← Chapters

နတ်ဘုရားဂူဗိမာန်အတွင်း ကျင့်ကြံခြင်း

Vol. 153 Ch. 2175

နတ်ဘုရားဂူဗိမာန်အတွင်း ကျင့်ကြံခြင်း

Vol. 153 Ch. 2175

ရီဖူရှင်းသည်လည်း နယ်မြေသခင်နှင့် ကျိုးလင်ရှီး၏ ဆိုလိုရင်းကို သိပ်မသေချာခဲ့ပေ။ လူသားများက သဘာဝအရ စိတ်လိုက်မာန်ပါ လုပ်တတ်ကြပေသည်။ လူတစ်ယောက်က မြင့်မားသော ကျင့်ကြံခြင်းအဆင့်ကို ပိုင်ဆိုင်လေ စိတ်ထိန်းချုပ်မှုက ပိုပြီး အားကောင်းလေ ဖြစ်ကာ တည်ငြိမ်အေးဆေးသူ ဖြစ်လာသည်။ ကျင့်ကြံသူအများစုသည် ရန်ဟောင်အဆင့်သို့ ရောက်သောအခါ စိတ်ခံစားချက်များကို ဖယ်ချကာ အကျိုးအပြစ်များကို ကျိုးကြောင်းသင့်လျော်စွာ တွေးတောဆင်ခြင်နိုင်စွမ်း ရှိပေသည်။

သို့သော် ရီဖူရှင်းသည် ကျိုးလင်ရှီးက ဤမျှ အချိန်တိုလေးအတွင်း သူ့ကို ချစ်မိသွားသည်ဟု ယူဆလိမ့်မည် မဟုတ်ပေ။ ထိုစကားများကို ပြောဆိုခြင်းတွင် နယ်မြေသခင်က ကျိုးလင်ရှီး၏ ခွင့်ပြုချက်ကို ရရှိထားကြောင်း သိသာပေသည်။ မဟုတ်လျှင် သူက လူတိုင်း၏ ရှေ့တွင် ပြောလိမ့်မည် မဟုတ်ပေ။

သို့ဆိုလျှင် သူတို့က မည်သည်ကို ဆိုလိုသနည်း။

သူတို့က အမှန်တကယ်ပင် သူ၏ ထူးခြားပြောင်မြောက်သော စွမ်းရည်များနှင့် အလားအလာကောင်းမွန်သော အနာဂတ်ကြောင့် ကျိုးလင်ရှီးနှင့် လက်ထပ်ပေးရန် ရည်ရွယ်နေသည်လား။ နယ်မြေသခင်အိမ်တော်က သူ့ကို သူတို့အိမ်တော်ထဲ ဝင်စေချင်နေခဲ့သလား။

သို့သော် ထိုဖြစ်နိုင်ချေက အလွန် ရိုးရှင်းသလို နယ်မြေသခင်အိမ်တော်၏ ပုံမှန်ပုံစံနှင့် ကိုက်ညီခြင်းမရှိပေ။

နယ်မြေသခင်အိမ်တော်က ရီဖူရှင်း၏ စစ်မှန်သော စွမ်းရည်ကို​ တစ်နည်းနည်းနှင့် တွေ့ရှိသွားပြီး သူ့ကို တစ်နည်းနည်းနှင့် ချည်နှောင်ထားရန် စိတ်အားထက်သန်နေခြင်း ဖြစ်နိုင်သည်။

သို့သော် နယ်မြေသခင်အိမ်တော်က ၎င်းကို အတိအလင်း မပြောဘဲ အရိပ်အမြွက်သာ ပြခဲ့ပေသည်။ နှစ်ဖက်လုံးအတွက် ရှက်ရွံ့မှုမှ ရှောင်ရှားရန် ရီဖူရှင်းကလည်း စိတ်ကြီးဝင်လွန်းသော တုံ့ပြန်မှုကို သေချာပေါက် ပြသလိမ့်မည် မဟုတ်ပေ။ သူက အပြုံးနှင့် ပြောလိုက်သည်။ “ဒုနယ်မြေသခင်နဲ့ မင်းသမီးလင်ရှီး နှစ်ယောက်လုံးမှာလည်း ထူးချွန်ထက်မြက်တဲ့ ပါရမီရှိကြတယ်။ အနာဂတ်မှာ အခွင့်အရေးရရင် သူတို့ဆီကနေ ဝမ်းမြောက်စွာနဲ့ သင်ယူမှာပါ။”

