အခန်း (၁၀၉)
Vol. 11 Ch. 109
ဘန်းမုန့်ရဲ့ နောက်ဆုံးအကိုက်ကို စားပြီးနောက် ကျန်းကျန်းက သူမရဲ့ အိတ်ကပ်ထဲမှ ပိုက်ဆံတွေနဲ့ အစားအသောက်တံဆိပ်ခေါင်းတွေကို ထုတ်ယူလိုက်တယ်။
“စားပွဲထိုး.. နောက်ထပ် ဘန်းမုန့်အလုံးနှစ်ဆယ်လောက် ထပ်ပေးပါဦး”
စားပွဲထိုးက သူမရဲ့ ကြီးစိုးလွန်းတဲ့ အမူအရာကြောင့် ထိတ်လန့်သွားပြီး လီမင်ရှီဘက်ကို လှည့်ကြည့်လိုက်မိတယ်။
လီမင်ရှီအနေနဲ့ မဒမ်လီက ကျန်းကျန်းကို အလွန်ချစ်ခင်ကြောင်းကို သိထားပြီး တရုတ်နှစ်သစ်ကူးနှင့် ပွဲတော်ကာလတွေအတွင်းမှာ မုန့်ဖိုးတွေအများအပြားပေးတတ်ကြောင်းကို သိထားခဲ့တယ်။
သူမ ကျောင်းစတက်ချိန်မှာလည်း အဆာပြေအတွက် ဘီစကစ်တွေနဲ့ မုန့်ဝယ်စားဖို့အတွက် (၁၅)ဆင့် ပေးလေ့ရှိတယ်။
ဒါကြောင့် စားပွဲပေါ်မှာ ပြန့်ကျဲနေတဲ့ ပိုက်ဆံတွေကို ကြည့်လိုက်ကာ လီမင်ရှီက ကျန်းကျန်း ထပ်စားချင်နေတာဖြစ်လိမ့်မယ်လို့ ထင်ခဲ့တယ်။ ဒါကြောင့် ညီမဖြစ်သူကို အလျှင်အမြန် ချော့မော့လိုက်တယ်။
“မင်းစားလို့ မဝသေးရင် ဒုတိယအစ်ကိုက မင်းကို နောက်တစ်လုံးဝယ်ပေးမယ်လေ.. ဟုတ်ပြီလား.. ဘာလို့ ဒီလောက်အများကြီးဝယ်နေရတာလဲ.. ပိုက်ဆံစုဆောင်းဖို့ဆိုတာက လွယ်တာမဟုတ်ဘူး.. အိမ်ကိုပြန်
“ဒီအမဲသားဘန်းမုန့်က အရမ်းကောင်းတယ်.. နောက်ထပ် ဘယ်အချိန်မှ ထပ်စားရမယ်ဆိုတာ မသိဘူး.. ထပ်ဝယ်ချင်တဲ့အချိန်မှ ဝယ်လို့ရတာမျိုးမဟုတ်ဘူးလေ.. ဒါကြောင့်အဖွားနှင့် အမေတို့တွေအတွက် နည်းနည်းလောက် ပြန်ယူသွားလိုက်မယ်.. ဒါဆို အမဲသားဘန်းမုန့်က ဘယ်လိုအရသာမျိုးလဲဆိုတာ လူတိုင်းသိနိုင်တာပေါ့”
ကျန်းကျန်းရဲ့စကားတွေပိုကြားတော့ လီမင်နန်ရဲ့ နှလုံးသားက နွေးထွေးသွားခဲ့ပေမယ့် ကျန်းကျန်း မုန့်တွေ အများကြီးဝယ်ဖို့လုပ်နေတာကိုတော့ သူသဘောမတူဘူး။
“ ဒါက ဘယ်လောက်ဈေးကြီးလဲဆိုတာ မင်း မသိဘူး.. ဒီပိုက်ဆံနှင့်ဆို ဂျုံမှုန့် ဆယ်ကီလိုဂရမ်လောက် ဝယ်လိုရလောက်အောင် များတယ်.. ဒုတိယအစ်ကိုက ဒီမှာ တစ်ခါစားရရပြီ.. အိမ်ကိုပြန်ရောက်တာတောင် ထပ်စားမယ်ဆိုရင် အရမ်းများသွားလိမ့်မယ်.. ဘာလို့ ဒီလောက်အများကြီးဝယ်နေမှာလဲ”
