← Chapters

နတ်ဘုရားဂူဗိမာန်ပြိုကျခြင်း

Vol. 153 Ch. 2177

နတ်ဘုရားဂူဗိမာန်ပြိုကျခြင်း

Vol. 153 Ch. 2177

“ဘာတွေဖြစ်နေတာလဲ။”

သူတို့၏ မျက်လုံးထဲမှ အကြည့်များက ပြောင်းလဲသွားပြီး သူတို့က ထိတ်လန့်တုန်လှုပ်စွာ ကြည့်နေခဲ့သည်။ သူတို့က သွေးလေခြောက်ခြား၍ ထင်ယောင်ထင်မှား ဖြစ်နေသည်လား။

သို့သော် သူတို့၏ အဆင့်နှင့် ထင်​ယောင်ထင်မှား ဖြစ်ရန်မှာ မဖြစ်နိုင်ပေ။

ထိုအခိုက်အတန့်တွင် သူတို့က မဟာအင်ပါယာရှန်ကျား ရုပ်ကြွင်း လှုပ်ရှားလာသည်ကို ရှင်းလင်းစွာ မြင်တွေ့ခဲ့ရပြီး ၎င်းက အလွန် ထူးဆန်းသည့် ခံစားချက်ပင် ဖြစ်သည်။ သူတို့၏ မျက်လုံးများက ကြောက်မက်ဖွယ် နတ်အရှိန်အဝါတို့နှင့် တောက်ပနေပြီး သူတို့ အာရုံကို ထိုနေရာသို့ ပြောင်းလဲလိုက်သည်။

ရီဖူရှင်း၏ ခန္ဓာကိုယ်မှ ပြင်းထန်သော တုန်ခါသံများ ထွက်ပေါ်နေဆဲဖြစ်ကာ အဆုံးမဲ့သင်္ကေတအက္ခရာများက သူ့ခန္ဓာကိုယ်မှ ပျံသန်းထွက်လာသည်။ မဟာအင်ပါယာရှန်ကျား၏ ရုပ်ကြွင်းမှ အဆုံးမဲ့ သင်္ကေတအက္ခရာများ ပေါက်ကွဲထွက်လာခဲ့ပြှး ရီဖူရှင်းက မဟာအင်ပါယာရှန်ကျား၏ ရုပ်ကြွင်းနှင့် သဟဇာတဖြစ်မှုကို ရရှိခဲ့သည်မှာ သေချာပုံရလေသည်။ ၎င်းတို့က ဂူဗိမာန်အတွင်း နေရာအနှံ့ လွင့်မျောနေခဲ့သည်။

ထိုအချိန်တွင် အင်အားစုများ၏ ခေါင်းဆောင်များသည် အန္တရာယ်ဟူသော အားကောင်းလှသည့် ခံစားချက်အား ပေးစွမ်းနိုင်သော အစွမ်းထက်အရှိန်အဝါကို ခံစားမိပေသည်။ သူတို့တစ်ယောက်ချင်းစီက ချက်ချင်းပင် သူတို့၏ အဖွဲ့သားများကို အော်ဟစ်ကာ အမိန့်ပေးလိုက်သည်။ “နောက်ပြန်ဆုတ်.. သတိထားကြ။”

သူတို့အနီးမှ တန်ခိုးရှင်များက မည်သည်တို့ ဖြစ်နေကြောင်း သတိမပြုမိသော်လည်း သူတို့က ထိုအမိန့်ပေးချက်ကို ကြားသည့်အခါ နိုးနိုးကြားကြား ဖြစ်လာကြသည်။ တစ်ချိန်တည်းတွင် သင်္ကေတအက္ခရာများက လေဟာနယ်ထဲတွင် မျောလွင့်နေပြီး ၎င်းတို့ထံမှ ပိုမိုတော​က်သော နတ်အလင်းရောင်ဝါများ ထွက်ပေါ်လာသည်နှင့်အမျှ ပို၍ ကြောက်မက်ဖွယ် ကောင်းလာပေသည်။ လူအများသည် မျက်လုံးများပင် ကန်းလုမတတ် ခံစားမိကြသည့်အတွက် ၎င်းတို့ကို တိုက်ရိုက်မကြည့်ရဲတော့ပေ။

“အား...”