နယ်မြေသခင်​က ပြုံးလိုက်ပြီး မည်သည့်စကားမှ ထပ်မပြောတော့ပေ။ သူ့ကဲ့သို့ အဆင့်မြင့်သော လူတစ်ယောက်အတွက် လူအများရှေ့တွင် သွယ်ဝိုက်စွာ အကြံပြုခြင်းက ရီဖူရှင်းအပေါ် သူ၏ မြင့်မားသော အမြင်အား ပြသရန် လုံလောက်နေပြီ ဖြစ်သည်။

ရီဖူရှင်း ဆန္ဒရှိနေသရွေ့ သူက နယ်မြေသခင်အိမ်တော်၏ သားမက်ဖြစ်လာနိုင်မည်မှာ သံသယဖြစ်ဖွယ် မလိုပေ။ ထိုသို့ဖြစ်လျှင် သူက လေးမျက်နှာကျေးရွာနှင့် နယ်မြေသခင်အိမ်တော်ကို ကျောထောက်နောက်ခံအဖြစ် ရလိုက်ပေလိမ့်မည်။ ရှန်ချင်းနယ်မြေ၌ သူက မည်သည်ကို လုပ်ပါစေ သူ့အား ထိရဲမည့်သူ ရှိလိမ့်မည်မဟုတ်ပေ။

“ကျိုးလင်ရှီးက ရှင့်ကို အစကတည်းက ရည်ရွယ်ချက်ရှိရှိ ချဥ်းကပ်ခဲ့တာ။ သူမမှာ ဖုံးကွယ်ထားတဲ့ ရည်ရွယ်ချက် ရှိနေမှာ စိုးမိတယ်။” ရှားရှင်းယွန်က ရီဖူရှင်းအား စိတ်ချင်းဆက်သွယ်ကာ ပြောလိုက်သည်။ ရီဖူရှင်းက သူ့ကိုယ်သူ ရယ်သွမ်းသွေးလိုက်သည်။ ရှားရှင်းယွန် ပြောသည်မှာ ကျိုးကြောင်းသင့်ကြောင်း သိရှိပေသည်။

သူသည် အစောပိုင်း၌ ကျိုးမုဟွမ်က သူ့အား မည်သို့ ဖိတ်ခေါ်ခဲ့ပြီး ကျိုးလင်ရှီးက သူ ရှန်ချင်းနယ်မြေသို့ ရောက်ကတည်းက ရင်းနှီးမှု ရယူခဲ့ခြင်း ဖြစ်သည်။ နယ်မြေသခင်အိမ်တော်မှ တန်ခိုးရှင်များက အနည်းငယ် နွေးထွေးပြီး သဘောထားပြည့်ဝပုံရလေသည်။ ရီဖူရှင်းက သူ ပို၍ သတိထားသင့်ကြောင်း သိရှိပေသည်။ နယ်မြေသခင်အိမ်တော်က မည်သည့် မကောင်းသော ရည်ရွယ်ချက်မှ မဖော်ပြသော်လည်း သတိထားခြင်းက အမှားမရှိပေ။

အနည်းဆုံး ရီဖူရှင်းက နယ်မြေသခင်အိမ်တော်ကို မျက်စိစုံမှိတ် မယုံကြည်နိုင်ချေ။

“မှော်နက်စစ်တပ်က လေဟာနယ်ဘုံကို ဘာကြောင့် တိုက်ခိုက်ချင်ရတာလဲ။” တစ်စုံတစ်ယောက်က မေးလိုက်သည်။

