← Chapters

အခန်း (၁၀၄)

Vol. 11 Ch. 104

အခန်း (၁၀၄)

Vol. 11 Ch. 104

လီမူစန်းက သားရေဂျာကင်အင်္ကျီကို ၀တ်ပြီးနောက် ဓာတ်မီးကို လှမ်းယူလိုက်တယ်။

သူ အပြင်ကိုထွက်ခါနီးမှာ လျို့ရှို့လန်က သူ့ကို တားပြီး လှမ်းပြောလာပြန်တယ်။

“တာ့ရှာဇီကိုပါ ခေါ်သွားလိုက်လေ.. ရှင် နောက်ကျမှ ပြန်လာရင် သူ လမ်းပြပေးနိုင်တယ်”

“မင်းက ငါ့ကို ဆွဲချနေတာပဲ.. တကယ်လို့ ငါသာ တာ့ရှာဇီကို လမ်းပြခိုင်းမယ်ဆိုရင် ငါက သူ့ထက်ပိုတုံးတာမဖြစ်သွားဘူးလား”

ထိုသို့ပြောပေမဲ့ လီမူစန်းက ခေါ်သွားနေတုန်းပဲ။

“ထျန်းဟူ ငါနဲ့အတူ အပြင်ကိုလိုက်ခဲ့””

ခွေးငတုံးက မြေပြင်ပေါ်မှာ လဲလျောင်းနေခဲ့ပြီး လီမူစန်းကို ရွှင်မြူးစွာနှင့် အမြီးရမ်းပြလာတယ်။

လီမူစန်း ထပ်အော်လိုက်တယ်။

“ထျန်းဟူ.. မြန်မြန်ထွက်လာခဲ့”

ခွေးငတုံးက မတ်တတ်ထရပ်လာပြီး သမ်းဝေကာ မီးဖိုနားမှာ တစ်ပတ်ပတ်လိုက်ပြီး နောက်တစ်ဖန် ပြန်လှဲအိပ်ပြန်တယ်။

လီမင်ပေတစ်ယောက် ရယ်ရလွန်းလို့ ဗိုက်တွေပါ နာလာရတယ်။

လီမူစန်းကတော့ အလွန်သတ္တိရှိတဲ့ဟုန်ကျုံးအကြောင်းကိုတွေးမိပြီး သူတို့အိမ်မှ ဘာတစ်ခုမသိတတ်တဲ့ ခွေးငတုံးလေးကိုကြည့်ကာ ဒေါသတောင်မထွက်နိုင်တော့ဘူး။

“တာ့ရှာဇီ ငါ့ဆီကို လာခဲ့”

ခွေးငတုံးက ချက်ချင်းပဲခုန်ထလာခဲ့တယ်။ သူက လီမူစန်းရဲ့ ဘေးနားသို့ ပြေားလာခဲ့ကာ သူ့ကို မျှော်တလင့်တကြီးနှင့် မော့ကြည့်လာခဲ့တယ်။

လီမူစန်း သူ့ရဲ့နဖူးကို ကူကယ်ရာမဲ့စွာ ဖုံးကာလိုက်မိတယ်။ သူ့ရဲ့ခွေးက တကယ်ကို အသုံးမကျဘူး။

“နာမည်ကိုမပြောင်းသင့်တော့ဘူးထင်တယ်.. ထျန်းဟူဆိုတဲ့နာမည်က သူ့ကိုမျက်လုံးကွယ်စေတယ်”

တူဝရီးနှစ်ယောက်က ခွေးကိုခေါ်ကာ အိမ်သို့သွားခဲ့ကြတယ်။

ဒီအချိန်မှာ မုန်လာဥနီနှင့် သမင်သားစတူးဟင်းက ကျက်နေခဲ့ပြီ။ ကောင်လေးတချို့က အသားကင်တွေကို အားပါးတရစားထားခဲ့ကြတာကြောင့် ဗိုက်ပြည့်နေခဲ့ကြပြီ။

ဒီတော့ လီမင်တုန်နှင့် လီမင်ရှီတို့ ညီအစ်ကိုနှစ်ယောက်ကသာ လီမူစန်းနှင့်အတူ သောက်ဖို့ စားပွဲဆီသို့ ရောက်လာခဲ့ကြတယ်။

ကျန်းကျန်း ၊ လီမင်နမ်နဲ့ လီမင်ပေတို့ကတော့ ထမင်းစား စားပွဲသို့ မလာကြတော့ဘူး။ ညီအကို ၊မောင်နှမ သုံးယောက်က အရှေ့ခန်းမှ ခန်ပေါ်မှာထိုင်ကာ စကားထိုင်ပြောနေခဲ့ကြတယ်။

