← Chapters

ကူညီရန် ရောက်လာခြင်း

Vol. 34 Ch. 498

ကူညီရန် ရောက်လာခြင်း

Vol. 34 Ch. 498

“မွေးစားအမေ၊ ရွှေရှန့်မှာ လုပ်စရာတွေ ရှိသေးတယ်၊ ဒါကြောင့် ရွှေရှန့် မွေးစားအမေနဲ့အတူ မရှိပေးနိုင်တော့ဘူး။ ဒီအရက်တစ်ခွက်က မွေးစားအမေအတွက် ရွှေရှန့်ရဲ့ သိတတ်မှုပါ”

ရှောင်းကျဲယွိက သူ့မွေးစားအမေ၏အုတ်ဂူရှေ့တွင် ဒူးထောက်ကာ အုတ်ဂူပေါ်သို့ အရက်တစ်ခွက် လောင်းချလိုက်သည်။ သူ အလွန်အလုပ်များနေသောကြောင့် သင်္ချိုင်းကို သန့်ရှင်းရေးလုပ်ရန်ပင် ကြာကြာမနေနိုင်တော့ပေ။

ထို့နောက် ရှောင်းကျဲယွိက မတ်တပ်ထရပ်ကာ ကျုံးယုံ၏ပုခုံးကို ပုတ်လိုက်ရင်း ညွှန်ကြားလိုက်သည်။

“ကျူံးယုံ၊ အစ်ကိုကြီး ကိစ္စတစ်ခု သွားဖြေရှင်းလိုက်ဦးမယ်။ မင်း အဒေါ်လီရဲ့အိမ်ကို လိုက်သွားပြီး ငါ့ကို စောင့်နေ။ ငါတို့ ညီအစ်ကိုတွေ ကောင်းကောင်းသောက်ရအောင်"

"အကိုကြီး၊ လုပ်စရာရှိတာ သွားလုပ်ပါ!"

ကျုံးယုံက အမြန် ခေါင်းညိတ်ကာ သဘောတူလိုက်သည်။

နောင်အနာဂတ်မှာ သူ့အစ်ကိုကြီးရဲ့ နောက်ကို လိုက်ရတော့မယ်လို့ တွေးလိုက်တာနဲ့ သူ့ စိတ်က အေးချမ်းသွားသလို သူ့မှာ ရှိနေတဲ့ အထီးကျန်မှုတွေလည်း မရှိတော့ဘူး။ သူ့အမေနောက်ကို လိုက်သွားချင်နေတဲ့ အတွေးရိုင်းတွေးလည်း မရှိတော့ဘူး။

စူးချင်းက သူမ၏မွေးစားအမေကို အရိုအသေပေးပြီးနောက် အဒေါ်လီ၏အိမ်သို့ သွားကာ ချက်ပြုတ်ရန် ကူညီပေးမည်ဟု ပြောလိုက်သည်။ သူမ ချက်ပြုတ်ရန် ကူညီပေးမည်ဟု ပြောလိုက်သော်လည်း အမှန်တကယ်တွင် သူမက အိုးသူကြီးဖြစ်ပြီး အခြားသူများအားလုံးကသာ သူမကို ကူညီရမည် ဖြစ်သည်။ စူးချင်း ဟင်းချက်ကောင်းကြောင့် လူတိုင်း သိကြပြီး သူမ၏လက်ရာကို မစားရသည်မှာ ကြာနေပြီ ဖြစ်သောကြောင့် အားလုံးက စိတ်ဝင်တစား စောင့်မျှော်နေခဲ့ကြသည်။

ရှောင်းကျဲယွိက စစ်သည်များနျင့်အတူ မြို့ပြင်သို့ ထွက်လာခဲ့သည်။ သူ့ကို တွေ့ချင်နေသည့်သူအား မြင်လိုက်ရချိန်တွင် သူလည်း ရယ်မောမိသွားပြီး ထိုလူ့ကို ကြိုဆိုရန် မြို့ရိုးပေါ်မှ ချက်ခြင်း ဆင်းသွားတော့သည်။

"တတိယမင်းသား၊ မင်း ဘယ်လို ရောက်လာတာလဲ?"

