သူ မေ့သွားတာလား?
Vol. 34 Ch. 508
လျှို့ဝှက်လမ်းထဲတွင် မြှုပ်နှံခံလိုက်ရခြင်းကသာ သူ့ကို ရှာမတွေ့နိုင်သည့် အကြောင်းအရင်းအဖြစ် ရှင်းပြနိုင်တော့သည်။ သို့သော် စူးချင်းက ချိုးယုံခန်း ဤမျှ လွယ်လွယ်ကူကူ မသေနိုင်ဟု သံသယ ဖြစ်နေသေးသည်။
စူးချင်း ချိုးယုံခန်းနောက်သို့ လိုက်နေချိန်တွင် ရှောင်းကျဲယွိက မြောက်ပိုင်းလူရိုင်းပြည်ထောင်အတွင်းရှိ လက်နက်ကိုင်တပ်ဖွဲ့များ အားလုံးကို ချေမှုန်းရန် သူ့တပ်များကို ဦးဆောင်နေခဲ့သည်။ နောက်ဆုံးတွင် မြောက်ပိုင်းလူရိုင်းပြည်ထောင်က လုံးဝ ကျရှုံးသွားပြီး ဤနေရာကို စီမံခန့်ခွဲရန်အတွက် ရှောင်းမိသားစုစစ်တပ်၏ အစိတ်အပိုင်းတစ်ခုကို ချန်ထားရန် လိုအပ်နေပြီ ဖြစ်သည်။ ထိုအချိန်တွင် ရှောင်းကျဲယွိက ကျန်းလောင်ချီကို တွေးတောလိုက်သည်။ ကျန်းလောင်ချီက မြောက်ပိုင်းလူရိုင်းပြည်ထောင်၏မြို့သခင် ဖြစ်ရန် အသင့်တော်ဆုံး ဖြစ်သည်။ သူက သတ္တိရှိသလို ရဲရင့်ပြီး အခက်အခဲများကို ကြံ့ကြံ့ခံနိုင်သူ ဖြစ်သည်။ ထို့အပြင် ဤအရာက ရှောင်းကျဲယွိ သူ့ညီအစ်ကိုကောင်းများအတွက် ယူဆောင်ပေးသည့် အကျိုးကျေးဇူးတစ်ခုဟုလည်း ယူဆနိုင်သည်။
ရှောင်းကျဲယွိက မြောက်ပိုင်းနန်းတော်အတွင်းရှိ ရွှေငွေရတနာများအားလုံးကို မော့ချန်သို့ ပြန်ပို့ရန် သူ့လူများအား အမိန့်ပေးလိုက်သည်။ ရှောင်းမိသားစုစစ်တပ်အတွက် အသုံးဝင်သည့် စားနပ်ရိက္ခာများကိုလည်း သိမ်းဆည်းခဲ့သည်။ မြောက်ပိုင်းလူရိုင်း စစ်သည်တပ်ဖွဲ့များအားလုံးကို ဖျက်သိမ်းစေပြီး ၎င်းတို့၏လက်နက်များကို သိမ်းဆည်းခဲ့သည်။ သိုးကျောင်းသားများပင် လက်နက်ကိုင်ဆောင်ခွင့် မရှိတော့ပေ။ အရာအားလုံး စီမံပြီးသွားချိန်တွင် မြောက်ပိုင်းလူရိုင်းများက သွားမရှိသည့် ကျားများနှင့် တူသွားပြီး သူတို့က မော့ချန်အတွက် ခြိမ်းခြောက်မှု မဖြစ်နိုင်တော့ပေ။
စူးချင်း ပြန်ရောက်သွားချိန်တွင် ကျန်းလောင်ချီလည်း ရောက်လာခါစဖြစ်သည်။ သူ့၏ညီအစ်ကိုကောင်းက မြောက်ပိုင်းလူရိုင်းပြည်ထောင်၏စီမံခန့်ခွဲမှုကို သူ့ထံ လွှဲပြောင်းပေးလိုကြောင်း ကြားလိုက်ရချိန်တွင် ကျန်းလောင်ချီ၏မျက်နှာက အရောင်တောက်လာပြီး ရှောင်းကျဲယွိအား စိတ်လှုပ်ရှားစွာ ကတိပေးနေခဲ့သည်။
