← Chapters

အခန်း (၁၁၁)

Vol. 12 Ch. 111

အခန်း (၁၁၁)

Vol. 12 Ch. 111

သစ်ပင်တစ်ပင်လုံးမှာ ရင့်မှည့်နေတဲ့ အနီရောင်ချယ်ရီသီးတွေကိုမြင်တွေ့လိုက်ရပြီးနောက် မဒမ်လီက နေ့ရက်တွေကို ရေတွက်လိုက်ပြီး စိတ်သက်သာရာရစွာ သက်ပြင်းတစ်ချက်ချလိုက်တယ်။

“ကျန်းကျန်း.. ချယ်ရီသီးတွေ ရင့်မှည့်နေပြီ.. မြန်မြန်ထပြီး ချယ်ရီသီးတွေခူးရအောင်”

ကျန်းကျန်းက မီးဖိုချောင်နားမှ အသီးခူးခြင်းတစ်လုံးကို ရှာဖွေယူခဲ့ပြီး ခွေးခြေပေါ်မှာ ရပ်ကာ ရင့်မှည့်နေတဲ့ ချယ်ရီသီးတွေကို လိုက်လံရှာဖွေပြီး ခူးဆွတ်လိုက်တယ်။

မဒမ်လီက သစ်ပင်နားမှာရှိနေတာကြောင့် အသေအချာမြင်တွေ့နေရတယ်။ တချို့သော ချယ်ရီသီးတွေက သေးငယ်ပြီး စိမ်းနေသေးပေမဲ့ ကျန်းကျန်းရဲ့ လက်နှင့် ထိလိုက်တဲ့အချိန်မှာ နီရဲပြီး ပိုမိုကြီးထွားလာခဲ့ကာ အရောင်ကလည်း ပိုပြီး ဆွဲဆောင်မှုရှိလာတာက သိသာလွန်းတယ်။

မဒမ်လီ ခေါင်းကို အမြန်ပြန်လှည့်ကြည့်လိုက်ပြီး ကွေ့ဟွား အိမ်ခန်းထဲမှ ထွက်မလာတာကို မြင်မှ စိတ်သက်သာရာရသွားကာ ကျန်းကျန်းရဲ့အဝတ်အစားထောင့်ကို ဆွဲလိုက်တယ်။

“သတိထားဦး.. မင်းရဲ့ ယောက်မ မမြင်စေနဲ့”

ကျန်းကျန်းက အဖွားဖြစ်သူဘက်ကို ခေါင်းပြန်လှည့်ကာ ခေါင်းညိတ်ရင်း တိုးတိုးလေး ပြန်ပြောလိုက်တယ်။

“သိပါတယ်”

ခြင်းငယ်တစ်ဝက်လောက်ကို ခူးယူပြီးနောက် ကျန်းကျန်းက အနည်းငယ်ပျင်းရိလာခဲ့ပြီး သူမရဲ့ အသိစိတ်နှင့် ပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်လိုက်တယ်။ အိမ်ထဲမှာရှိနေတဲ့ ကွေ့ဟွားက အသားမုန့်လုံး ငယ်ငယ်တုန်းက ဝတ်ခဲ့တဲ့ အဝတ်အစားတွေကို ပြန်လည် ထုတ်ယူပြီး ကြည့်နေတုန်းပဲ။

ဒါကြောင့် သူမက ခြင်းကို မြင့်လိုက်ပြီး တခဏအကြာမှာပဲ သစ်ပင်ပေါ်မှ ချယ်ရီသီးတွေက မိုးရွာသလို ပြုတ်ကျလာခဲ့ကာ ကျန်းကျန်း ကိုင်ဆောင်ထားတဲ့ ခြင်းထဲကို တဖြုတ်ဖြုတ် ပြုတ်ကျသွားခဲ့တယ်။ အနီရောင် ချယ်ရီသီးကြီးတွေ ခြင်းကြီးတစ်လုံးစာ ရရှိခဲ့ပြီးမှ ကျန်းကျန်းက လက်ကို အောက်ကို ပြန်လည်ရုတ်လိုက်တယ်။

