← Chapters

အခန်း (၁၁၃)

Vol. 12 Ch. 113

အခန်း (၁၁၃)

Vol. 12 Ch. 113

ကျန်းကျန်းတစ်ယောက် တောင်ပေါ်မှာ သစ်ပင်တစ်ပင်နှင့် တစ်ပင် ကူးလူးရင်းနှင့် လှည့်ပတ်ကြည့်နေခဲ့တယ်။

ယခုအချိန်မှာ ယဉ်ကျေးမှုနှင့် တော်လှန်ရေးကာလက စတင်နေပြီဖြစ်ပြီး လက်ရေးလှများ၊ ပန်းချီကားချပ်များ၊ ရှေးဟောင်းပစ္စည်းများနှင့် ရတနာပစ္စည်းပေါင်းများစွာတို့က မရေမတွက်နိုင်လောက်အောင် ပျက်စီးသွားလိမ့်မယ်။

ကျန်းကျန်းအနေနဲ့ သူမ အဆက်မပြတ် နေရာကူးပြောင်းဖို့ ကြိုးစားခဲ့ပေမဲ့ သူမရဲ့ ခန္ဓာကိုယ်နှင့် စိတ်ဝိဥာဥ်ကို သက်ရောက်မှု မရှိခဲ့ကြောင်း ရှာဖွေတွေ့ရှိခဲ့တယ်။

ဒါကြောင့် သူမက လက်ရှိကာလအပေါ် အခွင့်ကောင်းယူပြီး ရတနာအချို့ကို ပြန်ယူကာ တောင်တွေပေါ်မှာ မြှုပ်နှံထားဖို့ ဆုံးဖြတ်ခဲ့တယ်။

ပြုပြင်ပြောင်းလဲရေးကာလပြီးနောက် ပွင့်လင်းမြင်သာမှုတွေ စတင်လာချိန်ကိုရောက်ရင် သူမ ထိုပစ္စည်းတွေကို ပြန်ထုတ်ပြီး တိုင်းပြည်အတွက် လှူလိုက်မယ်။ ဒါမှမဟုတ် နောင်လာနောက်သားတွေအတွက် ထားခဲ့လိုက်မယ်။

ဒါဆိုရင် ပြီးမားတဲ့ အကူအညီဖြစ်စေမှာပဲ။

ဒါပေမယ့် ဒီလိုပစ္စည်းတွေကို တိုက်ရိုက်မြှုပ်နှံလိုက်လို့ မရနိုင်ဘူး။ သေတ္တာထဲမှာ ထည့်ပြီးမှ မပျက်စီးဘဲ ကျန်ရှိနိုင်လိမ့်မယ်။

ကျန်းကျန်း သစ်ပင်တွေကို သေတ္တာအဖြစ် ဘယ်လိုပြောင်းရမလဲဆိုတာကို စဉ်းစားနေခဲ့တယ်။ သူမက သစ်ပင်ကို ပိုင်းဖြတ်ရန်အတွက် သူမရဲ့ သဘာဝလွန်စွမ်းအားတွေကို အသုံးပြုနိုင်သလို အရွယ်အစားနှင့် အထူတွေကိုလည်း အညီအမျှ ပိုင်းပိုင်းဖြတ်နိုင်ပေမဲ့ သစ်ပင်က ဘယ်လောက်ပဲ သက်တန်းရင့်နေပါစေ တစ်ပင်တည်းနှင့် သတ္တာတစ်ခု ပုံဖော်နိုင်လောက်တဲ့အထိတော့ ကြီးမားမှုမရှိဘူး။

ဒီမနက်ပိုင်းမှာ သစ်ပင်တစ်ပင်ကို ရှာကာ ပျဉ်ပြားအနည်းငယ်အဖြစ် ခွဲထားပြီဖြစ်ပေမဲ့ ဘယ်လိုမျိုး ချိတ်ဆက်ရမလဲဆိုတဲ့နည်းလမ်းကို မတွေးနိုင်သေးဘူး။

ကျန်းကျန်း နောက်တစ်မျိုး ကြိုးစားတော့မဲ့အချိန်မှာပဲ ငှက်နှစ်ကောင်က ရုတ်တရက် ပျံသန်းလာပြီး သူမရဲ့ညပုခုံးပေါ်ကို နားလာခဲ့ကြတယ်။

