← Chapters

အခန်း (၁၀၆)

Vol. 11 Ch. 106

အခန်း (၁၀၆)

Vol. 11 Ch. 106

နေ့လည်ပိုင်းမှာ အသားစားရဖို့ မဖြစ်နိုင်တာကြောင့် လီမင်ပေက လျော်ကြေးအဖြစ် မနက်အစောကြီး အိပ်ရာကထပြီး ပန်ကိတ်အကြီးတစ်လုံးနဲ့ အသားလက်ကျန် ပန်းကန်လုံးတစ်ဝက်လောက်ကို စားခဲ့တယ်။

ပြီးနောက် သူက စုတ်ပြဲနေတဲ့ ဂျာကင်အင်္ကျီကို သန့်ရှင်းတဲ့ လက်ရှည်အင်္ကျီနဲ့ အမြန်လဲဝတ်လိုက်တယ်။ အတွင်းပိုင်းအင်္ကျီကတော့ သူ့အတွက် သေးငယ်နေပေမဲ့ သူကတော့ တခြားအဝတ်တွေထက် ပိုကောင်းတယ်လို့ထင်ခဲ့တယ်။ နည်းနည်းဟောင်းနေပေမယ့် အသားကလည်းကောင်းမွန်ပြီး ဖာထေးမှုတွေ မရှိဘူးလေ။

လီမင်နမ်နဲ့ လီမင်ရှီတို့က သူ့ကို ရယ်မောချင်စွာ ကြည့်နေခဲ့ပေမယ့် လီမင်ပေကတော့ ဘယ်လိုအမှားအယွင်းကိုမှ သတိမထားမိခဲ့ဘူး။ သူ အပြင်ကိုထွက်ခါနီးမှာမှ သူ့ရဲ့ အတွင်းမှာဝတ်ထားတဲ့အဝတ်အစားတွေက သိပ်မကောင်းတာကို သတိပြုမိသွားတယ်။

သားရေဦးထုပ်ဆောင်းပြီး စိတ်အားထက်သန်နေတဲ့ လူငယ်လေးက အဝေးကနေလှမ်းကြည့်ရင် ဦးလေးတစ်ယောက်နဲ့ တူနေခဲ့လိမ့်မယ်။

လီမင်ပေ ရုတ်တရက် စိတ်ဓာတ်ကျသွားခဲ့ရပြီး အပြင်ဘက်မှာ ထူထပ်စွာကျဆင်းနေတဲ့ နှင်းတွေကိုကြည့်ရင်း ပြောလိုက်မိတယ်။

“နွေဦးပေါက်ပြီးမှပဲ ရုပ်ရှင်သွားကြည့်ရအောင်လေ”

“ရတယ်လေ”

လီမင်နန်က ချက်ချင်းသဘောတူလိုက်တယ်။

“ဘာပဲဖြစ်ဖြစ် ငါက ပိုက်ဆံသက်သာမဲ့သူပဲ”

လီမင်နန်က လီမင်ရှီကို ခန်ပေါ်သို့ ဆွဲခေါ်သွားရင်း ပြောလိုက်တယ်။

“ကျွန်တော်တို့အတန်းထဲက ကျောင်းသားတော်တော်များများက ဒီဆောင်းရာသီအားလပ်ရက်မှာ တစ်ယောက်ယောက်နှင့် ချိန်းတွေ့ချင်တယ်လို့ ပြောနေကြတယ်”

လီမင်ရှီကလည်း ညီဖြစ်သူရဲ့ စကားနောက်ကနေလိုက်ပြီး ခေါင်းညိတ်ကာပြောလာတယ်။

“အခုက အထက်တန်းကိုရောက်သွားမှ ကြင်ဖက်ရှာမယ်ဆိုရင် အတော်နောက်ကျသွားပြီလေ.. ငါတို့ကျောင်းမှာဆိုရင် အလယ်တန်းတတိယနှစ်မှာ လက်တွဲဖော်မရှိတဲ့သူတွေက သိပ်မကျန်တော့ဘူး .. ဟုတ်တယ်မလား မင်ပေ”

