← Chapters

အခန်း (၁၀၂)

Vol. 11 Ch. 102

အခန်း (၁၀၂)

Vol. 11 Ch. 102

လီမင်နန်က အနောက်ဘက်အိမ်ထဲမှာ ပုန်းနေရင်းနဲ့ ခေါင်းကို ပြူထွက်လာကာ စိတ်ပျက်လက်ပျက်အပြုံးနဲ့ပြောလာတယ်။

“အဖွား.. ကျွန်တော်တို့ မှားသွားပါတယ်.. ကျွန်တော်တို့ တကယ် ထည့်မတွက်လိုက်မိဘူး.. ကျန်းကျန်းက အသားကို သွားဆေးရင်းနဲ့ တစ်ခါတည်း ဖြတ်တောက်နေတာဆိုတော့ ကျွန်တော်တို့က အာရုံမစိုက်လိုက်မိဘူး.. နောက်ပြီး သူမက ငယ်လွန်းသေးတယ်ဆိုတာကိုလည်း မေ့နေခဲ့တယ်”

“ဘာလဲ.. မင်းက အသားတွေကိုပါ ရေနဲ့ သွားဆေးနေခဲ့တာလား”

မဒမ်လီက ထိတ်လန့်တုန်လှုပ်စွာနဲ့ ကျန်းကျန်းရဲ့ လက်ကို ဆွဲယူကာ သူမရဲ့ လက်ဖဝါးပေါ်မှာ တင်ရင်း ဆုတ်နယ်ကြည့်လိုက်တယ်။ လက်ဖဝါးတွေက အလွန်အမင်း အေးစက်နေခဲ့တာကိုတွေ့တော့ ဆူပူလာတော့တယ်။

“မင်းတို့တွေ သစ်သားတုံးလိုမျိုး အဲဒီမှာ ရပ်ပြီး လမ်းပိတ်မနေကြနဲ့”

မဒမ်လီက သူမရဲ့မြေးတွေကို ဂရုမစိုက်ခဲ့ဘဲ ခိုင်းစေလိုက်တယ်။

“မင်နန် မင်းညီမအတွက် ရေနွေးဇလုံကို လောင်းယူလာခဲ့..မင်ပေက မင်းညီမအတွက် ပျားရည်တစ်ခွက်လောက်ဖျော်လာခဲ့.. သွေးနွေးသွားအောင် သောက်ရမယ်”

ကျန်းကျန်းတစ်ယောက် မဒမ်လီရဲ့လက်မောင်းကို ပွေ့ဖက်ရင်း ငိုရမလိုရယ်ရမလိုနဲ့ ပြောလိုက်ရတယ်။

“အဖွား..သမီး အဆင်ပြေပါတယ်.. ခဏနေ နွေးလာလိမ့်မယ်.. သမီးက အသားတွေဖြတ်ပြီးရင် အပြင်ကိုထွက်ပြီး စားတော့မလို့”

“တကယ် အဆင်ပြေလို့လား”

မဒမ်လီက သိပ်ပြီးမကျေနပ်ချင်ဘူး။

“မင်းအစ်ကိုတွကိုပဲ ကင်ခိုင်းလိုက်ပြီး အခန်းထဲမှာစောင့်နေလိုက်လေ”

“သူတို့ ကင်ပေးတာကို သမီး မစားချင်ဘူး”

ကျန်းကျန်းက ရေနွေးဇလုံနဲ့ရောက်လာတဲ့ လီမင်နန်ကို မျက်လုံးမှိတ်ပြရင်း ဆက်ပြေလိုက်တယ်။

“ကိုယ့်ဘာသာကိုယ် ကင်ရတာက ပျော်စရာကောင်းတယ်..အရင်တတစ်ခေါက်တုန်းက သမီးအစ်ကိုတွေနဲ့ တောင်ပေါ်မှာ ယုန်တွေ ကင်စားတုန်းက အရမ်းစိတ်ဝင်စားဖို့ကောင်းတယ်”

