← Chapters

အခန်း (၁၁၅)

Vol. 12 Ch. 115

အခန်း (၁၁၅)

Vol. 12 Ch. 115

မစ္စတာမုန်က တရုတ်ပြည်သူ့သမ္မတနိုင်ငံ မထူထောင်မီကတည်းက ဒီလိုလူချမ်းသာရပ်ကွက်မှာနေထိုင်ခဲ့တယ်။ သူတို့နေထိုင်တဲ့ အိမ်ရာဝန်းကျင်က ဘယ်လောက်ထိ သာယာလှပလဲဆိုတာကို ပြောစရာတောင်မလိုဘူး။ နေရာက သန့်ရှင်းပြီး အလွန်ကောင်းလွန်းတယ်။

ကျန်းကျန်း မုန်မိသားစုအိမ်ရဲ့အနီးတစ်ဝိုက်လောက်ကို နှစ်ကြိမ်လောက်လှည့်ပတ်ကြည့်လိုက်ပြီး မနီးမဝေးမှာ တောအုပ်တစ်ခုရှိနေတာကို တွေ့ရှိခဲ့တယ်။ ဧရိယာက မကျယ်ဘူးဆိုပေမဲ့ တခြားနေရာတွေနဲ့ ယှဉ်ရင်တော့ လူသူ နည်းပါးပြီး ဆိတ်ငြိမ်တယ်လို့ ယူဆနိုင်တယ်။

ကျန်းကျန်းရဲ့ အသိစိတ်က သူမရဲ့ခန္ဓာကိုယ်ထဲသို့ ပြန်ဝင်လာပြီးနောက် မျက်လုံးကိုဖွင့်ကာ ဗီရိုပေါ်မှ နာရီကို ကြည့်လိုက်တော့ နေ့လည်သုံးနာရီထိုးနေပြီ ။ သူမ ကိုယ့်ကိုယ်ကိုယ် အကြောလျှော့လိုက်ပြီး ခန်ပေါ်မှဆင်းလာခဲ့တယ်။

ဝမ်စုဖန်းတစ်ယောက် ခြံထဲမှာ အဝတ်လျှော်နေခဲ့စဥ်မှာ ကျန်းကျန်း နောက်တစ်ကြိမ် အပြင်ကိုထွက်တော့ဖို့ လုပ်နေတာကို မြင်တော့ အနည်းငယ်လောက် အကူအညီမဲ့သလို ခံစားလိုက်ရတယ်။

“ကောင်းကင်ကို ကြည့်လိုက်ဦး.. မင်းက ဒီအချိန်ကြီး တောထဲကိုသွားဖို့ တွေးနေပြန်ပြီလား”

“သမီး အစာစားတာများသွားလို့ ဗိုက်အစာကြေအောင် လမ်းနှစ်ပတ်လောက် လျှောက်မလို့ပါ”

ကျန်းကျန်း ဝမ်စုဖန်းရဲ့ဘေးနားကဖြတ်သွားတော့ သူမရဲ့ မျက်နှာကို နမ်းလိုက်တယ်။

“ပြန်လာရင် အမေ့အတွက် တောရိုင်းပန်းလေးတွေ ခူးလာခဲ့ပေးမယ်”

ဝမ်စုဖန်း ဒေါသလည်းထွက်ပြီး ရယ်ရယ်မောချင်သွားရတယ်။

“ငါက ဒီလောက်ထိ အသက်ကြီးနေပြီ.. ပန်းတွေက ဘာလုပ်မှာလဲ.. အသုံးမဝင်တဲ့အရာကို မပေးနဲ့တော့”

“ဒါဆို အမေ့အတွက် အသုံးဝင်တဲ့ တစ်ခုခု ယူလာပေးမယ်”

ကျန်းကျန်းက ပြုံးလိုက်ပြီး အမေဖြစ်သူရဲ့ လည်ပင်းကို ဖက်ကာ နားထဲကို တီးတိုးပြောလိုက်တယ်။

“သမီး တောင်ပေါ်မှာ ဝါဂွမ်းပင်တွေ စိုက်ထားတယ်”

