← Chapters

အခန်း (၁၁၇)

Vol. 12 Ch. 117

အခန်း (၁၁၇)

Vol. 12 Ch. 117

မစ်စတာမုန်က စိတ်ခံစားချက်မရှိတဲ့ပုံနှင့် စကားတစ်ခွန်းပြောပြီးနောက်ဘက်ကို ပြန်လှည့်မကြည့်ဘဲ ထွက်သွားတာကို တွေ့လိုက်ရတော့ မစ္စမုန်ရဲ့ နှလုံးသားက အေးခဲသွားရတယ်။

သူမက နောက်ထပ် နှောင့်နှေးရဲခြင်းမရှိတော့ဘဲ မစ္စတာမုန်ရဲ့ တောင်းဆိုမှုတွေ အလျင်အမြန် လိုက်နာပြီး အခန်းထဲမှ သုံးလို့ရတဲ့ အဝတ်အစားနှစ်စုံကို အိတ်ထဲသို့ အမြန်ထည့်လိုက်တယ်။

တောက်ပနေတဲ့ လက်ဝတ်ရတနာတွေကိုတော့ ထပ်ပြီးမကြည့်ရဲတော့ဘူး။ နှလုံးသားက နာကျင်ကိုက်ခဲမှုကို သည်းခံပြီး လက်ဝတ်ရတနာသေတ္တာတွေကို တစ်လုံးပြီးတစ်လုံး ပြန်ပိတ်လိုက်ကာ အကုန်လုံးကို သေတ္တာအလွတ်ထဲသို့ ထည့်လိုက်ပြီး မစ္စတာမုန် ပြန်လာပြီး ကိုင်တွယ်ဖြေရှင်းရန် စောင့်ဆိုင်းနေခဲ့တယ်။

ကျန်းကျန်းက မစ်စတာမုန် အိမ်ထဲမှ ထွက်လာတာကို မြင်လိုက်ရချိန်မှာ သူ့ရဲ့ရှေ့ကို အလျင်စလိုနဲ့ ထွက်မသွားခဲ့ဘူး။

သူမအနေနဲ့ ခုခေတာကာလရဲ့ ရွှေချောင်းတွေနှင့် ရှေးဟောင်းပစ္စည်းတွေရဲ့ တန်ဖိုးတွေကို သိပ်ပြီး မသိကျွမ်း နားမလည်ခဲ့ဘူး။ အစတုန်းကတော့ သူမ မစ်စတာမုန်နှင့် အရောင်းအဝယ်ကိစ္စညှိနှိုင်းရန် သွားချင်ခဲ့ပေမဲ့ အခုအခြေအနေကိုကြည့်မယ်ဆိုရင် ဝယ်ရဲတဲ့သူမရှိလောက်ဘူးလို့ ထင်ရတယ်။ ဒီအချိန်မှာ သွားဝယ်ရင် သံသယသာအဖြစ်ခံရလိမ့်မယ်။

ဒါကြောင့် လဲလှယ်မယ်ဆိုရင် ဘယ်လောက်နှင့် လဲနိုင်မလဲဆိုတာကို ပထမဆုံးလိုက်လံအကဲခတ်ပြီးမှ သွားတာ ပိုကောင်းလိမ့်မယ်။

မစ္စတာမုန်က သူ့ရဲ့ ရှေးဟောင်း လက်ရေးလှတွေနှင့် ပန်းချီကားတွေကိုလဲလှယ်တဲ့နေရာမှာ မျှော်လင့်ချက်တွေ အများကြီးမရှိတာ သိသာတယ်။ သို့ပေမယ့် ဒီလိုမျိုး အဖိုးထိုက်တန်လွန်းတဲ့ ရတနာတွေကို စွန့်ပစ်ဖို့ရန်အတွက် သူ အလွန်အမင်း တွန့်ဆုတ်နေခဲ့တယ်။

ဝိုင်ဈေးကွက်နှင့် စီးပွားရေးလုပ်ငန်းလုပ်ကိုင်နေတဲ့ သူငယ်ချင်းကိုတော့ မစ်စတာမုန် သွားပြီး မလဲလှယ်ချင်ဘူး။ သူ ထွက်ခွာသွားတာနဲ့ အလွယ်တကူရောင်းချပစ်မှာကို စိတ်ပူခဲ့တယ်။