“မင်းက စားသောက်နေရင်းနှင့် ကစားချင်နေတာပဲ”

မဒမ်လီက ကျန်းကျန်းကို အလိုလိုက်လွန်းတဲ့မျက်နှာနဲ့ကြည့်ကာ ရေအပူချိန်ကို စမ်းသပ်ပြီးနောက် ရေနွေးဇလုံထဲသို့ ကျန်းကျန်းရဲ့ လက်တွေကိုနှစ်ပေးလိုက်တယ်။

ကျန်းကျန်းက သူမရဲ့လက်ကို ရေနွေးထဲမှာစိမ်ရင်းနဲ့ မဒမ်လီကို စိတ်ဝင်တစားပြောလာပြန်တယ်။

“အသားကင်တာကို အခုလိုမျိုး အလွှာပါးလေးနဲ့ မစားဖူးဘူး.. စာအုပ်ကးထဲမှာ အရမ်းအရသာရှိတယ်လို့ ရေးထားတယ်”

လီမိသားစုက သမင်သားကို သိပ်မစားဖူးကြဘူး။ သူတို့တွေ နောက်ဆုံးအကြိမ် သမင်သားစားခဲ့ရတာက လွန်ခဲ့တဲ့ ခုနစ်နှစ် ၊ ရှစ်နှစ်လောက်ကပဲ။ ထိုအချိန်တုန်းက လီမူဝူ အမဲလိုက်ဖို့သွားချိန်မှာ သမင်တစ်ကောင်ကို ဖမ်းမိပြီး ပြန်လာခဲ့တယ်။

မိသားစုက ထိုသမင်သားကို တစ်လခွဲကျော်လောက် စားခဲ့ရတယ်။ ထိုဆောင်းရာသီမှာတုန်းက မဒမ်လီတစ်ယောက် အအေးမိခြင်းမရှိခဲ့ဘဲ လက်နှင့်ခြေတွေကလည်း အမြဲနွေးထွေးနေခဲ့တယ်။

“သမင်သားက တကယ်ကိုကောင်းမွန်တဲ့အရာပဲ.. မင်းအမေကို ညဘက်မှာ တစ်အိုးလောက် ချက်ခိုင်းလိုက်မယ်.. မင်း နောက်ထပ် နှစ်တုံးလောက် ထပ်စားလိုက်.. မင်းရဲ့ယောက်မလည်း များများစားသင့်တယ်.. အမေတစ်ယောက်ရဲ့ အစားအစာက အာဟာရများများရှိသင့်တယ်.. ဒါမှ နို့လည်း များများထွက်နိုင်မှာ”

မဒမ်လီက သူမရဲ့ဘေးမှာ သွားရည်မြိုချနေကြတဲ့ လီမင်နန်နှင့် လီမင်ပေကို ကြည့်ပြီး လှောင်ရယ်လိုက်တယ်။

“မင်းတို့ကောင်လေးတွေက အပူဓာတ်များလွန်းတယ်.. မင်းတို့ နှစ်ယောက် အရမ်းမစားသင့်ဘူး.. အပူဓာတ်တွေများလွန်းအားကြီးရင် မင်းတို့တွေ ညဘက်မှာ အိပ်ရေးပျက်နေလိမ့်မယ်”

လီမင်နန်က အသက်ဆယ့်ခုနစ်နှစ်၊ ဆယ့်ရှစ်နှစ်ရောက်နေပြီဖြစ်တဲ့ လူငယ်တစ်ဦးဖြစ်တာကြောင့် အကြောင်းပြချက်ကို ချက်ချင်းနားလည်သွာစခဲ့တယ်။ သူ့ရဲ့ မျက်နှာက နီရဲသွားခဲ့ပြီး ဦးထုပ်ကို အောက်ဘက်သို့ ငိုက်ချလိုက်တယ်။

လီမင်ရှီက ခြံထဲမှာ မီးဖိုနေခဲ့တယ်။ သူက လီမင်နန်တစ်ယောက် သူ့ရဲ့ဖင်ကို မီးစွဲနေသလိုမျိုး အလျှင်အမြန်ပြေးထွက်လာတာကိုမြင်တော့ စိတ်ရှုပ်ထွေးစွာ မေးလိုက်တယ်။

