← Chapters

လေးမျက်နှာကျေးရွာပေါ်မှဖိအား

Vol. 153 Ch. 2179

လေးမျက်နှာကျေးရွာပေါ်မှဖိအား

Vol. 153 Ch. 2179

လေးမျက်နှာကျေးရွာသည် ပုံမှန်အတိုင်းပင် တိတ်ဆိတ်အေးချမ်းလျက်ရှိသည်။ သို့သော်လည်း အဘိုးမာနှင့် ရီဖူရှင်းပြန်ရောက်လာသည်နှင့် သူတို့နောက်မှ လိုက်လာသည့် လူအုပ်ကြီးက ရွာကိုဝန်းရံလိုက်သည်။ အဘိုးမာက ရီဖူရှင်းကို သီးသန့်ကျောင်းဝန်းအတွင်းသို့ တိုက်ရိုက်ခေါ်ဆောင်သွားခဲ့သည်။

အချိန်တိုအတွင်း သူတို့က သီးသန့်ကျောင်းသို့ ရောက်ရှိသွားခဲ့၏။ ရီဖူရှင်းသည် ယခုအချိန်၌ ပြင်းထန်လှသော နာကျင်မှုကို ခံစားနေရပုံပေါ်သည်။ ကျယ်လောင်စွာ စူးရှသော ဆူညံသံများက သူ၏ ခန္ဓာကိုယ်အတွင်းမှ ထွက်ပေါ်လာနေဆဲ ​ဖြစ်သည်။

“ဘာတွေဖြစ်နေတာလဲ။” ရွာထဲမှ လူများက အဘိုးမာနှင့် ရီဖူရှင်းထံသို့ ပြေးလာကြသည်။

“ဆရာ။” ဖန်းချွင့်၊ ရှောင်လင်းနှင့်အခြား ဆယ်ကျော်သက်လေးများကလည်း ရီဖူရှင်းကို စိုးရိမ်ပူပန်စွာဖြင့် ပြေးလာကြပေသည်။ အဘိုးမာက ကျောင်း၏ တံခါးကို မျက်နှာချင်းဆိုင်ရင်း အထဲမှ လူကို ပြောလိုက်သည်။ “ဆရာသခင်... ရီဖူရှင်းက နတ်ဘုရားရုပ်ကြွင်းတစ်ခုကို စုပ်ယူဝါးမြိုခဲ့ပြီးတော့ အဲဒါက လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာက မဟာအင်ပါယာရှန်ကျားရဲ့ ရုပ်အလောင်း ဖြစ်တယ်။ အခု အင်အားစုအသီးသီးရဲ့ လူတွေက ကျုပ်တို့ နောက်ကို လိုက်ပြီး ရွာကို ဝိုင်းထားလိုက်ပြီ။”

အဘိုးမာက ဖြစ်ပျက်ခဲ့သော အကြောင်းများကို အကြမ်းဖျင်းရှင်းပြလိုက်သည်။ ဤသို့သော အခြေနေအောက်၌ ဆရာသခင်အဆင့် ကျင့်ကြံသူများနှင့် အငြင်းပွားသည်မှာ အဓိပ္ပါယ်မရှိကြောင်း ကောင်းစွာ သတိပြုမိပေသည်။ ဆရာသခင်အဆင့် တန်ခိုးရှင်များက ရီဖူရှင်းကို မည်သည့်အခါမှ အလွန်ပေးလိမ့်မည် မဟုတ်ပေ။ ရီဖူရှင်းက ဤနေရာ၌ ဆက်ရှိနေလျှင် ရီဖူရှင်းက မဟာအင်ပါယာရှန်ကျား၏ ရုပ်ကြွင်းကို အပြည့်အဝ ပေါင်းစပ်လိုက်နိုင်လျှင်ပင် သူတို့က ၎င်းကို ပြန်လည်ရယူရန် စိတ်ပိုင်းဖြတ်ထားကြသည့်အတွက် သူတို့က သူ့အား သတ်ပစ်လိမ့်မည်မှာ သံသယဖြစ်ဖွယ် မရှိပေ။

