← Chapters

ကောင်းကင်မိုးကြိုး စမ်းသပ်ချက်၏ တိုးတက်မှုအဆင့်ဆင့်

Vol. 19 Ch. 282

ကောင်းကင်မိုးကြိုး စမ်းသပ်ချက်၏ တိုးတက်မှုအဆင့်ဆင့်

Vol. 19 Ch. 282

အခန်း (၂၈၂) : ကောင်းကင်မိုးကြိုး စမ်းသပ်ချက်၏ တိုးတက်မှုအဆင့်ဆင့်

လေထဲတွင် ပုံရိပ်အများကြီး ပေါ်ထွက်လာသည်။ သူတို့က ဂိုဏ်းအသီးသီး၏ အကြီးအကဲများ ဖြစ်သည်။

ချီရှောက်ရွှမ်၏ အံ့ဖွယ်မိုးကောင်းကင် ပါရမီရှင် လေးယောက်ကို စိန်ခေါ်သည်ဆိုသော ကိစ္စက အရှေ့ပိုင်းလွင်ပြင် တစ်ခုလုံးကို ဆွဲဆောင်လိုက်နိုင်သည်။

ထိုတိုက်ပွဲ၏ ရလဒ်က အဓိက အထွတ်အမြတ်မြေ နှစ်ခု၏ ဂုဏ်သိက္ခာနှင့် ရာထူးအပေါ် လွှမ်းမိုးမှု ရှိနိုင်သည်။ ထို့ကြောင့် ဤတိုက်ပွဲက အရေးကြီးဆုံး ဖြစ်၏။

ဒါကို ရွှေအမြုတေအဆင့် တပည့်တွေရဲ့ တိုက်ပွဲလို့ပဲ ထင်မနေနဲ့။ နှစ်ယောက်ထက်ပိုတဲ့ ဝိဇ္ဇာတွေကလည်း တိတ်တဆိတ် စောင့်ကြည့် ယှဉ်ပြိုင်နေကြတာလေ

မူလက ခရမ်းစံအိမ် သူတော်စင် စိန်ခေါ်ခဲ့သော များပြားသည့် ဂိုဏ်းများက အံ့ဖွယ်မိုးကောင်းကင် အထွတ်အမြတ်မြေ၏ ဖန်ချန်းနှင့် ကျန်းယွင်ရှီးတို့ ပူးပေါင်းကာ ချီရှောက်ရွှမ်ကို ဖိနှိပ်ထားရုံနဲ့တင် ကျေနပ်နေကြလေပြီ။

ယခု သူတော်စင်တောင်ပေါ်တွင် ကောင်းကင်မိုးကြိုး စမ်းသပ်ချက် ပေါ်လာသည့်အတွက် အားလုံး၏ အာရုံကို ဖမ်းစားလိုက်နိုင်သည်။

အံ့ဖွယ်မိုးကောင်းကင် သူတော်စင်ရှန်ထျန်းက ကံကြမ္မာ၏ ကောင်းချီးပေးခြင်းကို ခံထားရသည့်အတွက် ချီရှောက်ရွှမ်ထက် နိမ့်ကျနေစရာ အကြောင်း မရှိပေ။

ရှန်ထျန်း၏ ကံကြမ္မာနှင့် အရည်အချင်းက ချီရှောက်ရွှမ်ထက်ပင် ကျော်လွန်နေသည်ဟု အားလုံးက ပြောကြသည်။

ထိုအရာက မှန်လား မှားလားဆိုတာကို မကြာခင် သိရတော့မည်။

ကောင်းကင်မိုးကြိုး စမ်းသပ်ချက်က သူတော်စင်တောင်ပေါ်တွင် ဆက်လက် ဖြစ်ပေါ်နေဆဲဖြစ်သည်။

များပြားသော စွမ်းအားကြီးသည့်သူများလည်း ကောင်းကင်မိုးကြိုး စမ်းသပ်ချက်တွင် မပါဝင်ချင်သောကြောင့် ဝေးရာသို့ ဆုတ်ခွာသွားကြသည်။

ထိုကဲ့သို့ လုပ်ရခြင်းက သူတော်စင်တောင်ပေါ်ရှိ ကောင်းကင်မိုးကြိုး စမ်းသပ်ချက်က စွမ်းအားကြီးသောကြောင့် မဟုတ်ဘဲ ကောင်းကင်မိုးကြိုး စမ်းသပ်ချက်က အငြိုးအတေးများလို့ ဖြစ်သည်။

ကျင့်ကြံသူ၏ အဆင့် ဘယ်လောက်ပဲ မြင့်နေပါစေ တခြားသူတစ်ယောက်၏ မိုးကြိုးစမ်းသပ်ချက် သို့မဟုတ် အသုံးအဆောင်ပစ္စည်းတစ်ခု၏ မိုးကြိုးစမ်းသပ်ချက်တွင် ဝင်ပါမိပါက သူတို့ကိုလည်း ပစ်မှတ်ထားခံရမည် ဖြစ်သည်။

မိုးကြိုးစမ်းသပ်ချက်က ကျင့်ကြံသူ၏ ကျင့်ကြံဆင့်ကို ကြည့်ပြီး စွမ်းအားကို ညှိပေးလေ့လည်း ရှိသေးသည်။ ထို့ကြောင့် ကျင့်ကြံဆင့် မြင့်လေလေ သူတို့အနေဖြင့် မိုးကြိုး စမ်းသပ်ချက်ကို မစော်ကားရဲလေလေ ဖြစ်သည်။

ကောင်းကင်မိုးကြိုး စမ်းသပ်ချက်ကို မထီမဲ့မြင်ပြုသော သူများကတော့ ဆိုးရွားသော အဆုံးသတ်နှင့် ကြုံတွေ့ရတတ်သည်။

ကောင်းကင်တွင် လျှပ်စီးကြောင်းများကို တွေ့နေရပြီဖြစ်သည်။ ထိုအရာ မိုးကြိုးဖြင့် ပြုလုပ်ထားသော ဓားရှည်များ ဖြစ်လာကာ သူတော်စင်တောင်ကို ခုတ်နေသည်။

အားလုံး၏ မျက်စိရှေ့မှာတင် အနက်ရောင်အရာဝတ္ထုတစ်ခု သူတော်စင်တောင်မှ ကောင်းကင်ဆီသို့ မြင့်တက်သွားသည်။ ထိုအရာ၏ မျက်နှာပြင်ကို အနက်ရောင် ချပ်ဝတ်တန်ဆာဖြင့် ကာထားသည့်အတွက် မိုးကြိုးကို တားဆီးလိုက်သည်။

ဝုန်း…

ဂျိန်း…ဂျိန်း…ဂျိန်း…

ဂျိန်း…ဂျိန်း…ဂျိန်း…ဂျိန်း…ဂျိန်း…

မိုးကြိုးဓားရှည်များက တောက်ပသော အလင်းရောင်များဖြင့် ထိုအနက်ရောင် အရာဝတ္ထုကို တိုက်ခိုက်နေသည်။

ထို့နောက် ထိုအနက်ရောင် အရာဝတ္ထုက ဘာလဲဆိုတာကို အားလုံး ရှင်းရှင်းလင်းလင်း မြင်နိုင်သွားသည်။ ထိုအရာက အံ့ဖွယ်မိုးကောင်းကင် သူတော်စင် ရှန်ထျန်းမဟုတ်ဘဲ အနက်ရောင် ဥ တစ်လုံး ဖြစ်သည်။

ထိုအရာ လေထဲတွင် ဝဲနေကော ပတ်လည် ပေတစ်သောင်းဝန်းကျင်ရှိ ဝိညာဉ်ချီများက ဝဲဂယက်ဖြစ်သွားကာ ထိုအနက်ရောင်ဥဆီသို့ ဦးတည်လာနေသည်။

ပိုမိုများပြားသော ဝိညာဉ်ချီများက ထိုဥထဲသို့ ဝင်သွားကာ ထိုမျက်နှာပြင်ပေါ်ရှိ နဂါးကြေးခွံများက ပိုမိုရှင်းလင်းလာကာ နဂါး၏ အသံများကိုပင် ကြားလာရစေသည်။

ချီရှောက်ရွှမ်၏ အောက်မှာရှိသော အောင်းဝူ၏ မျက်နှာက ဖြူဖပ်ဖြူလျော်ဖြစ်သွားကာ ညည်းတွားသံလေး ထွက်သွားသည်။

“ စွမ်းအားကြီးတဲ့ ဖိနှိပ်မှုပဲ။ အဲလိုမျိုး ဖိနှိပ်မှုမျိုးက ငါနဲ့ သွေးသားတော်စပ်တဲ့သူဆီကပဲ။ ဒါက ဘယ်လိုလုပ်ပြီးတော့ ဖြစ်နိုင်မှာလဲ။ နဂါးနက်မျိုးဆက်ထဲမှာ သွေးအသန့်ဆုံးထဲ ငါက အဆင့် ၈ ရှိတယ်လေ”

စွမ်းအားကြီးသော ဖိအားကြောင့် ကောင်းကင်မှာ ပျံသန်းနေသော အောင်းဝူလည်း မြေပြင်ပေါ်သို့ ပြင်းထန်စွာ ပြုတ်ကျသွားရသည်။ ထို့ကြောင့် သူ ဘာမှမတတ်နိုင်ဘဲ ခေါင်းငုံ့ထားရသည်။

ထိုအရာက ထူးခြားသော နည်းလမ်းများကို သုံးထားခြင်းမဟုတ်ဘဲ ပိုပြီးအဆင့်မြင့်သော သွေးသန့်တစ်ယောက်ဆီမှ အဆင့်နိမ့် သွေးသန့်နဂါးကို ဖိနှိပ်လိုက်ခြင်းသာ ဖြစ်၏။

ထိုအကြောင်းအရင်းကြောင့် သူက အဆင့် ၈ သွေးသန့် နဂါးနက်ဖြစ်သော်လည်း ကိုယ့်ကိုယ်ကို မယုံကြည်နိုင် ဖြစ်နေမိသည်။

နဂါးမျိုးနွယ်မှ လွန်ခဲ့သော နှစ်ပေါင်းသောင်းကျော်ကတည်းက မွေးထုတ်သော ပါရမီရှင်များထဲတွင် သူက အရည်အချင်းရှိဆုံး တစ်ယောက် ဖြစ်နေပြီးပြီ ဖြစ်သည်။

လွန်ခဲ့သော နှစ်ပေါင်းတစ်သောင်းကျော်က နဂါးနက်ကျွန်း၏ ပါရမီရှင်များကိုပါ ထည့်ရေတွက်လျှင်ပင် သူက ထိပ်ဆုံးငါးယောက်ထဲမှာ ပါဝင်နေသေးသည်။

ထို့အပြင် တခြားအဆင့် ၈ နဂါးနက်များ၏ သွေးကလည်း သူ့ထက် သန့်မှာ မဟုတ်သလို သူ့ကိုပင် မမှီနိုင်ပေ။ ထို့ကြောင့် သူ့ကို ဖိအားတစ်ခုကဲ့သို့ ခံစားစေရမည့် စွမ်းအားကောင်းသည့် ဖိအားမျိုးကို လွှတ်ထုတ်ဖို့ မဖြစ်နိုင်ပေ။