“မင်း နွေးသွားအောင်လို့ အထဲကိုဝင်လိုက်ဦးမယ်လို့ပြောခဲ့တာမဟုတ်ဘူးလား.. အခု လာလို့ ပြေးလွှားနေရပြန်တာလဲ.. ငါ မီးသေချာမဖိုရသေးလို့ မီးမစွဲသေးဘူး”

လီမင်နန်က ရှက်ရွံ့စွာဖြင့် မြေပြင်ပေါ်မှာ ထိုင်ချလိုက်ပြီး လီမင်ရှီရဲ့လက်ထဲမှ မီးတုတ် နှင့်ဆီသုတ်ထားတဲ့မီးစာကို ဆွဲယူလိုက်တယ်။

“ဘာမှမဖြစ်ပါဘူး.. ဒုတိယအစ်ကို.. အစ်ကို အိမ်ထဲကိုဝင်ပြီး မီးသွားလှုံလိုက်ဦးလေ.. ကျွန်တော် မီးဖိုလိုက်မယ်”

လီမင်တုန်က ညီငယ်နှစ်ယောက်ရဲ့ စကားတွေကိုကြားတော့ လီမင်နန်ရဲ့နောက်ကျောကို ကြည့်ကာ အပြုံးတစ်ခုနဲ့ ပြောလာတယ်။

“ပြောစရာလိုလို့လား.. အဖွားဆီက အရိုက်ခံလာရတာနေမှာပေါ့”

မီးဖိုချောင်ထဲမှာတော့ ဝမ်စုဖန်းက ကျန်းကျန်းရဲ တောင်းဆိုချက်အရ အသားတစ်ပန်းကန်ကို အလျှင်အမြန်လှီးဖြတ်လိုက်တယ်။

ကျန်းကျန်းက နေဝင်ခဲ့မယ်ဆိုရင် အပြင်မှာ ပိုပြီးအေးလာမှာကို စိုးရိမ်နေခဲ့တယ်။ အသားတွေကို ရေစိမ်ဖို့ အချိန်မရှိတော့တဲ့အတွက် အသားတွေကို ဇလုံကြီးထဲသို့ တိုက်ရိုက်ထည့်လိုက်တယ်။ ထို့နောက် ဆားအနည်းငယ်ထည့်ကာ ငရုတ်ကောင်းအနည်းငယ်ဖြူးလိုက်ပြီး ဝိုင်အနည်းငယ်ကိုလည်းလောင်းထည့်လိုက်တယ်။ နောက်ဆုံးအနေနဲ့ ဆီအနည်းငယ်ထည့်ကာ နှံ့သွားအောင်မွှေလိုက်တယ်။

ပြီနောက်မှာတော့ သူမရဲ့မိသားစုကို လှမ်းခေါ်ခဲ့ပြီး အသားတွေကို တံစို့ထိုးဖို့ ပြောခဲ့ပြီး အသားကင်ချောင်း အခုတစ်ရာလောက်ရဖို့အတွက် ဆယ်မိနစ်လောက် အချိန်ယူခဲ့ရတယ်။

မိသားစုထဲက အမျိုးသားတွေက အသားကင်တဲ့နေရာမှာ ကျွမ်းကျင်တဲ့ သူတွေချည်းပဲဖြစ်တာကြောင့် ကျန်းကျန်း ထပ်ပြောနေစရာမလိုတော့ဘူး။

လီမင်ရှီက တံစို့ထိုးထားတဲ့အသားတွေကို မီးဖိုပေါ်မှာ နေရာချထားတဲ့အကင်နေရာဆီမှာ တင်လိုက်တယ်။

