← Chapters

အခန်း (၁၀၁)

Vol. 11 Ch. 101

အခန်း (၁၀၁)

Vol. 11 Ch. 101

နေ့လယ်စာစားပြီးနောက် ကျန်းကျန်း ခန်ပေါ်မှာ ပျင်းရိစွာ လှဲနေစဥ်မှာ လီမူဝူက မနက်ဖြန် သူ့တို့မိသားစုအတွင်း ဝက်သတ်ရန်အတွက် သားသတ်သမားကို ချိန်းဆိုဖို့ ထွက်သွားခဲ့တယ်။

လွန်ခဲ့တဲ့နှစ်အနည်းငယ်အတွင်း မဒမ်လီက ဝက်သတ်ဖို့အတွက် နှစ်သစ်ကူးတဲ့အချိန်ထိ မစောင့်ဆိုင်းတတ်ခဲ့ဘူး။ အများအားဖြင့် လူနာပြက္ကဒိန်ရဲ့ ဆယ်နှစ်လမြောက် ဆယ့်နှစ်ရက်ထဲကိုဝင်တာနဲ့ ဝက်ကို အရင်သတ်လိမ့်မယ်။ ဝက်ကို စောစောသတ်လိုက်ရင် ကလေးတွေကလည်း အသားကို စောစောစားနိုင်တယ်။ တစ်နှစ်ပတ်လုံးမှာ အားရပါးရစားရတဲ့အချိန်တွေက မလွယ်ဘူး။ ဒါကြောင့် သူတို့ကို ဒီအချိန်မှာတော့ ကောင်းမွန်စွာ ကျွေးသင့်တယ်။

အနောက်ဘက်အိမ်မှ ပျော်ရွှင်စွာ ရယ်မောနေကြတဲ့အသံကိုကြားတော့ ကျန်းကျန်း အနည်းငယ်လောက် ဝမ်းနည်းသွားသလို ခံစားရတယ်။ မကြာခင်အချိန်မှာ အထူးအချိန်ကာလတစ်ခု ဖြစ်လာတော့မှာဖြစ်ပြီး နောက်နှစ် တရုတ်နှစ်သစ်ကူးမှာ သူတို့မိသားစုဝင်တွေ အားလုံး ပြန်လည်ဆုံတွေ့နိုင်ပါ့မလားဆိုတာ မသိနိုင်ဘူး။

ဒါကြောင့် ဒီနှစ် အတူတူရှိနေတဲ့အချိန်မှာ စားစရာတွေ ပိုပြီး ပေါကြွယ်ဝသင့်သလို ပိုပြီးလည်း ပျော်ရွှင်နေရသင့်တယ်။

ကျန်းကျန်း သူမရဲ့ အသိစိတ်နှင့် သစ်တောတစ်လျှောက် ဖုံးလွှမ်းကြည့်ရှုခဲ့ပြီး မကြာမီမှာပဲ တောရိုင်းတိရစ္ဆာန်အချို့ရဲ့ တိုက်ခိုက်ခြင်းကို ခံလိုက်ရပုံရတဲ့ ဒဏ်ရာတွေ ဖုံးလွှမ်းနေတဲ့ သမင်နီတစ်ကောင်ကို တွေ့လိုက်ရလေတယ်။ သမင်နီက မကြာခင်သေဆုံးသွားတော့မှာကိုမြင်တော့ ကျန်းကျန်း လီမင်ကျုံးရဲ့ ခေါင်းကို ပုတ်ပေးလိုက်တယ်။

“ငါတို့ရဲ့ လယ်ယာမြေနားမှာ သမင်နီတစ်ကောင်ရှိတယ်.. အဲဒါကို သွားဆွဲလာခဲ့”

လီမင်ကျုံးက ထိုစကားကိုကြားတော့ စိတ်လှုပ်ရှားသွားခဲ့ပြီး နှစ်ကြိမ်လောက် လှည့်ပတ်လိုက်ကာ ခြေထောက်ကို မြှောက်ပြီး တံခါးကို တွန်းဖွင့်ကာ ပြေးထွက်သွားခဲ့တယ်။

