အခန်း (၁၂၀)
Vol. 12 Ch. 120
မဒမ်လီက ဒီနှစ်ရက်အတွင်း လီမင်နန် အိမ်ကို ပြန်လာမယ်ဆိုတာကို ကြားခဲ့ရတာကြောင့် အိမ်မှာပြောနေခဲ့တယ်။ သို့ပေမယ့် လီမင်ရှီပါ အိမ်ကို ပြန်လာလိမ့်မယ်လို့ မမျှော်လင့်ထားခဲ့ဘူး။
လီမင်ရှီက ဒီနှစ်မှာ ဘွဲ့ရတော့မှာဆိုပေမယ့် သူ့ရဲ့တက္ကသိုလ်က သာမန်တက္ကသိုလ်တွေနဲ့ မတူဘူးလေ။ သူတို့က စစ်အကယ်ဒမီကျောင်းနှင့် ပတ်သက်နေတာပဲ။
အရင်တုန်းကတော့ ဒီစစ်အကယ်ဒမီသင်တန်းကျောင်းမှ ဘွဲ့ရထားခဲ့တဲ့ ကျောင်းသားတွေက နေရာဒေသ အသီးသီးကို တိုက်ရိုက်ခန့်ထားခံခဲ့ရတယ်။ အခုလိုမျိုး တိုက်ရိုက်ပြန်လာတာက လီမင်ရှီ ပထမဆုံးပဲ။
“ဘာလို့ပြန်လာတာလဲ”
ဝမ်စုဖန်းက မသိစိတ်က မေးလိုက်တော့ လီမင်ရှီရဲ့ မျက်လုံးတွေက ချက်ချင်းနီရဲလာခဲ့ပြီး အနည်းငယ်အက်ကွဲတဲ့အသံနဲ့ ငိုပြီးပြောလာတယ်။
“အမေ၊ စစ်တက္ကသိုလ်က ဖျက်သိမ်းလိုက်ပြီတဲ့.. ကျွန်တော်တို့အားလုံးကို ပြန်လွှတ်လိုက်တယ်”
စစ်တက္ကသိုလ်မတက်ခင်တုန်းက လီမင်ရှီရဲ့အသားအရည်က ဖြူဖွေးနူးညံ့ပြီး သူ့ရဲ့အမူအရာတွေကလည်း တခြားလူတွေထက်ပိုပြီး အနည်းငယ် နူးညံ့သိမ်မွေ့တယ်။
ဒါပေမယ့် စစ်တက္ကသိုလ်သင်တန်းကျောင်းကို စပြီးဝင်လိုက်ကတည်းက သူ့ရဲ့အသားအရည်က တစ်နှစ်ထက်တစ်ထက်ပိုပြီး ညိုမဲလာခဲ့ပြီး အရပ်လည်း ရှည်လျားလာခဲ့ပြီး သူ့ခန္ဓာကိုယ်ကလည်း မာကျောတဲ့ ကြွက်သားတွေနဲ့ ဖုံးအုပ်လာခဲ့တယ်။
မကြာသေးခင်နှစ်တွေအတွင်း လီမင်ရှီက ငိုဖို့မပြောနဲ့ လေ့ကျင့်နေစဉ်အတွင်း သူ့ရဲ့ ပခုံးပေါ်မှ အရေပြားတွေ စုတ်ပြဲသွားတာတောင် စကားတစ်ခွန်းမှ မငြီးငြူခဲ့ဖူးဘူး။
ဒါပေမယ့် ဒီတစ်ကြိမ်မှာတော့ သူ့ကို စစ်တပ်က နှင်ထုတ်ခံလိုက်ရပြီးနောက်မှာ လီမင်ရှီတစ်ယောက် တကယ့်ကိုဝမ်းနည်းနေခဲ့တယ်။ သူက မဒမ်လီရဲ့ အိမ်ခန်းထဲမှာ အချိန်အတော်ကြာအောင် မျက်ရည်တွေကို သုတ်ရင်း ငိုနေခဲ့တယ်။ မဒမ်လီက သူ့ကိုကြည့်ပြီး အလွန် စိုးရိမ်နေခဲ့ပေမဲ့ ဘယ်လိုချော့ရမလဲဆိုတာကိုလည်း မသိဖြစ်နေခဲ့ရတယ်။
