← Chapters

နတ်ဘုရားရုပ်ကြွင်း၏ လှုပ်ရှားမှု

Vol. 153 Ch. 2176

နတ်ဘုရားရုပ်ကြွင်း၏ လှုပ်ရှားမှု

Vol. 153 Ch. 2176

မျက်စိတစ်မှိတ်အတွင်းတွင် နတ်ဘုရားဂူဗိမာန်အား တည်ဆောက်ပြီးစီးသွားသည်မှာ တစ်လကျော်ပင် ရှိသွားခဲ့ပြီ ဖြစ်သည်။

ဆရာသခင်အဆင့် တန်ခိုးရှင်အချို့က နတ်ဘုရားဂူဗိမာန်အတွင်း နေနေဆဲ ဖြစ်သည်။ သူတို့သည် ထိုနေရာ၌ ကျင့်ကြံနေကြပြီး သိသိသာသာ တိုးတက်လာသည်။ ယခု သူတို့သည် မဟာအင်ပါယာရှန်ကျား၏ တော်ဝင်ရောင်ဝါကို အနည်းနှင့်အများ နားလည်သဘောပေါက်နိုင်ကြပြီ ဖြစ်သည်။

သို့သော် ရီဖူရှင်းက နားလည်သဘောမှုကို အများဆုံး ဆုပ်ကိုင်ထားနိုင်သည့် သူဖြစ်သည်မှာ သံသယဖြစ်ဖွယ် မရှိပေ။

သူက ထိုအချိန်တွင် ကျင့်ကြံရေးစင်မြင့်ထက် ထိုင်နေခဲ့ပြီး သူ့ခန္ဓာကိုယ်မှ ပြင်းထန်သော မဟာလမ်းစဥ် အသံများ ပေါက်ကွဲထွက်လာနေသည်။ မည်သို့ပင်ဖြစ်စေ သူက နတ်ဘုရားရုပ်ကြွင်းအား ထပ်မကြည့်တော့ဘဲ မျက်လုံးများကို တင်းကျပ်စွာ ပိတ်ထားခဲ့သည်။ သူက ကြောက်မက်ဖွယ် မဟာနတ်အလင်းတို့နှင့် တောက်ပနေပြီး သူ၏ အရေပြားပေါ်တွင် မရေတွက်နိုင်သော သင်္ကေတအက္ခရာများ ထွင်းထုထားသလို ဖြစ်နေခဲ့သည်။ ၎င်းသည် သူ၏ ခန္ဓာကိုယ်တစ်ခုလုံးကို သင်္ကေတအက္ခရာများမှ ထုတ်လွှတ်ထားသော နတ်အလင်းတို့နှင့် ဝါးမြိုခံထားရသလို ထင်မှတ်ရပေသည်။

လွန်ခဲ့သည့် ရက်အနည်းငယ်တွင် နတ်ဘုရားဂူဗိမာန်အတွင်းမှ တန်ခိုးရှင်များသည် ရီဖူရှင်း တဖြေးဖြေး ပြောင်းလဲလာသည်ကို စောင့်ကြည့်နေခဲ့ကြသည်။ နတ်ဘုရားရုပ်ကြွင်းကို လေ့လာရင်း ပိုမို နက်ရှိုင်းသော နားလည်သဘောပေါက်မှုများ ရရှိလာသည်နှင့် သူ၏ ခန္ဓာကိုယ်မှ အပြောင်းအလဲများကလည်း ပိုမို သိသာလာပေသည်။ လူတိုင်းသည် ရီဖူရှင်းက အဆင့်တစ်ခုကို ချိုးဖျက်ဝင်ရောက်နိုင်တော့မည် ဖြစ်ကြောင်း သတိပြုမိကြသည်။

