← Chapters

အခန်း (၁၀၃)

Vol. 11 Ch. 103

အခန်း (၁၀၃)

Vol. 11 Ch. 103

မဒမ်လီက အစာစားချင်စိတ် သိပ်ပြီး မများလှဘူး။ သူမက များသောအားဖြင့် အိမ်မှာ ဝက်ပေါ်ရင်တောင် ဝက်သားသုံးတုံးလောက်သာစားလေ့ရှိတယ်။ ဒါကြောင့် အခု အရသာရှိတယ်လို့ တတွတ်တွတ်ပြောနေရင်တောင် များများမစားနိုင်ဘူး။

သမင်သားတွေက မျက်စိဖမ်းစားနိုင်လွန်းတယ်။ ဝမ်စုဖန်းက မီးဖိုချောင်သို့ အမြန်သွားလိုက်ပြီး တူတွေနဲ့ ပန်းကန်လုံးကိုယူကာ အသားတွေကိုထည့်ပြီး စားပွဲပေါ်ကိုတင်လိုက်တယ်။

ချက်ချင်းပဲလူတစ်ယောက်ကို အသားတစ်ခုစီဆွဲယူသွားကြပြီး အသားကို ခဏလောက် လုယူနေခဲ့ကြတယ်။

ကျန်းကျန်းက ခြေတစ်လှမ်းနောက်ကျသွားခဲ့ပြီး အသားတွေက လုယူခံလိုက်ရပြီဖြစ်တာကြောင့် ဝေစုမရခဲ့ဘူး။ သူမ သံပြားပေါ်ကိုလှမ်းကြည့်လိုက်တော့ အသားတွေက အနည်းငယ်ညိုနေပြီဆိုတာကို မြင်လိုက်ရတာတယ်။ အကုန်လုံးက ကျက်လုနီးပါးဖြစ်နေပြီဖြစ်လို့ ကျန်းကျန်း အသားတွေကို အလျှင်အမြန်အမြန်လှန်ပေးလိုက်ပြီး ပန်းကန်ထဲကို အမြန်ထည့်လိုက်တယ်။

ဒီလိုမျိုး သုံးပန်းကန် ဆက်တိုက် ကင်လိုက်ကြပြီး မိသားစုထဲမှ လူကြီးတွေရော၊ လူငယ်တွေပါ အားလုံးက မြည်းစမ်းကြည့်ရင်းနဲ့ အရသာရှိကြောင်းပြောလာကြတယ်။

မဒမ်လီကတော့ နှစ်တုံးစားပြီးတဲ့နောက်မှာ ထပ်ပြီးမစားတော့ဘူး။ သူမက ညဘက်မှာ အစာမကြေဖြစ်နေမှာကို စိုးရိမ်ခဲ့တယ်။ ဒါကြောင့် ခန်ရဲ့ ခေါင်းရင်းဘက်မှာထိုင်ရင်း ဆေးတံကို သောက်နေခဲ့ကာ ကျန်းကျန်းကို လှမ်းမေးလာတယ်။

“သမင်သားကို အခုလိုမျိုးစားဖို့ စာအုပ်တွေမှာ ထည့်ရေးထားတာလား.. ဒါက နည်းနည်းတော့ အလုပ်များပေးမဲ့ စားရတာ တကယ်ကို အရသာရှိတယ်”

ကျန်းကျန်း ပြုံးလိုက်တယ်။

“သမီးရဲ့အတန်းဖော်တွေ ပြောတာကိုကြားခဲ့တာ.. ဒါကို သူ့အဖေက မောက်ဇီတွေဆီကနေ သင်လာခဲ့တာတဲ့”

ဟေးခရိုင်မှာ နေထိုင်ကြတဲ့ မောက်ဇီတွေ အများကြီးရှိနေသေးပြီး သူတို့ အကြိုက်ဆုံးကတော့ အသားစားရင်းနဲ့ အရက်ပြင်းပြင်းသောက်ရတာပဲ။

ဝမ်စုဖန်းက အသားကင်ဂေါ်ဖီလိပ်သုံးခုကို ဆက်တိုက်စားခဲ့ပြီးနောက် သူမရဲ့ တူတွေကို တွန့်ဆုတ်စွာနဲ့ ပြန်ချလိုက်တယ်။