“လေဟာနယ်ဘုံက အရင်တုန်းက မူလဘုံပဲ။ နောက်ပိုင်း စွန့်ပစ်ခံနယ်မြေ ဖြစ်လာတာ။ ဘယ်လိုပဲဖြစ်ဖြစ် အဲဒါက ထူးခြားတဲ့ နေရာတစ်ခုအဖြစ် ကျန်ရစ်နေဆဲပဲ။ မှော်နက်စစ်တပ်က မူလဘုံမှာ တန်ဖိုးရှိနေဆဲပဲလို့ ယုံကြည်နေတာ ဖြစ်နိုင်တယ်။” နယ်​မြေသခင်က ပြန်ဖြေလိုက်သည်။ “မဟုတ်ရင် ဘယ်ဘက်ကမှ သူတို့ရဲ့ ကိုယ်ပိုင်နယ်မြေကို စစ်မြေပြင်အဖြစ် မပြောင်းလဲချင်ကြလို့ မူလဘုံကို ရွေးလိုက်တာ ဖြစ်မယ်။”

သို့သော် နယ်မြေသခင်က အဖြစ်မှန်တစ်ခုလုံးကို မပြောပြခဲ့ပေ။ သူသည် ဗျာဒိတ်တစ်ခုအကြောင်း ကောလာဟလကြားဖူးခဲ့သည်။

လောက၏ ပြောင်းလဲခြင်းက မူလဘုံမှ ​မြစ်ဖျားခံလိမ့်မည်ဟု ဖြစ်ပေသည်။

ထိုဗျာဒိတ်ကို လူအနည်းငယ်သာ သိကြပြီး လက်ဆုပ်လက်ကိုင် ပြနိုင်ရန် ခက်ခဲသည်။ မည်သို့ပင်ဖြစ်စေ နယ်မြေသခင်သိသရွေ့မှာ ထိုဗျာဒိတ်အား လောက၏ အနာဂတ်အတွက် သူ၏ ဟောကိန်းအဖြစ် အာဏာရှိသူတစ်​ယောက်က ပြောခဲ့ခြင်း ဖြစ်သည်။

ကောင်းကင်လမ်းစဥ် ပြိုကျချိန်၌ မူလဘုံက ပြိုကွဲခဲ့သည်။ လောက၏ အပြောင်းအလဲက အမှန်တကယ်ပင် မူလဘုံမှ စတင်ဖြစ်ပွားခဲ့သည်ဆိုလျှင် ၎င်းသည် နတ်ဘုရားတို့၏ အလိုအရ ကြမ္မာစီမံထားခြင်း ဖြစ်နိုင်ပေသည်။

သို့ဆိုလျှင် စွန့်ပစ်ခံထားရသော မူလဘုံသည် ကမ္ဘာသစ်၏ အစ ဖြစ်သွားပေလိမ့်မည်။ ၎င်းသည် လောကတစ်ခွင်လုံးကို ပြောင်းလဲသွားစေမည့် ကြီးမားသော ဖြစ်ရပ်ဟု ဆိုလိုပေသည်။

နယ်​မြေသခင်သည် ၎င်းကို လူအများရှေ့၌ မည်သည့်အခါမှ ထုတ်ပြောလိမ့်မည် မဟုတ်ပေ။ အဆုံးမှာတော့ သူ့တွင် လက်ဆုပ်လက်ကိုင် ပြစရာမရှိဘဲ အနာဂတ်၌ မည်သည့်အရာများ ဖြစ်ပွားမည်မှာလည်း အာမခံချက် မရှိပေ။ သူ ကြားခဲ့သည်မှာ ဖမ်းဆုပ်ရန် ခက်ခဲသော အနာဂတ်ဟောကိန်းတစ်ခုသာ ဖြစ်သည်။

ထိုစဥ်တွင် ရီဖူရှင်း၏ စိတ်ထဲ၌ ဒေါသများ မြင့်တက်လာနေ၏။ သူတို့က ကိုယ်ပိုင်နယ်မြေများကို မထိခိုက်စေလိုသည့်အတွက်ကြောင့် မူလဘုံကို စစ်မြေပြင်အဖြစ် ရွေးချယ်ခဲ့ခြင်းဟု ပြောနေသည်လား။

မူလဘုံ၌ နေထိုင်နေကြသူများက မည်သည့်အတွက် စစ်ပွဲကြောင့် ဖြစ်ပေါ်လာသည့် ပျက်စီးဆုံးရှုံးမှု ကပ်ဘေးကို ခံစားရမည်နည်း။

