← Chapters

ရိုးရိုးသားသားပြောရရင် ကျွန်တော် ငြင်းချင်ခဲ့ပါသည်... ဒါပေမဲ့ သူမကမ်းလှမ်းတာက အရမ်းကောင်းလွန်းနေသည်

Vol. 5 Ch. 63

ရိုးရိုးသားသားပြောရရင် ကျွန်တော် ငြင်းချင်ခဲ့ပါသည်... ဒါပေမဲ့ သူမကမ်းလှမ်းတာက အရမ်းကောင်းလွန်းနေသည်

Vol. 5 Ch. 63

နေဝင်ရီတရောအချိန်မှာတော့ မှိန်ဖျော့ဖျော့နေရောင်ခြည်က ကောင်းကင်ကို သွေးနီရောင် ဆိုးပေးလိုက်သည်။

အနည်းငယ်နွမ်းနယ်နေသော ခန္ဓာကိုယ်ကို ဆွဲ၍ မှန်ပန်းဥယျာဉ်သို့ ပြန်လာသော ယွီမန်ဝင်းအား သူမ၏ ခန်းမသခင်ဖြစ်သူထံမှ စိတ်လှုပ်ရှားစွာ အော်ဟစ်နေသော အသံများက ချက်ချင်း ကြိုဆိုလိုက်သည်။

"အကြီး အကြီး အကြီး အကြီးးး အားး"

တစ်နေ့လုံး မလွှဲမရှောင်သာ လူမှုရေးအရ ဆက်ဆံနေရသဖြင့် ဘယ်လောက်တောင် စိတ်မသက်မသာ ဖြစ်ခဲ့ရသည်ကို ပြန်တွေးမိရင်း ယွီမန်ဝင်းက လက်သီးကိုဆုပ်ကာ အထဲသို့ ဒေါနဲ့မောနဲ့ ဝင်သွားသည်။

"ခန်းမသခင်"

သူမ၏ ဒေါသတကြီးအော်သံကြောင့် အခန်းထဲတွင် အန်စာတုံးခွက်ကို လှုပ်ခါနေသော လူနှစ်ယောက် ချက်ချင်း တောင့်တင်းသွားသည်။

"အဟမ်း"

ရှီဖုန်းလန်က ညင်သာစွာ ချောင်းဟန့်လိုက်ပြီး ယခုအခါ စက္ကူစလေးများ ကပ်ထားသော သူမ၏မျက်နှာကို ယွီမန်ဝင်းဘက်သို့ လှည့်လိုက်သည်။

"စောင့်ရှောက်သူယွီ ပြန်လာပြီလား တစ်နေ့လုံး ပင်ပန်းသွားပြီထင်တယ်"

ယွီမန်ဝင်းက အသက်ကိုပြင်းပြင်းရှူလိုက်ပြီး ရှီဖုန်းလန်ထံသို့ လျှောက်သွားသည်။

"ခန်းမသခင် ကျွန်မကို တပည့်တွေနဲ့ ထပ်ပြီး ကမောက်ကမ မလုပ်တော့ဘူးလို့ ကတိပေးထားတယ် မဟုတ်လား"

"ငါ ကမောက်ကမ လုပ်နေတာမဟုတ်ပါဘူး နည်းနည်းပါးပါး ပျော်အောင်ကစားနေတာပါ ပြီးတော့ ငါ မင်းစကားနားထောင်ပါတယ် ဒီနေ့ အရက် မသောက်ထားဘူး"

အနားမှာရပ်နေတဲ့ ရှောင်လေးက ရယ်ချင်စိတ်ကို မနည်းထိန်းထားရသည်။

ခန်းမသခင်က အရက်ကို ရှောင်တာမဟုတ်ဘဲ အစ်ကိုကြီးကျန်းရဲ့ သူမနဲ့ကစားရန် ပထမစည်းကမ်းက အရက် မသောက်ရဆိုတာကြောင့် ဖြစ်သည်။

