← Chapters

အခန်း (၁၁၄)

Vol. 12 Ch. 114

အခန်း (၁၁၄)

Vol. 12 Ch. 114

ကျန်းကျန်း ရေပုရစ်တွေထည့်ထားတဲ့ ခြင်းတောင်းကို မီးဖိုချောင်ထဲသို့ယူသွားခဲ့တယ်။

ထိုအခိုက်မှာ ဝမ်စုဖန်းကလည်း ခြံထဲမှာစိုက်ပျိုးထားတဲ့ ဟင်းသီးဟင်းရွက်စိုက်ခင်းထဲမှ လတ်လတ်ဆတ်ဆတ် ခူးဆွတ်လာခဲ့တဲ့ ဟင်းသီးဟင်းရွက်အိုးတစ်အိုးကိုသယ်ကာ အိမ်ထဲကို လာခဲ့တယ်။

သူမက ဟင်းသီးဟင်းရွက်အိုးကို မီးဖိုချောင်ထဲမှာ ထားရင်းနှင့် စားပွဲပေါ်မှာရှိနေတဲ့ ခြင်းတောင်းလေးကိုမြင်တော့ အိုးကို အမြန်ချလိုက်ပြီး ထိုမိုးမခခြင်းလေးရဲ့ အဖုံးကို လှစ်ဟပြီး စူးစမ်းကြည့်လိုက်တယ်။

“ဒါက ဘာတွေလဲ”

သူမ မေးမြန်းနေတုန်းမှာပဲ ခြင်းတောင်းရဲ့ အဖုံးအပေါက်လေးထဲမှ ရေပုရစ်တွေအများကြီး စုပြုံနေတာကို မြင်လိုက်ရပြီး တချို့အကောင်တွေကတော့ ခြေတွေလက်တွေကို လှုပ်ရှားနေကြတုန်းပဲ။

အတွင်းဘက်မှ အဝတ်အိတ်လေးတစ်အိတ်လေး ရှိနေတာကို တွေ့လိုက်ရတာကြောင့် ဝမ်စုဖန်း ထိုအဝတ်အိတ်လေးကို ထုတ်ယူကာ ဖြည်ကြည့်လိုက်တယ်။

အထဲမှာတော့ အနီရောင် ငရုတ်သီးနှင့် ငရုတ်ကောင်းစေ့တွေကို တွေ့လိုက်ရတာကြောင့် ဝမ်စုဖန်း မတတ်နိုင်ဘဲ ရယ်မောလိုက်မိတယ်။

“ ရေပုရစ်တွေကို မွှန်ပြီးသေသွားစေချင်တာလား?”

ကျန်းကျန်းက အနည်းငယ် ရှက်ရွံ့စွာ ရယ်မောလိုက်မိတယ်။

“လမ်းမှာတုန်းကတော့ ပုရစ်တွေမသေလောက်ဘူးလို့ တွေးပြီး ယူလာခဲ့တာပဲ.. သေသွားရင် နှမျောစရာဖြစ်နေလိမ့်မယ် “

မဒမ်လီက အိမ်မှာရှိနေတဲ့ အကြီးဆုံးအိုးကို ထုတ်ယူလာခဲ့တာကြောင့် ဝမ်စုဖန်းက ခြင်းတောင်းထဲမှ ရေပုရစ်တွေအားလုံးကို သွန်ချလိုက်တာကြောင့် ရေပုရစ်တွေက အိုးအပြည့် ရလာခဲ့တယ်။

မဒမ်လီက အံ့သြတကြီးမေးလာတယ်။

“ဟေး ရေပုရစ်တွေက အကုန်လုံးအကောင်ကြီးတွေချည်းပဲ မင်းဘယ်ကနေ ဖမ်းလာခဲ့တာလဲ”

ကျန်းကျန်း ယောင်ဝါးဝါးနဲ့ပြောလိုက်တယ်။

“ တောင်ရဲ့ဘေးက စမ်းချောင်းလေးမှာ ဖမ်းလာခဲ့တာ”