“မင်းတို့တွေ ဆက်စားနေကြလေ.. ငါ ပန်ကိတ်တွေ သွားနွှေးလိုက်မယ်”

သူမက မတ်တပ်ထရပ်ရင်းနဲ့ ခေါင်းကိုခါရမ်းရင်း ပြုံးမိတယ်။

“မင်းတို့အတွက် ဟင်းတွေတောင် သိပ်များများချက်နေစရာမလိုလောက်တော့ဘူးထင်တယ်.. ဆန်ခေါက်ဆွဲနည်းနည်းလုပ်ပြီး ဆန်ပြုတ်ချက်လိုက်ရင် ရလောက်ပြီ.. အခု အသားတွေစားထားလို့ ဗိုက်ပြည့်နေကြပြီမလား”

ကျန်းကျန်းရဲ့လက်တွေက နှေးကွေးလွန်းတယ်။ သူမ တစ်ခုစားပြီးချိန်မှာ လီမင်ပေက သုံးခုတောင် စားပြီးနေပြီ။ လီမင်ပေရဲ့ ချီသိုင်းကွက်တွေက ဘယ်သူမှ လိုက်မမှီနိုင်လောက်ဘူး

။ နောက်တော့ သူက ကျန်းကျန်းစားသလို ဂေါ်ဖီထုပ်နဲ့မလိပ်တော့ဘဲ အသားကင်ကို ပန်ကင်လုံးထဲသို့ထည့်ပြီး သီးသန့် စားကြည့်လိုက်တယ်။

လီမင်ပေက သူ့ရဲ့ခေါင်းကိုပွတ်သပ်ရင်းနဲ့ ပြုံးရယ်ကာပြောလာတယ်။

“ကျွန်တော်က ကျန်းကျန်းစားသလိုမျိုး အသားကို ဂေါ်ဖီရွက်နဲ့လိပ်ပြီး စားနေခဲ့တာ.. အဲဒါကလည်း အရသာရှိပေမဲ့ အခု အသားကို တိုက်ရိုက်စားကြည့်လိုက်တော့ ပိုပြီးတော့တောင် အများကြီးကောင်းနေသေးတယ်.. မင်း ဘာလို့ ဒီဟင်းသီးဟင်းရွက်တွေကို လိုချင်နေရတာလဲ.. ဒါက အရသာကို နှောင့်နှေးစေတာပဲ”

ကျန်းကျန်းက ဟမ်းစတာလေးတစ်ကောင်လိုမျိုး ပါးတွေဖောင်းကားစွာနဲ့ အစာတွေကိုဝါးနေခဲ့တယ်။

သူမက ပါးစပ်ထဲမှာရှိတဲ့ အသားကို အလျှင်အမြန် မျိုချလိုက်ပြီး လီမင်ပေကိုပြန်ပြောလိုက်တယ်။

“အသားကင်တွေချည်းပဲ အများကြီးစားပြီးရင် အဆီရစ်စေလိမ့်မယ်.. ဂေါ်ဖီထုပ်နဲ့တွဲပြီးစားတာက အဆီများတာကိုထိန်းပေးပြီး လန်းဆန်းစေတယ်.. အရသာလည်း ကောင်းတယ်”

လီမင်နန်နဲ့ လီမင်ပေတို့တွေက ရယ်မောလာကြပြီး လီမင်ရှီက ကျန်းကျန်းရဲ့ လည်ပင်းပေါ်ကို လက်နှစ်ဖက်နဲ့ တင်းတင်းကြပ်ကြပ်ဆွဲဖက်လိုက်တယ်။

“အကြီးဆုံးမိန်းကလေး.. မင်းရဲ့အသက်က ဘယ်လောက်ရှိနေပြီမို့လို့လဲ.. ငါတို့ ညီအကိုတွေတောင် ဒီလောက်မသိဘူး .. နောက်ပြီး အသားကင်မပြောနဲ့ ဝက်သားတွေကို ဒီအတိုင်းပြုတ်ထားမယ်ဆိုရင်တောင် ငါတို့ရဲ့ပါးစပ်တွေက အဆီများတယ်လို့ မခံစားရသလို စားဖို့ကိုလည်း ငြီးငွေ့မှာမဟုတ်ဘူး”

လီမင်တုန်က ပြုံးလိုက်ပြီး ဘာစကားမှ မပြောလာခဲ့ဘူး။ လီမင်ပေနဲ့ လီမင်နန်တို့ကတော့ ခေါင်းညိတ်လာကြတယ်။

