← Chapters

ပိုင်ယီနှင့် ပြန်လည်တွေ့ဆုံခြင်း

Vol. 14 Ch. 203

ပိုင်ယီနှင့် ပြန်လည်တွေ့ဆုံခြင်း

Vol. 14 Ch. 203

ရှန့်ကျန်းမြို့ ကျိုးလုံဒေသရှိ တရုတ် တိုင်းရင်းဆေးပညာ စာကြည့်တိုက်၌ မိန်းမလှလေးတစ်ယောက် လူတစ်ရပ်စာ ပြတင်းပေါက်နား၌ ထိုင်နေရင်း အပြင်ဘက်မှ လူများအား ငေးငိုင်၍ ကြည့်နေသည်။

'အဲ့အရူးကောင်က‌တော့ ရှန့်ကျန်းမြို့မှာ တော်တော် ပြဿနာ ရှာထားတာပဲ၊ ငါ တကယ်ပဲ သူ့အတွက် စိတ်ပူမိတယ်'

ပိုင်ယီသည် စိတ်ရှုပ်နေသော မျက်နှာထားလေးဖြင့် ရေရွတ်လိုက်မိသည်။ သူမ ရှန့်ကျန်းမြို့သို့ ရောက်နေသည်မှာ တစ်လတောင် ရှိနေပြီဖြစ်သည်။ သို့သော် သူမ ကျန်းရှီမြို့ကို သတိရမိတိုင်း လူတစ်ယောက်အား အမြဲ အမှတ်ရနေမိသည်။

သူမ သူနှင့် ဝေ့ရွှေမြစ်ကမ်း နံဘေး၌ ဆုံတွေ့ခဲ့သည်။ သူက အန်ကယ်လ်ကျိုးအား လက်သီးတစ်ချက်တည်းဖြင့် ထိခိုက်အောင် လုပ်ခဲ့ပြီး မြစ်ထဲရှိ သက်ရှိသတ္တဝါတိုင်းအား သေစေခဲ့သည်။

ထို့နောက်တွင် သူက ကျန်းရှီမြို့၏ သုံးစားမရတဲ့သားဟု ပိုင်ယီ သိလာရသည်။ သူ၏ ရည်းစားဟောင်း၏ လှောင်ပြောင်ခြင်းကို ခံနေရစဉ်တွင် ပိုင်ယီက သူမသည် သူ၏ ချစ်သူ ဟန်ဆောင်၍ သူ့အား ထိုအကျပ်အတည်း ကြားမှ ဆွဲထုတ်ခဲ့သည်။

နောက်ပိုင်းတွင် သူက ပိုင်ယီ့အဘိုး၏ အသက်အား ကယ်တင်ခဲ့ပြီး ဆရာဝန်ကြီး အဘိုး ရှုကွမ်း၏ ဆရာ ဖြစ်လာခဲ့၏။

"အခုဆို သူနဲ့ ယှဉ်ရင် ငါ…. ငါက သေးနုပ်နေလောက်ပါပြီ"

ပိုင်ယီ ခါးသီးစွာ ပြုံး၍ ရေရွတ်လိုက်မိသည်။

*သူ ထင်ပေါ်ကျော်ကြားတာ အရမ်း မြန်တာပဲ*

*ဝံပုလွေရိုင်းကို အညံ့ခံလာအောင် လုပ်ပြီးတဲ့နောက်ပိုင်း သူက ကျန်းရှီမြို့ရဲ့ မြေအောက်လောက တစ်ခုလုံးကို ထိတ်လန့်စေခဲ့တယ်။ နောက်ပြီး သူက ကျန်းပေ စီရင်စုဒေသနဲ့ ကျန်းနန် စီရင်စုဒေသကိုလည်း ရှင်းလင်းခဲ့သေးတယ်*

*အခုလည်း သူက မြစ်ကို ကျော်ပြီး ရှန့်ကျန်းမြို့က သိုင်းပညာ အသိုင်းအဝိုင်း တစ်ခုလုံးကို သုတ်သင်ပစ်ခဲ့ပြန်ပြီ*

*သူ ဘယ်အရာကိုမဆို ဖြစ်အောင် လုပ်နိုင်စွမ်း ရှိပုံရတယ်*

*နောက်တစ်ခါ သူနဲ့များ ငါ ပြန်ဆုံဖြစ်ခဲ့ရင် သူက ငါ လက်လှမ်းမှီတဲ့ နေရာထက်တောင် လွန်နေလောက်ပြီ*

