အခန်း (၇၄+၇၅)
Vol. 5 Ch. 74+75
အခန်း ၇၄ စာရေးဆရာ ပြောစကား….
ဒီအခန်းကတော့ မူရင်းစာရေးဆရာက အခန်းနံပါတ်တပ်ပြီး သူပြောချင်တာတွေ ရေးထားလို့ ကျော်လိုက်ပါပီ
အခန်း ၇၅: စကားဆက်ပြောနေရင် ကျွန်တော်ထွက်ပြေးတော့မှာ
နောက်ထပ် ပင်ပန်းနွမ်းနယ်ဖွယ်ကောင်းသော ညကင်းလှည့်မှုတစ်ခုအပြီးတွင် ယွီမန်ဝင်းက ခြံဝင်းထဲသို့ ခြေချလိုက်သည်နှင့် ပင်မခန်းမမှ အလွန်စိတ်လှုပ်ရှားနေသော အသံတစ်သံကို ကြားလိုက်ရသည်။
"ခြောက် ခြောက် ခြောက် ခြောက် ငါ့ကို ခြောက်ပေး"
သူမ၏နဖူးပေါ်တွင် သွေးကြောတစ်ချောင်း ချက်ချင်း ထောင်ထလာသည်။
'နေဦး အဲ့ဒီအသံက ရှောင်လေးအသံနဲ့တူပါလား တံခါးစောင့်တွေ ဒီနေ့ ရုတ်တရက် ခံလိုက်ရတာ မဆန်းတော့ဘူး ဒီကျန်းပေရန် ငါက သူများ ခန်းမသခင်ကို လမ်းမှန်ပေါ်ရောက်အောင် လမ်းညွှန်ပေးနေတယ်လို့ ထင်နေတာ အခုတော့ သူက ရှောင်လေးကိုတောင် သူ့နဲ့အတူ လောင်းကစားလုပ်အောင် ဆွဲသွင်းနေပြီ'
နောက်ဆုံးတော့ ရှောင်လေးပါ ပျက်စီးသွားပြီဆိုသည့် အတွေးက ယွီမန်ဝင်း၏ နဖူးပေါ်မှ သွေးကြောများကို နှစ်ခုဖြစ်သွားစေသည်။
ဘုန်းဟူသောအသံကျယ်နှင့်အတူ သူမက တံခါးကို တွန်းဖွင့်ပြီး အေးစက်သောမျက်နှာထားဖြင့် ဝင်သွားသည်။
အန်စာတုံးလှိမ့်ရန် ပြင်ဆင်နေသော ရှောင်လေးက ချက်ချင်းပင် မတ်မတ်ရပ်ပြီး အလေးပြုလိုက်သည်။
"စောင့်ရှောက်သူယွီကို နှုတ်ဆက်ပါတယ်"
"ရှောင်လေး နင်ကပါ သူတို့နဲ့အတူ ဒီလိုအဓိပ္ပာယ်မရှိတာတွေ လိုက်လုပ်နေတာလား"
ရှောင်လေး မတုံ့ပြန်မီမှာပင် ကျန်းပေရန်က အရင်ထရပ်ပြီး ပြောလိုက်သည်။
"စောင့်ရှောက်သူယွီကော ကျွန်တော်တို့နဲ့ ဝင်မကစားချင်ဘူးလား ကစားသမားတစ်ယောက်ပဲ လိုနေတာ"
"ကျန်းပေရန် မင်းရဲ့သတ္တိက ချီးကျူးစရာ... ဟင် ဒါကဘာလဲ"
ယွီမန်ဝင်း၏ မျက်လုံးများက ရောင်စုံလေးထောင့်ဘုတ်ပြားနှင့် ၎င်းပေါ်တွင်တင်ထားသော ရုပ်သေးရုပ်ငယ် ဆယ့်နှစ်ရုပ်ပေါ်သို့ ကျရောက်သွားပြီး သူမ၏မျက်နှာအမူအရာက နားမလည်နိုင်ဖြစ်သွားသည်။
"ဒါကို သူရဲကောင်းခြေသလုံးအိမ်တိုင်လို့ခေါ်တယ် ဖူအန်းကလာတဲ့ ရိုးရာလောင်းကစားနည်းတစ်ခုပေါ့ စောင့်ရှောက်သူယွီ စမ်းကြည့်ချင်လား"