မဒမ်လီက ကျန်းကျန်းရဲ့လက်ထဲမှ ချယ်ရီသီးခြင်းကို အလျင်အမြန်ယူလိုက်ပြီး လေးလံတဲ့အလေးချိန်ကြောင့် သူမရဲ့ခါးကပါ ကွေးကျသွားတာကြောင့် မဒမ်လီတစ်ယောက် ကျန်းကျန်းအား အံ့အားသင့်စွာကြည့်လာတယ်။

“မင်း ဘာလို့အဲလောက်လောင် အားကြီးနေတာလဲ.. ဒီချယ်ရီသီးခြင်းက အနည်းဆုံး ဆယ်ပေါင်လောက်တောင် အလေးချိန်ရှိလောက်တယ်”

ကျန်းကျန်းက ခွေးခြေခုံပေါ်မှ သွက်လက်စွာ ခုန်ချလိုက်ပြီး မဒမ်လီရဲ့လက်ထဲမှခြင်းကို အပြုံးလေးနှင့် ဆွဲယူလိုက်တယ်။

“သမီးလည်း ဘာလို့ ဒီလောက်သန်မာနေတာလဲဆိုတာ မသိဘူး.. တစ်နှစ်ထက်တစ်နှစ် ပိုပြီးသန်မာလာပုံရတယ်.. ဒါပေမယ့် အဲဒါက သိပ်တော့ အားမများသေးဘူး.. သမီးတို့ခြံထဲက ဂေါ်ဖီချဥ်တိုဖိထားတဲ့ ကျောက်တုံးကြီးကိုတော့ သမီး မသယ်နိုင်သေးဘူး”

မဒမ်လီတစ်ယောက် ခြံဝင်းအတွင်းရှိ ကျောက်တုံးကြီးကို ကြည့်ပြီး မျက်ရည်တောင် ဝဲတက်ချင်လာရတယ်။

“ဒီကျောက်တုံးက ကီလိုဂရမ်ဒါဇင်နဲ့ချီတဲ့ အလေးချိန်ရှိတယ်.. မင်းအဖေတောင် တစ်ယောက်တည်း သယ်ဖို့ ခက်လို့ မင်းရဲ့ တတိယဦးလေးနှင့် အတူ သယ်ရတာလေ.. မင်းက ဘယ်လိုလုပ်ပြီး ကျောက်တုံးကို မြှောက်နိုင်မှာလဲ .. မင်းက မင်းအဖေကို သေတဲ့အထိ ကြောက်သွားစေနိုင်တယ်နော်”

ကျန်းကျန်းက ချယ်ရီသီးတွေကို ခြင်းထဲမှ ထုတ်ပြီး ခေါင်းမထောင်ဘဲ ပြန်ပြောလာတယ်။

“အဖေက သေလောက်အောင်တော့ မကြောက်လောက်ဘူးထင်တယ်”

မဒမ်လီက ထိုအကြောင်းကို တွေးကြည့်ပြီးနောက် သဘောတူလိုက်တယ်။ သူက အစေ့ကနေ ကောက်ပဲသီးနှံတွေအဖြစ် ချက်ချင်းးကြီးထွားလာတာကို တွေ့မြင်ခဲ့ရတာတောက် ကြောက်ပြီး မသေးသွားဘူးလေ။ ဒီတော့ အခုလိုလေးလံတဲ့ ကျောက်တုံးတစ်တုံးကို ရွှေ့တာကိုလည်း သိပ်ပြီး မကြောက်လောက်တော့ဘူး။

အိမ်မှာ စိုက်ပျိုးထားတဲ့ ချယ်ရီသီးမတွေကို ဘယ်လိုပိုးသတ်ဆေးတွေနှင့်မှ မဖြန်းထားတာကြောင့် ရေဇလုံထဲကိုထည့်ကာ နှစ်ကြိမ်လောက် ဆေးကြောပြီးတာနှင့် စားသုံးနိုင်တယ်။

ကျန်းကျန်းက အကြီးဆုံးတစ်လုံးကို ကောက်ယူလိုက်ပြီး မဒမ်လီရဲ့ ပါးစပ်ထဲကို ထည့်ပေးလိုက်တယ်။ မဒမ်လီ ကိုက်ဝါးလိုက်တော့ သူမရဲ့ပါးစပ်က ချိုမြိန်တဲ့ ချယ်ရီသီးအရသာတွေနှင့် ပြည့်သွားခဲ့ရတယ်။