မစ်စတာမုန်က မိသားစုကားကို မစီးသွားခဲဘဲ ထိုနေရာသို့အထိ လမ်းလျှောက်သွားခဲ့တယ်။

ကံကောင်းထောက်မစွာနှင့် ပင်းချန်မှာရှိတဲ့ အရင်းရှင်တွေက သိပ်ပြီး အကွာအဝေးခြင်းပြီး မနေခဲ့ကြဘူး။ သူ ဆယ်မိနစ်ခန့် လမ်းလျှောက်ပြီးတဲ့နောက်မှာ အနောက်တိုင်းပုံစံ အဆောက်အအုံတစ်ခုရှေ့သို့ ရောက်လာခဲ့တယ်။

တံခါးခေါက်သံကြားတော့ အိမ်မှ အစေခံက ထွက်လာခဲ့ပြီး မစ္စတာမုန်ကို ခဏလောက်ကြည့်ကာ တံခါးကို အလျင်အမြန်ဖွင့်လိုက်တယ်။

“မစ္စတာမုန်ဘာလို့ ဒီအချိန်မှာ ထွက်လာခဲ့တာလဲ”

“မင်းရဲ့ သခင်ကြီးဆီကို အလည်လာတာ”

မစ္စတာမုန်က အိမ်ထဲကို အမြန်ဝင်လာခဲ့ပေမဲ့ ဧည့်ခန်းထဲသို့ ဝင်လာပြီးနောက်မှာ ရပ်တန့်သွားခဲ့တယ်။

“မစ္စတာမန် ဘာလို့မဝင်တာလဲ”

နောက်မှ အစေခံက မေးရင်းနှင့် လှမ်းအော်ခဲ့တယ်။

“သခင်ကြီး.. မစ်စတာမုန် ရောက်နေပါတယ်”

မကြာခင်မှပဲ အိမ်ထဲမှ မစ်စတာမုန်နဲ့ အသက်ရွယ်တူလောက်ရှိတဲ့ အမျိုးသားတစ်ယောက် ထွက်လာခဲ့ပြီး မစ်စတာမုန်ကိုမြင်တော့ ပျော်ရွှင်စွာပြောလာတယ်။

“မုန်ရှုန်းတိ မြန်မြန်လာခဲ့လေ.. ကျွန်တော်က မနက်ဖြန်ကျရင် ခင်ဗျားကို လာရှာဖို့ လုပ်နေတာ”

ကြမ်းပြင်ပေါ်မှာရှိနေတဲ့ သေတ္တာတွေနှင့် အထုပ်အပိုးတွေကို ကြည့်ရင်း မစ္စတာမုန်ရဲ့ မျက်နှာအမူအရာက အနည်းငယ် ခါးသက်သွားခဲ့တယ်။

“ပိုင်ရှုန်းတိ.. ခင်ဗျားလည်း ပင်းချန်က ထွက်သွားတော့မှာလား”

“ဘာလဲ? ခင်ဗျားရောလား?”

သူတို့နှစ်ယောက် တစ်ယောက်ကို တစ်ယောက် ကြည့်ရင်း ခြောက်ကပ်ကပ် ပြုံးလိုက်မိကြတယ်။

“ဒီတစ်ကြိမ် ဆန္ဒပြပွဲမှာ အာဏာယှဥ်ပြိုင်မှုတွေပါ ပါ၀င်တယ်လို့ သတင်းရထားတယ်.. နောက်ထပ် တစ်ရက်နှစ်ရက်အတွင်းမှာ အခုလို ငြိမ်သက်မှုတွေကို မမြင်နိုင်လောက်တော့ဘူး.. ဒါကြောင့် ထိုင်စောင့်နေမယ့်အစား အခြေအနေ မဆိုးသေးခင်မှာ ဘေးလွတ်ရာကို ရှောင်တိမ်းနေတာက ပိုကောင်းပါတယ်”

မစ္စတာပိုင်က မစ္စတာမန်ဆီကို စီးကရက်တစ်လိပ် ပေးလိုက်တယ်။

“ ဒီနေ့ ဘယ်လိုလုပ်ပြီး အားလပ်ချိန်ရလာတာလဲ”

မစ်စတာမုန်က သက်ပြင်းချလိုက်တယ်။

“ကျွန်တော်လည်း အဲလိုမျိုး စိတ်ကူးထားတာ.. ဒါပေမယ့် ကျွန်တော့်ရဲ့အိမ်မှာ ရှေးဟောင်း လက်ရေးလှပန်းချီကားတွေနဲ့ အဖိုးတန် ပန်းချီကားတွေကို သယ်ယူသွားလို့ မရဘူးဖြစ်နေတယ်.. ဒါကြောင့် ဒါတွေကို ဝယ်ချင်လားလို့ ခင်ဗျားကိုလာမေးချင်ခဲ့တာ ဒါပေမယ့် ခင်ဗျားရဲ့ အခြေအနေကို မြင်တော့....”