လီမင်တုန်က အသားကင်နှစ်ခုကို လီမင်ကျုံးအတွက် ပစ်ချပေးလိုက်ပြီး နောက်ထပ် အသားကင်ပွဲသစ်ကို ချက်ချင်းစတင်ခဲ့ပြန်တယ်။

သမင်သား ဇလုံကြီးတစ်ခုကို လူငယ်လေးယောက်က အပြတ်ရှင်းနေခဲ့ကြပြီး လီမူဝူနဲ့ ကျန်းကျန်းတို့ရဲ့ အနည်းငယ်လောက် ဝင်ရောက်ကူညီမှုနဲ့အတူ မကြာခင်မှာပဲ အောက်ခြေသို့ရောက်ရှိသွားခဲ့တယ်။

လီမင်ပေက နောက်ဆုံးသောအသားကို ပါးစပ်ထဲသို့ ထည့်လိုက်ပြီး ကိုက်ဝါးရန် အနည်းငယ် ဝန်လေးနေလေတယ်။ သူက နောက်ဆုံးအသားတစ်ပိုင်းကို အလေးအနက်ထားကာ စားလိုက်ပြီးနောက် သူ့ရဲ့လက်ချောင်းတွေပေါ်မှ ဆီတွေကိုပါ လျက်လိုက်ပြီး လီမူဝူဆီကို အသနားခံလိုစွာပြောလိုက်တယ်။

“အဖေ.. မနက်ဖြန်ကျရင် ကျွန်တော် အကုန်လုပ်ပေးမယ်လေ.. အသားတစ်ပိုင်းလောက် ထပ်ကင်စားရအောင်”

လီမူဝူက စာရွက်တစ်ရွက်ကိုယူလိုက်ကာ အတွင်းမှာ ဆေးရွက်ကြီးတွေထည့်လိပ်ခဲ့ပြီး သူ့ရဲ့လက်ချောင်းတွေကြားမှာ ညှပ်ထားလိုက်ပေမဲ့ မီးမညှိခဲ့ဘူး။

သူက ရယ်ချင်စဖွယ်မျက်နှာအမူအရာဖြစ်နေတဲ့ လေးယောက်မြောက်သားကိုကြည့်ပြီး အနည်းငယ်ပြုံးလိုက်တယ်။

“မင်း ဒီည နှာခေါင်းသွေးမလျှံဘဲနဲ့ ကောင်းကောင်းအိပ်နိုင်တယ်ဆိုရင် မနက်ဖြန် နူးညံ့တဲ့ သမင်သားတစ်ခြမ်းပေးမယ်”

ငတုံးကောင်လေး လီမင်ပေက သူ့ရင်ဘတ်ကိုပုတ်ပြီး ချက်ချင်းပဲ ကတိပေးလာတယ်။

“အဖေ.. စိတ်မပူပါနဲ့.. ကျွန်တော်က ခေါင်းနဲ့ ခေါင်းအုံးထိတာနဲ့ ချက်ချင်း အိပ်ပျော်သွားလိမ့်မယ်”

လီမင်တုန်က ချက်ချင်းပဲ ရယ်မောလာခဲ့ပြီး ကျန်းကျန်းကတော့ နားမလည်ချင်ယောင် ဟန်ဆောင်လိုက်တယ်။ သူမက ရေသောက်ဖို့အတွက် မဒမ်လီကို ဆွဲခေါ်သွားခဲ့ပြီး မဒမ်လီကလည်း ရယ်မောနေတဲ့ မြေးဖြစ်သူကို ဂရုမစိုက်ဘဲ သူမရဲ့ မြေးမလေးအတွက် ပျားရည်ဖျော်ပေးဖို့ထွက်လာခဲ့တယ်။

အသားကင်တွေ အများကြီးစားပြီးတဲ့နောက် တစ်မိသားစုလုံးက ဗိုက်မဆာကြတော့ဘူး။ လီမင်ပေဆိုရင် ဗိုက်တောင် ပြည့်နေသေးတယ်။