သူက ကျန်းကျန်းရဲ့ ပိုက်ဆံတွေကို ပြန်တွန်းပေးပြီး သူ့ရဲ့အိတ်ကပ်ထဲမှာ သိမ်းထားသေးတဲ့ ပိုက်ဆံတွေကို ထုတ်ယူလိုက်တယ်။
“ အဖွားနှင့်အမေတို့အတွက် ဒုတိယအစ်ကိုရဲ့ ပိုက်ဆံနှင့်ပဲ ဝယ်လိုက်မယ်.. မင်းပိုက်ဆံကို ပြန်ယူထားလိုက်.. ဒါပေမယ့် အစားအသောက်တံဆိပ်တုံးတွေကိုတော့ အစ်ကို့ကို ပေးရမယ်.. ငါ့ဆီမှာ ရှိတဲ့ အစားအသောက်လက်မှတ်တွေကအားလပ်ရက် မတိုင်ခင်မှာကတည်းက စားလို့ ကုန်သွားပြီ”
ကျန်းကျန်း လီမင်ရှီကို ကူကယ်ရာမဲ့ ကြည့်ပြီး ပြောလိုက်တယ်။
“အစ်ကိုတို့တွေက အိမ်နှင့်အဝေးကိုသွားပြီး ကျောင်းသွားတက်နေကြတာ .. အစားအသောက်လည်း ကောင်းကောင်းစားနိုင်ခဲ့မှာမဟုတ်ဘူး.. ဒီတော့ ဒါတွေကို ကျောင်းစဖွင့်တဲ့အချိန်မှာ စားဖို့ ချန်ထားသင့်တယ်..
တကယ်တော့ အကြီးဆုံးဦးလေးပြန်လာတုန်းက ညီမလေးအတွက်ဆိုပြီး မုန့်ဖိုးတွေ အများကြီး တိတ်တိတ်လေး ခိုးပေးသွားသေးတယ်”
သူမက ပိုက်ဆံတွေကိုကိုင်ထားတဲ့ လီမင်နန်ရဲ့လက်ကို ဖယ်လိုက်ပြီး စားပွဲပေါ်က ပိုက်ဆံတွေနှင့်အစားအသောက်လက်မှတ်တွေကို ကောက်ယူကာ စားပွဲထိုးရဲ့ လက်ထဲကို ထည့်ပေးလိုက်တယ်။
“ကြောင်အမ်းမနေနဲ့တော့.. မြန်မြန်လေးသွားပြီး မုန့်တွေထည့်လာပေးပါ”
အိုးတစ်လုံးထဲမှာ စုစုပေါင်း ဘန်းမုန့်ပေါင်း အခုသုံးဆယ်ကို ပေါင်းထားခဲ့တယ်။ မူလတုန်းက သူတို့တွေဒီဘန်းမုန့်ကို ရက်အနည်းငယ်လောက် ရောင်းရလိမ့်မယ်လို့ ထင်ထားခဲ့ပေမယ့် ဒီညီအကို၊မောင်နှမ လေးယောက်က ပေါင်းလို့ ပြီးကာစအချိန်မှာပဲ အကုန်လုံးကို အပြတ်ဝယ်သွားလို့မယ်လို့ မမျှော်လင့်ထားခဲ့ဘူး။
ကျန်းကျန်း ထိုအထဲမှ နောက်တစ်လုံးယူကာ တစ်ကိုက်ကိုက်လိုက်ပြန်တယ်။
လီမင်ရှီ ပြုံးလိုက်ပြီး သူ့ရဲ့ဘေးနားမှကျန်းကျန်းကို ကြည့်ပြီး စနောက်လာတယ်။