လီီမင်ပေ ခဏလောက် ကြောင်အနေခဲ့ပြီး အပူချိန် 30 ဒီဂရီနီးပါးရှိတဲ့ အခန်းထဲမှာ သူ့ရဲ့ခေါင်းက ချွေးတွေထွက်လာရတယ်။

သူက သားရေဂျာကင်အင်္ကျီကို တစ်ဝက်လောက် ချွတ်လိုက်ပြီး ထုံထိုင်းစွာပြောလာခဲ့တယ်။

“ဒါဆို တတိယအစ်ကို.. ဘာဖြစ်လို့ မသွားသေးတာလဲ.. ရုပ်ရှင်သွားကြည့်ရအောင်လေ.. ရုပ်ရှင်ကားအသစ်ထွက်လာတော့မလား မသိဘူး”

လီမင်ရှီနဲ့ လီမင်နန်တို့က ဆိုးသွမ်းတဲ့ အပြုံးမျိုးပြုံးကာ တစ်ယောက်ကို တစ်ယောက် ကြည့်လိုက်ကြတယ်။

“ကောင်းပြီလေ.. သွားကြတာပေါ့.. ဒုတိယအစ်ကိုက မင်းတို့ကို နေ့လည်စာဝယ်ကျွေးမယ်”

လီမင်ရှီက စစ်တပ်ထဲမှရရှိတဲ့ ကိုယ်ပိုင်ထောက်ပံ့ကြေးကလည်း အတော်လေးများပြားပြီး စားနပ်ရိက္ခာတံဆိပ်တုံးတွေလည်း ရထားခဲ့တယ်.. ဒါကြောင့် ပိုက်ဆံနဲ့ အစားအသောက်တံဆိပ်တုံးတွေကို ထုပ်ယူပြီး ပျော်ပွဲရွှင်ပွဲဝင်ဖို့ ပြင်ဆင်ခဲ့တယ်။

ဒါ့အပြင် လီမင်ရှီက နှင်းတွေထူထဲနေတာကြောင့် ကျန်းကျန်းအတွက် ခက်ခဲလိမ့်မယ်လို့ တွေးတောကာ ကောက်နှံဂိုဒေါင်ထဲမှ စွတ်ဖားလှည်းကိုထုတ်ယူကာ ကျန်းကျန်းကို ထိုအပေါ်မှာထိုင်စေပြီး သူနဲ့ လီမင်နန်တို့ အတူဆွဲဖို့ လုပ်ခဲ့တယ်။

အခုချိန်မှာ နှင်းတွေက အလွန်ထူထပ်နေခဲ့ပြီး မာကြောနေပြီဖြစ်လို့ လီမင်ရှီနှင့် လီမင်နန်တို့က လှည်ကို အမြန်ဆွဲနေခဲ့ကြတယ်။ လီမင်ပေကတော့ စိတ်ထဲမှာ ဘာတွေတွေးနေမှန်းကို မသိရဘဲ အဝေးကိုမျှော်ကြည့်လိုက် ပြုံးလိုက်လုပ်နေခဲ့တယ်။

ဒီဘက်ခေတ်ကာလမှာ ကားတွေ မရှိသေးလို့ တော်သေးတယ်လို့ ဆိုရလိမ့်မယ်။ နောက်ပိုင်းမျိုးဆက်တွေဆီမှာသာဆိုရင် ယာဉ်မတော်တဆမှုနှင့်တောင် ကြုံတွေ့ရနိုင်တယ်။

ညီအစ်ကို ၊မောင်နှမ လေးယောက်က ရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံသို့ ရောက်ရှိလာကြပြီး ယွီဝမ်ရှို့တို့မိသားစုနေထိုင်တဲ့ အဆောက်အအုံကို ကျော်ဖြတ်သွားချိန်မှာ လီမင်ပေက အနည်းငယ် စိတ်လှုပ်ရှားနေခဲ့ကာ ရှေ့ကို ဆက်မတိုးနိုင်တော့ဘူး။

ကျန်းကျန်း သူမရဲ့ အသိစိတ်နှင့် ပတ်ဝန်းကျင်ကို လှမ်းကြည့်လိုက်ဆော့ ယွီဝမ်ရှို့က သူ့အစ်ကိုရဲ့ အရှေ့မလှမ်းမကမ်းမှာ သွားနေတာကို တွေ့လိုက်ရတယ်။