"အစ်ကိုရှောင်း၊ မင်းတို့ အဆင်ပြေရဲ့လား? မြောက်ပိုင်းလူရိုင်းတွေက မော့ချန်ကို တိုက်ခိုက်နေတယ်ကြားလို့ ငါ ကူညီဖို့ ငါ့တပ်တွေကို ခေါ်လာခဲ့တယ်”

ယဲ့လွီချွမ်းက တာ့ထန်ပြည်ထောင်၏စစ်ဝတ်စုံနှင့် ချပ်ဝတ်တန်ဆာကို ၀တ်ဆင်ထားသည်။ သူ့ဦးထုပ်၏ဘေးနှစ်ဘက်တွင် မြေခွေးသားမွေးကျစ်ဆံမြီး နှစ်ချောင်း ရှိနေသည်။ ထိုရှည်လျားသော မျက်ခုံးများက သူ့နားထင်စပ်ဆီသို့ ရောက်ရှိနေပြီး သူ၏ နဖူးရိုးက သိသာထင်ရှားစွာ ပေါ်လွင်နေသည်။ သူ့၏မျက်လုံးများက လင်းယုန်ငှက်ကဲ့သို့ စူးရှနေပြီး သူ၏မျက်နှာသွင်ပြင်က ထူးထူးခြားခြား ခန့်ညားလှသည်။ သူ၏ပါးလွှာသော နှုတ်ခမ်းများကို တင်းတင်းစေ့ပိတ်ထားပုံက သူ့၏တော်ဝင်ဂုဏ်ရောင်ကို ပို၍ လင်းလက်နေစေသည်။

အချိန်တိုလေးအတွင်းမှာပင် သူ၏ စိတ်နေစိတ်ထားနှင့် အမူအရာက ပြောင်းလဲသွားပြီ ဖြစ်သည်။ ပြီးခဲ့သော အတိတ်တွင် သူက သူ့၏အရည်အချင်းများကို ဖုံးကွယ်ထားခဲ့ပြီး သူ၏ခွန်အားကို တိတ်တဆိတ် စုဆောင်းနေခဲ့ရသော်လည်း ယခုအခါ သူက သူ့၏ထက်မြက်သောအစွမ်းအစကို ထုတ်ပြခွင့်ရနေပြီ ဖြစ်သည်။

"ကျေးဇူးတင်ပါတယ် တတိယမင်းသား"

ရှောင်းကျဲယွိက အလွန်ကျေနပ်သွားပြီး အထူးတလည် ကျေးဇူးတင်စကားဆိုလိုက်သည်။

သူ အကူအညီ မတောင်းခဲ့ပေမယ့် မော့ချန် အဝိုင်းခံထားရတယ်ဆိုတဲ့ သတင်းကြားကို ကြားရုံနဲ့ ယဲ့လွီချွမ်းက ကူညီပေးဖို့ အလျင်စလို ပြေးလာခဲ့တယ်။ ဒါက ညီအစ်ကိုကောင်းတွေ ကြားက ညီအစ်ကိုစိတ်ဓာတ်ဖြစ်ပြီး ဘာပဲဖြစ်ဖြစ် သူ ကျေးဇူးတင်မိတယ်။

"အစ်ကိုရှောင်း၊ ခင်ဗျား အရမ်းကြီး ယဉ်ကျေးနေဖို့ မလိုပါဘူး။ ကျုပ်တို့ တာ့ထန် ဒုက္ခရောက်တုန်းကလည်း ခင်ဗျားနဲ့ စူးချင်းရဲ့အကူအညီကြောင့် ကျုပ်တို့ ဖြေရှင်းနိုင်ခဲ့တာပါ"