လီမင်ပေက လီမင်နန်ဆီမှာ သူ ကျန်းကျန်းကိုခေါ်ပြီး ရေအားလျှပ်စစ်ဓာတ်ခွဲစက်ရုံသို့ ခေါ်ဆောင်သွားခဲ့တဲ့အကြောင်း စိတ်လှုပ်ရှားစွာ ပြောပြခဲ့နေပြီး ယွီဝမ်ရှို့ဆိုတဲ့နာမည်ကို ရည်ရွယ်ချက်ရှိရှိရော ၊ မရည်ရွယ်ဘဲနဲ့ရော အကြိမ်ပေါင်းများစွာ ပြောနေခဲ့တယ်။

လီမင်ပေက သူ့ကို လှောင်ပြောင်စွာ ကြည့်ပြီး ပြောလာတယ်။

“ငါ ဒီနှစ်အတွက် ရုပ်ရှင် မကြည့်ရသေးဘူး.. ဒါမှမဟုတ် မနက်ဖြန်ကျရင် ရုပ်ရှင်ကြည့်ဖို့ ရေအားလျှပ်စစ်စက်ရုံ သွားကြမလား. ငါ ရှင်းပေးပါ့မယ်”

လီမင်ပေတစ်ယောက် အစ်ကိုဖြစ်သူရဲ့စကားတွေကို ကြားလိုက်ရတော့နှိုင်းယှဥ်မှုတွေနဲ့ စိတ်ရှုပ်ထွေးသွားဟန်ရတယ်။

တကယ်တော့ ရုပ်ရှင်တွေက သိပ်မကောင်းဘူး။ ဒါ့အပြင် ထိုဇာတ်ကား အနည်းငယ်ကိုသာ အထပ်ထပ်အခါခါ ပြသနေတာဖြစ်ပြီး ရုပ်ရှင်အသစ်တွေလည်း မရှိသေးဘူး။ ဒါပေမယ့် ရေအားလျှပ်စစ်စက်ရုံကို သွားခဲ့ရင် ယွီဝမ်ရှို့နဲ့ တွေ့နိုင်တာလည်းဖြစ်နိုင်တယ်။

သူတို့တွေ နောက်ဆုံးတွေ့ဆုံခဲ့တာ သုံး၊လေးလလောက် ရှိလောက်ပြီ။ လီမင်ပေက တစ်ခါတလေ ညဘက်တွေမှာ သူမကို အိပ်မက်မက်တတ်တယ်။

ဒါပေမယ့် အခု နှင်းတွေ အလွန်အမင်းထူထဲနေတာကြောင့် ထိုနေရာကိုသွားမယ်ဆိုရင် အသွားအပြန် ငါးနာရီ ၊ခြောက်နာရီလောက် ကြာနိုင်တယ်။

နောက်ပြီး ရေအားလျှပ်စစ်စက်ရုံကိုသွားမယ်ဆိုရင် နေ့လည်ပိုင်းဝက်ပေါ်ပြီး ချက်ပြုတ်မဲ့ဟင်းကို လွဲသွားလိမ့်မယ်။

ယွီဝမ်ရှို့နဲ့ တွေ့ဆုံရမှာနှင့် ဝက်ပေါ်လို့ ချက်ပြုတ်တာကို စားရမယ် ဆိုတဲ့နှစ်ခုကြားမှာ လီမင်ပေတစ်ယောက် အလွန်ရွေးရခက်နေခဲ့တယ်။

အချိန်အတော်ကြာအောင်စဉ်းစားပြီးနောက် လီမင်ပေက ပြောလာတယ်။

“မနက်ဖြန် အိမ်မှာ ဝက်ပေါ်မှာ မဟုတ်ဘူးလား.. ရုပ်ရှင်ကို သဘက်ခါမှသွားကြည့်ရအောင်လေ”

လီမင်နန်က ညီဖြစ်သူကို စနောက်ကျီစားချင်ကြောင်း ရှင်းလင်းစွာနဲ့ ခေါင်းကို ပြတ်ပြတ်သားသား ခါရမ်းလိုက်ပြီး ပြောလာတယ်။

“မနက်ဖြန်မှဆိုရင် မသွားချင်ဘူး.. မင်း ရုပ်ရှင်ကြည့်ချင်တယ်ဆိုရင် မနက်ဖြန် သွားမယ်၊ မနက်ဖြန်မသွားဘူးဆိုရင် မကြည့်နဲ့တော့.. ငါလည်း မသွားတော့ဘူး”

ကျန်းကျန်း လီမင်ပေရဲ့ စိတ်ရှုပ်ထွေးလွန်းလို့ ခေါင်းကိုပြောင်သွားလုမတတ် ကုတ်နေတာကိုကြည့်ရင်း ရယ်မောလိုက်မိတယ်။

လီမင်ပေက ဒေါသတကြီး စိုက်ကြည့်ပြီး ရေရွတ်လာတယ်။

“မင်း ဘာတွေရယ်တာလဲ.. မင်းလည်း ရုပ်ရှင်ကြည့်တာရော၊ ဝက်သားစားတာရော မလုပ်ချင်လို့လား!”