မဒမ်လီက မီးဖိုချောင်မှာထိုင်ပြီး ဆေးလိပ်သောက်နေခဲ့တယ်။ လီမင်ကျုံးက တံခါးမပိတ်ဘဲ ပြေးထွက်သွားတာကို မြင်လိုက်ရတော့ သူမ အမြန်ထွက်လာပြီး တံခါးကိုပိတ်ပေးလိုက်တယ်။

“နှင်းတွေ ဒီလောက်သည်းသည်းမဲမဲကျနေတာကို သူက ဘာလို့ ထွက်သွားရတာလဲ.. တစ်ယောက်ယောက်ကို ပြန်ခေါ်ခိုင်းလိုက်ရမလား”

“လီမင်ကျုံးက လက်မောင်းလောက်ထူတဲ့သစ်သားကို ကိုက်နိုင်လောက်အောင် အားကြီးတာ.. ဘယ်သူက သူ့ကိုဆွဲချင်မှာလဲ”

ကျန်းကျန်း ခန်ပေါ်မှာ ပြန်လှဲကာ ခစောင်ခြုံလိုက်တယ်။

“သူ အိမ်ထဲမှာနေတာကြာပြီဆိုတော့ ခဏလောက်ထွက်သွားတာနေမှာ.. မကြာလောက်ဘူး.. စိတ်မပူပါနဲ့ ခဏလောက်ကစားပြီးရင် ပြန်လာလိမ့်မယ်”

တစ်ယက်မှာတော့ လီမင်ကျုံးက နှင်းတွေထဲမှာပြေးလွှားရင်းနဲ့ အိမ်ကနေ တောင်ခြေနားအထိရောက်သွားပြီဖြစ်ကာ သူ့ရဲ့တစ်ကိုယ်လုံးက နှင်းတွေနဲ့ ဆော့ကစားနေခဲ့တယ်။

သူက တောင်ပေါ်ကို ပြေးတက်သွားခဲ့ပြီး သူတို့မိသားစုရဲ့လယ်မြေအနားကို ပြေးသွားခဲ့ကာ မကြာခင်မှာပဲ ဆူဖြိုးတဲ့ သမင်နီတစ်ကောင် သေဆုံးနေတာကို တွေ့လိုက်ရတယ်။ လီမင်ကျုံးက စိုက်ပျိုးမြေဘက်ကိုသွားပြီး သစ်သားပြားတစ်ခုကို ဆွဲထုတ်လိုက်တယ်။

ဒါက လီမူဝူ ဆောင်ထားဖူးတဲ့ တံခါးဘောင်တစ်ခုပဲ။ ဆောင်းဦးရာသီအတွင်း ရိတ်သိမ်းချိန်တွေမှာ ထမင်းထုပ်တွေကို မြေကြီးမှာ ချထားရင် ပုရွက်ဆိတ်တွေကို ဆွဲဆောင်မိတာကြောင့် ဒီအပေါ်မှာ တင်ထားတတ်တယ်။

လီမင်ကျုံးက သမင်နီကို သစ်သားပြားပေါ်မှာ တင်လိုက်ပြီး တောင်ဆင်းလမ်းတစ်လျှောက်ကို တွန်းချလိုက်တယ်။ သစ်သားပျဉ်ပြားက ပျံထွက်သွားသလိုမျိုး ဆင်းသွားပြီး သမင်နီကလည်း ပါသွားခဲ့တယ်။ လီမင်ကျုံးက ခေါင်းကိုခါရမ်းရင်း အမြီးကိုလှုပ်ကာ နောက်ကနေ လိုက်သွားခဲ့တယ်။ သမင်နီသာ ပြုတ်ကျရင် ပြန်ဆွဲတင်နေရလိမ့်မယ်။

လီမူဝူက သားသတ်သမားနှင့် ချိန်းဆိုခဲ့ပြီးနောက် လီမူစန်းရဲ့အိမ်သို့ ထပ်သွားခဲ့ကာ မနက်ဖြန်မှာ ဝက်သတ်မဲ့အကြောင်းကို ပြောပြခဲ့ကာ လီမူစန်းကို ဇနီးနှင့် သားသမီးတွေကို အိမ်သို့ ညစာလာစားဖို့ပြောခဲ့တယ်။