ထိုအကြောင်းကြောင့် အဘိုးမာက ရွေးချယ်စရာ မရှိဘဲ ရီဖူရှင်းအား လေးမျက်နှာကျေးရွာသို့ ပြန်လည်ခေါ်ဆောင်လာခြင်း ဖြစ်ပေသည်။

ထို့အပြင် သူက လေဟာနယ်တံခါးအား ဖန်တီးစဥ်၌ နယ်မြေသခင်က တားဆီးခဲ့လျှင် သူတို့က ထွက်ခွာသွားနိုင်လိမ့်မည် မဟုတ်ကြောင်း သိရှိပေသည်။ သို့သော် အချို့သော ရှင်းမပြနိုင်သည့် အကြောင်းပြချက်များကြောင့် နယ်မြေသခင်က သူ့ကို လေဟာနယ်အား ဖြတ်သန်းလွတ်မြောက်ရန် အခွင့်အရေး ပေးလိုက်သည်။

နယ်မြေသခင်သည် ရီဖူရှင်းနှင့် အဘိုးမာက ယခု ထွက်ပြေးသွားလျှင်ပင် သူက သူတို့အား ဖမ်းမိလိမ့်မည် ဖြစ်ကြောင်း ယုံကြည်ချက်ရှိနေခြင်း ဖြစ်နိုင်သည်။

နတ်အလင်းတန်းများက ကျောင်းထဲမှ ထွက်လာပြီး ရီဖူရှင်း၏ ခန္ဓာကိုယ်ပေါ် စစ်ဆေးကြည့်လိုက်သည်။ အလင်းများက ရီဖူရှင်းကို တင်းကျပ်စွာ ပွေ့ပိုက်ထားခဲ့ပြီး သူ့အား ကျောင်းထဲသို့ ချက်ချင်း ဆွဲသွင်းသွားခဲ့ပေသည်။ ချက်ချင်းပင် ရီဖူရှင်းက အဘိုးမာရှေ့မှ ပျောက်ကွယ်သွားခဲ့သည်။

အဘိုးမာက ကျောင်းကို စိုက်ကြည့်လိုက်သည်။ သူ စိတ်ပူနေသလိုပင် ယခုအချိန်၌ သူ လုပ်နိုင်သည့်အရာ မည်သည်မှ မရှိပေ။ သူသည် ရီဖူရှင်းက နတ်ဘုရားရုပ်ကြွင်းကို ဝါးမြိုလိုက်သည့်အတွက် အန္တရာယ်တောထဲ ကျရောက်သွားပြီ ​ဖြစ်ကြောင်း သေချာပေါက် သတိပြုမိပေသည်။ သူက ရွေးချယ်စရာမရှိဘဲ ဆရာသခင် အကူအညီပေးရန်သာ မေးနိုင်တော့သည်။

သီးသန့်စာသင်ကျောင်းအတွင်း ရီဖူရှင်း၏ ခန္ဓာကိုယ်က လေထဲ၌ မျောလွင့်နေသည်။ နက်နဲသိမ်မွေ့သော စွမ်းရည်များနှင့် အဘိုးအိုတစ်ယောက်က သူ့အရှေ့တွင် ပေါ်ပေါက်လာသည်။

“ဆရာသခင်။” ရီဖူရှင်းက မျက်လုံးများကို ဖွင့်ကြည့်ကာ ရေရွတ်လိုက်သည်။

“မင်းရဲ့ အခြေအနေနဲ့ ပတ်သတ်ပြီး ငါ လုပ်ပေးနိုင်တာ ဘာမှမရှိဘူး။ ဒါက မင်းဘာသာ ရင်ဆိုင်ရမယ့် အရာပဲ။” ဆရာသခင်က ရီဖူရှင်းကို ပြောလိုက်သည်။