ကျန်းကျန်း စနောက်လိုစွာပြောလိုက်တယ်။

“စတုတ္ထအစ်ကို.. အစ်ကိုက နှစ်အတော်ကြာအောင် စာတွေကျက်ခဲ့ပြီး အထက်တန်း စာမေးပွဲတောင် ဖြေရတော့မယ်.. ‘ငါးကိုရော၊ ဝက်ဝံခြေသည်းကိုရော နှစ်မျိုးလုံးတော့ မရနိုင်ဘူး’ ဆိုတဲ့ စကားကို မကြားဘူးဘူးလား.. ကမ္ဘာပေါ်မှာ အကောင်းဆုံးအရာနှစ်ခုလုံးကို ဘယ်လိုလုပ်ပြီး ရနိုင်မှာလဲ”

“အမှန်ပဲ”

လီမင်နန်က ကျန်းကျန်းရဲ့ ခေါင်းကို ပုတ်ပေးလိုက်တယ်။

“ငါတို့အိမ်မှာ ရေဒီယိုကို အလကားသက်သက်ဝယ်ခဲ့တာမဟုတ်ဘူးပဲ.. ဒီလို ခက်ခဲတဲ့ စကားလုံးတွေကိုတောင် ပြောတတ်နေပြီ”

လီမင်နန်နှင့် ကျန်းကျန်းနှစ်ယောက်လုံးက သူ့ကို နှစ်ယောက်ပေါင်းပြီးပြောနေကြတော့ လီမင်ပေကးနောက်ဆုံး သူ့ရဲ့စိတ်ကိုပြင်ဆင်လိုက်တယ်။

“ဒါဆို မနက်ဖြန် ရုပ်ရှင်ကြည့်ဖို့ ရေအားလျှပ်စစ်စက်ရုံကို သွားမယ်”

လီမင်နန် ချက်ချင်းပဲပျော်ရွှင်သွားခဲ့တယ်။

“အိုး.. ငါ့ရဲ့ညီလေး နောက်ဆုံးတော့ ဉာဏ်အလင်းရသွားပြီပဲ”

ထျန်းဟူက အနောက်ဘက်ခန်းမှာ လှည့်ပတ်နေခဲ့ပြီး အသားနံ့ကို ရှူရှိုက်ရင်း ထမင်းဝိုင်းနားမှာ သွားထိုင်လိုက်တယ်။

လီမူဝူက သူ့အတွက် သမင်သားတစ်ပိုင်း ပစ်ချပေးခဲ့တယ်။

“အရှေ့ဘက်ခန်းကိုသွားပြီး ဟုန်ကျုံးကိုသွားရှာလိုက်.. အဲဒီမှာ အသားတစ်အိုးပေးထားတယ်”

ထျန်းဟူက တခြားစကားတွေကို နားမလည်နိုင်လောက်အောင် တုံးအလွန်းတာကိုပဲမကြည့်နဲ့။ ဒီစာကြောင်းကိုတော့ သူတကယ်ကို နားလည်တယ်။ ဒါကြောင့် သူက မြေကြီးပေါ်မှ အသားကို ကောက်ယူကာ မျိုချလိုက်ပြီး ပြေးထွက်သွားတော့တယ်။

လီမူစန်းက သူ့ခွေးကို ဆက်မကြည့်တော့ဘဲ လီမူဝူနဲ့ ဖန်ခွက်ချင်းတိုက်လိုက်ကာ ပြောင်းအရက်ကိုမော့လိုက်ပြီး သက်ပြင်းချလိုက်တယ်။

“ဒုတိယအစ်ကို.. မင်းက ဟုန်ကျုံးကိုတကယ်ဂရုစိုက်တာပဲ.. မင်းက သူ့အတွက် အသားတစ်အိုးလုံးတောင်ပေးလိုက်နိုင်သေးတယ်.. ငါသာဆို လုပ်နိုင်မှာမဟုတ်ဘူး”

လီမူဝူက ဝိုင်ခွက်ကို ပြန်ချကာ အပြုံးနဲ့ပြောလာတယ်။

လွန်ခဲ့တဲ့ နှစ်အနည်းငယ်အတွင်း ငါတို့မိသားစုက ဆောင်းရာသီမှာ သတ်လိုက်တဲ့ နှစ်သစ်ကူးအတွက် ဝက်ကလွဲရင် တခြားအချိန်တွေမှာ ငါ့မိသားစုစားမေတဲ့ အသားတွေကိုအားလုံးက သူတို့ ညီအကို၊ မောင်နှမတွေနှင့် ဟုန်ကျုံးတို့ ရှာလာခဲ့တဲ့အသားတွေပဲ..

