အခန်း (၁၀၇)
Vol. 11 Ch. 107
လီမင်ရှီနဲ့လီမင်နန်တို့ ကျန်းကျန်းကိုဆွဲရင်းနှင့် လီမင်ပေနောက်က လိုက်လာခဲ့ကြပြီး ရုပ်ရှင်ရုံနားကိုရောက်လာခါနီးမှာကျမှ သူ့ရဲ့အသံကို ကြားလိုက်ရတယ်။
လီမင်ရှီက လီမင်နန်ရဲ့ ပုခုံးကို လှမ်းကိုင်ပြီး မျက်ခုံးကိုပင့်မ,ရင်းပြောလိုက်တယ်။
“ဖြေးဖြေးပဲ သွားရအောင် မင်ပေ့ကို လှုပ်ရှားဖို့ အခွင့်အရေးပေးလိုက်ဦး”
ကျန်းကျန်းက အဝေးမှလီမင်ပေရဲ့ အမူအရာကို မမြင်ရတာကြောင့် သူမရဲ့ အသိစိတ်ကို သုံးပြီး ကြည့်လိုက်ျယ်။
လီမင်ပေက လက်မှတ်ဖြတ်ပြတင်းပေါက်မှ “လက်မှတ်တစ်စောင် နှစ်ဆယ်ဆင့်” ဆိုတဲ့စကားလုံးကိုမြင်တော့ အနည်းငယ် မှင်တက်သွားခဲ့ပြီး သူ့ရဲ့ နားရွက်တွေက ချက်ချင်းပဲ နီရဲလာခဲ့တယ်။
“ရုပ်ရှင်လက်မှတ်တွေက ဈေးတက်သွားပြီလား”
“အင်း”
ယွီဝမ်ရှို့ ပြန်ပြောလာတယ်။
“အပြင်ဘက်က ရုပ်ရှင်လာကြည့်တဲ့သူတွေ အရမ်းများလာတော့ ဝန်ထမ်းတချို့က သူတို့ရဲ့ ထင်မြင်ချက်တွေကို ထုတ်ပြောလာကြတယ်လေ.. ဒါကြောင့် လက်မှတ်တစ်စောင်ကို ဆင့် 20 အထိ ဈေးတိုးသွားခဲ့တာ”
မူလတုန်းက သူ့ လီမင်ရှီဆီမှပိုက်ဆံနဲ့ လက်မှတ်ဝယ်ချင်ခဲ့ပေမဲ့ ယွီဝမ်ရှို့ဆီမှာ သူ လက်မှတ်ဝယ်ဖို့ အရှေ့ကနေ လာခဲ့တာလို့ရပြောထားခဲ့တယ်လေ။ အခုချိန်ကျမှ ယွီဝမ်ရှို့ကို သူ လက်မှတ်ဝယ်ဖို့ ကျန်းကျန်းတို့ရောက်လာမဲ့အချိန်ကို စောင့်နေဦးမယ်လို့ ပြောခဲ့မယ်ဆိုရင် သူ့ရဲ့မျက်နှာကိုဖြတ်ရိုက်သလိုဖြစ်သွားလိမ့်မယ်။
ဒါကြောင့် နာကျင်စွာနဲ့ပဲ သူ့ရဲ့အိတ်ကပ်ထဲကို လက်နှိပ်ပြီး သူ အချိန်အကြာကြီး စုဆောင်းထားခဲ့ရတဲ့ ဆင့်ရှစ်ဆယ်ကို ထုတ်ယူလိုက်ရတယ်။
ထို့နောက် တုန်ယင်နေတဲ့ လက်တွေနှင့် ပိုက်ဆံကို လက်မှတ်ရုံဆီသို့ ဆန့်ထုတ်လိုက်ပြီး စိတ်ဆင်းရဲစွာနဲ့ ပြောလိုက်ျယ်။
“ရုပ်ရှင်လက်မှတ် လေးစောင်ပေးပါ”
အတွင်းပိုင်းမှ ဝန်ထမ်းက ပိုက်ဆံကို အလျင်အမြန်ယူပြီး ရေတွက်လိုက်ကာ လက်မှတ်လေးစောင်ထုတ်ပေးလာတယ်။
လီမင်ပေ လက်ကျန်ပိုက်ဆံငါးဆင့်ကို သူ့အိတ်ကပ်ထဲသို့ ထည့်လိုက်ပြီး လက်မှတ်တွေကို တင်းတင်းဆုပ်ကိုင်လိုက်တယ်။
