အခန်း (၁၀၅)
Vol. 11 Ch. 105
လီမင်နန်နဲ့ လီမင်ပေတို့ကတော့ ခုချိန်ထိ ဟုန်ကျုံးရဲ့ ထူးဆန်းတဲ့ အတွေးတွေကို သတိမပြုမိခဲ့ကြသေးဘူး။
ဒီအခိုက်မှာ လီမင်နန်က လီမင်ပေကို စနောက်နေဆဲပဲဖြစ်ကာ လီမင်ပေကတော့ ပထမဆုံးအကြိမ်အဖြစ် ရှက်ဒေါသကြောင့် ပါးပြင်တွေက နီရဲလာခဲ့တယ်။
လီမင်ပေက နားရွက်နဲ့ ပါးပြင်ကိုကုတ်ကာ အပြင်ကို ခိုးထွက်ရန် အကြောင်းပြချက်ရှာချင်ခဲ့ပေမဲ့ လီမင်ပေက သူ့ရဲ့လက်ကို ဆုတ်ကိုင်ပြီး ရယ်မောလာမှာကိုလည်း ကြောက်လန့်နေမိတယ်။
ထို့နောက်မှာ ထျန်းဟူက ပန်းကန်လုံးထဲမှ အသားတွေကို စားပြီးနောက်မှာတောင် ထမင်းပန်းကန်ကို ထပ်ခါထပ်ခါလျက်နေတာကို တွေ့လိုက်ရတယ်။
နောက်ဆုံးတော့ သူ့အနေနဲ့ အကြောင်းအရာကို ပြောင်းလဲဖို့ အကြောင်းပြချက်တစ်ခုကို ရှာတွေ့သွားခဲ့တာကြောင့် မရည်ရွယ်သလိုဟန်ဆောင်ပြီး ပြောလိုက်တယ်။
“ ကျွန်တော်ပြောမယ်.. ဒီငတုံးခွေးက တကယ်ကို တုံးအ,တာနော်.. ဦးလေးကသူ့ကို ယုန်ဖမ်းခိုင်းတာကို ယုန် မဖမ်းနိုင်ခဲ့ပဲ နှံကောင်နောက်ကိုဘဲ နေ့တိုင်း ပြေးလိုက်နေတာတဲ့လေ.. စတုတ္ထ ဦးလေးက ဒေါသထွက်လုနီးပါးပဲ ဟားဟား!”
သူက ပြောရင်းနဲ့ အကြိမ်အနည်းငယ် ရယ်မောလိုက်တယ်။ သို့ပေမယ့် ရယ်မောနေရင်းနဲ့ လီမင်နန်နဲ့ ကျန်းကျန်းနှစ်ယောက်လုံးက ပါးစပ်တောင် မလှုပ်ကြဘူးဆိုတာကို သတိပြုမိသွားခဲ့တယ်။
“ရယ်စရာမကောင်းဘူးလား?”
