အခန်း (၁၁၈)
Vol. 12 Ch. 118
ကောလိပ်ကျောင်းသားတွေကနေ အလယ်တန်း ကျောင်းသားတွေအထိ စုပေါင်းပြီး ဖွဲ့စည်းတည်ထောင်ထားတဲ့ “ဖန်အစောင့်အရှောက်”အဖွဲ့အစည်းက စတင် လှုပ်ရှားနေခဲ့ပြီ။
ကျောင်းသားအုပ်စုက “အိုဟောင်းမှု လေးခုကို ဖိုခွဲမယ်” ဆိုတဲ့စကားကို စာလုံးကြီးတွေနှင့် ဆိုင်းဘုတ်အဖြစ် ရေးသားကာ အိမ်တွေကို ဝင်ရောက်ရှာဖွေကြတယ်။
(T/n_ အိုဟောင်းမှု လေးခုဆိုတာက အိုဟောင်းနေတဲ့ အတွေးအခေါ်တွေ၊ အိုဟောင်းနေတဲ့ ယဥ်ကျေးမှု၊ အိုဟောင်းနေတဲ့ ဓလေ့ထုံးတမ်းနှင့် အိုဟောင်းနေတဲ့ ဝါသနာ တို့ကိုဆိုလိုတာပါ)
အခြေခံအားဖြင့် ပြောရရင်တော့ ဖန်းအစောင့်အရှောက်အဖွဲ့အစည်းရှိ ကျောင်းသားတွေက အတော်လေးရိုးရှင်းပြီး ကျိုးကြောင်းဆီလျော်ကာလက်တွေ့ကျတဲ့ လှုပ်ရှားမှုတွေ ဖြစ်ပေမဲ့ အခြေအနေကို အခွင့်ကောင်းယူတဲ့ လူအချို့လည်း ရှိနေသေးတယ်။
သူတို့တွေက ဒီအရာက အလွန်ဂုဏ်ယူစရာကောင်းတဲ့ အလုပ်တစ်ခုဖြစ်ရုံသာမက ရိတ်သိမ်းခွင့်ကိုလည်း အခွင့်ကောင်းယူပြီး ရရှိနိုင်တာကို တွေ့ခဲ့ရတယ်။
ဒီတော့ အကျိုးကျေးဇူးတွေ အများကြီးရတဲ့အတွက် သူတို့တွေ ချက်ချင်းပဲ ပန်းရောင်အစောင့်အဖွဲ့ခွဲအဖြစ်ပါဝင်လာကြတယ်။
သူတို့ရဲ့အမြင်အရတော့ သူတို့တွေက ဖန်းအစောင့်အရှောက်အဖွဲ့နှင့် ဝင်ရောက်ပူးပေါင်းပြီးနောက် အိမ်တွေကို ဝင်ရောက်စီးနင်းဖို့ အခွင့်အရေးရလာနိုင်ပြီး အရင်းရှင်တွေရဲ့ပိုင်ဆိုင်မှု ပစ္စည်းဥစ္စာကို တရားမျှတသလို အပြုအမူမျိုးနှင့် ပွင့်ပွင့်လင်းလင်း ဖြိုဖျက်ပြီး လုယက်နိုင်လာတယ်။
အရင်းရှင်တွေရဲ့ အိမ်တွေက ဆန်နှင့်ဂျုံတွေ ပြတ်လပ်မှု မရှိရုံသာမကဘဲ ရွှေထည်နှင့် တန်ဖိုးရှိရတနာပစ္စည်းအများအပြားလည်း ရှိနေသေးတယ်။
သူတို့ရရှိထားတဲ့ရတနာတွေကို ကွယ်ဝှက်ထားလိုက်ရုံနှင့် သူတို့ရဲ့ကံတရားကို ပြောင်းလဲနိုင်တာတွေ ဖြစ်နိုင်တယ်လေ။