လီမင်ပေတစ်ယောက် ယွီဝမ်ရှို့တို့ရဲ့အိမ်က အနောက်ဘက်မှာ ကျန်ခဲ့တော့မယ်ဆိုတာကိုတွေ့တော့ သူက သစ်မြစ်တစ်ခုမှာ ထိုင်ချလိုက်ကာ သူ့နဖူးကို ပုံကြီးချဲ့စွာ သုတ်လိုက်တယ်။

“အား..ကျွန်တော် ပင်ပန်းနေပြီ.. ခဏလောက်ထိုင်ပြီး အနားယူရအောင်လေ”

လီမင်နန် သူ့ဘက်ကို နှင်းတွေနဲ့ ကန်ထုတ်တော့တယ်။

“ဒုတိယအစ်ကိုနဲ့ ငါ ကျန်းကျန်းကို လမ်းတလျှောက်လုံးဆွဲလာတာတောင် မပင်ပန်းဘူး.. မင်းက ဘာကို အရမ်းပင်ပန်းနေတာလဲ.. မြန်မြန်ထစမ်း”

“ကျွန်တော် တကယ် လမ်းမလျှောက်နိုင်ဘူး တတိယအစ်ကို”

လီမင်ပေက မြေပြင်ပေါ်မှာထိုင်ပြီး သူ့ရဲ့ ပါးစပ်ကို လက်နဲ့ရမ်းပြတယ်။

“ကျွန်တော် ရေနည်းနည်းဆာနေပြီ.. တစ်ယောက်ယောက်ရဲ့အိမ်ကို သွားပြီး ရေတစ်ခွက်တောင်းသောက်လိုက်ဦးမယ်”

ကျန်းကျန်း သူမရဲ့ ရေပုလင်းကို တိတ်တဆိတ် လှမ်းပေးလိုက်တယ်။

“ညီမလေးအတွက် အဖွားထည့်ပေးခဲ့တဲ့ ပျားရည်ဖျော်ရည်သောက်လိုက်လေ.”

လီမင်ရှီက သူ့ကို ရွံရှာစွာ ကြည့်ပြီး ပြောလာတယ်။

“မင်း ဘာလို့ ကြောင်သူတော်ယောင်ဆောင်နေတာလဲ.. ရေငတ်နေရင် နှင်းတွေကောက်စားလိုက်လေ”

သူက ဘေးပတ်ပတ်လည်ကို လှည့်ကြည့်လိုက်ပြီး ဘယ်သူမှ မနင်းထားတဲ့ သန့်ရှင်းတဲ့ နေရာကို ရှာလိုက်ပြီး နှင်းတစ်ဆုတ်ကောက်ယူလိုက်တယ်။

“ရော့.. ဒီနှင်းတွေက သန့်တယ်.. နှစ်လုပ်လောက်စားလိုက်”

“ဒါက အေးလွန်းတယ်လေ.. သွားတွေ ကျဥ်သွားလိမ့်မယ်”

လီမင်ပေက ထွက်ခွာဖို့ကို တွန့်ဆုတ်နေပုံရပြီး တစ်ဖက်မှ တိုက်တန်းရဲ့အပေါ်ထပ်ကို မော့ကြည့်လိုက်တယ်။

သို့ပေမယ့် ထိုအခန်းက ပြတင်းပေါက်ကို တင်းတင်းကြပ်ကြပ်ပိတ်ထားသလို ပြတင်းပေါက်အတွင်းမှာလည်း ပလပ်စတစ်အခင်းတွေ ကာထားပုံရတယ်။ မီးခိုးရောင်မျက်နှာပြင်ကလွဲရင် ဘာမှမမြင်ရဘူး။

“မနေ့ညက အေးခဲထားတဲ့ သစ်တော်သီးကို စားတုန်းကတော့ အစ်ကို့ရဲ့သွားတွေ ဘာလို့ ကျဥ်မသွားရတာလဲ”

ကျန်းကျန်းက ဒေါသတကြီး ဆူပူလိုကာ ယွီဝမ်ရှို့သွားနေတာက ပိုပိုပြီး ဝေးကွာလာတာကို တွေ့လိုက်ရတာကြောင့် မနေနိုင်တော့ဘဲ ပြောလိုက်ရတယ်။