“ဟုန်ကျုံးက မင်းကို တောင်ခြေရင်းမှာ ရှာနေတယ်”

ဒီငှက်နှစ်ကောင်က အရင်နေ့တွေတုန်းက လီမိသားစုအိမ်မှာ ချယ်ရီသီးလာစားခဲ့တဲ့ ငှက်တွေပဲ။ ငှက်တွေ ဆယ်ခုနှစ်ကောင်၊ ဆယ့်ရှစ်ကောင်လောက်မှာ ကျန်းကျန်းက ဒီငှက်နှစ်ကောင်နှင့်သာ ဆက်သွယ်နိုင်ခဲ့တယ်။

ထိုအချိန်ကတည်းက ကျန်းကျန်းက သူတို့ကို ဘေးမှာနားခဲ့ပြီး သူမရဲ့ မျက်လုံးတွေအဖြစ် ရှိစေခဲ့တယ်။

ကျန်းကျန်း သူမရဲ့ ကိုယ်ပေါ်မှ သစ်စတွေကို ခါရင်း မတ်တပ်ထရပ်လိုက်ကာ အသိစိတ်ကိုဖြန့်ကျက်ပြီး လီမင်ပေနှင့် မဝေးတဲ့နေရာဆီသို့ ကူးပြောင်းသွားလိုက်တယ်။

ဟုန်ကျုံးက ကျန်းကျန်းရဲ့ အနံ့ကိုရတော့ သူမဘက်ကို လှည့်ကာ နှစ်ခါလောက်ဟောင်ပြီး ဝမ်းသာအားရ နှုတ်ဆက်လာခဲ့တယ်။

လီမင်ပေကလည်း ကျန်းကျန်းဘက်ကို လိုက်သွားခဲ့ပြီး ကျန်းကျန်းရဲ့ မျက်နှာပေါ်မှာ ဖုန်မှုန့်တွေနှင့် အညစ်အကြေးတွေရှိနေတာကို မြင်တော့ မရယ်ဘဲ မနေနိုင်ခဲ့ဘူး။

“မင်းက ကျောင်းပျက်ပြီး ယုန်တွင်းထဲကိုခုန်ဆင်းဖို့ တောင်ပေါ်ကို ရောက်နေတာလား။”

“မဟုတ်ဘူး၊ ညီမလေးက ရတနာတွေ တူးနေတာ”

ကျန်းကျန်း အစ်ကိုဖြစ်သူကို လိမ်ညာလိုက်ပြီး ပြန်မေးလိုက်တယ်။

“စာမေးပွဲဖြေပြီးသွားပြီလား? ဖြေခဲ့တာ အခြေအနေက ဘယ်လိုလဲ”

“ မသိဘူး.. ဘာပဲဖြစ်ဖြစ် ငါလုပ်နိုင်တာမှန်သမျှကို လုပ်ပြီးသွားပြီ.. ဒီနှစ်အတွက် ငါ ကြိုးကြိုးစားစား လုပ်ခဲ့တယ်ဆိုတော့ နောင်တရစရာမရှိဘူး.. ဒါနှင့်တောင် မရသေးဘူးဆိုရင်တော့ ငါလည်း မတတ်နိုင်တော့ဘူး”

လီမင်ပေက သူ့ရဲ့ခေါင်းကို ကုတ်လိုက်ပြီး ကျန်းကျန်းဘက်ကိုပြန်မေးလာတယ်။

“မင်းပြောကြည့်.. တကယ်လို့ ငါသာ အထက်တန်းကျောင်းကို မတက်နိုင်ခဲ့ရင် အလယ်တန်းပညာရေးလောက်နှင့် ရေအားလျှပ်စစ်စက်ရုံကို ၀င်လို့ရလောက်မလား”

ယဉ်ကျေးမှုတော်လှန်ရေးက စတင်လာပြီဖြစ်ကာ ပညာရေးရဲ့ အရေးပါမှုကလည်း တဖြည်းဖြည်း နည်းသထက် နည်းပါးလာခဲ့တယ်။

လီမင်ပေက ရေအားလျှပ်စစ်စက်ရုံရဲ့ ကလေးမဟုတ်ပေမဲ့လည်း သူတို့ရဲ့မိသားစုနောက်ခံနှင့် လီမူဝူရဲ့ ကောက်နှံဆိုင်မှ ဝန်ထမ်းအဖြစ် အထောက်အထားကြောင့် ရရှိနိုင်တဲ့ အခွင့်အလမ်းတွေက အတော်လေးမြင့်မားနေသေးတယ်။