လီမူဝူ လီမူစန်းရဲ့အိမ်မှာ စကားခဏလောက် ပြောခဲ့ပြီး အိမ်ကိုပြန်လာတဲ့လမ်းမှာ သွေးတွေစွန်းထင်းနေတာကို သတိပြုမိသွားခဲ့တယ်။ သူ ထိုလမ်းအတိုင်းနောက်က လိုက်လာခဲ့ပြီး နောက်ဆုံး အိမ်နားသို့ ရောက်ခါနီးမှာပဲ သူတို့မိသားစုမှ ခွေးငတုံးလေး လီမင်ကျုံးက ဂျင်(၂၀၀) လောက်ရှိတဲ့ သမင်နီတစ်ကောင်ကို အိမ်သို့ ဆွဲနေတာကို တွေ့လိုက်ရလေတယ်။

“ဟုန်ကျုံး!”

လီမူဝူရဲ့ အော်သံကို ကြားတော့ လီမင်ကျုံးက ချက်ချင်း ပြန်ပြေးလာခဲ့ကာ ပျော်ရွှင်စွာနဲ့ လီမူဝူကို လှည့်ပတ်လိုတယ်။ ထို့နောက် လီမူဝူရဲ့အဝတ်ကိုကိုက်ဆွဲပြီး သမင်နီဘက်သို့ ဆွဲခေါ်လာပြီး သမင်နီကို ကူဆွဲဖို့ အမူအရာပြလာခဲ့တယ်။

“လိမ္မာလိုက်တဲ့ကောင်လေး.. မင်းက ဒီလောက်ကြီးတဲ့သမင်နီကြီးကို ရလာခဲ့တာလား”

လီမူဝူက လီမင်ကျုံးရဲ့ခေါင်းကို အားပေးအားမြှောက်သဘောနဲ့ ပွတ်သပ်ပေးလိုက်တယ်။ ထို့နောက် သမင်ရဲ့ ခန္ဓာကိုယ်ပေါ်ရှိ ဒဏ်ရာတွေကို လှမ်းကြည့်ကာ အရေပြားတွေက စုတ်ပြဲနေပြီဖြစ်ကြောင်း တွေ့တော့ စိတ်ဆင်းရဲသွားခဲ့ကာ သက်ပြင်းချလိုက်တယ်။

“ဒီကောင်ဆိုရင် အရေခွံက အကြီးရလောက်မှာကို ပြဲနေပြီဆိုတော့ အဝတ်အစားချုပ်လို့မရတော့ဘူး.. ဖိနပ်အဖြစ်ချုပ်ဖို့ပဲ သိမ်းထားရတော့မယ်”

သူက သမင်နီကိုလှည့်ပတ်ကြည့်ကာ ညစ်ပတ်နေတယ်လို့ မထင်တာကြောင့် ကောက်ယူပြီး ပခုံးပေါ်မှာတင်လိုက်တယ်။

“ဟုန်ကျုံး.. သွားမယ် အိမ်ပြန်ကြစို့!”

လီမူဝူက သမင်တစ်ကောင်ကိုသယ်ပြီး ပြန်လာခဲ့တာကြောင့် မိသားစုတစ်ခုလုံးရဲ့အသံတွေက ပျော်ရွှင်စွာ ထွက်ပေါ်လာခဲ့တယ်။ လူတိုင်းက အအေးဒဏ်ကို မကြောက်ကြတော့ဘဲ လတ်ဆတ်တဲ့အသားကို ကြည့်ရှုရန်အတွက် ခြံထဲသို့ ဆင်းလာခဲ့ကြတယ်။

လီမူဝူက လီမင်ကျုံးကို အထပ်ထပ်အခါခါ ချီးကျူးခဲ့ပြီး ဒီသမင်ကိုချက်ပြုတ်ပြီးပါက သမင်သားရဲ့အကြီးဆုံးအပိုင်းကို ရွေးချယ်ပြီးပေးမဲ့အကြောင်း ကတိပေးခဲ့တယ်။