မဒမ်လီက လီမင်ရှီအတွက် ပျားရည်ယူပေးဖို့ ထွက်လာတဲ့အချိန်ကို အခွင့်ကောင်းယူပြီး သူမရဲ့မိသားစုကို တိုးတိုးကြိတ်ကြိတ်ပြောခဲ့တယ်။
“မင်ရှီရဲ့ ကျောင်းအကြောင်းကို မမေးကြနဲ့ဦး.. နောက်ပြီး တုန်ဇီရဲ့အမေကလည်း ဒီလတွေအတွင်းမှာ သူ့ကို အလုပ်ရှာဖို့ မတောင်းဆိုနဲ့.. ကလေးက အချိန်ခဏလောက် ရပ်တည်နိုင်လောက်ဦးမှာ မဟုတ်ဘူး.. သူ အေးအေးဆေးဆေး စိတ်ပြေအောင် နေပါစေ”
ဝမ်စုဖန်းက လျင်မြန်စွာ တုံ့ပြန်လိုက်ပေမဲ့ သူမရဲ့မျက်နှာပေါ်မှာ စိုးရိမ်မှု အနည်းငယ် ရှိနေသေးတယ်။
“အမေ၊ မင်ရှီကို ဒီအတိုင်းထားလို့ အဆင်ပြေပါ့မလား.. သူ့မျက်လုံးအောက်မှာ အညိုရောင်စက်ဝိုင်းတွေရှိနေပြီထင်တယ်”
မဒမ်လီက သက်ပြင်းချရင်း ပြောလိုက်တယ်။
“အဲဒါက အချိန်အတော်ကြာသွားရင် ကောင်းသွားပါလိမ့်မယ်..ငါတို့တွေ စောင့်ကြည့်ကြတာပေါ့”
မူလတုန်းက ကလေးတွေ ပြန်ရောက်လာခဲ့တာကြောင့် ပျော်ရွှင်နေခဲ့ရမဲ့ အခိုက်အတန့်တွေက လီမင်ရှီရဲ့ ပြန်ရောက်လာမှုကြောင့် ပြောင်းလဲသွားခဲ့တယ်။ အိမ်ရဲ့လေထုက အနည်းငယ် အုံ့မှိုင်းနေတာကြောင့် ကျန်းကျန်းက ဖက်ထုပ်နဲ့ ငါးတချို့ စားပြီးနောက် ပင်ပန်းလွန်းတယ်လို့ အကြောင်းပြပြီး အိပ်စက်ဖို့အတွက် အခန်းထဲ ပြေးဝင်သွားခဲ့တယ်။
အိမ်ထဲမှ စကားသံတွေကို နားထောင်ရင်းနှင့် ကျန်းကျန်း ခန်ပေါ်မှာထိုင်ပြီး အနောက်တိုင်းပုံစံ အဆောက်အဦးငါးလုံး ပျောက်ကွယ်သွားတဲ့အကြောင်းကို တွေးတောနေခဲ့မိတယ်။ ဒါက သူမ ပြောခဲ့တဲ့ စကားနဲ့ သက်ဆိုင်တယ်လို့ ခံစားမိပေမယ့် ဒီအနောက်တိုင်းပုံစံ အဆောက်အဦး တွေက ဘယ်ကိုရောက်သွားတာလဲဆိုတာ သူမ မသိဘူး။
ကျန်းကျန်း အနည်းငယ် ရှုပ်ထွေးနေခဲ့တယ်။
ကျန်းကျန်း မသိခဲ့တာကတော့ သူမထက်ပိုပြီး မသိရှိနားမလည်နိုင်တဲ့လူတွေက ဖန်း အစောင့်အရှောက်တွေပဲ။ သူတို့တွေ ရောက်လာချိန်မှာ နေရာလွတ်ကျင်းကြီးတွေသာဖြစ်နေတဲ့ ခြံတွေကိုကြည့်ရင်း ခြေထောက်တွေ ပျော့ခွေသွားခဲ့ရတယ်___ အိမ်ကြီး ဘယ်ကိုရောက်သွားတာလဲ? ပန်းခြံကရော ဘယ်ကိုရောက်သွားတာလဲ? ဘုရားရေ! ဒီနေရာက တကယ်ပဲ သရဲခြောက်နေတာပဲ!