အောင်းဝူက ငယ်ရွယ်သေးသော်လည်း သူက နဂါးများ၏ ဂုဏ်သိက္ခာကို အမွေရထားသည်။ ထို့ကြောင့် သူ့ကို အမည်မသိ နဂါးတစ်ကောင်က ဖိနှိပ်တာမျိုးကို မခံချင်ပေ။ သူက မြေပြင်တွင် ခြေထောက်ကို မြဲအောင် ကုပ်ထားပြီး ခေါင်းမော့ကာ သူတော်စင်တောင်ပေါ်သို့ ကြည့်လိုက်သည်။

ဆန်းကြယ်တဲ့ နဂါးဥက ဘာလဲဆိုတာကို သူ သိရမှ ဖြစ်မယ်…သူ သိရမှ ဖြစ်မယ်

“ အမည်မသိတဲ့ နဂါးတစ်ကောင်က ငါ့ကို အညံ့ခံစေချင်တယ်တဲ့လား။ မဖြစ်နိုင်တာပဲ။ ငါ အရှုံးမပေးနိုင်ဘူး။ ခေါင်းငုံ့ရတာထက် သေပဲ အသေခံလိုက်မယ်”

သုံးမိနစ်ကြာပြီးနောက်…

အောင်းဝူက ခုခံတာကို လုံးဝ လက်လျှော့လိုက်ကာ မြေပြင်ပေါ်သို့ လဲလျောင်းလိုက်သည်။

ဟင်း… တောင့်ခံရတာ အရမ်းပင်ပန်းတာပဲ

ငါ့ရဲ့ သွေးသားထဲကနေတောင် ဒီနဂါးဥရဲ့ သွေးသန့်မှုက ငါ့ထက် အဆင့်က ပိုမြင့်တယ်လို့ ခံစားနေရမှတော့ အဲဒါ မှန်လောက်ပါတယ်လေ

ကိုယ့်ထက် အဆင့်မြင့်တဲ့ နဂါးသွေးသန့်ကို လေးစားသမှုပြသဖို့အတွက် လှဲချလိုက်တာက အရှက်ရစရာ မရှိပါဘူးလေ

ဟုတ်တယ်…စွမ်းအားကြီးတဲ့ နဂါးတစ်ကောင်ရဲ့ အတိဒုက္ခလွန် ဖြတ်ကျော်ခြင်းကို ကြည့်ရတဲ့ ခံစားချက်က အတော်လေးကောင်းတာပဲ

ဘေးမှာရှိနေသော ချီရှောက်ရွှမ်က နဖူးကိုသာ လက်ဖြင့် ရိုက်လိုက်မိတော့သည်။

“…”

မင်း တောင့်မခံနိုင်ရင် ငါ့ကို ပြောခဲ့သင့်တာ မဟုတ်လား

ငါနဲ့ နဂါးနတ်ဘုရား စာချုပ် ချုပ်ဆိုထားတဲ့အတွက် မင်းရဲ့ ဂုဏ်သိက္ခာကလည်း ငါနဲ့ သက်ဆိုင်နေတယ်

အဲလိုမျိုး ရည်မှန်းချက်ကြီးတဲ့ စကားတွေကို ပြန်ရုပ်သိမ်းလိုက်တာက အရမ်းရယ်ဖို့ကောင်းတယ်

“ အဟွတ်…ဟွတ်…အဟမ်း… ငါ့ရဲ့ စစ်ကူက မမျှော်လင့်တဲ့ အခြေအနေတစ်ခုနဲ့ ကြုံတွေ့သွားပုံပေါ်တယ်။ ငါတို့ရဲ့ တိုက်ပွဲကို ခဏလောက် ရပ်တန့်လို့ရမလား”

ဖန်ချန်းနှင့် ကျန်းယွင်ရှီးက သူ့ကို စိုက်ကြည့်နေသည့်အတွက် ချီရှောက်ရွှမ် တံတွေးမျိုချမိသွားကာ ချွေးစေးများပင် ပျံလာသည်။

အရှင်းဆုံး ပြောရလျှင် အောင်းဝူသာ အမှားမရှိပါက သူတို့နှစ်ယောက် နဂါးစစ်တော်ဝင်ကျမ်းဖြင့် ပူးပေါင်းတိုက်ခိုက်လျှင် လုံးဝ ပြိုင်ဘက်ကင်း ဖြစ်သွားပေမည်။ ဖန်ချန်းနှင့် ကျန်းယွင်ရှီးတင် မဆိုထားနှင့် ကျန်းယွင်ထင်ပါ ဝင်ရောက်တိုက်ခိုက်လျှင်ပင် သူတို့ကို အနိုင်တိုက်နိုင်မည်ဟု ချီရှောက်ရွှမ် ယုံကြည်မှု အပြည့်အဝ ရှိသည်။

ဒါပေမဲ့ အခု အောင်းဝူက မြေပြင်ပေါ် လဲကျလောက်တဲ့အထိ မထနိုင်မှတော့ သူတို့ ဘယ်လိုလုပ် အတူတူ တိုက်ခိုက်နိုင်ပါ့တော့မလဲ

ချီရှောက်ရွှမ်၏ တိုက်ပွဲစွမ်းအားက အတော်လေး နည်းသွားပြီဆိုတာကို သူ သေချာခံစားမိလိုက်သည်။

သူက များပြားသော ကံအပြောင်းအလဲ အခွင့်အရေးများကို ရရှိထားသော်လည်း သူ့ တိုက်ပွဲစွမ်းအားက ခရမ်းစံအိမ် တော်ဝင်ကျမ်း၊ နဂါးစစ်တော်ဝင်ကျမ်းနှင့် နိဗာနထာဝရ တော်ဝင်ကျမ်းတို့ကို အဓိက အရင်းအမြစ်အဖြစ် သတ်မှတ်ထားသည်။

နိဗာနထာဝရ တော်ဝင်ကျမ်းက အဓိကအားဖြင့် ကုသမှုအတွက် အသုံးပြုပြီး ခရမ်းစံအိမ် တော်ဝင်ကျမ်းနှင့် နဂါးစစ်တော်ဝင်ကျမ်းကို အဓိက တိုက်ခိုက်ရေး ပညာရပ်များ ဖြစ်သည်။

သူ့အထဲရှိ နဂါးစစ်၏ စွမ်းအားကလည်း မူလအရင်းအမြစ်နှင့် အတူတူဖြစ်သည့်အတွက် သူကိုယ်တိုင်လည်း ပိုပြီးအဆင့်မြင့်သော နဂါးများ၏ ဖိနှိပ်ခြင်းကို ခံနေရသည်။

သူ ခံစားရသော ဖိနှိပ်မှုက အောင်းဝူလောက် မပြင်းထန်ပေ။ သို့သော် ချီရှောက်ရွှမ်၏ တိုက်ပွဲစွမ်းရည်က ၂၀ရာခိုင်နှုန်း၊ ၃၀ရာခိုင်နှုန်းလောက် အားနည်းသွားသည်။

ထိုကဲ့သို့သော အခြေအနေမျိုးတွင် တိုက်ပွဲကို ဆက်လက်တိုက်ခိုက်ဖို့ လုပ်ပါက ဖန်ချန်းနှင့် ကျန်းယွင်ရှီးတို့က ဝမ်းသာသွားပေမည်။ ထို့ကြောင့် ဘယ်လောက်ပဲ အရှက်ရစေမဲ့ အပြုအမူ ဖြစ်နေပါစေ အောင်းဝူ ပြန်ပြီး အဆင်ပြေလာတဲ့အထိ ရပ်နားထားဖို့အတွက် ချီရှောက်ရွှမ် တောင်းဆိုထားခြင်း ဖြစ်သည်။

မိုးကြိုးဖြင့် ပြုလုပ်ထားသော ကျားဖြူက ချီရှောက်ရွှမ်ကို စိုက်ကြည့်ကာ ကျန်းယွင်ရှီး၏ အေးစက်စက် အသံထွက်လာသည်

“ ကျွန်မတို့က ရှင့်ကို ဒီတိုက်ပွဲကို လေးလေးနက်နက် သဘောထားနိုင်အောင် လုပ်ပေးခဲ့တယ်လို့ ပြောခဲ့တယ်မဟုတ်လား”

ချီရှောက်ရွှမ် ဘာပြန်ပြောရမယ်မှန်း မသိဖြစ်သွားသည်။

ဖန်ချန်း၏ ဧရာမဝိညာဉ်ကိုယ်ထည်စစ်ကလည်း လှံတံကို ကိုင်ကာ ဘယ်နေရာကို ထိုးစိုက်ရမလဲဆိုတာကို စဉ်းစားနေပုံရသည်။

“ သွေးတွေတောင် ဆူပွက်လာသလို ခံစားရတယ်လို့ ပြောခဲ့တယ် မဟုတ်လား။ ငါတို့က မင်းကို တိုက်ခိုက်ဖို့ မလုံလောက်ဘူးလို့တောင် တွေးခဲ့သေးတယ်လေ မဟုတ်ဘူးလား”

“ …”

အရှက်ရမှုကြောင့် သူ့မျက်နှာ နီရဲလာသည်ကိုပါ ခံစားလို့ရလာသည်။ ထို့ကြောင့် သူ့ခန္ဓာကိုယ်တစ်ခုလုံးကို ဖုံးအုပ်ဖို့အတွက် ခရမ်းရောင်အရှိန်အဝါကို သုံးလိုက်သည်။

အံ့ဖွယ်မိုးကောင်းကင် အထွတ်အမြတ်မြေမှာ ယခုလိုမျိုး ပြောရခက်သူ ရှိမှန်း သိခဲ့လျှင် ထိုကဲ့သို့သော အရာမျိုးတွေကို ပြောခဲ့မည် မဟုတ်ပေ။

အခုတော့ အရှက်ရတာပဲ အဖတ်တင်တယ်

ဒါက အရမ်းလှောင်ပြောင်ခံလိုက်ရသလိုပဲ

ကံကောင်းစွာဖြင့် သူတို့က ထိုကဲ့သို့ပြောသော်လည်း ကျန်းယွင်ရှီးနှင့် ဖန်ချန်းက ဆက်လက် တိုက်ခိုက်ခြင်း မရှိတော့ပေ။

ထို့အပြင် သူတို့လည်း စွမ်းအားတွေအကုန်သုံးလိုက်ရသလို ရှန်ထျန်းလည်း သီးသန့်ကျင့်ကြံခြင်းမှ ထွက်လာပြီ ဖြစ်သည်။

ရှန်ထျန်းကို မတိုက်ခိုက်ဘဲ ရှုံးနိမ့်သွားသည်ဟု အထင်မခံရအောင် သူတို့ ချီရှောက်ရွှမ်ကို အစွမ်းကုန်သုံးကာ ထိန်းထားရသည်။

ယခု ရှန်ထျန်း ထွက်လာပြီဖြစ်သည့်အတွက် သူ့ခွန်အားဖြင့် တစ်ယောက်ချင်း တိုက်ခိုက်လျှင်ပင် ချီရှောက်ရွှမ်ကို အလွယ်တကူလေး အနိုင်ရမည်ဟု ဖန်ချန်းနှင့် ကျန်းယွင်ရှီးတို့က ယုံကြည်ထားသည်။

ဒါဆိုရင် သူတို့က ချီရှောက်ရွှမ်နဲ့ တိုက်ခိုက်နေတာထက် ပိုပြီးတော့ အထင်ကြီးစရာ ကောင်းမှာ မဟုတ်ဘူးလား