“ ဖြည်းဖြည်းစားလေ.. မင်း ဝအောင် စားဖို့ လုံလောက်ပါတယ်.. ဘန်းမုန့်က အခုနှစ်ဆယ်လောက်တောင် ရှိသေးတာပဲ.. ထုံးစံအတိုင်း မျက်လုံးကြီးကြီးနဲ့ ဗိုက်သေးသေးလေးပဲရှိပေမဲ့ အစားအသောက်ကတော့ လောဘကြီးနေတုန်းပဲ”
ကျန်းကျန်း နောက်ထပ် အကြိမ်အနည်းငယ်လောက် ကိုက်လိုက်ပြီးနောက် သူမရဲ့ ဗိုက်ပြည့်လာပြီလို့ ခံစားတာတဲ့အတွက် ကျန်တစ်ဝက်ကို လီမင်ရှီဆီသို့ လွှဲပြောင်းပေးလိုက်တယ်။
လီမင်ရှီတို့ ညီအစ်ကိုတွေက ကျန်းကျန်းမကုန်တာတွေကို အမြဲတမ်းစားလေ့ရှိပြီး ဘယ်သူကမှ ရွံရှာခြင်းမရှိကြဘူး။
ဘန်းမုန့်ပေါင်းကို အလုတ်အနည်းငယ်နှင့်လက်စဖြတ်လိုက်ပြီး ကျန်ရှိတဲ့ယာဂုတွေကိုပါ လီမင်ရှီ မော့သောက်လိုက်တယ်။ လီမင်ပေနဲ့လီမင်နန်တို့က တစ်ခုစီ ထပ်စားလိုက်ကြပြီး လီမင်ရှီက ကျန်းကျန်းဆီက တစ်ဝက်အပြင် နောက်ထပ် နှစ်ခု ထပ်စားခဲ့တယ်။
ကျန်ရှိနေတဲ့ ဘန်းမုန့်ပေါင်း ဆယ့်လေးခုကိုတော့ ဆီစိမ်စက္ကူနှင့် ထုပ်ပေးဖို့အတွက် စားပွဲထိုးနှင့် စားဖိုမှူးတို့ဆီမှ ထုပ်ပိုးစရာတောင်းလိုက်တော့ သူတို့တွေက ရက်ရက်ရောရော ပေးခဲ့ကြတယ်။
လီမင်ရှီ သူ့တို့ကို ကျေးဇူးတင်ကြောင်းပြောခဲ့ပြီး သူ့ညီငယ်၊ညီမငယ်တွေနဲ့အတူ အိမ်ကိုပြန်လာခဲ့တယ်။
အိမ်ပြန်ရောက်လို့ တံခါးဖွင့်လိုက်တာနဲ့ အိုးထဲမှာ ထည့်ချက်ထားဆဲဖြစ်တဲ့ ဝက်အရိုးကြီးနှင့် ဂေါ်ဖီချဥ်ချက်ထားတဲ့ ဟင်းနံ့နှင့် သွေး ဝက်အူချောင်းကြော်နံ့တို့ကို လီမင်ပေ အနံ့ခံလိုက်မိတယ်။
နေ့လယ်တုန်းက သူ စားခဲ့တဲ့ အမဲသားဘန်းမုန့်ငါးလုံးကတော့ အောက်ခြေမရှိတဲ့ တွင်းကြီးထဲကို ရောက်သွားသလိုမျိုး အစအနတောင်ရှာမရတော့ဘူး။
“အမေ.. ဗိုက်ဆာတယ်”
အနောက်ဘက်ခန်းထဲမှာ လူတွေများနေတယ် ဆိုတာကိုမြင်တော့ လီမင်ရှီက ဘန်းမုန့်တွေထည့်ထားတဲ့အိတ်ကိုသယ်ကာ အရှေ့အိမ်ထဲသို တိတ်တဆိတ် ဝင်သွားလိုက်ပြီး အဖွားဖြစ်သူဆီကို တုန်ယင်စွာလှမ်းပေးလိုက်တယ်။
“အဖွား.. ကျွန်တော် အမဲသားဘန်းမုန့်တွေ ပြန်ယူလာတယ်”