လီမူဝူက ခြံထဲသို့သွားပြီး သမင်သားတစ်ပိုင်းကိုသွားယူကာ လီမင်ပေကို ပေးလိုက်တယ်။

“မင်း အများကြီးစားထားတာ အစာချေဖို့ အပြင်ထွက်ပြီး လမ်းလျှောက်လိုက်ဦး.. မင်းရဲ့တတိယဦးလေးအိမ်ကို အသားတစ်ပိုင်းသွားပို့လိုက်.. ပြီးတော့ မင်းရဲ့ တတိယဦးလေးကို ဒီည ညစာစားဖို့ အိမ်ကိုလာခိုင်းလိုက်ဦး”

လီမင်ပေက သားရေဂျာကင်နှင့် ဦးထုပ်တို့ကို ဝတ်ဆင်ကာ လီမူစန်းရဲ့ အိမ်သို့ လျှောစီးတုတ်ချောင်းကိုကိုင်ပြီး ထွက်လာခဲ့တယ်။

လီမူစန်းက သူ့ရဲ့တူကို တွေ့လိုက်ရတော့ အနည်းငယ်ထူးဆန်းစွာ မေးလာတယ်။

“မနက်ဖြန်ကျရင် ငါ မင်းတို့အိမ်ကို လာမယ်လို့ မပြောခဲ့ဘူးလာ..ဒီအချိန်ကျမှ မင်းဘာလို့ ရောက်လာရတာလဲ.. မင်းရဲ့မျက်နှာတွေကတောင် နီရဲနေပြီ.. ရှို့လန်.. မြန်မြန်လေး သကြားရေနဲ့ ကြက်ဥပြုပေးလိုက်ဦး.. မင်ပေကိုသောက်ခိုင်းရမယ်”

“ကျွန်တော် မစားတော့ဘူး စတုတ္ထဦးလေး.. အခုပဲ အိမ်မှာ သမင်သားတွေကို ကင်စားပြီး ဗိုက်တင်းလာတာ.. အန်တီ.. ကျွန်တော့်ကို ရေနွေးလေး တစ်ခွက်ပဲလောင်းပေးပါ”

လီမင်ပေက သူ့နောက်ကျောမှ တောင်းလေးကို ဖြတ်ယူလိုက်ကာ လီမူစန်းကိုပေးလိုက်တယ်။

“ကျွန်တော်တို့ မိသားစုက ဟုတ်ကျုံးက သမင်နီတစ်ကောင်ကို ဆွဲလာခဲ့တယ်လေ.. အခု အဖေက ဦးလေးတိို့ကို အမဲသားတစ်ပိုင်း ပို့ခိုင်းလိုက်တယ်.. နောက်ပြီး ဦးလေးကို ညစာစားဖို့ အိမ်ကိုလာခိုင်းလိုက်တယ်”

ခြင်းတောင်းထဲမှ တောင့်တင်းနေအောင်အေးခဲတဲ့ သမင်သားကို တွေ့တော့ လီမူစန်းက မနာလိုဖြစ်သွားခဲ့တယ်။

“မင်းတို့မိသားစုရဲ့ဟုန်ကျုံးက တကယ်ကောင်းကောင်းမွန်မွန်ကြီးပြင်းလာတာပဲ.. အမဲလိုက်တာပဲဖြစ်ဖြစ်၊ အိမ်စောင့်တာပဲဖြစ်ဖြစ် အားကိုးရလွန်းတယ်.. ဒီဘက်မှာ ဟုန်ကျုံးလို ကောင်းတဲ့ ခွေးမျိုး ဒီဘက်မှာ တစ်ကောင်မှမမြင်ဖူးဘူး”

လျို့ရှို့လန်က လီမင်ပေအတွက် သကြားရည်ပူပူလေးတစ်ခွက်ဖျော်ပေးလာခဲ့ပြီး လီမင်ပေက ကျေးဇူးတင်ကြောင်းပြောကာ လက်ခံလိုက်တယ်။ ထို့နောက် အငွေ့တွေကို မှုတ်ထုတ်ရင်းနဲ့ အနည်းငယ်သောက်လိုက်တယ်။

“မင်းပြော သူတို့အားလုံးက ခွေးတွေပဲလေ.. ငါ့မိသားစုက တာ့ရှာဇီက ဘာလို့ ဟုန်ကျုံးနဲ့ ဒီလောက်တောင် ကွာခြားနေရတာလဲ”

(Note_ ရှာဇီ_ အရူး/ငတုံး)