ချီရှောက်ရွှမ် သူ့မျက်နှာနီလာလို့ဆိုပြီး ရှက်နေစရာလည်း မလိုတော့ဘူး။ ဘာလို့လဲဆိုတော့ အားလုံးရဲ့ အာရုံက သူတော်စင်တောင်ပေါ်က မိုးကြိုးစမ်းသပ်ချက်ဆီသို့သာ ရောက်ရှိနေကြသည်။

အံ့ဖွယ်မိုးကောင်းကင် သူတော်စင်က ဘာလို့ နဂါးဥအဖြစ် ပြောင်းသွားပြီး အတိဒုက္ခလွန် ဖြတ်ကျော်ခြင်းကို ခံယူနေလဲဆိုတာကို သိချင်နေကြသည်။

အံ့ဖွယ်မိုးကောင်းကင် သူတော်စင်က နဂါးဥရဲ့ ခန္ဓာကိုယ်ကို ခိုးယူပြီးတော့ ချက်ချင်း ဝိဇ္ဇာတစ်ယောက် ဖြစ်လာဖို့ဆိုတာ ဖြစ်နိုင်လို့လား

လူအုပ်က မျိုးစုံသော ထင်ကြေးများ ပေးနေကြသည်။ အသိဉာဏ်နည်းသောသူများသာ ခန့်မှန်းချက် ပေးနေကြခြင်း ဖြစ်သည်။

စစ်မှန်သော စွမ်းအားကြီး ကျင့်ကြံသူများကတော့ သူတော်စင်တောင်ပေါ်တွင် ဘာတွေဖြစ်နေလဲဆိုတာကို သိရှိပြီးပြီ ဖြစ်သည်။ သူတို့က သူတို့၏ ကိုယ်ပိုင်အစီအစဉ်များအတွက် စဉ်းစားပြီးနေပြီ ဖြစ်သည်။

“ ဖန်ချန်း၊ ယွင်ထင်နဲ့ ယွင်ရှီး ဒီမိုးကြိုး စမ်းသပ်ချက်ရဲ့ စွမ်းအားက ကနဦးဝိညာဉ် ကျင့်ကြံသူတစ်ယောက်ရဲ့ တိုက်ခိုက်မှုနဲ့ အတူတူပဲ။ အဲဒါကြောင့် မင်းတို့သုံးယောက်ကို သိပ်ပြီးတော့ ခြိမ်းခြောက်နိုင်မှာ မဟုတ်ဘူး။ ဒီအခွင့်အရေးကို တားမြစ်အခန်းကျင့်ကြံဖို့အတွက် ယူလိုက်သင့်တယ်”

အံ့ဖွယ်မိုးကောင်းကင် ဂိုဏ်းချုပ်က သူတို့သုံးယောက်ကို စိတ်ချင်းဆက်သွယ်ကာ စကားပြောလိုက်သည်။

သူတို့သုံးယောက်လုံး ခေါင်းညိတ်ကာ သူတော်စင်တောင်ဆီသို့ သွားလိုက်ပြီး ကောင်းကင်မိုးကြိုး စမ်းသပ်ချက် တိမ်တိုက်စက်ကွင်းအတွင်းသို့ ဝင်လိုက်သည်။

သူတို့က မိုးကြိုးစမ်းသပ်ချက်၏ ပင်မနေရာသို့ ဝင်ပြီး နဂါးဥ၏ စမ်းသပ်ချက်၏ စမ်းသပ်ချက်ကို အကျိုးသက်ရောက်မှု ဖြစ်စေတာမျိုး မလုပ်ပေ။ အဲဒီအစား မိုးကြိုးစမ်းသပ်ချက်၏ အစွန်းတွင် ထိုင်ကာ ပြိုကွဲသွားသော မိုးကြိုးစွမ်းအင်များကို စုပ်ယူနေသည်။

ထိုအခိုက်အတန့်တွင် သူတို့သုံးယောက်၏ မျက်ခုံးနှစ်ခု အလယ်ရှိ မိုးကြိုးအမှတ်အသားကလည်း ပိုမို တောက်ပလာသည်။

“ အံ့ဖွယ်မိုးကောင်းကင် အထွတ်အမြတ်မြေ၏ တားမြစ်အခန်းက ထူးခြားဆန်းကြယ်တာတော့ အမှန်ပဲ။ သူတို့က ကောင်းကင်မိုးကြိုး စမ်းသပ်ချက်ရဲ့ စွမ်းအားကိုတောင် စုပ်ယူနိုင်တယ်။”

“ သူတော်စင်နဲ့ သူတော်စင်မပဲ အံ့ဖွယ်မိုးကောင်းကင် မိုးကြိုးတော်ဝင်ကျမ်းကို ကျင့်ကြံခွင့်ရှိတယ်လို့ ကြားထားတယ်။ အခုတော့ လက်ရှိသူတော်စင်က ခြွင်းချက်လုပ်သင့်တယ် ပြောလို့ ဖန်ချန်းနဲ့ ကျန်းယွင်ထင်က သင်ယူလို့ရသွားတာလေ”

“ ဖန်ချန်းနဲ့ ကျန်းယွင်ထင်က အံ့ဖွယ်မိုးကောင်းကင် သူတော်စင်ကို ပံ့ပိုးပေးနေတာလည်း အဆန်း မဟုတ်တော့ပါဘူး။ အဲလိုမျိုး ကျင့်ကြံခြင်းပညာရပ်တစ်ခုကို သင်ယူခွင့်ရအောင် လုပ်ပေးတဲ့ ကြင်နာမှုက ကျင့်ကြံရေးလောကမှာတော့ အသက်ကို ကယ်တင်ပေးလိုက်တာနဲ့ အတူတူပဲ”

“ ငါ ပြောရမယ်ဆိုရင်တော့ အဲဒါက အံ့ဖွယ်မိုးကောင်းကင် သူတော်စင်ရဲ့ သတ္တိကြောင့်ပဲ။ သူ့ဆီမှာ ပြိုင်ဘက်ကင်း နှလုံးသားရှိပြီးတော့ သူ့ရဲ့ ညီအစ်ကိုတွေ၊ ညီမနဲ့ အစ်မတွေကိုတောင် သန်မာလာဖို့ မျှော်လင့်ချက်တွေ ပေးနိုင်တယ်။”

“ တားမြစ်အခန်းက တခြားတပည့်တွေကို အနိုင်ယူဖို့အတွက် သူတော်စင်ကိုပဲ သီးသန့်ကျင့်ကြံခိုင်းတာ။ အားလုံးက တူညီတဲ့ ကျင့်ကြံရေးပညာရပ်ကို သင်ယူလိုက်မယ်ဆိုရင် သူတော်စင်မှာ တခြားတပည့်တွေအပေါ် လွှမ်းမိုးနိုင်မှာ မဟုတ်တော့ဘူး။ ပြီးတော့ သူ့ရဲ့ အာဏာကလည်း မေးခွန်းထုတ်စရာ ဖြစ်လာလိမ့်မယ်”

“ မင်း ပြောတာမှန်တယ်။ တခြားသူတော်စင်တွေ ပြောတာကတော့ သူတို့ဆီမှာ ‘မလွှမ်းမိုးနိုင်တဲ့ စိတ်ဓာတ်’ ရှိတယ်တဲ့။ ဒါပေမဲ့ တကယ်သာ အဲလိုဆိုရင် သူတို့ ဒီလိုမျိုး လုပ်ဖို့ လိုအပ်လို့လား”

“ ဂိုဏ်းတူ တပည့်တွေထက် ကျော်လွန်နိုင်ဖို့ တားမြစ်အခန်းပေါ် မှီခိုနေရတယ်ဆိုတာက တကယ် ပြိုင်ဘက်ကင်းတယ်လို့ မပြောနိုင်ဘူး။ လေးစားထိုက်တဲ့သူတွေဆိုရင် ဒါမျိုးတွေ မလုပ်ဘူးလေ ဟုတ်တယ်မလား”

“ သူ့ရဲ့ ရက်ရောမှုကို ကြည့်လိုက်တာနဲ့တင် အံ့ဖွယ်မိုးကောင်းကင် သူတော်စင်က ခရမ်းစံအိမ် သူတော်စင်ထက် ပိုပြီးတော့ ကောင်းတယ်လို့ ထင်တယ်”

ဂိုဏ်းအသီးသီး၏ တပည့်များကလည်း စတင် တီးတိုးပြောလာကြသည်။ သို့သော် ကျင့်ကြံသူများအတွက် တီးတိုးပြောသော အသံက ကျယ်လောင်လှသည်။

ခရမ်းစံအိမ် သူတော်စင်၏ မျက်နှာက အရှက်ရမှုကြောင့် ပိုပြီးနီရဲလာသည်။

များပြားသောလူများက ထိုအကြောင်းကို ပြောဆိုဆွေးနွေးနေပြီဖြစ်ကြောင်း သူ သိလိုက်ပြီ ဖြစ်သည်။ သူကလည်း အရှေ့ပိုင်းလွင်ပြင်ရှိ ဂိုဏ်းများကို စိန်ခေါ်ခဲ့စဉ်က လူအများကြီးကို စော်ကားခဲ့သည်။

သူသာ အနိုင်ရအောင် ဆက်လုပ်နိုင်ပါက “ပြိုင်ဘက်ကင်း” ဆိုသော နာမည်ရရှိမည်ဖြစ်ပြီး ထိုလူများလည်း သူ့ကို ဘာမှမပြောနိုင်ဘဲ တိတ်တိတ်လေး အားကျနေမည် ဖြစ်သည်။

သို့သော် အတားအဆီးကို အံ့ဖွယ်မိုးကောင်းကင် အထွတ်အမြတ်မြေတွင် ကြုံတွေ့လိုက်ရသည်။

ထို့ကြောင့် ထိုလူများက သူ့မကောင်းကြောင်းကို ပြင်းထန်စွာ ပြောကြတော့သည်။

ခရမ်းစံအိမ် အထွတ်အမြတ်မြေကို တမင်ကြားစေချင်သောသူများလည်း ရှိသည်။

သူတို့ တကယ် “ တီးတိုး” ပြောချင်တယ်ဆိုရင် ဘာလို့ အသံဆက်သွယ်ခြင်းကို အသုံးမပြုရတာလဲ

“ ဘာလို့ အံ့ဖွယ်မိုးကောင်းကင် သူတော်စင်က ပေါ်မလာသေးတာလဲ”

ခရမ်းရောင် အရှိန်အဝါထဲမှ ချီရှောက်ရွှမ်၏ စိတ်ဓာတ်ကျနေသောအသံ ထွက်လာသည်။ အနက်ရောင်ဥက ရှန်ထျန်းဆိုတာ မသိရလောက်အောင်အထိတော့ သူ မတုံးပေ။ သို့သော် သူတော်စင်တောင်တွင် အဆင့်မြင့်သွေးသန့် နဂါးဥ ရုတ်တရက်ပေါ်လာသည်က ချီရှောက်ရွှမ်ကို ခံစားချက် မကောင်းဖြစ်သွားစေသည်။

ခဏအကြာတွင် လူအုပ်က ထပ်မံ ဆူညံလာပြန်သည်။

“ မြန်မြန်ကြည့်လိုက်။ သူတော်စင် စံအိမ်တော်ထဲကနေ တစ်ယောက်ယောက် ထွက်လာပြီ”

