← Chapters

မသေနိုင်ဘူး(2)

Vol. 23 Ch. 221

မသေနိုင်ဘူး(2)

Vol. 23 Ch. 221

“မင်းရဲ့ ရင်ထဲက နာကျင်မှုတွေကို ပျောက်ကင်းအောင် လုပ်မပေးနိုင်လို့ တောင်းပန်ပါတယ်၊ ဒါပေမဲ့ ဒါတွေက မင်းရဲ့ အပြစ်တွေ မဟုတ်ပါဘူး…. မင်းက နူးညံ့ပြီး ထိခိုက်လွယ်တဲ့ မိန်းမငယ်လေးလေ… ဒီလို ဝေဒနာတွေ ခံစားမနေသင့်ဘူး..”

သူမ မစ်စ်ရန်၏ မျက်လုံးအား သေချာကြည့်လိုက်ရင်း ခွင့်တောင်းသည်။

“ကနဦးစစ်ဆေးမှုမှာ မင်းရဲ့ကိုယ်ပေါ်ကနေ ယုတ်မာရိုင်းစိုင်းတဲ့ အငွေ့အသက်မျိုး ပြင်းပြင်းထန်ထန်ရလိုက်တယ်၊ မင်းက တစ်ခုခုနဲ့ တွေ့လာတာပဲ.. ငါ ဒီထက်ပိုပြီး သေချာစစ်ဆေးကြည့်လို့ ရနိုင်မလားဟင်?

မင်းရဲ့ ကိုယ်ရေးကိုယ်တာကိုတော့ နည်းနည်း ကျူးကျော်တာမျိုးလေးတော့ ဖြစ်လိမ့်မယ်”

မစ်စ်ရန်ကတော့ ဂရုမစိုက်ပေ။

“အိုကေ”

ဒေစီလည်း လက်ကို သုတ်ကာ အိတ်ထဲမှ တစ်စုံတစ်ခုအား ထုတ်ယူလိုက်သည်။ ယခုအကြိမ်တွင်တော့ သူမသည် ဖယောင်းတိုင်အစား အမွှေးတိုင်တိုလေးတစ်ချောင်းကိုထုတ်ကာ မီးညှိလိုက်ရင်း ရေရွတ်လိုက်သည်။

“ဒီပြိုင်ပွဲကိုလာတာက ငါ့အတွက်တော့ အမှန်ကန်ဆုံးရွေးချယ်မှုပဲ၊ ငါက အရမ်းကိုတော်တဲ့ ပညာရှင်တွေနဲ့လည်း စကားပြောရပြီး အများကြီး သင်ယူခဲ့ရတယ်

ငါ့ရဲ့ စွမ်းရည်တွေလည်း ပထမနှစ်ပွဲမှာတင် သိသိသာသာ တိုးတက်လာတယ်၊ အခုဆိုရင် ဖယောင်းတိုင်မပါဘဲနဲ့တောင် အခြားကမ္ဘာကို မြင်နိုင်ပြီလေ”

“ငါ့ရဲ့ စွမ်းအင်က အတိတ်ကို ပိုပြီးတိတိကျကျ ပြန်သွားနိုင်မယ်လို့ ဆုတောင်းရမှာပဲ၊ ကောင်းပြီ ငါ့လက်ကို ကိုင်ထားပေးပါနော်”

ဒေစီ မစ်စ်ရန်၏ လက်အား ပြန်လည်ဆုပ်ကိုင်ထားလိုက်ပြီးနောက် လေသံတိုးတိုးဖြင့် စကားလုံးအချို့ရေရွတ်လိုက်သည်။

ထို့နောက် အမွှေးတိုင်မီးခိုးဖြင့် နှစ်ကြိမ် လှည့်ပတ်လိုက်ပြီးနောက် ကြေးမုံအား ကောက်ကိုင်လိုက်သည်။

သူမ၏ မျက်နှာအမူအရာနှင့် ကိုယ်နေဟန်ထားအားလုံးသည်က ချက်ချင်းပြောင်းလဲသွားခဲ့သည်။ ထိုသို့ မှော်ဆန်လှသည့် မြင်ကွင်းကြောင့် သူမဘေးမှ မစ်စ်ရန်မှာ အံ့အားသင့်ကာ တုန်လှုပ်သွားရသည်။