လီမိသားစုဟောင်းမှ လူတိုင်းက သူတို့ရဲ့ သားသမီးများကို အလွန်ချစ်ခင်ကြတယ်။ အခု လီမင်ရှီရဲ့ စွမ်းအင်လျော့နည်းနေမှုကို မြင်လိုက်ရတော့ သူတို့အားလုံးက အလွန်စိတ်ပူပန်နေခဲ့ကြတယ်။
မဒမ်လီက လီမင်ရှီကို ပိုပြီးဖြောင်းဖြခဲ့မယ်ဆိုရင် သူ ပိုပြီး စိတ်မသက်မသာဖြစ်လာမှာကို ကြောက်နေခဲ့တယ်။ ဒါကြောင့် လီမူဝူနဲ့ ဝမ်စုဖန်းတို့ကို ကလေးကိုတစ်ယောက်တည်းလွှတ်ထားလိုက်ဖို့သာ ပြောခဲ့တယ်။
လီမင်နန်နဲ့ လီမင်ပေတို့ကိုတော့ စကားပြောခိုင်းခဲ့ပေမဲ့ စိတ်ဓာတ်ကျနေတဲ့ လီမင်ရှီက သူ့ဘာသာသူသာ အချိန်ခဏလောက်တစ်ယောက်တည်းနေချင်ကြောင်း ထင်ရှားနေခဲ့တယ်။
ကျန်းကျန်း လီမင်ရှီရဲ့ ဘေးနားကိုတိုးကပ်သွားရဲ့ သူစိတ်မငြိမ်မသက် ဖြစ်နေတာကို ကြည့်ကာ သူ့ကိုဒီနေ့ စားချင်စိတ်ပြန်ကောင်းလာအောင်လုပ်ပေးဖို့ ဆုံးဖြတ်လိုက်တယ်။
ကျန်းကျန်းရဲ့အတွေးကတော့_ ကိစ္စကြီးတွေကအရေးမပါဘူး၊ စိတ်ညစ်စရာကိစ္စတွေကိုလည်း စိတ်ထဲထည့်နေစရာမလိုဘူး၊ အရသာရှိတဲ့ တစ်ခုခုကို စားရမယ်ဆိုရင် ပျော်ရွှင်လာလိမ့်မယ်။
မဒမ်လီရဲ့ ဂရုမစိုက်မှုကို အခွင့်ကောင်းယူပြီး ကျန်းကျန်း ပင်းချန်သို့ နောက်တစ်ဖန် သွားခဲ့ပြန်ကာ သူမကြောင့် ဖြစ်သွားရတဲ့ အပေါက်ကြီးငါးပေါက်ကို မြေညီအောင် ပြန်ဖြည့်ခဲ့တယ်။
ကျန်းကျန်း မသိခဲ့တာကတော့ သူမထွက်ခွာသွားပြီးနောက် မကြာခင်မှာ မြောင်ဖူဟိုင်က တုံ့ဆိုင်းနေခဲ့ကာ သူတို့သွားတဲ့လမ်းက မှားနေသလိုမျိုး ခံစားခဲ့ရတာကြောင့် အဖွဲ့ထဲမှလူတွေကို ထပ်မံသွားကြည့်ဖို့ ထပ်မံတောင်းဆိုခဲ့ပြန်တယ် ။
သို့ပေမယ့် အဲဒီနေရာကို ရောက်တော့ကြောက်လန်တကြားအော်ငိုမိတော့တယ်။
ဘုရားရေ! သူတို့ ထွက်သွားတာ နာရီဝက်ပဲကြာသေးတယ်။ တွင်းကြီးတွေက ပျောက်သွားပြီ။ ဒီနေရာက သရဲခြောက်တာ သေချာတယ်။ အလွန်အမင်း ကြောက်စရာကောင်းလွန်းတာပဲ!