ပြောရရင် ဒီလိုမျိုး တွေးတောတဲ့လူတွေက သိပ်တော့ အများကြီးမရှိဘူး။ အဓိကကတော့ ဒုတိယတန်းစား လူတွေပဲ။
အရင်တုန်းကတော့ ပျင်းရိတဲ့သူဌေးတွေလို ကိုယ်တိုင်မကြိုးစားဘဲ တခြားလူတွေရဲ့ အခြေအနေကို အခွင့်ကောင်းယူခဲ့ကြတဲ့သူတွေဖြစ်ခဲ့ပေမဲ့ အခုချိန်မှာတော့ ဖန်းအစောင့်အရှောက်ရဲ့ နာမည်အောက်ကိုဝင်ကာ တော်လှန်ရေးဆိုတဲ့ အကြောင်းပြချက်နှင့် အခွင့်ကောင်းယူလာကြတယ်။
မစ္စတာမုန်ရဲ့အိမ်သို့ ရောက်ရှိလာတဲ့ ထိုဖန်းအစောင့်အရှောက်တွေက အဓိကအားဖြင့် ဒုတိယတန်းစားအဖြစ် သတ်မှတ်နိုင်တဲ့လူတွေပဲ။
ဖန်းအစောင့်အရှောက်တွေနှင့် စတင်ပူးပေါင်းပြီးနောက် သူတို့တွေက သူတို့နဲ့ ဆက်ဆံရေးမကောင်းတဲ့လူတွေက အဓိက ဝေဖန်ရန်/တိုက်ခိုက်ရန် ဆင်ခြေတွေ ရှာဖွေခဲ့တယ်။
လွန်ခဲ့တဲ့ရက်အနည်းငယ်လောက်တုန်းက သူတို့တွေက လက်ရှိတိုက်ခိုက်ရေးအဖွဲ့ကိုကြည့်ပြီး သူတို့ဆီကနေ ပုံစံကူးချခဲ့ကြတယ်။
သူတို့က ချမ်းသာတဲ့ စီးပွားရေးသမားကျန်းရှို့မင်ရဲ့အိမ်မှာ ငွေတုံးများစွာ၊ ငွေစက္ကူပေါင်းများစွာကို တစ်စုတစ်စည်းတည်း တွေ့ရှိခဲ့ရရုံသာမကဘဲ ဆန်အများအပြားနှင့် ဂျုံအိတ်ရာပေါင်းများစွာကိုလည်း လုယက်နိုင်ခဲ့ကြတယ်။
ခေါင်းဆောင်ပိုင်းထဲမှ တစ်ယောက်ဆိုရင် သူ့ရဲ့အဝတ်အစားထဲမှာ မောက်ထိုင်ပုလင်းနှစ်ပုလင်းကိုတောင် ဝှက်ထားခဲ့တယ်။ ထိုဝိုင်က စျေးကြီးတဲ့ဝိုင်ဖြစ်ပြီး တစ်ပုလင်းကို ၁၆ ယွမ်တောင် ပေးရတယ်။
ခေါင်းဆောင်ရဲ့ ဘေးနားမှာနေထိုင်တဲ့ ဒုတိယတန်းစားလူကို မြောင်ဖူဟိုင်လို့ ခေါ်ကြတယ်။ ထိုသူက တော်လှန်ရေးကာလ စတင်ကတည်းက အလွန် ကျေနပ်နေခဲ့တယ်။
သူက အလုပ်ကို ကောင်းကောင်းမလုပ်ချင်တဲ့ လူတွေကို စုဝေးပြီး အလယ်တန်းတက်နေတဲ့ သူ့ရဲ့ညီတွေနှင့် ညီမတွေကိုပါ ခေါ်ကာ ဖန်းအစောင့်အရှောက်ထဲမှ “ယနေ့ တိုက်ပွဲဝင်အဖွဲ့” လို့ ခေါ်တဲ့ အဖွဲ့အစည်းကို ဖွဲ့စည်းခဲ့တယ်။