ထိုအချိန်တွင် ဒေစီ အတိတ်အား ပြန်လည်တူးဖော်ခြင်း စတင်တော့သည်။

“ငါ အခန်းတစ်ခန်းကိုတွေ့တယ်… အဲ့အခန်းထဲမှာ ငြင်းခုန်မှုတွေ.. စိတ်ဓာတ်ကျမှုတွေနဲ့ ပြည့်နှက်နေတာပဲ၊ အဲဒါက မင်း ကလေးဘဝတုန်းက နေခဲ့တဲ့ အခန်းပဲ၊ အဲဒီနေရာက မင်းကို စိတ်ပိုင်းဆိုင်ရာ ဖိအားတွေ အများကြီးပေးပြီး မင်းကို စိတ်ဆတ်စေတယ်.. မုန်းတီးစေတယ်?”

“အမှန်ပဲ.. မင်းက မင်းရဲ့ နှလုံးသားထဲက လူနှစ်ယောက်ကို ခါးခါးသီးသီး မုန်းနေတာပဲ၊ အဲဒါက မင်းရဲ့ မိဘတွေပဲ ဖြစ်ရမယ်၊

ဘာလို့လဲ? သူတို့က မင်းကို အရမ်းဆိုးဆိုးဝါးဝါး ဆက်ဆံလို့လား?”

“အချိန်တွေ ကြာလာတာနဲ့အမျှ မင်းရဲ့ ခန္ဓာကိုယ်ပေါ်မှာလည်း ဒဏ်ရာတွေ တိုးတိုးလာတယ်..အဲဒါကလည်း မင်းကိုယ်တိုင် လုပ်ထားတာပဲ၊

မင်းရဲ့ စိတ်အခြေအနေက တော်တော်လေး မကျန်းမမာဖြစ်နေတာကို ငါခံစားနေရတယ်၊ မင်းရဲ့ ကိုယ့်ကိုကိုယ် ဖျက်ဆီးတဲ့အကျင့်ကလည်း ပို,ပိုပြီး ဆိုးလာတာပဲ၊ ဒီမိဘတွေက တော်တော်လေးကို တာဝန်သိစိတ်မရှိတာပဲ..

ဘာလို့ မင်းကို ကြမ်းတမ်းတဲ့စကားတွေနဲ့ စိတ်ဒဏ်ရာတွေ ပိုပေးနေရတာလဲ? ကိုယ့်ကလေးကို ဘာလို့ ဒီလောက်တောင် လုပ်နိုင်ရတာလဲ?”

ဒေစီ ပြောရင်းဖြင့် မျက်မှောင်ကြုတ်သည်။ ရုတ်တရက် သူမသည် တစ်စုံတစ်ခုအား ‘မြင်တွေ့’လိုက်ရသကဲ့သို့ ထိတ်လန့်တကြား ထအော်လိုက်သည်။

“မဟုတ်တာ! အဲဒီလို မဖြစ်နိုင်ဘူး!”

သူမ မျက်လုံးများအား ရုတ်တရက်ဖွင့်လိုက်ပြီး မစ်စ်ရန်၏ လက်များအား တင်းကြပ်စွာ ဆုတ်ကိုင်လိုက်သည်။ သူမ၏ မျက်နှာမှာလည်း ကလေးတစ်ယောက်အား ဆူပူတော့မည့် အစ်မတစ်ယောက်ကဲ့သို့ပင်။

“ကောင်မလေး.. မင်း ဘယ်လိုလုပ်ပြီးများ အဲဒီလိုအတွေးတွေ ရှိနေရတာလဲ? အိုးဂေါ့.. မင်း အဲဒီအထပ်မြင့်ကြီးရဲ့အစွန်းမှာ ရပ်နေရတာကို မြင်လိုက်တော့ ငါ့နှလုံးတောင် ရင်ထဲကနေ ခုန်ထွက်သွားတော့မလို့..