သို့သော် အခြားတန်ခိုးရှင်များသည် ရီဖူရှင်း၏ သက်စောင့်ဟော်နန်းအတွင်းမှ မြင်ကွင်းမှာ ပို၍ ကြောက်မက်ဖွယ် ကောင်းနေကြောင်း မသိကြပေ။ ထိုအခိုက်အတန့်တွင် ရီဖူရှင်းသည် သူ၏ အသိစိတ်ထဲ၌ ဖြစ်တည်လာသော လျှို့ဝှက်ဆန်းကြယ်သည့် ကမ္ဘာအတွင်း ဝင်ရောက်သွားခဲ့သည်။ မြင့်မားသော အရပ်နှင့် အစွမ်းထက်သည့် လူတစ်ယောက်က သူ့ရှေ့တွင် မားမားမတ်မတ် ရပ်နေသည်။ သေလွန်ပြီးသော မဟာအင်ပါယာရှန်ကျားက ယခု သူ့ ရှေ့တွင် ရပ်နေကြပေသည်။

သူတို့က အချင်းချင်း မျက်နှာချင်းဆိုင် ရပ်နေကြသည်။ ရီဖူရှင်းသည် သူက လူသားကျင့်ကြံသူတစ်ယောက်နှင့် မဟုတ်ဘဲ နတ်ဘုရားတစ်ပါးဖြင့် ရင်ဆိုင်နေရသလို ခံစားနေရပေသည်။ သူက မဟာအင်ပါယာရှန်ကျား၏ လမ်းစဥ်နှင့် ဥပဒေသများကို တွေ့ရှိခဲ့သည်။ သို့သော် အမှန်စင်စစ်တွင် သူကိုယ်တိုင်က မဟာအင်ပါယာရှန်ကျား ဖြစ်နေသလိုပင်။

သူသည် မဟာအင်ပါယာရှန်ကျားဖြစ်ပြီး ကောင်းကင်လမ်းစဥ်ကို စိန်ခေါ်ပြီး လောကတွင် လမ်းစဥ်မရှိဟု စိန်ခေါ်ပြီး သူကိုယ်သာ လမ်းစဥ်ဖြစ်ကြောင်း ကြွေးကြော်ခဲ့သောသူဖြစ်သည်။

ဘန်း...

ရီဖူရှင်း၏ ခန္ဓာကိုယ်က မဟာလမ်းစဥ် မီးပြင်းဖိုတစ်ခုအဖြစ် ပြောင်းလဲသွားလုနီးပါး ဖြစ်သည်။ မဟာလမ်းစဥ်စွမ်းအားမျိုးစုံက သူ့ခန္ဓာကိုယ်မှ ထွက်ပေါ်နေပြီး သူ၏ ခန္ဓာကိုယ်အတွင်း ဆူညံပေါက်ကွဲသံများ အဆက်မပြတ် ထွက်ပေါ်နေသည်။ နတ်ဘုရားဂူဗိမာန်အတွင်း တန်ခိုးရှင်များအားလုံးသည် ရီဖူရှင်းထံမှ ထိုးထွက်လာသော ကြောက်မက်ဖွယ် မဟာလမ်းစဥ် စွမ်းအားများကို ခံစားမိကြပေသည်။

“ဒါက...”

လူအများသည် ရီဖူရှင်းဘက်သို့ ကြည့်လိုက်ကြပြီး သူတို့ထဲတွင် ကျင့်ကြံနေသည့် အလယ်တွင် ရောက်နေသူများပင် ပါဝင်သည်။ သူတို့အားလုံးသည် ရီဖူရှင်း၏ ခန္ဓာကိုယ်မှ ထွက်လာသော ပြင်းထန်လှသည့် စွမ်းအားများကို ခံစားမိပေသည်။

ရီဖူရှင်းက နတ်ဘုရားခေါင်းတလားထဲမှ နတ်ဘုရားရုပ်ကြွင်းကို လေ့လာနေပြီး ၎င်း၏ အကူအညီနှင့် မဟာလမ်းစဥ် ကျင့်ကြံနေပေသည်။ သူက နောက်ဆုံး၌ နောက်တစ်ဆင့်ကို တက်ရောက်သွားသည်လား။