ယဲ့လွီချွမ်း၏ ရယ်မောသံက ကြည်လင်ပြတ်သားနေပြီး သူ့၏စိတ်ရင်းမှန်း သိသာနေသည်။ သူ့မျက်လုံးများကလည်း မော့ချန်၏အတွင်းပိုင်းသို့ လှမ်းမျှော်ကြည့်နေသေးသည်။

သူ ကျိရှောင်ယင်ကို မတွေ့ရတာကြာပြီ။ သူလည်း တိုင်းပြည်ရဲ့အရေးကိစ္စတွေကြောင့် အလုပ်များနေပြီး မော့ချန်ကို လာဖို့ အချိန်မရှိခဲ့ဘူး။ အခု မော့ချန် ဒုက္ခရောက်နေပြီလို့ ကြားလိုက်တာနဲ့ သူ ကျိရှောင်ယင်ကို ချက်ချင်း တွေးလိုက်မိတယ်။ သူ သူမ အန္တရာယ်ဖြစ်မှာကို စိုးရိမ်ပြီး သူမကို ကယ်ဆယ်ဖို့ သူ့တပ်ဖွဲ့ဝင်တွေနဲ့အတူ အပြေးအလွှားချီတက်လာခဲ့တာပါ။

မော့ချန်ရဲ့အပြင်ဘက်ကို ရောက်လာတဲ့အချိန်မှာ မြို့တံခါးကို အသစ်ပြန်ပြင်နေပြီး မြို့ရိုးကလည်း ပျက်စီးနေတာကို သူ တွေ့လိုက်ရတယ်။ အဲ့အခိုက်အတန့်မှာ သူ့နှလုံးသားက သူ့ခြေထောက်အောက်အထိ ကျဆင်းသွားတော့တာပဲ။ ကံကောင်းထောက်မစွာနဲ့ ရှောင်းမိသားစုစစ်တပ်အလံတွေ လေထဲမှာ ဝဲပျံနေတာကို သူ တွေ့လိုက်ရတယ်။ နောက်ဆုံးတော့ မြောက်ပိုင်းလူရိုင်းတွေက မော့ချန်ရဲ့ခံစစ်ကို မချိုးဖောက်နိုင်ခဲ့ကြောင်း သူ အတည်ပြုနိုင်ခဲ့ပြီး သူ စိတ်သက်သာရာရသွားခဲ့တယ်။

“လာပါ၊ မြို့ထဲကို ဝင်ပါဦး"

ရှောင်းကျဲယွိက ယဲ့လွီချွမ်း ထိုစကားမျိုး ပြောလာပေးသည့်အတွက် ပိုကျေးဇူးတင်သွားပြီး သူကို ဧည့်ခံရန် မြို့ထဲသို့ အမြန်ဖိတ်ခေါ်လိုက်သည်။ ယဲ့လွီချွမ်းက သူနှင့်အတူ ပါလာသည့် စစ်တပ်ကို မြို့ပြင်တွင် စခန်းချအနားယူရန် အမိန့်ပေးလိုက်သည်။ ရှောင်းကျဲယွိက ထိုသို့ပြုလုပ်ရန် အကြံပြုခဲ့ခြင်း မဟုတ်ဘဲ ယဲ့လွီချွမ်းက သူ့ဘာသာသူ ဆင်ခြင်လိုက်ခြင်း ဖြစ်သည်။

ထိုသို့မဟုတ်ဘဲ သူက သူ့စစ်တပ်အား မော့ချန်မြို့ထဲအထိ ခေါ်သွားခဲ့လျှင် တခြားသူများက သူထံတွင် မကောင်းသောရည်ရွယ်ချက်များ ရှိနေသည်ဟု နားလည်မှုလွဲသွားနိုင်ပေသည်။

“ညီအစ်ကိုယဲ့လွီ၊ မင်း ဒီနေ့ ရောက်လာတာ အရမ်းကံကောင်းတယ်။ ငါ့မိန်းမက ဒီနေ့ သူကိုယ်တိုင် ဟင်းချက်နေတယ်၊ ငါတို့ ကောင်းကောင်းသောက်ရအောင်”

