အခန်း (၁၁၉)
Vol. 12 Ch. 119
ညီမဖြစ်သူရဲ့ အော်ဟစ်သံကြောင့် မြောင်ဖူဟိုင်တစ်ယောက် ထိတ်လန့်သွားခဲ့တယ်။
သူ ခေါင်းကို လှည့်လိုက်ပြီး သူမကို ကြိမ်းမောင်းခါနီးမှာပဲ ရုတ်တရက် သူ့ရဲ့ခြေထောက်ကို တစ်စုံတစ်ခုနဲ့ တွန်းတိုက်မိသွားခဲ့တယ်။
ဒါကြောင့် ခေါင်းကိုငုံ့လိုက်ချိန်မှာ သူ့ရဲ့ ခြေထောက်နားမှာ လှည့်ပတ်နေတဲ့ ကြွက် လေး၊ငါးကောင်လောက်ကို တွေ့လိုက်ရတာကြောင့် မသိစိတ်အရ သူ့ရဲ့ခြေထောက်ကို မြှောက်လိုက်ပြီး ကြွက်ကို ကန်ထုတ်လိုက်တယ်။
သူ့ရဲ့လှုပ်ရှားမှုက ကြွက်တွေကို ဒေါသထွက်စေပြီး ထိုခဏအတွင်းမှာကြွက်တွေအားလုံး ရူးသွပ်သွားပုံရကာ မြောင်ဖူဟိုင်ရဲ့ ခြေထောက်ဆီသို့ ပြေးဝင်သွားကြပြီး တစ်ကောင်ပြီးတစ်ကောင် ဝင်ကိုက်လာကြတော့တယ်။
မြောင်ဖူဟိုင် သူ့ခြေထောက်မှ နာကျင်မှုတွေကို ထပ်ခါထပ်ခါ ခံစားခဲ့ရတာကြောင့် ဒီထူးဆန်းတဲ့အိမ်မှာ ဆက်မနေရဲတော့ဘူး။ ဒီလိုနဲ့ လူတစ်စုက အပြင်သို့ ပြေးထွက်သွားခဲ့ကြပေမဲ့ ကြွက်တွေက ခြံထဲမှာပဲ စီတန်းရပ်တန့်သွားခဲ့ကာ ထိုလူအုပ်စုကို စိုက်ကြည့်နေခဲ့ကြတယ်။
မြောင်ဖူဟိုင်က မှိန်ဖျော့နေပြီဖြစ်တဲ့ ကောင်းကင်ကို မော့ကြည့်လိုက်ပြီးနောက် ဘေးဘက်မှာရှိနေတဲ့အနောက်တိုင်းပုံစံ အဆောက်အဦးကို မော့ကြည့်လိုက်တယ်။
ထိုအခိုက်မှ အတွင်းမှ မီးရောင်တွေ တဖျပ်ဖျပ်လင်းနေသလို ထင်မြင်မိပြီး ကန့်လန့်ကာနောက်ကွယ်မှာလည််း ဝိုးတဝါး အရိပ်အယောင်တွေ မြင်တွေ့နေရတယ်။
ယဲ့လော်က အရှေ့သို့ လှမ်းလာပြီး ဘေးနားမှ လှပတဲ့ အနောက်တိုင်းပုံစံ အဆောက်အဦးကို ကြည့်ရင်း စိတ်လှုပ်ရှားလာခဲ့ပြန်တယ်။
“ဗိုလ်ကြီး.. ကျွန်တော်တို့ဘာလို့ ဘေးဘက်အိမ်က မသွားဘဲနေမှာလဲ”
မှောင်နေပြီဖြစ်တဲ့ ကောင်းကင်နဲ့ ဥယျာဉ်ထဲက ကြွက်တွေကို ကြည့်လိုက်ပြီး မြောင်ဖူဟိုင် အနည်းငယ် ကြောက်လန့်နေသလို ခံစားနေရတယ်။
“ဒီနေရာက နည်းနည်းလောက် မကောင်းဆိုးရွားဆန်နေတယ်.. မနက်ဖြန် ပြန်လာကြရအောင်”
ယဲ့လော်က ကန့်လန့်ကာနောက်ကွယ်မှ လှုပ်ရှားမှုတွေကို ကြည့်ပြီး ပြန်ပြောလာတယ်။
“လူတွေ ညဘက်ထွက်ပြေးသွားရင် ဘယ်လိုလုပ်မလဲ”
သူ့ရဲ့ ဘေးမှာ ပြင်ပလူမရှိတာကိုမြင်တော့ မြောင်ဖူဟိုင်က နောက်ထပ်မဖုံးကွယ်ချင်တော့ဘူး။ သူက သူ့ရဲ့ဒေါသကို အစွမ်းကုန်ကြိုးစားပြီး ဖိနှိပ်ကာ အသံတိုးတိုးနှင့် ပြောလာတယ်။