ရှီဖုန်းလန် နောက်ဆုတ်သွားတာကို မြင်တော့ ယွီမန်ဝင်းက ကျန်းပေရန်ကို စူးစိုက်ကြည့်လိုက်သည်။

"မင်းရောပဲ ဘာလို့ ခန်းမသခင်နဲ့ ထပ်ပြီး ကမောက်ကမလုပ်နေပြန်တာလဲ ငါ မင်းကို အရင်တစ်ခေါက်က ဘာပြောထားလဲ"

ကျန်းပေရန်က အန်စာတုံးခွက်ကို နှစ်ချက်လှုပ်ပြီး စားပွဲပေါ်သို့ ဆောင့်ချလိုက်သည်။

"အကြီးလား အသေးလား"

သူက ရှီဖုန်းလန်ကို မေးလိုက်၏။

"ဟိုက်"

ဒေါသထွက်နေသော ယွီမန်ဝင်းကို လုံးဝလျစ်လျူရှုလိုက်သော ကျန်းပေရန်ကို ကြည့်ရင်း ရှီဖုန်းလန်၏ မျက်လုံးများ အံ့ဩမှုဖြင့် ပြူးကျယ်သွားသည်။

သူမ ပြန်ဖြေသင့်မဖြေသင့် ချီတုံချတုံဖြစ်နေသည်။

ရှီဖုန်းလန် ပြန်မဖြေသောအခါ ကျန်းပေရန်က ခွက်ပေါ်မှ သူ၏လက်ကို ဖယ်လိုက်သည်။

"မကစားတော့ဘူးလား ဒါဆိုရင် ဒီတပည့် သွားခွင့်ပြုပါဦး"

သူက သွားဖို့ ထရပ်လိုက်သည်။

"အဲ နေဦး နေဦး ငါ အကြီးလောင်းမယ် ဒီတစ်ခါတော့ အကြီးသေချာတယ်"

ကျန်းပေရန်က ခွက်ကိုလှန်လိုက်ရာ အန်စာတုံးများက ၁ ၃ ၅ ကို ပြနေသည်။

"၁ ၃ ၅ ကိုးမှတ် အသေးပဲ"

သူက စက္ကူစတစ်ရွက်ကိုယူပြီး ရှီဖုန်းလန်၏ မျက်နှာပေါ်သို့ သနားညှာတာမှုမရှိဘဲ ကပ်လိုက်သည်။

"တောက် ငါ့အလှည့် လှုပ်မယ်"

ရှီဖုန်းလန်က ခွက်ကိုလှမ်းယူလိုက်စဉ်မှာပင် သူမ၏နောက်မှ အလွန်အမင်းဖိအားတစ်ခု ထွက်ပေါ်လာရာ သူမ၏နှလုံးခုန်သံများ ရပ်မတတ်ဖြစ်သွားသည်။

"မန်ဝင်း ငါတို့နဲ့ လာမကစားချင်ဘူးလား"

ရှီဖုန်းလန်က အပြုံးတုဖြင့် မေးလိုက်သည်။

သူမကို လျစ်လျူရှုရင်း ယွီမန်ဝင်းက စားပွဲပေါ်သို့ လက်တစ်ဖက်ဖြင့် ဆောင့်ချကာ ကျန်းပေရန်ကို စိုက်ကြည့်လိုက်သည်။

"ကျန်းပေရန် မင်းမှာ ဘာပြဿနာရှိနေတာလဲ"

ကျန်းပေရန်က လက်ဖက်ရည်ကို အေးဆေးစွာ တစ်ငုံသောက်ရင်း ရှီဖုန်းလန်ကို မေးငေါ့ပြသည်။

"ခန်းမသခင် အလှည့်"

ရှီဖုန်းလန် မတုံ့ပြန်မီမှာပင် ယွီမန်ဝင်းက ကျန်းပေရန်၏ရှေ့တည့်တည့်သို့ လျှောက်လာသည်။

"ကျန်းပေရန် ငါ မင်းကို စကားပြောနေတာ"