“တကယ်လား”

ဝမ်စုဖန်း ချက်ချင်းပဲ ပျော်ရွှင်သွားခဲ့တယ်။ လီမူဝူရရှိတဲ့ နှစ်စဉ် ချည်သား လက်မှတ်တွေက တကယ်ကို အကန့်အသတ် ရှိတယ်။ လီမင်တုန်နှင့်ကွေ့ဟွားတို့က မကြာသေးခင် နှစ်တွေတုန်းကမှ လက်ထပ်ထားခဲ့ကြပြီး သူတို့အတွက် အင်္ကျီအသစ်တွေကို ပြုလုပ်ပေးခဲ့ရသလို ကျန်းကျန်းအတွက်လည်း အင်္ကျီအထူချုပ်ပေးခဲ့တယ်။

လူတိုင်းရဲ့ အတွင်းပိုင်းမှာ ဝတ်ထားတဲ့ ချည်သားအဝတ်အစားတွေက ခုနစ်နှစ် ၊ရှစ်နှစ်ကြာအောင် ဝတ်ထားခဲ့ရတာဖြစ်လို့ မုန့်သားလိုမျိုး ထူထဲလာပြီး အနည်းငယ်လောက် ပြင်းပြင်းထန်ထန်လှုပ်ရှားလိုက်မိရင် ကွဲထွက်သွားမှာကို ကြောက်ရတယ်။ ကလေးတွေကတွေ ကစားရင်တောင် အဝတ်အစားပြဲသွားမှာကို သတိထားနေရတယ်။

ဒါကြောင့် ကျန်းကျန်းက ဝါဂွမ်းပင်တွေစိုက်ထားကြောင်းပြောလာတာကို ကြားလိုက်ရတာနဲ့ တပြိုင်နက် ဝမ်စုဖန်းရဲ့ အတွေးထဲမှာ ဝါချည်ထည်ဧရိယာကြီးနှင့် ပြည့်သွားရတယ်။

နေရောင်အောက်မှာ နှင်းဖြူလေးတွေလို လှုပ်ခတ်နေမဲ့ ဝါချည်ပွင့်တွေရဲ့မြင်ကွင်းက တွေးကြည့်လိုက်ရုံနဲ့တင် ဘယ်လောက်တောင်လှလိုက်သလဲ။

ဝမ်စုဖန်းက သူမရဲ့စိုစွတ်နေတဲ့လက်တွေကို ခန္ဓာကိုယ်ပေါ်မှာ အမြန်သုတ်လိုက်ပြီး ကျန်းကျန်းကို ဘေးနားသို့ ဆွဲခေါ်သွားလိုက်တယ်။ ထို့နောက် လေသံတိုးတိုးနှင့်မေးလိုက်တယ်။

“မင်း ဝါဂွမ်းမျိုးစေ့တွေကို ဘယ်ကရလာတာလဲ.. မင်းဘယ်နှစ်ပင်လောက်စိုက်တာလဲ”

ဝါဂွမ်းမျိုးစေ့အတွက်ကတော့ ကျန်းကျန်းက သေချာပေါက် ဝါဂွမ်းတွေစိုက်ပျိုးတဲ့ တခြားလူတွေရဲ့ စိုက်ခင်းဆီကိုသွားပြီး ထိုနေရာကနေ ခိုးလာခဲ့တာပဲလေ။ သူမက ပထမဆုံးမေးခွန်းကို လျစ်လျူရှုကာ ဝမ်စုဖန်းကို အပြုံးလေးနဲ့ မျက်မှိတ်ပြရင်း ဖြေလိုက်တယ်။

“အမေက သမီးရဲ့အရည်အချင်းကို မသိသေးလို့လား.. ဘယ်လောက်များများစိုက်လဲဆိုတာက ဘယ်လောက်များများ လိုချင်တာလဲဆိုတဲ့အဖြေအပေါ်မှာပဲ မူတည်တာပဲလေ.. အမေက အဲဒီကိစ္စအတွက် ဆင်ခြေရှာဖို့ အဖွားနှင့် မြန်မြန်ဆွေးနွေးလိုက်ဦး.. ပြီးရင် ဝါဂွမ်းတွေကို ပြန်သယ်ဖို့ အခွင့်အရေးရှာရမယ်”