လီမင်ရှီရဲ့ မျက်လုံးတွေက စစ်တပ်ထဲမှာ သေနတ်ပစ်လေ့ကျင့်ရင်းနဲ့ အလွန်ထက်ရှလာခဲ့တယ်။ နေရာက ဝေးလွန်းနေတာကြောင့် ရှင်းရှင်းလင်းလင်း မမြင်ရပေမဲ့ လီမင်ပေရဲ့ လှုပ်ရှားမှာကနေ တဆင့် သူက လက်မှတ်ဝယ်နေတာဖြစ်ကြောင်း ခန့်မှန်းမိခဲ့တယ်။
လီမင်ရှီ သူ့လက်ထဲက ကြိုးကို ပြန်ဆွဲဖို့လုပ်ရင်း အပြုံးတစ်ခုနဲ့ပြောလာတယ်။
“သွားရအောင်.. ရုပ်ရှင်သွားကြည့်ကြတာပေါ့”
အချိန် နှစ်မိနစ်၊ သုံးမိနစ်လောက်ကြာတော့ လီမင်ရှီတို့ သုံးယောက် ရောက်ရှိလာခဲ့ကြတယ်။ ကျန်းကျန်းက လှည်းပေါ်ကနေ ခုန်ဆင်းပြီး ယွီဝမ်ရှို့ရဲ့လက်မောင်းကို သွားဆွဲလိုက်တယ်။
“အစ်မဝမ်ရှို့.. အစ်မက ပိုကြီးလာလေလေပိုလှလာလေလေပဲ”
“အပြောချိုလိုက်တာ”
ယွီဝမ်ရှို့က ကျန်းကျန်းရဲ့ ပါးဖောင်းဖောင်းလေးကို ဖြစ်ညှစ်လိုက်ပြီး လက်မှတ်စစ်ဆီကို လက်မှတ်ပေးလိုက်ပြီး အထဲကိုဝင်သွားခဲ့တယ်။ လီမင်ပေကလည်း နောက်ကျမကျန်လိုစွာနဲ့ နောက်ကနေ အလျှင်အမြန် ဝင်သွားခဲ့တယ်။
ကျန်းကျန်းက ရုပ်ရှင်ကြည့်တဲ့အချိန်မှာ အရှေ့မှာရောက်လွန်းတာကိုသဘောမကျဘူး။ အလွန် အရောင်စူးလွန်းတယ်။ နောက်ပြီး အနောက်ဘက်တွေမှာ လူရှင်းတယ်လေ။
ယွီဝမ်ရှို့နှင့်ကျန်းကျန်းတို့က အရင်တုန်းကလည်း ရုပ်ရှင်တွေ အနည်းငယ် ကြည့်ဖူးခဲ့ကြတာကြောင့် သူမက ယွီဝမ်ရှို့ရဲ့လက်ကိုဆွဲပြီး အနောက်ဆုံးတန်းမှာ ဝင်ထိုင်လိုက်တယ်။
လီမင်ပေတစ်ယာက် ယွီဝမ်ရှို့ရဲ့ဘေးမှ နေရာကို ကျန်းကျန်းနှင့် ယွီ မိသားစုရဲ့ကလေးတို့က ထိုင်နေကြပြီဆိုတာကို မြင်လိုက်ရတာကြောင့် ကူကယ်ရာမဲ့သွားရပြီး ကျန်းကျန်းရဲ့ဘေးနားကသာ ဝင်ထိုင်လိုက်ရတယ်။
လီမင်ရှီ သူ့ရဲ့ ခြေထောက်ကိုခြေနင်းတန်းမှာ တင်ကာ အသေအချာမထိုင်ရသေးခင်မှာပဲ လီမင်ပေက သူ့ရဲ့လက်ဖဝါးကိုဖြန့်ကာ လီမင်ရှီကို တီးတိုးပြောလာတယ်။
“ဒုတိယအစ်ကို.. ကျွန်တော့်ကို ရုပ်ရှင်လက်မှတ်ခကို ဆင့် (80) ပြန်ပေးပါဦး”
လီီမင်ရှီ ပြုံးလိုက်ပြီး သူ့လက်ကိုအသာရိုက်လိုက်တယ်။
“မင်း လက်မှတ်တွေဝယ်ပြီးသွားပြီဆိုမှတော့ ငါတို့အတွက် မင်းပဲ ရှင်းပေးလိုက်တော့လေ.. ဘာလို့ ပိုက်ဆံပြန်တောင်းနေသေးတာလဲ”
လီမင်ပေတစ်ယောက် စိတ်ပူသွားရပေမဲ့ အသံ အကျယ်ကြီး မပြောရဲတာကြောင့် တီးတိုးပြောရပြန်တယ်။
“စတုတ္ထအစ်ကိုပဲ ကျွန်တော့်ကိုလိုက်ပြမယ်လို့ပြောခဲ့တာ မဟုတာဘူးလား”
“အိုး!”