အားနည်းသော ကျင့်ကြံသူအချို့၏ မျက်လုံးများထဲမှ သွေးများက ယိုစီးကျလာပြီး ကျယ်လောင်စူးရှစွာ အော်ဟစ်လိုက်ကြသည်။ ချက်ချင်းပင် နတ်ဘုရားဂူဗိမာန်အတွင်း၌ ပရမ်းပတာများ ဖြစ်ကုန်ကာ ကျင့်ကြံသူများသည်လည်း သူတို့၏ မျက်လုံးများကို ကာကွယ်ပြီး အလျင်အမြန် ပြန်ဆုတ်ခွာလိုက်ကြသည်။

ဘုန်း...

ထိုအဓိကအင်အားစုမှ ခေါင်းဆောင်များသည် အန္တရာယ်ကို ခံစားမိကာ ရှေ့သို့ ခြေလှမ်းလိုက်သည်။ ထိုအခိုက်အတန့်တွင် ယင်းသင်္ကေတအက္ခရာများက နှိုင်းယှဥ်၍မရသော နတ်ရောင်ဝါတို့ ပေါက်ကွဲထွက်လာကာ လေဟာနယ်အား လွှမ်းခြုံသွားပေသည်။

ဘုန်း.. ဘုန်း.. ဘုန်း.....

သို့သော် ထိုခေါင်းဆောင်ပုဂ္ဂိုလ်များက ၎င်းအတွက် ပြင်ဆင်ပြီး ဖြစ်သည်။ ကြောက်မက်ဖွယ် မဟာလမ်းစဥ် စွမ်းအားများက လေဟာနယ်တစ်ခုလုံးကို ချိပ်ပိတ်ပစ်လုနီးနီး ဖြစ်ကာ သင်္ကေတအက္ခရာများမှ ထွက်ပေါ်လာသော စွမ်းအားများကို တားဆီးလိုက်သည်။ သို့သော် နောက်တခဏတွင် ရှေးဟောင်းသင်္ကေတအက္ခရာတို့မှ နတ်အလင်းတို့က သူတို့၏ ခုခံကာကွယ်မှုကို ထိုးဖောက်ကာ သူတို့ကို သတ်ဖြတ်ရန် ပြေးဝင်လာပေသည်။

ဖူး....... တစ်စုံတစ်ယောက်၏ ခန္ဓာကိုယ်က နတ်အလင်းတို့၏ ထိုးဖောက်ခြင်းကို ခံလိုက်ရသည်။ မဟာလမ်းစဥ် ခုခံကာကွယ်မှုတို့က မည်သည့် အကျိုးသက်ရောက်မှုမှ မရှိသလိုပင်။

“အပြင်ထွက်ကြ။” အသံတစ်ခုက အမိန့်ပေးလိုက်ပြီး ခေါင်းဆောင်များက သူတို့၏ လူများကို အပြင်ဘက်သို့ ဆုတ်ခွာရန် လက်ဝှေ့ယမ်းကာ အမိန့်ပေးလိုက်သည်။ သူတို့က နတ်ဘုရားဂူဗိမာန်အတွင်း ထပ်နေ၍ မရနိုင်တော့ပေ။

ထိုထိပ်သီးကျင့်ကြံသူများ၏ အရှိန်က နှိုင်းယှဥ်၍ မရအောင် လျင်မြန်လှသည်။ တခဏအတွင်းမှာပင် သူတို့အားလုံးက ဝင်ပေါက်သို့ တစ်ချိန်တည်း ပြန်ဆုတ်ခွာသွားပြီး ဖြစ်လေသည်။ အချိန်တိုလေးအတွင်းတွင် ရှေးဟောင်းသင်္ကေတအက္ခရာတို့၏ နတ်ရောင်ဝါက နတ်ဘုရားဂူဗိမာန်အတွင်း လေဟာနယ်ကို မျောလွင့်နေပေသည်။

ပြင်းထန်သော ပေါက်ကွဲသံထွက်ပေါ်လာသည်နှင့် နတ်ဘုရားဂူဗိမာန်အတွင်းမှ ဝင်္ကပါကို အသက်သွင်းလိုက်သလို ဖြစ်သွားပေသည်။ ဂူဗိမာန်တစ်ခုလုံးက ကြောက်မက်ဖွယ်ကောင်းလောက်အောင် တုန်ခါနေခဲ့သည်။ နတ်ဝင်္ကပါကဲ့သို့ ပြိုင်ဘက်ကင်းစွမ်းအားက ဤလေဟာနယ်ကို ဖိနှိပ်ထားခဲ့သည်။