ကျန်းကျန်းရဲ့ စကားကိုကြားပြီးနောက် ဝမ်စုဖန်းက အ၀တ်အစားတွေကို လျှော်ဖွတ်ဖို့ကိုတောင် မေ့သွားခဲ့ကာ မဒမ်လီ နိုးပြီလားဆိုတာကို ကြည့်ဖို့ အရှေ့ဖက်ခန်းကို သွားလေတော့တယ်။

မဒမ်လီက နေ့လယ်ခင်းမှာ တရေးတမောအိပ်ဖို့ မျက်လုံးမှိတ်ထားပြီး သူမ မှေးခနဲအိပ်ပျော်သွားပြီး ခဏလောက်အကြာမှာပဲ ဝမ်စုဖန်းရဲ့ တံခါးဖွင့်သံကြောင့် ပြန်လည်နိုးလာရတယ်။

ပထမတုန်းကတော့ သူမက ဝမ်စုဖန်း ဝင်လာတာကို ဂရုမစိုက်ပဲ မျက်လုံးတွေကိုမှိတ်ထားပြီး ဆက်အိပ်နေခဲ့သေးတယ်။

သို့ပေမယ့် ဝမ်စုဖန်းက ငါးမိနစ်အတွင်းမှာ တံခါးကို ရှစ်ကြိမ်လောက်ဖွင့်နေတဲ့အချိန်မှာတော့ မဒမ်လီ တစ်ယောက် ထပ်မအိပ်နေနိုင်တော့ဘူး။

သူမက မျက်မှောင်ကြုတ်ပြီး ထထိုင်လိုက် ဝမ်စုဖန်းကို အော်ငေါက်တော့တယ်။

“ဘာဖြစ်နေတာလဲ.. အိမ် မီးလောင်နေလို့လား .. ငါနိုးလာတဲ့အချိန်ထိတောင် မစောင့်နိုင်တော့လောက်အောင် ဘာတွေများ ပြောချင်နေတာလဲ.. မင်းတံခါးကို ဒီလောက် ထပ်လဲလဲဖွင့်နေတာ ငါ ဆက်ပြီးအိပ်လို့တောင်မရတော့ဘူး”

ဝမ်စုဖန်းက လုံးဝစိတ်မဆိုးခဲ့ဘဲ သူမရဲ့လက်တွေကို ရှက်ရွံ့စွာ ပွတ်သပ်ရင်း ပြောလာတယ်။

“ကျွန်မလည်း မအောင့်အီးနိုင်တော့လို့”

မဒမ်လီက ဝမ်စုဖန်းနှင့်အတူ နှစ်ပေါင်းနှစ်ဆယ်ကျော်ကြာအောင် အတူ ရှိနေခဲ့တာဖြစ်လို့ သူမရဲ့ စရိုက်ကို ကောင်းစွာနားလည်တယ်။ သူမက အမြဲတမ်းလိုလို အလုပ်ကိုသာကြိုးကြိုးစားစားလုပ်ပြီး စကားတွေကိုတော့ သိပ်ပြီး မပြောတတ်တဲ့ သူမျိုးပဲ။ သူမ အခုလိုမျိုး ပျော်ရွှင်တက်ကြွနေတာကို မြင်ရတာ တကယ်ကို အံ့သြစရာကောင်းတယ်။

မဒမ်လီက သူမရဲ့ ဆေးတံကို ကောက်ကိုင်လိုက်ပြီး ပိုင်းဖြတ်ထားတဲ့ဆေးရွက်အချို့ကို ဆေးတံအိုးအတွင်းသို့ထည့်ရင်း ချွေးမဖြစ်သူကို ပြောလိုက်တယ်။

“လာခဲ့.. ငါ့အတွက် ရေတစ်ခွက်လောက် လောင်းထည့်ခဲ့ဦး.. ပြီးသွားရင် ခန်ပေါ်ကိုလာပြီးပြော”