“အိုဟောင်းမှုလေးခု” က ပြိုပျက်သွားပြီဖြစ်ပေမဲ့လည်း အရှေ့မြောက်ဘက်ကတော့ မဆိုင်သလိုရှိနေတုန်းပဲ။ ဒီဘက်အရပ်ဒေသမှာ ထူးထူးဆန်းဆန်းဇာတ်လမ်းတွေရှိတယ်။ လူတွေက အဝါရောင်အရေခွံတွေအကြောင်းနှင့် မြေခွေးဝိညာဉ်ပုံပြင်များကို နားထောင်ရင်း ကြီးပြင်းလာကြတာပဲ။
ဒါကြောင့် “အိုဟောင်းမှုလေးခုကို ဖိုခွဲရန်” လို့ ပြောဆိုကြပေမဲ့လည်း သူတို့ရဲ့ နှလုံးသားထဲမှာတော့ ဘုရားပေးတဲ့အရာတွေကို ယုံကြည်ဆဲပဲ။
အချိန်(12) နာရီမပြည့်ခင်မှာပဲ အခုလိုမျိုး ထူးဆန်းတဲ့အရာတွေကို ဆက်တိုက်ကြုံတွေ့ခဲ့ရတယ်။ ဒါကြောင့် သတ္တိကောင်းလှကြောင်း ကြွေးကြော်နေတဲ့ မြောင်ဖူဟိုင်တောင်မှ အလွန် ကြောက်လန့်သွားခဲ့လေတယ်။
လူတစ်စုက အိမ်ကိုပြန်ရောက်ပြီးနောက်မှာ ထိတ်လန့်မှုကြောင့် အဖျားတက်သွားခဲ့ကြပြီး အိပ်မက်ဆိုးတွေတောင် မက်ခဲ့ကြတယ်။
သူတို့တွေက သရဲကို ဝင်တိုက်မိတယ်လို့ထင်မှတ်ကာ စာရွက်တွေကို အချိန်ကာလကြောင့် ပြောင်ပြောင်တင်းတင်း မီးရှို့ဖို့ မဝံ့ရဲကြပေမယ့် မိသားစုဝင်တွေက ညဘက် ဘယ်သူမှ မရှိတဲ့လူခြေတိတ်ချိန်တွေမှာ ဝိညာဉ်ကိုပြန်ခေါ်ဖို့ ထွက်လာကြရတယ်။
ပြည်နယ်မှ စောစော ထွက်ခွာသွားခဲ့တဲ့ မုန်ချင်းရှန်းကလွဲရင် ကျန်မိသားစုလေးစုရဲ့ ပိုင်ရှင်တွေကတော့ ပင်းချန်မြို့မှ ထွက်ခွာလာပြီးနောက်မှာ သူတို့ရဲ့ အထုတ်အပိုးထဲကနေ အဝါရောင် ငါးပုတ်ကောင်ကြီးတွေကို ရှာဖွေတွေ့ရှိခဲ့ကြတယ်။
ထူထဲ လေးလံလှတဲ့ ရွှေတုံးနှင့် ပါဝင်တဲ့စက္ကူကို ကြည့်ရင်း မိသားစုဝင်တွေက မျက်ရည်များစွာကျဆင်းလာခဲ့ကြတော့တယ်။
ဒီအချိန်မှာ လက်တွေ့အဆန်ဆုံး အသုံးဝင်တဲ့ အရာက ရွှေပဲလေ။ သူတို့တွေက အိမ်မှာရှိတဲ့အရာတွေကို ပြန်တွေးကြည့်ရင် ပြန်လည်တွေးတောနေစရာမလိုတော့ဘူးလို့ ခံစားမိသွားကြတယ်။ မိသားစုထဲက အရာတွေက အသက်ရှင်သန်မှုထက်တော့ ဘယ်အရာကမှ အရေးမပါဘူး။