လီမင်ကျုံးက ဂုဏ်ယူဝံ့ကြွားစွာ အော်ဟစ်ပြလိုက်ပြီး ကျန်းကျန်းဆီမှ ချီးကျူးမှုကိုလည်း လက်ခံဖို့အတွက် အိမ်ထဲကို အလျင်အမြန် ပြေးသွားခဲ့တယ်။

ပေရှားဒေသမှာ အသားတစ်မျိုးမျိုးကို စားဖို့အတွက် လူကြိုက်အများဆုံးသော ဟင်းချက်နည်းလမ်းတစ်မျိုးက: စတူးဟင်းပဲ။

ကံကောင်းစွာနှင့် သူတို့ရဲ့အိမ်မှာစားလေ့ရှိတဲ့အသားတွေက တောရိုင်းတရိစ္ဆာန်တွေဖြစ်နေခဲ့တယ်။ ဒီလိုမဟုတ်ဘဲ အသားအရည်အသွေးက နောက်ပိုင်းမျိုးဆက်တွေလိုမျိုး ကိုယ်တိုင်မွေးမြူထားပြီး အစာအစာကလည်း ကြွက်သားဆေးတွေထည့်ထားတဲ့ အစားအစာတွေကို ကျွေးကာ မွေးထားတဲ့ အသားမျိုးဖြစ်နေခဲ့ရင် စားနိုင်မှာတောင် မဟုတ်လောက်ဘူး။

ဒါပေမယ့် ဒီလိုမျိုးအသားစတူးချက်တာကလွဲရင် ကျန်းကျန်းက အသားကင်ကို စားကြည့်ချင်နေခဲ့တယ်။

သူမက အနောက်ဘက်အိမ်ထဲမှ စာအုပ်စင်ငယ်လေးဆီကို ပြေးသွားလိုက်ပြီး လီမင်တုန်ရဲ့ “ အနီရောင်အိမ်ကြီးရဲ့ အိပ်မက်” စာအုပ်ကို ဆွဲယူကာ သားရေဂျာကင်ကို ဝတ်ဆင်လိုက်ပြီး လီမင်တုန်ဆီကို ထွက်လာခဲ့တယ်။

“အစ်ကိုကြီး နောက်ဆုံးအကြိမ် ရေဒီယိုမှာ သတင်းလွှင့်တုန်းက ကြားလိုက်တယ်.. နောက်ထပ် အသားစားနည်းတွေရှိသေးတယ်လေ.. အဲလိုမျိုး လုပ်စားရအောင်”

လီမင်တုန်က စာအုပ်ကို လှမ်းယူပြီး ပြန်ပြောလာခဲ့တယ်။

“ဒီမိန်းကလေးကတော့ ဘာလို့ ဒီလောက်တောင် အစားမက်နေတာလဲ.. မင်းက သမင်ကို မရှင်းလင်းရသေးခင်ကတည်းက အသားကို ဘယ်လိုစားရမလဲဆိုတာ အရင်စဉ်းစားနေပြီ”

ကျန်းကျန်းက အရှေ့ကို တိုးလာခဲ့ပြီး လီမင်တုန်ရဲ့ လက်မောင်းကို ပွေ့ဖက်ကာ ခေါင်းမော့ပြီး ချစ်စရာကောင်းတဲ့အမူအရာလေးနဲ့ ပြောလိုက်တယ်။

“ညီမလေးတို့ မိသားစုထဲမှာ ဒီလိုမျိုး အစုံအလင်ရှိလို့ ပြတ်လတ်သွားမှာကို မကြောက်ရဘူးလေ.. အစ်ကိုကြီး..ညီမလေးကို အသားကင်နည်း သိအောင် ကူညီပေးပါလား.. အဲဒါစားချင်တယ်”