ကျန်းပေရန်က ရှင်းပြရင်း မျက်တောင် တဖျပ်ဖျပ်ခတ်နေသည်ကို ကြည့်ရင်း ယွီမန်ဝင်းက ချက်ချင်းနားလည်သွားသည်။
အမှန်တကယ်တော့ လွန်ခဲ့သောရက်အနည်းငယ်အတွင်း ယွီမန်ဝင်းက ခန်းမသခင်၏ "အကျင့်ဆိုးများ" တဖြည်းဖြည်း ပျောက်ကွယ်သွားသည်ကို သတိပြုမိခဲ့သည်။
သူမနေ့စဉ်ဆွဲနေကျ ပန်းပွင့်တက်တူးများကို မတွေ့ရတော့သလို ကျောက်မျက်ပါးစပ်ပါသော နှင်းဆီသစ်သားဆေးတံကလည်း အချိန်အတော်ကြာ ပေါ်မလာတော့ပေ။ သူမက လည်ပင်းဟိုက်အင်္ကျီများပင် မဝတ်တော့ချေ။
ဒီအချက်က ယွီမန်ဝင်းကို လုံးဝအံ့အားသင့်စေခဲ့သည်။
နောက်တော့ သူမက ဒီအရာများအကြောင်း ခန်းမသခင်ကို အကြိမ်ကြိမ် တောင်းပန်ခဲ့သော်လည်း ရှီဖုန်းလန်အတွက်မူ ၎င်းတို့က မူဝါဒဆိုင်ရာကိစ္စများဖြစ်သည် ဥပမာအားဖြင့် သူမကို လောင်းကစားလျှော့လုပ်ရန် တောင်းဆိုနိုင်သော်လည်း လုံးဝရပ်တန့်ရန် ဘယ်တော့မှ မတောင်းဆိုနိုင်သလိုပင်။
ကြိုးစားမှုတိုင်းက အပေါ်ယံလက္ခဏာများကိုသာ ဖြေရှင်းနိုင်ပြီး အရင်းမြစ်ကို မဖြေရှင်းနိုင်ခဲ့။
မကြာသေးမီက ခန်းမသခင်၏ ပတ်ဝန်းကျင်မှ တစ်ခုတည်းသောပြောင်းလဲမှုမှာ ကျန်းပေရန်၏ တည်ရှိမှုပင်ဖြစ်သည်။
ယွီမန်ဝင်းက သူဘာလုပ်ခဲ့သည်ကို မသိသော်လည်း ဒီပြောင်းလဲမှုက သူ့ကြောင့်ဖြစ်သည်ဟု သူမ သေချာယုံကြည်သည်။
ယခုအခါ ကျန်းပေရန်၏ ချဲ့ကားသော မျက်တောင်ခတ်ပြမှုကို မြင်သောအခါ ယွီမန်ဝင်းက သူက ခန်းမသခင်ကို "လောင်းကစားဖြတ်ရန်" ကူညီနေမှန်း ချက်ချင်းသိလိုက်သည်။
အဟမ်း
ချောင်းတစ်ချက်ဟန့်ရင်း ယွီမန်ဝင်းက အော်လိုက်သည်။
"မရဘူး လောင်းကစားက ဘယ်နည်းလမ်းနဲ့ပဲဖြစ်ဖြစ် လောင်းကစားပဲ ခွင့်မပြုနိုင်ဘူး"
"ကောင်းပြီလေ"
ကျန်းပေရန်က ပခုံးတွန့်ပြီး သိမ်းဆည်းရန် ပြင်ဆင်နေစဉ် ရှီဖုန်းလန်က ဘုတ်ပြားကို သူမ၏ လက်မောင်းများဖြင့် ရုတ်တရက် ကာကွယ်လိုက်သည်။
"မရဘူး မရဘူး မရဘူး ငါ့ရဲ့ပုန်းကွယ်သူရဲကောင်းနဲ့ သံတောင်းစားက သူရဲကောင်း ခြေသလုံး အိမ်တိုင်ကျွန်းကို ရောက်နေပြီ လေပြေတိုးသံနဲ့ သံကြိုးနတ်သမီးက အတူတူတိုက်ခိုက်နေကြတာ ငါနိုင်တော့မှာ"
ကျန်းပေရန်က သူ၏လက်များကို ကူကယ်ရာမဲ့ဟန်ဖြင့် ဖြန့်ကားလိုက်သည်မှာ 'ငါ့ကိုမကြည့်နဲ့ မင်းစည်းရုံးရမှာ ငါမဟုတ်ဘူး' ဟု ပြောနေသလိုပင်။