ထိုဖြစ်နိုင်ချေက ထိပ်သီးအင်အားစုများမှ ပါရမီရှင်ကျင့်ကြံသူအများစုကို စိတ်ပျက်လက်ပျက် ဖြစ်စေခဲ့သည်။ သူတို့က မည်သည့်အရာမှ မရနိုင်သေးသော်လည်း ရီဖူရှင်းက နောက်ထပ် မြင့်မားသော အဆင့်သို့ တက်ရောက်သွားပြီ ဖြစ်သည်။

ရီဖူရှင်းသည် နတ်ဘုရားခေါင်းတလားအတွင်းမှ နတ်ဘုရားရုပ်ကြွင်း အကူအညီနှင့် ကျင့်ကြံလာသောအခါ ၎င်းသည် အခြားလူတိုင်းကို သူ၏ လွှမ်းမိုးမှုအောက် အလွယ်တကူ ထားလိုက်နိုင်ပေသည်။

သို့သော် ထိုအချိန်၌ အဆင့်တက်ရန် ကြိုးစားမည့်အစား ရီဖူရှင်းက ဆန်းကြယ်သော စိတ်အခြေအနေသို့ ဝင်ရောက်နေခဲ့ပေသည်။ သူက ကျင့်ကြံခြင်းနှင့် နားလည်သဘောပေါက်မှုမှတဆင့် မတူညီသော စွမ်းရည်များစွာတို့နှင့် ပေါကြွယ်လှသော အတွေ့အကြုံများကို ရရှိခဲ့သည်။ နောက်ပိုင်းအဆင့်များတွင် မကြာခဏ အများဆုံး အသုံးပြုသည့် ကျင့်ကြံခြင်းနည်းလမ်းမှာ ပညာရှိကျမ်းပင် ဖြစ်သည်။

ပညာရှိကျမ်းသည် ပုံမှန်လမ်းစဥ်နှင့် ပြောင်းပြန်လမ်းစဥ် နှစ်ခုလုံး ကျင့်ကြံနိုင်ပေသည်။ ယခင်နေ့ရက်များတွင် ထျန်းဟယ်အကြီးအကဲက ပညာရှိကျမ်းကို ပြောင်းပြန်လမ်းစဥ်နှင့် ကျင့်ကြံခဲ့သည်။ သူက အောင်မြင်စွာ အဆင့် ချိုးဖျက်၍ အင်ပါယာအတုအဆင့်သို့ ရောက်ရှိလာသော်လည်း ဖြစ်စဥ်အတွင်း နတ်ဆိုးတစ်ကောင်ကဲ့သို့ ဖြစ်လာခဲ့သည်။

ပုံမှန်လမ်းစဥ်နှင့် ပညာရှိကျမ်းကို ကျင့်ကြံရန်မှာ လောကအတွင်းရှိ အမျိုးမျိုးသော စွမ်းအား အားလုံးကို တစ်စုံတစ်ယောက်၏ ခန္ဓာကိုယ်အတွင်း စုပ်ယူ၍ ကိုယ်ခန္ဓာ သန်မာလာအောင် တည်ဆောက်ခြင်းပင် ဖြစ်သည်။ ဆန့်ကျင်ဘက်အနေနှင့် ထျန်းဟယ်မဟာအကြီးအကဲက ပညာရှိကျမ်းကို ပြောင်းပြန် ကျင့်ကြံခဲ့စဥ် သူက သူ့ခန္ဓာကိုယ်တွင်းမှ ကိုယ်ပိုင်လမ်းစဥ်ကို အပြင်ဘက်လောကသို့ ဖြန့်ကျက်ခဲ့ပေသည်။ သူသည် သူ့ကိုယ်သူ ယဇ်ကောင်အဖြစ် စတေးခံခဲ့ပြီး စစ်မှန်သော ဝိညာဥ်ပြောင်းလဲခြင်းကို မည်သည့်အခါမှ ရရှိနိုင်လိမ့်မည် မဟုတ်တော့ပေ။