သူမကို မော့ကြည့်ရင်း ကျန်းပေရန်က ပြန်ဖြေသည်။

"အိုး ကျွန်တော် ခင်ဗျားနဲ့ စကားပြောချင်စိတ်မရှိဘူး"

ဘာဖြစ်နေမှန်းမသိသော ရှီဖုန်းလန်နဲ့ ရှောင်လေးတို့မှာတော့ အတူတူပူးကပ်နေကြသည်။

"သူတို့ ရန်ဖြစ်နေကြတာလား"

ရှီဖုန်းလန်က တိုးတိုးလေး မေးလိုက်သည်။

"ဖြစ် ဖြစ်နိုင်တယ်"

ရှောင်လေးက ခေါင်းညိတ်ပြသည်။

ကျန်းပေရန်၏ ပြောင်ပြောင်တင်းတင်း တုံ့ပြန်မှုကြောင့် ယွီမန်ဝင်း၏ တက်လာသော ဒေါသများ အမှန်တကယ်ပင် အေးစက်သွားသည်။

"မင်း ခန်းမနှစ်ခု ပူးပေါင်းဆောင်ရွက်တဲ့ကိစ္စကြောင့် စိတ်ဆိုးနေတာလား"

"မှန်တယ်"

ကျန်းပေရန်က ခေါင်းညိတ်သည်။

"ငါက မင်းအတွက် ကောင်းဖို့လုပ်ပေးတာ ခန်းမသခင်ကို မျက်နှာပြစရာတစ်ခုခု ရှိစေချင်လို့"

ကျန်းပေရန်က ခပ်ယဲ့ယဲ့ပြုံးလိုက်ပြီး သူ၏လက်ဖက်ရည်ခွက်ကို ချလိုက်သည်။

"ရပါတယ် ကျွန်တော့်ကို ကျိုးကြောင်းဆီလျော်မှုမရှိဘူးလို့ ထင်လို့ရတယ်"

"မင်း"

ယွီမန်ဝင်းက သူမ၏ဒေါသကို မျိုချလိုက်သည်။

"ကောင်းပြီ ငါတောင်းပန်ပါတယ်"

"ကျွန်တော် လက်မခံဘူး"

"ဘာလို့လဲ"

"တောင်းပန်တိုင်း ဘာလို့ခွင့်လွှတ်ရမှာလဲ"

ယွီမန်ဝင်း တုံ့ပြန်ရန် အချိန်အတော်ကြာ တွေဝေသွားသည်။

"ဒါပေမဲ့ ငါက အဲ့ဒီလောက်ဆိုးရွားတဲ့အရာမှ မလုပ်ခဲ့တာ မဟုတ်ဘူးလား"

ကျန်းပေရန်က ထရပ်လိုက်သည်။

"ပထမဆုံးအနေနဲ့ စောင့်ရှောက်သူယွီရဲ့ စိုးရိမ်ပူပန်မှုကို ကျွန်တော်တကယ်ကျေးဇူးတင်ပါတယ် ဒါပေမဲ့ ကျွန်တော် အရင်ကတည်းက ရိုးရိုးသားသားပြောခဲ့ပြီးပြီ ကျွန်တော်က ကိုယ့်အရှိန်နဲ့ကိုယ်ပဲ ရှေ့ဆက်ချင်တယ်လို့ စောက်ရှောက်သူလည်း သဘောတူခဲ့တယ် ကျွန်တော့်အပေါ် ဘာမှအတင်းအကျပ်မလုပ်ဘူးလို့ ပြောခဲ့တယ်"

"ဒါပေမဲ့ ဒီတစ်ခေါက်မှာတော့ ခင်ဗျားရဲ့အကြောင်းပြချက်က ဘာပဲဖြစ်ဖြစ် ခင်ဗျားရဲ့လုပ်ရပ်တွေက ကျွန်တော့်ကို အလွန်အမင်းစိတ်အနှောင့်အယှက်ဖြစ်စေခဲ့တယ် ပြီးတော့ ကျွန်တော် ခင်ဗျားကို ယုံကြည်ပြီး ရင်ဖွင့်တိုင်ပင်လို့ရတဲ့လူတစ်ယောက်အဖြစ် မမြင်တော့ဘူး"