ရီဖူရှင်းက မူလဘုံ၌ ကြီးပြင်းလာခြင်း ဖြစ်သည်။ သူ၏ မူလဘုံအပေါ် ထားရှိသော သံယောဇဉ်က ကောင်းကင်ဒေသအတွက် ထားရှိသော ခံစားချက်ထက် ပိုမို သာလွန်ပေသည်။

လူတိုင်းက စကားများ ဖလှယ်နေကြသော်လည်း ရီဖူရှင်းက စကားနည်းနည်းလေးမှ ပြောချင်သည့် ခံစားချက်မျိုး ရှိမနေပေ။ သူသည် မူလဘုံမှ အခြေအနေအား မရပ်တန့်နိုင်မည်ကို စိတ်ပူမိပေသည်။ သူက လက်ရှိကျင့်ကြံရေးအဆင့်ကို ပြီးဆုံးအောင်မြင်သည်နှင့် ဒွန်ဟောင်တော်ဝင်နန်းတော်မှ လူအများကို ဆင့်ခေါ်သည့်အခါ မူလဘုံသို့ ပြန်သွားရန် စီစဥ်လိုက်သည်။

“ဆရာရီ တစ်ခုခုကိုများ စိတ်ရှုပ်နေတာလား။” ကျိုးလင်ရှီးက အနီးမှ ရီဖူရှင်းကို ကြည့်ကာ အပြုံးနှင့် ပြောလိုက်သည်။

သူမက ရီဖူရှင်း အနည်းငယ် စိတ်လွတ်နေကြောင်း ပြောနိုင်ပေသည်။

ရီဖူရှင်းက သူ၏ စိုးရိမ်ကြောင့်ကြပူပန်မှုကို ​သိမ်းဆည်းရန် ပင့်သက်ရှည်တစ်ခု ရှိုက်လိုက်သည်။ ဖြစ်နိုင်ချေများအား တွေး၍ စိတ်ပူပန်နေသည်မှာ အဓိပ္ပါယ်မရှိပေ။ ထို့အစား သူက မူလဘုံသို့ မပြန်ခင် ခွန်အားများ တိုးတက်လာစေရန်သာ အာရုံစိုက်ထားသင့်သည်။ သူက အဆင့်ခြောက်သို့ တိုးတက်နိုင်ခဲ့လျှင် သူ့ကိုယ်သူ ကာကွယ်နိုင်စွမ်း ရှိပေလိမ့်မည်။ မဟုတ်လျှင် သူ ပြန်သွားလျှင်ပင် အဓိပ္ပါယ်မရှိ ဖြစ်ပေလိမ့်မည်။ သူက ဝန်ထုပ်ဝန်ပိုးသက်သက်သာ ဖြစ်နိုင်ပေသည်။

“လေဟာနယ်ဘုံမှာ ကျုပ်ရဲ့ မိတ်ဆွေတွေ အများကြီးရှိတယ်။ သူတို့အတွက် နည်းနည်းလောက် စိတ်ပူနေလို့ပါ။” ရီဖူရှင်းက ပြန်ဖြေလိုက်သည်။

ကျိုးလင်ရှီးက ခေါင်းညိတ်ကာ ပြောလိုက်သည်။ “ကျွန်မတို့ နောက်ရက်အနည်းငယ်အတွင်း လေဟာနယ်ဘုံကို သွားကြမှာ။ သူတို့ အဆင်ပြေမှာပါ။”

“ကျေးဇူးတင်ပါတယ်။ မင်းသမီးလင်ရှီး။” ရီဖူရှင်းက ပြောလိုက်ရင်း ခေါင်းညိတ်လိုက်သည်။ ကျိုးလင်ရှီးက မည်သည့်စကားမှ မပြောဘဲ ပြုံးလိုက်သည်။

စားသောက်ပွဲက ဆက်လက်တည်ခင်းနေသည်။ အစွမ်းထက် ကျင့်ကြံသူများက အချင်းချင်း စကားပြောဆိုနေကြပြီး တစ်ခါတစ်ရံ၌ လူငယ်လေးများ၏ စကားဝိုင်းကိုလည်း နားထောင်နေတတ်ကြသည်။ စားသောက်ပွဲပြီးဆုံးသည့်တိုင်အောင် ဧည့်သည်များက လူစုခွဲကာ ထွက်ခွာမသွားကြသေးပေ။