မဒမ်လီက အစေ့ကို ပြန်လည်ထွေးထုတ်လိုက်ပြီး ခေါင်းညိတ်ပြရင်း ပြောလာတယ်။

“ဒီချယ်ရီသီးက အရသာကောင်းလွန်းတယ်.. အရည်ရွှမ်းပြီး အတော်လေးချိုတယ်”

ကျန်းကျန်း ရယ်မောလိုက်တယ်။

“ဒါက သမီးအစ်ကို ပြန်သယ်လာတဲ့ အပင်ပဲလေ”

ကျန်းကျန်း ဆေးကြောထားတဲ့ ချယ်ရီသီးတွေကို ဝမ်စုဖန်းဆီသို့ တစ်အိုးနှင့် အိမ်နောက်ဘက်မှ ကွေ့ဟွားဆီသို့ တစ်အိုး သွားပေးလိုက်တယ်။

အသားမုန့်လုံးက ခန်ပေါ်မှာ အဝတ်စတွေနှင့် ကစားနေခဲ့ပြီး ကျန်းကျန်း အနီရောင်အသီးအနှံတွေနှင့် ရောက်လာတာကိုမြင်တော့ သူက ခန်ပေါ်ကို ချက်ချင်းဆင်းလာကာ ရေစိုနေတဲ့ ချယ်ရီသီးတွေကို စိုက်ကြည့်ရင်း ပြောလာတယ်။

“အန်တီလေး.. သားလည်း အဲဒါ စားချင်တယ်”

ကျန်းကျန်းက သူ့ကို ဖိနပ်ကို ကူဖီးပေးလိုက်တယ်။

“ဒါဆို အန်တီလေးနဲ့ ခြံထဲကို သွားပြီး တစ်အိုးလောက် စားကြမယ်”

အသားမုန့်လုံးက ဒီလိုအသရွယ်အသီးလေးတွေကို ပထမဆုံးစားဖူးတာဖြစ်လို့ ကျန်းကျန်းက သူ့ကို ခွေးခြေလေးပေါ်မှာ ထိုင်စေပြီး စားရမဲ့နည်းလမ်းကို ညွှန်ကြားပေလိုက်တယ်။

“ဒီချယ်ရီသီးမှာ အစေ့လေးတစ်ခုပါတယ်.. ဒါကြောင့် မင်းစားရင် အဲဒီအစေ့ကို မမျိုချဘဲ ထွေးထုတ်ပစ်ရမယ်.. မဟုတ်ရင် အစေ့က မင်းရဲ့ ဗိုက်ထဲမှာ အညှောက်ထွက်လာပြီး သစ်ပင်ကြီးတစ်ပင် ဖောက်ထွက်လာလိမ့်မယ်”

ကျန်းကျန်း သူမရဲ့လက်ချောင်းတွေကို ဆန့်တန်းပြီး အသားမုန့်လုံးရဲ့ ဗိုက်ပေါ်ကို ကုတ်ခြစ်လိုက်တယ်။

အသားမုန့်လုံးက သူ့ရဲ့ဗိုက်လေးကိုဖုံးအုပ်ကာ ပျော်ရွှင်စွာနှင့် ရယ်မောနေခဲ့တယ်။

ကျန်းကျန်းက သူ့ကို ချယ်ရီသီးတစ်လုံး ပေးလိုက်တယ်။

“ ခွေးခြေပေါ်မှာထိုင်ပြီး ငြိမ်ကြိမ်လေးစားနေနော်.. မင်းပါးစပ်ထဲမှာ ချယ်ရီသီးထည့်ပြီး ပြေးလွှားနေရင် အန်တီလေးက မင်းကို ထပ်မပေးတော့ဘူး”

အသားမုန့်လုံးက အထပ်ထပ်အခါခါ ခေါင်းညိတ်ပြပြီး ချယ်ရီသီးကို ပါးစပ်ထဲထည့်ဖို့ မစောင့်နိုင်တော့ဘူး။ သူ့ရဲ့လက်ထဲသို့ ချယ်ရီသီးရောက်တာနှင့် ကိုက်ခဲလိုက်ကာ သူ့ရဲ့မျက်နှာပေါ်မှာ ပျော်ရွှင်တဲ့ အပြုံးတစ်ခု ပေါ်လာခဲ့တယ်။