လီမင်ပေက သူ့မျက်နှာကို ရှက်ရွံ့စွာ ကုတ်ခြစ်လိုက်ပြီး ဆက်ပြောလိုက်တယ်။
“စတုတ္ထဦးလေး သူ့နာမည်ကို ထျန်းဟူလိို့ ပြောင်းလဲလိုက်ပြီလေ.. ဦးလေးက နာမည်ပြောင်းလိုက်ရင် သူ ပိုပြီး ဥာဏ်ကောင်းလာလိမ့်မယ်လို့ ထင်ခဲ့ပေမဲ့ တာ့ရှာဇီက သူ့နာမည်ကိုတောင် မမှတ်မိခဲ့ဘူး”
လီမင်နန်က ခန်ပေါ်မှ အသီးခြောက်လက်တစ်ဆုတ်ယူကာ လေထဲကိုပစ်ပေးပြီး ဟုန်ကျုံးကို ဖမ်းခိုင်းလိုက်တယ်။
“ဒီခွေးက အသက်လေးနှစ်တောင်ရှိနေပြီ..အခုချိန်ကျမှ နာမည်ပြောင်းလိုက်ရင် မမှတ်မိနိင်တာ ပုံမှန်ပါပဲ.. ခွေးတိုင်းက ငါတို့ ဟုန်ကျုံးလို ဥာဏ်ကောင်းတာမဟုတ်ဘူး.. ဟုန်ကျုံးက နာမည်အရင်းကိုရော အိမ်နာမည်ကိုပါ နှစ်ခုလုံး မှတ်မိနိုင်တယ်.. ဟုတ်တယ်မလား.. ဟုန်ကျုံး”
ဟုန်ကျုံးက ဆက်လက်ပြီး အိပ်ပျော်နေသလို ဟန်မဆောင်တော့ဘဲ ခေါင်းကိုမော့ကာ လီမင်နန်ဆီကို ဂုဏ်ယူတဲ့အကြည့်နှင့် ကြည့်ရင်း ဟောင်သံပေးလာတယ်။ သူ့ရဲ့ပုံစံက သူ ချီးကျူးခံနေရမှာကို တခြားလူတွေ မသိဘဲနေမှာကိုတောင် ကြောက်နေသလိုမျိုးပဲ။
ကျန်းကျန်းက လီမင်ကျုံးရဲ့ ခေါင်းကို နောက်တစ်ကြိမ် ထပ်ထိလိုက်ပြီး ထမင်းပန်းကန်လုံးကို ပါးစပ်နဲ့ကိုက်ရင်း အိမ်ထဲမှာ လမ်းပတ်လျှောက်နေတဲ့ ထျန်းဟူနဲ့ ဆက်သွယ်ဖို့ အချက်ပြလိုက်တယ်။
သို့ပေမယ့် ထျန်းဟူက စိတ်ထဲမှာ အချက်အလက်တွေ အမှန်တကယ်ကို သိပ်ပြီးရှိမနေတဲ့ပုံပဲ။ သူ့ရဲ့ခေါင်းထဲမှာရှိနေသမျှအရာတွေအားလုံးကစားသောက်မယ်ဆိုတာကလွဲရင် ပုရွက်ဆိတ်တွေ လိုက်ဖမ်းမယ်၊ နှံကောင်တွေလိုက်ရှာမယ်နှင့် နောက်ထပ် လိပ်ပြာတွေနောက်ကို လိုက်မယ်ဆိုတာတွေပဲ ရှိပုံရတယ်။ သူက အိမ်ကို စောင့်ရှောက်ရမယ်ဆိုတဲ့ သတိတောင် မရှိဘူး။
အသက် လအနည်းငယ်လောက်သာရှိနေသေးတဲ့ ဟုန်ကျုံးလိုပဲ။
ကျန်းကျန်း တအံ့တသြနှင့် သက်ပြင်းချရင်း ပြောမိတယ်။
“ဒါက လူတွေမှာ အရပ်ရှည်လာပေမယ့် ဦးနှောက်ကတော့ ကြီးထွားမလာဘူးဆိုတာနဲ့ အတူတူပဲဖြစ်လိမ့်မယ်.. ငါက ငါ့ရဲ့ စတုတ္ထအစ်ကိုကို အမြဲတမ်း တုံးအ,တယ်လို့ ပြောနေတာ.. ဒါပေမယ့် ထျန်းဟူကိုတွေ့တော့ ငါ့ရဲ့အစ်ကိုက တုံးအ,တယ်ဆိုတဲ့စကားနဲ့ အဝေးကြီးပဲ ရှိသေးတာပဲဆိုတာသိသွားပြီ