"ရွှေ့ရှန့် ကျေးဇူးတင်ပါတယ်။ ငါ မြောက်ပိုင်းလူရိုင်းမြို့တော်ကို ကောင်းကောင်း စီမံခန့်ခွဲပါ့မယ်”
သူတို့ညီအစ်ကိုများကြားတွင် လီတာ့နျိုတစ်ယောက်သာ ရည်မှန်းချက် ကြီးကြီးမားမား မရှိသူ ဖြစ်သည်။ သူက သူ့မိသားစုအတွက် ကောင်းမွန်သောဘဝတစ်ခု ပေးရန်သာ ဆန္ဒရှိသူ ဖြစ်သည်။ သို့သော် ကျန်းလောင်ချီကတော့ ကွဲပြားသည်။ သူက သူ့ကိုယ်သူ နာမည်တစ်ခု တည်ဆောက်ချင်ပြီး တော်ရုံတန်ရုံအနေအထားဖြင့် ဘဝကို မဖြတ်သန်းချင်ချင်သူ ဖြစ်သည်။
မြောက်ပိုင်းလူရိုင်းပြည်ထောင်က ကြီးမားသော တိုင်းပြည် မဟုတ်ဘဲ နယ်မြေအကျယ်အဝန်းက မော့ချန်နှင့် ကျင့်ရှီလျိုမြောင်တို့ ပေါင်းစပ်ထားသော အရွယ်အစားမျှသာ ဖြစ်သည်။ ထို့အပြင် သူတို့က သိုးကျောင်းသားများအဖြစ် ပြန့်ကျဲနေထိုင်ကြသည်။ မြက်ခင်းပြင်များမှ လွဲ၍ ဘာသီးနှံမှ မရှိပေ။ သို့သော် ထိုမြက်ခင်းပြင်များကပင် ခြေသလုံးအိမ်တိုင်သမားများအတွက် ဝမ်းဝစေခဲ့ပြီး ဖွံ့ဖြိုးတိုးတက်ရန် အလားအလာ ရှိနေသေးသည်။
ကျန်းလောင်ချီထံတွင် သူ့၏ကိုယ်ပိုင် စိတ်ကူး ရှိနေသောကြောင့် ထိုနေရာကို အလွယ်တကူ လက်ခံလိုက်ခြင်း ဖြစ်သည်။
ရွှေ့ရှန့်က အနာဂတ်မှာ ကြီးကျယ်တဲ့ အရာတွေကို ပြုလုပ်တော့မယ်။ တိုက်ပွဲတွေ ဖြစ်လာရင် စစ်မြင်းတွေ အများကြီး လိုအပ်လာနိုင်တယ်။ တကယ်လို့ သူ ဒီနေရာမှာနေပြီး မြောက်ပိုင်းလူရိုင်းတွေရဲ့နည်းလမ်းအတိုင်း စစ်မြင်းတွေကို လေ့ကျင့်သင်ကြားပေးနိုင်ရင် ရွှေ့ရှန့်ကို ကူညီပေးနိုင်လိမ့်မယ်။ ဒါက သူ့ရဲ့သေးငယ်တဲ့ ပံ့ပိုးမှုအဖြစ် ယူဆနိုင်တယ်။
အခု သူ ရွှေ့ရှန့်ကို ကူညီပြီး မြောက်ပိုင်းလူရိုင်းပြည်ထောင်ကို စီမံခန့်ခွဲပေးမယ်။ သူ ဒီနေရာကို ကောင်းကောင်း စီမံခန့်ခွဲနေနိုင်သမျှ အနာဂတ်မှာ ရွှေ့ရှန့်က သူ့အလုပ်တွေကို စိတ်ဖြောင့်လက်ဖြောင့် လုပ်နိုင်ပြီး မြို့တွေကို တမြို့ပြီးတစ်မြို့ သိမ်းပိုက်နိုင်လိမ့်မယ်။ သူဘက်က ကြည့်ရင်လည်း ရွှေ့ရှန့်ကို ကူညီတာဖြစ်သလို သူတို့ ဘိုးဘေးတွေရဲ့ ဂုဏ်ကို မြှင့်တင်နိုင်လိမ့်မယ်။ ဒါက ကျန်းလောင်ချီဆိုတဲ့ သူ့ရဲ့အကြီးမားဆုံးအိပ်မက်ပါပဲ။