သူတို့တွေက ဒီရက်ပိုင်းတွေမှာ လမ်းပေါ်ကိုထွက်ပြီး သူတို့ရဲ့မျက်လုံးထဲမှာ ကြည့်မရတဲ့လူတွေကိုတွေ့ရင် ဆွဲခေါ်ပြီး ခေါင်းတုံး တုံးပေးလိုက်ကြတယ်။ တစ်ဖက်လူရဲ့ စိတ်ဆင်းရဲ၊ဒေါသထွက်မှုတွေကို ကြည့်ရင်း ပျော်ရွှင်နေခဲ့ကြတယ်။
သူတို့တွေက ပြောင်းဖူးမှုန့်ကိုသာ လုယက်ယူလာနိုင်တာကိုတွေ့တော့ ဒေါသတွေနဲ့ ပြည့်နှက်လာခဲ့ကြတယ်။
သူတို့သာ အရင်းရှင်တွေဆီကနေ လုယက်လိုက်မယ်ဆိုရင် တန်ဖိုးရှိတဲ့အရာတွေ အများကြီး ရရှိလာနိုင်လိမ့်မယ်ဆိုတာကို တွေးတောလာကြတယ်။
မြောင်ဖူဟိုင်က တိုက်ခိုက်ရေး အဖွဲ့မှ လူတွေကို ခေါ်ရုံသာမကဘဲ သူ့ရဲ့ဝမ်းကွဲ ညီတွေနှင့် ဆွေမျိုးတွေကိုပါ ခေါ်လာခဲ့တယ်။
လူတွေကိုစုရုံးပြီးတာနဲ့ မြောင်ဖူဟိုင်က လက်နှစ်ဖက်ကို မြှောက်ပြီး ဟစ်ကြွေးလာတယ်။
“ဓနရှင်လူတန်းစားရဲ့ အနိုင်ကျင့်ဖောက်ပြန်တဲ့အာဏာတွေကိုကို ငါတို့ ပြန်ပြီးတိုက်ထုတ်ရလိမ့်မယ်! အရင်းရှင်တွေရဲ့ အိမ်တွေကို သိမ်းပြီး လမ်းပေါ်ဆွဲထုတ်ကြစို့!”
သူက ဖြောင့်မတ်သလို လေသံနဲ့ ပြောဆိုနေခဲ့ပေမဲ့ သူတို့ရဲ့မျက်နှာပေါ်မှာရှိနေတဲ့ လောဘဇောတွေက သူတို့ရဲ့နှလုံးသားကို သစ္စာဖောက်နေခဲ့ကြတယ်။
မြောင်ဖူဟိုင်နဲ့ ရင်းနီးတဲ့ ယဲ့လော်က ချက်ချင်းပဲပူးပေါင်းလာခဲ့တယ်။
“ကျွန်တော် သားမွှေးစက်ရုံမှာ အလုပ်လုပ်တုန်းက အရင်းရှင်မုန်ချင်းရှန်းရဲ့ ခေါင်းပုံဖြတ်အမြတ်ထုတ်တာကို ခံရဖူးတယ်.. ကျွန်တော်ဆိုရင် တစ်လလောက် ပင်ပင်ပန်းပန်း အလုပ်လုပ်ခဲ့ရတာတောင် သူက ဆင်ခြေအမျိုးမျိုးပေးပြီး လစာကိုပြန်နုတ်ခဲ့တယ်
သူက လုံးဝကို ခေါင်းပုံဖြတ်အမြတ်ကြီးစားတဲ့ အရင်းရှင်ပဲ”
သူက လက်မောင်းကို ဝှေ့ယမ်းပြီးအော်ပြောလာတယ်။
“အရင်းရှင် မုန်ချင်းရှန်းကို ဆွဲချကြစို့!”