ဒီဟုန်ကျုံးက သစ္စာရှိပြီး စိတ်လည်းရှည်တယ်.. အိမ်မှာ အသားရှိရင် သူပါ မျှဝေပြီး စားသင့်တာပဲလေ”

လီမူစန်းက မနာလိုဖြစ်စွာ ပြုံးလာတယ်။

“သူတို့ နှစ်ကောင်လုံးက ခွေးတွေပဲကို.. အစ်ကိုတို့မိသားစုက ဟုန်ကျုံးကတော့ တကယ့်ကိုကောင်းလွန်းတယ်..

ကျွန်တော်တို့ ထျန်းဟူကတော့ ရစ်ငှက်နဲ့ ယုန်တွေအကြောင်းကို မပြောနဲ့ဦး.. ဒီလောက်နှစ်နဲ့ချီနေပေမဲ့ ကြက်မွှေးလေးတစ်ချောင်းတောင် အိမ်ပို ပြန်သယ်မလာနိုင်ဘူး.. ကျွန်တော်က ထျန်းဟူကို ဟုန်ကျုံးနှင့်ခဏလောက်ထားလိုက်ရမလားလို့တောင်တွေးနေတာ.. ဒါဆို သူ အလင်းပွင့်လာလောက်မလားပဲ”

“ထျန်းဟူ?”

လီမူဝူ အံ့အားသင့်သွားခဲ့တယ်။

“မင်းမှာ နောက်ထပ်ခွေးတစ်ကောင်ရှိသေးတာလား”

“မဟုတ်ဘူး.. ကျွန်တော်က တာ့ရှာဇီကို နာမည်ပြောင်းပေးလိုက်တာ.. မင်ပေက ကျွန်တော်ပေးခဲ့တဲ့ နာမည်က မကောင်းဘူးပြောတယ်လေ.. အဲဒီနာမည်ကြောင့် ခွေးက ပိုပြီးတုံးအ,သွားတာနေမှာတဲ့”

လီမူစန်းက အသားတစ်ပိုင်းစားပြီး ဖန်ခွက်ကို ထပ်မြှောက်လိုက်တယ်။

“ဒါဆို အဲလိုပဲလုပ်လိုက်မယ်.. အခုညနေ ထျန်းဟူကို မင်းတို့အိမ်မှာထားခဲ့လိုက်မယ်.. ထျန်းဟူကို မင်းမိသားစုရဲ့ဟုန်ကျုံးနဲ့အတူထားပြီး နည်းနည်းလောက်ပိုပြီး လိမ္မာပါးနပ်အောင် လေ့လာခွင့်ပေးလိုက်ပါဦး”

“ကောင်းပြီ မင်းစိတ်မပူနဲ့”

လီမူဝူက သဘောတူလိုက်တယ်။

ထျန်းဟူကတော့ သူ့ရဲ့ပိုင်ရှင်က သူကို ဒီအိမ်မှာ အပ်နှံလိုက်ပြီဆိုတာကို မသိခဲ့ရှာဘူး။ သူက သူ့ရဲ့လျှာကို ထုတ်ရင်း ဟုန်ကျုံးစားသောက်နေတဲ့ မွှေးကြိုင်တဲ့ အသားကိုသာ ငေးကြည့်နေခဲ့တယ်။

မကြာခင်က စားခဲ့ရတဲ့ အသားတစ်ပိုင်းရဲ့အရသာကို တွေးလိုက်မိတော့ အနားကိုသွားပြီး တစ်ကိုက်လောက် ကိုက်ချင်နေခဲ့ပေမယ့် ဟုန်ကျုံးရဲ့ ခန္ဓာကိုယ်ပေါ်မှ ရက်စက်ပြင်းထန်တဲ့ ရောင်ဝါကို ခံစားလိုက်ရပြီးကြောက်လန့်နေခဲ့ကာ အရှေ့ကို မတိုးရဲတော့ဘူး။

