုပ် ခင်ဗျားကို ပြောခဲ့တယ်၊ မော့ချိန်ကို တိုက်ခိုက်ရဲတဲ့သူမှန်သမျှ ထိုက်သင့်တဲ့အဖိုးအခကို ပြန်ပေးဆပ်ရမယ်၊ အခု မြောက်ပိုင်းလူရိုင်းပြည်ထောင်က ကျုပ် အပိုင် ဖြစ်သွားပြီ”

“ငါ အညံ့ခံပါ့မယ်၊ ငါတို့ ငြိမ်းချမ်းရေး ယူလို့ရနိုင်မလား? မြောက်ပိုင်းလူရိုင်းတွေက မင်းတို့ကို နှစ်စဉ်နှစ်တိုင်း အခွန်ပေးဆောင်ဖို့ ဆန္ဒရှိပါတယ်”

မြောက်ပိုင်းလူရိုင်းဧကရာဇ်၏မျက်နှာက မည်းမှောင်နေလေသည်။ သူလည်း တစ်ချိန်က သူ့၏သန်မာမှုကို အားကိုးကာ မောက်မာခဲ့ဖူးသည်။ သို့သော်လည်း ယခုအချိန်တွင် သူ့ဒူးများ အားနည်းနေသလို ခံစားရပြီး ရှောင်းကျဲယွိ၏ရှေ့၌ ဒူးထောက်နေရသည်။

သူ အခု နတ်ဆရာကိုပဲ အမုန်းကြီး မုန်းနေမိတယ်။ အစပိုင်းမှာ မြောက်ပိုင်းလူရိုင်းပြည်ထောင်က လောကရေးရာတွေနဲ့ အဆက်ဖြတ်ပြီး ကင်းကင်းရှင်းရှင်း ရပ်တည်နေခဲ့တယ်။ သူတို့ဘာသာ အေးအေး‌ဆေးဆေး နေနေပြီး မော့ချန်ကို တိုက်ခိုက်ဖို့လည်း တွေးတောင်မတွေးခဲ့ကြဘူး။ ဒါပေမယ့် နတ်ဆရာကြောင့် အဲ့စကားတွေကြောင့် မော့ချန်ကို တိုက်ခိုက်ခဲ့ပြီး မြောက်ပိုင်းလူရိုင်းပြည်ထောင်တစ်ခုလုံး ဘေးဥပဒ်ကျရောက်ခဲ့ရတယ်။

"ရှင်တို့ရဲ့ နတ်ဆရာ ဘယ်မှာလဲ?"

စူးချင်းက အေးစက်စွာ မေးလိုက်သည်။ သူမတို့က လက်စားချေရန်နှင့် နယ်မြေချဲ့ထွင်ရန်အပြင် ချိုးယုံခန်းကိုလည်း ဖမ်းဆီးရန် ရည်ရွယ်ခဲ့ကြသည်။

ဒီလူဆိုးကောင်ကို အမြန်ဆုံး ဖယ်ရှားပစ်ရမယ်။

နတ်ဆရာက ချိုးယုံခန်းဖြစ်နေမယ်လို့တော့ သူမ မထင်ဘူး။ ဒါပေမယ့် နတ်ဆရာက ချိုးယုံခန်း ဘယ်မှာရှိတယ်ဆိုတာ သိနေမယ်လို့ သူမ ခံစားနေမိတယ်။

ထိုအတွေးကြောင့် မြောက်ပိုင်းလူရိုင်းများကို တိုက်ခိုက်ပြီးသည်နှင့် စူးချင်းက နတ်ဆရာကို မေးမြန်းလိုက်ခြင်းပင်။

“သူ့ဆီကို ခေါ်သွားပေးဖို့ တယောက်ယောက်ကို ညွှန်ကြားပေးပါ့မယ်၊ ဒီလူက နတ်ဆရာရဲ့ လှုံ့ဆော်မှုကို နားထောင်ရတဲ့အတွက် မင်းတို့ရဲ့တိုင်းပြည်ကို ထိပါးခဲ့မိတာပါ" ၏