“ငါတို့လိုချင်တာက ပစ္စည်းဥစ္စာတွေပဲလေ.. သူတို့ ထွက်သွားလား၊ မသွားဘူးလားဆိုတာ ဂရုစိုက်နေစရာမလိုဘူး”
ထို့နောက် နာကျင်နေသေးတဲ့ နှာခေါင်းကို ကိုင်လိုက်ရင်း မြောင်ဖူဟိုင်က သူ့ကို ရှင်းပြခဲ့တယ်။
“သူတို့တွေ ဒီည ထွက်ပြေးသွားခဲ့ရင်တောင် သူတို့နဲ့ ပစ္စည်းတွေအများကြီး ယူမသွားနိုင်ဘူး၊ ငါပြောမယ်.. ငတုံးကောင်လေး.. အရင်းရှင်တွေဆိုတာက ရွှေချောင်း၊ ငွေချောင်းတွေနှင့် ငွေစက္ကူတွေအပြင် အဖိုးတန်ပစ္စည်းတွေ အများကြီးရှိတယ်.. သူတို့တွေ ထွက်ပြေးတဲ့အချိန်မှာ အဲဒါတွေအားလုံးကို အပါယူသွားနိုင်မယ်လို့ထင်လား”
မြောင်ဖူဟိုင်က သူခေါ်လာတဲ့လူတွေကို ကြည့်လိုက် တီးတိုးပြောလာတယ်။
“မနက်ဖြန် မနက်စောစော ထွက်လာရအောင်၊ တခြားသူတွေကို အရင် မဦးသွားစေနဲ့”
လူအနည်းငယ်က အချိန်းအချက်ပြုလုပ်ခဲ့ကြထားပြီး အလျင်အမြန် ထွက်သွားကြတယ်။
ကျန်းကျန်းကတော့ ခြံဝန်းအတွင်းရှိ ကြွက်တွေကို ကြည့်ကာ သူမရဲ့ ခန္ဓာကိုယ်ပေါ်မှ ကြက်သီးဖုတွေကို ပွတ်သပ်လိုက်မိတယ်။ ကြွက်တွေက သူတို့ရဲ့စိတ်အာရုံပြန်ရောက်လာတာနဲ့ လှည့်ပတ်ကြည့်ကာ အလျှိုလျှိုထွက်သွားကာ ပျောက်ကွယ်သွားခဲ့ကြတယ်။
ဘေးပတ်ဝန်းကျင်မှ အနောက်တိုင်းပုံစံ အဆောက်အဦး လေးခုလုံးရဲ့ ပိုင်ရှင်တွေက ဖန်းအစောင့်အရှောက်တွေရောက်လာတဲ့အချိန်ကတည်းက သတိထားမိခဲ့တယ်။
သူတို့တွေက ဖန်းအစောင့်အရှောက် ရောက်လာတာနဲ့ ထိုလှုပ်ရှားမှုတွေကို သတိထားမိပြီး ဘယ်လိုအသံနှင့်လှုပ်ရှားမှုကိုမှ မလုပ်ဘဲ သူတို့တွေပြန်ထွက်သွားတဲ့ အထိ စောင့်ကြည့်နေခဲ့ကြတယ်။
မူလတုန်းကတော့ သူတို့တွေ အနည်းငယ်လောက် တုံ့ဆိုင်းနေခဲ့ကြပြီး နောက်ထပ် တစ်ရက်၊နှစ်ရက်လောက် စောင့်ကြည့်ဖို့ တွေးတောနေခဲ့ကြသေးတယ်။
သို့ပေမယ့် ဒီနေ့ ဖန်းအစောင့်အရှောက်တွေရဲ့ ရူးသွပ်ပြီးရက်စက်တဲ့ အပြုအမူတွေကို သူတို့ တွေ့မြင်လိုက်ရချိန်မှာတော့ သူတို့ရဲ့ဆုံးဖြတ်ချက်အတွက် နောင်တရလာခဲ့ကြတယ်။
ဒီလိုအချိန်မျိုးမှာတော့ သူတို့တွေ ဘာကိုမှ ဂရုမစိုက်နိုင်တော့ဘဲ အရေးကြီးတဲ့ အရာတစ်ချို့လောက်ကိုသာ လျှင်မြန်စွာထုပ်ပိုးပြီး ဒီနေ့ညမှာ ထွက်ခွာဖို့ ပြင်ဆင်နေခဲ့ကြပြီ။