"လောင်ချီ၊ မင်း အခုချက်ချင်း မြောက်ပိုင်းလူရိုင်းဘာသာစကားကို သင်ယူသင့်တယ်။ ငါ ဝူးနကျီရန်ကို မင်းဆီ လွှဲပေးခဲ့မယ်။ သူက မြောက်ပိုင်းလူရိုင်းဘာသာစကားကို ကျွမ်းကျင်တော့ မင်းရဲ့စကားပြန်လည်း လုပ်ပေးနိုင်လိမ့်မယ်”
ရှောင်းကျဲယွိက ကျန်းလောင်ချီအတွက် စကားပြန်ကိုပင် ရှာပေးခဲ့သည်။ ထို့သို့မဟုတ်ပါက ကျန်းလောင်ချီအတွက် စကားပြောရင်ပင် အခက်အခဲရှိလာနိုင်သည်။ ကျန်းလောင်ချီက အားတက်သရော ခေါင်းညိတ်ကာ အာမခံလိုက်သည်။
"ရွှေ့ရှန့်၊ စိတ်မပူပါနဲ့၊ ငါ မြောက်ပိုင်းလူရိုင်းဘာသာစကားကို ချက်ချင်း လေ့လာပါ့မယ်"
မြောက်ပိုင်းလူရိုင်းများကို ဖြုတ်ချခဲ့ပြီးပြီ ဖြစ်သော်လည်း ရှောင်းကျဲယွိက ဘေးကင်းစေရေးအတွက် ကျန်းလောင်ချီနှင့်အတူ ထိပ်တန်းစစ်သည်တစ်ထောင်ကို ချန်ထားခဲ့သည်။ ထိုနောက် စူးချင်းနှင့် သူ့၏သက်တော်စောင့်များကို ဦးဆောင်ကာ မော့ချန်သို့ ပြန်လာခဲ့သည်။
လမ်းတွင် ရှောင်းကျဲယွိက စူးချင်းကို မေးရန် အခွင့်အရေး ရလာခဲ့သည်။
"ချင်းအာ၊ မင်း ချိုးယုံခန်းကို မဖမ်းမိခဲ့ဘူးလား?"
"မမိဘူး၊ သူ လျှို့ဝှက်လမ်းထဲမှာ မြှုပ်နှံခံလိုက်ရတာလည်း ဖြစ်နိုင်တယ်"
စူးချင်းက ခေါင်းယမ်းပြလိုက်သည်။ သူမ ပြန်လာပြီးနောက်တွင် အရှုံးမပေးဘဲ လျှို့ဝှက်လမ်းဆီသို့ ထပ်မံသွားခဲ့သေးသည်။ ပြိုကျမှု အတိုင်းအတာကို ကြည့်လျှင် အတွင်းမှလူများ အသက်မရှင်နိုင်တော့ပေ။ ဤတကြိမ်တွင် ချိုးယုံခန်းတစ်ယောက် ငရဲဘုရင်နှင့် တွေ့ဆုံနေရန် သူမ မျှော်လင့်နေမိသည်။
"ဒါက သူနဲ့ထိုက်တန်တဲ့အရာပဲ"
ရှောင်းကျဲယွိ၏မျက်လုံးများတွင် ဝမ်းနည်းမှု အနည်းငယ်မျှ မရှိနေခဲ့ပေ။ ချိုးယုံခန်း၏ လုပ်ရပ်များက သူတို့ကြား၌ရှိခဲ့ဖူးသော ညီအကိုသံယောဇဉ်ကို ပျောက်ကွယ်သွားစေခဲ့သည်။
မွေးစားအမေကို တောင်းပန်ဖို့ သူ့ကို မွေးစားအမေရဲ့အုတ်ဂူဆီ ခေါ်မသွားနိုင်တာကတော့ စိတ်မကောင်းစရာပဲ။