မစ်စတာမုန်က သူ့ရဲ့ခေါင်းကို ခါရမ်စလိုက်ပြီးမှ မစ္စတာပိုင်မှာ အဆက်အသွယ်တွေ အများကြီး ရှိနေတဲ့အကြောင်းကို ချက်ချင်း သတိရသွားတာကြောင့် သူ့ကို မျှော်လင့်တကြီးနှင့် ပြန်ကြည့်လိုက်မိတယ်။

“ပိုင်ရှုန်းတိ.. ခင်ဗျားက ရှေးဟောင်း ပစ္စည်းတွေ စုဆောင်းတတ်တဲ့ လူတော်တော်များများကို သိလောက်တယ်မလား.. ကျွန်တော့်ရဲ့မိသားစုထဲမှာရှိတဲ့ ရှေးဟောင်း ပစ္စည်းတွေကို ဘယ်သူလိုချင်လောက်မယ်လို့ထင်လဲ.. ကျွန်တော့်ရဲ့မိသားစုထဲမှာ မန်ချင်း ကြွေထည်တွေနှင့် ယွမ်ချင်းဟွားတွေကလည်း ရှားပါးတဲ့ ရတနာတွေပဲ.. လက်ရေးလှနဲ့ ပန်းချီကားတွေလည်း အများကြီး ရှိနေသေးတယ်…”

မစ္စတာပိုင်က ခြောက်ကပ်ကပ်ပြုံးကာ ခေါင်းကိုခါရမ်းလာတယ်။

“မုန်ရှုန်းတိ.. ကျွန်တော် ခင်ဗျားကို လိမ်နေတာမဟုတ်ဘူး.. ကျွန်တော်တောင်မှ နည်းလမ်းမရှာနိုင်ခဲ့ဘူး.. သာယာဝဖြိုးတဲ့ အချိန်အခါတွေမှာ ရှေးဟောင်းပစ္စည်းတွေက ရွှေပဲလေ.. ခင်ဗျားရဲ့ စုဆောင်းမှုတွေကို မပြောနှင့်ဦး.. ကျွန်တော့်ရဲ့ မိသားစုထဲမှာရှိတဲ့ ရတနာတွေ အများကြီးကိုတောင် အဝါရောင် ငါးပုတ်သင်ကောင်ကြီး သုံးကောင်လောက် ရပါ့မလားဆိုတာကို မသိတော့ဘူး”

(T/n_ ဒီထဲက အဝါရောင် ငါးပုတ်သင်ဆိုတာက ရွှေတုံးတွေကို ပြောတာပါ.. အရှေ့ပိုင်းတွေမှာတုန်းက MTL errorလို့ထင်ပြီး ရွှေတုံးလို့ ပြောင်းသုံးခဲ့ပေမဲ့ ခေတ်ကာလကြောင့် တမင်ဖုံးကွယ်ပြီးသုံးတယ်ထင်လို့ နောက်ပိုင်း သူ့အတိုင်းပဲ သုံးသွားမယ်နော်)

“ဘာလို့ ဒီလောက်တောင် တန်ဖိုးမရှိဖြစ်သွားရတာလဲ”

မစ္စတာမုန်က သူ့ရဲ့ရင်ဘတ်ကို ရိုက်ပြီး ခဏရပ်ကာ ပြောလိုက်တယ်။

“တကယ်လို့ ပစ္စည်းတွေအများကြီးယူလာလို့ အလွယ်တကူ ထုတ်ဖော်မှာခံရမှာကိုသာ မကြောက်ဘူးဆိုရင်တော့ ကျွမ်တော် တစ်ခုလောက်တောင် ရောင်းခဲ့မှာမဟုတ်ဘူး အကုန်ယူသွားမှာ”

“ကျွန်တော်ကရော လက်လျှော့ချင်တယ်လို့ အစ်ကိုထင်နေတာလား”