ယဲ့လွီချွမ်းက အဝေးမှ လာခဲ့ရပြီး လေပြင်းနှင့် ဆီးနှင်းများကို ဖြတ်ကျော်လာခဲ့ရသည်။ ရှောင်းကျဲယွိက သူ့ကို ထမင်းစားရန် ဖိတ်ခေါ်ခဲ့ပြီး မြို့ပြင်တွင် စခန်းချမည့် တာ့ထန်စာ်သည်များကို ဧည့်ခံရန်လည်း သူ့စစ်သည်များကို စေလွှတ်ပြီး အိမ်ရှင်တစ်ယောက်၏တာဝန်ကို ကျေပွန်အောင် ဖြည့်ဆည်းပေးလိုက်သည်။

"တကယ်လား? ဒါက တကယ်ကိုတိုက်ဆိုင်တာပဲ။ စူးချင်းရဲ့ လက်ရာကို မစားရတာ ကြာပြီ… မိန်းမ? အစ်ကိုရှောင်းနဲ့ စူးသခင်မလေးက လက်ထပ်ပြီးပြီပေါ့”

ယဲ့လွီချွမ်းက သဘောတကျ ထောက်ခံကာ ပြုံးလိုက်ပြီးမှ ရုတ်တရက် ရှောင်းကျဲယွိကို ကြည့်ကာ အံ့သြတကြီး ပြန်မေးလိုက်သည်။

သူတို့နောက်ဆုံးတွေ့ခဲ့တဲ့ အချိန်မှာ ရှောင်းကျဲယွိနဲ့ စူးချင်းတို့က ​​အိမ်ထောင်မပြုရသေးဘူးလေ။ ရှောင်းကျဲယွိက အချိန်တိုလေးအတွင်းမှာ စူးချင်းကို သူ့မိန်းမလို့ ပြောနိုင်သွားပြီလား?

"ဟုတ်တယ်၊ ငါနဲ့ ချင်းအာက လက်ထပ်ပြီးပြီ"

စူးချင်းအကြောင်း ပြောနေချိန်တွင် ရှောင်းကျဲယွိက သူ့ကိုယ်သူ မထိန်းနိုင်ဘဲ သူ့မျက်ဝန်းများထဲအထိ ပြုံးနေခဲ့သည်။ သူ့မျက်လုံးများထဲတွင် ပျော်ရွှင်မှုသာမက ဂုဏ်ယူမှုများလည်း ရောယှက်နေသေးသည်။

ချင်းအာကို လက်ထပ်နိုင်တာက သူ သူ့ရဲ့အရင်ဘဝတွေမှာ စုဆောင်းခဲ့တဲ့ ကောင်းချီးတွေကြောင့်ပဲ။

"သြော် ဂုဏ်ပြုပါတယ် ဂုဏ်ပြုပါတယ် အစ်ကိုရှောင်း၊ ဘာလို့ ဒီညီငယ်လေးဆီကို ဖိတ်စာမပို့တာလဲ? အစ်ကိုရှောင်း လက်ထပ်တော့မယ်ဆိုတာကို သိရင် ဒီညီငယ်လေးက ဘာပဲဖြစ်ဖြစ် ဂုဏ်ပြုဖို့ ရောက်လာမှာ အသေအချာပဲ"

ယဲ့လွီချွမ်းက လက်သီးအုပ်ပြီး ဂုဏ်ပြုစကားပြောလိုက်သည်။

စူးချင်းက ထူးထူးခြားခြား အစွမ်းထက်တဲ့ အမျိုးသမီးတစ်ဦး ဖြစ်သလို အစ်ကိုရှောင်းကလည်း ထက်မြတ်တဲ့ ပါရမီရှင်တစ်ဦးပဲ။ သူတို့နှစ်ဦးက ကောင်းကင်ဘုံကနေ စီစဥ်ပေးခဲ့တဲ့ လက်တွဲဖော်တွေ ဖြစ်နိုင်တယ်။