ကျန်းကျန်းက သူ့ရဲ့ကိုယ်ပိုင်စွမ်းရည်နှင့် ပတ်သက်ပြီး ရှင်သန်မှုအတွက်လိုအပ်ချက်တွေကြောင့် မဒမ်လီနှင့် ဝမ်စုဖန်းတို့ကို သူမက တိရိစ္ဆာန်တွေနှင့် အပင်တွေကို ထိန်းချုပ်နိုင်ကြောင်းကိုသာ အသိပေးထားခဲ့တယ်။

တယ်လီပို့နှင့် နေရာကူးပြောင်းတာတွေ၊ အသိစိတ်ကို လွှတ်ထုတ်တာတွေနှင့်ပတ်သက်ရင်တော့ သူမရဲ့ လျှို့ဝှက်ချက်လေးတွေအဖြစ် ချန်လှစ်ထားပြီး သူမရဲ့ နှလုံးသားထဲမှာသာ အသေအချာ ဖွတ်ထားခဲ့တယ်။

ပေရှားမှ ဟုန်စုန့်တောင်ကြီးက အဆုံးမသတ်နိုင်လောက်အောင်ကြီးမားတာကြောင့် မဒမ်လီကလည်း ပေါ့ပေါ့ပါးပါးသာ မေးခဲ့တာဖြစ်ကာ အသေးစိုက်တွေကို ဂရုမစိုက်ခဲ့ဘူး။

ဝမ်စုဖန်းက ချက်ပြုတ်ဖို့ပြင်ဆင်တော့မှာကိုမြင်တော့ မဒမ်လီက ကျန်းကျန်းကို ပြန်ဆွဲခေါ်သွားပြီး အနားယူခိုင်းတော့တယ်။

“မင်း တစ်မနက်ခင်းလုံး သွားလိုက်လာလိုက်လုပ်နေတာ .. ပင်ပန်းနေပြီမလား.. မြန်မြန်ထပြီး ခြေထောက်တွေဆေးကြောလိုက်ဦး.. ပြီးရင် ရေဒီယိုနားထောင်ရင်း အနားယူလိုက်တော့.. မင်းအမေက အခုလေးတင် တည်သီးနှင့် သခွားသီးတွေ ဆေးကြောပေးထားတယ်.. စားလိုက်ဦး”

ကျန်းကျန်းက သဘောတူလိုက်ပြီး အပြင်သို့ လမ်းလျှောက်ထွက်သွားရင်း ခေါင်းကို ပြန်လှည့်ကာ ဝမ်စုဖန်းဘက်ကို အကြံပေးဖို့ကိုလည်း မမေ့ခဲ့ဘူး။

“အမေ အရသာပိုကောင်းအောင် ငရုတ်သီးနဲ့ ငရုပ်ကောင်းမှုန့်တွေ ထပ်ထည့်ပေးဦးနော်”

ဝမ်စုဖန်းက သူမကို ကူကယ်ရာမဲ့စွာ စိုက်ကြည့်ရင်း ပြန်ပြောလာတယ်။

“မင်းရဲ့ အသက်က ဘယ်လောက်ရှိပြီမို့လို့လဲ.. ဘာလို့ လူကြီးတွေထက်တောင် စပ်တဲ့အစားအစာတွေကို စားနိုင်နေတာလဲ”

ကျန်းကျန်း ပြုံးလိုက်တယ်။

“မစပ်ရင် အရသာမရှိဘူးလေ”

နေ့လည်ခင်းမှာ ပုရစ်အစပ်ဟင်းချက်ထားတာကြောင့် နေ့လည်စာက ခါတိုင်းထက် နာရီဝက်လောက်နောက်ကျနေပေမယ့် တံခါးဖွင့်လိုက်တာနဲ့ မီးဖိုချောင်ထဲမှ အစပ်အရသာမွှေးရနံ့က တစ်အိမ်လုံးအနှံ့ သင်းပျဲ့လာခဲ့ပြီး သူတို့တွေစောင့်ဆိုင်းနေရတာ အလွန်အမင်း ထိုက်တန်လွန်းတယ်လို့ ခံစားလိုက်ရတယ်။