လီမူစန်းက ခန်ပေါ်မှာ ဝင်ထိုင်ပြီး ဆက်ပြောလာတယ်။

“တာ့ရှာဇီ ငယ်ငယ်တုန်းက ဘာကိုမှ မကြောက်ခဲ့ဘူး.. အခုကျမှ ဘာလို့ ဒီလောက် ဉာဏ်တုံးလာရတာလဲ.. ငါ သူ့ကို ယုန်ဖမ်းဖို့အတွက် တောင်ပေါ်ကို ခေါ်သွားခဲ့သေးတယ်.. သူက အရမ်းကို မြန်မြန် ပြေးသွားခဲ့တာ.. ဒါပေမယ့် ယုန်ကို ဘယ်လိုဖမ်းရမှန်းမသိဘူးလေ.. သူက နှံကောင်ကိုပဲ လိုက်ဖမ်းနေခဲ့တယ်!”

လီမင်ပေက မျက်ရည်တွေထွက်တဲ့အထိ ရယ်မောလိုက်မိတယ်။ သူက သကြားရေကိုသောက်လိုက်ပြီး ပန်းကန်လုံးကို ပြန်တင်လိုက်ကာ သူ့ရဲ့ ဘေးပတ်လည်မှာ လျှာတလစ်လစ်နဲ့ ပတ်ပြီး အမြီးရမ်းပြနေတဲ့ တာ့ရှောဇီရဲ့ခေါင်းကို ပွတ်သပ်လိုက်တယ်။

“တတိယ ဦးလေး.. အဓိက အကြောင်းရင်းက ဦးလေး သူ့ကို အခုလို ဆိုးတဲ့နာမည်ပေးထားလို့ ထင်တယ်.. သူ့ကို တာ့ရှာဇီလို့ခေါ်နေမှတော့ မတုံးဘဲနေပါတော့မလား”

လီမူစန်းက စိတ်အနှောက်အယှက်ဖြစ်စွာ ပြောလာတယ်။

“အဲဒီ ရိချုံ့တို့၊ တာ့ဟွားတို့လိုနာမည်တွေက ရိုးရှင်းလွန်းတယ်လေ.. မင်းသာ လမ်းပေါ်တက်ပြီး ကျယ်ကျယ်လောင်လောင် အော်လိုက်ရင် ခွေးဆယ်ကောင်လောက်က ပြေးထွက်လာနိုင်တယ်.. ငါက တခြားအိမ်တွေကပေးတဲ့နာမည်နဲ့ မတူတဲ့ ပုံစံမျိုး ပေးဖို့ စဉ်းစားခဲ့တာ”

လီမူစန်းရဲ့ မိသားစုမှ အကြီးဆုံးသားဖြစ်သူ လီမင်ကွမ်းကတာ့ရှာဇီအတွက် သက်ပြင်းချလိုက်ပြီး သူ့အဖေကို မပြောဘဲမနေနိုင်တော့ဘူး။

“တခြား မတူတဲ့နာမည်အမျိုးမျိုး ရှိပါတယ်.. အချိန်တွေ အကြာကြီး စဥ်းစားနေပြီးမှ ဒီနာမည်ကို ရလာတာဘာလဲ?

အစတုန်းကတော့ ဒီနာမည်က မကောင်းဘူးလို့ ကျွန်တော်ပြောသားပဲ.. အဖေက ကျွန်တော့်ကို ပြောင်းခွင့်မပေးခဲ့ဘူးလေ.. ဒုတိယဦးလေးရဲ့ အိမ်က ခွေးကို ကြည့်လိုက်ဦး.. နာမည်အရင်းက လီမင်ကျုံး၊ နာမည်ပြောင်က ဟုန်ကျုံး.. နာမည်က တစ်ခုထက်တစ်ခု ပိုလို့တောင်ကောင်းနေသေးတယ်..