ရှီဖုန်းလန်က ချက်ချင်းထရပ်ပြီး ယွီမန်ဝင်း၏ လက်မောင်းကို ဆွဲကိုင်လိုက်သည်။
"မန်ဝင်း ငါ့ကို ဒီတစ်ပွဲပဲ အပြီးကစားခွင့်ပေးပါနော် တစ်ပွဲတည်းပါ"
အသက်ပြင်းပြင်းရှူရင်း ယွီမန်ဝင်းက ရှီဖုန်းလန်ကို ဘေးတိုက်ကြည့်လိုက်သည်။
"တစ်ပွဲတည်းလား"
"အင်း အင်း တစ်ပွဲတည်းပဲ ငါကတိပေးတယ်"
ရှီဖုန်းလန်က လက်ညှိုး လက်ခလယ်နှင့် လက်သူကြွယ် သုံးချောင်းကို ကောင်းကင်သို့ ထောင်ပြသည်။
"ကောင်းပြီ ဒီတစ်ပွဲပဲ"
"မင်းက အကောင်းဆုံးပဲဆိုတာ ငါသိသားပဲ မန်ဝင်း"
ရှီဖုန်းလန်က သူမ၏ထိုင်ခုံသို့ ပြန်ထိုင်ပြီး ခေါ်လိုက်သည်။
"လာ ရှောင်လေး မြန်မြန်အန်စာတုံးလှိမ့်တော့ နင့်ရဲ့သူရဲကောင်းပျံလေးက ငါ့လက်ထဲမိတော့မှာ ဟီးဟီး"
ရှောင်လေးက ယွီမန်ဝင်းကို အရင်တစ်ချက်လှမ်းကြည့်သည်။
နောက်တစ်ယောက်က ခေါင်းညိတ်ပြသည်ကို မြင်သောအခါ သူမက ပျော်ရွှင်စွာဖြင့် အန်စာတုံးကို ပြန်ကောက်ယူပြီး ရွတ်ဆိုသည်။
"ငါ့ကို ခြောက်တစ်ခါသာပေးပါ ငါ့ရဲ့သူရဲကောင်းပျံလေးက ခြေဖော့တောင်ကုန်းကိုသုံးပြီး လွတ်မြောက်နိုင်မှာ ခြောက်ပေးပါ ခြောက်ပေးပါ"
ဘုတ်ပြားပေါ်မှ သက်ဝင်လှသော ရုပ်သေးရုပ်ဆယ့်နှစ်ရုပ်ကို ကြည့်ရင်း ယွီမန်ဝင်းက ကျန်းပေရန်၏ လက်များ မည်မျှကျွမ်းကျင်သည်ကို မအံ့ဩဘဲမနေနိုင်တော့။
နာရီဝက်အကြာတွင်...
ရှီဖုန်းလန်က "ငါ့ကို လေးပေး" ဟု အော်ဟစ်လိုက်စဉ် အန်စာတုံးများက စားပွဲပေါ်တွင် လိမ့်သွားပြီး နောက်ဆုံးတွင် လေးစက်ပါသော မျက်နှာပြင်က အပေါ်သို့ လှန်ကျလာသည်။
"အဟားဟားဟား လေး လေးပဲ နောက်ဆုံးတော့"
သူမ၏ရယ်မောသံများကြားတွင် ရှီဖုန်းလန်က သူမ၏သံကြိုးနတ်သမီးနှင့် လေပြေတိုးသံကို သူရဲကောင်းခြေသလုံးအိမ်တိုင်ကျွန်းပေါ်သို့ ရွှေ့လိုက်သည်။
"ငါနိုင်ပြီ ဟားဟား နောက်ဆုံးတော့ ငါနိုင်ပြီ"
ရှီဖုန်းလန်က စက္ကူစတစ်ရွက်ကို ဆွဲထုတ်ပြီး ကျန်းပေရန်၏ နဖူးပေါ်သို့ ကပ်လိုက်ရင်း အောင်ပွဲခံသည်။
ကျန်းပေရန်က စိတ်ပျက်လက်ပျက်အမူအရာဖြင့် သက်ပြင်းချသည်။
"ခန်းမသခင်က သူရဲကောင်းခြေသလုံးအိမ်တိုင်မှာ တော်တော်လေး ပါရမီရှိပုံပဲ"