ကျန်းကျန်း ယောင်ဝါးဝါးနှင့်သာ ခေါင်းညိတ်ပြလိုက်တယ်။

“ စာမေးပွဲ အောင်ရင်ရမှာ သေချာပေါက်ပဲဆိုပေမဲ့ အစ်မဝမ်ရှို့ပြောတဲ့အတိုင်းဆိုရင် သူမ အထက်တန်းကို ဝင်ခွင့်ရပြီးတာနှင့် အလုပ်ဝင်လုပ်ဖို့ စီစဉ်နေတယ်ဆို”

ရေအားလျှပ်စစ် စက်ရုံမှကလေးတွေက စက်ရုံထဲမှာအလုပ်ဝင်နိုင်ဖို့အတွက် အပြင်လူတွေထက်ပိုပြီး လွယ်ကူတယ်။ ယွီဝမ်ရှို့က ရေအားလျှပ်စစ်စက်ရုံမှ ဝန်ထမ်းသားသမီးဖြစ်လို့ အချိန်မရွေး စက်ရုံမှာ အလုပ်ဝင်ရောက်နိုင်လိမ့်မယ်။

ယွီဝမ်ရှို့ရဲ့ အကြောင်းကို တွေးမိတော့ လီမင်ပေရဲ့မျက်နှာက အနည်းငယ်စိတ်လှုပ်ရှားလာပုံရပြီး အနည်းငယ်လည်း ပျော်ရွှင်နေပုံရတယ်။

ကျန်းကျန်းကတော့ အံ့အားသင့်နေခဲ့တယ်။

သူမအနေနဲ့ အတိတ်ဘဝမှာတုန်းက နှစ်ဆယ့်လေးနှစ်ကြာအောင် ဆင်ဂယ်ခွေးသာ ဖြစ်ခဲ့ပြီး အချစ်ရေးဆိုတာကို နားမလည်နိုင်ခင်မှာပဲ အချိန်ကူးပြောင်းလာခဲ့ရတယ်။

ဒါကြောင့် ကျန်းကျန်းအနေနဲ့ ဒီလိုမျိုး တုံးအအ လျို့ဝှက်အချစ်ရေးကို အမှန်တကယ်ကို နားမလည်နိုင်ခဲ့ဘူး။

လီမင်ပေက အားလပ်ရက်တွေမှာ နေ့တိုင်း ပျော်ရွှင်စွာ အပြင်သို့ထွက်နေခဲ့ပြီး ကျန်းကျန်းကိုတောင်မှ ရေအားလျှပ်စစ်စက်ရုံသို့ ခေါ်သွားပြီး ကစားဖို့ တွေးထားပေမယ့် ကျန်းကျန်းကတော့ ဒီလိုအချိန်ကာလမှာ ကစားဖို့အကြောင်းကို လုံးဝမစဉ်းစားထားခဲ့ဘူး။

သူမက နေ့စဥ်ရက်ဆက် မနက်စာစားပြီးတိုင်း တောင်ပေါ်ကို ထွက်သွားခဲ့ကာ နေ့လယ်စာစားချိန်ကျော်ပြီးမှသာ တောင်ပေါ်ကနေ ပြန်ဆင်းလာခဲ့တယ်။

သစ်တောဧရိယာအတွင်းမှာရှိတဲ့ မြို့ငယ်လေးတွေမှ ကလေးတွေအားလုံးက တောတွေတောင်တွေကို သွားနေကျဖြစ်ကာ ကျန်းကျန်းကလည်း အပင်တွေနှင့် တိရိစ္ဆာန်တွေကို ထိန်းချုပ်နိုင်တဲ့အကြောင်းကို မဒမ်လီသိထားပြီဖြစ်လို့ တောင်တန်းတွေမှာ ထိခိုက်ဒဏ်ရာရမှာကို မစိုးရိမ်တော့ဘူး။

လီမင်ပေကတော့ ကျန်းကျန်းတစ်ယောက် တောင်ပေါ်ကို နေ့တိုင်းသွားပြီး ဘာတွေလုပ်နေတာလဲဆိုတာကို သိချင်ခဲ့တယ်။ ကျန်းကျန်းက သူမ တာ့ဟွေ့ကို လေ့ကျင့်နေတာဖြစ်ကြောင်း ပြောခဲ့တာကြောင့် လီမင်ပေတစ်ယောက် အလွန် ကြောက်ရွံ့သွားကာ အသေးစိတ် အချက်အလက်တွေကို မသိချင်ခဲ့တော့ဘူး။