အောက်ဘက်လေဟာနယ်တွင် ကျောက်တိုင်များက လှုပ်ခါလာပြီး စတင်အက်ကွဲကာ တဖြေးဖြေး ပြိုကျလာပေသည်။ နတ်ဘုရားခေါင်းတလားက ပြင်းထန်စွာ လှုပ်ရှားနေခဲ့သည်။ ခေါင်းတလားအတွင်းတွင် မရေတွက်နိုင်သော သင်္ကေတစာလုံးများ ပေါက်ကွဲထွက်လာကာ အချို့က နတ်ဝင်္ကပါပေါ် ရိုက်ခတ်လာပြီး ဂူဗိမာန်အတွင်း တိုးတိုက်နေခဲ့၏။ ၎င်းတို့က အတွင်းထဲမှ လေဟာနယ်နှင့် တိုက်မိသည့်အခါ ထိတ်လန့်အံ့သြဖွယ် အသံများ ပေါက်ကွဲထွက်လာပြီး နတ်ဘုရားဂူဗိမာန်တစ်ခွင် ပြင်းထန်စွာ တုန်ခါလာခဲ့သည်။

မရေတွက်နိုင်သော အက္ခရာများက တောက်ပသည့် နတ်ဝင်္ကပါပေါ် ရိုက်ခတ်လာကာ မကြာခင်၌ ဝင်္ကပါပေါ်တွင် အက်ကြောင်းများ စတင်ပေါ်ပေါက်လာသည်။ ရွှေရောင်အက်ကြောင်းများက အလွန်လျင်မြန်လာသည့် အရှိန်နှင့် ဆက်လက်၍ ဖြန့်ကျက်ပျံ့နှံ့လာပေသည်။

“ခရက်...”

ပြင်းထန်သော အသံနှင့်အတူ အချို့သော သင်္ကေတအက္ခရာများက နတ်ဝင်္ကပါအတွင်း တိုက်ရိုက်တိုးဝင်လာကာ ၎င်းကို စတင်၍ အစိတ်စိတ်အမြွှာမြွှာ ကွဲကြေပျက်စီးသွားခဲ့သည်။ နတ်ဘုရားဂူဗိမာန်တစ်ခွင်လုံး ပို၍ ပြင်းထန်စွာ တုန်ခါလာခဲ့ပေသည်။

အပြင်ဘက်တွင် အင်အားစုများ၏ ခေါင်းဆောင်များက သူတို့ တန်ခိုးရှင်များအား ပြန်ဆုတ်ခွာရန် ခေါ်ဆောင်သွားခဲ့ပြီး ဖြစ်သည်။ လေးမျက်နှာကျေးရွာမှ လူအများသည်ပင် ဆုတ်ခွာသွားကြပြီ ဖြစ်သည်။ ရှားရှင်းယွန်က အဘိုးမာ အတင်းအကျပ် ခေါ်ထုတ်သွားခံရကာ တုံ့ပြန်ရန် အချိန်ပင် မရှိခဲ့ပေ။

တန်ခိုးရှင်များသည် နတ်ဘုရားဂူဗိမာန်အနီးတွင် စုဝေးနေကြပြီး ဂူဗိမာန်အတွင်းမှ အခြေအနေကို အာရုံစိုက်နေကြသည်။ ရွှေရောင်အလင်းက ကြီးမားသော ဂူဗိမာန်အတွင်း တောက်ပနေပြီး ကြောက်မက်ဖွယ် ဝင်္ကပါပင်တုန်ခါနေခဲ့သည်။ သို့သော် ထိုအခိုက်အတန့်တွင် အက်ကြောင်းများက ဝင်္ကပါပေါ်၌ ဆက်လက် ထွက်လာနေပြီး ဂူဗိမာန်၏ အပြင်ဘက်ပိုင်းသည်ပင် အက်ကြောင်းများ စတင် ဖြစ်ပေါ်လာသည်။