ဟုန်ကျုံး ဒီနေ့ကစပြီး ထျန်းဟူက နင်နဲ့ အတူနေတော့မှာ.. နင်သာ နေ သူ့ကို သင်ပေးချင်ရင် နင်က သူ့အစ်ကိုဖြစ်လာမှာပဲ ဟုတ်တယ်မလား”
ဟုန်ကျုံးက သူ့ဘက်ကိုကြည့်ကာ အမြီးလှုပ်ပြနေတဲ့ ထျန်းဟူကိုလှမ်းကြည့်လိုက်ပြီး အလွန်အမင်း အထင်အမြင်သေးသလိုမျိုး သူ့ရဲ့ ခေါင်းတွေကို တစ်ဖက်သို့ ပြန်လှည့်လိုက်လေတယ်။
ကျန်းကျန်း ဟုန်ကျုံးရဲ့ ခေါင်းကို အသာပုတ်လိုက်တယ်။
“နင်က ခွေးတစ်ကောင်ဖြစ်နေလို့သာပဲ.. တကယ်လို့နင်သာ လူဖြစ်နေခဲ့ရင် အခု နင့်ရဲ့ပုံစံကြောင့် သုံးခါလောက်တောင် သေတဲ့အထိ ရိုက်နှက်ခံလိုက်ရပြီးပြီ”
လီမူစန်းက ညဘက်အိမ်ကိုပြန်သွားတဲ့အချိန်မှာ အမှန်တကယ်ကို ထျန်းဟူကို ပြန်မခေါ်သွားခဲ့တော့ဘူး။
လီမူဝူက သူ ညဘက်မှာ အရက်သောက်ထားခဲ့တာကြောင့် တစ်ယောက်တည်း လမ်းလျှောက်ပြန်တာကို စိတ်မချတာကြောင့် ဟုန်ကျုံးကို ပြန်လိုက်ပို့ဖို့ ခိုင်းစေခဲ့တယ်။
နာရီဝက်လောက်ကြာတော့ ဟုန်ကျုံးက ထျန်းဟူရဲ့ အိပ်ယာဖျာပိုင်းကို ကိုက်ပြီး ပြန်ပြေးလာခဲ့တယ်။ သူက ထျန်းဟူရဲ့အိပ်ယာကို မီးဖိုနားမှာ ပစ်ချလိုက်ပြီး ထျန်းဟူရဲ့ဖျာဘေးမှာ သူ့ရဲ့ ထူထဲတဲ့ အိပ်ယာကို ဆွဲယူချလိုက်တယ်။
လီမင်ပေက မီးဖိုချောင်ခန်းသို့ လိုက်သွားကြည့်ရင်း တအံ့တသြနှင့် ပြောလာတယ်။
“ကျွန်တော်တို့မိသားစုက ဟုန်ကျုံး ထျန်းဟူကို အတော် မုန်းတီးနေသလိုပြနေတာကိုပဲ မကြည့်နဲ့.. သူက တကယ်တော့ တော်တော်ကြီး ဂရုစိုက်ပေးတာနော်.. ထျန်းဟူရဲ့အစ်ကိုလိုမျိုးပဲ”
လီမင်နန်က ပြုံးလိုက်ပြီး လီမင်ပေရဲ့ ပုခုံးကို အသာရိုက်လိုက်တယ်။ ပြီးမှ လီမင်ပေရဲ့ ပုခုံးကို ပြန်ပွတ်သပ်ပေးလိုက်ရင်း ပြောလာခဲ့တယ်။
“မင်းရဲ့ တတိယအစ်ကိုကလည်း မင်းကို ဂရုစိုက်ပေးတယ်လေ.. ရုပ်ရှင်ကြည့်ဖို့တောင် ပိုက်ဆံရှင်းပေးတယ်.. မင်းရဲ့နှလုံးသားက အရည်ပျော်သွားပြီလား”
အိမ်နောက်ဖေးမှ အဆီပေါများတဲ့ ဝက်ကြီးကို တွေးမိတော့ လီမင်ပေရဲ့ နှလုံးသားက နာကျင်လာရပြန်တယ်။