ဆီပြန်နေပြီး နီရဲတောက်ပနေတဲ့ ရေပုရစ်အိုးကြီးတစ်လုံးကို စားပွဲပေါ်သို့ ယူလာချိန်မှာတော့ ကျန်းကျန်းတစ်ယောက် ထပ်မံ စောင့်ဆိုင်းနိုင်ခြင်း မရှိတော့ဘူး။

သူမရဲ့ လက်တစ်ဖက်နှင့် ရေပုရစ်ရဲ့ခေါင်းကိုဆွဲဖြုတ်လိုက်ကာ တခြားလက်တစ်ဖက်က နူးညံ့ပြီး အရည်ရွမ်းလွန်းလှတဲ့ အသားကို ပါးစပ်ထဲသို့ ထည့်ကာစုပ်ယူလိုက်တယ်။

ထို့နောက် အရသာရှိလွန်းတဲ့ စွပ်ပြုပ်ကို တစ်ဇွန်းသောက်လိုက်မယ်ဆိုရင် အရမ်းကို လန်းဆန်းသွားစေလိမ့်မယ်။

ကျန်းကျန်းတစ်ယောက် ခံတွင်းထဲမှာ စိမ့်ဝင်သွားတဲ့အရသာကြောင့် ခေါင်းတောင် ပြန်မထောင်နိုင်တော့ဘဲ တစ်ကောင်ပြီးတစ်ကောင် အခွံ့ခွာလိုက် ပါးစပ်ထဲကိုထည့်လိုက်လုပ်နေတော့တော့။

ခဏအကြာမှာတော့ သူမရဲ့အရှေ့မှ စားပွဲပေါ်မှာ ရေပုရစ်အရေခွံတွေနှင့် စုပုံလာတော့တယ်။ မဒမ်လီကတော့ အစပ်ကြောက်တာကြောင့် ထိုရေပုရစ်ကို တစ်ကောင်လောက်တောင် မစားခဲ့ဘူး။ သူမက ဘန်းမုန့်နှင့် ပုံမှန်ဟင်းတွေကိုသာ စားသောက်ခဲ့တယ်။

လီမင်ပေတစ်ယောက် ဒီနေ့မှအဝေးကြီးကနေ ပြန်ပြေးလာခဲ့ပြီး အိမ်ပြန်ရောက်ချိန်မှာ ခါတိုင်းထက် နာရီဝက်ကျော်လောက် နောက်ကျနေပြီ။ ဒါကြောင့် သူက မိသားစုက ထမင်းစားပြီးလောက်ပြီလို့ တွေးထားခဲ့မိတယ်။

သူ ခြံမှရေခပ်ကာ လက်ကိုဆေးလိုက်ပြီး အိမ်မှာကျန်ရှိနေဦးမဲ့ စားစရာတွေကို ရှာဖို့ မီးဖိုချောင်ဆီသို့ တိုက်ရိုက်ဝင်လာခဲ့ပေမဲ့ အိမ်ထဲသို့ဝင်လိုက်တာနှင့် မဒမ်လီရဲ့အသံကို ကြားလိုက်ရလေတယ်။

“အရမ်းစပ်နေပြီလား.. အဖွား မင်းအတွက် ယာဂုထည့်ပေးရမလား”

အိမ်တွင်းမှ မွှေးကြိုင်တဲ့ရနံ့ကို ရှူရှိုက်မိတော့ လီမင်ပေရဲ့ မျက်လုံးတွေက ချက်ချင်းပဲ တောက်ပလာခဲ့ပြီး ခြေလှမ်း သုံးလှမ်းစာကို နှစ်လှမ်းလောက်နှင့် ပြေးဝင်သွားခဲ့တယ်။ သူ အခန်းထဲကိုရောက်တော့ ကျန်းကျန်းရဲ့ရှေ့မှာ ကြီးမားလွန်းတဲ့ ရေပုရစ်ခွံတွေ စုပုံနေတာကို မြင်လိုက်ရတာကြောင့် အနည်းငယ်တောင် ထိတ်လန့်သွားရတယ်။