ပိုင်ယီ၏ အပြုံးက ပို၍ ခါးသီးလာပြီး သူမ မျက်နှာလေးက မဲ့တဲ့တဲ့ ဖြစ်လာသည်။

ထိုစဉ် သူမ စာကြည့်တိုက်နား ဖြတ်သွားသော ပိန်ပါးပါး လူတစ်ယောက်ကို ဖျတ်ခနဲ မြင်လိုက်မိသည်။

ပိုင်ယီ ချက်ချင်း တုန်ယင်လာသည်။

"အဲ့ဒါ…သူ…သူပဲ"

ပိုင်ယီ ကိုယ့်မျက်လုံးကိုယ် မယုံကြည်နိုင်ပါ။ ထို့နောက် သူမ ချက်ချင်း ထရပ်ကာ စာကြည့်တိုက် အပြင်သို့ ပြေးထွက်သွားသည်။

စာကြည့်တိုက် အပြင်ဘက်တွင် လူပေါင်းများစွာ ရှိနေ၏။

ပိုင်ယီ တွေဝေသွားရသည်။ သူမ သူနှင့် တွေ့ခွင့်ရရန် ခြေကုန်သုတ်၍ ပြေးလာခဲ့သော်လည်း သူမ သိပ်ကို မျှော်လင့်တောင့်တ နေခဲ့ရသည့် သူနှင့် မတွေ့ခဲ့ဘဲ ဝေးခဲ့ရပြန်သည်။

"ငါ… ငါ လူမှားမြင်မိတာ နေမှာပါလေ"

ပိုင်ယီ အတော်လေး စိတ်ပျက်သွားသည်။ ထိုစဉ် သူမ နောက်ကျောဘက်မှ ပြောင်စပ်စပ် အသံတစ်သံကို သူမ ကြားလိုက်ရသည်။

"အလှလေး မင်း ကိုယ့်ကို ရှာနေတာလား"

….

သူ့အသံကို ကြားလိုက်ပြီးနောက် ပိုင်ယီ၏ ကိုယ်လုံးလေးက သိမ်ခ့နဲ တုန်သွားသည်။

သူမ ချက်ချင်း လှည့်ကြည့်လိုက်သောအခါ သူမ နောက်၌ ရပ်နေသော အနက်ရောင် ဝတ်စုံနှင့် ပိန်ပါးပါး လူငယ်လေးကို တွေ့လိုက်ရသည်။

သူ၏ မျက်လုံးများက ညမိုးကောင်းကင်ကဲ့သို့ နက်မှောင်နေကာ ကြယ်တာရာများကဲ့သို့ တောက်ပနေ၏။

သူ၏ ပြီးပြည့်စုံသော မျက်နှာအပြင် သူ့ပုံစံက နိုင်ထက်စီးနင်း ပြုမူတတ်ပြီး မောက်မာပုံ ရသည်။

သူ့ပါးစပ်ထောင့်နားမှ အပေါ်သို့ အနည်းငယ် တွန့်ကွေးကာ ပြုံးနေပုံက သူ့အား အနည်းငယ် မကောင်းဆိုးဝါး ဆန်စေသည်။

သူ့ပုံစံက အမှောင်ထုထဲက လာသည့် ချောမောသည့် နတ်ဆိုး မင်းသားလေးလိုပင်။

"နင်…နင်က…"

ပိုင်ယီ မျက်လုံး အပြူးသားနှင့် သူမ၏ လှပသော မျက်နှာလေးက အလွန်ထိတ်လန့်နေပုံ ရသည်။

"ယဲ့ဖန်လား"

သူမ ကိုယ့်မျက်လုံး ကိုယ် မယုံနိုင်ပါ။

ယဲ့ဖန်က ပင်ကိုစရိုက်ရော ရုပ်ရည်ပါ အတော်လေး ပြောင်းလဲသွားသည်။ ယခင်တုန်းက ယဲ့ဖန်သည် သာမန်လူနှင့် တူပြီး ယခုအခါတွင်တော့ သူက အမှောင်ထု၏ ဘုရင်တစ်ပါးလိုပင်။

ယဲ့ဖန်က ခေါင်းညိတ်ပြပြီး ပြုံးကာ မေးလိုက်သည်။

"ပိုင်ယီ မင်း ဘာလို့ ရှန့်ကျန်းမြို့ကို ရောက်နေတာလဲ"