မနက်ဖြန်မှာ လူတစ်စုက ထိုအိမ်တွေကို ဝင်ရောက်စီးနင်းတော့မှာကို တွေးတောရင်း ကျန်းကျန်း သူတို့ဆီကနေ အခွင့်ကောင်း မယူချင်တာကြောင့် အဝါရောင် ငါးပုတ်သင် ရှစ်ကောင်ကို အလျင်အမြန် ဆွဲယူကာ ရွှေတုံးတွေကို ထုပ်ပိုးမဲ့ စက္ကူလေးရွက်ပေါ်မှ အလျင်စလို ရေးခဲ့တယ်။
“အဝါရောင် ငါးပုတ်သင်ကြီး နှစ်ကောင်က ဒီအိမ်ကြီးထဲက ပစ္စည်းတွေ အကုန်လုံးကို ဝယ်ယူဖို့အတွက် ပေးတာပါ.. တကယ်လို့ ပစ္စည်းတွေကို ပြန်ဝယ်ချင်တယ်ဆိုရင် သတင်းစာတွေမှာ လူပျောက်သတိပေးချက် ထုတ်ပြန်ပေးပါ.. ကုဒ်နံပါတ်ကို ဒီနေ့ရက်စွဲထည့်ပေးနိုင်တယ်”
သူတို့တွေ ပစ္စည်းတွေရွှေ့ပြောင်းနေချိန်မှာ ကျန်းကျန်းက ရွှေတုံးနဲ့ စာရွက်တွေကို သူတို့ရဲ့ အထုပ်အပိုးတွေထဲကို အသီးသီး ပစ်ထည့်ခဲ့တယ်။ ဒီရွှေတုံးတွေက သူတို့ရဲ့ အပိုင်ပစ္စည်းဥစ္စာတွေကို ဝယ်ယူဖို့အတွက် ပိုက်ဆံလို့ သတ်မှတ်လိုက်နိုင်တယ်။
သူမအနေနဲ့ အရင်တုန်းက ဒီလူတွေရဲ့အိမ်တွေထဲကို သွားမကြည့်ဖူးဘူး။ ဒါကြောင့် သူတို့ရဲ့အိမ်မှာရှိတဲ့ပစ္စည်းတွေက ရွှေတုံးဘယ်လောက်တန်ကြေးရှိလဲဆိုတဲ့အပေါ် ကျန်းကျန်းမှာ စဉ်းစားနေဖို့ အချိန်မရှိဘူး။
ဒီအချိန်မှာ ပစ္စည်းတွေဖျက်စီးခံရမှာကို တားဆီးဖို့ရာအတွက် အိမ်ထဲကနေ ဖယ်ထားဖို့က အရေးကြီးဆုံးပဲ။
ပန်းရောင်အစောင့်အရှောက်အုပ်စုရဲ့လက်ထဲကို ထည့်ပေးလိုက်လို့မဖြစ်ဘူး။
ဒီလူတွေ ထွက်သွားပြီးတဲ့နောက်မှာ ကျန်းကျန်းက အလင်းတစ်ချက်နဲ့ ရောက်ရှိလာခဲ့ပြန်တယ်။
သူမက လမ်းကြားအလယ်မှာ ရပ်ရင်း မှောင်မိုက်နေပြီဖြစ်တဲ့ ကောင်းကင်ကို မော့ကြည့်ရင်း အနည်းငယ်လောက် စိုးရိမ်သလို ခံစားရတယ်။
သူမအနေနဲ့ ပစ္စည်းတွေအကုန်လုံးကို မုန်မိသားစုအိမ်နှင့် ပိုင်မိသားစုအိမ်လိုမျိုး ရှင်းလင်းဖို့ နောက်ကျနေပြီ။ ဒီညတော့ လူတွေ မလာလောက်တော့ဘူးလို့ မျှော်လင့်ရမှာပဲ။
ကျန်းကျန်း သူမရဲ့အရှေ့မှ အနောက်တိုင်းပုံစံ အဆောက်အဦးလေးလုံးကို ကြည့်ရင်း သူမရဲ့ခြေထောက်ကို ဆောင့်နင်းပြီး ပြောလိုက်မိတယ်။
“ဝတ္ထုထဲမှာလိုမျိုး နေရာလွတ် အခန်းတွေသာရှိနေရင် ဘယ်လောက်ကောင်းလိုက်မလဲ.. အဲလိုဆိုရင် အရမ်းကြီးအားစိုက်ထုတ်နေဖို့မလိုပဲ အဆောက်အအုံလိုက်အတိုင်း ရွှေ့သွားလို့ရမှာ!”