“ အရမ်းချောမောတဲ့သူပဲ။ သူ့ရဲ့ ပုံပန်းသဏ္ဌာန်၊ ပုံစံ၊ စရိုက်၊ အဝတ်အစား အားလုံးက ပြီးပြည့်စုံတယ်”

“ သူ့နောက်မှာလည်း ကြီးမားတဲ့ ကုသိုလ်ရောင်ဝါ စက်ဝန်းကြီး ရှိနေတယ်။ ကောင်းမှုတွေ ဘယ်လောက်တောင် လုပ်ခဲ့လို့ပါလိမ့်။ အရမ်းအံ့ဩဖို့ ကောင်းတာပဲ”

“ ဒါက ဘယ်လိုလုပ်ပြီးတော့ ဖြစ်နိုင်မှာလဲ။ သူ ဘာလုပ်ခဲ့တာလဲ။ သူ သွားတဲ့နေရာတိုင်းမှာ ဝိညာဉ်သစ်ပင်တွေ အရွယ်ရောက်တာ မြန်လာပြီးတော့ ဝိညာဉ်ပန်းတွေ ဖူးပွင့်လာပြီး ဝိညာဉ်လိပ်ပြာတွေလည်း စုဝေးလာတယ်”

“ ဒါက ဒဏ္ဍာရီလာ အံ့ဖွယ်မိုးကောင်းကင် သူတော်စင်ဆိုတာ ဖြစ်နိုင်လို့လား။ သူက အရှေ့ပိုင်းလွင်ပြင်မှာ အချောမောဆုံး အမျိုးသားလို့ အားလုံးက ပြောကြတယ်။ ငါတော့ ချစ်မိသွားပြီ”

ချီရှောက်ရွှမ်က လူအုပ်ထဲမှ ပြောတာကို နားထောင်ပြီး နှလုံးခုန်မြန်လာရသည်။

သူ အသက်ပြင်းပြင်းရှူလိုက်ပြီးနောက် တစ်ကိုယ်လုံးကို ဖုံးအုပ်ထားသော ခရမ်းရောင် အရှိန်အဝါလေးဆီမှ အပေါက်ငယ်လေး နှစ်ပေါက် ပေါ်လာသည်။ ထို့နောက် အပေါက်ငယ်လေး နှစ်ပေါက်ကိုဖြတ်ကာ သူတော်စင်အိမ်တော်သို့ ကြည့်လိုက်သည်။

သူတော်စင်အိမ်တော်၏ အဝင်ဂိတ်ပေါက်များက ဖြည်းဖြည်းချင်း ပွင့်လာကာ ချိတ်အဆင်ဖြင့် ပြုလုပ်ထားသော နဂါးဖြူဝတ်ရုံကို ဝတ်ဆင်ထားသည့် လူငယ်လေးတစ်ယောက် လမ်းလျှောက်ပြီး ထွက်လာသည်။

သူက ၁၆ နှစ်အရွယ်ဝန်းကျင်ရှိပြီး ချီရှောက်ရွှမ်ထက် ငယ်မည့်ပုံ ပေါ်သော်လည်း သူ့ တည်ရှိမှုက ပြိုင်ဘက်ကင်းလှသည်။

ချီရှောက်ရွှမ်က အရှေ့ပိုင်းလွင်ပြင်တွင် ရှားပါးသည့် ရုပ်ချောသူတစ်ယောက် ဖြစ်လျှင်ပင် ရှန်ထျန်းက သူ့ထက်ပိုပြီးတော့ အနည်းငယ် ရုပ်ချောကြောင်း အသိအမှတ်ပြုရမည် ဖြစ်သည်။

ရှန်ထျန်း၏ နောက်ရှိ ပုံရိပ်သဏ္ဌာန်ကလည်း ချီရှောက်ရွှမ်ကို မရှုံးဘဲ သူ့မှာရှိတာထက်ပင် ပိုပြီး သန်မာနေသေးသည်။

ရှန်ထျန်းနောက်တွင် ရွှေရောင်အလင်းဖြင့် တောက်ပနေသော ကုသိုလ်ရောင်ဝါ စက်ဝန်းကြီးတစ်ခု ရှိနေသည်။

ထိုကဲ့သို့သော ရောင်ဝါစက်ဝန်းက ကြမ်းကြုတ်သော နတ်ဆိုးများကို ဖိနှိပ်ပေးပြီး ကျင့်ကြံသူ၏ နားလည်နိုင်စွမ်းကို တိုးမြှင့်ပေးသည့်အတွက် တစ်ဆကျင့်ကြံရုံဖြင့် ရလဒ်နှစ်ဆ ရနိုင်သည်။

ပုံမှန်အားဖြင့် တာအိုအရှင်များနှင့် မြင့်မြတ်သော ဘုန်းကြီးများက နှစ်ထောင်ပေါင်းများစွာ တာအိုကျင့်ကြံပြီး သို့မဟုတ် ဗုဒ္ဓကျင့်စဉ် ကျင့်ကြံပြီးမှသာ ထိုကဲ့သို့သော ရောင်ဝါစက်ဝန်းမျိုးကို ပိုင်ဆိုင်နိုင်သည်။

ထိုရောင်ဝါစက်ဝန်းကို ပိုင်ဆိုင်သောသူကို ကောင်းကင်တာအိုက ကြီးမြတ်သော သဒ္ဓါတရားရှိသူဟု သတ်မှတ်ထားသည့်အတွက် အားလုံးကလည်း သူ့ကို လေးစားကြလိမ့်မည်။

ထိုရောင်ဝါစက်ဝန်း တစ်ခုတည်းဖြင့် ချီရှောက်ရွှမ်၏ အနောက်ရှိ နဂါးနတ်ဘုရား ပုံရိပ်သဏ္ဌာန်ကို လုံးဝ အနိုင်ယူနိုင်နေပြီ ဖြစ်သည်။

ရှန်ထျန်း၏ ကုသိုလ်ရောင်ဝါ စက်ဝန်းနောက်တွင် ရှိနေသော တခြားပုံရိပ်သဏ္ဌာန်များကို ထည့်ပြောစရာ မလိုတော့ပေ။

ရှန်ထျန်းနောက်ရှိ အာကာပြင်ထဲတွင် စွမ်းအားကြီးသော မိုးကြိုးဧကရာဇ်လည်း ရှိနေသည်။ နဂါးပြာ၊ ကျားဖြူ၊ လိပ်နက် စသည့် နတ်သားရဲဆယ်ကောင်ကလည်း သူ့ကို ဝန်းရံထားပြီး ကောင်းကင်အစား မိုးကြိုးဖြင့် ဒဏ်ခတ်ပေးနေသလို ပုံစံပေါ်နေသည်။

သူ့ဘေးပတ်လည်တွင် ပြင်းထန်သော မုန်တိုင်းတစ်ခုကဲ့သို့ မရေတွက်နိုင်သော ဓားများ ဝန်းရံနေသည်။ သူတို့၏ ကြောက်စရာကောင်းသော ချွန်ထက်မှုက လူများ၏ ကျောရိုးတစ်လျှောက် ကြက်သီးထသွားစေသည်။

သက်တံအံ့ဖွယ် အလင်းတန်း ကောင်းကင်ကို လွှမ်းခြုံသွားကာ အရာအားလုံးကို ရှင်းထုတ်ဖို့အတွက် ကြီးမားသည့်စွမ်းအားနှင့် အစားထိုးလိုက်သည်။

ချီရှောက်ရွှမ်၏ နဂါးနတ်ဘုရား ပုံရိပ်သဏ္ဌာန်ကိုပင် ရှန်ထျန်း၏ နောက်မှာ မြင်နိုင်သည်။

“ သူက ဘာလဲ။ ပုံရိပ်သဏ္ဌာန်တွေ စုဆောင်းတဲ့ မူမမှန်တဲ့သူလား။ သေစမ်း”

ချီရှောက်ရွှမ်က နှုတ်ခမ်းကို တွန့်ချိုးလိုက်မိသည်။ သူက ပုံပန်းသဏ္ဌာန်မှာ ရှုံးနိမ့်ကြောင်း အသိအမှတ်ပြုရလိမ့်မည်။

“ ပုံရိပ်သဏ္ဌာန်ဆိုတာ ကျင့်ကြံဆင့်ရဲ့ တစ်စိတ်တစ်ပိုင်းလောက်ပဲ … ကျင့်ကြံသူရဲ့ စွမ်းအားအစစ်ကို ကိုယ်စားမပြုနိုင်ဘူး” ချီရှောက်ရွှမ်က သူ၏ ကောင်းကင်ပုဆိန်လှံရှည်ကို လက်ထဲတွင် တင်းကြပ်စွာ ကိုင်ဆောင်ထားကာ ပြောလိုက်သည်

“ မတိုက်ခိုက်ဘဲနဲ့ ဘယ်တော့မှ အရှုံးမပေးဘူး”

မင်း စောင့်နေလိုက်

အဲဒီဥ အတိဒုက္ခလွန် ကျော်ဖြတ်ခြင်း ပြီးသွားလို့ ငါ့ဝိညာဉ်ချီလည်း ပြန်ပြီး ဖြည့်တင်းနိုင်ပြီဆိုရင် အံ့ဖွယ်မိုးကောင်းကင် သူတော်စင်နဲ့ တစ်ယောက်ချင်း ယှဉ်ပြိုင်တိုက်ခိုက်ချင်တယ်။ သူ့ကို မျှမျှတတနဲ့ အနိုင်ယူပြမယ်

သိပ်သည်းသော ခရမ်းရောင်အရှိန်အဝါ အပေါက်နှစ်ခုက ချီရှောက်ရွှမ်၏ မျက်လုံးများကို ဖော်ထားပြီး သူ့အကြည့်ထဲတွင် ဆုံးဖြတ်ချက်ပြတ်သားမှုတို့ဖြင့် ပြည့်နှက်နေသည်။

ထိုအချိန်တွင် ရှန်ထျန်းက ချီရှောက်ရွှမ်၏ တိုက်ခိုက်လိုစိတ်ကို လုံးဝ အာရုံမခံမိပေ။

သူက အစက ရေချိုးရင်း သက်တောင့်သက်သာ ဖြစ်နေသော်လည်း ရုတ်တရက် အောင်းပင်း၏ အသံဆက်သွယ်မှုကို ကြားလိုက်ရသည်။ သူက ဥမှ ထွက်လာတော့မည် ဖြစ်သည်။

အောင်းပင်းအနေဖြင့် နိဗာနအဆင့်ရောက်အောင် လုပ်ခဲ့ပြီး ဥတစ်လုံးဖြစ်လာရခြင်းက သူမ၏ ဆုံးရှုံးသွားသော များပြားသည့် အဆီအနှစ်များကို ပြန်လည်ဖြည့်တင်းနိုင်ရန်နှင့် နဂါးမျိုးနွယ်၏ ဆန်းကြယ်ပညာရပ်ကို အသုံးပြုပြီး ဒုတိယဘဝမှာ နေဖို့အတွက် ဖြစ်သည်။ ထို့ကြောင့် အကြာကြီး စောင့်ပြီးမှ ဥပေါက်နိုင်တော့မည် ဖြစ်သည်။