ဘာပဲဖြစ်နေပါစေ မင်း သူများတွေရဲ့ အမှားအတွက် ကိုယ့်ကိုကိုယ် အပြစ်ပေးပြီး အသက်ကို စွန့်ပစ်လိုက်လို့မရဘူးလေ!

တော်သေးတာပေါ့.. မင်းမှာ အသိစိတ်လေး ကပ်ပြီး နောက်ဆုံးခြေလှမ်းမလှမ်းလိုက်ဘဲ နောက်ပြန်ဆုတ်ခဲ့လို့… မင်း တော်တော်လေးကို ကံကောင်းတာ”

ဒေစီစကားပြောနေချိန်တွင် ဘေးမှ တင်ဆက်သူလျှို့၏ ထူးဆန်းသော မျက်နှာအမူအယာကြောင့် သူမ မေးလိုက်မိသည်။

“ဘာဖြစ်လို့လဲဟင် တင်ဆက်သူ? ဘာလို့ ကျွန်မကို အဲ့လိုမျိုး ကြည့်နေတာလဲ?”

မစ်စ်ရန်ကတော့ တည်တည်တံ့တံ့ပင် ပြန်ဖြေသည်။

“ဒေစီကျဲ.. ကျဲလည်း မြင်လိုက်မှာပါ၊ အဲ့တုန်းက ကျွန်မက ရုတ်တရက် အသိစိတ်ကပ်ပြီး နောက်ပြန်ဆုတ်လိုက်တာ မဟုတ်ဘူး၊ ကျွန်မ ခြေထောက်တွေပေါ်ကို တစ်ခုခုက ဖိထားပြီး လှုပ်လို့တောင် မရတော့တာ!”

“နောက်ကျတော့ ကျွန်မကို အစွန်းကနေ တွန်းထုတ်လိုက်တာလေ မမြင်နိုင်တဲ့ အားတစ်ခုက! အဲဒါက နှောင့်ယှက်နေတဲ့ ကောင်တွေကြောင့်လား?”

ဒေစီလည်း မျက်စိလည်သွားပြီး သူမ ဘာကိုဆိုလိုသည်အား နားမလည်နိုင်ဖြစ်သွားခဲ့သည်။

တင်ဆက်သူလျှို့၏ ရှင်းပြစကားအား နားထောင်ပြီးမှသာလျှင် သူမ၏ မျက်ဝန်းအစုံလည်း အံ့ဩမှုကြောင့် ပြူးကျယ်သွားရသည်။

မစ်စ်ရန်သည် ခုန်ချလိုက်ရန် တွေဝေနေခဲ့ခြင်းမဟုတ်ဘဲ သူမကိုယ်တွင်းမှ သရဲတစ်ကောင်မှ သူမအား ကူညီကာ တားမြစ်နေခဲ့ခြင်းပင်ဖြစ်သည်!

“ဒါကြောင့် ကျွန်မ ကြည့်နေတုန်းက အနောက်မှာ အရိပ်တစ်ခုကို မြင်လိုက်ရတာကိုး၊  အဲဒါက မင်းအိပ်မက်ထဲမှာပေါ်လာပြီး မင်းကို စိုက်ကြည့်နေတတ်တယ်၊ မင်းကိုယ်ထဲမှာ ရှိနေတာ ကြာပြီထင်တယ်”

ဒေစီ၏ ဖော်ပြချက်အား နားထောင်ပြီးနောက် ထိုသရဲ၏ ပုံစံသည် မစ်စ်ရန် သူမ၏ အိပ်မက်များတွင် ပေါ်လာတတ်သော နှာပူးနှင့် ပုံစံတူကြောင်း သိလိုက်ရသည်။

သူမ နှုတ်ခမ်းများအား ကိုက်လိုက်ရင်း ပြန်ဖြေသည်။

“ဟုတ်နေတာပဲ.. ဒီကောင်က တရားခံကိုး”

“ဒေစီကျဲကျဲ.. ကျွန်မ သူ့ကို နှင်လိုက်ချင်တယ်၊ ဒါမှ ကျွန်မကို လာမနှောင့်ယှက်တော့မှာ၊ နည်းလမ်းများရှိလား?”