“ကျွန်တော်ကတော့ တတိယမြောက်အစ်ကိုက မျက်လုံးကောင်းကောင်းမရှိဘူးလို့ ခံစားရတယ်”
လီမင်ရှီက လီမင်နန်ဆီမှ အငယ်ဆုံးညီလေးရဲ့ အတွင်းအပြင်အကြောင်းတွေကိုသိထားခဲ့ပြီးပြီ။ အခု လီမင်ပေရဲ့ မှားယွင်းခံနေရသလိုမျက်နှာကို မြင်တော့ သူက ချက်ချင်းလက်မထောင်ပြပြီး ပြောလိုက်တယ်။
“မင်းရဲ့ ကံဆိုးမှုက မင်းကို ဉာဏ်အလင်းရစေလိမ့်မယ်.. မင်းသာ စားဖို့ပဲ တွေးနေရင် မင်းဘယ်တော့မှ ဉာဏ်ရည်မြင့်မားလာတော့မှာ မဟုတ်ဘူး”
လီမင်ရှီရဲ့ စကားတွေက ဘာကိုဆိုလိုတာကို သူနားမလည်ပေမဲ့လည်း သူ့ကို ငတုံးလို့ ပြောနေတာကိုတော့ လီမင်ပေ ကြားနိုင်သေးတယ်။ သူက လီမင်ရှီရဲ့ နောက်ကျောပြင်ပေါ်ကို ခုန်တက်လိုက်ပြီး လည်ပင်းကို ပြင်းပြင်းထန်ထန် ခါရမ်းလိုက်တယ်။
“အစ်ကို ဘယ်သူကို ငတုံးလို့ ခေါ်နေတာလဲ! ဘယ်သူ့ကို ငတုံးလို့ ခေါ်နေတာလဲ!”
လီမင်ရှီက စစ်သင်တန်းကျောင်းမှ်ာနှစ်အတော်ကြာအောင် လေ့ကျင့်သင်ကြားခဲ့ပြီးပြီဖြစ်လို့ လီမင်ပေကို သူ့နောက်ကျောပေါ်မှာ သယ်ဆောင်ဖို့အတွက် ဘယ်လို့ အားစိုက်ထုတ်မှုမှ မလိုအပ်ခဲ့ဘူး။
အရှေ့ဘက်ခန်းမှာရှိနေတဲ့ မဒမ်လီက အနောက်ခန်းမှာ ပြဿနာရှာနေကြတဲ့ မြေးတွေရဲ့အသံကိုနားထောင်ရင်း သူမရဲ့မျက်နှာက ချစ်ခင်မှုအပြည့်ဖြင့် ပြုံးနေခဲ့ပေမဲ့ သူမရဲ့ပါးစပ်ကတော့ ကြမ်းတမ်းနေဆဲပဲ။
“ကောင်လေးတွေ ဒီလောက်ထိ အရွယ်ရောက်နေပြီ .. ခုချိန်ထိ ပြသနာရှာပြီး ဆော့ကစားနေကြတုန်းပဲလား”
သူမက ခန်ရဲ့အစွန်းနားကို ဆေးတံနဲ့ ခေါက်လိုက်ပြီး ထပ်မံ အော်ဟစ်ပြန်တယ်။
“ပေဇီ .. မင်းအသံက အဆူဆုံးပဲ.. မြန်မြန်ထပြီး အိပ်ရာဝင်တော့!”
ကောင်လေးတွေက မဒမ်လီရဲ့အသံကို လုံးဝမကြားခဲ့ကြဘူး။ လီမင်ပေက ဆက်တိုက်ဆိုသလို ငိုသံတွေရယ်သံတွလုပ်နေခဲ့ပြီး လီမင်နန်ရဲ့ အော်ရယ်သံတွေကလည်း သူတို့ရဲ့နားထဲကို ပြန့်လွင့်လာတုန်းပဲ။
ကျန်းကျန်းက ပြုံးလိုက်ပြီး မဒမ်လီ အိပ်ဖို့ ကူညီပေးခဲ့တယ်။
“သမီးကတော့ စတုတ္ထအစ်ကိုရဲ့ တုံးအအနိုင်တာကို သဘောကျတယ်.. သူ အဲလိုဖြစ်နေတဲ့အချိန်ဆိုရင် ချစ်စရာကောင်းတယ်လေ..”