လီမင်ရှီက တုံးအတဲ့ညီငယ်ဖြစ်သူကိုကြည့်ကာ ရည်ရွယ်ချက်ရှိရှိပြောလိုက်တယ်။
“ဒါဆို မင်းကို ဘယ်သူက လက်မှတ်ဝယ်ခိုင်းလို့လဲ”
လီမင်ပေရဲ့ ပါးစပ်က ထပ်မံပွင့်ဟမလာတော့ဘူး။ ဒီပိုက်ဆံတွေက သူတစ်နှစ်ခွဲလောက် ပင်ပင်ပန်းပန်း စုဆောင်းထားခဲ့တဲ့ ပိုက်ဆံတွေပဲ။ သို့ပေမယ့် သူ့ရဲ့အနားမှာ ယွီဝမ်ရှို့ ထိုင်နေတာကို တွေးလိုက်မိတော့ အသံမထွက်ရဲတော့ဘူး။ သူက လီမင်ရှီကို မကျေမနပ်နဲ့သာ ကြည့်နေခဲ့တော့တယ်။
လီမင်ပေက အမှန်တကယ် ဝမ်းနည်းနေပြီဆိုတာကိုမြင်တော့ လီမင်ရှီ ထပ်မံ မစနောက်တော့ပဲ အသာရယ်မောရင်းနဲ့ သူ့ရဲ့အိတ်ကပ်ထဲမှ ပိုက်ဆံလက်တစ်ဆုပ်စာကို ထုတ်ယူပြီး ညီဖြစ်သူရဲ့လက်ထဲကို ထည့်ပေးလိုက်တယ်။
“ကောင်းပြီ.. ငါပေးလိုက်မယ်.. ဒါပေမယ့် အသံကျယ်ကျယ်မထွက်နဲ့ တခြားမိန်းကလေးတွေ လှည့်ကြည့်လာလိမ့်မယ်”
လီမင်ပေက ယွီဝမ်ရှို့ဘက်ကို နောက်ကျောပေးလိုက်ပြီး ပိုက်ဆံကို ရေတွက်ကြည့်လိုက်တယ်။
ထို့နောက်မှာ အစ်ကိုဖြစ်သူက ကြင်နာစွာနဲ့ သူ့ကို ကိုးဆယ့်ရှစ်ဆင့်တောင် ပေးလိုက်ရတာကိုတွေ့တော့ ချက်ချင်းပဲ ပြုံးရွှင်သွားခဲ့တယ်။
လီမင်ရှီ ပြုံးလိုက်ပြီး လီမင်ပေရဲ့ ခေါင်းကို ပွတ်ပေးလိုက်တယ်။
“ ငတုံးကောင်လေး !”
ယွီဝမ်ရှို့ရဲ့ရှေ့မှာတော့ လီမင်ပေကို အိမ်မှာ စနောက် ကျီစယ်ခဲ့တဲ့ လီမင်ရှိနဲ့ လီမင်နန်တို့က စနောက်ခြင်းမလုပ်ခဲ့တော့ဘဲ ရုပ်ရှင်ကို အလေးအနက်ထားပြီး ကြည့်နေခဲ့တယ်။
ဒီခေတ်ကာရဲ့ ရုပ်ရှင်ရုံတွေအားလုံးက မျိုးချစ်စိတ်ရှင်သန်ရေးနှင့် ဂျပန်ဆန့်ကျင်ရေးရုပ်ရှင်တွေကိုသာ ပြသနေပြီး လီမင်ရှီအနေနဲ့ စစ်သင်တန်းကျောင်းမှာ အများအပြားကြည့်ရှုခဲ့ပြီးပြီ။ ပေရှားမှာ ရုံမတင်ရသေးတဲ့ ဇာတ်ကားအချို့ကိုတောင်မှ သူ စစ်သင်တန်းကျောင်းမှာ အကြိမ်ပေါင်းများစွာ ကြည့်ရှုခဲ့ဖူးပြီးပြီလို့ ဆိုနိုင်တယ်။
လီမင်နန်က ဒီနှစ်မှာ စာကို သေသေချာချာသင်ယူခဲ့တယ်။ တခြားမိသားစုတွေမှ ကလေးတစ်ဝက်လောက်က မိသားစုကပေးတဲ့ ပိုက်ဆံနဲ့ အစားအသောက်တံဆိပ်ခေါင်းတွေကိုသုံးဖြုန်းရင်း စားသောက်ပျော်ရွှင်နေကြချိန်မှာ လီမင်နန်ကတော့ လီမူဝူအတွက် ပိုက်ဆံရှာဖို့ ကောက်နှံအိတ်သယ်နေရတာ မလွယ်ဘူးလို့ ခံစားရတာကြောင့် ကျောင်းမှာ တစ်ပြားကို နှစ်ပြားအဖြစ်သုံးစွဲခဲ့တယ်။