ထို့အပြင် ပညာရှိကျမ်းကို ကျင့်ကြံခြင်းက မဟာအင်ပါယာရှန်ကျား၏ အောက်ခြေတွင်သာ ရှိပြီး သူ၏ ကိုယ်ပိုင်ကျင့်ကြံရေးနည်းလမ်းနှင့် မည််သည့်အခါမှ ယှဥ်နိုင်လိမ့်မည် မဟုတ်ပေ။

မဟာအင်ပါယာရှန်ကျားက ကိုယ်ပိုင်လမ်းစဥ်ကို ကျင့်ကြံပြီး သူသည် လမ်းစဥ်၏ အထက်၌ ရပ်တည်ကာ ကိုယ်ပိုင် ကမ္ဘာလောကကို တည်ဆောက်ထားသည်။ သူ၏ ကိုယ်ပိုင်ခန္ဓာက သူ့လမ်းစဥ်ပင် ဖြစ်လေသည်။ သူ့အပြင် အခြားမည်သူတစ်ဦးတစ်ယောက်မှ သူ့ကဲ့သို့ ရဲရင့်ပြတ်သားသောသူ မရှိပေ။

ရီဖူရှင်းသည် မဟာအင်ပါယာရှန်ကျား၏ ရုပ်ကြွင်းမှနေ၍ သူ၏ အတ္တနှင့် မာနကို ခံစားမိနိုင်ပေသည်။ သူသည် ကျင့်ကြံခြင်းနည်းလမ်းကိုသာ ဂရုစိုက်ပြီး သူ့ရည်မှန်းချက်မှာ လမ်းစဥ်အား အုပ်စိုးရန် ဖြစ်သည်။

လမ်းစဥ်ဟူသည်မှာ အဆုံးစွန်ကျင့်ကြံခြင်းကို လိုက်စားရန် လိုအပ်နေခြင်း ဖြစ်နိုင်ပါသလား။

မဟာအင်ပါယာများအားလုံးတွင် တူညီသော ရည်မှန်းချက်များ ရှိကြသလား။

ရီဖူရှင်းက ၎င်းကို သိနိုင်ရန် နည်းလမ်းမရှိပေ။ သို့သော် အနည်းဆုံး သူက မဟာအင်ပါယာရှန်ကျား၏ ကျင့်ကြံခြင်းလမ်းစဥ်ကို ခံစားမိနိုင်ပေသည်။ ထို့အပြင် ခံစားချက်က အားကောင်းသထက် အားကောင်းလာကာ မသိလိုက်မသိဘာသာနှင့် တူညီသော လမ်းစဥ်ကို လိုက်နေခဲ့မိသည်။

သူက ထိုနည်းလမ်းအတိုင်း ဆက်လက် ကျင့်ကြံနေရင်း ရီဖူရှင်းသည် မဟာအင်ပါယာရှန်ကျားနှင့် သူ၏ ကျင့်ကြံခြင်းလမ်းစဥ်ဖြင့် ဖွဲ့စည်းထားသော ထူးခြားဆန်းကြယ်သည့် အခြေအနေထဲ ဝင်ရောက်သွားခဲ့ပေသည်။

ပြင်းထန်သော မဟာလမ်းစဥ်က သူ့ခန္ဓာကိုယ်ကို တည်ငြိမ်စေရန် ဆက်လက်ထိန်းသိမ်းပေးထားပြီး နားအူမတတ် ဆူညံသံများက ပိုမိုများပြားသော လူများ၏ အာရုံကို ဖမ်းစားထားနိုင်ပေသည်။ လူတိုင်းသည် ရီဖူရှင်း၏ လမ်းစဥ်က မည်သို့ ဖြစ်လာနေသည်ကို သိချင်နေကြပေသည်။