အောင်းပင်း၏ စာချုပ်တွဲဖက်အနေဖြင့် ရှန်ထျန်းက သူမနှင့် လုံးဝ ပူးပေါင်းထားသည်။ သူမသာ အတိဒုက္ခလွန် ဖြတ်ကျော်ခြင်းမှာ ရှုံးနိမ့်ပြီး အံ့ဖွယ်မိုးကောင်းကင်၏ သူတော်စင်တောင်ပေါ်တွင် သေဆုံးသွားပါက ထိုအကြောင်းကို နဂါးနက်ကျွန်းမှ သိရှိသွားလျှင် ဘယ်လိုလုပ်မလဲဆိုတာကို မည်သူမှ မသိနိုင်ပေ။

ထို့ကြောင့် ရှန်ထျန်းက သူတော်စင်တောင်ပေါ်က ကာကွယ်ရေး အစီအရင်ကို ပယ်ဖျက်ရန် ချက်ချင်း လုပ်ဆောင်ပေးလိုက်ပြီး အောင်းပင်း အတိဒုက္ခလွန်ဖြတ်ကျော်ခြင်းကို အောင်မြင်စွာ ဖြတ်ကျော်နိုင်အောင် ကူညီဖို့အတွက် နည်းလမ်းများစွာကို စဉ်းစားခဲ့သည်။

ကံကောင်းစွာဖြင့် ယခု အောင်းပင်း တွေ့ကြုံနေရသည့် ကောင်းကင်မိုးကြိုး စမ်းသပ်ချက်က နိဗာနအဆင့်အတွက်သာ ဖြစ်ပြီး ဝိဇ္ဇာအဆင့် မဟုတ်သေးသည့်အတွက် သိပ်ပြီး အားမပြင်းပေ။

ကောင်းကင်မိုးကြိုး စမ်းသပ်ချက်၏ မိုးကြိုးခွန်အားက ကနဦးဝိညာဉ် ထိပ်သီးအဆင့် ကျင့်ကြံသူကိုပင် သတ်လို့ရသည်။

သူတို့က တွေ့ရာဂိုဏ်းက ကနဦးဝိညာဉ် ထိပ်သီးအဆင့်ကျင့်ကြံသူတွေတော့ မဟုတ်ဘူးပေါ့။ သူတို့က ကနဦးဝိညာဉ်အဆင့် ကျင့်ကြံသူတွေလို့ အခေါ်ခံရဖို့ကို သတ္တိမရှိတဲ့သူတွေပေါ့

ဒီအတိုင်း ပြောကြည့်ရအောင် … အံ့ဖွယ်မိုးကောင်းကင်ရဲ့ တပည့်တွေထဲကနေ ကနဦးဝိညာဉ်ထိပ်သီးအဆင့် ကျင့်ကြံသူ၁၀ဦးကို ကျပန်းရွေးထုတ်လိုက်မယ်ဆိုရင် မိုးကြိုးစမ်းသပ်ချက် လုပ်တဲ့အခါ ခုနစ်ယောက်က သေပြီးတော့ သုံးယောက်ပဲ အသက်ရှင်မှာမျိုးပေါ့

“ စီနီယာပင်း ဒီကောင်းကင်မိုးကြိုး စမ်းသပ်ချက်ကို တကယ် ခံယူမလို့လား” ရှန်ထျန်းက သူတော်စင် စံအိမ်တော်ရှေ့တွင် မတ်တပ်ရပ်ကာ မိုးကြိုးစမ်းသပ်ချက်၏ အလယ်ရှိ အနက်ရောင်ဥကို ကြည့်ရင်း မေးလိုက်သည်။

နဂါးဥက ဖျော့တော့စွာ တောက်ပလာပြီးနောက် အောင်းပင်းက ရှန်ထျန်းကို စိတ်ချင်း ဆက်သွယ်ကာ စကားပြောလိုက်သည်

“ မင်းက အခုထိ ငါ့ကို ‘စီနီယာ’လို့ခေါ်တုန်းပဲလား။ ငါ့ကို အစ်မကြီး ပင်းလို့ ခေါ်ဖို့ ငါ ပြောထားတယ်လေ။

ဒီလောက် မိုးကြိုးစမ်းသပ်ချက် ပမာဏက ငါ့အတွက်တော့ ဘာမှမဟုတ်ပါဘူး။ ငါက ဥထဲမှာပဲ ရှိနေသေးလို့ ငါ့ရဲ့ ဓမ္မစွမ်းအားပမာဏကို ဆေးလုံးတွေစားပြီး ပြန်လည်ဖြည့်တင်းတာမျိုး မလုပ်နိုင်သေးတာပါ”

နဂါးဥ၏ မျက်နှာပြင်က မှိန်ပြပြ အလင်းရောင်ထွက်လာကာ နဂါးနက် လက်သည်းထွက်လာပြီး မိုးကြိုးစမ်းသပ်ချက်ကို အစိတ်စိတ်အမြွာမြွာ ဖြစ်အောင် ကုတ်လိုက်သည်

“ မင်းဆီမှာ နိဗာနတော်ဝင်ရေစင် ရှိသေးလား။ ငါ့ကို နည်းနည်းလောက် ပေးပါဦး”

နိဗာနတော်ဝင်ရေစင်က အောင်းပင်းရဲ့ ဓမ္မစွမ်းအားတွေကို ပြန်ပြီးတော့ ဖြည့်တင်းပေးနိုင်တာလား

ရှန်ထျန်းက အတွေးထဲ နစ်မြောနေပုံပေါ်သည်။ သူက ပုလင်းတွေအများကြီး ထုတ်လိုက်သည့်အခါ အများစုက အဖြူရောင် ဖြစ်နေသည်။

သူက အနီရောင်ပုလင်းကို ထုတ်ကာ နဂါးနက်ဥဆီသို့ လမ်းလျှောက်သွားကာ ပြောလိုက်သည်။

“ အစ်မကြီးပင်း နေဖို့အတွက် အပေါက်တစ်ပေါက် ရှာလိုက်။ ကျွန်တော် အဲဒီအထဲကို နိဗာနတော်ဝင်ရေစင်ကို လောင်းထည့်ပေးမယ်”

ထိုကဲ့သို့ ပြောပြီးနောက် ရှန်ထျန်းက မိုးကြိုးများဖြင့် ပြည့်နှက်နေသော ကောင်းကင်မိုးကြိုး စမ်းသပ်ချက်အတွင်းပိုင်းသို့ ဖြည်းဖြည်းချင်း လမ်းလျှောက်ကာ ဝင်သွားသည်။

သူက ပုလင်းကို သူမဆီ တိုက်ရိုက်ပစ်ပေးပါက ရောက်နိုင်စွမ်းကို တွေးတောနေသည်။ သို့သော် မိုးကြိုးဖြင့် အပစ်ခံရမှာကို စိတ်ပူသောကြောင့် သူ ကိုင်ထားလိုက်တာ ပိုကောင်းသည်ဟု တွေးမိသွားသည်။

ရှန်ထျန်းက မိုးကြိုးစမ်းသပ်ချက်အတွင်းသို့ ဝင်သွားပြီးနောက် လေထဲရှိ ပုံရိပ်များက သူ့ကို စူးရှသော အကြည့်များဖြင့် စိုက်ကြည့်နေကြသည်။

အံ့ဖွယ်မိုးကောင်းကင် သူတော်စင်က သူ့ရဲ့ ခွန်အားကို အခု ပြသတော့မှာလား

အောင်းဝူက သိပ်သည်းသော ခရမ်းရောင် အရှိန်အဝါထဲမှ သိချင်စိတ်ဖြင့် မေးလိုက်သည်

“ အစ်ကိုရှောက်ရွှမ် … အစ်ကိုရော အဲလိုမျိုး ကောင်းကင်မိုးကြိုးစမ်းသပ်ချက်အဆင့်ကို တားဆီးနိုင်မှာလားဟင်”

ချီရှောက်ရွှမ်က နှာခေါင်းရှုံ့ကာ ပြောလိုက်သည်

“ ငါ့မှာ ကောင်းကင်ပုဆိန်လှံရှည် ရှိနေသရွေ့ မိုးကြိုးပစ်ချက် ဆယ်ချက်လောက်တောင် အလွယ်တကူ တားနိုင်တယ်”

ချီရှောက်ရွှမ်က လျှောက်ပြောနေခြင်း မဟုတ်ပေ။ သူက ရွှေအမြုတေအဆင့်မှာသာ ရှိသော်လည်း ကနဦးဝိညာဉ်ထိပ်သီးအဆင့် ကျင့်ကြံသူတစ်ယောက်ကိုပင် ကိုယ်တိုင်တိုက်ခိုက်ပြီး အနိုင်ယူနိုင်သည်။

ချီရှောက်ရွှမ်သာ အစွမ်းကုန်ထုတ်သုံးပါက အားနည်းသော ဝိညာဉ်အသွင်ပြောင်းအဆင့် ကျင့်ကြံသူများနှင့် အချိန်တိုအတွက် တိုက်ခိုက်နိုင်မည် ဖြစ်သည်။

အချိန်တိုပဲ တိုက်ခိုက်နိုင်မှာလေ။ ကြာကြာနေရင် သူ သေသွားမှာပေါ့

အောင်းပင်းရဲ့ နိဗာနအဆင့် မိုးကြိုးစမ်းသပ်ချက်နဲ့ ရင်ဆိုင်ရရင်တော့ ချီရှောက်ရွှမ်က ဆေးလုံးတွေလည်း အသုံးပြုထားပြီး သူ့ရဲ့ အကောင်းဆုံးအခြေအနေကို ရောက်ရှိနေမယ်ဆိုရင် မိုးကြိုး အချက် ၂၀ ကနေ ၃၀အထိ တားဆီးနိုင်တယ်

ချီရှောက်ရွှမ်က ရှန်ထျန်းကို စိတ်ဝင်စားစွာဖြင့် စိုက်ကြည့်နေသည်။ သူက ဒီအခွင့်အရေးကို အသုံးပြုပြီး ရှန်ထျန်း မိုးကြိုးပစ်ချက် ဘယ်နှစ်ချက် တားဆီးနိုင်မလဲဆိုတာကို သိချင်နေမိသည်။

ထို့အပြင် သူ့အနေဖြင့် ရှန်ထျန်း၏ ခွန်အား ဘယ်လောက်ရှိကြောင်းလဲ သိနိုင်မည် ဖြစ်သည်။

အားလုံး၏ စောင့်ကြည့်နေသော အကြည့်အောက်တွင် ရှန်ထျန်းက ကောင်းကင်မိုးကြိုး စမ်းသပ်ချက်၏ ပင်မနေရာသို့ ရောက်ရှိသွားသည်။

မိုးကြိုးပစ်ချက်ကြောင့် အပင်များအားလုံးလည်း ညှိုးနွမ်းနေသည်။ သို့သော် ရှန်ထျန်း သူတို့အပေါ် နင်းဖြတ်လိုက်သည့်အခါ မူလက မဲနက်ပြီး ညှိုးနွမ်းနေသော အပင်များက ချက်ချင်း အဖူးများ ထွက်လာကာ ဝိညာဉ်ပန်းပွင့်များလည်း ပွင့်လာသည်။

ထိုကောင်းကင်မိုးကြိုး စမ်းသပ်ချက်က ကမ္ဘာကို ဖျက်စီးပစ်နိုင်သော ဖြစ်တည်မှုဆိုပါက အစိမ်းရောင်အလင်းဖြင့် ဖုံးလွှမ်းထားသော ရှန်ထျန်းက ဘဝ၏ ပြန်လည်နုပျိုစေသောအရာ ဖြစ်ရမည်။