ရှောင်းကျဲယွိက ဟက်ဟက်ပက်ပက် ရယ်မောလိုက်ပြီးမှ ယဲ့လွီချွမ်းကို ပြန်ပြောလိုက်သည်။

“ဟား ဟား၊ အဲ့တုန်းက အချိန်သိပ် မရလိုက်လို့ပါ။ ဒီနေ့က ချင်းအာနဲ့ ငါက ညီလေးယဲ့လွီကို ဧည့်ခံပါ့မယ်”

“မဟုတ်သေးဘူး၊ အစ်ကိုရှောင်းရဲ့မင်္ဂလာပွဲလိုမျိုး အရမ်းပျော်စရာကောင်းတဲ့ အချိန်အတွက် ဒီညီလေးက ဂုဏ်ပြုလက်ဆောင်တစ်ခု ပို့ပေးသင့်တယ်။ အခု အဲဒါကို ဘယ်လိုလုပ်ရမလဲ? ဒါဆို ကျုပ် မော့ချန်မှာ ရက်အနည်းငယ် နေမယ်၊ လက်အောက်ငယ်သားတွေကို ပြန်သွားခိုင်းပြီး ဂုဏ်ပြုလက်ဆောင်တွေ ပြင်ဆင်ခိုင်းလိုက်မယ်”

ယဲ့လွီချွမ်းက ထိုကိစ္စကို အလေးအနက်ထားနေခဲ့သည်။

ဘာပဲဖြစ်ဖြစ် နောက်ဆုံးတော့ သူ မော့ချန်မှာ နေဖို့ အကြောင်းပြချက်တစ်ခု ရှိလာပြီလေ။

ကျိရှောင်ယင်အား နေ့တိုင်းတွေ့ရတော့မည်ကို တွေးနေရင်း ယဲ့လွီချွမ်းက သူ ယခုပင် လက်ထပ်ရတော့မလို ပျော်ရွှင်နေပြီး သူ့မျက်နှာပေါ်မှ အပြုံးများကို ဖုံးဖိမထားနိုင်တော့ပေ။

"ဟား ဟား၊ ကောင်းတယ် ညီအစ်ကိုယဲ့လွီ၊ မင်းရဲ့ရက်ရောမှုကို ငါ တန်ဖိုးထားတယ်"

ယဲ့လွီချွမ်း၏ သိတတ်မှုကို မြင်နိုင်သောကြောင့် ရှောင်းကျဲယွိက ရယ်မောရင်း သဘောတူလိုက်သည်။ သူက ညစာစားပြီးလျှင် ယဲ့လွီချွမ်း တည်းခိုနိုင်ရန် စီစဥ်နေပြီး သူ့လူများကို နားနေတည်းခိုဆောင်သို့ စေလွှတ်ကာ အခန်းသန့်ရှင်းရေးလုပ်ခိုင်းလိုက်သည်။

ရှောင်းကျဲယွိက ယဲ့လွီချွမ်းကို အဒေါ်လီ၏အိမ်သို့ ခေါ်ဆောင်သွားခဲ့ပြီး လမ်းတစ်လျှောက် လက်ရှိအခြေအနေများကို ပြောပြလာခဲ့သည်။

“ဒီနေ့ ထောင်ဟွားဝူမှာ အတူနေခဲ့တဲ့ အဒေါ်လီရဲ့အိမ်ကို သွားဖို့ သဘောတူပြီးသား ဖြစ်နေတယ်။ တတိယမင်းသားကို ငါနဲ့အတူ အလယ်ပိုင်းလွင်ပြင်က သာမန်ပြည်သူတွေရဲ့ ဘဝအတွေ့အကြုံ ခံစားဖို့ ဖိတ်ခေါ်ချင်တယ်”