ကျန်းကျန်းရဲ့ စကားဆုံးတာနဲ့ တပြိုင်နက် သူမရဲ့ရှေ့မှာရှိနေတဲ့ အနောက်တိုင်းပုံစံ အဆောက်အဦးကြီးငါးလုံးက အစအနမကျန်ပျောက်ကွယ်သွားခဲ့ကာ တွင်းကြီးငါးတွင်းသာ ကျန်ခဲ့လေတယ်။
ကျန်းကျန်း ရုတ်တရက် ထိတ်လန့်သွားခဲ့တယ်။
“ဘာဖြစ်သွားတာလဲ...”
*
ကျန်းကျန်းတစ်ယောက် နောက်ဆုံးတော့ အလင်းတန်းတစ်ခုနှင့်အတူ ရွှေ့ပြောင်းလာခဲ့ပြီး အိမ်ကိုပြန်ရောက်တော့ မဒမ်လီက မည်းမှောင်နေတဲ့မျက်နှာနဲ့ အိမ်ရှေ့တံခါးပေါက်နားမှာ ရပ်ပြီး စောင့်နေခဲ့လေတယ်။
သူမက ကျန်းကျန်းကို မြင်တော့ ဒေါသတကြီးနဲ့ ဆူပူလာတယ်။
“မင်း ဘယ်လိုပြန်ရမယ်ဆိုတာကိုတော့ သိသေးတယ်ပေါ့လေ.. မင်းသာ ခုချိန်ထိပြန်မလာရင် ကျားဖမ်းစားသွားပြီလို့ ထင်မိတော့မှာ”
ခြံဝင်းအတွင်း ထင်းတွေပိုင်းဖြတ်နေတဲ့ လီမင်ပေတစ်ယောက် ထင်းခုတ်နေရင်းနဲ့ အဖွားဖြစ်သူရဲ့ စကားကိုကြားတော့ ရယ်မောမိမှာကို စိုးရိမ်တာကြောင့် လက်နှင့်အုပ်ထားရင်း မျက်နှာကပါနီမြန်းလာရတယ်။
ကျန်းကျန်းကတော့ ခြံထဲမှ တ
“ဖူး..ဖူး” ဆိုတဲ့အသံတွေကို ကြားနေရပေမဲ့ လက်ရှိမှာ လီမင်ပေကို စာရင်းရှင်းဖို့ အချိန်မရှိသေးဘူး။
သူမက မဒမ်လီရဲ့လက်ကို တင်းတင်းကြပ်ကြပ်ဆုပ်ကိုင်ကာ ချစ်စရာကောင်းစွာ ချော့မော့ရင်းနှင့် နောက်ဆုံးတော့ မဒမ်လီကို ရယ်မောအောင်လုပ်နိုင်ခဲ့မှသာ စိတ်သက်သာရာရစိာ သက်ပြင်းချလိုက်မိတယ်။
မဒမ်လီက ကျန်းကျန်းရဲ့ လက်ကို ဆွဲကိုင်ပြီး သူမကိုအိမ်သို့ဆွဲခေါ်သွားခဲ့တယ်။
“တောထဲကို သွားတာက သွားလို့ရတယ်.. ဘာမှမပြောဘူး.. ဒါပေမယ့် မင်း ဘာလို့ ညစာစားဖို့တောင် ပြန်မလာရတာလဲ .. လာခဲ့ အဖွား မင်းကို တစ်ချက်ကြည့်ကြည့်မယ်..”
မီးဖိုခန်းထဲမှ အလင်းရောင်မှိန်မှိန်မီးလုံးကို အသုံးပြုပြီး မဒမ်လီက ကျန်းကျန်းကို သေသေချာချာ စစ်ဆေးကြည့်ခဲ့က် စိတ်ပူပန်သောကရောက်စွာနဲ့ မျက်နှာကို ရှုံ့မဲ့စွာ ပြောလာခဲ့တယ်။
“ကြည့်ပါဦး.. မင်းရဲ့မျက်နှာလေး အခု တော်တော်လေး ချောင်ကျသွားခဲ့ပြီ”
ကျန်းကျန်း မဒမ်လီရဲ့စကားကြောင့် ဆွံ့အ,သွားရတယ်။
“အဖွား.. အဖွားက ချဲ့ကားလွန်းနေပြီ”
ဝမ်စုဖန်းက မီးဖိုနားကနေ ခေါင်းကိုမော့ကာ ကျန်းကျန်းရဲ့ နဖူးကို ဒေါသတကြီးနှင့် ထိကာ ပြောလာတယ်။
“ဒီလောက်ငယ်ငယ်လေးနဲ့ ဗိုက်ဆာရင်ထမင်းစားရမှာကိုမသိတော့ဘူး.. ကစားနေရရင် ဗိုက်ဆာမှန်းတောင် မသိတော့ဘူးလား..မင်ပေနှင့် တခြားသူတွေတုန်းကတောင် ကစားရင်းနှင့် စားဖို့ မေ့သွားတာမျိုးမရှိခဲ့ဘူး..