သူ သွားလိုက်သော နေရာက အရာအားလုံး ပြန်လည်နုပျိုလာသည်။

ဂျိန်း…

ကောင်းကင်ရှိ မိုးကြိုးသွားက ရှန်ထျန်းကြောင့် စိတ်တိုသွားပုံပေါ်သည်။

မင်းက ငါမိုးကြိုး ပစ်ချထားတဲ့ အပင်တွေကို ပြန်ပြီးတော့ ကယ်ရဲတယ်ပေါ့။ မင်းက ရုပ်ချောလို့ ခွင့်လွှတ်ခံရမယ်များ ထင်နေလား

ဟုတ်ပြီ ငါ အပင်တွေကို မိုးကြိုးမပစ်တော့ဘူး။ မင်းကိုပဲ တိုက်ခိုက်တော့မယ်

တောက်ပသော နတ်မိုးကြိုးက ပစ်ချကာ ရှန်ထျန်း၏ ခေါင်းဆီသို့ ဦးတည်လာနေသည်။ မိုးကြိုး ဖြတ်သန်းလာသော အာကာပြင်ပင် တွန့်လိမ်သွားသည်။

ပေါ်လာပြီ

ဒါက ရှန်ထျန်းရဲ့ အချိန်အခါပဲ။ သူက ဒီမိုးကြိုး စမ်းသပ်ချက်ကို ဘယ်လိုရပ်တန့်မလဲ

ချီရှောက်ရွှမ်က ရှန်ထျန်းကို တစ်သက်စာရန်သူဟု သတ်မှတ်ထားသည့်အတွက် သူ့မျက်လုံးများ ပြူးကျယ်လာသည်။

ရှန်ထျန်းက ဘယ်လောက်ထိသန်မာကြောင်းနှင့် ရှန်ထျန်းက သူနှင့် ယှဉ်ပြိုင်ဖို့အတွက် ထိုက်တန်လားဆိုတာကို သူ ချက်ချင်း သိချင်နေပြီဖြစ်သည်။

ကောင်းကင်မိုးကြိုးစမ်းသပ်ချက်က ရှန်ထျန်းနှင့် ပိုပိုပြီး နီးကပ်လာပြီ ဖြစ်သည်။

နီးကပ်… နီးကပ်လာပြီ…

ထပ်ပြီး နီးလာပြီ…

နောက်ဆုံးမှာတော့ မိုးကြိုးက ဓားတစ်ချောင်းအဖြစ် ပြောင်းလဲသွားကာ ရှန်ထျန်းဆီသို့ ဦးတည်လာနေသည်။

သို့သော် ရှန်ထျန်းက ကောင်းကင်မိုးကြိုး စမ်းသပ်ချက်ဆီမှ ဓားနှင့် ရင်ဆိုင်ရသည့်အခါ ပြန်လည်တိုက်ခိုက်ခြင်း မရှိသလို တားဆီးခြင်းလည်း မရှိဘဲ လက်များကို ဆန့်တန်းထားကာ ခေါင်းမော့ထားလိုက်သည့်အတွက် အားလုံးက အံ့ဩသွားကြသည်။

မရေတွက်နိုင်သောသူများ မေးပြုတ်ကျမတတ် အံ့ဩသွားရသည်။

ဒါက ဖြစ်ရောဖြစ်နိုင်လို့လား

ဒါက ကောင်းကင်မိုးကြိုး စမ်းသပ်ချက်ပဲ

ထိုအရာက အားပျော့သော နိဗာနအဆင့် စမ်းသပ်ချက် ဖြစ်သော်လည်း ကနဦးဝိညာဉ်ထိပ်သီးအဆင့် ပါရမီရှင်များကိုပင် သတ်နိုင်သည်။

ထို့ကြောင့် အံ့ဖွယ်မိုးကောင်းကင် သူတော်စင်တွင် ပြိုင်ဘက်ကင်း ရုပ်ချောမှုနှင့် ခွန်အား ရှိတာ မှန်ရင်ရော ဒီလိုမျိုး ကိုယ့်သေတွင်းကို တူးလို့ ဖြစ်လို့လား။ သူက ရုပ်ချောတာနဲ့တင် ကောင်းကင်မိုးကြိုး စမ်းသပ်ချက်က သူ့အပေါ် သက်ညှာပေးမယ်များ ထင်နေတာလား

ဝုန်း…

မိုးကြိုးဓားက ရှန်ထျန်း၏ ခေါင်းကို ပြင်းထန်စွာ ရိုက်ခတ်လိုက်သော်လည်း “ချွင်”ဆိုသော အသံကိုသာ ကြားလိုက်ရသည်။

သိပ်မကြာခင်မှာပင် မိုးကြိုးဓားက များပြားသော မိုးကြိုးစွမ်းအင်များအဖြစ် ပြောင်းလဲသွားကာ ရှန်ထျန်း၏ ခန္ဓာကိုယ်ထဲသို့ ထိုးဖောက်ဝင်ရောက်သွားသည်။

ထိုအချိန်တွင် ရှန်ထျန်း၏ ခေါင်းပေါ်ရှိ ဆံချည်မျှင်တစ်မျှင်ပင် ပြတ်တောက်သွားခြင်း မရှိပေ။

သူတော်စင်တောင်ပေါ်မှ လူများ အသက်ပြင်းပြင်းရှူသွင်းလိုက်သည်ကိုပင် ကြားလိုက်ရသည်။

ဝိုး…

ဘုရား ဘုရား …

ချီရှောက်ရွှမ်၏ လက်ထဲတွင် ကိုင်ထားသော ကောင်းကင်ပုဆိန်လှံရှည်က မြေပြင်ပေါ်သို့ ဘုန်းကနဲ ပြုတ်ကျသွားကာ သူ၏ ခရမ်းရောင် အရှိန်အဝါလည်း စတင်ပြီးတော့ ပြင်းထန်စွာ တုန်ခါလာသည်။

ချီရှောက်ရွှမ်၏ အကြည့်များတွင် အံ့ဩထိတ်လန့်မှုများဖြင့် ပြည့်နှက်နေသည်။

ဘာတွေဖြစ်ကုန်တာလဲ

အံ့ဖွယ်မိုးကောင်းကင်သူတော်စင်က အံ့ဖွယ်မိုးကောင်းကင် မိုးကြိုးတော်ဝင်ကျမ်းကို ကျင့်ကြံခဲ့တယ် မဟုတ်လား

သူက အံ့ဖွယ်မိုးကောင်းကင် မိုးကြိုးတော်ဝင်ကျမ်းနဲ့ မိုးကြိုးဧကရာဇ် ကိုယ်ထည်မာပညာကို ကျင့်ကြံပြီးတာတောင် ဘယ်လိုလုပ်ပြီးတော့ ဒီလောက် မာတဲ့ ခေါင်း ရှိနေရတာလဲ

တကယ်လို့ ကျင့်ကြံသူတစ်ယောက်က ပရဂျနသံမဏိ ဦးခေါင်းကျမ်းကို တကယ် ကျွမ်းကျင်တဲ့အထိ ကျင့်ကြံထားမယ်ဆိုရင်တောင် အခုလိုမျိုး လုပ်နိုင်မှာ မဟုတ်ဘူး

ဒီကောင်လေးရဲ့ ခေါင်းက ထာဝရသတ္တုနဲ့ လုပ်ထားတာလား

အရှင်းဆုံးပြောရလျှင် ချီရှောက်ရွှမ်က ကိုယ့်ကိုယ်ကို မယုံကြည်နိုင် ဖြစ်လာသည်။ တခြားသူများလည်း အတူတူ ဖြစ်၏။

သူတော်စင်တောင်ပေါ်ရှိ မိုးကြိုးစမ်းသပ်ချက်ကို အာရုံရောက်နေသူတိုင်း ချီရှောက်ရွှမ်နှင့် အတွေးတူနေကြသည်။

သူက ဘယ်နေရာမှာမဆို တော်နေတာပဲ

အံ့ဖွယ်မိုးကောင်းကင် တပည့်များထဲမှ ကောင်းချီးပေးခံရသူများအဖွဲ့ဝင်တွေက မနားကြပေ။

ချင်ယွင်ထိ အထူးပြုလုပ်ထားသော သက်တံအံ့ဖွယ်မိုးကြိုးများကို လေထဲတွင် ဖောက်ခွဲကာ ဓားရှည်များကို တစ်ခုနှင့်တစ်ခုထပ်ပြီး “ထျန်း”ဆိုသော စာလုံးကို ဖန်တီးလိုက်သည်။

“ ထာဝရရှင်သန်သူတွေရဲ့ ထိပ်သီးဖြစ်ပြီး ကမ္ဘာမြေကြီးရဲ့ ဂုဏ်သိက္ခာပဲ။ ငါတို့သူ့နောက်ကို နေ့တိုင်းလိုက်သွားရင် အထက်ဘုံတက်လှမ်းခြင်းအဆင့်ကို ရောက်နိုင်လိမ့်မယ်”

သူတို့၏ အသံများက ကျယ်လောင်သည့်အတွက် တခြားသူများကိုပင် အံ့ဩမှင်သက်သွားစေသည်။

ထိုအခိုက်အတန့်တွင် တခြားအထွတ်အမြတ်မြေများ၏ သူတော်စင်များနှင့် စီနီယာအစ်ကိုများက ပုန်းကွယ်ကာ ပျော်ရွှင်ရဖို့ ကြည့်နေသည်က ချက်ချင်း အားကျရမည့် အခြေအနေသို့ ပြောင်းလဲသွားသည်။

သူတို့၏ အားကျမှုများက အငြိုးအတေးများဖြင့် ပြည့်နှက်နေသည်။

ဒါက ငါနဲ့ တခြားညီမလေး၊ ညီလေးတွေရဲ့ ခြားနားချက်များလား။

ဘာလို့ ငါရဲ့ ညီလေး၊ ညီမလေးတွေက မခံစားတတ်ရတာလဲ

ငါက အံ့ဖွယ်မိုးကောင်းကင် သူတော်စင်ကို အရမ်းမနာလိုဖြစ်နေပြီ

ထိုအတွေးများက တခြားဂိုဏ်းများ၏ ပါရမီရှင်များ အတွေးဖြစ်သောကြောင်င့ ရှန်ထျန်း လုံးဝ သတိမထားမိပေ။

အခု သူ စဉ်းစားနေတာက အရမ်းရိုးရှင်းတယ်။ ကောင်းကင်မိုးကြိုး စမ်းသပ်ချက်ကို ဘယ်တော့မှ မဆန့်ကျင်နဲ့။ ဘာအကြောင်းပဲရှိရှိပေါ့

ဟာသပဲ။ ရှန်ထျန်းက ကောင်းကင်မိုးကြိုး စမ်းသပ်ချက်ကို ပထမဆုံး မြင်ဖူးတဲ့သူမှ မဟုတ်တာ

သူက တခြားသူတွေ ဝိဇ္ဇာဖြစ်ဖို့အတွက် အတိဒုက္ခလွန် စမ်းသပ်ချက်ကို ဖြတ်ကျော်နေတာကို သုံးခါအထက် ကြုံတွေ့ဖူးတယ်။ သူက အတွေ့အကြုံ အရမ်းရှိနေပြီ