ကျန်းကျန်းက သစ်သားပရိဘောဂနှင့် ပတ်သက်တဲ့အကြောင်းတွေကို မသိခဲ့ဘူး။ သူမက မြေကြီးထဲမှာမြှပ်နှံထားတဲ့ မဟော်ဂနီသေတ္တာကြီးတစ်လုံးကိုတောင် ပြန်လည်တူးထုတ်လိုက်ပြီး ရှာဖွေစူးစမ်းခဲ့ပေမဲ့ အဆုံးမှာတော့ ဘာကိုမှ မရှာနိုင်ခဲ့ဘူး။

နောက်ဆုံးမှာတော့ သေတ္တာတွေကို ကိုယ်တိုင်ပြုလုပ်ဖို့ကို လက်လျှော့လိုက်ရကာ နောက်ထပ်အကြံတစ်ခုရလာခဲ့တယ်။

သူမက ကိုရီးယားထင်းရှူးပင်ကြီးတစ်ပင်ကို ရှာဖွေခဲ့ပြီး ထိုအပင်ကြီးကို အချင်းတစ်မီတာကျော်လောက်အထိ ကြီးထွားစေလိုက်ကာ အလျားတစ်မီတာလောက်စီ ပိုင်းဖြတ်လိုက်တယ်။

ကျန်းကျန်း ထိုသစ်သားတုံးကို ထိလိုက်ပြီး သူမရဲ့ ဉာဏ်ကောင်းမှုအတွက် ဂုဏ်ယူနေခဲ့တယ်။ ဒီလိုဆိုရင် သူက အလယ်မှာရှိနေတဲ့ သစ်သားစတွေကို ဖယ်ထုတ်လိုက်သရွေ့ ဒါကို သေတ္တာတစ်ခုအဖြစ် အသုံးပြုနိုင်တယ်။ ပြီးသွားရင် အပေါ်က ဖယ်ထုတ်လိုက်တဲ့ သစ်သားပြားကိုလည်း အဖုံးအဖြစ် ပြန်သုံးနိုင်မှာဖြစ်လို့ လုံးဝဖြုန်းတီးရာမရောက်နိုင်ဘူး။

အတွင်းပိုင်းမှ ဖယ်ရှားလိုက်တဲ့ သစ်စတွေကိုတော့ မြေဆီလွှာထဲကို တိုးဝင်စေလိုက်ပြီး သစ်သားသတ္တာထည့်မယ့် အခေါင်းပေါက်ရဲ့ ပတ်ပတ်လည်ကို နစ်မြုပ်သွားစေတာကြောင့် မြေဆီလွှာကနေတဆင့် လေတွေ ဝင်လာမှာကို တားဆီးနိုင်လိမ့်မယ်။ ဒါ့အပြင် အပေါ်ဘက်မှလည်း သစ်သားပြားတွေကို အထပ်လိုက်ထင်ထားမှာဖြစ်လို့ မိုးတွေကိုလည်း တားဆီးနိုင်မှာဖြစ်ကာ သစ်သားသေတ္တာ ပတ်ပတ်လည်မှာ အလုံပိတ်အလွှာတစ်ခု အလိုအလျောက် ဖြစ်ပေါ်စေလိမ့်မယ်။

သူမကို တစ်ချိန်လုံး အနှောက်အယှက်ဖြစ်စေခဲ့တဲ့ ပြဿနာကို ဖြေရှင်းပြီးနောက် ကျန်းကျန်း ရုတ်တရက် ပိုပြီးသက်တောင့်သက်သာရှိသလို ခံစားလိုက်ရပြီး လူသူ အရောက်အပေါက်မရှိတဲ့ တောင်နှစ်ခုကြားမှ စမ်းချောင်းငယ်လေးဆီသို့ ကိုယ့်ကိုယ်ကိုရွှေ့ပြောင်းလိုက်တယ်။

သူမက စမ်းချောင်းလေးဘေးမှာရှိတဲ့ မိုးမခပင်မှ မိုးမခအကိုင်းအခက်တချို့ကို ပိုင်းယူလိုက်ပြီး သူမရဲ့လက်တွေကို အလျှင်အမြန်အလုပ်လုပ်ကာ ခြင်းတောင်းလေးတစ်ခုကို အလျှင်အမြန်လုပ်ခဲ့တယ်။