“အသားကင်ဖို့က လွယ်ပါတယ်.. ငါတို့ မိသားစုထဲမှာ ထင်းရှူးနီအပိုင်းအစတွေလည်း အများကြီးရှိနေတာပဲ.. အသားကင်ဖို့မီးဖိုလည်းရှိတယ်.. အဖေကို သမင်ခြေထောက်က အသားတွေ လှီးဖြတ်ပြီး ကင်ခိုင်းလိုက်လို့ရတယ်”

လီမင်ရှီက လွန်ခဲ့တဲ့ နှစ်နှစ်ခန့်ကတည်းက လေ့ကျင့်ရေးဆင်းခဲ့တာကြောင့် သူက အသားကင်တာနဲ့ပတ်သက်ပြီး အလွန်ရင်းနီးနေပြီ။

လီမင်ပေက ဒါကိုကြားတော့ စိတ်လှုပ်ရှားစွာနဲ့ပြောလာတယ်။

“အဖွားဆီက ပျားရည်တောင်းလိုက်မယ်.. အသားကင်တဲ့အချိန် ပျားရည်သုတ်လိုက်ရင် စားရတာ ပိုပြီးအရသာရှိတယ်”

ကျန်းကျန်းက အနည်းငယ် စိတ်ရှုပ်ထွေးစွာနဲ့ အမူအရာပြရင်း ပြောလာတယ်။

“သမင်ရဲ့ခြေထောက်ကို တစ်ခုလုံးကြီး ကင်လိုက်ရင် ကျက်ဖို့ နှေးလွန်းတယ်.. အသားကို ပါးပါးလှီးပြီးသံပြားပေါ်မှာ ကင်ချင်တယ် ဒါမှမဟုတ် သီတံနဲ့ ထိုးသီပြီး ကြိုက်သလိုလှန်ပြီး ကင်တာမျိုး စားချင်တယ်”

ညီအစ်ကိုတွေက တစ်ယောက်ကိုတစ်ယောက် ကြည့်လာကြပြီး ရှုပ်ထွေးနေပုံရတယ်။ သို့ပေမယ့် ခဏအကြာမှာပဲ လီမင်နန်က တုံ့ပြန်လာခဲ့တယ်။

“ငါတို့အိမ်မှာ သံပြားတစ်ခုရှိတယ်မလား.. ဟိုတလောက ပူလွန်းလို့ဆိုပြီး အဖွားဖယ်ပစ်လိုက်တယ်လေ.. အဲဒါကို သုံးလို့ရလား”

“ရတယ် ရတယ်!”

ကျန်းကျန်းက ကမန်းကတန်း ခေါင်းညိတ်လိုက်ပြီး သူ့အစ်ကိုတွေနဲ့ ညှိနှိုင်းဖို့ကိုလည်း မမေ့ခဲ့ဘူး။

“မြန်မြန် ပြင်ထားပေးနော်.. အရသာရှိအောင် လုပ်ပေးဦး”

အစားအသောက်သရဲ ကလေးတစ်စုက အလွန်အမင်းစိတ်အားထက်သန်လာကြတယ်။ လီမူဝူက သမင်ချိုတွေကို ဖြတ်တောက်နေချိန်မှာ လီမင်ပေက သံပြားတင်ရန်အတွက် လုံလောက်အောင် အောက်ခြေနက်နက်တဲ့ မီးလင်းဖိုတစ်ခုကို ရှာဖွေထုတ်လာခဲ့တယ်။

ကျန်းကျန်းက ရုတ်တရက် ပိုမို စိတ်ဝင်စားလာကာ လီမင်ပေကိုထင်းတွေပိုင်းဖြတ်ဖို့ ပြောခဲ့ပြီး လီမင်နန်ကိုတော့ ခြံထဲမှာ ထင်းစင်အသေးလေးတစ်ခု လုပ်ခိုင်းကာ သစ်သားချောင်းလေးတွေ ဒါဇင်နဲ့ချီပြီး လုပ်ခိုင်းလိုက်တယ်။