အလုံးအနည်းငယ်စားပြီးသွားတော့ အသားမုန့်လုံးက တစ်လုံးပြီးတစ်လုံးစားရတာ ပျင်းရိလာပုံရတယ်။

သူက လက်သေးသေးလေးကိုဖွင့်ပြီး ဇလုံထဲမှ ချယ်ရီသီးလက်တစ်ဆုပ်စာလောက်ကို ဆွဲယူကာ ပါးစပ်ထဲကို အပြည့်ထည့်လိုက်တော့တယ်။

သူ့ရဲ့ နဂို ဖောင်းကားနေတဲ့ ပါးပြင်တွေက ပိုလို့ မို့အစ်ဖောင်းကားလာပြီး ချယ်ရီသီးတွေကို မဆန့်မပြဲကိုက်နေရင်းနှင့် ချယ်ရီသီးရေတွေက ပါးစပ်ထောင့်ကနေ ပြန်ထွက်လာရတယ်။

ကျန်းကျန်းက သူ့ရဲ့ဘေးမှာ ဝင်ထိုင်လိုက်ပြီး ချယ်ရီသီးရဲ့အရသာကို သေသေချာချာ မြည်းစမ်းကြည့်လိုက်တယ်။ သူမရဲ့ အရင်ဘဝမှာတုန်းက စားခဲ့ရတဲ့ ချယ်ရီသီးအများစုက အနီရောင်နှင့် ခရမ်းရောင် ချယ်ရီသီးတွေပဲ။

ထိုချယ်ရီသီးတွေက အလုံးလည်း ကြီးမားပေမဲ့ အရေခွံထူပြီး အချဉ်နည်းနည်းလောက်ရောနှောနေတဲ့ အချိုမျိုးပဲ။ များများစားရင် အက်ဆစ်ဓာတ်တွေက ပိုလိို့သိသာလာလိမ့်မယ်။

လီမိသားစုအိမ်မှ ချယ်ရီပင်ကတော့ အခွံ ပါးလွှာပြီး အရည်ရွှမ်းတဲ့ အသားတွေရှိကာ တကယ့် သဘာဝဒေသထွက်အရသာမျိုးပဲ။ တစ်ကိုက်လောက်ကိုက်ရုံနှင့် အရသာတွေ ပြည့်သွားလိမ့်မယ်။

မဒမ်လီ၊ ကျန်းကျန်းနှင့် အသားမုန့်လုံးတို့က ခြံထဲမှာထိုင်ကာ နေဆာလှုံရင်းနှင့် ချယ်ရီသီးတွေ စားနေခဲ့ကြတယ်။ ထိုအချိန်မှာ ကြက်သားနှပ်ကလည်း ကြက်ခြံထဲမှ လည်ပင်းကို ဆန့်ထုတ်လာကာ အပြင်ကို ထွက်လ်ခဲ့တယ်။

ကျန်းကျန်း ချယ်ရီသီးတစ်လုံးကို ထုတ်ယူပြီး ကြက်သားနှပ်ရဲ့ ရှေ့ကို ပြလိုက်တယ်။

“စားချင်လား?”

ကြက်သားနှပ်ရဲ့ပဲပိစပ်လို မျက်လုံးတွေက စူးစမ်းလိုစွာကြည့်လာပြီးကျန်းကျန်းရဲ့ ပတ်ပတ်လည်ကို နှစ်ခါလောက် လှည့်ပတ်လာတယ်။

“ငါလည်း မြည်းစမ်းကြည့်ဦးမယ်”

“မင်းရဲ့ အရသာခံစားမှုက ပိုပိုပြီး ကျယ်ပြန့်လာတာပဲ”

ကျန်းကျန်း ပြုံးလိုက်ပြီး တစ်လုံး ပစ်ချလိုက်တော့ ကြက်သားနှပ်က စူးစမ်းလိုစွာ ကိုက်ကြည့်လိုက်တယ်။

ကျန်းကျန်း သူ့ကို စပ်စုလိုစွာကြည့်လိုက်တယ်။

“နင် အရသာခံနိုင်လား”