“ဒီနေ့ ရေပုရစ်တွေဖမ်းလာကြတာလား.. စောစောကပြောသင့်တာပေါ့.. ကျွန်တော်လည်း အတူလိုက်ခဲ့မှာပေါ့”

လီမင်ပေက ပြောနေရင်းနှင့် လက်ကိုဆန့်ထုတ်ပြီး တစ်ကောင်လှမ်းနှိပ်လိုက်တယ်။

ဝမ်စုဖန်းက သူ့ရဲ့လက်ကို ခေါက်လိုက်တယ်။

“မီးဖိုချောင်ကိုသွားပြီး ဇလုံသွားယူ.. ပြီးတော့ မစားခင် စားပွဲကို အရင်ရှင်းလိုက်ဦး”

ကွေ့ဟွားက ယောက္ခမဖြစ်သူရဲ့စကားကိုကြားတော့ ခန်ပေါ်မှ အမြန်ဆင်းလိုက်တယ်။

“မင်ပေ စားပါစေဦး.. ဆေးကြောတာကို ကျွန်မ လုပ်လိုက်မယ်”

ကွေ့ဟွားက ကလေးနို့တိုက်နေရချိန်ဖြစ်လို့ အစပ်မစားနိုင်တာကြောင့် မစားခဲ့သလို မဒမ်လီနဲ့ ဝမ်စုဖန်းတို့ နှစ်ယောက်လုံးကလည်း မစားခဲ့ကြဘူး။ ဟင်းအိုးကြီးထဲမှ ရေပုရစ်တွေရဲ့တစ်ဝက်လောက်ကို ကျန်းကျန်းတစ်ယောက်တည်း စားခဲ့တယ်။

ကျန်းကျန်း ဗိုက်တင်းအောင်စားပြီးနောက် သူမရဲ့ လက်ချောင်းတွေကို အသာ လျက်လိုက်မိတယ်။ ထို့နောက် အိုးထဲမှာ ကျန်ရှိနေတဲ့ ရေပုရစ်တွေကို ကြည့်ပြီး နောင်တရစွာနှင့် သက်ပြင်းချလိုက်မိတယ်။

“ဝအောင်တောင် မစားရသေးဘူး”

“ဒီနေ့ မဝသေးရင် မနက်ဖန်မှ ထပ်စားလိုက်လေ.. မနက်ဖန် တစ်အိုးထပ်ချက်ပေးမယ်”

ဝမ်စုဖန်းက သူမ ဗိုက်တင်းနေတာတောင် လောက်ဘတကြီးနဲ့ ဆက်စားနေမယ်ဆိုရင် ဗိုက်မကောင်းဖြစ်မှာကို ကြောက်တာကြောင့် ထပ်ပြောလိုက်တယ်။

“ဆင်းပြီး လက်ဆေးလိုက်တော့လေ.. ပြီးရင် ဂျုံယာဂုနည်းနည်းလောက်သောက်လိုက်”

ကျန်းကျန်း ခေါင်းရမ်းလိုက်တယ်။

“ မစားတော့ဘူး.. ဗိုက်တင်းနေလို့ ထပ်စားဦးမယ်ဆိုရင်ခြံထဲကို လမ်းနှစ်ပတ်လောက်လျှောက်လိုက်မှ စားနိုင်တော့မယ်.. ညနေပိုင်း ဗိုက်နည်းနည်းချောင်သွားမှ စားတော့မယ်”