ရီဖူရှင်းက ခေါင်းညိတ်ကာ မျက်လုံးများကို တစ်ဖန် ပိတ်လိုက်သည်။ သူ့ခန္ဓာကိုယ်မှ ဧကရာဇ်ရောင်ဝါတို့က ပြင်းထန်စွာ တောက်ပလာပြီး သူ၏ လမ်းစဥ်ခန္ဓာက အချိန်မရွေး ပေါက်ကွဲတော့မလို ကျောင်းတစ်ခွင်၌ တုန်ခါသံများ ပဲ့တင်ထပ်နေပေသည်။ ၎င်းက ကြောက်မက်ဖွယ် မြင်ကွင်းပင် ဖြစ်သည်။

ရီဖူရှင်း၏ မျက်နှာက နာကျင်မှုကြောင့် ဖြူဖျော့လာသည်။ သူသည် အသက်အတွက် ရုန်းကန်နေပုံရပေသည်။

“ဒီကနေ ထွက်သွားစမ်း။” သူက ဒေါသတကြီး အော်ဟစ်လိုက်သည်။ မရေတွက်နိုင်အောင်များပြားပြီး တောက်ပသည့် သင်္ကေတအက္ခရာများက သူ့ခန္ဓာကိုယ်မှ တစ်ခုပြီးတစ်ခု ထွက်ပေါ်လာသည်။ ၎င်းတို့က ခွာထုတ်ခံလိုက်ရသလိုပင် ဖြစ်သည်။

ထို့နောက် ချက်ချင်းပင် ရွှေရောင်အလင်းတန်းတစ်ခုက တောက်ပလာပြီး ပုံရိပ်တစ်ခုက ရီဖူရှင်း၏ ခန္ဓာကိုယ်မှ ထွက်ခွာလာသည်။ ၎င်းမှာ မဟာအင်ပါယာရှန်ကျား၏ ပုံရိပ်ပင် ဖြစ်လေသည်။

“ဖူး...” ရီဖူရှင်းက သူ့မျက်လုံးများကို ဖွင့်ကာ တောက်ပသော နတ်ဘုရားရုပ်ကြွင်းအား စိုက်ကြည့်နေခဲ့သည်။ သူသည် ထိုအတွေ့အကြုံအား တွေးမိသည့်အခါ ကြောက်ရွံ့မှုကို ခံစားရပေသည်။ မဟာအင်ပါယာရှန်ကျား၏ ရုပ်ကြွင်းက သူ၏ သက်စောင့်ဟော်နန်းအား ဖျက်ဆီးရန် ကြိုးစားနေသည်။

အတိတ်တွင် ရီဖူရှင်း၏ သက်စောင့်ဟော်နန်းအတွင်းမှ ကမ္ဘာ့သစ်ပင်က နတ်ရတနာများ အပါအဝင် အခြား မည်သည့်ရတနာမဆို ဝါးမြိုကာ ပေါင်းစပ်နိုင်သည်။ သို့သော် ဤတစ်ကြိမ်၌ ထိုသို့ လုပ်ဆောင်ရန် ကျဆုံးခဲ့ပေသည်။ ထိုမျှမက ခက်ခက်ခဲခဲ ရုန်းကန်လှုပ်ရှားပြီးနောက်၌ပင် နတ်ဘုရားရုပ်ကြွင်းအား ကန်ထုတ်နိုင်ရုံမျှသာ ရှိခဲ့သည်။ တိုက်ခိုက်မှုက ဆက်ဖြစ်ခဲ့လျှင် ရီဖူရှင်းနှင့် သူ၏ သက်စောင့်ဟော်နန်းက ဖျက်ဆီးခံလိုက်ရပေလိမ့်မည်။

မဟာအင်ပါယာရှန်ကျား၏ ခန္ဓာကိုယ် ထွက်လာသည်နှင့် မျက်စိကျိန်းလောက်ဖွယ် အလင်းက ပေါက်ကွဲထွက်လာကာ လေဟာနယ်အား ဖြတ်သန်းသွားခဲ့သည်။ အလင်းက တဖြေးဖြေး မှိန်ဖျော့လာကာ နတ်ဘုရားရုပ်ကြွင်းသို့ ဖြေးညင်းစွာ စီးဝင်သွားသည်။ နတ်ဘုရားရုပ်ကြွင်းက သာမန်ရုပ်အလောင်းတစ်ခုကဲ့သို့ လဲလျောင်းနေပေသည်။