“ဒါနဲ့ စတုတ္ထအစ်ကို ခုနတုန်းက အစ်မဝမ်ရှို့ ဖြတ်သွားတာကို တွေ့လိုက်ရတယ်.. သူမ နောက်ကလိုက်ပြီး သောက်စရာဘယ်မှာရမလဲ သွားမေးလိုက်ပါလား”

လီမင်ပေက မြေပြင်မှ ချက်ချင်း ခုန်ထလာပြီး သူ့ရဲ့တင်ပါးပေါ်မှ နှင်းတွေကိုတောင် ဂရုမစိုက်တော့ဘဲ လည်ပင်းကိုဆန့်တန့်ပြီး အရှေ့သို့ မျှော်ကြည့်လာတယ်။

“ဘယ်မှာလဲ.. ငါဘာလို့ မမြင်ရတာလဲ “

ကျန်းကျန်းက အပြစ်ကင်းတဲ့မျက်နှာနဲ့ အရှေ့ဘက်ကို ညွှန်ပြလာတယ်။

“ညီမလေးမြင်လိုက်တာကြာပြီ.. အစ်ကိုခြေထောက်နာပြီးထိုင်နေတာကိုမြင်လို့ မပြောလိုက်တာ”

လီမင်နမ်နှင့် လီမင်ရှီတို့က ရယ်မောကြပြီး လီမင်ပေကတော့ တခြားဘာကိုမှ ဂရုမစိုက်တိုင်တော့ဘူး။

“အစ်ကိုတို့တွေ မြန်မြန်လုပ်ကြတော့.. မနှောင့်နှေးကြနဲ့ ရုပ်ရှင်က မကြာခင်စလောက်တော့မှာ”

လီမင်ရှီက လီမင်ပေရဲ့ အလွန်သွက်လက်နေတဲ့ ခြေထောက်တွေကို ကြည့်ပြီး လှောင်ပြောင်လိုက်တယ်။

“အိုး.. မင်း အခု မပင်ပန်းတော့ဘူးပေါလေ.. မင်း ပြန်ကောင်းလာတာမြန်သားပဲ”

မင်နန်က မျက်လုံးတွေကို ကျဥ်းမြောင်းရင်း လီမင်ပေကို စောင်းကြည့်လာတယ်။

“ကျွန်တော်တို့မိသားစုရဲ့ စတုတ္ထလေးက မပင်ပန်းပေမယ့် ပင်ပန်းချင်ယောင်ဆောင်နေတာဖြစ်မယ်”

လီမင်ရှီက ခေါင်းတဆတ်ဆတ်ညိတ်လိုက်တယ်။

“အမှန်ပဲ.. ငါဆို ငယ်ငယ်တုန်းက အဲဒါတွေ သိပ်ပြီးမစဉ်းစားခဲ့ဘူး.. သူကတော့ အလယ်တန်းကျောင်းမပြီးခင်ကတည်းက ကြင်ဖက်အကြောင်းကို တွေးတောနေပြီ”

လီမင်ပေက လျှင်မြန်စွာလျှောက်သွားရင်း ပျောက်ကွယ်လုနီးပါးဖြစ်သွားပြီဆိုတာကိုမြင်တော့ မင်နန်နှင့် မင်ရှီတို့ နှစ်ယောက်လုံးက ကျန်းကျန်းရဲ့ လှည်းကို အမြန် ဆွဲလိုက်ကြတယ်။

ကျန်းကျန်း နှင်းဘောလုံးတစ်လုံး ပြုလုပ်ပြီး လီမင်ရှီရဲ့ပေါင်ကို ပစ်ပေါက်လိုက်တယ်။

“ဒုတိယ အစ်ကို.. အစ်ကိုက ဘာလို့ အလျင်မလိုသေးတာလဲ.. ညီမတို့အစ်ကိုကြီး ဒုတိယအစ်ကိုရဲ့ အသက်အရွယ်တုန်းက သူ့မှာ အသားမုန့်လုံးတောင်ရှိနေပြိ.. အစ်ကို့ဆီမှာ ခုထိရည်းစားတောင်မရှိသေးဘူး”