ကြည့်ရှုနေသူများက မသိရုံမက ရီဖူရှင်းသည်လည်း မပြောနိုင်ပေ။ နားလည်သဘောပေါက်မှုနှင့် ကျင့်ကြံခြင်းက မှော်ဆန်လှသော အတွေ့အကြုံပင် ဖြစ်သည်။ တစ်ခါတစ်ရံ၌ ကျင့်ကြံသူများသည် အိပ်မွေ့ချခံထားရသလို အခြေအနေမျိုး ဖြစ်တတ်ကြသည်။ ယခု ရီဖူရှင်းက ထိုသို့သော အခြေအ​နေမျိုးထဲ ရောက်နေပြီး သူက စိတ်အေးသက်သာစွာ ရှိနေခဲ့ပေသည်။

သူ၏ သိစိတ်အာရုံက ပုံရိပ်ယောင်လောကအတွင်း မျောလွင့်နေခဲ့သည်။ သူက သူ့ကိုယ်သူ နေရာအနှံ့တွင် မြင်နေရပြီး လောကတစ်ခွင်လုံးက သူ၏ သိစိတ်စွမ်းအားများနှင့် ပြည့်နေခဲ့သည်။ မဟာလမ်းစဥ် နတ်အလင်းများက သူ့ခန္ဓာကိုယ်မှ ဖြာထွက်နေခဲ့သည်။ ရီဖူရှင်းက ထိုစွမ်းအားပေါက်ကွဲမှုကို စတင်၍ ထုတ်လွှတ်လိုက်တော့သည်။

ရီဖူရှင်းသည် အချိန်ကိုပင် မေ့နေခဲ့ပြီး ကျင့်ကြံခြင်းဝဲဂယက်မှ သူ့ကိုယ်သူ လွတ်မြောက်အောင် မလုပ်နိုင်ခဲ့ပေ။

“သူ့ခန္ဓာကိုယ်...” ကြည့်ရှုနေသူများသည် ရီဖူရှင်း၏ ခန္ဓာကိုယ်မှ ထိတ်လန့်အံ့သြဖွယ် အပြောင်းအလဲများကို သတိပြုမိကြသည်။ သူတို့သည် ရီဖူရှင်းကို စိုက်ကြည့်လိုက်ပြီး သူ့ထံမှ ထွက်ပေါ်လာသော အလွန် အစွမ်းထက်လှသည့် မဟာလမ်းစဥ်စွမ်းအားများကို ခံစားမိကြပေသည်။

သူသည် မဟာလမ်းစဥ်ကို နားလည်သဘောပေါက်ရန် နတ်ဘုရားခေါင်းတလားအတွင်းမှ နတ်ဘုရားရုပ်ကြွင်းကို အသုံးပြုကာ ယခု သူ၏ ခန္ဓာကိုယ်ကို တည်ငြိမ်စေရန်ပင် ၎င်းကို အသုံးချနိုင်နေသည်လား။

အချို့အစွမ်းထက်တန်ခိုးရှင်များသည် ရီဖူရှင်း၏ ကျင့်ကြံခြင်း တိုးတက်လာနေသည်ကို မမှိတ်မသုန် စောင့်ကြည့်နေကြပေသည်။

“သူက မှန်ကန်တဲ့ လမ်းကြောင်းကို ရွေးမိသွားတာ ဖြစ်မယ်။” အသံတစ်ခု ထွက်ပေါ်လာသည်။ ၎င်းသည် နန်ဟိုင်ကလန်ခေါင်းဆောင်ဖြစ်ပြီး သူအနောက်၌ ရှိနေသော မုယွင်လန်၊ နန်ဟိုင်ချန်းရွှယ်နှင့် အခြားလူများကို ပြောလိုက်ခြင်း ဖြစ်သည်။