အားလုံးသိသည့်အတိုင်း ကောင်းကင်မိုးကြိုး စမ်းသပ်ချက်က အဆင့်ဆင့် တိုးတက်လာပြီဖြစ်သည်။

တစ်ယောက်ယောက်က ကောင်းကင်မိုးကြိုး စမ်းသပ်ချက်ကို မလေးမစားပြုမူပြီး ရိုင်းစိုင်းလေလေ မိုးကြိုးက ပိုမိုရက်စက်စွာ ပစ်ချပြီးတော့ အဲဒီလူလည်း ဆိုးရွားစွာ အဆုံးသတ်သွားရမှာပဲ

လုကျိုးဆိုတဲ့ မာတာနွယ်ပင်က ဥပမာပဲလေ။ သူမရဲ့ ပင်မခန္ဓာကိုယ်က ဝိညာဉ်သစ်ပင်စာရင်းမှာ အဆင့် ၉ ချိတ်တဲ့ အံ့ဖွယ်ဝါးမျိုနွယ်ပင် ဖြစ်ပေမဲ့ သူမက ဝိဇ္ဇာအဆင့်အောက်က ပြိုင်ဘက်ကင်းတစ်ယောက်ပဲ

သူမက အထင်ကြီးစရာ မကောင်းဘူးလား

ဒါပေမဲ့ သူမက အံ့ဩစရာကောင်းတော့ရော ဘာဖြစ်လဲ။ သူမက ကောင်းကင်မိုးကြိုးစမ်းသပ်ချက်ကို ခံယူရဲပြီးတော့ သူမရဲ့ နွယ်ပင်နဲ့ ကောင်းကင်မိုးကြိုး တိမ်တိုက်ကိုတောင် ရိုက်နှက်ရဲတယ်လေ

အဲဒါကြောင့် ကောင်းကင်မိုးကြိုး အပစ်ခံရပြီးတော့ သေလုနီးပါးဖြစ်ခဲ့တာလေ …

အသက်မဲ့ဘုရင်နဲ့ ကျန်ဝိဇ္ဇာသုံးယောက်ကလည်း သွေးဗုဒ္ဓတွေဖန်တီးပြီးတော့ ကောင်းကင်မိုးကြိုးကို ရပ်တန့် ရိုက်နှက်ရဲတယ်

နောက်ဆုံးတော့ ကောင်းကင်မိုးကြိုးက အားလုံးတန်းတူ ပိုင်နက်ကို ဖျက်စီးပြီးတော့ သူတို့ကို မဲတူးသွားတဲ့အထိ မိုးကြိုးနဲ့ ပစ်ချလိုက်တာလေ

အနှစ်ချုပ်အားဖြင့် ပြောရမယ်ဆိုရင်တော့ ကောင်းကင်မိုးကြိုး စမ်းသပ်ချက်ကို ဆန့်ကျင်တဲ့သူတိုင်း ဆိုးရွားတဲ့ အဆုံးသတ်နဲ့ ကြုံတွေ့ရမှာပဲ

ရွှေကြာကောင်းကင်အသျှင်ကတော့ ဉာဏ်ကောင်းသည်။ သူမ အတိဒုက္ခလွန် စမ်းသပ်ချက်ကို မခံယူခင် “ အံ့ဖွယ်မိုးကောင်းကင် တပည့် ရွှေကြာက ဝိဇ္ဇာဖြစ်လာဖို့အတွက် စမ်းသပ်ချက် ခံယူချင်ပါတယ်။ ကောင်းကင်တာအိုအနေနဲ့ ကျွန်မအပေါ် သက်ညှာပေးဖို့ မျှော်လင့်ပါတယ်” ဟူ၍ ဆုတောင်းသွားခဲ့သည်။

အဆုံးသတ်တွင် ကောင်းကင်မိုးကြိုး၏ ခွန်အားက ဖြည်းဖြည်းချင်း အားနည်းသွားကာ သူမအပေါ် ဖိအားလျှော့ပေးလိုက်သည်။

ထို့ကြောင့် ကောင်းကင်မိုးကြိုး စမ်းသပ်ချက်ရှေ့တွင် ရိုသေတာက ပိုပြီး ကောင်းသည်။ ကောင်းကင်မိုးကြိုး စမ်းသပ်ချက်က ရှန်ထျန်းကို မိုးကြိုးဖြင့် ပစ်ချချင်သည့်အတွက် ပစ်ချခံလိုက်သည်။

သူ့ကို စွမ်းအားနည်းနည်းလေးကပင် ထိခိုက်အောင် မလုပ်နိုင်ဘဲ ထိုမိုးကြိုးကိုပင် ရှန်ထျန်း စုပ်ယူနိုင်ခဲ့သည်။

ရှန်ထျန်းက ကောင်းကင်မိုးကြိုး စမ်းသပ်ချက် တိမ်တိုက်များအောက်တွင် အမျိုးသမီးများ ရူးသွပ်သွားစေနိုင်လောက်သည့် အပြုံးမျိုး ပြုံးရင်း လမ်းလျှောက်သွားသည်။

သူက တာအိုလက်ဟန်များ ပြုလုပ်ကာ ပြောလိုက်သည်

“ မိုးဖြစ်ပါစေ မိုးကြိုး ဖြစ်ပါစေ အားလုံးက ကောင်းကင်ရဲ့ ကြင်နာမှုတွေပါ။ အံ့ဖွယ်မိုးကောင်းကင် သူတော်စင်ဖြစ်တဲ့ ရှန်ထျန်းဆိုတဲ့ ကျွန်တော်က မိုးကြိုးချီးမြှင့်ပေးတဲ့ ကောင်းကင်တာအိုကို ကျေးဇူးတင်ပါတယ်”

ပြောပြီးနောက် ရှန်ထျန်းက ရိုးသားစွာ ပြုံးလိုက်သည်။ ကောင်းကင်တာအိုက သူ၏ ရိုသေမှုကို အာရုံခံမိမည်ဟု သူ ယုံကြည်သည်။

မဟုတ်သေးဘူး..အဟင်း… ငါ့ရဲ့ ဖြူစင်တဲ့ နှလုံးသားကို ပြောတာပါ…

တခြားတစ်ဖက်တွင်…

ရှန်ထျန်း စကားပြောပြီးသည်နှင့် တစ်ပြိုင်နက် အံ့ဖွယ်မိုးကောင်းကင် ကမ္ဘာငယ်တစ်ခုလုံး တုန်လှုပ်သွားသည်။

“ ဘာ…ဘာတဲ့။ သူတော်စင်က တကယ်ပဲ ကောင်းကင်မိုးကြိုး စမ်းသပ်ချက်ရဲ့ စွမ်းအားပြင်းတဲ့ မိုးကြိုးက ခေါင်းကို ထိမှန်တာတောင် တကယ် ဘာမှမဖြစ်ဖူးတဲ့လား။ ပြီးတော့ သူ့ကို မိုးကြိုးချီးမြှင့်လို့တောင် ကောင်းကင်မိုးကြိုး စမ်းသပ်ချက်ကိုတောင် ကျေးဇူးတင်နေသေးတယ်တဲ့လား”

“ မိုးဖြစ်ဖြစ်၊ မိုးကြိုးဖြစ်ဖြစ်၊ အဲဒါတွေအားလုံးက ကောင်းကင်ရဲ့ ကြင်နာမှုတွေတဲ့။ သူ့ဆီမှာ လေးနက်တဲ့ နားလည်နိုင်စွမ်း ရှိနေတာပဲ။ ထင်ထားတဲ့အတိုင်း အံ့ဖွယ်မိုးကောင်းကင် သူတော်စင်က သူများထက်ကို သာလွန်နေတာပဲ”

“ မဟုတ်သေးဘူး။ မဟုတ်သေးဘူး။ အံ့ဖွယ်မိုးကောင်းကင် သူတော်စင်က အပြင်ပန်းမှာသာ ကောင်းကင်မိုးကြိုး စမ်းသပ်ချက်ကို ကျေးဇူးတင်နေတာ။ တကယ်စိတ်ထဲမှာတော့ ကောင်းကင်မိုးကြိုး စမ်းသပ်ချက်က အဲလောက်ထိ အားမပြင်းပါဘူးဆိုပြီးတော့ စော်ကားနေတာ”

“ မင်း မှန်တယ်။ အံ့ဖွယ်မိုးကောင်းကင် သူတော်စင်က ထင်ထားတဲ့အတိုင်း အရှေ့ပိုင်းလွင်ပြင်ရဲ့ အသန်မာဆုံး ပါရမီရှင်တစ်ယောက်ပဲ။ သူက ကောင်းကင်တာအိုနဲ့ ယှဉ်ပြိုင်နေတာ”

“ သူက ကောင်းကင်မိုးကြိုး စမ်းသပ်ချက်ကို ခန္ဓာကိုယ်နဲ့ ခံယူပြီးတော့ ကောင်းကင်မိုးကြိုး စမ်းသပ်ချက်ရှေ့မှာ ကောင်းကင်တာအိုကိုတောင် လှောင်ရဲတယ်ပေါ့။ သူက အရမ်းအာဏာကြီးတာပဲ။ အမလေး….ငါတော့ သူ့ကို လေးစားလွန်းလို့ ရူးတော့မယ် ထင်တယ်”

“ သူ ရှောင်လိုက်ရင် ရှုံးတော့မယ်ဆိုတဲ့ ခံစားချက်မျိုးနဲ့ ကောင်းကင်မိုးကြိုး စမ်းသပ်ချက်ရဲ့ တိုက်ခိုက်မှုအောက်မှာ ဂုဏ်ယူစွာ ရပ်နေတာပဲ။ ဒါမှ စစ်မှန်တဲ့ စံတင်လောက်တဲ့ လူငယ်တစ်ယောက်ပဲပေါ့”

“ ဘယ်သူက ကောင်းကင်မိုးကြိုး စမ်းသပ်ချက်ရဲ့ရှေ့မှာ ပြိုင်ဘက်ကင်းဖြစ်ဖို့ လုပ်ရဲမှာလဲ”

ဂိုဏ်းအသီးသီးမှ ပါရမီရှင်များနှင့် အကြီးအကဲများက အဆက်မပြတ် ဆွေးနွေးနေကြသည်။

ကောင်းချီးပေးခံရသူများ အဖွဲ့ဝင်များကတော့ ရှန်ထျန်းကိုသာ အာရုံစိုက်ထားကြသည်။

စုန့်ဖူကွေ့က မုတ်ဆိတ်မွေးကို ကိုင်တွယ်ရင်း ရေရွတ်လိုက်သည်

“ ဆရာကောင်းကင်ကတော့ မျှော်လင့်ထားတဲ့အတိုင်းပဲ။ ကောင်းကင်မိုးကြိုး စမ်းသပ်ချက်က ဘာမှမဟုတ်ဘူးလို့ တွေးထားတယ်။ သူက အရမ်းလွှမ်းမိုးတာပဲ။

ငါတို့ အခု ဆရာကောင်းကင်ရဲ့ လက်ရှိ ခမ်းနားတဲ့ပုံစံကို ဖမ်းယူထားလိုက်ရင်ရော ဘယ်လိုလဲ။ ဒါဆိုရင် ကန့်သတ် ယင်ယန်မိုးကြိုး ဖောက်ခွဲရေးအဆောင်တွေ ထုတ်ပြီးတော့ ဈေးနှစ်ဆတင်ပြီး ရောင်းလို့ရတယ်။