မစ္စတာပိုင်က ဧည့်ခန်းမှာရှိတဲ့ သေတ္တာပုံးတွေကို နာကျင်စွာ ကြည့်လိုက်တယ်။

“ပွင့်ပွင့်လင်းလင်းပဲ ပြောကြတာပေါ့ ရှုန်းတိ.. ကျွန်တော် မနက်ဖြန် မနက်အစောကြီး ထွက်သွားတော့မယ်၊ ဒီခရီးအတွက် လက်မှတ်တွေကိုတောင် တခြားတစ်ယောက်ယောက်ကို ဝယ်ခိုင်းထားခဲ့တာ.. အခု ကျွန်တော့်မှာ နာရီအနည်းငယ်လောက်ပဲ ကျန်တော့တယ်.. တကယ်လိို့ လဲလှယ်ပေးချင်တဲ့ တစ်စုံတစ်ယောက်ကို ရှာမတွေ့ရင် ဒီမှာပဲ အလကားထားခဲ့ရတော့မယ်”

ဒီရက်ပိုင်းမှာပျံ့နှံနေတဲ့ ကောလဟာလတွေကို တွေးကြည့်တော့ မစ္စတာမုန်ရဲ့ မျက်နှာက ဖြူဖျော့သွားခဲ့တယ်။

“အဲဒီလူတွေ ဖောက်ဝင်လာခဲ့ရင် ဒီပစ္စည်းတွေကို သူတို့ ဖျက်ဆီးပစ်လိုက်မှာ မဟုတ်ဘူးလား”

“ပျက်စီးသွားရင်တောင် ဘာများ တတာနိုင်မှာလဲ.. ဒီလို အသက်မရှိတဲ့ အရာတွေအတွက် ခင်ဗျားရဲ့အသက်ကို စွန့်လို့မရဘူးလေ”

နောက်ဆုံးသော စကားကို ပြောပြီးနောက် မစ္စတာပိုင်က မစ်စတာမုန်ကို အလေးအနက်ထားပြီး ပြောလိာက်တယ်။

“ကျွန်တော်ပြောတာကိုနားထောင်ဦး ရှုန်းတိ.. တစ်စုံတစ်ယောက် ခင်ဗျားရဲ့ ပစ္စည်းတွေကိုဝယ်ချင်တယ်ဆိုရင် စျေးညှိနှိုင်းမှုတွေ လုပ်မနေနဲ့.. ခင်ဗျားကို ပိုက်ဆံပေးရင် ချက်ချင်း ရောင်းလိုက်.. တစ်ရက်တာ နောက်ကျရင် နောက်တစ်ရက်မှာ အန္တရာယ်တွေ ပိုများလာဖို့ပဲရှိတယ်”

မစ်စတာမုန် ပိုင်မိသားစုစံအိမ်ကြီးဆီမှ လေးလံစွာထွက်လာခဲ့တယ်။

ကျန်းကျန်းက မစ်စတာမုန် ထွက်လာတာနှင့် သူမရဲ့ အသိစိတ်ကို သူမရဲခန္ဓာကိုယ်ထဲသို့ အမြန်ပြန်ပို့လိုက်တယ်။

ထို့နောက် စမ်းချောင်းဘေးကနေ မတ်တပ်ထရပ်လိုက်ပြီး သူမရဲ့ အဝတ်အစား အပြင်အဆင်ကို စမ်းချောင်းရဲ့ပုံရိပ်မှာနောက်ဆုံးအကြိမ် စစ်ဆေးကြည့်လိုက်ကာ အလင်းတစ်ချက်နှင့်အတူ မစ်စတာမုန်နှင် မဝေးတဲ့နေရာမှ သစ်ပင်ကြီးတစ်ပင်ပေါ်မှာ ရုတ်တရက် ပြန်ပေါ်လာခဲ့တယ်။

မစ်စတာမုန် နီးကပ်လာပြီဆိုတာကို မြင်တော့ ကျန်းကျန်း သစ်ပင်ပေါ်က လျောဆင်းလာခဲ့တယ်။ ထို့နောက် လက်တစ်ဖက်က အကြွေစေ့တစ်ပြားကိုကိုင်ပြီးနဲ့ လက်တစ်ဖက်ကသကြားလုံးတစ်ထုပ်ကို ကိုင်ထားခဲ့တယ်။ သူမက မစ္စတာမုန်ရဲ့ အနားကို အမြန်ပြေးသွားပြီး တုံးအကာ အပြစ်ကင်းတဲ့ အပြုံးနဲ့ လှမ်းပြောလိုက်တယ်။