လီမင်ရှီရဲ့မျက်နှာက ပြောင်းလဲသွားပြီး သူက အနောက်ကိုပြန်လှည့်ပြီးအပြုံးနဲ့ပြောလာတယ်။

“ငါတို့ စစ်သင်တန်းကျောင်းက ချစ်ဖို့ ခွင့်မပြုထားဘူး”

“ကောင်းပြီလေ.. ဒါဆို ညီမလေး အစ်ကိုကို စောင့်ကြည့်နေမယ်.. အစ်ကို ဘွဲ့ရပြီးတာနဲ့ ဇနီးတစ်ယောက်လက်ထပ်နိုင်မှာမလား”

ကျန်းကျန်းက ရယ်မောနေတဲ့ လီမင်နန်ကိုကြည့်ပြီး ဆက်ပြောလိုက်တယ်။

“တတိယအစ်ကို .. ရယ်မနေနဲ့ဦး.. အစ်ကိုက ဒုတိယအစ်ကိုထက်တောင် စောပြီး (အထက်တန်း)ဘွဲ့ရမှာလေ.. အဖွားက နွေရာသီကျရင် အစ်ကိုအတွက် ကြင်ဖက်ရှာဖို့ စီစဥ်ချင်နေပြီ”

လီမင်နန်တစ်ယောက် လည်ပင်းကို အညှစ်ခံလိုမျိုး အရယ်ရပ်သွားခဲ့ရတယ်။ သူ့ရဲ့မျက်နှာက နီရဲပြီး ဘာပြောရမှန်းမသိ ဖြစ်နေပုံပဲ။

လီမင်ရှီက ပြုံးလိုက်ပြီး ညီဖြစ်သူရဲ့ ပုခုံးကို ပုတ်ပေးလိုက်တယ်။

ထို့နောက် ကျန်းကျန်းရဲ့ ခေါင်းကို အသာပုတ်လိုက်ကာ:

“အကြီးဆုံးညီမလေး.. မင်းက စတုတ္ထညီလေးအတွက် ဒေါသကို ငါ တို့ဆီမှာ ပုံချနေတာလား”

“ အဲဒါမမှန်သေးဘူး”

ကျန်းကျန်းက သူမရဲ့နှာခေါင်းကိုရှုံ့လိုက်ပြီး ဆက်ပြောခဲ့တယ်။

“အဓိကက အစ်ကိုတို့နှစ်ယောက် လမ်းလျှောက်တာ အရမ်းနှေးနေလို့ပဲ.. ဒီလိုနှုန်းနဲ့ ဆက်သွားနေရင် စတုတ္ထအစ်ကိုကြိုက်နေတဲ့အစ်မကို အစ်ကိုတို့တွေ မြင်နိုင်တော့မှာမဟုတ်ဘူး”

လီမင်ပေက ခြေလှမ်းကျဲကြီးတွေနှင့် တစ်ကီလိုမီတာ ၊ နှစ်ကီလိုမီတာလောက်အထိရောက်အောင် အမြန်လျှောက်လာခဲ့ပြီးမှ အကွာအဝေးအနည်းငယ်လောက်မှ ယွီဝမ်ရှို့ကို တွေ့လိုက်တယ်။

သူက နှင်းတွေထူထဲစွာကျဆင်းနေတာကြောင့် လမ်းလျှောက်ရခက်ခဲတာကို ဂရုမစိုက်ဘဲ အရှိန်ကို ထပ်တိုးလိုက်ကာ ထိုမောင်နှမနှစ်ယောက်ကိုအမှီလိုက်ရင်း မော်ခေါ်လိုက်တယ်။

ယွီဝမ်ရှို့ အံ့အားသင့်စွာနှင်် လှည့်ကြည့်လိုက်တော့ လီမင်ပေကိုတွေ့လိုက်ရတာကြောင့် အနည်းငယ် ပြုံးရင်း မေးလာတယ်။

“တိုက်ဆိုင်လိုက်တာ.. ဒီလောက် နှင်းထူထပ်တဲ့နေ့မှာ ဘယ်လိုလုပ်ပြီး စက်ရုံကို ရောက်လာတာလဲ”