အစာစားချိန်ကိုရောက်လာရင် ဘယ်လောက်ပဲ ဝေးတဲ့နေရာကိုရောက်နေပါစေ ညစာစားဖို့အတွက် အိမ်ကိုပြန်ရမယ်ဆိုတာ သေချာပေါက်မှတ်မိကြတယ်”
“အမေ .. နောက်တစ်ခါ ဒီလိုမဖြစ်စေရပါဘူး”
ကျန်းကျန်း ဝမ်စုဖန်းရဲ့ လက်မောင်းကို အလျှင်အမြန်သိုင်းဖက်လိုက်ပြီး သူမကို ပြုံးရယ်စေဖို့ ချော့မော့ခဲ့ရပြန်တယ်။
ဝမ်စုဖန်းက သူမကို ဒေါသတကြီး စိုက်ကြည့်လိုက်မိပေမဲ့ အဆုံးမှာတော့ မရယ်ဘဲနိုင်ခဲ့ဘူး။ သူမက မီးဖိုပေါ်မှာ နွှေးထားတဲ့ အိုးကိုဖွင့်ကာ ညအထဲမှ ဖက်ထုပ်တစ်ပန်းကန်ကို ထုတ်ယူလိုက်တယ်။
“မင်းအဖွားက မင်းဆာနေမှာပဲလို့ တွေးပြီး ညနေကတည်းက အစားအသောက်တွေ ထုပ်ပိုးပြီး ချန်ထားခိုင်းနေတာ”
ကျန်းကျန်း ပန်းကန်ကို အလျင်အမြန်ယူကာ ဖက်ထုပ်တစ်ခုကို ကောက်ယူလိုက်ပြီး ပါးစပ်ထဲသို့ ထည့်ဝါးလိုက်တယ်။
“ဒါက သခွားသီး၊ ကြက်ဥ၊ မှိုတွေ နဲ့ အစာသွပ်ထားတာပဲ”
“အစားအသောက်နှင့်ပတ်သက်ရင်တော့ တော်တော်လေးကျွမ်းကျင်တာပဲ”
ဝမ်စုဖန်းက ကျန်းကျန်း အစားအသောက်တွေကို အရသာရှိရှိ စားသောက်နေတာကိုမြင်တော့ ရယ်မောရင်း ပြောလာတယ်။
“အထဲကိုသွားပြီး စားလိုက်.. မင်ပေက ဒီနေ့ ငါးတွေဖမ်းမိလာတယ်.. အမေ မင်းအတွက် စွပ်ပြုတ်လုပ်ပေးထားတယ်၊ နောက်ကနေ ယူလာပေးမယ် ခန်ပေါ်မှာ သွားစားလိုက်ဦး”
ကျန်းကျန်း အသံတိုးတိုးနှင့် တုံ့ပြန်ပြီး သူမစားနေတဲ့ ဖက်ထုပ်ပန်းကန်လုံးကိုယူကာ အပြင်သို့ ထွက်လာခဲ့သည်။
သို့ပေမယ့် သူမ ခန်ပေါ်မှာ ထိုင်လိုက်တဲ့အချိန်မှာပဲ ခြံဝန်းအတွင်းမှ လီမင်ပေရဲ့အော်သံကိုကြားလိုက်ရလေတယ်။
“ဒုတိယအစ်ကို.. တတိယအစ်ကို.. မင်းတို့ ဘယ်လိုလုပ်ပြီး အတူပြန်လာကြတာလဲ”
ကျန်းကျန်း ပန်းကန်နှင့် တူတွေကို ဘေးမှာရှိနေတဲ့ ဗီဒိုပေါ်မှာ အမြန်တင်လိုက်ပြီး သူတို့ကို နှုတ်ဆက်ဖို့အပြင်ဘက်သို့ အလျှင်အမြန်ထွက်လာခဲ့တယ်။
အပြင်ကိုရောက်တော့ လီမင်ရှီနှင့် လီမင်နန်တို့တွေ လက်ထဲမှာ အထုတ်အပိုးနှင့် အိတ်ကြီးတစ်လုံးကို သယ်ဆောင်ကာ ရောက်လာကြတာကို မြင်တွေ့လိုက်ရတယ်။