သူတို့ အဒေါ်လီ၏အိမ်သို့ သွားနေသောကြောင့် ရှောင်းကျဲယွိက ယဲ့လွီချွမ်းအနေဖြင့် ဧည့်ခံမှု ညံ့ဖျင်းသည်ဟု ထင်မသွားစေရန် ကြိုတင်ရှင်းပြလိုက်သည်။

အဓိက အကြောင်းအရင်းက အဒေါ်လီကို ကတိပေးထားပြီးသားဖြစ်ပြီး သူဘက်မှ မပျက်ကွက်ချင်သောကြောင့် ဖြစ်သည်။ သို့သော် မင်းသားတစ်ဦးဖြစ်နေသည့် ယဲ့လွီချွမ်းက သာမန်လူတစ်ဦး၏အိမ်သို့ မသွားချင်မည်ကို သူ စိုးရိမ်နေသောကြောင့် ယဲ့လွီချွမ်း၏အမြင်ကို ကြိုတင်တောင်းခံနေခြင်း ဖြစ်သည်။

"ဟား ဟား၊ ကောင်းတယ်၊ ဒီလူက အဲ့ဒီလို သွားရတာကို ပိုပျော်တယ်”

ယဲ့လွီချွမ်းက ကျယ်လောင်စွာ ရယ်မောလိုက်သည်။ သူက အလယ်ပိုင်းလွင်ပြင်ရှိ သာမန်အရပ်သားအိမ်သို့ တစ်ခါမှ မရောက်ဖူးခဲ့ပေ။ သို့သော် သူက ကျိရှောင်ယင် အဒေါ်လီ၏အိမ်တွင် ရှိနေနိုင်ရန် မျှော်လင့်နေပြီး ထိုနေရာသို့ သွားရန် စိတ်အားထက်သန်နေခဲ့သည်။

သူ သူမကို စိတ်ပူလို့ အဝေးကြီးကနေ ပြေးလာခဲ့ရတာလေ။ သူမကို မတွေ့နိုင်ရင်တော့ စိတ်မကောင်းစရာပဲ။

ယဲ့လွီချွမ်းက မနှစ်သက်သည့်အမူအရာ မပြဘဲ အမှန်တကယ် စိတ်အားထက်သန်နေသည်ကို မြင်လိုက်ရသောကြောင့် ရှောင်းကျဲယွိတစ်ယောက် သက်ပြင်းတစ်ချက်ချ လိုက်သည်။ သူက မီးခိုးများ ထွက်နေသည့် အဒေါ်လီ၏အိမ်ဆီသို့ ညွှန်ပြလိုက်ပြီး ယဲ့လွီချွမ်းကို ထပ်ပြောလိုက်သည်။

“ကောင်းတယ်။ ဒီအ‌ရှေ့ဆို အဒေါ်လီရဲ့အိမ်ကို ရောက်ပြီ”

“ရတယ်”

ယဲ့လွီချွမ်းက ကျိရှောင်ယင်အား တမ်းတနေသည့် သူ့စိတ်ကို မထိန်းချုပ်နိုင်တော့ဘဲ အဒေါ်လီ၏အိမ်ဆီသို့ ခြေလှမ်းကျယ်ကျယ်များ လှမ်းနေကာ ရှောင်းကျဲယွိကိုပင် အနောက်၌ ချန်ထားခဲ့သည်။

ရှောင်းကျဲယွိက သူ မည်မျှအလျင်လိုနေသည်ကို မြင်နေခဲ့သော်လည်း ယဲ့လွီချွမ်း ဗိုက်ဆာနေသည်ဟုသာ ထင်နေပြီး သူ့လည်း သူ့ခြေထောက်များကို အရှိန်မြှင့်လိုက်သည်။

သူတို့ အဒေါ်လီ၏ အိမ်တံခါးဆီသို့ ရောက်ရှိသွားချိန်တွင် စူးချင်းနှင့် ကျုံးယုံတို့အဖွဲ့ အဝေးမှ လာနေသည်ကို တွေ့လိုက်ရသည်။ ရှောင်းကျဲယွိက သူ့ခြေလှမ်းများကို ရပ်လိုက်ပြီး ယဲ့လွီချွမ်းကို လှမ်းပြောလိုက်သည်။