“သခင်ကြီး.. တစ်စုံတစ်ယောက်က သခင်ကြီးနဲ့ စကားပြောချင်လို့တဲ့”

မစ်စတာမုန်က သူ့ရဲ့ရှေ့မှ ညစ်ပတ်ပေရေနေတဲ့ ကလေးမလေးကို ကြည့်လိုက်တယ်။ သူမရဲ့လက်ထဲမှ ဆင့်ပြားလေးနှင့် သကြားလုံးတွေကိုမြင်တော့ ကျန်းကျန်းက လမ်းဘေးမှ စာတစ်စောင်ပို့ပေးဖို့အတွက် ကျပန်းနေရာတွေကို သွားလာနေတဲ့ ကလေးဖြစ်မယ်လို့ ထင်ခဲ့တယ်။

သူက စိတ်လှုပ်ရှားစွာနှင့် ဘေးဘီကို လှည့်ပတ်ကြည့်လိုက်တယ်။

“ဘယ်သူက မင်းကိုဒီကိုလာဖို့ ခိုင်းလိုက်တာလဲ? ဘာကိစ္စရှိလို့လဲ”

“ လူတစ်ယောက်က သခင်ကြီးဆီကို စကားပါးလိုက်တယ်.. အဲဒီ ရှေးဟောင်း လက်ရေးလှတွေ၊ ပန်းချီနဲ့ လက်ဝတ်ရတနာတွေအတွက် အဝါရောင် ငါးပုတ်ကောင်ကြီး နှစ်ကောင်ပေးရင် ရောင်းမလားလို့ မေးခိုင်းလိုက်တယ်”

ကျန်းကျန်းက အပြစ်ကင်းစင်စွာ ပြုံးပြနေခဲ့ပေမဲ့ သူမက မစ္စတာမန်ကို မကြည့်ခဲ့ဘဲ သူ့မရဲ့လက်ထဲမှ သကြားလုံးတွေကိုသာ ကြည့်နေခဲ့တယ်။

“တကယ်လား?”

မစ္စတာမုန်က အခုလေးတင် မစ္စတာပိုင်နဲ့ စကားပြောပြီးနောက် အဲဒီရတနာတွေကို စွန့်လွှတ်လိုက်ဖို့ အဆင်သင့်ဖြစ်နေပြီ။ သူက ထွက်သွားပြီးတာနဲ့ နောက်ကို ပြန်လှည့်ကြည့်ဖို့ မမျှော်လင့်ထားခဲ့ဘူး။ သူ့ရှေ့မှ ကလေးကို ကြည့်ပြီး အရှေ့တုန်းက လူတွေက သူ့ပစ္စည်းတွေကို ဝယ်ဖို့ ငြင်းဆန်ခဲ့ကြတာကို ပြန်တွေးမိသွားရတယ်။

သူက စိတ်ကြွဆေးပြားသောက်လိုက်ရသလို တက်ကြွသွားခဲ့ပြီး ချက်ချင်း သတိပြန်ဝင်လာခဲ့တယ်။

“မင်းကို ဘယ်သူက ခိုင်းခဲ့တာလဲ.. အရောင်းအဝယ်က ဘယ်လိုဖြေရှင်းမှာတဲ့လဲ”

ကျန်းကျန်းက မျက်တောင်ခတ်လိုက်ပြီး ခဏလောက် တွေးတောနေတဲ့ပုံပြလာတယ်။ မစ်စတာမုန်ရဲ့ စိုးရိမ်တကြီး အကြည့်ကိုကြည့်ရင်း သူမက ရုတ်တရက် မှတ်မိသွားတဲ့ပုံနဲ့ ပြန်ပြောလိုက်တယ်။

“အိုး ဟုတ်တယ်.. တကယ်လို့ သခင်ကြီး သဘောတူရင် အဝါရောင်ငါးပုတ်သင်ချောင်းတွေကို အရင်ပေးလို့ရတယ်တဲ့.. ရှေးဟောင်း လက်ရေးလှတွ၊ ပန်းချီကားတွေ၊ လက်ဝတ်ရတနာတွေအတွက်တော့ စိတ်မပူပါနဲ့ အိမ်မှာထားလိုက်ပါ၊ သူကိုယ်တိုင် လာယူမှာပါလို့ပြောတယ်”