ဟုတ်တယ်။ ငါတို့ ကန့်သတ် ယင်ယန် နတ်ဆိုးဖောက်ထွင်း သေနတ်ကိုလည်း ဖန်တီးပြီးတော့ ဆရာကောင်းကင်ရဲ့ ခမ်းနားတဲ့ပုံစံကို တံဆိပ်နှိပ်လိုက်ပြီးတော့ ကောင်းချီးပေးသူများ အဖွဲ့ဝင်တွေကို ဆုချလို့ရတယ်”

စုန့်ဖူကွေ့က စီးပွားရေး အခွင့်အလမ်းအသစ်ကို ရရှိသွားပုံပေါ်သည်။

လျှိုထိုက်ယီကလည်း စတင်ပြီး ပြင်းထန်စွာ ရေးမှတ်တော့သည်။

“ ခရမ်းစံအိမ်သူတော်စင်က အရမ်းမောက်မာပြီးတော့ အံ့ဖွယ်မိုးကောင်းကင်ကို လာကတည်းက အကုန်လုံးကို အထင်သေးနေခဲ့တာ။ သူက ပြိုင်ဘက်ကင်းတယ်။

ဒါပေမဲ့ ကောင်းကင်မိုးကြိုး စမ်းသပ်ချက် ရောက်လာတော့ ခရမ်းစံအိမ် သူတော်စင်က ကြောက်ပြီးတော့ ခရမ်းရောင် အရှိန်အဝါထဲမှာ ဝင်ပြီးပုန်းနေတယ်။ သူ့အသက်က အရေးကြီးတာမလို့ ကောင်းကင်မိုးကြိုး စမ်းသပ်ချက်ကို မစော်ကားရဲဘူး။

ဆရာကောင်းကင်က သတ္တိရှိတယ်။ သူက ကောင်းကင်မိုးကြိုး စမ်းသပ်ချက်အောက်မှာ ဂုဏ်ယူစွာနဲ့ မတ်တပ်ရပ်ပြီးတော့ မိုးကြိုးဓားချက်က သူ့ကို ထိတော့မှာတောင် သူ စိတ်ထိန်းနိုင်ခဲ့တယ်။

သူက ကောင်းကင်မိုးကြိုး စမ်းသပ်ချက်ကို လက်ညှိုးထိုးပြီးတော့ ကောင်းကင်ကို သတ္တိရှိရှိ စော်ကားရဲတယ်”

အနီရောင် ဝတ်ရုံဝတ်ဆင်ထားသော ကွေ့ကုန်းကုန်းက အားလုံး၏ အာရုံကို ဖမ်းစားထားသော ရှန်ထျန်းကို စိုက်ကြည့်ရင်း သူ့အကြည့်ထဲတွင် ကျေနပ်အားရနေမိသည်။

အချိန်က ကုန်သွားတာ အရမ်းမြန်တာပဲ။ ၁၆ နှစ်က မျက်စိတစ်မှိတ်အတွင်း ကုန်သွားပြီးတော့ အရှင့်သားတောင် အရွယ်ရောက်လာပြီ

အရှင့်သား မွေးကတည်းက ထူးဆန်းတဲ့ စွမ်းအင်တွေ ကျူးကျော်ဝင်ရောက်ပြီးတော့ ကောင်းကင်နဲ့ မြေကြီးကို ပြင်းထန်တဲ့ အကျိုးသက်ရောက်မှုတွေ ဖြစ်သွားစေခဲ့တာ

ကိုယ်လုပ်တောင်လန်ရဲ့ အသက်ကို ဆုံးရှုံးလိုက်ပြီးတော့ အရှင့်သားကို ကယ်တင်နိုင်ခဲ့တာ

အရှင့်သားက နောက်ဆုံးတော့ အရှေ့ပိုင်းလွင်ပြင် တစ်ခွင်လုံးမှာ အတောက်ပဆုံး ပါရမီရှင်တစ်ယောက်ဖြစ်နေပြီးတော့ များပြားတဲ့ နတ်မိမယ်လေးတွေလည်း သူ့ကြောင့် ရူးသွပ်နေကြပြီ

ကိုယ်လုပ်တော်လန်သာ ဒီနားမှာရှိနေရင်  သေချာပေါက်ပျော်မှာပဲ …

ရှန်ထျန်းက ကောင်းကင်မိုးကြိုး စမ်းသပ်ချက်အပေါ်သာ အာရုံစိုက်ထားသည့်အတွက် တခြားသူများ၏ ပြောစကားအပေါ် အာရုံမစိုက်နိုင်ပေ။

ထင်ထားသည့်အတိုင်း သူခန့်မှန်းတာ မှန်ကန်ခဲ့သည်။

သူသာ ကောင်းကင်မိုးကြိုး စမ်းသပ်ချက် တိမ်တိုက်ကို စတင်မတိုက်ခိုက်ပါက ကောင်းကင်မိုးကြိုး စမ်းသပ်ချက်လည်း သူ့ကို အထူးတလည် ပစ်မှတ်ထားမည် မဟုတ်ပေ။

ကောင်းကင်မိုးကြိုး စမ်းသပ်ချက်က သူ့ကို ပစ်မှတ်အဖြစ် မသတ်မှတ်သော အကြောင်းကို ပရိသတ်က ဘယ်လိုပြောနေကြလဲဆိုတာကို ရှန်ထျန်း မသိခဲ့ပေ။

သူက ကောင်းကင် မိုးကြိုးစမ်းသပ်ချက်ကို လေးစားသမှုဖြင့် ဆက်ဆံကာ ခြေလှမ်းတိုင်း “ ကောင်းကင်တာအိုက အကောင်းဆုံးပဲ” ဆိုသော စကားကို အကြိမ်တစ်ရာလောက် တိတ်တဆိတ် ပြောနေသည်။

ကောင်းကင်မိုးကြိုး စမ်းသပ်ချက်ကို မြှောက်ပင့်ပြောလို့ ထိခိုက်စရာ အကြောင်းမရှိပေ။

ထို့ကြောင့် အားလုံးက ထူးခြားမြင်ကွင်းကို တွေ့လိုက်ရသည်။

ရှန်ထျန်းက ကောင်းကင်မိုးကြိုး စမ်းသပ်ချက်ကို “ရန်စ” ပြီးတာတောင် ကောင်းကင်မိုးကြိုး စမ်းသပ်ချက် တိမ်တိုက်အောက်ကို အသာတကြည် ဝင်သွားလို့ရတယ်ပေါ့

ရှန်ထျန်းကို မိုးကြိုးမပစ်တော့တာက ပိုပြီးတော့တောင် ထူးဆန်းနေတယ်။ အဲဒီအစား သူ့ကို လုံးဝလျစ်လျူရှုပြီးတော့ နဂါးဥကိုပဲ မိုးကြိုးဆက်ပစ်နေတယ်

ကောင်းကင်မိုးကြိုး စမ်းသပ်ချက်က ဘာမှမလုပ်တော့ဖို့ ဆုံးဖြတ်လိုက်တာလား

နောက်ဆုံးတော့ ရှန်ထျန်းက လက်ထဲတွင် အနီရောင်ပုလင်းလေးကို ကိုင်ကာ နဂါးဥ၏ ရှေ့သို့ ရောက်ရှိသွားသည်။

အောင်းပင်းက နိဗာနအဆင့် စမ်းသပ်ချက်တစ်ဝက်ကို သည်းခံပြီးပြီဖြစ်သည့်အတွက် သူမ ဓမ္မစွမ်းအားအများစုကို သုံးပြီးပြီဆိုတာ သေချာသည်။

မိုးကြိုးစမ်းသပ်ချက်က အချိန်ကုန်ဆုံးလေလေ ပိုပြီးတော့ အားပြင်းလာလေလေ ဖြစ်နေသည်။ သူမသာ ဓမ္မစွမ်းအားကို ပြန်လည်ဖြည့်တင်းဖို့အတွက် မလုပ်ပါက သူမအနေဖြင့် ဒဏ်ရာအချို့ ရရှိနိုင်သည်။

“ ငါလိုချင်တဲ့ ရေစင်ကို မြန်မြန်ပေး…ငါ့ရဲ့ ရှင်သန်နိုင်စွမ်းကို ဖြည့်တင်းပြီးတော့ ဒုတိယဘဝကို အပြီးပြည့်စုံဆုံး အခြေအနေနဲ့ နေချင်တယ်”

အောင်းပင်း၏ အသံက အနည်းငယ် မောနေပုံပေါ်သည်။ ရှန်ထျန်းက ပုလင်းအနီထဲရှိ နိဗာနတော်ဝင်ရေစင်ကို ကျင်းထဲသို့ အလျင်အမြန် လောင်းထည့်လိုက်သည်။

ငွေရောင်ရေစင်က နဂါးဥကို ပတ်လည်ဝန်းရံသွားပြီးနောက် သိပ်သည်းသော ဝိညာဉ်ချီက ပတ်ဝန်းကျင်ရှိ ဝိညာဉ်ဆေးပင်များနှင့် ဝိညာဉ်ပန်းပွင့်များကို အလျင်အမြန် ပွင့်လန်းလာအောင် လုပ်ပေးလိုက်သည်။

မူလက ဖျော့တော့စွာသာ လင်းနေသော နဂါးဥက ဖြည်းဖြည်းချင်း ပြန်လည်သက်သာလာကာ ပိုပြီးတော့ အားအင်ပြည့်သွားသည်။

“ ဟမ်…ဒီတစ်ခေါက် ရေစင်ရဲ့ ရလဒ်က ဘာလို့ အရင်ကထက်ပိုပြီးတော့ အားနည်းနေတယ်လို့ ခံစားရတာလဲ။

ဘယ်လိုပဲဖြစ်ဖြစ် ပမာဏကို ရေတွက်ကြည့်ရင် မင်းက ငါ့အပေါ် အရမ်းရက်ရောနေပါပြီ။ စိတ်မပူနဲ့နော်။ ငါ့အင်အား ပြန်ရပြီးတော့ ထွက်လာတာနဲ့ သေချာပေါက် မင်းကို ကာကွယ်ပါ့မယ်”

မိန်းမငယ်လေးတစ်ယောက်၏ အသံမျိုးနှင့် တူနေသော်လည်း သူမ ပြောလိုက်သော စကားလုံးများက အင်မတန် အာဏာပြင်းပြသည်။ ရှန်ထျန်းလည်း မတတ်နိုင်ဘဲ ခါးသီးစွာ ပြုံးလိုက်ရသည်။

သူမက နှစ်တစ်သောင်းကျော် သက်တမ်းရှိသည်ကို သိသော်လည်း သူမ၏ ကလေးအသံက လှည့်စားနေသည်။

သူမ ဥထဲကနေ ထွက်လာပြီးရင် ဘယ်လိုပုံစံမျိုး ရှိမလဲဆိုတာ ဘယ်သူက သိမှာလဲ

သူမက ရင့်ကျက်တဲ့ အမျိုးသမီး ဖြစ်လာမှာလား ဒါမှမဟုတ် အပျော်အပါးမက်တဲ့ အနက်ရောင် ဝတ်စုံဝတ်ဆင်ထားတဲ့ ကောင်မလေးပုံစံ မျိုးလား

ဘယ်လိုပဲဖြစ်ဖြစ် ငါ သူမအပေါ် တကယ် တက်စီးလို့ရော ရရဲ့လား …

All Chapters