ဟုန်ကျုံးကလည်း ထျန်းဟူရဲ့အကြည့်ကို အာရုံထက်ရှစွာနဲ့ သတိပြုမိခဲ့ပြီး ချက်ချင်းပဲ သတိပေးလိုစွာနှင့် ပြန်ကြည့်လိုက်တယ်။

ထျန်းဟူက သူ့အမြီးကို မိတ်ဆွေဖွဲ့ လိုတဲ့ သဘောထားဖြင့် လှုပ်ရမ်းပြလာခဲ့ကာ သူ့ကိုယ်သူ ချစ်စရာကောင်းတဲ့ဖြစ်နေတယ်လို့ ထင်မြင်စွာနဲ့ ခေါင်းကို စောင်းငဲ့ပြလာလေတယ်။

ဟုန်ကျုံးက သူ့ကို ရွံရှာစွာဖြင့် ကြည့်လိုက်ပြီး ခေါင်းကို ပြတ်ပြတ်သားသား ပြန်လှည့်လိုက်တယ်။ထို့နောက် ကျန်းကျန်း ထိုင်နေတဲ့ အပူပေးခန်ရဲ့ နံဘေးသို့ လျှောက်သွားခဲ့ပြီး ဖိနပ်ဘေးမှာ လှဲလိုက်လေတယ်။

ကျန်းကျန်းက သူမ ခြေထောက်ကိုအမွှေးတွေနဲ့ ထိပွတ်သွားတာကို ခံစားမိတာကြောင့် အောက်ဘက်ကိုငုံ့ကြည့်လိုက်တော့ ဟုန်ကျုံးရဲ့ ရယ်စရာကောင်းတဲ့ မျက်နှာကိုတွေ့လိုက်ရတယ်။

“နင် ဗိုက်ပြည့်အောင် စားပြီးပြီလား? ဒါက နင့်ရဲ့ စားချင်စိတ်နဲ့ မကိုက်ညီလို့လား”

“အဲဒီခွေးငတုံးက ငါစားနေတာကိုကြည့်ပြီး သွားရည်တမြားမြားကျနေတာ.. အဲဒါက ငါ့ရဲ့စားချင်စိတ်ကို တကယ်ထိခိုက်စေတယ်.. အခု စားတောင် မစားချင်တော့ဘူး!”

ဟုန်ကျုံးရဲ့ အမြဲတစေ တုံးအအက မျက်နှာထားက အခုချိန်မှာတော့ တကယ်ကို အေးစက်ပြီး မာနကြီးသော ပုံစံကိုဖော်ပြထားခဲ့တယ်။ သူက ကျန်းကျန်းရဲ့ ခြေထောက်အောက်မှာ ပေါ့ပေါ့ပါးပါးတောင် မလှဲတော့ဘဲ ထျန်းဟူကို ဂရုမစိုက်တဲ့ ပုံစံမျိုး ဟန်ဆောင်ထားခဲ့တယ်။

“နင် တကယ်ကြီး ဟန်ဆောင်ပြနေတာပဲ!”

ကျန်းကျန်း ဟုန်ကျုံးကို ခြေထောက်နဲ့ လှမ်းထိလိုက်ျယ်။

“နင့်ရဲ့ အတွေးတွေနဲ့ ငါ့ကို အရူးလုပ်နိုင်မယ်ထင်လို့လား”

ဟုန်ကျုံးက သူ့ရဲ့မျက်လုံးတွေကို ရှေ့ခြေနှစ်ချောင်းနဲ့ အုပ်လိုက်ပြီး သူ အိပ်ပျော်နေပြီး ဘာမှ မကြားလိုက်သလို ဟန်ဆောင်နေခဲ့တယ်။

ထျန်းဟူက ဟုန်ကျုံးကို ဂရုတစိုက်ကြည့်ရင်း ဟုန်ကျုံးရဲ့ အစာခွက်အနားသို့ ဖြည်းညင်းစွာနဲ့ တရွေ့ရွေ့တိုးလာခဲ့တယ်။ သူ နီးကပ်လာချိန်မှာတောင် ဟုန်ကျုံးက ဂရုမစိုက်တာကို မြင်လိုက်ရတော့ သူက အစာခွက်အနီးသို့ သတ္တိတင်ပြီး ချဉ်းကပ်ရင်း အစမ်းသဘောနဲ့ ကိုက်ကြည့်လိုက်တယ်။

ဟုန်ကျုံးက အစာမျိုချသံကိုကြားတော့ တိတ်တဆိတ်ခေါင်းမော့ကာ ထျန်းဟူကို စိုက်ကြည့်လိုက်ပြီးမှ ပျင်းရိစွာနဲ့ မျက်လုံးပြန်မှိတ်လိုက်ပြန်တယ်။

All Chapters