သူ၏လေသံက တည်ငြိမ်နေဆဲဖြစ်သော်လည်း သူ၏စကားများက ရှီဖုန်းလန်နဲ့ ရှောင်လေးကို တုန်လှုပ်စေသည်။

"ဂလု"

တံတွေးတစ်ချက်မျိုချရင်း ရှီဖုန်းလန်က တိုးတိုးလေးပြောသည်။

"လူတွေက ဒီလောက်တိုက်ရိုက်ပြောတတ်ကြလား"

ရှောင်လေးက ခေါင်းကို အပြင်းအထန် ခါယမ်းပြသည်။

ယွီမန်ဝင်း မှင်သက်သွားသည်။

သူမက ဒီပူးပေါင်းဆောင်ရွက်မှုကို တစ်စိတ်တစ်ပိုင်း စနောက်ချင်စိတ်ဖြင့် သဘောတူခဲ့သော်လည်း ကျန်းပေရန်ကို ထူးချွန်စေချင်သော စေတနာအမှန်ဖြင့်လည်း ပါဝင်သည်။

သူက ဒီလောက်ပြင်းပြင်းထန်ထန် တုံ့ပြန်လိမ့်မည်ဟု သူမ မမျှော်လင့်ခဲ့ပေ။

"ငါ..."

သူမ၏နှုတ်ခမ်းများ ပွင့်ဟသွားသော်လည်း စကားလုံးများ ထွက်မလာခဲ့။

ကျန်းပေရန်က အာရုံစိုက်ခံရခြင်းကို မကြိုက်ကြောင်း အကြိမ်ကြိမ်အခါခါ အလေးအနက် ပြောခဲ့သော်လည်း သူမက ဒါကို အလေးအနက်မထားဘဲ သူ့အတွက် ဘာကအကောင်းဆုံးလဲဆိုတာ သူမသိသည်ဟု အမြဲတွေးခဲ့သည်။

ယွီမန်ဝင်း တိတ်ဆိတ်သွားသည်ကို မြင်သောအခါ ကျန်းပေရန်က ရှီဖုန်းလန်ဘက်သို့ ပြန်လှည့်လိုက်သည်။

"ခန်းမသခင်ရှီ ငါတို့ဆက်ကစားကြမလား"

ရှီဖုန်းလန်က ယွီမန်ဝင်းနဲ့ ကျန်းပေရန်ကို တစ်လှည့်စီကြည့်ပြီးမှ ပြောသည်။

"ရ ရန်ဖြစ်တာ မကောင်းပါဘူး"

ကျန်းပေရန်က ခေါင်းခါသည်။

"ဒါက ရန်ဖြစ်တာမဟုတ်ဘူး ရှင်းရှင်းလင်းလင်းဖြစ်အောင် ပြောကြတာ"

"ဒါပေမဲ့"

သူမစကားမဆုံးမီမှာပင် ယွီမန်ဝင်းက လေးနက်စွာပြောသည်။

"ဒီတစ်ခေါက် ငါ အရမ်းအတ္တကြီးသွားပြီး မင်းရဲ့ယုံကြည်မှုကို ဖောက်ဖျက်မိတယ် အဲ့ဒီအတွက် တောင်းပန်ပါတယ်"

"တောင်းပန်ပါတယ်"

သူမက ဆက်ပြောသည်။

"ငါသာ မင်းကို ပြန်ပေးဆပ်ခဲ့ရင် ဒီတစ်ကြိမ်တော့ ငါ့ကို ခွင့်လွှတ်ပေးနိုင်မလား"

"အိုး ရတာပေါ့"

ကျန်းပေရန်က ချက်ချင်းခေါင်းညိတ်သည်။

"အဲ"