ဝမ်စုဖန်းက ကမန်းကတန်း ပြန်ဖြေလိုက်ပြီး မဒမ်လီအတွက် ရေနွေးတစ်ခွက် အမြန်လောင်းထည့်လိုက်တယ်။ ထို့နောက် မဒမ်လီ ရေနွေးတစ်ငုံသောက်လိုက်ပြီး မမျိုချနိုင်ခင်မှာပဲ ဝမ်စုဖန်းက မအောင့်အီးနိုင်တော့ဘဲ ပြောလာတယ်။

“အမေ.. ကျန်းကျန်းက တောင်ပေါ်မှာ ဝါဂွမ်းတွေ စိုက်ထားပြီတဲ့..”

“ဖူး…”

မဒမ်လီ ပါးစပ်ထဲမှ ရေတွေကို မမြိုချမိဘဲ ဝမ်စုဖန်းဆီကို ပြန်မှုတ်ထုတ်လိုက်မိတယ်။ ဝမ်စုဖန်းလည်း သူမရဲ့ ရေစိုသွားတဲ့အဝတ်အစားကို လဲဝတ်ဖို့တောင် စိတ်မ၀င်စားနိုင်ဘဲ ချောင်းဆိုးနေပြီဖြစ်တဲ့ မဒမ်လီရဲ့ နောက်ကျောကို အသာဖိပြီး ကူညီပေးလိုက်ရတယ်။

နောက်ဆုံး ပြန်လည်သက်သာလာချိန်မှာတော့ မဒမ်လီက ဝမ်စုဖန်းကို ဒေါသတကြီး တွန်းထုတ်လိုက်ပြီး ဆူပူပြန်တယ်။

“ငါ ရေသောက်ပြီးတဲ့အထိတောင် မစောင့်နိုင်တော့ဘူးလား.. မင်းကတော့ ငါ့ကို သီးပြီးသေအောင်လုပ်နေတာပဲ”

ဝမ်စုဖန်း နှစ်ကြိမ်လောက် ထပ်ရယ်လိုက်မိတယ်။

“ကျွန်မ တကယ် မထိန်းနိုင်တော့လို့ပါ”

မဒမ်လီတစ်ယောက် ချွေးမဖြစ်သူရဲ့ ရေတွေစိုချွဲပြီး တုံးအအဖြစ်နေတဲ့ အသွင်အပြင်ကြောင့် ရယ်မောချင်သွားရတယ်။ အဆုံးမှာတော့ သူမက လက်ကိုသာ ဝှေ့ရမ်းပြီး ပြောလိုက်တော့တယ်။

“သွားသွား.. အဝတ်အစားသွားလဲလိုက်ဦး.. ပြန်လာမှပြောကြတာပေါ့”

မဒမ်လီက သူမရဲ့ ဆေးတံကို

နိုင်ငံခြားဖြစ်မီးခြစ်ဖြင့် ညှိလိုက်ပြီး ကျန်းကျန်းကို မတွေ့မိတာကို ရုတ်တရက် သတိရသွားခဲ့တယ်။

“ ကျန်းကျန်း ဘယ်မှာလဲ “

“အပြင်ကို ကစားဖို့ထွက်သွားတယ်”

ဝမ်စုဖန်းက သူမရဲ့ အိမ်ခန်းထဲသို့ပြန်ဝင်သွားပြီး သေတ္တာကိုဖွင့်ကာ အဝတ်အစားတွေကို အလျှင်အမြန်လှဲလိုက်တယ်။ ပြီးသွားတာနှင့် မဒမ်လီရဲ့ ခန်ပေါ်သို့ ခပ်သုတ်သုတ် ပြန်သွားခဲ့ပြန်တယ်။

“ကျန်းကျန်းက သူ တော်တော်များများစိုက်ထားပြီး လိုချင်သလောက်ရနိုင်တယ်လို့ ပြောခဲ့တယ်.. ဒါပေမယ့် အဲဒါတွေကို ဘယ်လိုလုပ်ရမလဲမသိဘူး.. ဒါကြောင့် အမေ့ဆီကို အကြောင်းပြချက်တစ်ခုခု စဥ်းစားခိုင်းမလို့ရောက်လာတာ”