မစ်စတာမုန်က ခဏလောက်တုံ့ဆိုင်းသွားပြီးနောက် မနီးမဝေးမှာရှိတဲ့ ပိုင်မိသားစုအိမ်ဆီကို လှည့်ကြည့်လိုက်တယ်။

ကျန်းကျန်းက ချက်ချင်းပဲ ဆက်ပြောလိုက်တယ်။

“စကားမစပ်၊ အဲဒီလူက သခင်ကြီးကို သခင်ကြီးပိုင်ကိုပါ ကူပြီး မေးပေးဖို့ ပြောခဲ့တယ်.. တကယ်လို့ သခင်ကြီးပိုင်ကလည်း သူ့ပစ္စည်းတွေကို စွန့်လွှတ်ချင်ရင် အဲဒီလူက အဝါရောင်ငါးပုတ်ကောင်ကြီး သုံးကောင်ကို ပေးချင်တယ်တဲ့”

တရားမျှတစွာ ပြောရရင် သူတို့နှစ်ယောက်လုံး စုဆောင်းထားတဲ့ ရတနာတွေက တန်ဖိုးကြီးရှားပါးရတနာတွေဖြစ်ပေမဲ့ ဒီလိုအချိန်မှာ ဒီစျေးနှုန်းကို ပေးဆောင်နိုင်တဲ့လူက ကြင်နာတဲ့လူလို့ ယူဆနိုင်တယ်။

မစ္စတာမုန်က ပိုင်မိသားစုအိမ်သို့ အလျင်အမြန်ပြန်ပြေးသွားခဲ့တယ်။ ခဏအကြာမှာတော့ မစ္စတာပိုင်သည်လည်း မစ္စတာမုန်နှင့်အတူ အမြန်ပြေးထွက်လာခဲ့တယ်။

မစ်စတာပိုင်က သူ့ရှေ့က သူတောင်းစားလေးနှင့် တူနေတဲ့ ကလေးကို ကြည့်ပြီး အံ့သြသွားခဲ့တယ်။ သူက မစ္စတာမုန်ကို ကြည့်ပြီး မယုံကြည်နိုင်စွာ မေးတယ်။

“အစ်ကိုမုန်ပြောတာ သူမလား”

“သူမက ဒီကို သတင်းစကားပို့ပေးဖို့ ရောက်လာတာဖြစ်မယ်”

မစ္စတာမုန်ကကျန်းကျန်းရဲ့ရှေ့မှာ ဆောင့်ကြုတ်ထိုင်ချလိုက်ပြီး မေးလိုက်တယ်။

“ငါတို့ သဘောတူရင် အဝါရောင်ငါးပုတ်ကောင်ကြီးကို ဘယ်ကနေ သွားယူရမှာလဲ

ကျန်းကျန်းက မစ်စတာမုန်ရဲ့ မေးခွန်းကိုကြားတော့ သူမရဲ့ လက်ထဲမှ တော်ဖီကို စားနေရာမှ မော့ကြည့်လာတယ်။ ပြီးနောက် သူမရဲ့ လက်ထဲမှာဖွတ်ထားတဲ့ စက္ကူအိတ်ကို ပေးလိုက်တယ်။

မစ္စတာမုန်နှင့် မစ္စတာပိုင်တို့က တစ်ယောက်ကို တစ်ယောက် ကြည့်လိုက်ကြပြီး အလျှင်အမြန် ယူလိုက်ကြတယ်။ ထို့နောက် အနားကို ဘယ်သူမှ မလာတာကိုမြင်တော့ စက္ကူအိတ်ရဲ့ ထောင့်တစ်ဖက်ကို ဖွင့်ကြည့်လိုက်ကာ အတွင်းထဲမှာ ရွှေရောင်အလင်းပျောက်လေးတွေ ထွက်လာခဲ့တယ်။

မစ်စတာမုန်က စာရွက်ကို အမြန်ပြန်ထုပ်ပိုးလိုက်တယ်။ မစ်စတာပိုင်ကလည်း ကျန်းကျန်းကို ညစ်ပတ်တယ်လို့ မထင်တော့ဘဲဘဲ သူမရဲ့လက်ကိုဆွဲကာ တီးတိုးပြောလာခဲ့တယ်။

“အိမ်ထဲမှာ စကားပြောရအောင်.. အဲဒီမှာ သကြားလုံးတွေအများကြီးရှိတယ်”

All Chapters