လီမင်ရှီ ကြောက်လန့်နေတာကတော့ အံ့သြစရာမရှိဘူး။ သူက အသက်နှစ်ဆယ်ကျော်ရှိနေပြီဆိုပေမဲ့ မဒမ်လီရဲ့ရှေ့မှာတော့ အမြဲတမ်းကြောက်လန့်နေတတ်ပြီး အခုချိန်ထိ အရိုက်ခံရမှာကို ကြောက်ရွံ့နေရတဲ့ ကလေးတစ်ယောက်အဖြစ် ခံစားနေရတုန်းပဲ။
လေးလံတဲ့ ဘန်းမုန့်အိတ်ကို လက်ခံလိုက်ရတဲ့ မဒမ်လီက အိတ်ကိုဖွင့်ကာ အတွင်းဘက်သို့ ချက်ချင်းကြည့်လိုက်ပြီး ရုတ်တရက် မျက်နှာအရောင်ပြောင်းသွားခဲ့တော့တယ်။ သူမက ခန်ကို ဆေးတံနှင့်ခေါက်ကာ ခေါင်းမော့ပြီး မေးလာခဲ့တယ်။
“မင်းတို့တွေ အကြောက်အလန့်မရှိ ပိုက်ဆံတွေအများကြီး သုံးဖြုန်းနေတယ်ပေါ့လေ.. ဒါတွေက ဘယ်သူဝယ်တာလဲ”
လီမင်ရှီ၊ လီမင်နန်၊ လီမင်ပေနှင့် ကျန်းကျန်းတို့က တပြိုင်နက်တည်းပြောလာကြတယ်။
“ကျွန်တော်/သမီး ဝယ်ခဲ့တာ!”
မဒမ်လီ ထိုမောင်နှမလေးယောက်ကိုကြည့်ရင်း ဒေါသတကြီးနဲ့ ရယ်မောလိုက်တယ်။
“ကလေးစုတ်လေးတွေ မင်းတို့ရဲ့ အဖွားကို လိမ်ရဲတယ်ပေါ့လေ.. မင်းတို့ ကောင်လေးသုံးယောက် ဒီကိုလာပြီး ခန်ပေါ်ကိုလာလှဲကြ .. ငါ မင်းတို့ကို သေအောင်ရိုက်ပစ်မယ်”
ကျန်းကျန်းက အဖွားဖြစ်သူအနားကို အလျင်အမြန်ပြေးသွားခဲ့ပြီး သူမရဲ့လက်မောင်းကို ပွေ့ဖက်ကာ မျက်နှာလေးနှင့် ပွတ်သပ်ပြီး ချော့မော့လိုက်တယ်။
“အဖွား.. ဒါကို တကယ် သမီးဝယ်ခဲ့တာ.. တွေးကြည့်လိုက်လေ.. သမီးတို့မိသားစုထဲမှာ သမီးကလွဲရင် တခြားဘယ်သူက ဒီလိုမျိုး သတ္တိရှိလို့လဲ”
သူမရဲ့ မြေးမလေးက နူးညံ့တဲ့ လက်လေးနှင့် လာရောက်ပွတ်တိုက်နေတာကိုမြင်တော့ မဒမ်လီရဲ့ ဒေါသတွေက ပျောက်ကွယ်သွားခဲ့ပြီး ညင်သာစွာ ပြောလာတယ်။
“မင်း ဘန်းမုန့်ပေါင်းစားချင်ရင် အိမ်မှာ ဂျုံမှုန့်တွေမရှိဘူးလား.. မင်းရဲ့အဖွားကိုပြောရင်ရတာပဲလေ.. အိမ်မှာ ကိုယ်တိုင်လုပ်လို့ ရတာပဲ”
“မတူဘူး အဖွား”
ကျန်းကျန်းက ဘန်းမုန့်အိတ်ကို မဒမ်လီရဲ့ရှေ့သို့ ရတနာတစ်ခုကို လက်ဆောင်ပေးသလို သယ်ယူပေးလိုက်တယ်။
“ဒါက အမဲသားနဲ့ အစာသွပ်ပြီးပေါင်းထားတာလေ.. စားသောက်ဆိုင်က စားဖိုမှူး ချက်ထားတဲ့ ဟင်းကလည်း အရမ်းကိုအရသာရှိတယ်.. ဟင်းအဆီအနှစ်က တစ်ချက်လောက် ကိုက်ကြည့်လိုက်..