မဒမ်လီက ဆေးတံကိုတစ်ချက်ဖွာလိုက်ပြီး သူမရဲ့မျက်နှာပေါ်မှာ လေးလေးနက်နက်တွေးတောနေတဲ့ အမူအရာမျိုး ပေါ်လာခဲ့တယ်။

“ငါ ဒီနှစ်စောင်ကို ငါမပြောင်းသေးဘူး.. ဒါက တစ်နှစ်လောက် ခြုံလို့ ရနိုင်သေးတယ်.. မကြာခင်မှာ ကွေ့ဟွားက မင်တုန်ရဲ့နောက်က လိုက်သွားရမှာ.. သူတို့သွားတဲ့အချိန်မှာ စောင်အသစ်နှင့် အစားထိုးပေးမယ်ဆိုရင် အဆင်ပြေမယ်”

“အမေ ဒီနှစ် အနွေးထည်အင်္ကျီလေး လုပ်ချင်လား”

ဝမ်စုဖန်းက မဒမ်လီကို မျှော်တလင့်တကြီး ကြည့်လာတယ်။ တကယ်တမ်းမှာ သူမက အဝတ်အစားအသစ်တွေကို လိုချင်နေလို့ မဟုတ်ဘူး။ သူမအနေနဲ့ အသက်ငါးဆယ်နီးပါးရှိနေပြီဖြစ်ကာ အလှအပတွေကိုလည်း စိတ်ဝင်စားတော့တာမဟုတ်ဘူးလေ။

“လူတိုင်းအတွက် လုပ်ရအောင်”

မဒမ်လီက စဉ်းစားပြီး ပြောလာတယ်။

“တကယ်လို့ အဲဒါတွေနှင့် မလုံလောက်ရင် မူဝူကို အပြင်ထွက်ပြီး ဝယ်ခိုင်းလိုက်မယ်.. အကြောင်းပြချက်အတွက်ကတော့ တခြားဘယ်သူက လာစစ်လို့လို့ရမှာလဲ”

ဝမ်စုဖန်းက ခဏလောက်တုံ့ဆိုင်းသွားပြီး အဆုံးမှာ မမေးဘဲမနေနိုင်ခဲ့ဘူး။

“ဘယ်သူကမှ လာပြီး မစစ်ဆေးနိုင်ဘူးဆိုပေမဲ့ တကယ်လို့ ချည်တွေအများကြီးကိုသာရုတ်တရက်ကြီး ပြန်သယ်လာခဲ့ရင် ကွေ့ဟွားက သံသယမဖြစ်လောက်ဘူးလား”

“ဘာကို သံသယရှိမှာလဲ”

မဒမ်လီက သူမကိုပြန်ကြည့်ပြီး ပြောလိုက်တယ်။

“တုံးအ,လိုက်တဲ့ချွေးမပဲ.. ငါတို့ ကျန်းကျန်းက သူမ မခန့်မှန်းနိုင်လောက်အောင် အားစိုက်ပြီး အပင်ပန်းခံထားရတာလေ.. ငါတို့ရဲ့ဝက်ခြံတွေနားမှာ ပေါက်နေတဲ့ တောရိုင်းဟင်းသီးဟင်းရွက်တွေကိုကြည့်လိုက် .. အရှေ့ဘက်ကရိတ်သိမ်းရင် အနောက်ဘက်က ပိုရှည်လာတယ်.. တောာတောင်တွေမှာထက်တောင် ပိုပြီး စိမ်းလန်းနေတာ ဘယ်သူက သံသယရှိလို့လဲ”

ဝမ်စုဖန်းက တွေးတောကြည့်ပြီး ခေါင်းခါရမ်းပြလိုက်တော့ မဒမ်လီက စိတ်ပျော်ရွှင်စွာနှင် ပေါင်ကို ရိုက်ပြီး ပြောလာတယ်။

“အဲဒါပဲလေ.. လူတိုင်းက ငါတို့မိသားစုရဲ့ မြေတွေက အရမ်းကို ဖြစ်ထွန်းပြီး အောင်မြင်နေတာလို့ တွေးနေကြတာ.. အဲဒီနှစ်တုန်းက အိမ်တံခါးအထိ သူ့ကိုယ်သူ လာပြီးပို့ပေးတဲ့ အဝါရောင် သိုးရဲ့ကိစ္စပြီးကတည်းက အိမ်နီးနားချင်းတွေက ငါတို့ကို စောင့်ကြည့်တာတွေ ခန့်မှန်းတာတွေ မလုပ်ကြတော့ဘူး..