အပြင်မှာ ရာသီဥတုက အေးနေပေမယ့် လီမင်နန်က ဘေးနားမှမီးဖိုကို အတော်ကြီးအောင် ဖိုထားခဲ့တာကြောင့် မိသားစုဝင်တွေက မီးဖိုဘေးမှာ ထိုင်နေချိန်မှာ အအေးဒဏ်ကို မခံစားခဲ့ရဘူး။

ကျန်းကျန်းက အိမ်ထဲသို့ ပြေးဝင်သွားခဲ့ပြီး ကြွေပုလင်းငယ်တစ်ခုနှင့် အိတ်ထုတ်လေးတစ်ထုပ်ကို ယူကာ ပြန်လည် ပြေးထွက်လာပြီး လီမင်ရှီကိုပေးလိုက်တယ်။

“ဒါက ဆောင်းရာသီမှာတုန်းက ညီမလေးအတွက် အမေကို လုပ်ခိုင်းထားတဲ့ ဟင်းခတ်အမွှေးအကြိုင်တွေလေ.. ဒါက မှိုကို အခြောက်လှန်းပြီး ထောင်းထားတာ.. ဒါက ဇီယာမှုန့်တွေ.. အရသာရှိအောင်လို့ အပေါ်ကနေ ဖြူးပေးနော်”

အရင်တုန်းကတော့ ဟေးခရိုင်ကို ရောက်လာကြတဲ့ မောက်ဇီ (ရုရှားလူမျိုး)တွေ အများကြီးရှိခဲ့ပြီး ဇီယာကလည်း ဟေးခရိုင်မှာ နာမည်ကြီးခဲ့တယ်။ သို့သော်လည်း အခုခေတ်ကာလမှာတော့ မိသားစုတိုင်းက ဗိုက်ပြည့်စေရန်ကိုပဲ အဓိကထားနေကြရတယ်။

ဇီရာလိုဟင်းခတ်အမွှေးအကြိုင်တွေက နေ့စဉ်အသုံးပြုရန် လိုအပ်သော ဟင်းခတ်အမွှေးအကြိုင်ပစ္စည်းမျိုး မဟုတ်တာကြောင့် လူတွေအများကြီးက ဒါကိုဝယ်ယူလိုစိတ်မရှိကြဘူး။

အများအားဖြင့် အထောက်အပံ့နှင့် သမဝါယမအရောင်းဆိုင်တွေက ဒီပစ္စည်းတွေကို အပြင်သို့ ထုတ်ယူလာခြင်းမရှိတတ်ဘူး။

ကျန်းကျန်းအနေနဲ့ ရေအားလျှပ်စစ်စက်ရုံသို့ နောက်ဆုံးတစ်ကြိမ် သွားကစားတုန်းက ယွီဝမ်ရှို့က ဇီယာအကြောင်းကို ပြောလာတာကြောင့် အထောက်အပံ့နှင့် သမဝါယမအရောင်းဆိုင်သို့ အမြန်သွားပြီး ဝယ်ယူခဲ့တာဖြစ်လေတယ်။

လီမင်ရှီက အဖုံးကိုဖွင့်ပြီး အနံ့ခံကြည့်လိုက်ကာ အသားပေါ်မှာ မှိုမှုန့်နှင့် ဇီယာမှုန့်တွေကို အညီအမျှ ဖြန်းလိုက်တော့ အသားရဲ့ အနံ့တွေက ချက်ချင်းပဲ ပိုမိုမွှေးကြိုင်လာခဲ့တယ်။

ကင်ထားပြီးတဲ့ အသားကင်ချောင်းတွေကိုတော့ အိမ်ထဲသို့ ပြန်လည်ယူဆောင်လာခဲ့ကြတယ်။

လူတစ်ယောက်ကို အသားကင်ချောင်း ဆယ်ချောင်းကျော်အဖြစ် ခွဲဝေလိုက်ကြပြီး လူတိုင်းက ဒီအသားကင်တွေကို အရင်စားခဲ့ကြတယ်။