“ဆရာရီ နယ်မြေသခင်အိမ်တော်ထဲမှာ ခဏလောက် လမ်းလျှောက်ချင်လား။” ကျိုးလင်ရှီးက ရီဖူရှင်းအား ဖိတ်ခေါ်လိုက်သည်။ “အိမ်တော်ထဲမှာ ကျင့်ကြံခြင်းအတွက် အထောက်အကူ ဖြစ်စေမယ့် နေရာတွေ အများကြီးရှိတယ်။”

နယ်မြေသခင်အိမ်တော်သည် သာမန် အိမ်တော်တစ်ခု မဟုတ်ပေ။ ၎င်းက မြို့အသေးစားလေးကဲ့သို့ ကောင်းမွန်လှသည်။

“ကျေးဇူးတင်ပါတယ် မင်းသမီးလင်ရှီး။ ကျုပ် နတ်ဘုရားဂူဗိမာန်မှာပဲ ပြန်ပြီးတော့ ဆက် ကျင့်ကြံချင်ပါတယ်။ ဒီရက်တွေမှာ နည်းနည်း တိုးတက်နေပြီဆိုတော့ လမ်းတစ်ဝက်မှာ ရပ်လို့ မဖြစ်ဘူးလေ။” ရီဖူရှင်းက ပြန်ဖြေလိုက်သည်။

ကျိုးလင်ရှီးက ခေါင်းညိတ်ကာ ပြောလိုက်သည်။ “ကောင်းပြီ။ ဒါပေမယ့် နတ်ဘုရားဂူဗိမာန်ထဲက နတ်ဘုရားခေါင်းတလားက အဲဒီမှာပဲ အမြဲရှိနေမှာပါ။ ဆရာရီ အလျင်စလို လုပ်ပြီး ထိခိုက်အနာတရ ဖြစ်စေဖို့ မလိုပါဘူး။”

“ကျုပ် နားလည်ပါပြီ။” ရီဖူရှင်းက ခေါင်းညိတ်ကာ ပြောလိုက်သည်။ “မင်းသမီးလင်ရှီး ကျေးဇူးပြုပြီး ခွင့်ပြုပါဦး။”

“ကောင်းပါပြီ။” ကျိုးလင်ရှီးက ခေါင်းညိတ်ကာ ပြန်ဖြေလိုက်သည်။ ရီဖူရှင်းက ပြန်လှည့်ကာ လျှောက်ထွက်သွား၏။ ရှားရှင်းယွန်က မနီးမဝေး၌ သူ့ကို စောင့်ဆိုင်းနေခဲ့သည်။ ရီဖူရှင်း သူမဘေးသို့ လျှောက်လာသည့်အခါ သူမက ကျိုးလင်ရှီးကို တစ်ချက်လှမ်းကြည့်လိုက်ပြီး သူနှင့် ဘေးချင်းယှဥ်ကာ ထွက်ခွာသွားလေသည်။

ကျိုးလင်ရှီးသည် ရှားရှင်းယွန်၏ အကြည့်မှ ဆိုလိုသည့် အဓိပ္ပါယ်အား နားလည်ပေသည်။ သို့သော် သူမ၏ လှပသော မျက်နှာထက်တွင် အပြုံးရေးရေး ရှိနေပြီး သူမ မည်သည်တို့ တွေးနေသည်အား မခန့်မှန်းတတ်အောင် ဖြစ်စေသည်။

အင်အားစုအသီးသီးမှ တန်ခိုးရှင်များက နယ်မြေသခင်အိမ်တော်က ထွက်ခွာသွားကြသည်။ သို့သော် သူတို့အားလုံးက တူညီသော နေရာကို ဦးတည်နေပုံရသည်။ သူတို့အားလုံးက နတ်ဘုရားဂူဗိမာန်ကို ဦးတည်နေကြပေသည်။