ဒါကြောင့် ရုပ်ရှင်ကြည့်ဖို့အတွက်မပြောနှင့် အစားအသောက်ဖို့ကိုတောင် တစ်ဝက်လောက်အထိ လျှော့ချသုံးစွဲဖို့ ဆန္ဒရှိခဲ့တယ်။ ဒီလိုနှင့် ရုပ်ရှင်ရုံတံခါးရှေ့ကိုတောင် မရောက်ခဲ့ဖူးဘူး။
အချိန်အတော်ကြာအောင် ဖျော်ဖြေမှုတွေနဲ့ဝေးကွာနေခဲ့ရဲ့လီမင်နန်တစ်ယောက်ဒီအချိန်မှာတော့ စိတ်အေးလက်အေးနိုင်စွာနဲ့ ရုပ်ရှင်ကို စိတ်ပါဝင်စားစွာ ကြည့်နေခဲ့တယ်။
သူက ရုပ်ရှင်ကို အသေအချာကြည့်နေရင်း ခြေထောက်တွေကို လှုပ်ရမ်းနေခဲ့ကာ လက်ခုပ်တွေလည်း ထတီးတတ်ပြီး ဇာတ်လမ်းမှာ စီးမျောရင်း တစ်ချက်တစ်ချက် ထရယ်တတ်သေးတယ်။
သူ့ရဲ့ တုံးအအညီလေးအတွက်ကတော့ .. နောက်မှာ ချန်ထားခဲ့တာ ကြာပြီ။
ဒီဇာတ်ကားကို အလေးအနက်ထားပြီး မကြည့်တဲ့သူကတော့ စိတ်နဲ့ကိုယ်နဲ့မကပ်ဖြစ်နေတဲ့ လီမင်ပေပဲ။
သူက ထိုင်ခုံပေါ်မှာထိုင်ရင်း ယွီဝမ်ရှို့ကိုသာ တိတ်တဆိတ် စိုက်ကြည့်နေခဲ့တယ်။ သို့ပေမဲ့ ယွီဝမ်ရှို့က သူ့ဘက်ကို လုံးဝလှည့်မကြည့်လာခဲ့ဘူး။ ဒီတော့ လီမင်ပေက သူ့ရဲ့ရုပ်ရည်က အနည်းငယ် ရုပ်ဆိုးနေလို့ လို့ထင်ခဲ့မိတယ်။ သူက သားရေအကျီကို အလျင်အမြန်ချွတ်လိုက်ပြီး ဦးထုပ်ကိုပါ ချွတ်ကာ သူ့ပေါင်ပေါ်မှာတင်ထားလိုက်တယ်။
ရုပ်ရှင်ရုံထဲမှာ အပူပေးမီးဖိုရှိတယ်ဆိုပေမဲ့ နေရာက အလွန်ကျယ်လွန်းတာကြောင့် အိမ်မှာရှိတဲ့အပူချိန်ထက် အလွန်အမင်းကို ပိုပြီးနိမ်ကျနေသေးတယ်။
ဒါကြောင့် ရုပ်ရှင်ကြည့်သူအများစုက သားရေအင်္ကျီအထူကို ၀တ်ဆင်ထားခဲ့ကြပြီး တချို့ကတော့ အင်္ကျီကြယ်သီးတွေကို ဖြုတ်ရလောက်အောင် ကြံ့ခိုင်သန်မာကြပေမဲ့ လီမင်ပေလိုမျိုး အအေးဒဏ်ကို မကြောက်မရွံ့ဘဲ အင်္ကျီအထူကို ဂရုစိုက်ခြင်းမရှိ ချွတ်ရဲတာကတော့ သူတစ်ယောက်တည်းပဲ။
ကျန်းကျန်းရဲ့ အမြင်အာရုံက အလွန်ကောင်းမွန်လွန်းတာကြောင့် ရုပ်ရှင်ရုံရဲ့ အလင်းရောင်မှိမ်မှန်အောက်မှာတောင် လီမင်ပေရဲ့ခွေးကိုက်ထားသလို ဆံပင်တွေကို မြင်နေရတုန်းပဲ။
ကျန်းကျန်း မတတ်နိုင်စွာနဲ့ သူမရဲ့မျက်နှာကို လက်နဲ့ ဖုံးအုပ်လိုက်မိတယ်။