လီမင်ပေက ရေပုရစ်တစ်ကောင်ကိုယူကာ ပါးစပ်ထဲသို့ ထည့်ပြီး အသားတွေကို စုပ်ယူလိုက်တယ်။

ထုံပြီး စပ်တဲ့အရသာက သူ့ရဲ့ လျှာဖျားဆီကို ရောက်လာခဲ့တာကြောင့် လီမင်ပေ အလွန်ခံတွင်းတွေ့သွားခဲ့ကာ အမေဖြစ်သူကို လှမ်းပြောလိုက်တယ်။

“အမေ .. ဒီတစ်ခါချက်ထားတာက တကယ် အရသာရှိတယ်.. အရသာက လုံးဝ ပြည့်စုံလွန်းတယ်.. မနှစ်က လုပ်ခဲ့တဲ့ ဟာဆိုရင် သိပ်ပြီး အရသာမရှိဘူး”

“မင်းညီမက တောင်ပေါ်ကနေ ငရုတ်သီးရိုင်းနဲ့ ငရုတ်ကောင်းစေ့ရိုင်းတွေရလာခဲ့တယ်လေ”

ဝမ်စုဖန်းက ဟင်းခတ်အမွှေးအကြိုင်တွေရဲ့ရင်းမြစ်ကို အမြန်ရှင်းပြလိုက်တယ်။

“ဒီလိုသာ မဟုတ်ရင် ငါလည်း အရသာတွေ အများကြီးထည့်လို့ ရမှာမဟုတ်ဘူး.. ဒီတောရိုင်းငရုပ်သီးတွေက စိုက်ပျိုးထားခဲ့တာတွေထက် ပိုပြီးအရသာရှိတယ်.. ငါ ဟင်းထဲကို ဒီလောက်အများကြီး ထည့်လိုက်မိတာ နှမျောလွန်းလို့ ရင်တွေတောင် နာနေတာ.. ဒါကြောင့် မနက်ဖြန် ချက်တဲ့အချိန်ကျရင် လျှော့ပြီးချက်မလို့”

“အမေ အဲလိုမလုပ်ပါနဲ့ “

လီမင်ပေက အလျင်စလိုပြောလိုက်တယ်။

“မနက်ဖြန်ကျရင် ကျွန်တော်လည်းလိုက်ခဲ့မယ်လေ အရသာရှိရှိလေး ချက်စားရအောင်”

ကျန်းကျန်းက မဒမ်လီကို မှီလိုက်ပြီး ခေါင်းညိတ်ကာ ဝင်ပြောလိုက်တယ်။

“ငရုတ်ကောင်းနည်းနည်းလောက် ပိုထည့်ဖို့ မမေ့နဲ့နော်.. မဟုတ်ရင် လျှာက ထုံနေမှာ မဟုတ်ဘူး”

“မင်းတကယ် နတ်ဆိုးလေးဖြစ်နိုင်တယ်”

ဝမ်စုဖန်းက ကျန်းကျန်းကို ကြည့်ကာ ပြုံးလိုက်တယ်။ သူမက စားပွဲကို သန့်ရှင်းရေးလုပ်ရင်းနှင့် လီမင်ပေကို ညွန်ကြားလိုက်ပြန်တယ်။

“မင်းအဖေအတွက် နည်းနည်းလောက်ချန်ထားဦး.. သူ ညဘက် ပြန်လာရင် ဝိုင်နှင့်တွဲသောက်ပါစေ”

ရေပုရစ်တွေကို ဗိုက်တင်းအောင်စားပြီးနောက် ကျန်းကျန်း ခန်ပေါ်မှာ လှဲရင်း ပုစွန်အစပ်ဟင်းနှင့် ဂဏန်းချဥ်စပ်ဟင်းတွေအကြောင်းကို တွေးတောမိပြန်တယ်။ သို့ပေမဲ့ ကဏန်းတွေက ဒီအချိန်မှာ အဆီမရှိသေးကြောင့် ဆောင်းဦးကို ရောက်တဲ့အထိစောင့်သင့်တယ်။ အခုချိန်က ပုစွန်တွေဆိုရင်တော့ ရရှိနိုင်တယ်။