ယဲ့ဖန်ကို ကြည့်ရင်း ပိုင်ယီ ရုတ်တရက် ရင်တွေ မဟားတရား ခုန်လာသည်ကို ခံစားလိုက်မိသည်။ တစ်ချိန်တည်းမှာပဲ သူမရဲ့ မျက်နှာလေးက ရှက်စိတ်ကြောင့် နီမြန်းလို့လာ၏။ သူမ ယဲ့ဖန်၏ မျက်လုံးကို တည့်တည့် စိုက်မကြည့်ရဲပေ။

"အရင်တုန်းက အဘိုးရှုက ကျွန်မကို ရှန့်ကျန်းမြို့က တရုတ် တိုင်းရင်းဆေးပညာရှင် ဆရာကြီးတစ်ယောက်နဲ့ မိတ်ဆက်ပေးတယ်လေ၊ သူက ကျွန်မ ရှန့်ကျန် တော်ဝင်တက္ကသိုလ်ကို တက်ဖို့ ထောက်ခံပေးတာ။ ကျွန်မ တရုတ်တိုင်းရင်းဆေးပညာ မဟာဌာနရဲ့ ခြွင်းချက်ထားပြီး ဝင်ခွင့်ကို ရခဲ့တယ်လေ၊ အခု ကျွန်မက ပထမနှစ် ကျောင်းသူ ဖြစ်နေပြီ"

*ပထမနှစ် ကျောင်းသူ*

ယဲ့ဖန် တစ်ခဏမျှ မှင်တက်သွားရသည်။ ကျန်းရှီ မြူနီစီပယ် အလယ်တန်းကျောင်း မှာကတည်းက ပိုင်ယီက အမြဲ သူမအတန်းထဲမှာ အမြဲ ပထမရခဲ့သည်။

ထို့ကြောင့် တက္ကသိုလ် ဝင်ခွင့် စာမေးပွဲများက သူမအတွက် အဓိပ္ပာယ် မရှိသလိုပင်။ ထို့ပြင် ရှုကွမ်းနှင့် ပိုင်ရှောင်တို့ကြားမှ အလွန် ရင်းနှီးသော ဆက်ဆံရေးကြောင့် သူမအတွက် ခြွင်းချက်ထားပြီး ဝင်ခွင့်ရရန် လွယ်ကူလှပေသည်။

"ယဲ့ဖန် လာလေ ရှင်က ကျွန်မ ဧည့်သည်ပဲ"

ပိုင်ယီက တောက်ပစွာ ပြုံးလိုက်သည်။ ပြီးခဲ့သည့် တစ်လကျော်အတွင်း ဒါက သူမ အပျော်ဆုံး အခိုက်အတံ့လေးပင်။

ထို့နောက် သူမ တက္ကစီ တစ်စီး ငှား၍ စာကြည့်တိုက်ထဲမှ ထွက်လာခဲ့ကြသည်။ ထိုအချိန်တွင် စာကြည့်တိုက်ထဲက လူငယ်တစ်ယောက် ထွက်လာသည်။ ပိုင်ယီနှင့် ယဲ့ဖန်တို့ တက္ကစီနှင့် ထွက်သွားသည်ကို မြင်ပြီး ချက်ချင်း သူ့ဖုန်းကို ထုတ်ကာ နံပါတ်တစ်ခုကို ကောက်ဆက်လိုက်သည်။

"ဟို ... သခင်လေး၊ ကျွန်တော် မမလေး ပိုင်ယီ ယောကျ်ားတစ်ယောက်နဲ့အတူ တက္ကစီငှားပြီး ထွက်သွားတာကို အခုလေးတင် တွေ့လိုက်တယ်"

"သူတို့နောက်ကို နောက်ယောင်ခံလိုက်၊ ဟုတ်ပြီလား"

ဖုန်းချပြီးနောက် ထိုလူငယ်လေးက တက္ကစီတစ်စီးကို ငှား၍ ပိုင်ယီနှင့် ယဲ့ဖန်တို့ နောက်သို့ လိုက်သွားသည်။

….