မြောင်ဖူဟိုင်က လူအုပ်နှင့်အတူ လျင်မြန်စွာ တုံ့ပြန်ခဲ့ပြီး အလွန်စိတ်လှုပ်ရှားနေခဲ့တယ်။ သူ အရင်တုန်းက ယဲ့လော် အလုပ်လုပ်နေတဲ့ သားမွှေးစက်ရုံကို အလည်သွားခဲ့ဖူးပြီး ငါးဖမ်းတာတွေနဲ့ ယုန်တွေကို လိုက်ဖမ်းတာတွေ လုပ်ခဲ့ဖူးတာကြောင့် ထိုစက်ရုံကြီးက ဘယ်လောက်ထိကြီးလဲဆိုတာကို သူတွေ့ခဲ့တယ်။
ထိုစက်ရုံက လစဉ် ငွေအမြောက်အမြားရနိုင်တယ်လိုလည်း ကြားသိခဲ့ရတယ်။ ဒါက မုန်ချင်းရှန်းပိုင်ဆိုင်တဲ့ စက်ရုံတွေထဲမှတစ်ခုသာရှိသေးတယ်။ ဒီတော့ ထိုမုန်ချင်းရှန်းရဲ့ မိသားစုဆီမှာ ရတနာတွေများစွာရှိရမယ်။
မြောင်ဖူဟိုင်က ယဲ့လော်ရဲ့ ပခုံးကို ပုတ်လိုက်ပြီး ပြန်မေးလိုက်တယ်။
“မင်း အရင်းရှင်မုန်ချင်းရှန်းရဲ့ အိမ်လိပ်စာကို သိလား”
“ကျွန်တော်သိတယ်၊ ကျွန်တော် သူ့နောက်ကနေလိုက်ခဲ့ဖူးတယ်”
ယဲ့လော်က အရှေ့ကနေ လမ်းပြအဖြစ် ဦးဆောင်သွားခဲ့ပြီး လူတစ်စုက မုန်ချင်းရှန်းရဲ့အိမ်သို့ အလျှင်အမြန် ပြေးသွားခဲ့ကြတယ်။
သို့ပေမယ့် အိမ်တံခါးက သော့ခတ်ပြီး တံခါးပိတ်ထားလိမ့်မယ်ဆိုတာကို ဘယ်သူကသိခဲ့မှာလဲ။
အသက်ဆယ့်ငါးနှစ်၊ ဆယ့်ခြောက်နှစ် အရွယ် ကျောင်းသားတစ်ယောက်က အနောက်ကနေ ခေါင်းထွက်လာပြီး မေးခဲ့တယ်။
“သူတို့တွေက အပြင်ကို ထွက်ပြေးသွားလောက်ပြီပဲ ဟုတ်တယ်မလား”
မြောင်ဖူဟိုင်က မျက်မှောင်ကြုတ်ရင်း ပြောလာတယ်။
“လူတွေက ထွက်သွားရင်တောင် အဝေးကြီးကို လမ်းမလျှောက်နိုင်တော့ဘူး.. အခု လမ်းမတွေပေါ်မှာ တိုက်ခိုက်ရေးအသင်းတွေ အများကြီးရှိနေပြီ.. သူတို့တွေသာ ပစ္စည်းတွေအများကြီးနှင့် တခမ်းတနား သွားခဲ့မယ်ဆိုရင် လမ်းပေါ်မှာပဲ ပိတ်မိသွားလိမ့်မယ်”
ယဲ့လော် ခေါင်းညိတ်ပြလိုက်ပြီး တံခါးဆီသို့ အရင်ဆုံး လျှောက်သွားလိုက်တယ်။ သန်မာတဲ့လူငယ်တစ်စုက တံခါးဝမှာရှိတဲ့ အလွန်ကောင်းမွန်ပုံရတဲ့ သော့ခလုတ်ကို အလျှင်အမြန်ရိုက်ချိုးပြီး တွန်းထိုးလိုက်ကြတယ်။
ခြံတံခါးပွင့်သွားပြီးနောက်မှာတော့ လူတစ်စုက ကြွေးကြော်သံတွေ အော်ဟစ်ပြီး ခြံထဲကို အားမာန်အပြည့်နှင့် ဝင်လာခဲ့ကြတယ်။
ခြံပြင်ဘက်မှခတ်ထားတဲ့သော့ခလုပ်က လူကြီးလူကောင်းများကို တားဆီးရန်အတွက် အလှဆင်တဲ့သော့တစ်ခုဖြစ်မယ်ဆိုရင် အတွင်းပိုင်းမှသော့ကတော့ အစစ်အမှန်ကို ခိုင်ခံ့လွန်းတယ်။
မုန်ချင်းရှန်း ထွက်သွားတဲ့အချိန်မှာ သူ့ရဲ့ ရှေးဟောင်းပစ္စည်းတွေက စုဆောင်းသူရောက်မလာခင် တခြားလူတွေ ဝင်လာမှာကို စိုးရိမ်ခဲ့တယ်။ .