ကျန်းကျန်း အိပ်ဖို့လုပ်နေတဲ့ အသံကိုကြားတော့ မကြာခင်တုန်းက ထျန်းဟူရဲ့ရောက်ရှိလာတုန်းက ကြောက်လန့်တကြားဝင်လာပြီးပုန်းနေတဲ့်ကြက်သားနှပ်က ပြန်ထွက်လာခဲ့ပြ ကျန်းကျန်းရဲ့ ခြေရင်းနားမှာ ရပ်ကာ မေးလာတယ်။
“ဟုန်ကျုံးရော? ဘယ်ကို ရောက်သွားတာလဲ”
ကျန်းကျန်းက သူ့ခေါင်းပေါ်သို့ ရေနွေးနဲ့ လှမ်းပက်ဖြန်းလိုက်တယ်။
“ရှာမနေနဲ့ ဟုန်ကျုံးနဲ့ သူ့ရဲ့ညီလေး ထျန်းဟူက မီးဖိုချောင်မှာ သွားအိပ်နေတယ်.. မင်းက ကြက်ဖတစ်ကောင်လေ.. မင်း ပျင်းနေရင် အပြင်မှာရှိတဲ့ကြက်မအုပ်စုဆီကိုသွားနေပါလား.. တစ်နေ့လုံး ပိုးဟပ်နီကောင်နောက်မှာ ကပ်ပြီးတော့ ဘာလုပ်နေတာလဲ”
ကြက်သားနှပ်က ရေနှင့် ထိသွားခဲ့ပေမဲ့ ကြောက်လန့်မှုမရှိဘဲ လည်ပင်းကို ခါရမ်းလိုက်တယ်။
သူ့ရဲ့ ပဲပိစပ်မျက်လုံးတွေက ဒေါသတကြီး စိုက်ကြည့်ရင်း တံခါးပေါက်ကြားမှ ထွက်သွားတော့တယ်။
ခဏအကြာမှာတော့ မီးဖိုခန်းထဲမှ ကြက်တောင်ပံခတ်သံတွေနှင့် ခွေးသံတွေက ခုန်ပေါက်ထွက်လာခဲ့ပြီး အချိန်အတော်လေးကြာမှ ရပ်တန့်သွားခဲ့တယ်။
ကျန်းကျန်း အပြင်ကိုထွက်ပြီး တစ်ချက်ကြည့်လိုက်တော့ ထျန်းဟူက ညှိုးငယ်တဲ့မျက်နှာနှင့် ထောင့်စွန်းမှာ လဲလျောင်းနေတာကို တွေ့လိုက်ရပြီး ကြက်သားနှပ်ကတော့ ဟုန်ကျုံးရဲ့ နောက်ကျောပေါ်ကို တက်နေခဲ့တယ်။
ကြက်သားနှပ်ရဲ့ နှုတ်သီးမှာတော့ ထျန်းဟူရဲ့ခွေးအမွေးအနည်းငယ်ရှိနေခဲ့ပြီး သူ့မျက်နှာကတော့ မာနကြီးတဲ့ အကြည့်တို့ရှိနေခဲ့တယ်။
ကျန်းကျန်းကတော့ သူ့ကို ဇလုံနဲ့ခေါက်ချင်နေပြီ။
**
ကျန်းကျန်းက နေထွက်လာတဲအထိ အိပ်ပျော်နေခဲ့ပြီး သူမ အိပ်ယာမှနိုးလာတဲ့အချိန်မှာ လီမင်ပေက သူ့ရဲ့ ခေါင်းကိုလျှော်ထားပြီဖြစ်ကာ အိမ်မှာရှိတဲ့ တစ်ချပ်တည်းသော မှန်ကို အရှေ့မှာထောင်ပြီး ဆံပင်အစိုကြီးနဲ့ စိုက်ကြည့်နေခဲ့တယ်။