သိပ်မကြာသေးခင်က ထိုရုပ်အလောင်းသည် ရီဖူရှင်း၏ အသက်ကိုပင် ယူတော့မတတ် စွမ်းအားများ ထုတ်လွှတ်နေသေးသည်။

“ဆရာသခင် ပြဿနာဖြစ်စေမိလို့ တောင်းပန်ပါတယ်။” ရီဖူရှင်းက ဆရာသခင်အား ဦးညွှတ်လိုက်သည်။ သူက နောက်တစ်ဆင့်သို့ ရောက်ရှိသွားသော်လည်း ဝမ်းသာခြင်းအလျဥ်း မရှိခဲ့ပေ။ အခြေအနေကသာ သူ့လက်ထဲတွင် ရှိခဲ့ပါက နတ်ဘုရားရုပ်ကြွင်းအား ဝါးမြိုရန် မည်သည့်အခါမှ ရွေးချယ်ခဲ့လိမ့်မည် မဟုတ်ပါချေ။ သူသည် ၎င်းက ပြဿနာ မည်မျှများများ ယူဆောင်လာမည်ကို ကောင်းစွာ သတိပြုမိ၏။ သူ၏ ကျင့်ကြံဆင့်နှင့် အတွေ့အကြုံအရ သူသည် နတ်ဘုရားရုပ်ကြွင်းအား ကိုင်တွယ် ထိန်းချုပ်နိုင်စွမ်းမရှိနိုင်ပေ။

ယခု သူသည် နတ်ဘုရားရုပ်ကြွင်းအား လက်လွှဲပေးရန်မှအပ ရွေးချယ်စရာ မရှိချေ။ မဟုတ်လျှင် သူသည် လေးမျက်နှာကျေးရွာအား ပြဿနာများထဲ ဆွဲထည့်မိပေလိမ့်မည်။

…

ထိုအချိန်၌ ကျိုးမုဟွမ်အပါအဝင် ပို၍ များပြားသော တန်ခိုးရှင်များက လေးမျက်နှာမြို့သို့ ရောက်လာကြပြီ ဖြစ်သည်။ သူတို့က မြို့အထက် ကောင်းကင်တွင် ရှိနေကြ၏။

“မုဟွမ် နယ်မြေသခင် ဘယ်မှာလဲ။” တစ်စုံတစ်ယောက်က ယခုလေးမှ ရောက်လာသည့် ကျိုးမုဟွမ်အား မေးလိုက်သည်။

“အဖေက အနောက်မှာ။ ကျုပ် အရင်ဆုံး လာလိုက်တာ။” ကျိုးမုဟွမ်က ပြန်ဖြေလိုက်သည်။

“ရီဖူရှင်းက နတ်ဘုရားရုပ်ကြွင်းကို သူ့ကိုယ်တိုင်အတွက် အလစ်သုတ်သွားပြီး အဘိုးမာက သူ့ကို လေးမျက်နှာကျေးရွာဆီ ခေါ်သွားတယ်။ ကျုပ်တို့ သူတို့ကို ဘယ်လို ရင်ဆိုင်ကြမလဲ။” တစ်ယောက်က မေးခွန်းထုတ်လိုက်သည်။ လေးမျက်နှာမြို့မှ တန်ခိုးရှင်များသည်လည်း သူတို့၏ စကားများကို ကြားသည့်အတွက် မည်သည်တို့ ဖြစ်နေသည်အား စတင်သတိပြုမိလာသည်။

ရီဖူရှင်းက နတ်ဘုရားရုပ်ကြွင်းအား သူကိုယ်တိုင်အတွက် အလစ်သုတ်သွားသည်လား။

“ရီဖူရှင်းက နတ်ဘုရားရုပ်ကြွင်းကိုပြန်ပေးမယ်လို့ ကျုပ် ယုံတယ်။ သူ ငြင်းဆန်ပြီးတဲ့ နောက်မှသာ ကျုပ်တို့ ဘယ်လိုရင်ဆိုင်မလဲဆိုတာ ဆုံးဖြတ်လည်း နောက်မကျပါဘူး။” ကျိုးမုဟွမ်က ပြောလိုက်သည်။ “ကျုပ် အထဲကို အရင်သွားကြည့်လိုက်ဦးမယ်။”