နတ်ဘုရားဂူဗိမာန် တည်ဆောက်သော နေ့၌ သူတို့သည် နယ်​မြေသခင်က ၎င်း၏ ခိုင်ခံ့မှုကို ကိုယ်တိုင် ရှင်းလင်းပြောကြားခဲ့သည်အား မှတ်မိကြပေသည်။ သူသည် ပြင်းထန်လှသော စွမ်းအားအတက်အကျတို့အား တားဆီးရန် အစွမ်းထက် ဝင်္ကပါကို တည်ဆောက်ခြင်းဖြင့် ကာကွယ်ပေးထားသည်ဟု ဆိုခဲ့သည်။ သို့သော် သူတို့သည် နတ်ဘုရားဂူဗိမာန်က ယခုလို မကြာခင်မှာပင် အစိတ်စိတ်အမြွှာမြွှာ ပြိုကွဲပျက်စီးသွားလိမ့်မည်ဟု မည်သည့်အခါမှပင် အိပ်မက်မမက်ခဲ့ဖူးပေ။

၎င်းတို့သည် အခြားတန်ခိုးရှင်များ၏ ပြင်းထန်သော အရှိန်အဝါ အတက်အကျကို ဆန့်ကျင်ကာကွယ်နိုင်သော်လည်း ခေါင်းတလားအတွင်းမှ နတ်ဘုရားရုပ်ကြွင်း၏ စွမ်းအားများကို ဆန့်ကျင်ကာကွယ်ရန် မတတ်နိုင်ခဲ့ပေ။

မရေတွက်နိုင်သော မျက်လုံးများမှ ထိုနေရာတွင် ကပ်ငြိနေကြပြီး ဆွေးနွေးပြောဆိုသံများ ဆူညံနေခဲ့သည်။ နတ်ဘုရားဂူဗိမာန်အတွင်း မည်သည်တို့ ဖြစ်ပျက်နေသနည်း။

အမျိုးမျိုးသော ထိပ်သီးအင်အားစုများမှ တန်ခိုးရှင်များက နတ်ဘုရားဂူဗိမာန်မှ ပြန်ဆုတ်ခွာသွားခဲ့ကြသည်။ ဤကြောက်မက်ဖွယ် စွမ်းအားမျိုးကို သူတို့ပင်လျှင် ခံနိုင်ရည် ရှိနိုင်ပါမည်လား။

သူတို့အားလုံးက နတ်ဘုရားဂူဗိမာန်အတွင်း မည်သည်တို့ ဖြစ်ပျက်နေသည်ကို သိချင်နေကြသည်။

“စီနီယာ ဘာတွေဖြစ်နေတာလဲ။”

အမေးစကားသံများ ထွက်ပေါ်လာသော်လည်း ထိုအင်အားစုခေါင်းဆောင်များက သူတို့ကို အရေးလုပ်ရန် အာရုံမရပေ။ သူတို့သည် နတ်ဘုရားဂူဗိမာန်သို့ ဆက်လက်စိုက်ကြည့်နေကြပြီး ရပ်တန့်၍ မရနိုင်သော စွမ်းအားတစ်ခုက နတ်ဝင်္ကပါအား စတင်ပြိုကျပျက်စီးလာစေသည်ကို မြင်တွေ့ရပေသည်။ သူတို့သည် ဂူဗိမာန် ပြိုကျမည်မှာ မလွဲဧကန် ဖြစ်ပြီး ရှောင်လွှဲမရနိုင်သည်ကို သိရှိကြသည်။

အပြင်ဘက်တွင် မည်သည့် ခုခံကာကွယ်ခြင်းမှ မရှိဘဲ

နတ်ဘုရားဂူဗိမာန်က ပြိုကျလာလျှင် အကျိုးဆက်က မည်မျှ ကြောက်မက်ဖွယ် ကောင်းလိမ့်မည်နည်း။

ထိုအချိန်တွင် နယ်မြေသခင်အိမ်တော်ရှိရာဘက်၌ ကြောက်မက်ဖွယ် အရှိန်အဝါလှိုင်းများသည် သူတို့နှစ်ယောက်ကိုပင် ဖိနှိပ်နိုင်ကြောင်း ခံစားမိလိုက်ကြသည်။ နောက်တခဏတွင် သူတို့နှစ်ယောက်က နတ်ဘုရားဂူဗိမာန် အထက်သို့ ရောက်လာပြီး အောက်သို့ ငုံ့ကြည့်လိုက်သည်။