စူးချင်းက နတ်ဆရာအား ရှာနေကြောင်း သိလိုက်ရချိန်တွင် မြောက်ပိုင်းလူရိုင်းများ၏ဧကရာဇ်က သူတို့ကို နတ်ဆရာ၏ တဲဝင်းထဲသို့ ခေါ်သွားပေးရန် မိန်းမစိုးတစ်ယောက်အား ချက်ချင်း အမိန့်ပေးလိုက်သည်။ သူက နတ်ဆရာ အပေါ် အပြစ်ပုံချလိုက်ပြီး စူးချင်းနှင့် ရှောင်းကျဲယွိက သူ့အသက်အား ချမ်းသားပေရန် မျှော်လင့်နေလေသည်။

ရှောင်းကျဲယွိက ထိုဧကရာဇ်အိုကြီးအား ကြိုးတုတ်ထားရန် သူ့စစ်သည်များကို အမိန့်ပေးလိုက်သည်။

တိုက်ခိုက် သိမ်းယူထားတဲ့ နယ်မြေကို ပြန်ပေးစရာ အကြောင်းရှိလို့လား? အကုန်လုံးကို သိမ်းပိုက်နိုင်နေမှ ဆက်သလာမယ့် အခွန်ကို စောင့်နေစရာလား? ဒီလူ ပြန်သန်မာလာပြီး သူ့ကို ပြန်တိုက်ခိုက်မယ့်အချိန်ကို စောင့်နေရမှာလား? အခုထဲက အရာအားလုံးကို သိမ်းပိုက်လိုက်တာက အကောင်းဆုံးပဲ။ အခု မြောက်ပိုင်းလူရိုင်းတွေရဲ့ ပိုင်ဆိုင်မှုတွေနဲ့ သိုးတွေ၊ မြင်းတွေအားလုံးကို မော့ချန်ရဲ့အပိုင် ဖြစ်သွားပြီ။ ဒါက သူတို့ မော့ချန်ကို လာတိုက်တဲ့အတွက် ပြန်ပေးဆပ်ရတဲ့ တန်ကြေးပဲ။

ရှောင်းကျဲယွိနှင့် စူးချင်းတို့က မိန်းမစိုးနောက်မှ လိုက်သွားကြသည်။ သူတို့တပ်များကိုလည်း ထိုတဲဝင်းထဲအထိ ခေါ်သွားခဲ့သည်။ သို့သော်လည်း မြောက်ပိုင်းလူရိုင်းဧကရာဇ်ကို သွေးထိုးလှုံဆော်ပေးခဲ့သည့် နတ်ဆရာကို မတွေ့ရတော့ပေ။

"လူက ဘယ်မှာလဲ?"

ရှောင်းကျဲယွိ နတ်ဆရာ၏သက်တော်စောင့်များအား အပြင်းအထန် စစ်မေးနေခဲ့သည်။

အမွှေးတိုင်ကနေ မီးခိုးတွေ ထွတ်နေတုန်းဆိုတော့ သူ ဝေးဝေးမရောက်နိုင်သေးဘူး။

“နတ်ဆရာကြီးက အဂ္ဂိရတ်အခန်းကို သွားချင်တယ်လို့ ပြောခဲ့ပါတယ်”

သက်တော်စောင့်နှစ်ယောက်က ကြောက်ရွံ့တုန်လှုပ်နေကာ မကွယ်မဝှက် ပြန်ဖြေလာခဲ့သည်။

ရှောင်းကျဲယွိက မျက်မှောင်ကြုတ်ကာ ထပ်မေးလိုက်သည်။

"သူ ထွက်သွားတာ ဘယ်လောက်ကြာပြီလဲ?"