ကလန်ခေါင်းဆောင်သည် နတ်ဘုရားရုပ်ကြွင်းကို လေ့လာခြင်းမှ သဘာပေါက်နားလည်မှု အနည်းငယ် ရရှိခဲ့သော်လည်း သူသည် ၎င်းကို ကျင့်ကြံခြင်း၌ ပေါင်းစည်းနိုင်ခြင်း မရှိသေးပေ။ သူသည် ရီဖူရှင်းက သူအပါအဝင် ဆရာသခင်အဆင့် ကျင့်ကြံသူများအားလုံးထက်ပင် ခြေတစ်လှမ်းသာနေသည်ကို သတိပြုမိပေသည်။

သူသည် ရီဖူရှင်းက မှန်ကန်သော ကျင့်ကြံရေးလမ်းကြောင်းကို ရွေးချယ်မိပြီး သူ၏ နားလည်သဘောပေါက်မှု အကူအညီနှင့် သူ့ကိုယ်သူ မြှင့်တင်နိုင်ခဲ့သည်လား သင်္ကာမကင်း ​ဖြစ်နေပေသည်။

အချိန်ကုန်ဆုံးသွားသည်နှင့် လူတိုင်းသည် ရီဖူရှင်းက ဆက်လက်တိုးတက်နေကာ စက္ကန့်တိုင်း၌ ပို၍ သန်မာအားကောင်းလာသည်ကို ခံစားမိကြပေသည်။ သို့သော် သူ မည်မျှ အစွမ်းထက်သည်အား မည်သူမှ သေချာမသိကြပေ။

ရီဖူရှင်း၏ ကြိုးစားအားထုတ်နေမှုက သူ့နောက်ဘက်ရှိ ကျောက်နံရံကိုပင် ပြင်းထန်စွာ တုန်ခါနေစေပြီး ကျယ်လောင်သော ပေါက်ကွဲသံများက နတ်ဘုရားဂူဗိမာန်တစ်ခွင် ပဲ့တင်ထပ်နေသည်။

အံ့အားသင့်ဖွယ် ကောင်းစွာပင် သူသည် ရှေ့သို့ မျောလွင့်ကာ ကျင့်ကြံခြင်းစင်မြင့်ထက်မှ ဆင်းသက်လိုက်သည်။ လူတိုင်း၏ အကြည့်များက အထက်မှ နတ်ဘုရားခေါင်းတလားကို ချဥ်းကပ်လာသော ရီဖူရှင်းထံ၌ ကပ်ငြိနေခဲ့သည်။

ရီဖူရှင်း၏ မျက်လုံးများက မှိတ်ထားဆဲဖြစ်ကာ နတ်ဘုရားခေါင်းတလားအထက်၌ မျောလွင့်နေသည်။ ကျောက်တိုင်များကြားတွင် သူက နတ်ဘုရားရုပ်ကြွင်းနှင့် မျက်နှာချင်းဆိုင် ရှိနေခဲ့၏။

ဘန်း... လူအုပ်ကြီးသည် ရီဖူရှင်း၏ ခန္ဓာကိုယ်မှ ထွက်ပေါ်လာသော နားကွဲမတတ်ဆူညံသံများကို ကြားလိုက်ရပြီး ကြောက်မက်ဖွယ် နတ်အလင်းများ တောက်ပလာသည်အား မြင်လိုက်ရပေသည်။ သူတို့က နတ်ဘုရားခေါင်းတလားမှ စီးဆင်းလာသည့် စွမ်းအင်များကိုပင် ခံစားမိကြသည်။

ထိုအချိန်တွင် အားလုံးသော အစွမ်းထက် တန်ခိုးရှင်များက နတ်ဘုရားခေါင်းတလားကို စိုက်ကြည့်နေကြပေသည်။ သူတို့သည် ခေါင်းတလားအတွင်း ရှိနေသော မဟာအင်ပါယာရှန်ကျား၏ ခန္ဓာကိုယ်က လှုပ်ရှားလာသည်ကို မြင်တွေ့လိုက်ကြရသည်။

***

All Chapters