စိတ်ကျေနပ်တဲ့အထိ စားသောက်ပြီးသွားပြီးနောက် ကျန်းကျန်း ခန်ပေါ်မှာ လှဲလျောင်းရင်းနှင့်ပဲ ဘာမှ မတွေးတောမိတော့ဘဲ သမ်းဝေလိုက်မိတယ်။ ခဏအကြာမှာဘဲ သူမရဲ့ ခန္ဓာကိုယ်က လျှင်မြန်စွာနှင့် အိပ်ပျော်သွားတော့တယ်။

သူမ အိပ်နေတဲ့အချိန်မှာ သူမရဲ့အသိစိတ်ကတော့ နိုးနေသေးတာကြောင့် ကျန်းကျန်း ဒီအခွင့်အရေးကို ယူပြီးလူနေထူထပ်တဲ့မြို့ကြီးတွေဘက် အခွင့်အရေးယူခဲ့တယ်။

နှစ်တွေပိုကြာလာတာနဲ့အမျှ ကျန်းကျန်းရဲ့ အသက်တွေ ပိုကြီးလာတိုင်းမှာ သူမရဲ့ အသိစိတ်ကို ထိန်းချုပ်ရာမှာ ပိုပိုပြီး ကျွမ်းကျင်လာတယ်။

အသိစိတ်က မိုင်ထောင်ချီဝေးတဲ့အထိ သွားနေခဲ့ရင်တောင် တစ်စက္ကန့်အတွင်းမှာပဲ သူမရဲ့ ခန္ဓာကိုယ်ထဲကို ပြန်ရောက်လာနိုင်နေပြီဖြစ်လို့ ကျန်းကျန်းအတွက် အဝေးကြီးကိုသွားဖို့ အဆင်မပြေတာမျိုး မရှိတော့ဘူး။

ဒါကြောင့် ကိစ္စတွေအများကြီးအတွက် သူမရဲ့ အသိစိတ်ကို အပြင်သို့ ထုတ်ရင်း အကောင်းဆုံးနည်းလမ်းကို ရှာဖွေလာနိုင်တယ်။

ကျန်းကျန်း သူမနှင့် ရင်းနှီးကျွမ်းဝင်နေတဲ့ ပင်းချန်မှာ ပထမဆုံး ရပ်တန့်လိုက်တယ်။

လွန်ခဲ့တဲ့နှစ်တစ်ရာအတွင်းမှာ ပင်းချန်က အရေးကြီးတဲ့ သယ်ယူပို့ဆောင်ရေးဗဟိုချက်နေရာတစ်ခုဖြစ်ခဲ့ပြီး ကုန်သွယ်မှုနှင့် သွားလာရေးအတွက် အဓိကကျတဲ့ နေရာလည်း ဖြစ်ခဲ့တယ်။ ဒါကြောင့် ပြည်တွင်းစီးပွားရေးလုပ်ငန်းစုအတွင်းမှ အလွန်ချမ်းသာတဲ့ အရင်းရှင်ကြီးတွေနှင့် စီးပွားရေးသမားတွေကလည်း ဒီမြို့ထဲမှာ ရှိနေခဲ့ကြတယ်။

ပေရှားရဲ့ တိတ်ဆိတ်ငြိမ်သက်မှုတွေလိုမဟုတ်ခဲ့ဘဲ ဒီနေရာမှာတော့ အမျိုးမျိုးသော ဆူပူမှုတွေက စတင်နေခဲ့ပြီ။

ကျန်းကျန်း ဇိမ်ခံလူနေရပ်ကွက်ဘက်သို့ အမြန်ပြောင်းရွှေ့သွားကြည့်လိုက်တယ်။ ပုံမှန်ကြားနေကျဖြစ်တဲ့ သီချင်းသံတွေက အခုချိန်မှာတော့ လုံးလုံးလျားလျား တိတ်ဆိတ်နေခဲ့ချေပြီ။

All Chapters