“ကောင်းပြီ။” လူတိုင်းက သဘောတူညီစွာဖြင့် ခေါင်းညိတ်လိုက်ကြသည်။ ထို့နောက် ကျိုးမုဟွမ်က ခြေလှမ်းကျဲများဖြင့် လေးမျက်နှာကျေးရွာထဲသို့ လမ်းလျှောက်ဝင်သွားသည်။

စက္ကန့်ပိုင်းအတွင်းတွင် ရွာထဲမှ လူများက ကျိုးမုဟွမ်၏ အစွမ်းထက်သော အရှိန်အဝါအား ခံစားမိကြပေသည်။ ထိုစဥ်တွင် အသံတစ်ခု ထွက်ပေါ်လာ၏။ “ကျုပ်က နယ်မြေသခင်အိမ်တော်က ကျိုးမုဟွမ်ပါ။ လေးမျက်နှာကျေးရွာက လူတိုင်းကို တွေ့ရတာ ဝမ်းသာပါတယ်။”

အဘိုးမာနှင့် ရီဖူရှင်းတို့နှစ်ယောက်က လျှောက်ထွက်လာသာ်။ သူတို့က မြေပြင်တွင် ရပ်ကာ ကောင်းကင်မှ ကျိုးမုဟွမ်ကို မော့ကြည့်လိုက်ကြသည်။

“ဒုနယ်မြေသခင်။” ရီဖူရှင်းက သူ့ကို နှုတ်ဆက်လိုက်သည်။ ကျိုးမုဟွမ်က အောက်သို့ ကြည့်ကာ ရီဖူရှင်းအား ပြောလိုက်၏။ “အခု ပြင်ပဘုံက တန်ခိုးရှင်တွေ အားလုံးနီးပါး ဒီမှာ ရောက်နေကြတယ်။ သူတို့က လေးမျက်နှာမြို့အထက်မှာ စုဝေးနေကြပြီ။”

ထိုသည်မှာ သူ့ ခန့်မှန်းချက်ထဲ၌ ရှိနေသော်လည်း ရီဖူရှင်း၏ အမူအရာက အနည်းငယ် မှိုင်းညို့နေသည်။

“မင်းက နတ်ဘုရားရုပ်ကြွင်းနဲ့ ပေါင်းစည်းပြီး ယူဆောင်သွားခဲ့တယ်။ ကျင့်ကြံခြင်းအခွင့်အလမ်းတွေက မင်းရဲ့ ကံကောင်းမှုကြောင့်ဆိုရင်တောင် ဒီလိုအခြေအနေမျိုးမှာ အကျိုးဆက်တွေကို မင်း နားလည်မယ်လို့ ကျုပ် ထင်တယ်။” ကျိုးမုဟွမ်က ပြောလိုက်သည်။ ရီဖူရှင်းက အသံမပြုသော်လည်း သူက ကျိုးမုဟွမ် ဆိုလိုသည်အား ရှင်းလင်းစွာ နားလည်ပေသည်။ သူက တုံ့ပြန်တော့မည့်အချိန်၌ ကျိုးမုဟွမ်က ထပ်ပြောလိုက်သည်။ “ဒါပေမယ့် အခု ကျုပ်တို့မှာ ဖြေရှင်းချက်တစ်ခု ကျန်သေးတယ်။”

“ဘာဖြေရှင်းချက်လဲ။” ရီဖူရှင်းက မေးလိုက်သည်။

ကျိုးမုဟွမ်က ရီဖူရှင်း၏ မျက်လုံးများထဲ ကြည့်ကာ အသံပို့လွှတ်၍ စကားပြောလိုက်သည်။ “ကျုပ် အရင်တုန်းက မင်းကို နယ်မြေသခင်အိမ်တော်ဆီ ဝင်ဖို့ ဖိတ်ခေါ်ခဲ့တယ်။ ကျုပ် ညီမကလည်း မင်းကို အရမ်း တွယ်တာတယ်။ မင်းသာ နယ်မြေသခင်အိမ်တော်ရဲ့ မိသားစုဝင်တစ်ယောက် ဖြစ်လာရင် ဒီအခြေအနေတွေကို နယ်မြေသခင်အိမ်တော်ကနေ မင်းအတွက် ကိုင်တွယ်ဖြေရှင်းပေးမယ်။”