"ရှီးချန်တဝက်ပါ"

အစောင့်နှစ်ယောက်က ကမန်းကတန်း ပြန်ဖြေလိုက်သည်။

အခု သူတို့ ဘာကိုမှ မဖုံးကွယ်ရဲကြတော့ဘူးလေ။ အရင်တုန်းကတော့ သူတို့လည်း သူတို့ရဲ့နတ်ဆရာကို နတ်ဘုရားအဖြစ် ကိုးကွယ်ခဲ့ကြတယ်။ ဒါပေမယ့် အခုတော့ နတ်ဆရာကြီးရဲ့အမှားကြောင့် မြောက်ပိုင်းလူရိုင်းပြည်ထောင် ပျက်စီးသွားရပြီ။ သူတို့လည်း နတ်ဆရာကြီးကို မုန်းတီးနေကြပြီး ဘာကိုမှ မဖုံးကွယ်ပေးချင်တော့ဘူး။

" အဂ္ဂိရတ်အခန်းက ဘယ်မှာလဲ? လမ်းပြပေး"

ရှောင်းကျဲယွိက ထိုသက်တော်စောင့်များကို ဆေးသန့်စင်သူသည့် အခန်းဆီသို့ လမ်းပြခိုင်းလိုက်သည်။

သူ ဒီနတ်ဆရာကို မဖြစ်မနေ ဖမ်းဆုပ်ရမယ်။ အဲ့လိုမှပဲ ချိုးယုံခန်းကို ရှာနိုင်လိမ့်မယ်။

ထိုသက်တော်စောင့်နှစ်ယောက်က ရှောင်းကျဲယွိအား အဂ္ဂိရတ်ခန်းဆီ ခေါ်ဆောင်သွားခဲ့သည်။ စူးချင်းကတော့ နတ်သခင်၏ တဲဝိုင်းထဲတွင်သာ ကျန်နေခဲ့သည်။ သူမက တဲကြီးထဲသို့ ဝင်သွားခဲ့ပြီး လေထဲမှ မီးခိုးငွေ့များကို ရှူရှိုက်မိသွားခဲ့သည်။ ထိုအရာက သူမ၏စူးစမ်းချင်စိတ်ကို အနည်းငယ် နှိုးဆွပေးနိုင်ခဲ့သည်။

ဒီနတ်ဆရာရဲ့တဲထဲမှာ ဘာကြောင့် မီးခိုးတွေ ရှိနေရတာလဲ?

တဲကြီးက ကြီးကြီးမားမား မဟုတ်သော်လည်း အတွင်းခန်းနှင့် အပြင်ခန်းများစွာ ရှိနေသေးသည်။ စူးချင်းက အတွင်းခန်းဆီသို့ လျှောက်သွားလိုက်သည်။

အတွင်းခန်းက နတ်ဆရာအိပ်သည့်နေရာ ဖြစ်ကြောင်း သိသာထင်ရှားနေသည်။ ကုတင်တစ်လုံးနှင့် သစ်သားစားပွဲတစ်ခု ရှိနေသော်လည်း အခန်းထဲမှာ လူတစ်ယောက်မျှ မရှိပေ။

စူးချင်းက ရှောင်းမိသားစုစစ်တပ်မှ စစ်သည်များကို အခန်းထဲသို့ ဝင်ကာ ရှာဖွေစေခဲ့သည်။

"ရှာကြစမ်း"

စစ်သည်များ ရှာဖွေနေချိန်တွင် စူးချင်းက အပြင်သို့ ပြန်ထွက်လာပြီး နတ်ဆရာ၏ အစေခံကို မေးမြန်းနေပြန်သည်။

"အရင်က ဒီမှာ တစ်ယောက်ယောက် နေခဲ့တာလား?"

"အဲ့ဒါက ဟန်လူမျိုးတစ်ယောက်ပါ၊ နတ်ဆရာကြီးက သူ့ကို ဒေါသထွက်ပြီး ဆေးမီးဖိုထဲ ထည့်ချင် နေတာပါ"

All Chapters