ဇနီးမောင်နှံနှစ်ယောက် ဦးဆောင်သောအဖွဲ့က မြောက်ပိုင်းလူရိုင်းနယ်စပ်ဆီသို့ ပြန်ရောက်လာကြသည်။ ယဲ့လွီချွမ်းက သူ့တပ်ကို ဦးဆောင်ကာ ထိုနေရာကို ကြီးကြပ်ရန် နေခဲ့သည်။ သူတို့ကလည်း ထွက်ပြေးလွတ်မြောက်လာသည့် မြောက်ပိုင်းလူရိုင်း အများအပြားကို ဖမ်းမိထားခဲ့သည်။ ခုခံသူများ အားလုံးကတော့ အသတ်ခံလိုက်ရပြီ ဖြစ်သည်။ ရှောင်းကျဲယွိ၏ပိုက်မှ လွတ်သွားသောငါးများကို ယဲ့လွီချွမ်းက ကူညိပိတ်ဆို့ပေးခဲ့သည်ဟု ယူဆနိုင်သည်။
စူးချင်းက သူတို့ ဖမ်းမိထားသော မြောက်ပိုင်းလူရိုင်းစစ်သည်များကို မြင်သွားပြီး စိတ်လှုပ်ရှားသွားပြန်သည်။ သူမက သူတို့ထဲတွင် ချိုးယုံခန်း ရှိ မရှိ စစ်ဆေးရန် တစ်ယောက်မကျန် သေသေချာချာ စစ်ဆေးခဲ့သည်။ ကံမကောင်းစွာဖြင့် သူတို့ထဲတွင်လည်း ချိုးယုံခန်းကို မတွေ့ရပေ။
"တတိယမင်းသား၊ မင်းရဲ့ကြိုးစားအားထုတ်ပေးမှုအတွက် ကျေးဇူးတင်ပါတယ်"
ရှောင်းကျဲယွိက လက်သီအုပ်ကာ ယဲ့လွီချွမ်းကို ကျေးဇူးတင်စကားလှမ်း ပြောလိုက်သည်။ သူ ခရီးပန်းပြီး ဆာလောင်နေသည့်တိုင် အနောက်မြောက်လေကို အံ့တုရင်း နယ်စပ်တွင် တစ်ညလုံး ကြံ့ကြံ့ခံ စောင့်ကြပ်ပေးနေခဲ့သည်။ ထို့ကြောင့် ရှောင်းကျဲယွိအနေဖြင့် ယဲ့လွီချွမ်းအပေါ် ကျေးဇူးကြွေးတင်သွားပြီ ဖြစ်သည်။
ယဲ့လွီချွမ်း၏မျက်နှာက အအေးဒဏ်ကြောင့် နီရဲနေပြီး ရှောင်းကျဲယွိ၏ စကားကို ကြားလိုက်ချိန်တွင် သူက ကျယ်လောင်စွာ ရယ်မောရင်း ပြန်ပြောလိုက်သည်။
"အစ်ကိုရှောင်း၊ ခင်ဗျား အဲ့လောက် ယဉ်ကျေးနေဖို့ မလိုပါဘူး၊ သေရည် တစ်အိုးလောက်တိုက်ရင် လုံလောက်ပါပြီ"
တကယ်တော့ သူ ပြောချင်တာက ခင်ဗျားညီမကို ကျွန်တော်နဲ့ လက်ထပ်ပေးရင် ရပြီ တခြားဘာမှ ပြန်ဆပ်စရာ မလိုဘူးလို့ ပြောချင်တာပါ။ ဒါပေမယ့် အဲ့စကားကို မပြောရဲလို့ အရက်တိုက်ဖို့ပဲ ပြောလိုက်ရတော့တယ်။
သေရည်ဟူသော စကားကို ပြောလိုက်မှ ယဲ့လွီချွမ်းက တစ်စုံတစ်ခုကို သတိရသွားပုံဖြင့် စူးချင်းကို လှမ်းကြည့်လိုက်သည်။
“မရီး၊ မင်း သေရည်အိုးတွေ မပို့တာ ကြာနေပြီ”
ကျင့်ရှီလျိုမြောင်တွင် လွမ်ဟုန် ချက်နေသော သေရည်အိုးများက ကျင့်ရှီလျိုမြောင်တွင် ရောင်းချရန်သာ လုံလောက်ပြီး တာ့ထန်သို့ ပေးပို့ရန် မပိုလျှံတော့ပေ။
မော့ချန်ရှိ စူးချင်း၏အလုပ်ရုံကလည်း ရက်အနည်းငယ်ကြာပြီးနောက် အလုပ်ဆက်မလုပ်နိုင်တော့ပေ။ သူမ ချက်နေသည့်သေရည်များကလည်း သူမတို့၏ဆရာဦးလေးသောက်ရန်ပင် မလုံလောက်သောကြောင့် တာ့ထန်သို့ ပို့ရန် အရက်အလုံအလောက် မရှိတော့ပေ။