ဘယ်လောက်မွှေးလဲဆိုတာ အဖွားသိသွားလိမ့်မယ်.. ဒီလို အရသာရှိတဲ့ မုန့်မျိုးက စားချင်တိုင်း မစားနိုင်ဘူး.. ဒါကြောင့် အဖွားနှင့် အဖေ၊အမေ၊ အစ်ကိုကြီးနှင့် မရီးတို့ကိုပါ မြည်းကြည့်စေချင်တာနှင့် နည်းနည်းပဲ ဝယ်လာခဲ့တယ်”
ကျန်းကျန်း မဒမ်လီရဲ့ ခါးကို ပွေ့ဖက်လိုက်ပြီး ခေါင်းကိုမော့ကာ တောက်ပတဲ့မျက်လုံးတွေနှင့် မျက်တောင်ခတ်ပြရင်း ပြေလိုက်တယ်။
“သမီးက ကမ္ဘာပေါ်မှာရှိတဲ့ အရသာရှိတဲ့ အစားအစာတွေအားလုံးကို အဖွားကို စားစေချင်တာ”
ကျန်းကျန်းရဲ့စကားတွေက မဒမ်လီရဲ့ နှလုံးသားကို ပိုပိုပြီး နူးညံ့သွားခဲ့ကာ ကျန်းကျန်းကို ပွေ့ဖက်ရင်းနှင့် ပါးစပ်ကို မပိတ်နိုင်တော့ဘူး။
“အဖွားချစ်တဲ့ မြေးလေးဆီကနေ မျှော်လင့်ထားသလိုပဲ .. အဖွားက မင်းကို အလကားသက်သက်ချစ်ပေးနေရတာအဟုတ်ဘူးပဲ”
မဒမ်လီက ကျန်းကျန်းရဲ့ နဖူးကို နမ်းလိုက်ပြီး အပေါက်ဝနားမှာ တန်းစီရပ်နေကြတဲ့ မြေးသုံးယောက်ကို လှမ်းကြည့်ပြီး ပြောလိုက်တယ်။
“မင်းတို့ ညီအစ်ကိုတွေအားလုံး အကြီးရောအငယ်ရော ဘာလို့ ကျန်းကျန်းလိုမျိုး မတွေးတောမစဥ်းစားပေးတတ်ကြတာလဲ.. အနာဂတ်မှာမင်းတို့ ညီမလေးနှင့် အတူရှိနေရင် သူမဆီကနေ သင်ယူရမယ်.. ဒါပေမဲ့ တစ်ယောက်တည်းနေတဲ့အချိန်တွေမှာတော့ ပိုက်ဆံတွေအများကြီးမဖြုန်းတီးရဘူးနော် ကြားလား”
လီမင်ရှီ: “အဖွားပြောတာ မှန်ပါတယ်.. အနာဂတ်မှာ အရသာရှိတဲ့ အစားအစာတွေကို တွေ့ခဲ့ရင် အဖွားအတွက် သေချာပေါက် ဝယ်လာပေးပါ့မယ်”
ဒါကိုကြားတော့ မဒမ်လီက စိတ်ကျေနပ်သွားပေမဲ့ ပစ္စည်းတွေကိုဝယ်အတွက် ပိုက်ဆံတွေကုန်မှာကို တွေးမိတော့ တွန့်ဆုတ်သွားရပြန်တယ်။
“တကယ်တော့ မင်းတို့တွေ အိမ်ကလူတွေအတွက်ပဲ တွေးတောနေစရာမလိုဘူး.. ပိုက်ဆံတွေ အများကြီးကုန်နေလိမ့်မယ်..