ထို့နောက် စမ်းချောင်းဘေးမှာ ထိုင်ချလိုက်ပြီး ခြင်းတောင်းလေးကို ရေထဲသို့ နှစ်ချလိုက်တော့ စမ်းချောင်းထဲမှ လက်တစ်လုံးစာအရွယ်ရှိတဲ့ ရေပုရစ်တစ်ကောင်က ခြင်းတောင်းထဲသို့ အသာတိုးဝင်လာခဲ့တယ်။

ရေပုရစ်တွေရဲ့အရသာက ပင်လယ်ကျောက်ပုစွန်ကြီးတွေရဲ့ အရသာနှင့် အလွန်ဆင်တူလွန်းပေမဲ့ သူတို့တွေက များစွာသေးငယ်လွန်းတယ်။

သူတို့တွေက နေထိုင်ကျက်စားဖို့အတွက် ရေရဲ့အရည်အသွေးနှင့် ပတ်သက်ပြီး လိုအပ်ချက်တွေ အလွန်များပြားလွန်းတယ်။

သူတို့နေထိုင်ကျက်စားမဲ့ မြစ်တွေနှင့် ချောင်းတွေက ကြည်လင်နေရမှာ ဖြစ်ပြီး လေထုညစ်ညမ်းမှု အနည်းငယ်လောက်ကတောင် သူတို့တွေကို သေစေနိုင်တယ်။

ပေရှားမှာရှိတဲ့ စမ်းချောင်း ၊မြစ်ရေတိိ့က တောင်ပေါ်မှ စီးကျလာတဲ့ ရေတွေသာဖြစ်ပြီး ဒီနေရာတွေမှာ လေထု ၊မြေထုကို ညစ်ညမ်းစေမဲ့အရာမရှိတာကြောင့် တောင်အလယ်မှစီးဆင်းလာတဲ့ စမ်းချောင်းအတွင်းမှ ရေပုရစ်တွေက ဆူဖြိုးပြီး ကြီးမားလာကြတယ်။

ကျန်းကျန်းက သူမရဲ့ ခြင်းတောင်းမှာ ပြည့်သွားမှသာ ရပ်တန့်လိုက်တယ်။ သူမက ခြင်းတောင်းလေးရဲ့အပေါ်မှာ မိုးမခကိုင်းနှင့်ကျစ်ထားတဲ့အဖုံးကို ဖုံးအုပ်လိုက်ကာ သဘာဝထွက်ချည်မျှင်တစ်ခုနှင့် အပေါ်အောက် ချည်လိုက်တယ်။ ထို့နောက် အိမ်ကိုပြန်သယ်သွားရန်အတွက် လက်ကိုင်တစ်ခုပါ ပြုလုပ်လိုက်ပြန်တယ်။

ဒီရေပုရစ်ရဲ့ အရသာက ပုစွန်တုတ်နှင့်တူပြီး ထုံပြီးစပ်တဲ့အရသာတွေနှင့် လိုက်ဖက်လိမ့်မယ်။

ယခုခေတ်ကာလမှာ ငရုတ်သီးခြောက်လို ဟင်းခတ်အမွှေးအကြိုင်တွေကို နှစ်သစ်ကူးကာလအတွင်း မိသားစုတစ်စုမှာ အနည်းငယ်လောက်သာ ဝယ်ယူရရှိနိုင်ပြီး ရှားပါးပစ္စည်းလို့တောင် ခေါ်နိုင်တယ်။

ဒါကြောင့် ကျန်းကျန်းက ချောင်းကို ပထမဆုံးတွေ့ရှိတဲ့အချိန်ကတည်းက အိမ်မှာရှိတဲ့ ငရုပ်စေ့တွေအပါအဝင် ဟင်းခတ်အမွှေးအကြိုင်တချို့ရဲ့ အစေ့တွေကို မြေကြီးမှာဖြန်းထားကာ အပင် ပေါက်လာစေခဲ့တယ်။

သူမက ဒါကို တောထဲမှာ စိုက်ပျိုးထားတာကြောင့် အသုံးပြုဖို့လိုအပ်တဲ့အချိန်မှာ ရင့်မှည့်နေတဲ့ အသီးတွေကို ခူးလာပြီး တောင်ပေါ်မှ တောရိုင်းအသီးတွေကို တွေ့လာခဲ့တယ်လို့ ပြောလေ့ရှိတယ်။