ဤသည်မှာ တတိယမင်းသား၏ အမြတ်အစွန်းအများဆုံး လုပ်ငန်း ဖြစ်သည်။ နေ့စဉ်ငွေအမြောက်အမြား ရနိုင်သည်ကို သူ သိနေသော်လည်း ထောက်ပံ့မှု မလုံလောက်သောကြောင့် သူ ငွေမရှာနိုင်ဘဲ ထိုင်ကြည့်နေခဲ့ရသည်။ ထိုအရာက သူ့ကို အလွန် စိတ်ညစ်စေသည်။
"အင်း၊ ကျွန်မ သိပြီ"
စူးချင်းလည်း အနည်းငယ် အပြစ်ရှိနေသလို ခံစားလိုက်ရသည်။ သူမက တိုက်ပွဲများနှင့် လုံးပန်းနေပြီး စီးပွားရေးကို လျစ်လျူရှုထားခဲ့သည်။
အခုတော့ အချိန်ပြန်ယူပြီ အလုပ်ဆက်လုပ်ရန် အချိန်တန်ပြီ။ ပိုက်ဆံ မလိုတော့ရင်တောင် ပိုက်ဆံရရင်တော့ လိုချင်သေးတာပဲ။
“မင်းနဲ့ အစ်ကိုရှောင်း အရမ်း အလုပ်ရှုပ်နေတယ်ဆိုတာ ဒီမင်းသား သိပါတယ်။ အဲ့ဒါကြောင့် နောက်ဆိုရင် လာပို့ပေးဖို့ မလိုပါဘူး၊ သုံးရက်တစ်ကြိမ် သေရည်အိုးတွေ လာယူဖို့ တစ်ယောက်ယောက်ကို စေလွှတ်လိုက်ပါ့မယ်”
ယဲ့လွီချွမ်းက သူ့အကျိုးစီးပွားကို နားလည်လွန်းလှသည်။ သူ့အတွက် ကုန်ပစ္စည်း ရရန် သူလူများကို စေလွှတ်ဖို့ ကြံရွယ်ထားပြီး ဖြစ်သည်။
"အဲဒါကောင်းတယ်"
ကုန်ပစ္စည်းပို့စရာ မလိုတော့တာက အရမ်းကောင်းတယ်။ အဲ့အတွက် သက်သာသွားမယ့် လူအင်အားကို စစ်တပ်အတွက် သုံးနိုင်တယ်။
စူးချင်းကလည်း သူမဘက်မှရမည့် အကျိုးကျေးဇူးကို တွေးကာ သဘောတူလိုက်သည်။
တိုက်ပွဲပြီးသွားပြီဖြစ်သောကြောင့် အောင်ပွဲခံရန် စီစဉ်ရတော့မည် ဖြစ်သည်။ မနေ့ညက အဒေါ်လီ၏အိမ်တွင် ထမင်းမစားရသေးသည့်အတွက် ယနေ့တွင် ယဲ့လွီချွမ်းအား အစိုးရရုံးတော်သို့ ဖိတ်ခေါ်လိုက်သည်။ ကျုံးယုံအနားတွင် မရှိသောကြောင့် သူတို့က လီတာ့နျိုကို စစ်သည်တစ်ဒါဇင်ခန့် ခေါ်သွားစေပြီး မြစ်ထဲသို့ ငါးသွားဖမ်း ခိုင်းလိုက်သည်။
လူအရေအတွက်များခြင်းက ခွန်အားဖြစ်ပြီး ဤတစ်ကြိမ်တွင် ငါးအကြီးကြီးဆယ်ကောင်ကျော် ပြန်ယူလာနိုင်ခဲ့ကြသည်။ စူးချင်းက ငါးပြုတ်ရန် အိုးကြီးသုံးလုံး ပြုဆင်နေခဲ့သည်။
အိုးကြီးတစ်အိုးတွင် ငါးပြုတ်ထားပြီး လတ်ဆတ်ပြီး နူးညံ့သောငါးကို အရံဟင်း အဖြစ်ထည့်ကာ မှိုနှင့် ဂေါ်ဖီထုပ်များ ထပ်ထည့်ထားခဲ့သည်။ အစပ်အရသာလည်း ပါဝင်သောကြောင့် ဆောင်းတွင်းအလယ်၌ ချွေးထွက်အောင် ပြုလုပ်ပေးနိုင်သည်။