ကြက်သားနှပ်က ကျန်းကျန်းဆီကို တစ်ချက် မော့ကြည့်လာခဲ့ပြီးနောက် ခေါင်းကိုပြန်ငုံ့ကာ နှစ်ကြိမ်လောက်ထိုးဆိတ်ကြည့်ပေမဲ့ နောက်ဆုံးတစ်ခေါက်မှာ အရှိန်များသွားပြီး ချယ်ရီသီးက အပိုင်းသေးလေးတွေအဖြစ် ကွဲထွက်သွားရမဲ့အစား အလုံးလိုက် မျိုချလိုက်မိလေတယ်။

သူ့ရဲ့ ပုံစံကိုကြည့်ရင်း ကျန်းကျန်း ကျယ်လောင်စွာ ရယ်မောလိုက်မိတယ်။ ကြက်သားနှပ်က သူ့ရဲ့ အတောင်ပံတွေကို ခတ်လိုက်ကာ ဒေါသတကြီးနဲ့ ပြန်ကြည့်လာတယ်။

“ငါက အူတိုင်ကို ပြန်မထွေးဘဲ မြိုချလိုက်တာက ဘာရယ်စရာပါလို့လဲ? ငါတို့ကြက်တွေက ကျောက်ခဲကိုတောင် ကောက်စားနိုင်သေးတယ်.. ချယ်ရီသီးလောက်က ဘာဖြစ်မှာမို့လို့လဲ.. မင်းမှာ ရယ်မောဖို့ အချိန်ရရင် မင်းရဲ့သစ်ပင်ကို ပြန်ကြည့်ပြီး မင်းရဲ့ ချယ်ရီသီးတွေကို ကိုက်နေတဲ့ ငှက်တွေကို မောင်းသင့်တယ်”

ကျန်းကျန်းက သူ့ရဲ့စကားကို မျက်တောင်တောင် တစ်ချက်မခတ်ဘူး။

“စားပါစေ.. သူတို့စားတာက သိပ်မကုန်ပါဘူး”

ငှက်တွေက ချယ်ရီသီးစားတဲ့အချိန်မှာ အရှေ့ဘက်မှာ တစ်ကိုက် အနောက်ဘက်မှာ တစ်ကိုက်သာ စားနိုက်တာဖြစ်ပြီး အကိုက်ခံထားရတဲ့အလုံးကတော့ မည်းသွားပြီး လူတွေစားဖို့တော့ မဖြစ်နိုင်တော့ဘူး။ သို့ပေမယ့် ကျန်းကျန်းက ချယ်ရီသီးတွေကို ထိုမျှလောက်အထိ သည်းသည်းလှုပ်ပြီးဂရုမစိုက်သလို ငှက်တွေစားတာကိုလည်းမတွန့်တိုဘူး။

ကျန်းကျန်း အသိစိတ်ကို ဖြန့်ကျက်လိုက်တော့ ဦးဆောင်လာတဲ့ငှက်တစ်ကောင်က ငှက်အုပ်စုကို အော်ဟစ်ညွှန်ကြားနေတာကို သတိပြုမိတယ်။ သူက ငှက်အုပ်ကြီးနှင့်အတူ ချယ်ရီသီးတွေကို ခူးယူဖို့ ကြိုးစားနေခဲ့ကာ ရသွားတာနှင့် ပျံတက်သွားကြပြီး တစ်ကောင်ကို တစ်ကောင်ထိုးကြိတ်နှင့် စားသောက်ဖို့ရန်နေရာသို့ ဦးတည် ပျံသန်းသွားခဲ့တယ်။

ကြက်သားနှပ်က သူတို့ ချီသွားတဲ့ အနီရောင်ချယ်ရီသီးတွေကိုကြည့်ကာ ဂုဏ်ယူစွာ ဟစ်ကျွေးလာတယ်။

“သူတို့တွေက အသီးလေး တစ်ခါ စားရဖို့အတွက် အရမ်းခက်ခက်ခဲခဲလုပ်နေရတာပဲ.. ဒီလောက် အရမ်းသေးနေတာ မဆန်းတော့ဘူး”

ကျန်းကျန်းက သူ့ကို ရယ်ချင်စွာကြည့်လိုက်တယ်။

“သူတို့သာ နင့်လောက် ဝနေရင် ပျံသန်းနေစရာ မလိုတော့ဘူး၊ ဟင်းအိုးထဲကို ပစ်ချလိုက်ပြီး စတူးအလုပ်ခံလိုက်ရပြီ”