ရှီဖုန်းလန်က ယွီမန်ဝင်းကိုယ်စား တောင်းပန်ပေးရန် အသင့်ဖြစ်နေသော်လည်း ကျန်းပေရန်၏ မျှော်လင့်မထားသော အဖြေကြောင့် စကားမဲ့သွားသည်။

ယွီမန်ဝင်းလည်း အံ့ဩသွားသော်လည်း မကြာမီ ပြုံးလိုက်သည်။

"ကောင်းပြီ ငါ သင့်တော်တဲ့လျော်ကြေးတစ်ခု ပြင်ဆင်ထားလိုက်မယ်"

"ဒါဆို စောင့်ရှောက်သူယွီ ကျွန်တော်တို့နဲ့ အန်စာတုံးခွက် အနည်းငယ်လောက် လာမကစားချင်ဘူးလား"

ကျန်းပေရန်က အန်စာတုံးခွက်ကို ကောက်ယူလိုက်သည်။

"ဟုတ်တယ် ဟုတ်တယ် ငါတို့နဲ့ လာကစားပါ"

ရှီဖုန်းလန်က ဝင်ပြောသည်။

ယွီမန်ဝင်းက တစ်ချက်ရယ်လိုက်ပြီးမှ ရုတ်တရက် အော်သည်။

"ဆက်မကစားကြနဲ့တော့"

"နားလည်ပါပြီ ဒီတပည့် သွားခွင့်ပြုပါဦး"

ကျန်းပေရန်က ရှီဖုန်းလန်ကို လက်နှစ်ဖက်ယှက်ကာ အရိုအသေပေးပြီး ထွက်သွားသည်။

"ဟေး ကျန်းပေရန် ငါ့ကို ဒီမှာထားမသွားနဲ့ ဟေး"

ရှီဖုန်းလန်၏ ငိုယိုသံများကို နားထောင်ရင်း ကျန်းပေရန်က ကျေနပ်စွာ ရယ်လိုက်သည်။

အမှန်အတိုင်းပြောရလျှင် သူ ယွီမန်ဝင်းကို ဒေါသထွက်ခဲ့သည်။

စိတ်နှလုံးပြန်ဂိုဏ်းတွင် သူ ဘယ်သူ့ကိုမှ ရှားရှားပါးပါး ရင်မဖွင့်ခဲ့သော်လည်း သူမက ထိုယုံကြည်မှုကို ဖောက်ဖျက်ခဲ့သည်။

သို့သော် သူမ၏တောင်းပန်မှုက ရိုးသားခဲ့သည်။ ခန်းမစောင့်ရှောက်သူတစ်ဦး၏ မာနမရှိခဲ့။

ထိုအချက်က သူ၏သဘောထားကို ပျော့ပြောင်းစေခဲ့သည်။

နောက်ဆုံးတော့ သူမလုပ်ခဲ့တာက သိပ်ဆိုးဆိုးရွားရွားမဟုတ်သလို သူ့ကိုလည်း တကယ့်ဒုက္ခမပေးခဲ့။

ထို့အပြင် သူမက အာရုံစိုက်ခံရခြင်းကို သူဘယ်လောက်တောင် ရှောင်ရှားချင်ကြောင်း နောက်ဆုံးတော့ နားလည်သွားလိမ့်မည်ဟု သူသေချာသည်။

'ပြီးတော့ သူမက လျော်ကြေးပေးမယ်လို့လည်း ကတိပေးခဲ့တယ်လေ စောင့်ရှောက်သူအဆင့်ရဲ့ လျော်ကြေးဆိုတော့ တော်ရုံတန်ရုံတော့ မဟုတ်လောက်ဘူး။ ဒီတော့ ငါက ငြင်းလို့မရခဲ့တာမဟုတ်ဘူး သူမကမ်းလှမ်းတာက လက်လွှတ်ဖို့ အရမ်းကောင်းလွန်းနေခဲ့တာ'

All Chapters