သူတို့နှစ်ယောက်မှာ နယ်မြေသခင်နှင့် ဒုနယ်မြေသခင် ကျိုးမုဟွမ် ဖြစ်ပေသည်။

“အခု ဒီနေရာကနေ ထွက်သွားကြပါ။” နယ်မြေသခင်ကျိုးက ထိုနေရာမှ လူအုပ်ကြီးကို ပြောလိုက်သည်။ ကြောက်မက်ဖွယ် ဖိနှိပ်နိုင်သည့် စွမ်းအားက ထွက်ပေါ်လာပြီး နတ်ဘုရားဂူဗိမာန်အား လွှမ်းခြုံလိုက်သည်။ တန်ခိုးရှင်များသည် နယ်မြေသခင်က သူတို့ကို သတိပေးလိုက်သည်နှင့် ခြိမ်းခြောက်မှုအန္တရာယ်ကို ခံစားမိလိုက်ကြသည်။ နတ်ဘုရားဂူဗိမာန် ပြိုကျပျက်စီးသွားလျှင် နတ်ဝင်္ကပါထဲမှ စွမ်းအားသည်ပင် အထဲမှ စွမ်းအားကို ခံနိုင်ရည် ရှိလိမ့်မည်မဟုတ်ပေ။ ထိုသည်က မည်မျှ ကြောက်မက်ဖွယ် ကောင်းလိမ့်မည်နည်း။ ထို့အပြင် သူတို့က မည်သို့ ခံနိုင်ရည်ရှိပါမည်နည်း။

သူတို့က ထိုသည်အား တွေးလိုက်မိသည်နှင့် သူတို့က ချက်ချင်း ဆုတ်ခွာသွားကြသည်။ သူတို့သည် ထိုစွမ်းအားများ၏ တိုက်ခိုက်မှုမှ ရှောင်ရှားရန် လျင်မြန်စွာ ဆုတ်ခွာလိုက်ကြသည်။

တစ်ချိန်တည်းတွင် နယ်မြေသခင်ထံမှ ကြောက်မက်ဖွယ် လွှမ်းမိုးချုပ်ကိုင်နိုင်သည့် စွမ်းအားများ ထွက်ပေါ်လာကာ နတ်ဘုရားဂူဗိမာန်အား လွှမ်းမိုးလာသည်။

ဘန်း...

နောက်ဆုံးတွင် ကျယ်လောင်လှသည့် ဆူညံသံနှင့် နတ်ဘုရားဂူဗိမာန်က ပြိုကျပျက်စီးသွားခဲ့လေသည်။ ၎င်းမှ တောက်ပသည့် အလင်းများ ထွက်ပေါ်လာကာ နေရာအနှံ့သို့ ပျံသန်းသွားသည်။ သင်္ကေတအက္ခရာတစ်ခုချင်းစီတွင် ကြောက်မက်ဖွယ် စွမ်းအားများ ပါဝင်နေ၏။

ထိုသင်္ကေတအက္ခရာများအတွင်း ပါဝင်နေသည့် ကြောက်မက်ဖွယ် စွမ်းအားများသည် အရာအားလုံးကို ဖြတ်သန်းရင်း အဝေးသို့ ပြေးထွက်သွားရန် ကြိုးစားနေခဲ့သည်။ သို့သော် ကောင်းကင်ထက်၌ လူတစ်ယောက် ရပ်နေခဲ့ပြီး အဝေးသို့ ပျံထွက်သွားသော တန်ခိုးရှင်များသည် နယ်မြေသခင်က ထိုနေရာ၌ နတ်ဘုရားတစ်ပါးကဲ့သို့ ရပ်နေခဲ့ကာ သူ့ထံမှ အလင်းလွှာတစ်ခု စတင်ထွက်ပေါ်လာပြီး ထိုဝန်းကျင်ကို လွှမ်းခြုံသွားခဲ့သည်။ ထို လွှမ်းမိုးနိုင်သော သင်္ကေတစာလုံးများက ကြောက်မက်ဖွယ် အလင်းလွှာ၏ တားဆီးခြင်းကို ခံလိုက်ရသည်။

ထိုအခိုက်အတန့်တွင် လူတိုင်းသည် အလင်းလွှာအတွင်းမှ လောကသည် နယ်​မြေသခင်၏ ထိန်းချုပ်မှုကိုခံနေရပြီး သူက ထိုလေဟာနယ်၏ အရှင်သခင်တစ်ပါးအဖြစ် ထင်မှတ်မိကြပေသည်။

ကြောက်မက်ဖွယ် နတ်ရောင်ဝါတို့က နယ်မြေသခင်ထံမှ ထွက်ပေါ်လာနေပြီး ထိုအလင်းလွှာက ကြီးမားသော ဝင်္ကပါတစ်ခုအသွင် ဖြစ်တည်လာပေသည်။