ကျွန်တော်တို့ခွေးဆီ ပြန်ကြည့်လိုက်.. တာ့ရှာဇီတဲ့.. ပြေးတာတော်နေရင်တောင် ဘယ်လိုလုပ်ပြီး ယုန်တွေ ဖမ်းမိနိုင်မှာလဲ.. တခြားနေရာကိုမပြေးသွားဘဲ အိမ်ကိုပြန်လာတာတောင် အတော်ကောင်းနေပြီ”

“ဒါဆို မင်း သူ့နာမည်ကို ဘယ်လိုခေါ်ချင်လဲ”

လီမူစန်းက အိုင်ကျူနဲ့ ခန္ဓာကိုယ်နဲ့ ဝေးကွာနေတဲ့ သူ့ရဲ့ခွေးလေးကို ကြည့်ရင်း စိတ်ပူလာရပြီး ကောင်းမွန်တဲ့နာမည်ပြောင်းဖို့ ဆုံးဖြတ်လိုက်တယ်။

“မဖြစ်တော့ဘူး.. ဒီနေ့တော့ နာမည်ပြောင်းလိုက်ကြစို့.. ဒါမှမဟုတ် ဟုန်ကျုံးလိုမျိုး ကောင်းမွန်တဲ့ ခွေးတစ်ကောင်ဖြစ်လာမှာမဟုတ်ဘူး.. မင်းဘယ်လိုထင်လဲ”

သူများတွေပြောလာတာကို မစောင့်ခင် သူကိုယ်တိုင်ကပဲ ပြောလာတယ်။

“နေဦး..မင်းတို့ မပြောနဲ့ဦး.. ငါအရင်စဥ်းစားလိုက်မယ်.. ဒါက သိပ်ပြီး ကောင်းတဲ့နာမည်မဟုတ်ပေမဲ့ တာဖျီးလို့ ခေါ်ရင်ရော”

(T/n_ ဖျီး_ လေလည်)

လီမင်ပေတစ်ယောက် လီမူစန်းရဲ့ နာမည်ပေးနိုင်စွမ်းကို အားကျလုနီးပါးဖြစ်သွားရတယ်။ သူက ဘေးနားမှာရှိနေတဲ့ လီမင်ကွမ်းရဲ့ စိတ်ပျက်လက်ပျက်ဖြစ်နေတဲ့ မျက်နှာကိုလှမ်းကြည့်လိုက်ပြီး လီမူစန်းကိုပြောလိုက်တယ်။

“တတိယဦးလေး.. တာ့ဖျီးက သိပ်မကောင်းဘူး.. သူ့ကို ထျန်းဟူလို့ ခေါ်လိုက်တာမကောင်းဘူးလား”

(T/n_ ထျန်းဟူ: ကောင်းကင်ဘုံ မြေခွေး)

“ထျန်းဟူ.. ကောင်းတယ် ထျန်းဟူက ကောင်းတယ်!”

လီမူစန်းက ထပ်ခါတလဲလဲ ချီးကျူးခဲ့တယ်။

“ဒီလိုပဲ ခေါ်ကြတာပေါ့”

လီမူစန်းက သူ့ရဲ့ပေါင်ကို ပုတ်လိုက်တော့ ခွေးငတုံး ချက်ချင်း ထရပ်လာပြီး သူ့ရဲ့ရှေ့ခြေထောက်တွေကို လီမူစန်းရဲ့ဒူးပေါ်မှာ လာတင်လိုက်တယ်။

လီမူစန်းက သူ့ရဲ့ခေါင်းကို ပွတ်သပ်ရင်း :

“မင်းကို အခုကစပြီး ထျန်းဟူလို့ ခေါ်မှာ.. မှတ်ထားနော်”

ခွေးငတုံးက သူ့လျှာကို ထုတ်ပြီး တုံးအအမျက်နှာနဲ့ လီမင်ပေဘက်ကို လှမ်းကြည့်လာတယ်။

လီမူစန်းက ခွေးငတုံးရဲ့ခေါင်းကို ပုတ်ရင်း ထရပ်လိုက်တယ်။

“နောက်ကျနေပြီပဲ.. မင်ပေ မင်းတို့ရဲ့အိမ်သွားရအောင်.. မင်းအဖေက ငါ လာသောက်မှာကို စောင့်နေတုန်းပဲ”

လျို့ရှို့လန်က အလျှင်အမြန်ထပြီး ဘီဒိုထဲမှ တောက်ပြောင်တဲ့ ဓာတ်မီးအသစ်တစ်လက်ကို အမြန်ထုတ်ပြီး လီမူစန်းကိုပေးလိုက်တယ်။

“ ညဘက် အမှောင်ထဲမှာ လမ်းလျှောက်ရတာ မလွယ်ဘူး .. ဓာတ်မီး ယူသွားလိုက်ဦး “

All Chapters