ကျန်းကျန်းက လီမင်ကျုံးအတွက် အသားကင်ချောင်းသုံးချောင်းကို တံစို့မှဖြုတ်ပေးလိုက်ပြီး သူ့ရဲ့ ပန်းကန်လုံးငယ်လေးထဲမှာ ထည့်ပေးလိုက်တယ်။ ပြီးမှ အသားကင်တစ်ချောင်းကို ကောက်ယူပြီး အသားပိုင်းကို ကိုက်ကြည့်လိုက်တယ်။

အငွေ့အနည်းငယ်ထွက်နေသေးတဲ့ သမင်သားက သူမရဲ့လျှာနဲ့ထိတွေ့သွားချိန်မှာ နူးညံ့ပူနွေးပြီး မွှေးပျံ့ကာ အရသာတွေက စိမ့်ထွက်လာခဲ့တယ်။ ကျန်းကျန်း ဒုတိယအကိုက်ကို ထပ်ကိုက်ဖို့အတွက် မစောင့်နိုင်တော့ဘူး။

မိသားစုဝင်တွေက တချို့က မတ်တပ်ရပ်လျက် ရှိနေပြီး၊ တချို့ကတော့ ထိုင်နေရင်းနဲ့ သူတို့ရဲ့လက်ထဲမှ ဘာဘီကျူးအသားကင်ကို အလျှင်အမြန် စားနေခဲ့ကြတယ်။ အသားမုန့်လုံးလို အစာအိမ်သေးတဲ့ ကလေးကလွဲရင် ကျန်ရှိနေတဲ့လူကြီးတွေက ပိုလို့တောင်ဆာလောင်လာသလိုခံစားနေရပြီး သူတို့ရဲ့ ဗိုက်ကို ထိလိုက်မိကြတယ်။

ဝမ်စုဖန်းက မီးဖိုချောင်ထဲသို့ ပြန်ဝင်သွားလိုက်ကာ ပါးပါးလှီးထားတဲ့ အသားပြားဇလုံကို ထုတ်ယူလာခဲ့ပြီး လီမင်ပေကိုပေးလိုက်တယ်။

“ဒါက မင်းညီမလိုချင်တဲ့အတိုင်း လှီးထားတာ.. ဒါတွေကိုပါ မြန်မြန်လေး ထပ်ပြီး ကင်လိုက်တော့”

လီမင်ရှီနဲ့ လီမင်နန်တို့က အပြင်သွား ပြန်ထွက်သွားခဲ့ကြကာ မီးလင်းဖိုထဲသို့ ထင်းတွေ အများအပြား ထည့်လိုက်ကြပြီး ထိုမီးလင်းဖိုကို အနောက်ဖက်အိမ်သို့ ပြန်သယ်လာခဲ့ကြတယ်။

လီမင်ပေက သန့်စင်ထားတဲ့ အကင်သံပြားကို မီးလင်းဖိုမှာ ပြန်တင်လိုက်ပြီး ကျန်းကျန်းဘက်ကို မျှော်တလင့်တကြီး ကြည့်ကာ မေးလာခဲ့တယ်။

“ဒါဆို ငါ ဘာလုပ်ရဦးမလဲ?”

ကျန်းကျန်းက သံပြားပေါ်ကို ဝက်ဆီအနက်ငယ် လောင်းချလိုက်ပြီး ဆီသုတ်ပိတ်စလေးတစ်ပိုင်းကို လီမင်ပေကို ပေးလိုက်တယ်။

“ဆီကို နေရာနှံ့သွားအောင် သုတ်ပပေးလေ”

အခုခေတ်အချိန်ကာလအတွင်း မိသားစုတွေကက ဒီလိုနည်းလမ်းတွေနဲ့ အလွန်ရင်းနီးတယ်။ အိမ်မှာစားဖို့အတွက် ဆီများများစားစားမရှိတဲ့အချိန်မှာ အစိမ်းရောင်ဟင်းသီးဟင်းရွက်တွေကို ကြော်ချင်တယ်ဆိုရင် အိုးအောက်ခြေကိုကပ်နေတဲ့ ဆီအနည်းငယ်လောက်ကို ဆီသုတ်အဝတ်စနဲ့ ယူကာ အိုးမှာ သုတ်လိမ်းပြီး ကြော်ကြရလေ့ရှိတယ်။