"ဟားဟားဟား ဟုတ်တာပေါ့ ဒီခန်းမသခင် မတော်တဲ့အရာဆိုတာ ရှိလို့လား ငါက မင်းကို အသာစီးပေးထားတာပါကွဲ့ တပည့်လေးရဲ့"
"ဟုတ်ကဲ့ပါ ခန်းမသခင်က အလွန်ပညာရှိပါတယ်"
"လာ နောက်တစ်ပွဲထပ်ကစားကြမယ်"
ရှီဖုန်းလန် စကားမဆုံးမီမှာပင် သူမက ယွီမန်ဝင်း၏ ညင်သာသောအကြည့်နှင့် ဆုံသွားသည်။
ချက်ချင်းပင် စိတ်ဓာတ်ကျသွားသော ရှီဖုန်းလန်က တောင်းပန်သည်။
"ငါနည်းနည်းလောက် ထပ်ကစားချင်လို့ပါ"
"မရဘူး"
ယွီမန်ဝင်း၏ ပြတ်သားသောလေသံကို ကြားရသောအခါ ကျန်းပေရန်ကလည်း ထရပ်လိုက်သည်။
"ဒီတပည့် သွားခွင့်ပြုပါဦး ကျွန်တော့်မှာ ဒီနေ့အတွက် လေ့လာစရာတွေ ကျန်သေးတယ်"
သို့သော် ရှီဖုန်းလန်က သူ့ကို ဆွဲထားသည်။
"မရဘူး မင်းဒီနေ့ ငါ့ကို အချိန်ပိုပေးပြီး အဖော်လုပ်ပေးမယ်လို့ ကတိပေးထားတယ်"
"ခန်းမသခင် အခု ဟိုင်အချိန်နီးနေပြီ"
"အာ အဲ့လောက်တောင် ညဉ့်နက်နေပြီလား"
ရှီဖုန်းလန်က အံ့ဩစွာ မေးလိုက်သည်။
"ဟုတ်ကဲ့ စောင့်ရှောက်သူယွီတောင် ညကင်းလှည့်ကနေ ပြန်ရောက်နေပြီ"
"ကောင်းပြီ ဒါပေမဲ့ မင်းမနက်ဖြန် စောစောလာရမယ်"
"ကျွန်တော်ကြိုးစားပါ့မယ်"
ကျန်းပေရန်က သူရဲကောင်းခြေသလုံးအိမ်တိုင်ကို သူ၏သိုလှောင်လက်စွပ်ထဲသို့ သိမ်းဆည်းလိုက်ပြီး ရှီဖုန်းလန်၏ အကြိုက်ဆုံး သံကြိုးနတ်သမီးကိုသာ ချန်ထားခဲ့သည်။
"အစ်ကိုကြီးကျန်း"
ရှောင်လေးက ရုတ်တရက် ခေါ်လိုက်သည်။
"ဟင်"
ကျန်းပေရန်က သူမဘက်သို့ လှည့်လိုက်သည်။
"ဖြစ်နိုင်ရင် သူရဲကောင်းပျံလေးကို ဒီမှာထားခဲ့လို့ရမလား ခဏတာပဲ"
"ဒီမှာ ဒါမင်းအတွက်"
ကျန်းပေရန်က သူရဲကောင်းပျံလေးကို စားပွဲပေါ်တွင် တင်ပေးပြီးမှ ရှီဖုန်းလန်နှင့် ယွီမန်ဝင်းကို လက်ပြ နှုတ်ဆက်လိုက်သည်။
"ဒါဆိုရင် ဒီတပည့် သွားခွင့်ပြုပါဦး"
ထိုသို့ပြောပြီး သူက လှည့်ထွက်သွားသည်။
သူ မှန်ပန်းဥယျာဉ်မှ ခြေလှမ်းနှစ်လှမ်းမထွက်ရသေးခင်မှာပင် ယွီမန်ဝင်း၏ အသံက သူ့ဘေးတွင် ထွက်ပေါ်လာသည်။
"လွန်ခဲ့တဲ့ရက်အနည်းငယ်အတွင်း အရာအားလုံးအတွက် ကျေးဇူးတင်ပါတယ်"
"စောင့်ရှောက်သူယွီကတော့ မြှောက်ပြောလွန်းပါတယ် ကျွန်တော်က ခန်းမသခင်ရှီနဲ့ ကမောက်ကမလုပ်နေရုံပါပဲ"
"မင်းလုပ်နေတာနဲ့ ကမောက်ကမလုပ်နေတာကို ငါခွဲခြားမသိနိုင်ဘူးလို့ မင်းတကယ်ထင်နေတာလား"