ကျန်းနန် ဟိုတယ်။

ဤဟိုတယ်သည် ကျန်းနန် ဟင်းလျာစစ်စစ်များကို ရရှိနိုင်သော အထူးဟိုတယ်တစ်ခု ဖြစ်သည်။

ပိုင်ယီနှင့် ယဲ့ဖန်တို့ ပျော်ရွှင်စွာ ရယ်မော၍ စားသောက်နေကြသည်။ သို့သော် သူတို့ စားသောက်လို့ မပြီးခင်တွင် သူတို့ စားသောက်နေသည့် VIP အခန်းတံခါးက ရုတ်တရက် ပွင့်လာသည်။

ထို့နောက် သက်တော်စောင့် နှစ်ယောက်နှင့်အတူ လူငယ်တစ်ယောက် တရကြမ်း ဝင်လာသည်။

*ဟမ်*

ယဲ့ဖန်နှင့် ပိုင်ယီတို့ နှစ်ယောက်လုံး အံ့ဩသွားကြသည်။ ထိုလူငယ်လေး၏ မျက်နှာကို မြင်သည်နှင့် ပိုင်ယီ မျက်မှောင်ကြုတ်သွားကာ သူမ၏ လှပသော မျက်ဝန်းလေးများက ဒေါသကြောင့် တလက်လက် တောက်လာသည်။

"ရွှယ်ထောင် နင် ဒီကို ဘာလာလုပ်တာလဲ"

"ပိုင်ယီ မင်းက တယ်ဟုတ်နေပါလား၊ မင်း စာကြည့်တိုက်မှာ စာလေ့လာစရာ ရှိလို့ဆိုပြီး ငါနဲ့ ထမင်းအတူတူ စားဖို့ ငြင်းလိုက်တယ်၊ ဒါပေမယ့် မင်းက နောက်ယောက်ျား တစ်ယောက်နဲ့ အတူတူ စားနေပါလား"

ထို့နောက် ထိုလူငယ်က ပိုင်ယီမျက်လုံးအား စိုက်ကြည့်ကာ ဒေါသတကြီး မေးလိုက်သည်။

"အဲ့ကောင် ဘယ်သူလဲ ငါ့ပြောစမ်း"

သူ့စကားကြောင့် ပိုင်ယီ ချက်ချင်း ဒေါသထွက်လာကာ ပက်ခနဲ ပြန်ပြောလိုက်သည်။

"ရွှယ်ထောင် နင် တော်တော် လွန်နေပြီနော်။ နင်နဲ့ငါနဲ့ ဘယ်လိုပတ်သက်မှုမျိုးမှ မရှိဘူး။ နင် ငါ့ကို အဲ့လိုမေးခွန်းမျိုး မေးခွင့်မရှိဘူး"

*ဘာ*

သူမစကားကြောင့် ရွှယ်ထောင် မျက်နှာပျက်သွားကာ အလောတကြီး ပြန်ပြောလိုက်သည်။

"ကောင်းသကွာ၊ ပိုင်ယီ ငါ့အဖေက မင်း ရှန့်ကျန်းတော်ဝင် တက္ကသိုလ်မှာ တက်နိုင်အောင်လို့ ထောက်ခံပေးခဲ့တယ်။ မင်းက ဒီလိုနည်းနဲ့ ပြန်ကျေးဇူးဆပ်တာလား"

ထို့နောက်တွင်မူ သူ့လက်ပါးစေ နှစ်ယောက်က ယဲ့ဖန်အား မာန်မဲလာသည်။

"ခွေးမသားလေး မင်း ဘယ်သူနဲ့ ရင်ဆိုင်နေလဲဆိုတာကော သိရဲ့လား။ သူက သခင်လေးရွှယ်ပဲ၊ သူက ရှန့်ကျန်းမြို့က တစ်ဦးတည်းသော ကြယ်သုံးလုံးအဆင့် သိုင်းပညာရှင် မာစတာရွှယ်ရဲ့ တစ်ဦးတည်းသောသားကွ၊ မင်းလို မြေနိုးကောင်က သခင်ရွှယ်ရဲ့ မိန်းကလေးကို ထိပါးရဲတယ်ပေါ့လေ"

"ဟုတ်တယ် ခွေးမသားလေး မင်းက စောက်ရမ်း စိတ်ကူးယဉ်နေတဲ့ကောင်ပဲ"