ဆီတွေ ဖြန့်ကျက်နေတာကိုစောင့်ရင်း ကျန်းကျန်းက သံပြား ပူလာပြီလားဆိုတာကို စစ်ဆေးကြည့်နေခဲ့တယ်။

ပူလာပြီဆိုတာကိုတွေ့တော့ ကျန်းကျန်းက တူတစ်စုံယူလိုက်ပြီး အသားလွှာတွေကို ယူကာ သံပြားပေါ်မှာ ဖြန့်လိုက်ပြီး ဆားနှင့် ငရုတ်ကောင်းမှုန့် အနည်းငယ်လောက် အညီအမျှ ဖြန်းလိုက်တယ်။

မကြာခင်မှာပဲ ဆီသံတရှဲရှဲမြည်လာခဲ့ပြီး မွှေးကြိုင်တဲ့ အသားနံ့တွေထွက်လာခဲ့တယ်။

ကျန်းကျန်းက သူမရဲ့လက်ထဲမှရှိနေတဲ့တူတွေကို လီမင်ပေကိုပေးလိုက်ပြီး အသားတွေလှန်ခိုင်းလိုက်တယ်။ သူမကတော့ မီးဖိုခန်းထဲသို့ ဝင်သွားခဲ့ပြီး ရေဆေးထားတဲ့ အဝါရောင်ဂေါ်ဖီထုပ် အနည်းငယ်လောက်ကို ယူလာခဲ့တယ်။

ဝမ်စုဖန်းက အိုးထဲမှာ အသားတွေကို စတူးထည့်ချက်ရင်း သူတို့ဘက်ကို ထွက်လာပြီး ကြည့်လာခဲ့တယ်။

မဒမ်လီက ဂေါ်ဖီထုတ်ကိုကြည့်ရင်းနါ့ ခေါင်းကိုခါရမ်းကာပြောလာတယ်။

“ ဂေါ်ဖီထုပ်တွေက အခု လေးငါး ထုတ်လောက်ပဲ ခူးထားခဲ့တာ.. ဒါတွေက အရမ်းနူးညံ့တော့ မခူးဘဲနဲ့ အချိန်အကြာကြီးထားလို့ မဖြစ်ဘူး.. ငါတို့မိသားစုကတော့ နောက်နှစ်ရက်လောက်ကစပြီး ဂေါ်ဖီထုတ်တွေနေ့တိုင်းစားရတော့မယ်ထင်တယ်”

လီမင်ပေက သံပြားပေါ်မှာရှိတဲ့ အသားကင်ကိုသာ မျက်တောင်မခတ်စိုက်ကြည့်နေရင်း နောက်ကိုပြန်မလှည့်ဘဲ ပြောလာခဲ့တယ်။

“ရပါတယ်.. ကျွန်တော်တို့အဖေက မနက်ဖြန်ကျရင် ဝက်ကိုသတ်တော့မှာပဲလေ.. ကြာဇံကို ဝက်သားနဲ့ ဂေါ်ဖီထုပ်တွေ ထည့်ပြီး ကြော်ရင် အရမ်းမွှေးတယ် .. ကျွန်တော် တစ်လလုံးလုံးစားရရင်တောင် မငြီးငွေ့ဘူး”

သူပြောနေတုန်းမှာပဲ ပထမအသုတ် အသားကင်တွေက ကျက်သွားတာကြောင့် ကျန်းကျန်းက သန့်ရှင်းတဲ့ တူတစ်စုံကိုယူကာ အသားတွေကို ပန်းကန်ပြားတစ်ခုမှာ ထည့်လိုက်ပြီး ဘေးမှ စားပွဲခုံလေးပေါ်မှာ တင်လိုက်တယ်။