ယွီမန်ဝင်းက ရယ်လိုက်သည်။
"ပြီးတော့ ငါတို့ရေမှန်ခန်းမရဲ့ ခန်းမသခင်နဲ့ ဘယ်တပည့်မဆို ကမောက်ကမလုပ်ခွင့်ရမယ်လို့ မင်းတကယ်ယုံကြည်နေတာလား"
"ဒါဆိုရင် ကျွန်တော့်ကို ဒီအခွင့်အရေးပေးတဲ့ စောင့်ရှောက်သူယွီကို ကျေးဇူးတင်ရမှာပေါ့"
"ငါတို့ခန်းမသခင်ဘေးမှာ မင်းကို တစ်ချိန်လုံးနေခွင့်ပေးခဲ့တာ ဘာကြောင့်လဲဆိုတာ မင်းသိလား"
ကျန်းပေရန် ပြန်ဖြေရန် ပြင်ဆင်နေစဉ်မှာပင် သူ့ရှေ့တွင် ရွေးချယ်မှုသုံးခု ပေါ်လာသည်။
[ရွေးချယ်မှု ၁: ကိုယ်ပိုင်ခန့်မှန်းချက်ကို ထုတ်ဖော်ပြောဆိုပါ။ ဆုလာဘ်: မေပယ်ခုတ်ဓားချက် (အနက်ရောင်အဆင့်၊ အဆင့်နိမ့်တန်း)]
[ရွေးချယ်မှု ၂: "ကျွန်တော်ကြားချင်ပါတယ်" ဟု ပြောပါ။ ဆုလာဘ်: မြေကမ္ဘာကွမ်အမှတ်တံဆိပ် (အဝါရောင်အဆင့်၊ အဆင့်မြင့်တန်း)]
[ရွေးချယ်မှု ၃: "ကျွန်တော်မသိချင်ဘူး" ဟု ပြောပါ။ ဆုလာဘ်: ကျပန်းအခြေခံအရည်အသွေးအမှတ် +၁]
ချီတုံချတုံမဖြစ်ဘဲ ကျန်းပေရန်က တတိယရွေးချယ်မှုကို ရွေးချယ်ပြီး ချက်ချင်းပြန်ဖြေသည်။
"ကျွန်တော်မသိချင်ဘူး"
[ရွေးချယ်မှု ပြီးမြောက်သွားသည်။ ဆုလာဘ်: ကာယစွမ်းအား +၁]
သူမ၏စိတ်ခံစားချက်များကို အားယူထားသော ယွီမန်ဝင်းက နောက်ထပ်အသက်ရှူရန်ပင် အခက်တွေ့သွားသည်။
သူမက ကျန်းပေရန်ကို မကျေမနပ် စိုက်ကြည့်လိုက်သည်။
"ငါဒီအကြောင်းကို ပြောတိုင်း မင်းက ဘာလို့အမြဲတမ်း နားမထောင်ဘဲ ငြင်းဆန်နေရတာလဲ"
"ဘာလို့လဲဆိုတော့ အန္တရာယ်ရှိတယ်လို့ ခံစားရလို့ပဲ ကျွန်တော်မပါဝင်ချင်ဘူး"
"…….."
ခဏတာတိတ်ဆိတ်သွားပြီးနောက် ယွီမန်ဝင်းက သက်ပြင်းချသည်။
"မင်းက အရင်လိုပဲ ပြောင်ပြောင်တင်းတင်းပြောတုန်းပဲ ဒါပေမဲ့ ဒါက တကယ်တော့ အဲ့ဒီလောက် အန္တရာယ်ရှိတဲ့ အကြောင်းအရာမဟုတ်ပါဘူး"
"ကျေးဇူးပြုပြီး ကျွန်တော့်ကို အခက်တွေ့အောင် မလုပ်ပါနဲ့"
ကျန်းပေရန်က လက်ကာပြပြီ အလန့်တကြားဖြင့် ပြောလိုက်သည်။
ကျန်းပေရန်၏ အနေအထားကို မြင်သောအခါ 'စကားဆက်ပြောနေရင် အရှိန်အပြည့်နဲ့ ထွက်ပြေးတော့မှာ' ဟု ရှင်းရှင်းလင်းလင်း ဖော်ပြနေသဖြင့် ယွီမန်ဝင်းက နောက်တစ်ကြိမ် သက်ပြင်းချရုံသာ တတ်နိုင်တော့သည်။