*မာစတာရွှယ်*

ရှန့်ကျန်း သိုင်းပညာ အသိုင်းအဝိုင်းတစ်ခုလုံး ကပ်ဆိုက်ခဲ့ပြီးနောက် ရှန့်ကျန်းမြို့တွင် ကြယ်သုံးလုံးအဆင့် ပညာရှင် တစ်ယောက်သာ ကျန်ရစ်ခဲ့တော့သည်။

ထို့ကြောင့် မာစတာရွှယ်သည် ရှန့်ကျန်းမြို့မှ သိုင်းပညာရှင်များ၏ လေးစား ကြည်ညိုခြင်း ခံလာရသည့်အပြင် ရှန့်ကျန်း သိုင်းပညာ အသိုင်းအဝိုင်းတွင် အင်အားအကြီးဆုံး သိုင်းပညာရှင် ဖြစ်လာရတော့၏။

ထို့ကြောင့် ရွှယ်ထောင်သည် သူ ဘယ်နေရာရောက်ရောက် လူအများ လေးစားခြင်းကို ခံလာရလေသည်။

စိတ်မကောင်းစွာပဲ သူက ယဲ့ဖန်အား ရန်သွားမိလေတော့သည်။ အရက်ပြင်းတစ်ခွက် သောက်လိုက်ပြီး ယဲ့ဖန်က ခေါင်းခါ၍ ရက်စက်သော မျက်နှာထားနှင့် ပြောလိုက်သည်က

"ဘာလို့ ပုရွက်ဆိတ်လိုကောင်တွေက အမြဲ ကိုယ့်သေတွင်းကိုယ် တူးနေရတာလဲ မသိဘူး"

*ဘာ*

ယဲ့ဖန်၏ စကားကြောင့် ရွှယ်ထောင့်မျက်နှာ တစ်ပြင်လုံး မည်းသည်း သွားလေတော့သည်။

သူ့အဆင့်အတန်းကို‌ ဖော်ပြပြီးတာတောင် ယဲ့ဖန်က သူ့အား အထင်အမြင်သေးစွာ ဆက်ဆံလိမ့်ဦးမည်ဟု သူ ထင်မထားခဲ့မိချေ။

ထို့ကြောင့် သူ ဒေါသထွက်လာရသည်။ ထိုစဉ် သူ့မျက်နှာက ရုတ်တရက် စိုစွတ်လာသည်။

*အမ်*

ရွှယ်ထောင် ကြောင်သွားရသည်။ ထို့နောက် သူ့မျက်နှာကို လက်ဖြင့် ပွတ်ကြည့်လိုက်သောအခါ လတ်လတ်ဆတ်ဆတ် သွေးများကို မြင်လိုက်ရ၏။

သူ ချက်ချင်း နောက်လှည့်ကြည့်လိုက်မိသည်။ သူ့နောက်ကျောမှ မြင်ကွင်းကြောင့် သူ သေမတတ် ကြောက်လန့်မိသွားရသည်။

သူ လက်ပါးစေနှစ်ယောက်လုံး ခေါင်းဖြတ် အသတ်ခံလိုက်ရသထြင့် ခေါင်းပြတ်နေသော ခန္ဓာကိုယ် နှစ်ခုက အခန်းထဲ ရပ်နေဆဲ ဖြစ်သဖြင့် လတ်လတ်ဆတ်ဆတ် သွေးများက ပန်းထွက်နေသည်။

ဘုန်းခနဲ အသံများနှင့်အတူ အလောင်းနှစ်လောင်းက ကြမ်းပြင်ပေါ် လဲကျသွားသည်။ ရွှယ်ထောင်သည်လည်း ဝိညာဉ် လွင့်မတတ် ထိတ်လန့်သွားရ၏။

*မ…မဖြစ်နိုင်ဘူး*

သူ့မျက်လုံးနှစ်လုံးနှင့် မြင်နေရသည်များကို သူ မယုံနိုင်ပါ။ သူ့လက်ပါးစေ နှစ်ယောက် အသတ်ခံလိုက်ရသည်ကို သူ သတိပင် မထားခဲ့မိ။

ထိုစည် ယဲ့ဖန်၏ စကားများက သူ့ဝိညာဉ်အား နုတ်ယူသွားတော့မတတ် ထွက်ပေါ်လာသည်။

"မင်းအဖေသာ ပိုင်ယီ့အပေါ် မကူညီခဲ့ဖူးဆိုရင် မင်းလည်း အလောင်းဖြစ်နေလောက်ပြီ"

All Chapters