သူတို့တွေက မနာလိုဖြစ်ပြီး ငါတို့မိသားစုက ကံကောင်းလွန်းနေတယ်လို့ပဲ ထင်ကြတော့တယ်.. ဒီတော့ တုန်ဇီရဲ့အမေ ဒီကိစ္စအပေါ် စိတ်ချထားလို့ရတယ်.. ငါတို့လုပ်ဖို့လိုတာက ကျန်းကျန်းစိုက်ပျိုးထားတဲ့ ဝါဂွမ်းတွေကို အိမ်ကိုပြန်သယ်ဖို့အတွက်လောက်ပဲ သင့်တော်တဲ့ အခွင့်အရေးကို ရှာရုံပဲ.. တခြားဟာတွေ စိတ်ပူနေဖို့ မလိုဘူး”

ဝမ်စုဖန်း ရယ်မောပြီးပြောလာတယ်။

“အမေပြောတာမှန်ပါတယ်.. ဒီကိစ္စက သံသယဖြစ်စရာ အကြောင်းမရှိဘူး.. တကယ်လို့ တစ်ယောက်ယောက်က ကျွန်မတို့မိသားစုကို ရူးနေတယ်လို့ ထင်နေရင်တောင် အရူးက ဘယ်သူက ဘယ်သူလဲဆိုတာ သူတို့ ခန့်မှန်းနိုင်မှာမဟုတ်ဘူး..

ဒီတော့ တစ်ယောက်ယောက်က ပြောလာရင် ကျွန်မလုပ်ခဲ့တာလို့ ပြောလိုက်မယ်.. ကျွန်မက နတ်ဘုရားတစ်ပိုင်းဖြစ်နေပြီလို့ပြောလိုက်မယ်.. သူတို့ ဘာလုပ်နိုင်လဲဆိုတာ ကြည့်ရအောင်”

“ဒီလိုကိစ္စမျိုးက အခြေအမြစ်မရှိဘူး.. တစ်ယောက်ယောက်ကသာ ဒီလိုပြောရဲရင် သူ့ကို ရှေးရိုးစွဲလွန်းပြီး အယူသီးတဲ့သူလို့ပဲ အပြောခံရလိမ့်မယ်.. ဒီတော့ ငါတို့မိသားစုက ကြောက်ရမှာမဟုတ်ဘဲ ပြောတဲ့သူက ကြောက်ရမှာ ဖြစ်သွားလိမ့်မယ်”

ဝမ်စုဖန်းက ဒီအကြောင်းကို ပိုပြီးတွေးတောလေလေ လုံခြုံတယ်လို့ ခံစားရလေလေပဲ။ ဒါကြောင့် သူမ ခန်ပေါ်မှ ဆင်းလိုက်တယ်။

“ညနေထိ မစောင့်နိုင်တော့ဘူး..တုန်ဇီရဲ့အဖေကို အခုပါ ပြန်ခေါ်ပြီး ပြောပြလိုက်တော့မယ်”

မဒမ်လီက သူမကို ကူကယ်ရာမဲ့စွာ ကြည့်လာတယ်။

“သွား၊ သွား.. မင်းကတော့ တကယ်ကိုပဲ.. ခွေးလှောင်အိမ်ထဲမှာ ဖုံးကွယ်ထားတဲ့ အစာခြောက်မရှိဘူးဆိုသလိုဖြစ်နေပြီ.. ပစ္စည်းကောင်းတွေကို မြင်ရဖို့က တကယ်ကို ခက်တာပဲ”

All Chapters