ကျန်းကျန်း စောင်ကို လက်မောင်းထဲမှာ ပွေ့ပိုက်ထားရင်းနှင့် သန်းဝေလိုက်တယ်။
“စတုတ္ထအစ်ကို ဘာလို့ မနက်အစောကြီး ပြင်ဆင်နေတာလဲ.. ရုပ်ရှင်သွားကြည့်မှာကို သိထားလို့တော်သေးတာပေါ့ .. မသိတဲ့သူတွေဆို အစ်ကိုက ကြင်ဖက်သွားတွေ့ဖို့လုပ်နေတယ်လို့တောင် ထင်သွားကြလိမ့်မယ်”
လီမင်ပေရဲ့ နားရွက်တွေက နီရဲလာခဲ့ပြီး သူ့ရဲ့ဆံပင်တွေကို သုတ်ရင်းနဲ့ ခေါင်းမာစွာ ပြောလာတယ်။
“ငါက တတိယအစ်ကိုကို လေးစားမှုပေးချင်လို့လေ.. သူက နှစ်အတော်ကြာပြီးမှ ပြန်လာရတာ..ဒါကြောင့် ငါ သူ့ကို လေးစားတဲ့အနေနဲ့ ခေါင်းလျှော်လိုက်တာ”
လီမင်ပေက ပန်ကိတ်ကို လက်တစ်ဖက်မှာကိုင်ကာ တံခါးဝမှာ ရပ်ရင်း ပျင်းရိစွာပြောလာတယ်။
“ငါ့ကို ဆင်ခြေအနေနဲ့ မသုံးနဲ့.. မနေ့ညတုန်းက အိပ်ယာဝင်ဖို့အတွက် ခြေထောက်ဆေးမှာကိုတောင် ငါ ပြောခဲ့ရတာလေ.. ဘယ်သူက မင်းကိုယုံမှာလဲ”
လီမင်ပေက သူ့ရဲ့စကားတွေကို လုံးဝမကြားသလိုပဲ။ သူက ကတ်ကြေးကြီးတစ်ခုကို ကိုင်က် သူ့ရဲ့ဆံပင်ကို ကိုယ်တိုင် ညှပ်နေခဲ့ပြီး ပြီးတာနဲ့ ခေါင်းကို ခါရမ်းကာ အပြင်ကို ထွက်သွားတယ်။
ကျန်းကျန်းတစ်ယောက် လီမင်ပေရဲ့ဆံပင်တွေက ခွေးကိုက်ခံထားရသလို လှီးဖြတ်ခံထားရတာကို တွေ့လိုက်ရတော့ ထိတ်လန့်သွားခဲ့ရတယ်။
“တတိယစ်ကို.. စတုတ္ထအစ်ကိုက မျက်လုံးကန်းနေတယ်လို့ ထင်လား”
လီမင်နန်သည်လည်း ခဏလောက် တိတ်ဆိတ်နေခဲ့တယ်။
“နည်းနည်းလောက် ဖြစ်နိုင်တယ်လို့ထင်တယ်.. ငါကတော့ ရုပ်ရှင်တောင် သွားမကြည့်ချင်တော့သလိုပဲ.. လီမင်ပေရဲ့ မျက်လုံးထဲမှာ ကြည့်ကောင်းတဲ့ မိန်းကလေးက တကယ်ကြည့်ကောင်းမှာမဟုတ်ဘူးလို့ ခံစားနေရပြီ”
ကျန်းကျန်း ခဏလောက် ရုန်းကန်နေခဲ့ပြီး နောက်ဆုံးတော့ လီမင်ပေဘက်ကနေ ကူညီပြီးပြောပေးလိုက်တယ်။
“ဒါက ညီမလေးတို့ စတုတ္ထအစ်ကိုရဲ့ ဘဝမှာ တစ်ကြိမ်တည်းသော မျက်လုံးကောင်းခဲ့တဲ့အကြိမ် ဖြစ်နိုင်တယ်”
**