ကျန်းကျန်း လာတဲ့အချိန်တုန်းကလည်း ပုံမှန်လမ်းအတိုင်းလာခဲ့တာမဟုတ်လို့ တံခါးသော့ဖွင့်ထားတာကိုတောင် သတိမထားမိခဲ့ဘူး။
မြောင်ဖူဟိုင်က အိမ်ရှေ့သို့ လျှောက်သွားခဲ့ပြီး သူ့ရှေ့မှ ထူထဲတဲ့ သစ်သားတံခါးကို လှမ်းကြည့်ကာ အစွမ်းကုန် ကန်ထုတ်လိုက်တယ်။
မကြာခင်မှာပဲ တံခါးက ပေါက်ကွဲသံကြီးဖြင့် တွန်းဖွင့်လိုက်နိုင်ပေမဲ့ မြောင်ဖူဟိုင်က သူ့ရဲ့ခွန်အားကို မထိန်းချုပ်နိုင်ဘဲ အရှေ့တည့်တည့်ကို ဆက်ရွှေ့သွားခဲ့က် အဆုံးမှာ သူ့ရဲ့မျက်နှာက စကျင်ကျောက်ကြမ်းခင်းထားတဲ့ ကြွေပြားပေါ်သို့ ဘန်းခနဲ ဆောင့်မိသွားခဲ့တယ်။
သူ ပြန်မော့ကြည့်လိုက်တော့ သူ့ရဲ့မျက်နှာမှာ သွေးတွေနှင့် ဖုံးလွှမ်းနေပြီး သူ့ရဲ့ရှေ့သွားတွေကလည်း အနည်းငယ်ရွှေ့သွ်းခဲ့တယ်။
မြောင်ဖူဟိုင်က နှာခေါင်းမှ ထွက်နေတဲ့သွေးတွေကို သုတ်ပြီးနောက် သူ့ရှေ့က အခန်းလွတ်ကိုကြည့်ရင်း အမေကိုထည့်ကာ ဆဲဆိုရင်းနှင့် ခေါင်းကို မလှည့်ပတ်ကြည့်လိုက်တယ်။ ထို့နောက် ယဲ့လော်ဘက်သို့ ခေါင်းကိုပြန်လှည့်ပြီး မေးလိုက်တယ်။
“ဒါက မြောင်ချင်းရှန်းရဲ့အိမ်လား?”
ယဲ့လော်က ဘာတစ်ခုမှမကျန်ရှိဘဲ ဗလာဖြစ်နေတဲ့ ဧည့်ခန်းကို မယုံနိုင်စွာ ကြည့်ကာ အိမ်ထဲသို့ အလျင်စလို လျှောက်သွားပြီး အခန်းတံခါးတွေကို တစ်ခုပြီးတစ်ခု တွန်းဖွင့်ကြည့်လိုက်တယ်။ သို့ပေမယ့် အခန်းတိုင်းက ဗလာဖြစ်နေခဲ့တယ်။ ပြတင်းပေါက်ရဲ့နောက်မှာချိတ်ဆွဲထားတဲ့ လှပတဲ့ စျေးကြီးတဲ့ လိုက်ကာတွေတောင် မကျန်ရှိတော့ဘူး။ အကုန်လုံးကို ယူသွားခဲ့ပြီ။
“သေစမ်း! သူတို့တွေ ဘယ်အချိန်ကတည်းက ထွက်ပြေးတာခဲ့လဲ.. အရင်တစ်ရက်တုန်းက သူ အိမ်ကို ကားနှင့်ပြန်မောင်းလာတာကို ငါမြင်လိုက်သေးတယ်.. နောက်ပြီး အိမ်တံခါးဖွင့်တော့လည်း အခန်းက ပစ္စည်းတွေ ပြည့်နေသေးတယ်”
ယဲ့လော်က ဒေါသတကြီး ကြည့်ရင်းကြမ်းပြင်ပေါ်ကို တံတွေးထွေးလိုက်တယ်။
“ အရင်တစ်ရက်ကလား? မဖြစ်နိုင်ဘူး.. ဒီရက်ပိုင်းမှာ ငါ လမ်းဝင်ပေါက်မှာနေပြီး ခေါင်းရိတ်ခံရတဲ့လူတွေကို စောင့်ကြည့်နေခဲ့တာ.. ဒီကနေ ကားကြီးနဲ့ ထွက်လာတာမတွေ့ဘူး”
မြောင်ဖူဟိုင်ရဲ့ ဝမ်းကွဲဖြစ်သူက ဝင်ပြောလာတယ်။
“ကားတွေအကုန်လုံးက ဝင်တာနှင့်ထွက်တာကို စောင့်ကြည့်ခံနေရတာ..”