မစ်စ်ရန် ယခင်နှစ်များမှ အဖြစ်အပျက်များအား ပြန်လည်ပြောပြခဲ့သည်။ သူမ စိတ်ကိုပြင်ဆင်ကာ သတ်သေရန် နောက်ဆုံးခြေလှမ်းပြင်လိုက်တိုင်း သူမအနီးမှ သရဲသည် မမြင်နိုင်သည့် စွမ်းအားများသုံးကာ နှောင့်ယှက်နေခဲ့သည်။

သူမ ယခင်ကလည်း အဆောက်အဦပေါ်မှ ခုန်ချခဲ့ဖူးသော်ငြား မအောင်မြင်ခဲ့ပေ။

ဆေးသောက်ပြီးချိန်တွင်လည်း မူးဝေလာကာ အကုန်ပြန်အန်ထုတ်ခဲ့သည်။

ပိုးသတ်ဆေးသောက်ရန် ပြင်ဆင်လိုက်ချိန်တွင်လည်း သေချာပြင်ဆင်ထားသည့် ဆေးပုလင်းသည် မြေပေါ်သို့ပြုတ်ကျကာ ကွဲကြေသွားပြန်သည်။

သူမ၏ သတ်သေမည့်အစီအစဉ်များ အားလုံးကျရှုံးခဲ့သည်။

ထိုအရာအားလုံးသည်က သေဆုံးလိုသည့် စိတ်တစ်ခုကြောင့်သာပင် ဖြစ်၏။

[ကောင်းချက်ပဲ! ဒီတစ်ခါကတော့ ရူးပေမယ့် သတ္တိရှိတဲ့ သရဲတစ်ကောင်က သူ့ရဲ့ အချစ်ကိုကာကွယ်ပေးတယ်လို့ ပြောရမလား?]

[ဒီထူးဆန်းတဲ့ ကိစ္စမှာနည်းနည်းတော့ ချစ်ဖို့ကောင်းသား၊ ကောင်မလေးက သေချင်ပေမယ့် သူ့အစီအစဉ်တွေကို လိုက်ပြီး ဖျက်ဆီးနေတာက နှာပူးတစ်ကောင်ရှိနေတယ်၊ ဒါပေမဲ့ သူ့နည်းလမ်းတွေက သိပ်တော့မကောင်းလှဘူး၊ လူတစ်ယောက်ကို ချစ်တယ်ဆိုရင် သူတို့ကို နေ့တိုင်း မနှောင့်ယှက်ရဘူး၊ အဲ့တာက အရှက်မရှိတာပဲ]

“ဒါက……”

သူမ၏ တောင်းဆိုချက်အားကြားရပြီးနောက် ဒေစီတွေဝေစွာ တင်ဆက်သူအား လှမ်းကြည့်လိုက်သည်။

သရဲများ၊တစ္ဆေများအား နှင်ပစ်နိုင်သည့် နည်းလမ်းရှိသည်။ ထိုသရဲ၊တစ္ဆေသည် စွမ်းအားကြီးကာ ထွက်မသွားချင်ပါစေ၊ တစ်ခြားပြိုင်ပွဲဝင်များတွင် နည်းလမ်းရှိသည်။

တိုက်ရိုက်ကြည့်ရှုသူများကတော့ ထိုနှာပူးသည် မစ်စ်ရန်အား ကိုယ့်ကိုကိုယ် သတ်မသေနိုင်ရန် တားမြစ်နေသောကြောင့် သရဲကောင်းဖြစ်မည်ဟု ထင်နေကြသော်လည်း ပြိုင်ပွဲမှ ပညာရှင်များကတော့ ထိုသို့မထင်ကြချေ။

သူသာ သရဲကောင်းမှန်ပါလျှင် မစ်စ်ရန်အား အိပ်မက်ထဲတွင်‌ ခြောက်လှန့်ကာ သူမ၏ ယန်စွမ်းအင်များအား ဝါးမျိုနေလိမ့်မည်မဟုတ်။