တစ်ဖက်မှာတော့ လီမူဝူက သမင်ကိုသွေးထုတ်ပြီး အရေပြားကို ခွာနေခဲ့တယ်။ ကလေးတွေက ဘယ်လောက်တောင် စိတ်မရှည်ဖြစ်နေတာလဲဆိုတာကို မြင်တော့ သူက နူးညံ့တဲ့အသားတစ်ပိုင်းကို လှီးဖြတ်ပေးလိုက်ပြီး သူတို့ဘက်ကို ပစ်ပေးလိုက်တယ်။

ကျန်းကျန်းက အသားကို သွေးတွေနဲ့ပေးနေတာကိုမကြိုက်တာကြောင့် ယူသွားကာဆေးကြောလိုက်ပြီးနောက်အသားကိုလှီးဖြတ်ရန်အတွက် မီးဖိုချောင်ထဲမှ မီးဖိုချောင်သုံးဓားကို ကောက်ယူခဲ့တယ်။

ဝမ်စုဖန်းက ရေသောက်ဖို့အတွက် အိမ်ထဲသို့ ပြန်ဝင်လာခဲ့ချိန်မှာ သူမ ရဲ့သားတွေက သူတို့ဘာသာသူတို့အလုပ်ရှုပ်နေခဲ့ပြီး ဘိုးဘေးငယ်လေးကတော့ မီးဖိုချောင်သုံးဓားကို ကောက်ကိုင်နေတာကို တွေ့လိုက်ရတာကြောင့် ကြောက်လန့်တကြား နဲ့ အမြန်ပြေးသွားခဲ့ရတယ်။

သူမက မီးဖိုချောင်သုံးဓားကို အမြန်ဆွဲယူပြီး သမီးဖြစ်သူကို ညင်သာစွာ ချော့မြူလိုက်တယ်။

“ ပေါင်ပေ့.. ဒါက ကစားလို့ မရဘူးနော်.. ဒီဓားက အရမ်းကြီးတာ.. မတော်လို့ မြေပြင်ပေါ်ကို ပြုတ်ကျပြီး မင်းရဲ့ခြေထောက်ကို ခုတ်ဖြတ်မိသွားရင် ဘာလုပ်နိုင်မလဲ.. မင်းဖြတ်ချင်တယ်ဆိုရင် အမေကိုပြောရမယ်လေ.. အမေက မင်းအတွက် ဖြတ်ပေးမှာပေါ့”

မဒမ်လီလည်း ထိုအသံတွေကိုကြားတော့ အလျှင်အမြန် အပြင်သို့ထွက်လာခဲ့ပြီး အနားမှာရှိနေတဲ့ လီမင်ပေနှင့် လီမင်နမ်ကို သူမရဲ့ ဆေးတံနဲ့ ခေါက်တော့တယ်။

“မင်းတို့ရဲ့ညီမလေးက အန္တရာယ်ရှိမရှိကို သိသေးတာမဟုတ်ဘူး.. ဒါပေမယ့် မင်းတို့က ဒါတွေကိုမသိဘူးလား.. သူမရဲ့ အသက်က ဘယ်လောက်ရှိနေလို့လဲ.. သူမက မင်းတို့စားဖို့အတွက် ဓားကိုသုံးနေရတယ်.. မင်းတို့တွေက အရိုက်ခံရဖို့ ထိုက်တန်တယ်!”

လီမင်ပေနဲ့ လီမင်နန်လို အရပ်ရှည်ရှည်ကောင်လေးတွေက ပိန်ပါးပြီး သေးကွေးတဲ့ မဒမ်လီဆီမှာအရိုက်ခံနေရတယ်။

မဒမ်လီကတော့ မီးဖိုတံခါးဝနားမှာ ခါးထောက်ကာရပ်ရင်းနဲ့ အော်ဟစ်နေတုန်းပဲ။

“မင်းတို့ရဲ့အမေ စောစောမြင်လို့ တော်သေးတာပေါ့..တကယ်လို့ နောက်ကျသွားလို့ ကျန်းကျန်းရဲ့လက်သာ ထိခိုက်သွားရင် ငါမင်းတို့ကို သေအောင် ရိုက်ပစ်မယ်!”

All Chapters