စားသောက်ပွဲ ပြီးဆုံးသွားသော်လည်း နတ်ဘုရားခေါင်းတလားက နတ်ဘုရားဂူဗိမာန်အတွင်း ရှိနေဆဲ ဖြစ်သည်။ ထိုတန်ခိုးရှင်များက အဖိုးတန်အခွင့်အရေးကို သေချာပေါက် လွဲချော်ခံလိမ့်မည် မဟုတ်ပေ။ သူတို့သည် နတ်ဘုရားခေါင်းတလား အနီး၌ ခေတ္တမျှ ကျင့်ကြံရန် စီစဥ်ထားပြီး ၎င်းကနေ မည်သည့်အရာမှ မရဘဲ ကျရှုံးမှသာလျှင် အမှန်တကယ် ထွက်ခွာသွားလိမ့်မည် ဖြစ်သည်။

နတ်ဘုရားဂူဗိမာန်တွင် အရင်ဆုံး ကံစမ်းရန် မကြိုးစားကြည့်ဘဲ မည်သူက အိမ်ပြန်ရန် ဆန္ဒ ရှိပါမည်နည်း။ ဆရာသခင်အဆင့် တန်ခိုးရှင်များသည်ပင် မဟာအင်ပါယာရှန်ကျား၏ ရုပ်ကြွင်းက မည်မျှ ထူးခြားကြောင်း သိချင်နေကြသည်။

ပိုမိုများပြားသော လူများက နတ်ဘုရားဂူဗိမာန်သို့ ရောက်ရှိလာသည်။ ထိပ်သီးအင်အားစုများမှ တန်ခိုးရှင်များသည်လည်း ဂူဗိမာန်သို့ တည့်မတ်စွာ သွားခဲ့ကြ၏။ ရှေးဟောင်းတော်ဝင် သွမ့်မိသားစုအပါအဝင် အဘိုးမာ၊ ရီဖူရှင်းနှင့် လေးမျက်နှာကျေးရွာမှ အခြား တန်ခိုးရှင်များသည်လည်း ထွက်ပေါ်လာကြပေသည်။ သိသာစွာပင် သူတို့က နတ်ဘုရားဂူဗိမာန်အတွင်း ရက်အနည်းငယ်နေကာ ကျင့်ကြံရန် စီစဥ်ထားကြသည်။

လူအုပ်ကြီးက နတ်ဘုရားဂူဗိမာန်အတွင်း စုဝေးလာကြ၏။ လူအများစုက ကျင့်ကြံခြင်းစင်မြင့်များထက် နေရာယူပြီးကြပြီ ဖြစ်သည်။

ရီဖူရှင်းနှင့် အခြားလူများက ထိုနေရာ အောက်ဘက်တွင် ရ​ပ်ကာ ရှေ့သို့ စိုက်ကြည့်နေကြသည်။ လူအနည်းငယ်သာလျှင် အတွင်းဘက်သို့ ဝင်ရောက်နိုင်စွမ်း ရှိသည်။ ရီဖူရှင်းက အစွမ်းထက်တန်ခိုးရှင်များအပြင် အတွင်းဘက်ခြမ်းသို့ ဝင်ရောက်နိုင်သော တစ်ဦးတည်းသောသူ ဖြစ်ပေလိမ့်မည်။

ရီဖူရှင်းက ကျင့်ကြံခြင်းစင်မြင့်များပေါ် သွားမည့်အစား အတွင်းပိုင်းသို့ ဦးတည်ကာ ဆက်လျှောက်သွားသည်။ သူက နတ်ဘုရားခေါင်းတလားသို့ တိုက်ရိုက် သွားခဲ့ပေသည်။

အခြားကျင့်ကြံသူများသည် ရီဖူရှင်း၏ လှုပ်ရှားမှုကြောင့် မအံ့သြခဲ့ပေ။ ထိုအင်အားစုအသီးသီးမှ ထိပ်သီးပုဂ္ဂိုလ်များသည် ရီဖူရှင်းက အမှန်တကယ် နတ်ဘုရားခေါင်းတလားမှ တစ်စုံတစ်ခု နားလည်နိုင်လား မြင်တွေ့ချင်နေကြသည်။