အောက်ဘက်ရှိ နတ်ဘုရားဂူဗိမာန်က ယခု အပြီးတိုင် ပြိုကျကာ နတ်ဘုရားခေါင်းတလား ထွက်ပေါ်လာသည်။ နတ်ဘုရားခေါင်းတလားထဲတွင် မဟာအင်ပါယာရှန်ကျား၏ ရုပ်ကြွင်းက တိတ်ဆိတ်စွာ လဲလျောင်းနေသည်။ ၎င်းက မည်သည့်အခါကမှ မလှုပ်ရှားခဲ့သလိုပင်။ သို့သော် ကြောက်မက်ဖွယ် နတ်ရောင်ဝါတို့က ၎င်းမှ ပေါက်ကွဲထွက်ပေါ်နေ၏။

ပို၍ အံအားသင့်ထိတ်လန့်ဖွယ် ကောင်းသည်မှာ နတ်ဘုရားခေါင်းတလား၏ အရှေ့၌ တန်ခိုးရှင်တစ်​ယောက် ရပ်နေခဲ့သည်။ သူက ခေါင်းတလားအတွင်း နတ်ဘုရားရုပ်ကြွင်းမှ ထွက်ပေါ်လာသည့် ကြောက်မက်ဖွယ် စွမ်းအားများကို လျစ်လျူရှုပြီး ၎င်းနှင့် ပေါင်းစပ်မှုအချို့ ရှိနေပုံရသည်။ မရေတွက်နိုင်သော သင်္ကေတအက္ခရာများက သူ့ခန္ဓာကိုယ်တွင် လင်းလက်လာကာ နတ်အလင်းရောင် တောက်ပမှုက အပြည့်ပင် ဖြစ်သည်။ မဟာလမ်းစဥ်ခန္ဓာကိုယ်က အော်မြည်နေပြီး အလွန် ပြင်းထန်သော အရှိန်အဝါတို့က သူ့ခန္ဓာကိုယ်မှ ပေါက်ကွဲထွက်လာသည်။

“သူ အဆင့်တက်နေတာပဲ။”

လူအများက တုန်ယင်သွားကြသည်။ ရီဖူရှင်းသည် အဆင့်တက်ရန် ခေါင်းတလားအတွင်းမှ နတ်ဘုရားရုပ်ကြွင်းကို အမှန်တကယ် အသုံးပြုခဲ့ပေသည်။ သူသည် နတ်ဘုရားဂူဗိမာန်အတွင်း ကျင့်ကြံနိုင်သည့် တစ်ဦးတည်းသော သူ ဖြစ်လာပေသည်။ သူက ထိုနေရာ၌ ကျင့်ကြံနိုင်ရုံသာမက ထိုစွမ်းအားများနှင့်လည်း ပေါင်းစပ်ကာ ၎င်းကို အသုံးပြု၍ ကိုယ်ပိုင် ရုပ်ပိုင်းဆိုင်ရာ အကန့်အသတ်ကို ချိုးဖျက်ကာ တိုးမြှင့်နိုင်ခဲ့သည်။

သူ မည်သို့ လုပ်ဆောင်နိုင်ရသနည်း။

ထိုသို့ ကမ္ဘာတုန်လှုပ်နိုင်သော ပါရမီသည် လက်ရှိတွင် ရှန်ချင်းနယ်မြေရှိ မည်သူကမှ သူ့ကို ယှဥ်နိုင်စွမ်း ရှိလိမ့်မည် မဟုတ်ပေ။ ထိုအဓိကအင်အားစုမှ ခေါင်းဆောင်များသည်ပင် အချိန်အကြာကြီး မကြည့်ရဲသည့် အ​ခြေအနေ၌ သူက အထဲတွင် ကျင့်ကြံရင်း အလုပ်များနေခဲ့သည်။

အများစုသည် သူ ကျင့်ကြံနေသောကြောင့် ယခုကဲ့သို့ ကြောက်မက်ဖွယ် အဖြစ်အပျက်များ ဖြစ်သွားသည်အလား တိုက်ဆိုင်သည်လား သိချင်နေကြသည်။