ကျန်အိုးနှစ်လုံးကို ငါးနှင့် အာလူးများ ရောပေါင်းထားခြင်း ဖြစ်သည်။ ငါးများ ချက်ပြုတ်ရုံတင်မကဘဲ သိုးဆယ်ကောင်ကိုလည်း သတ်ခဲ့ကြသည်။ ယဲ့လွီချွမ်း ခေါ်ဆောင်လာသော စစ်သည်များအတွက် သိုးသားများ ပြုတ်ပေးခဲ့ပြီး မုန့်ပေါင်းအကြီးကြီးများ ပေါင်းပေးခဲ့ကြသည်။ ဆောင်းရာသီအလယ်တွင် ငါးလတ်လတ်ဆတ်ဆတ် စားရခြင်းက စစ်သည်များအတွက် ပွဲတော်ကြီးသဖွယ် ဖြစ်နေစေသည်။ သူတို့က သိုးသားကင်မွှေးမွှေးဆီသို့ပင် လက်မလှမ်းနိုင်ဘဲ ငါးကိုသာ စိုက်ကြည့်နေကြသည်။ ငါးအသားဟင်းနှစ်အိုးနှင့် ဟင်းရည်တစ်အိုးတွင် ဟင်းရည်တစ်စက်ပင် မကျန်တော့ပေ။
သိုးများကို သတ်ပြီးနောက် သိုးခြေထောက်အနည်းငယ်ကို ခုတ်ထစ်ကာ သိမ်းဆည်းထားခဲ့သည်။ သိုးနံရိုးများကိုတော့ သိုးသားဟော့ပေါ့ကို ပြုလုပ်ခဲ့သည်။ ချန်ထားသော သိုးခြေထောက်များကို ကင်လိုက်ချိန်တွင် ခြံဝင်းတစ်ခုလုံး အသားနံ့များ လျှံတက်လာသည်။
ကျိရှောင်ယင်နှင့် လီရွှမ်းအာတို့က ထိုသိုးခြေထောက်များကို လှီးဖြတ်ပေးရန် တာဝန်ယူထားကြသည်။ မီးတောက်များက သူမတို့၏မျက်နှာလေးများကို နီရဲနေစေသည်။ သူမ၏ဒဏ်ရာ မသက်သေးသော်လည်း ကျန်းယွိရန်က သူမ၏လည်ပင်းကို အဖြူရောင်ချည်ပါးစဖြင့် ပတ်ကာ ကူညီရန် ရောက်လာခဲ့သည်။ သူမ၏မိသားစုဝင်များကလည်း သူမကို မတားနိုင်ကြပေ။
ကျန်းယွိရန်က သူမ၏အစ်ကိုကြီးကျုံးကို မနေ့ကတည်းက မတွေ့ရသေးပေ။ မြောက်ပိုင်းလူရိုင်းများကို တိုက်ခိုက်ရန် သခင်လေးနှင့် လိုက်သွားကြောင်း သူမ ကြားထားခဲ့သည်။ ထို့ကြောင့် ကျန်းယွိရန်တစ်ယောက် မနေ့ညက အိပ်မပျော်နိုင်လောက်အောင် စိတ်ပူနေခဲ့ရသည်။ ယခုလည်း သူမ၏မျက်လုံးအောက်တွင် အမဲစက်များဖြင့် အလုပ်လုပ်နေခဲ့သည်။
"အစ်မယွိရန်၊ အစ်မ မြန်မြန်ပြန်သင့်တယ်။ ဒဏ်ရာတွေကို ထပ်ပြီး မအေးခဲစေနဲ့တော့"
ကျိရှောင်ယင်က ကျန်းယွိရန်၏ဒဏ်ရာအတွက် စိုးရိမ်နေပြီး သူမကို အိမ်ပြန်ရန် အကြံပေးလိုက်သည်။ သို့သော်လည်း ကျန်းယွိရန်က သူမ၏စကားကို မကြားသလို ပြုမူနေကာ ရုံးတော်၏အနောက်ဘက် ခန်းမကိုသာ စိုက်ကြည့်နေခဲ့သည်။
"အစ်မယွိရန် ဘာကြည့်နေတာလဲ?"