“ဒါဆို ဒါက သရဲခြောက်နေတာပဲလား.. ဘယ်လို အသံမထွက်ဘဲ အနောက်တိုင်းပုံစံ သုံးထပ်တိုက်အဆောက်အအုံထဲမှာရှိနေတဲ့ ပစ္စည်းအားလုံးကို ရွှေ့ပြောင်းလို့မရဘူးလေ”
လူတစ်စုက တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်မိကြကာ အစပိုင်းတုန်းက စိတ်လှုပ်ရှားတာတွေက ပျောက်ကွယ်သွားပြီး မိန်းကလေးတချို့က အပြင်ဘက်မှာ မည်းမှောင်လာပြီဖြစ်တဲ့ နေရောင်ကိုကြည့်ရင်း ခြေထောက်တွေကပါ အားနည်းလာခဲ့တယ်။
“ဒါဆို... ဒါမှမဟုတ်... အရင်ဆုံးပြန်လိုက်ကြမလား”
ဘေးမှာရှိနေတဲ့ ကျန်းကျန်းရဲ့ အသိစိတ်က ပြုံးလိုက်ပြီး သူမရဲ့လက်ကို အနည်းငယ်လှုပ်ရှားလိုက်တယ်။
မကြာခင်မှာပဲ ကြွက်ကြီးတွေတစ်ကောင်ပြီးတစ်ကောင်က နေရာပေါင်းစုံမှ ပြေးထွက်လာခဲ့ကြကာ မုန်မိသားစုရဲ့အိမ်တံခါးဆီသို့ ချက်ချင်းပြောင်းရွှေ့လာကြပြီး တံခါးပေါက်နားမှာ တန်းစီလိုက်ကြတယ်။
မြောင်ဖူဟိုင်ရဲ့ညီမဖြစ်သူက လူတန်းရဲ့ အဆုံးမှာရပ်နေခဲ့တယ်။ သူမက တဖြည်းဖြည်း ပိုမိုရှင်းလင်းပြတ်သားလာတဲ့ သံချေးတက်နေတဲ့အရာကိုတိုက်ချွတ်တဲ့အသံကို ကြားနေခဲ့ရပြီး အခုလေးတင် သရဲခြောက်တယ်ဆိုတဲ့ စကားတွေကို သတိရလိုက်ချိန်မှာ သူမရဲ့ ဦးရေပြားက မတုန်ယင်ဘဲ မနေနိုင်ခဲ့တါ့ဘူး။
သူမက မြောင်ဖူဟိုင်ကို နောက်ဆုတ်ဖို့ ဘယ်လို ဆွဲဆောင်ရမလဲ ဆိုတာကို စဉ်းစားနေချိန်မှာ သူမရဲ့ခြေထောက်အောက်မှ တစ်ခုခုက ဘောင်းဘီရှည်ကို စုတ်ဖြဲသွားသလို ခံစားလိုက်ရတယ်။
ဒါကြောင့် အလန့်တကြားနဲ့ သူမရဲ့ ခြေထောက်မှဘောင်းဘီတွေကို ငုံ့ကြည့်လိုက်တော့ ကြွက်ကြီးနှစ်ကောင်က သူမရဲ့ ဘောင်းဘီထဲကို တွားဝင်ချင်နေတာကို တွေ့လိုက်ရလေတယ်။
“အား!”
ကြောက်လန့်တကြားအော်ဟစ်သံကအနောက်တိုင်းပုံစံ အဆောက်အဦးတစ်ခုလုံးဆီသို့ ပျံ့နှံ့သွားခဲ့ပြီး အခန်းရဲ့ သိပ်သည်းမှုကြောင့် ပဲ့တင်ထပ်သံတွေပါ ထွက်ပေါ်လာခဲ့တယ်။
**