ထိုအချိန်တွင် နယ်မြေသခင်ကျိုး၏ မျက်လုံးများက အောက်ဘက်ရှိ ရီဖူရှင်းထံ ကျရောက်သွားခဲ့သည်။ သူသည် ရီဖူရှင်းက သူ့ရှေ့၌ အဆင့်တက်သွားသောကြောင့် အရှင်းလင်းဆုံး မြင်တွေ့ခဲ့ရပေသည်။ ရီဖူရှင်းထံမှ ထုတ်လွှတ်သော အရှိန်အဝါက အမှန်တကယ်ပင် ပြီးပြည့်စုံသော မဟာလမ်းစဥ်နှင့် အဆင့်ခြောက်ရန်ဟောင်တစ်ပါး ဖြစ်ပေသည်။

သို့သော် ရီဖူရှင်း၏ အဆင့်ခြောက်အရှိန်အဝါက တူညီသော အဆင့်မှ အခြားတန်ခိုးရှင်များထက် အများကြီး ပိုမို ကြောက်မက်ဖွယ် ကောင်းပေသည်။ နယ်မြေသခင်၏ အမြင်အရ ပြီးပြည့်စုံသော မဟာလမ်းစဥ်နှင့် အဆင့်ခုနစ်မှ ရန်ဟောင်များသည်ပင် ရီဖူရှင်းထံမှ ဖော်ထုတ်ပြသလာသော အစွမ်းထက်စွမ်းအားကို ယှဥ်ရန် ခက်ခဲပေလိမ့်မည်။ ကျိုးမုဟွမ် အဆင့်တက်သောအခါ၌ သူ၏ အရှိန်အဝါသည် ရီဖူရှင်းထက် ခြိမ်းခြောက်နိုင်စွမ်း နည်းပါးခဲ့သည်။

ဤလူ၏ အလားအလာက အလွန် မြင့်မားလှပြီး ရှန်ချင်းနယ်မြေတစ်ခွင်တွင်ပင် သူ့ကဲ့သို့ လူမျိုးကို ရှာတွေ့ရန် ခက်ခဲပေသည်။ သူက ထိပ်သီးပုဂ္ဂိုလ်များအကြား၌ ထိပ်ဆုံး၌ ရပ်တည်နေသော သူ ဖြစ်လာနိုင်ပေသည်။

ထို့အပြင် သူက မဟာအင်ပါယာရှန်ကျား၏ ရုပ်ကြွင်းကိုပင် သူနှင့် အောင်မြင်စွာ ပေါင်းစပ်နိုင်ခဲ့သည်။ နောက်ထပ် မည်သည်တို့ ​ဖြစ်လာမည်ကို မည်သူသိပါမည်နည်း။

ဘုန်း.. ဘုန်း.. ဘုန်း..

ရီဖူရှင်း၏ ခန္ဓာကိုယ်က အော်မြည်နေပြီး နယ်မြေသခင်သည် ရီဖူရှင်း ခန္ဓာကိုယ်အတွင်းမှ စွမ်းအားကို ခံစားမိသည့်အခါ ပို၍ ထိတ်လန့်အံ့အားသင့်မိပေသည်။

“သူက ခန္ဓာကိုယ်ကို သန့်စင်နေတာလား။”

နယ်မြေသခင်သည် ရီဖူရှင်း၏ ဤတစ်ကြိမ်အဆင့်တက်မှုက အခြားတန်ခိုးရှင်များနှင့် ကွဲပြားနေသည်ကို ခံစားမိပေသည်။ မဟာလမ်းစဥ်ခန္ဓာကိုယ်သည် ကြောက်မက်ဖွယ်ကောင်းသော အစစ်အမှန် နတ်ခန္ဓာဖြစ်လာသည်။ အားလုံးသော မဟာလမ်းစဥ် စွမ်းအားများက သူ့ခန္ဓာကိုယ်မှ ပေါက်ကွဲထွက်လာသည်။ သူ၏ ရုပ်ခန္ဓာက လမ်းစဥ်ခန္ဓာဖြစ်လာလျှင် သူက လမ်းစဥ်နှင့် တသားတည်းဖြစ်လာသည်ဟု ပြောနိုင်သည်။

ထိုအချိန်တွင် နယ်မြေသခင်၏ မျက်လုံးများက အလွန် မယုံကြည်နိုင်ခြင်းတို့ကို ပြသလာသည်။ သူက ရီဖူရှင်းကို ဖြတ်မြင်လိုလျှင်ပင် မမြင်နိုင်ပေ။ မူလဘုံမှ ဤကျင့်ကြံသူတွင် မည်သည့် လျှို့ဝှက်ချက် ရှိနေသနည်း။

***

All Chapters