ရီဖူရှင်း၏ မျက်နှာထက်တွင် အံ့အားသင့်သည့် အကြည့်တစ်ခု ထွက်ပေါ်လာသည်။ သူသည် နယ်​မြေသခင်အိမ်တော်က သူ့အား ထပ်ကာတလဲလဲ သွေးဆောင်ဖျားယောင်းနေသည်ကို သေချာပေါက် မှတ်မိပေသည်။ တုန်းဟွာနယ်မြေသခင်အိမ်တော်နှင့် မတူညီစွာပင် ရှန်ချင်းနယ်မြေသခင်အိမ်တော်က သူ့ကို အရယူရန် အတော်လေး ယုံကြည်ချက်ရှိနေပုံရသည်။ သူတို့က သူ၏ အလားအလာကို သဘောကျ၍ လိုချင်နေသည်လား။

သို့သော် ရီဖူရှင်းက ထိုသို့သော ဖိတ်ခေါ်ချက်ကို လက်ခံလိမ့်မည် မဟုတ်ပေ။

“ကျေးဇူးအများကြီးတင်ပါတယ် ဒုနယ်မြေသခင်။ ဒါပေမယ့် ကျုပ်က လေးမျက်နှာကျေးရွာရဲ့ လူတစ်ယောက် ဖြစ်နေပြီဆိုတော့ နယ်မြေသခင်အိမ်တော်ကို ဝင်ဖို့က မဖြစ်နိုင်ပါဘူး။ ဒုနယ်မြေသခင်ကို စိတ်ပျက်စေမှာ စိုးမိပါတယ်။” ရီဖူရှင်းကလည်း အသံပို့လွှတ်ကာ ပြန်ဖြေလိုက်သည်။

ကျိုးမုဟွမ်က ရီဖူရှင်းအား ကြည့်ကာ မေးလိုက်၏။ “ဒီကိစ္စကို ဖြတ်ကျော်ဖို့ မင်းမှာ စဥ်းစားထားတာ ရှိလား။”

“ရှိတယ်။” ရီဖူရှင်းက ခေါင်းညိတ်ကာ ပြောလိုက်သည်။ သူက နတ်ဘုရားရုပ်ကြွင်းကို ပြန်ပေးပြီးနောက်၌ပင် နယ်မြေသခင်အိမ်တော်အား ဝင်ရောက်လိမ့်မည် မဟုတ်ပေ။

“ကောင်းပြီ။” ကျိုးမုဟွမ်က တည်ငြိမ်သော အသံနှင့် ပြန်ဖြေလိုက်၏။ “ဒီလိုဆို ဒီပြဿနာကို မင်းဘာသာမင်းပဲ ​ဂရုစိုက်လိုက်တော့။”

ထို့နောက် သူက တည်တင်းနေသော မျက်နှာနှင့် လေးမျက်နှာကျေးရွာမှ လမ်းလျှောက်ထွက်သွားခဲ့သည်။ သူက ရီဖူရှင်းအား အခြေအနေအမျိုးမျိုး၌ ဖိတ်ကြားခဲ့သော်လည်း ဤလူငယ်က သူ့အား အနည်းငယ်မျှပင် လေးစားမှုမပြခဲ့ပေ။

ထို့အပြင် ရီဖူရှင်းက နတ်ဘုရားရုပ်ကြွင်းအား ပြန်ပေးလိုက်သည်နှင့် အရာအားလုံးက ယခင်ကကဲ့သို့ ပုံမှန်ပြန်ဖြစ်သွားလိမ့်မည်ဟု အမှန်တကယ် တွေးနေသည်လား။”

***

All Chapters