သူ၏ ထိုအပြုအမူများသည်က မစ်စ်ရန်၏ ကျန်းမာရေးနှင့် အသက်လမ်းကြောင်းတို့အား ထိခိုက်စေနိုင်သည်ကို ထိုသရဲ မသိသည်မှာ မဖြစ်နိုင်ပေ။

သို့သော် တစ်ဖက်တွင် သူသည်က အမှန်လည်း မစ်စ်ရန်အား အကြိမ်များစွာ ကူညီခဲ့သည်။

မစ်စ်ရန်၏ ကိုယ်ပေါ်တွင် သူ၏ လွှမ်းမိုးနေမှုကြောင့်သာလျှင် သူမ၏ သတ်သေမည့် အစီအစဉ်များ အထမမြောက်နေခြင်းပင်။

အစီအစဉ်မှ ပြိုင်ပွဲဝင်များ ထိုနှာပူးအား နှင်လိုက်ပြီးနောက် မစ်စ်ရန် သူမကိုယ်သူမ အဆုံးစီရင်ခဲ့သည်ဆိုပါက… ထိုအရာသည် သူမ၏ ရွေးချယ်မှုဖြစ်ကြောင်း မည်သို့ပင်ပြောစေကာမူ အစီအစဉ်အဖွဲ့နှင့် ပြိုင်ပွဲဝင်များသည် သီအိုရီများ၊ စွပ်စွဲချက်များနှင့် ယိုးစွပ်ခံရမည်မှာ အသေအချာပင်။

တစ်ချို့လူများသည် ပြိုင်ပွဲဝင်များမှ မစ်စ်ရန်အား ထိခိုက်စေခြင်းဟုသာ တွေးကြလိမ့်မည်။

ထို့ကြောင့် ဒေစီ ချက်ချင်း သဘောမတူခဲ့ပေ။ သူမကတော့ အခြားပြိုင်ပွဲဝင်များ စစ်ဆေးကြည့်ရှုပြီးချိန်မှသာလျှင် ဆုံးဖြတ်ချက်ချသင့်ကြောင်း ပြောခဲ့သည်။

သူမ ထွက်သွားပြီးနောက် ဟဲမီတူနှင့် ရှင်းယိချင်းတို့လည်း တစ်ယောက်ပြီးတစ်ယောက် စင်ပေါ်သို့ တက်လာခဲ့ကြသည်။

နှစ်ဦးလုံးကလည်း မစ်စ်ရန်၏ ခန္ဓာကိုယ်သည် ယင်စွမ်းအင်များ ပြည့်နှက်နေကြောင်း၊ သရဲတစ္ဆေများ မှီခိုနေကြောင်း ပြောခဲ့ကြသည်။

နောက်ဆုံးပြိုင်ပွဲဝင် ကုကျစ်စုန့်ပေါ်လာခဲ့သည်။

သူမ ခန်းမ၏ အလယ်တွင် ရပ်ကာ ဝန်ထမ်းများနှင့် အဖွဲ့သားများကို အရင်နှုတ်ဆက်လိုက်သည်။ ထို့နောက် မစ်စ်ရန်အား စူးစမ်းကြည့်လိုက်သည်။

တစ်ချက်ကြည့်လိုက်ရုံဖြင့် သူမသည် မစ်စ်ရန်၏ ကိုယ်ထဲတွင် ပုန်းနေသော သရဲများအား အတိအကျ ပြောပြနိုင်ခဲ့သည်။

အခြားပြိုင်ပွဲဝင်များနှင့် တွေ့ဆုံပြီးချိန်တွင် မစ်စ်ရန်သိလိုက်ရသည်မှာ ထိုပညာရှင်များသည်က လုပ်နိုင်စွမ်းရှိသော်ငြား သူမကိုယ်ထဲမှ သရဲများကို နှင်ရန် ကူညီပေးမည့်အစီအစဉ်မရှိကြပေ။

ထို့ကြောင့် ကုကျစ်စုန့်အလှည့်ကျချိန်တွင်လည်း သူမ စိတ်မဝင်စားတော့။

“တောက်ကျန့်.. ကျွန်မကိုယ်ထဲက  သရဲတွေကို နှင်ပေးလို့ရမလား?”

“ရတယ်လေ”

*

All Chapters