ကျိရှောင်ယင်က ကျန်းယွိရန် ကြည့်နေသည့်နေရာကို စူးစူးစိုက်စိုက် လှမ်းကြည့်လိုက်သော်လည်း တံခါးဝတွင် စောင့်ကြပ်နေသည့် တပ်သားအနည်းငယ်မှ လွဲ၍ မည်သူ့ကိုမျှ မတွေ့ရပေ။
"အစ်ကိုကြီးကျုံးကို ဘာလို့ မတွေ့တာလဲ?"
ကျန်းယွိရန်က မျက်နှာနီနီဖြင့် ကျိရှောင်ယင်ကို မေးလိုက်သည်။ ကျိရှောင်ယင်က ကျန်းယွိရန် ရှက်ရွံ့နေသည်ကို သဘောပေါက်သွားပြီး သူမကို ချက်ချင်း နောက်ပြောင်တော့သည်။
"အစ်မယွိရန်၊ အစ်မက ဘာလို့ ကျွန်မရဲ့အစ်ကိုကြီးအကြောင်းကို မမေးဘဲ ဒုတိယအစ်ကိုကိုပဲ မေးရတာတုန်း"
"မနေ့တုန်းက သူက ငါ့ကို ကယ်တင်ပေးခဲ့တာလေ၊ ငါ သူ့ကို ကျေးဇူးတင်စကား ပြောချင်လို့ပါ"
ကျိရှောင်ယင်၏ ပြီတီတီအပြုံးကြောင့် ကျန်းယွိရန်၏မျက်နှာက ပိုနီရဲလာပြီး သူမက ကျိရှောင်ယင်ကိုပင် လုံးဝ မကြည့်ရဲတော့ပေ။
“အစ်မရဲ့အစ်ကိုကြီးကျုံးက အစ်မရဲ့အစ်ကိုကြီးကို ကူညီဖို့ မြောက်ပိုင်းလူရိုင်းပြည်ထောင်မှာ ကျန်နေခဲ့တယ်။ အစ်ကိုကြီးက အစ်ကိုကြီးကျန်း မလုံခြုံမှာ ကြောက်လို့ အစ်မရဲ့အကိုကြီးကျုံးကို အဲ့မှာ နေခဲ့ဖို့ တောင်းဆိုခဲ့တာတဲ့"
ကျန်းယွိရန်က ကျုံးယုံအား ကျေးဇူးတင်စကား ပြောချင်နေကြောင်း သိလိုက်ရချိန်တွင် ကျိရှောင်ယင်က သူမအား နောက်ပြောင်နေခြင်းကို ရပ်လိုက်ပြီး ကျုံးယုံ မြောက်ပိုင်းလူရိုင်းပြည်ထောင်တွင် ကျန်နေခဲ့သည့်အကြောင်း ကျန်းယွိရန်အား ပြောပြလိုက်သည်။
ကျန်းယွိရန်ကတော့ သူမ အကြီးအကျယ် နစ်နာသွားသလို ခံစားလိုက်ရသည်။
အကိုကြီးကျုံးက မြောက်ပိုင်းလူရိုင်းပြည်ထောင်မှာ ကျန်နေခဲ့တာလား? သူ ဘယ်တော့ ပြန်လာပြီး သူမရဲ့မိဘတွေဆီမှာ လက်ထပ်ခွင့်တောင်းမှာလဲ? ဒါမှမဟုတ် သူ မေ့သွားတာလား?'