"ခဏစောင့်ဦး၊ ချင်းအာတို့ ပြန်လာကြပြီ”

ရှောင်းကျဲယွိ၏ စကားကို ကြားလိုက်ချိန်တွင် ယဲ့လွီချွမ်းက လူအုပ်ကြီးကို အလျင်အမြန် လှမ်းကြည့်လိုက်သည်။ လူများစွာ ရှိနေသည့်ကြားမှပင် ယဲ့လွီချွမ်းက သူ နေ့ရောညပါ တောင့်တခဲ့ရသော ကျိရှောင်ယင်ကို ချက်ချင်း မြင်နိုင်ခဲ့သည်။

ယနေ့တွင် ကျိ‌ရှောင်ယင်က အရောင်ဖျော့ဖျော့၀တ်စုံလေးကို ၀တ်ထားပြီး သူမ၏ဆံပင်ကို သေသေသပ်သပ် ချည်နှောင်ထားသည်။ သူမ၏ မျက်နှာတွင် ဘာမှ မလိမ်းထားဘဲ ဖြူဖျော့နေကာ သူမ စိတ်ဓာတ်ကျနေပုံရသည်။ သူမ ခေါင်းငုံ့ထားသောလည်း သူမ၏ မျက်လုံးများက အနည်းငယ် နီရဲနေပြီး မျက်ရည်များ စီးကျနေမှန်း သိသာနေသည်။ ထိုမြင်ကွင်းက ယဲ့လွီချွမ်း၏နှလုံးသားကို ရုတ်တရတ် နာကျင်သွားစေသည်။

ဘယ်သူလဲ? ဘယ်သူက ကျိရှောင်ယင်ကို ငိုအောင် လုပ်ခဲ့တာတုန်း?

သူက ရှုတ်ချသော အကြည့်ဖြင့် ရှောင်းကျဲယွိကို လှမ်းကြည့်လိုက်သေးသည်။

အစ်ကိုဖြစ်ပြီး ညီမလေးကို ဘယ်လိုဂရုစိုက်ရမှန်း မသိဘူးလား?

ရှောင်းကျဲယွိက ယဲ့လွီချွမ်း၏မျက်လုံးများမှ ကဲ့ရဲ့ပြစ်တင်ရှုတ်ချသောအကြည့်များကို သတိမထားမိပေ။ သူက စူးချင်းဆီသို့ လျှောက်သွားပြီး သူမကို ပြုံးပြကာ စကားစလိုက်သည်။

“ချင်းအာ၊ ဘယ်သူရောက်လာတာလဲလို့ ကြည့်လိုက်ပါဦး"

စူးချင်းက ရှောင်းကျဲယွိ သူမနားသို့ မရောက်ခင်ကတည်းက ယဲ့လွီချွမ်းကို လှမ်းမြင်ခဲ့ပြီး ဖြစ်သည်။ သူက စစ်ဝတ်စုံနှင့် ချပ်ဝတ်တန်ဆာများ ဝတ်ဆင်ထားသောကြောင့် သူ မော့ချန်ကို ကူညီရန် ရောက်လာခြင်းဖြစ်နိုင်သည်ဟု သူမ ခန့်မှန်းလိုက်သည်။

"တတိယမင်းသား၊ ဒီအတောအတွင်း အဆင်ပြေပါရဲ့လား?”

စူးချင်းက ယဲ့လွီချွမ်းကို အပြုံးဖြင့် နှုတ်ဆက်လိုက်သည်။ စူးချင်း၏စကားသံကို ကြားသွားသည့် ကျိရှောင်ယင်က မှိန်းမောတွေဝေနေရာမှ ချက်ချင်း ပြန်နိုးထလာပြီး ယဲ့လွီချွမ်းကို မယုံနိုင်စွာ လှမ်းကြည့်လိုက်သည်။

All Chapters