ဒီဆံပင်ပုံစံက မျက်လုံးတောင် သည်းမခံနိုင်လောက်အောင် ဆိုးလွန်းတယ်။
လီမင်ပေကတော့ ဒါတွေကို မသိရှာဘူး။ သူက သူ့ရဲ့အင်္ကျီကို လက်မှာဆွဲတင်လိုက်ပြီး ကုလားထိုင်ပေါ်မှာ မတ်မတ်ထိုင်နေခဲ့တယ်။
ကျန်းကျန်းက လီမင်ပေတစ်ယောက် အအေးမိသွားမှာကို ကြောက်တဲ့အတွက် သူ့ရဲ့ နားအနီးကိုချည်းကပ်ပြီး တီးတိုးပြောလိုက်တယ်။
“ဒီမှာ မှောင်နေလို့ ဘယ်သူမှ မမြင်ရဘူး.. ဒီလောက်အမှောင်ထဲမှာ တခြားသူတွေကလည်း အကို့ကို မြင်နိုင်မှာမဟုတ်ဘူး.. အစ်ကိုက အင်္ကျီကို စောပြီးချွတ်နေတာ မဟုတ်ဘူးလား”
အင်္ကျီအတွင်းပိုင်းတစ်လျှောက်အထိဖြတ်သန်းပြီး အရေပြားထဲကို စိမ့်ဝင်လာခဲ့တဲ့ အေးစက်တဲ့လေကို ခံစားမိနေပြီဖြစ်လို့ လီမင်ပေက ခေါင်းညိတ်ပြီး တီးတိုးပြန်ပြောခဲ့တယ်။
“နည်းနည်းတော့အေးသလို ခံစားရတယ်”
ဒါပေမယ့် အခုလေးတင် သူ့အဝတ်အစားတွေကို ချွတ်လိုက်ပြီးမှမတ်တပ်ရပ်ပြီး ပြန်ဝတ်ရမှာကို ရှက်နေတာကြောင့် လီမင်ပေက သားရေဂျာကင်ကို သူ့လည်ပင်းအောက်ပိုင်းသို့ တိတ်တဆိတ် ပြန်လည်ဖုံးအုပ်ကာခြုံလိုက်ပြီး သူ့ကိုယ်သူ တင်းတင်းကြပ်ကြပ် ပြန်ပတ်ထားလိုက်ရပြန်တယ်။
လီမင်ပေရဲ့ ရှုပ်ပွနေတဲ့ ဆံပင်တွေကို ကြည့်ရင်း ကျန်းကျန်းတစ်ယောက် မနေနိုင်စွာ ထပ်ပြောလိုက်ပြန်တယ်။
“ စတုတ္ထအစ်ကို.. အစ်ကိုရဲ့ဆံပင်တွေက ခွေးကိုက်ခံထားရသလိုပဲ.. ဦးထုပ်ကိုပြန်ဆောင်းထားလိုက်ပါလား.. အရမ်းရုပ်ဆိုးတယ် “
လီမင်ပေကတော့ သူ မနက်ခင်းမှာတုန်းက သေသေချာချာ ပြင်ထားတဲ့ ခွေးကိုက်ကေဆံပင်ပုံစံကို ယုံကြည်မှုအပြည့်ရှိနေပြီး ကျန်းကျန်းရဲ့ ဝကစ်တဲ့ မျက်နှာလေးကို ဖြစ်ညစ်ပြီး တိုးတိုးလေးလိုက်တယ်။
“မင်းလို ကလေးပေါက်စလေးက ကြည့်ကောင်းမကောင်းကို ဘယ်လိုလုပ်ပြီး သိမှာလဲ”
ကျန်းကျန်းကတော့ လီမင်ပေ သူ့ကုယ်သူ မှန်ထဲမှာကြည့်တဲ့အချိန်မှာ အလှအပ filter အထူကြီးတစ်ခု ရှိနေတာဖြစ်လောက်တယ်လို့ တွေးမိလာရတယ်။
ဒါကြောင့်ပဲ ဒီဆံပင်ကေကို လှတယ်လို့ထင်နေတာဖြစ်လိမ့်မယ်။
ဒီလိုဆိုမှတော့ သူမလည်း စကားဆက်မပြောတာ့ဘဲ လူ့အသိုင်းအဝိုင်းက သူ့ကို ယောက်ျားတစ်ယောက်ဖြစ်အောင် သင်ပေးမဲ့အချိန်ကိုပဲ စောင့်ဖို့ ဆုံးဖြတ်လိုက်တော့တယ်။
*