ထို့နောက် သူမက အဝါရောင်ဂေါ်ဖီရွက်တစ်ရွက်ကိုယူကာ အသားကို အရွက်ပေါ်မှာ တင်ပြဦး ထုတ်ပိုးလိုက်တယ်။ ထို့နောက် မဒမ်လီကို မြည့်စမ်းကြည့်ဖို့အတွက် အရင်ပေးခဲ့တယ်။

မဒမ်လီက အခုလေးတင် သမင်သားတွေ အတော်လေးစားခဲ့ပြီး ပါးတွေက အနည်းငယ်ညောင်းနေပြီဖြစ်လို့ ကျန်းကျန်းရဲ့လက်ထဲမှ ဂေါ်ဖီရွက်အသားလိပ်ကို မြင်တော့ သူမရဲ့လက်ကို အလျှင်အမြန်ဝှေ့ယမ်းလိုက်တယ်

“မင်းတို့ကလေးတွေပဲ စားကြတော့.. ငါ သွားတွေနာနေပြီ..”

ကျန်းကျန်းက အသားလိပ်ကို မဒမ်လီရဲ့ ပါးစပ်ထဲသို့ ထည့်ပေးလိုက်တယ်။

“အဖွား စမ်းကြည့်လိုက်ဦး.. ဒါက ကိုက်ရတာ အရမ်းလွယ်တယ်”

မဒမ်လီက သူမရဲ့ မြေးမလေးဆီက အချော့ခံရတာကို တောင့်မခံနိုင်ဆုံးပဲ။ဒါကြောင့် ကျန်းကျန်းက သူမကို စားဖို့ အတင်းအကြပ်ပြောနေတာကိုတွေ့တော့ မနေနိုင်တော့ဘဲ ခေါင်းငုံ့ကာ တစ်ကိုက်ကိုက်လိုက်ရတယ်။

ဒီတစ်ကြိမ်မှာတော့ အသားက အလွန်နူးညံ့ပြီး အရင်တစ်ခေါက်က တံစို့နဲ့ထိုးထားတဲ့ အသားနဲ့ မတူဘူး။

အသားတွေကို ကင်နေတုန်းမှာ ဆားနှင့် ငရုတ်ကောင်းတွေကိုသာ ဖြူးထားပြီး မီးအပူတိုက်ထားတဲ့ သံပြားက အသားကို လျင်မြန်စွာ ကျက်စေပြီး အတွင်းပိုင်းမှ အသားရဲ့ အရသာကိုတော့ အရသာအရှိဆုံးဖြစ်တဲ့ မူရင်းအရသာကို ထိန်းသိမ်းထားနိုင်ခဲ့တယ်။

သမင်သားမှ စိမ့်ထွက်လာတဲ့ အရည်တွေက ရွှမ်းစိုနေပြီး အဟာရဓာတ်ကိုလည်းထိန်းသိမ်းထားနိုင်တယ်။ ဂေါ်ဖီထုပ်ရဲ့ ကြွပ်ဆတ်မှုက အသားရဲ့အရသာနှင့် ရောနှောသွားချိန်မှာ အရသာပိုမိုထူးကဲလာပြီး နူးညံ့ပေမယ့် အဆီလည်းမပြန်နေခဲ့ဘူး။

တစ်ကိုက်လောက်ကိုက်ပြီးနောက်မှာမဒမ်လီက တစ်ကိုက်ထဲနဲ့ စိတ်မကျေနပ်နိုင်တော့သလို ခံစားရတာကြောင့် ကျန်းကျန်းရဲ့လက်ထဲမှာ ကျန်နေသေးတဲ့ နောက်တ၀်ဝက်ကို လှမ်းယူကာ တိုက်ရိုက်ပဲ ပါးစပ်ထဲကိုထည့်လိုက်တယ်။

သူမက ဝါးနေရင်းနဲ့ပဲ ခေါင်းညိတ်ရင်း ပြောလာခဲ့တယ်။

“ဒါက အရသာရှိတယ်.. ခုနတုန်းက တံစို့နဲ့ အသားကင်ထားတာထက်တောင် ပိုမွှေးတယ်”

All Chapters