မင်ရှီနှင့် မင်နန်.. မင်းတို့တွေက တစ်နှစ်ထက် တစ်နှစ် ပိုကြီးလာကြပြီ.. မင်းတို့ရဲ့ လက်ထပ်ပွဲအတွက် ခန်းဝင်ပစ္စည်းဝယ်ဖို့လည်း ပိုက်ဆံအများကြီးကုန်ရဦးမှာပဲ.. ဒါကြောင့် မင်းတို့တွေ ဘယ်လိုနေထိုင်ရမလဲဆိုတာကို သိထားရမယ်”
လီမင်ရှီနှင့် လီမင်နန်တို့က လက်ထပ်ရမဲ့အကြောင်းကိုကြားတော့ သူတို့ရဲ့ မျက်နှာတွေက တည်သီးတွေလို နီရဲသွားခဲ့ကြပြီး နှစ်ယောက်စလုံး ခေါင်းငုံ့သွားကြကာ ယောင်ဝါးဝါးနှင့်သာ ပြန်ပြောလာကြတယ်။
မဒမ်လီက ကျန်းကျန်းရဲ့ နူးညံ့တဲ့ လက်လေးကို ပွတ်သပ်ပြီး အသံတိုးတိုးနဲ့မေးလာတယ်။
“မင်းရဲ့အစ်ကိုတွေဆီက ပိုက်ဆံတောင်းပြီး လိမ်နေတာလား?”
“မဟုတ်ပါဘူး.. အစတုန်းက သမီးရဲ့ဒုတိယအစ်ကိုက ဘန်းမုန့်ဆယ်လုံးဝယ်ကျွေးခဲ့တာလေ.. အဲဒါကိုစားကြည့်တော့ အရသာရှိတယ်လို့ထင်လို့ သမီး ထပ်ဝယ်လိုက်တာ..
ဒုတိယအစ်ကိုနဲ့ တတိယအစ်ကိုတို့အားလုံးက အဲဒီအတွက် ပိုက်ဆံပေးချင်ခဲ့ကြပေမယ့် သမီးက မသုံးခိုင်းခဲ့ဘူး.. သူတို့မှာသာ ပိုက်ဆံပါမသွားတော့ဘဲ ကျောင်းတက်ခဲ့ရရင် ကျောင်းမှာ ဗိုက်ဆာနေလိမ့်မယ်.. သမီးက အိမ်မှာ နေတာလေ.. စားသောက်ဖို့အတွက် စိတ်ပူနေစရာ မလိုဘူး.. ဒါကြောင့် သမီးမှာရှိတာကို သုံးခဲ့တာ”
မဒမ်လီက ပြုံးလိုက်မိပြီး ခေါင်းကိုခါရင်းနဲ့ ပြောလာတယ်။
“မင်းကတော့ လက်ကြီးနေတုန်းပဲ”
သူမက ခန်ပေါ်မှဆင်းလိုက်ပြီးနောက် သူမရဲ့ ခါးမှသော့တစ်ချောင်းကိုဆွဲယူပြီး သေတ္တာကိုဖွင့်လိုက်တယ်။ ထို့နောက် အတွင်းမှ လက်ကိုင်ပုဝါကိုအထုပ်လေးကို ထုတ်ယူကာ လှည့်ပြီးမေးလာတယ်။
“ကျန်းကျန်း.. မင်း ဘယ်လောက်သုံးခဲ့လဲ .. အဖွား မင်းကို ပြန်ပေးမယ်”
“အဖွားက သမီးကို အလိုလိုက်လွန်းနေတာပဲ”
ကျန်းကျန်းက လက်ကိုင်ပုဝါကို ပြန်လည်ထုပ်ပိုးလိုက်ပြီး သေတ္တာထဲမှာ ပြန်ထည့်လိုက်တယ်။
“သမီးမှာ ရှိသေးတယ်.. တကယ်လို့ လိုအပ်လာရင် အဖွားဆီကနေ လာတောင်းလိုက်မယ်.. သမီးဆီမှာအများကြီးပေးထားလို့ ပျောက်သွားရင် ဘယ်လိုလုပ်မလဲ”
မဒမ်လီက ကျန်းကျန်းရဲ့လက်ထဲမှာ ပျောက်သွားမယ်ဆိုတာကိုကြားတော့ ဘေးမှာ ရပ်နေတဲ့ မြေးသုံးယောက်ဆီကို တစ်ချက်ကြည့်လိုက်ပြီး ပြန်ပြောလာတယ်။
“ဒါဆို အဖွားအရင်သိမ်းထားလိုက်မယ်.. ဒါမှ မင်းအစ်ကိုတွေက မင်းဆီကနေ ချော့မော့ပြီး ယူသွားလို့မရတော့မှာ”