ရီဖူရှင်းက နတ်ဘုရားခေါင်းတလားသို့ လျှောက်သွားကာ ကြည့်လိုက်သည်။ ချက်ချင်းပင် နတ်အလင်းများက သူ့ထံ ရောင်ပြန်ဟပ်လာပြီး ရှေးဟောင်းစာလုံးများက သူ့ခန္ဓာကိုယ်ထက်၌ ထွင်းထုထားသလို ထွက်ပေါ်လာသည်။ နတ်ဘုရားဂူဗိမာန်တစ်ခွင်၌ နားအူလောက်စရာ ဆူညံသံများစွာ ထွက်ပေါ်လာပြီး လူအုပ်ကြီးက သူ့ကို ထိတ်လန့်အံ့သြနေသော အကြည့်တို့ဖြင့် ကြည့်လိုက်ကြသည်။

ရီဖူရှင်းသည် အမှန်တကယ်ပင် နတ်ဘုရားခေါင်းတလား၏ အကူအညီနှင့် ကျင့်ကြံနိုင်ပေသည်။ သူက နတ်ဘုရားရုပ်ကြွင်း၏ စွမ်းအားကို မည်သို့ တောင့်ခံနိုင်စွမ်း ရှိရသနည်း။

အစွမ်းထက် ပုဂ္ဂိုလ်များသည်ပင် ထိတ်လန့်အံ့အားသင့်ခဲ့ကြသည်။ သူတို့က ရီဖူရှင်းကို စိုက်ကြည့်ကာ စွမ်းအားမျှင်များ ထုတ်လွှတ်၍ သူ့စွမ်းအားပမာဏနှင့် သူ၏ ကျင့်ကြံခြင်းလျှို့ဝှက်ချက်အား ဖော်ထုတ်ရန် ကြိုးစားနေကြသည်။

သို့သော် သူတို့သည် ရီဖူရှင်းထံမှ မိစ္ဆာနတ်ဘုရားစွမ်းအားကိုသာ ခံစားမိပြီး အခြား မည်သည့်ထူးခြားချက်မှ ရှာမတွေ့ခဲ့ပေ။ ထိုသည်မှာ သူက မိစ္ဆာနတ်ဘုရား၏ စွမ်းအားကို ဆက်ခံခဲ့သည့်အတွက်ကြောင့် ထိုသို့ လုပ်ဆောင်နိုင်စွမ်း ရှိသည်လား။

ရီဖူရှင်းက နတ်ဘုရားခေါင်းတလားအား အချိန်ကြာမြင့်စွာ အဆက်မပြတ် ကြည့်နေခဲ့သည်ကို မြင်ကာ မတူညီသော အဖွဲ့များမှ တန်ခိုးရှင်တို့က ပူပန်ကာ စိတ်မရှည် ဖြစ်လာကြသည်။ သူတို့၏ မျက်နှာထက်တွင် တည်ငြိမ်သော အကြည့်များရှိနေပြီး ခန္ဓာကိုယ်အနီး၌ ပြင်းထန်သော မဟာလမ်းစဥ် စွမ်းအားများ ဝန်းရံနေကာ သူတို့သည် နတ်ဘုရားခေါင်းတလားအား ချဥ်းကပ်ကာ ကြည့်ရန် ကျင့်ကြံရေးစင်မြင့်ထက်မှ ဆင်းလာကြသည်။

ယခုတွင် နတ်ဘုရားခေါင်းတလားက နတ်ဘုရားဂူဗိမာန်အတွင်း တည်ရှိနေသည်။ သူတို့က အရင်ဆုံး မကြိုးစားကြည့်ဘဲ မည်သည့်အတွက်ကြောင့် အချိန်အကြာကြီး စောင့်ဆိုင်းနေရသနည်း။

သူတို့သည် ကြိုးစားမကြည့်ရဲဘဲ သတ္တိကြောင်နေလျှင် လာရာလမ်းသို့ ပြန်မြန်းရုံသာ ရှိပေလိမ့်မည်။ ဤနေရာ၌ ဆက်နေနေ၍ မည်သည့် အဓိပ္ပါယ်ရှိပါမည်နည်း။