မဒမ်လီနှင့် ဝမ်စုဖန်းတို့ကတော့ သူမရဲ့အကြောင်းကို သိရှိနေပြီးသားဖြစ်ပြီး သူတို့က ကွေ့ဟွားနှင့် ကလေးအနည်းငယ်လောက်ကိုသာ ဖုံးကွယ်ထားခဲ့ကြတာဖြစ်လေတယ်။

ကျန်းကျန်း စိတ်ပျော်ရွှင်စွာနှင့် အိမ်ထဲသို့ ဝင်လာတာကိုတွေ့တော့ မဒမ်လီက သူမ စားသောက်စရာတစ်ခုခု ပြန်ယူလာပြီဆိုတာကို ချက်ချင်း သိရှိသွားခဲ့တယ်။

သူမက အိမ်ထဲမှ အမြန်ထွက်လာကာ ခြင်းတောင်းကို ကျန်းကျန်းရဲ့လက်ထဲမှ အမြန်လှမ်းယူခဲ့တယ်။

မဒမ်လီ ခြင်းကိုဆွဲယူလိုက်တာနှင့် အလေး လက်မောင်းကနေ အလေးချိန်ကို ခံစားလိုက်ရတယ်။ ဒါကြောင့် လီမင်ပေကိုသာ လှမ်းခေါ်ပြီး သယ်သွားခိုင်းလိုက်ကာ ကျန်းကျန်းရဲ့လက်ဖဝါးလေးကို အသေအချာဖြန့်ကြည့်လိုက်တယ်။

“မင်းဘာလို့ ဒီလောက်အလေးကြီးကို ပြန်သယ်လာတာလဲ.. ဒါတွေစားချင်ရင် မင်းရဲ့အဖွားကို ပြောမှပေါ့”

“ရပါတယ် အဖွား.. ဒီအလေးချိန်လောက်က သမီးအတွက် ကစားနေသလိုပါပဲ”

ကျန်းကျန်းက မဒမ်လီရဲ့ လက်မောင်းကို သိုင်းဖက်လိုက်ပြီး သူမရဲ့ ဖြူဖွေးနူးညံ့တဲ့ လက်ဖဝါးလေးကို ပြသပေးလိုက်တယ်။ လက်ပေါ်မှာ အလေးအပင်မ,ထားတဲ့ အရာလေးတောင် ရှိမနေခဲ့ဘူး။

မဒမ်လီက သူမရဲ့လက်လေးကို ဆုပ်ကိုင်လိုက်ရင်း ပြောလာတယ်။

“မင်းက သန်မာပေမယ့် မိန်းကလေးတစ်ယောက်ပဲလေ.. မင်းအနေနဲ့ မင်းကိုယ်မင်း ညှာတာမှဖြစ်မယ်.. ကြမ်းတမ်းပြီး ပင်ပန်းတဲ့ အလုပ်တွေကို မင်းတစ်ယောက်တည်း မလုပ်နဲ့.. မင်း စားချင်တယ်ဆိုရင် မင်းရဲ့ စတုတ္ထအစ်ကိုကို ခိုင်းလို့ရတယ်.. တကယ်လို့ တောဝက်ဖမ်းရင်တောင် မင်းအတွက် ပြန်သယ်လာလို့ရတယ်”

ကျန်းကျန်းက ရယ်မောလိုစွာ ပြုံးပြလိုက်ပြီး မဒမ်လီရဲ့လက်မောင်းကို လက်တစ်ဖက်နဲ့ သိုင်းဖက်ကာ ခြင်းတောင်းကို လက်တစ်ဖက်နဲ့ လှမ်းယူကာ မြှောက်ပြလိုက်တယ်။

“တောဝက်တစ်ကောင်ကို တွေ့တာနှင့် စတုတ္ထအစ်ကိုရဲ့ ခြေထောက်တွေက အားနည်းသွားလိမ့်မယ်.. အဲလိုသာဆိုရင် သမီးက တောဝက်ကို လက်တစ်ဖက်နဲ့ သယ်ပြီး သူ့ကို နောက်တစ်ဖက်နှင့် သယ်သွားရတော့မှာပေါ့”

All Chapters