သူတို့တွေက အနာဂတ်မှာ ပစ္စည်းတွေကို ပြန်ရွေးဖို့ မစီစဉ်ထားခဲ့ကြပေမယ့် ရွှေတုံးတွေနဲ့အတူပါလာတဲ့ စာရွက်ကိုတော့ သိမ်းထားကြတုန်းပဲ။ ကမ္ဘာကြီး ပြန်လည်ငြိမ်းချမ်းတဲ့ တစ်နေ့မှာ နှင်းတွေကြားထဲမှာ မီးသွေးလာပေးခဲ့တဲ့ သူတို့ရဲ့ ကျေးဇူးရှင်ကို ကျေးဇူးတင်ဂါရဝပြုဖို့အတွက် ဒီကို ပြန်လာဖို့အခွင့်အရေးရစေဖို့ မျှော်လင့်မိနေခဲ့ကြတယ်။
ကမ္ဘာပေါ်မှာ စိမ့်မဝင်နိုင်တဲ့ တံတိုင်းဆိုတာမျိုး မရှိဘူး။
မြောင်ဖူဟိုင်နှင့် တခြားသူတွေက ဒီလိုမျိုး ကိစ္စတွေကို ကြီးမြတ်တဲ့ဖန်းအစောင့်အရှောက်အဖွဲ့ဆီကို မပြောရဲကြပေမယ့် ရက်အနည်းငယ်ကြာပြီးနောက်မှာတော့ အတင်းအဖျင်းမျိုးစုံက နေရာအနှံ့ပြန့်နှံ့သွားခဲ့ပြီး စူးစမ်းလိုစိတ်ရှိတဲ့လူတချို့က ထိုနေရာဆီသို့ အပျော်သဘောနဲ့ သွားကြည့်ခဲ့ကြတယ်။
မနီးမဝေးမှာ နေထိုင်တဲ့ လူချမ်းသာ စီးပွားရေးသမားတွေကလည်း လူအများကြားကို ခိုးဝင်ကာ ကြည့်ရှုခဲ့ကြတယ်။ လက်ရှိနိုင်ငံရေးအခြေအနေကြောင့်လား ဒါမှမဟုတ် ဒီလိုမျိုး အမျိုးမသိတဲ့ထူးဆန်းတဲ့ကိစ္စရပတွေကို နည်းနည်းလောက်ကြောက်လန့်သွားလို့လားဆိုတာကိုတော့မသိဘူး။
ချမ်းသာတဲ့ စီးပွားရေးသမားတွေနှင့် အရင်းရှင်များစွာက ဒီနေရာမှ ထွက်ခွာရန် ရွေးချယ်ခဲ့ကြတယ်။
ကျန်းကျန်းက သူတို့တွေကို တစ်ယောက်ပြီး တစ်ယောက် လျှို့ဝှက်စွာ လေ့လာကြည့်ရှုခဲ့တယ်။ ထို့နောက် သူမ ဆိုတာကို မပြောနိုင်လောက်အောင် ရုပ်ဖျက်၀တ်ဆင်ထားပြီး ရှေးဟောင်း လက်ရေးလှတွေနှင့် ပန်းချီကားတွေ အားလုံးကို ဝယ်ယူခဲ့တယ်။
ဒါပေမယ့် ဒါတွေကတော့ နောက်ပိုင်းမှာဖြစ်လာမဲ့အရာတွေပဲ။
လက်ရှိမှာတော့ ကျန်းကျန်းက တွင်းတွေကိုပြန်ဖြည့်ပြီးနောက် ပစ္စည်းတွေကို ဆက်လက်ဝယ်ယူရန် အလျင်စလိုမလုပ်ဘဲ သူမ မုန်မိသားစုအိမ်နှင့် ပိုင်မိသားစုအိမ်ထဲမှ ပစ္စည်းတွေကို ပြောင်းရွှေ့ရန် ဆောက်ထားခဲ့တဲ့ သစ်သားအိမ်ထဲမှ ကုလားထိုင်တစ်လုံးကို ထုတ်ယူလိုက်တယ်။