သို့သော် သိပ်မကြာခင်မှာပင် ကျင့်ကြံသူ တစ်ယောက်ပြီး တစ်ယောက် ညည်းညူလိုက်ကြသည်။ အများစုသည် မျက်လုံးများက သွေးများယိုစီးကာ မျက်နှာများက ကြောက်မက်ဖွယ် ဖြူဖျော့နေခဲ့သည်။ သူတို့က တတ်နိုင်သမျှ အလျင်အမြန် ပြန်ဆုတ်ခွာသွားခဲ့သည်။ အချို့မှာ ပထမဆုံး ကြိုးစားကြည့်ခြင်း ဖြစ်သော်လည်း အချို့မှာ ယခင်က နတ်ဘုရားရုပ်ကြွင်းအား ကြည့်ရန် ကြိုးစားခဲ့ဖူးသည်။ နတ်ဘုရားခေါင်းတလား၏ ကြောက်မက်ဖွယ် စွမ်းအားကို ခံစားမိပြီးနောက် သူတို့သည် ရီဖူရှင်းအား အမြင်သစ်ဖြင့် ရှုမြင်လာကြသည်။

သူက မည်သည့်အတွက် လုပ်ဆောင်နိုင်စွမ်း ရှိရသနည်း။

အဘိုးမာနှင့် အခြားလူများက အရာအားလုံးကို တိတ်ဆိတ်စွာ ကြည့်နေခဲ့သည်။ နတ်ဘုရားရုပ်ကြွင်းအား အောင်မြင်စွာ လေ့လာသင်ယူနိုင်သူမှာ ရီဖူရှင်း တစ်ယောက်သာလျှင် ရှိသည်။ သူတို့သည် သူက အာရုံစိုက်မှုအများအပြားအား ဆွဲဆောင်မိသည်မှာ ကောင်းသည်လား ဆိုးသည်လား သိချင်မိပေသည်။

မည်သို့ပင်ဖြစ်စေ ရီဖူရှင်းက သူ့အနီးတွင် ဖြစ်ပျက်နေသော အဖြစ်အပျက်များကြောင့် အနှောက်အယှက် ဖြစ်မနေပေ။ သူက ကျင့်ကြံခြင်းတွင် နစ်မြုပ်နေပြီး အခြားလူများ၏ အတွေးအမြင်တို့က သူ့ကို မထိခိုက်နိုင်ပုံရလေသည်။

တစ်ရက်ပြီးတစ်ရက် ကူးသွားခဲ့ပြီး ရီဖူရှင်းက ကျင့်ကြံခြင်းတွင်သာ အာရုံစူးစိုက်နေခဲ့သည်။ သူက အချိန်တချို့တွင် နတ်ဘုရားခေါင်းတလားရှေ့၌ ရှိနေပြီး တစ်ခါတစ်ရံ၌ ကျင့်ကြံရေးစင်မြင့်တွင် ကျင့်ကြံနေသည်။ သူ့ခန္ဓာကိုယ်မှ မဟာလမ်းစဥ်စွမ်းအားများက ပို၍ လွှမ်းမိုးနိုင်စွမ်း ရှိလာကာ ပြင်းထန်လာ၏။ လူအများသည် ရီဖူရှင်းက နောက်တစ်ဆင့်သို့ ချိုးဖျက်ရန် နီးစပ်လာပြီဟု တွေးနေကြသည်။ သူက နတ်ဘုရားခေါင်းတလားအား အသုံးပြု၍ သူ့ခန္ဓာကိုယ်မှ အရှိန်အဝါကို မြှင်တင်နေခဲ့ကာ အဆင့်ခြောက်ရန်ဟောင်သို့ တက်ရောက်ရန် ကြိုးစားနေခဲ့၏။

အခြားသော တန်ခိုးရှင်များသည် ရီဖူရှင်း အဆင့်ခြောက်သို့ ရောက်သွားပြီးလျှင် ရှန်ချင်းနယ်မြေအတွင်း၌ သူ့ကို အနိုင်ယူနိုင်သည့် ရန်ဟောင် အနည်းငယ်သာလျှင် ရှိတော့မည်ဟု ယုံကြည်ကြပေသည်။

***

All Chapters