သူက နှာခေါင်းဖျားမှ ချွေးတွေကို လက်နဲ့ သုတ်လိုက်ပြီး အပြုံးတစ်ခုနှင့် ပြန်ပြောလိုက်တယ်။

“ငါ့ရဲ့ ဒုတိယအစ်ကိုနဲ့ တတိယအစ်ကိုလည်း ပါလာတယ်.. သူတို့တွေ ရုပ်ရှင်ကြည့်ချင်တယ်ဆိုလို့ ငါလည်း လိုက်လာခဲ့တာ”

သူက ယွီဝမ်ရှို့ရဲ့ နားရွက်တွေနီရဲနေတာကိုကြည့်ရင်း သတ္တိမွေးရင်း ဆက်မေးလိုက်တယ်။

“မင်းတို့ရော ဘယ်သွားမလို့လဲ”

“ငါတို့လည်း ရုပ်ရှင်သွားကြည့်တာလေ.. နှစ်ကုန်ပိုင်းမှာ အဖေက လက်မှတ်နည်းနည်းရထားတယ်.. ငါ့မောင်လေးကလည်း ဒီရက်ပိုင်း အိမ်မှာပဲ နေနေရတာနဲ့ ရုပ်ရှင်လာကြည့်လိုက်တာ”

ယွီဝမ်ရှို့က ပြုံးပြီး သူမရဲ့မောင်ကို အရှေ့သို့ ဆွဲထုတ်လိုက်တယ်။

“ငါ ဒီရက်ပိုင်း သိပ်မကြည့်ရသေးဘူး.. ဇာတ်ကားသစ်တွေ တင်နေလို့လား.. အရင်ကားတွေက ကြည့်ဖူးတာများနေတော့ နည်းနည်းတောင်ပျင်းနေပြီ”

“အဲလို မဟုတ်ဘူး”

လီမင်ပေက အသံတိုးတိုးနဲ့ ရယ်လိုက်ပြီး ဘယ်သူမှမရှိတဲ့အနောက်ဘက်ကို လက်ညိုးထိုးလိုက်တယ်။

“ငါလည်း အစ်ကိုတွေနှင် ညီမတို့နဲ့ အတူ ကြည့်ဖို့ လိုက်လာခဲ့တ”

ယွီဝမ်ရှို့က သူ့ရဲ့ နောက်ကို ပြန်လှည့်ကြည့်တော့ ကျန်းကျန်းရဲ့အရိပ်အယောင်ကို မတွေ့ရတာကြောင့် ပြန်မေးလိုက်တယ်။

“မင်ကျန်းရော ဘယ်မှာလဲ.. ဘာလို့ သူမကို မတွေ့ရတာလဲ?”

လီမင်ပေက အနောက်ကို ပြန်ကြည့်လိုက်တော့မှ မင်ရှီတို့ သုံးယောက်သူ့နောက်ကို လိုက်မလာနိုင်သေးကြောင်း သဘောပေါက်သွားပြီး သူ့နှာခေါင်းကို ပွတ်သပ်ရင်း ခပ်တောင့်တောင့်ရယ်လိုက်တယ်။

“ငါ့ရဲ့ ဒုတိယအစ်ကိုနဲ့ တတိယအစ်ကို ငါ့ညီမရဲ့ စွတ်ဖားလှည်းကို ဆွဲရင်း လာနေကြတာလေ.. ဒါကြောင့် ငါ အရှေ့ကကြိုပြီး လက်မှတ်ဝယ်ဖို့ လာခဲ့တာ”

ယွီဝမ်ရှို့က ခေါင်းညိတ်လိုက်ပြီး သူမရဲ့မောင်ဖြစ်သူကို ဆွဲခေါ်ပြီး အရှေ့ကို ဆက်လျှောက်သွားခဲ့တယ်။

လီမင်ပေက သူတို့ရဲ့နောက်ကနေ ဖြည်းဖြည်းချင်း လိုက်သွားခဲ့တယ်။ သူ့အနေနဲ့ စကားပြောချင်ပေမဲ့လည်း ဘာပြောရမလဲဆိုတာကိုလည်း မသိတာ ယွီဝမ်ရှို့ရဲ့ နောက်ကျောကိုသာကြည့်ကာ တုံးအအနိုင်စွာ ပြုံးနေခဲ့တယ်။

All Chapters