ထို့နောက် ခုံမှာထိုင်ရင်း ထိုအဆောက်အဦးတွေ ဘယ်နေရာကို ရောက်သွားတာလဲဆိုတာကို လေ့လာဖို့လုပ်ခဲ့တယ်။
ကျန်းကျန်း သူမရဲ့ နဖူးကို ပထမဆုံးထိမိလိုက်တယ်။ သူမ ၁၉၆၀ ခုနှစ်တွေကို ပြန်မသွားတုန်းက ရွှေသွေးတစ်စက်နှင့် ထိမှန်ခဲ့တာကို မှတ်မိသေးတယ်။ သို့ပေမဲ့ အချိန်အတော်ကြာအောင် ထိတွေ့နေပြီးနောက်မှာတောင် ထူးထူးခြားခြား တစ်စုံတစ်ရာကို မတွေ့ခဲ့ရဘူး။
သူမရဲ့ ခန္ဓာကိုယ်ကလည်း အနည်းငယ်လောက်တောင် မရွှေ့လျားခဲ့ဘူး။ မလှုပ်မရှားနဲ့ ကုလားထိုင်ထက် မြဲမြံစွာ ထိုင်နေတုန်းပဲ။
အထူးတလည်နေရာက နဖူးပေါ်မှာမရှိဘူးလို့ ထင်မိတာကြောင့် ကျန်းကျန်းတစ်ယောက် သူမရဲ့ခန္ဓာကိုယ်ပေါ်မှာ အထူးအစက်အပြောက်တွေရှိနေလောက်မလားဆိုတာကို ထပ်မံရှာဖွေလိုက်ပြန်တယ်။
သို့ပေမယ့် ကျန်းကျန်း ခန္ဓာကိုယ်က ဖြူစင်ပြီး နူးညံ့ကာ ခန္ဓာကိုယ်ပေါ်မှာ မှဲ့တစ်ပေါက်တောင် မရှိခဲ့တာကိုတွေ့တော့ တုံ့ဆိုင်းသွားခဲ့ပြန်တယ်။
သူမကသစ်ပင်အိမ်ထဲမှာသိမ်းထားတဲ့ တုံ့ဆိုင်းစွာ တရုတ်ဆီးသီးတစ်ထုပ်ကို ထုတ်ယူလိုက်တယ်။ ကျန်းကျန်းဆိုတာက စိတ်မချမ်းသာလှတဲ့အချိန်တွေမှာ ပါးစပ်ထဲကို တစ်ခုခုထည့်ထားချင်တတ်တဲ့သူပဲ။
သူမက တရုတ်ဆီးသီးကို ဝါးရင်းနဲ့ ဘယ်နေရာမှာ ဖုံးကွယ်မှုတွေရှိနေတာလဲဆိုတာကို တွေးတောနေခဲ့တယ်။
သူမ ထိုအချိန်တုန်းက စကားတစ်ခွန်းပြောလိုက်သလိုပဲ။ ကျန်းကျန်းရဲ့ မျက်လုံးတွေက သူမလက်ထဲမှ တရုတ်ဆီးသီးတွေကို ငုံ့ကြည့်ရင်း ခဏလောက်တုံ့ဆိုင်းနေပြီးမှ အသံတိုးတိုးနဲ့ ပြောလိုက်တယ်။
“တရုတ်ဆီးသီးကို နေရာပြောင်းမယ်”
ချက်ချင်းဆိုသလိုပဲ ကျန်းကျန်းရဲ့လက်ထဲမှ တရုတ်ဆီးသီးတွေက သဲလွန်စမကျန်ဘဲ ပျောက်ကွယ်သွားခဲ့တယ်။
ကျန်းကျန်း အလျှင်အမြန် ထရပ်ကာ လှည့်ပတ်ကြည့်ရင်း သတ္တိရှိစွာပြောလိုက်တယ်။
“ငါ့ကို နေရာပြောင်းမယ်”