ကြက်သားနှပ်က စတူးဟင်းနဲ့ပတ်သတ်ပြီး ပြောရမှာကို မကြောက်တော့ဘဲ အတောင်ပံတွေခတ်ပြီး ဂုဏ်ယူစွာနဲ့ ပြောလာပြန်တယ်။

“အဖွားက ငါ့ကိုစတူးမချက်တော့ဘူးလို့ပြောတယ်.. ငါက ကြက်အိုကြီးဖြစ်သွားလို့ အသားက အရသာမရှိတော့ဘူးတဲ့”

“နင်က ကိုယ့်ကိုယ်ကို အတော်လေးသိတတ်နေတာပဲ”

ကျန်းကျန်း ကြက်သားနှပ်ကို ရယ်မောချင်စွာနှင့် သူနှင့် ငြင်းခုံနေရင်း ချယ်ရီသီးတွေကို ပါးစပ်ထဲသို့ ထည့်နေခဲ့တယ်။ သူမ သတိမပြုမိခင်မှာပဲ ချယ်ရီသီးတစ်အိုးက လူလူယောက်ရဲ့ အပြတ်ရှင်းခံလိုက်ရပြီ။ ကျန်းကျန်း ဒီတော့မှ သူမရဲ့ဗိုက်က ဖောင်းကားနေတာကို သိသွားရတယ်။

ကျန်းကျန်း လေချဥ်တက်လိုက်ပြီး မဒမ်လီ ပေးလာတဲ့ ကြွေခွက်လေးကို ယူလိုက်ပြီး ခြံဝန်းထဲမှ ခုံမှာ ခြေပစ်လက်ပစ်ထိုင်ရင်း သက်ပြင်းချလိုက်မိတယ်။

“ဒီလောက် ရာသီဥတုသာယာတဲ့နေ့မှ အေးအေးဆေးဆေးမနေနိုင်ကြဘဲ ဘာတွေရှုပ်ထွေးအောင်လုပ်ချင်နေကြတာလဲ”

မဒမ်လီက အသက် 60 ဝန်းကျင်လောက်ရှိနေပြီဆိုပေမဲ့ သူမက နားမထိုင်းသေးသလို မျက်လုံးလည်းမဝါးသေးဘူး။

သူက ကျန်းကျန်းရဲ့ လူတွေ ရှုပ်ထွေးအောင်လုပ်နေတယ်ဆိုတဲ့ စကားကိုကြားတော့ လျှင်မြန်စွာနှင့် မေးလိုက်တယ်။

“ဘယ်သူက အရှုပ်အထွေးတွေလုပ်နေတာလဲ?”

ကျန်းကျန်း ခဏလောက် အံ့အားသင့်သွားပြီးနောက် စကားတစ်ခွန်းကို အမြန်ထပ်ဖြည့်ပြီးပြောလိုက်တယ်။

“ဟိုဘက်မှာ နေတဲ့ ကျန်းသယ်ဖူတို့ အိမ်လေ.. သူ့အိမ်က တစ်နေ့လုံး ဆူညံနေနိုင်တာ.. ဘာတွေများလုပ်နေကြတာလဲ မသိဘူး”

မဒမ်လီက သူမရဲ့စကားကိုကြားတော့ ပြန်ပြောလာတယ်။

“သူတို့မိသားစုက ဟိုးအရင်ကတည်းက လူကောင်းတွေမဟုတ်ဘူး.. အရှေ့က ရလာမလား၊ အနောက်ကရလာမလားပဲ တွေးနေတာ.. အရင်တုန်းကလည်း ငတ်မွတ်ခေါင်းပါးတဲ့ကာလမှာတောင် တောင်တွေပေါ်မှာ စားသရာသွားမရှာပဲ အငတ်ခံပြီး နေခဲ့သေးတာ.. သူများတွေ မြေရိုင်းတွေကို ဖွင့်ပြီး စိုက်ပျိုးတော့လည်း တခြားသူတွေရဲ့ အိမ်တွေကနေ တနေကုန် အကျိုးအမြတ်ရဖို့ မျှော်လင့်တာလေ.. အရင်တုန်းကအတိုင်း လူဆိုးလူပေတွေလုပ်နေတုန်းပဲ”

All Chapters