← Chapters

နဂါးတစ်ကောင်ကို စီးရတာ ဘယ်လိုနေမလဲ မသိဘူး

Vol. 19 Ch. 284

နဂါးတစ်ကောင်ကို စီးရတာ ဘယ်လိုနေမလဲ မသိဘူး

Vol. 19 Ch. 284

အခန်း (၂၈၄) : နဂါးတစ်ကောင်ကို စီးရတာ ဘယ်လိုနေမလဲ မသိဘူး

မြောက်ပင်လယ်၏ နဂါးနတ်ဘုရား စံအိမ်တော်တွင်…

ယခုလက်ရှိ နဂါးနက်ဘုရင် အောင်းယဲ့က ပုလ္လင်ပေါ်တွင် တင်ပျဉ်ခွေထိုင်နေသည်။

သူက နဂါးနက်အကွက် ချပ်ဝတ်တန်ဆာကို ဝတ်ဆင်ထားသည်။ သူ့အရှိန်အဝါက အဆုံးမဲ့ပြီး နက်နဲလှသည်။

သူက ယခု နဂါးနက်ကျွန်း၏ အဆင့်မြင့်ဆုံး အမွေအနှစ် ပညာရပ်ဖြစ်သည့် နဂါးစစ်တော်ဝင်ကျမ်းကို ကျင့်ကြံနေခြင်း ဖြစ်သည်။ ထိုအရာက နဂါးနက်ကျွန်း၏ အုတ်မြစ်လည်း ဖြစ်သည်။

လွန်ခဲ့သော နှစ်ပေါင်းတစ်သောင်းတုန်းက နဂါးနက်ကျွန်းနှင့် တောင်ပိုင်းနယ်မြေ နိဗာနတောင်တန်းတို့က နတ်ဆိုးမျိုးနွယ်၏ စွမ်းအားအကြီးဆုံးသော အထွတ်အမြတ်မြေနှစ်ခု ဖြစ်သည်။ တစ်ခုက ကုန်းနေ နတ်ဆိုးမျိုးနွယ်များကို အုပ်ချုပ်ပြီး နောက်တစ်ခုက ရေနေ နတ်ဆိုးမျိုးနွယ်များကို အုပ်စိုးသည်။

ကုန်းနေနတ်ဆိုးမျိုးနွယ်များကို တရားဝင်ကြီးကြပ်သည့် ချီလင်မျိုးနွယ်လည်း ရှိခဲ့သည်။ ကြီးမြတ်သော ရှေးဟောင်းတိုက်ပွဲတွင် ချီလင်မျိုးနွယ်မျိုးရိုးက အမြစ်ပြတ် သုတ်သင်ရှင်းလင်းခံခဲ့ရသည်။

နယ်မြေငါးခုလုံးတွင်မှ ချီလင်အနည်းငယ်သာ ကျန်ရှိတော့သည်။ သူတို့၏ မူလ ဂုဏ်သိက္ခာနှင့် စွမ်းအားကိုလည်း ဆုံးရှုံးသွားပြီးပြီ ဖြစ်သည်။

ထိုရှေးဟောင်းတိုက်ပွဲထဲတွင် နဂါးနက်မျိုးနွယ်လည်း အတော်လေး နာကျင်ခံစားခဲ့ရသည်။

တိုက်ပွဲအတွင်း သူတို့၏ အကြီးမားဆုံးသော ဆုံးရှုံးမှုက အကြီးဆုံး မင်းသမီး အောင်းပင်း ဖြစ်၏။

လွန်ခဲ့သော နှစ်ပေါင်းတစ်သောင်းတုန်းက နဂါးနက်ကျွန်း၏ အကြီးဆုံး မင်းသမီးဖြစ်သည့် အောင်းပင်းက အသန့်စင်ဆုံး နဂါးနက်သွေးမျိုးဆက်ကို  ပိုင်ဆိုင်ထားသည်ဟု ဆိုနိုင်သည်။

သူမနှင့် ဇာမဏီမျိုးရိုး၏ အသန့်စင်ဆုံးမျိုးရိုးကို ပိုင်ဆိုင်ထားသည့် ဇာမဏီဘုရင်မတို့၏ စွမ်းအားနှင့် ရာထူးတို့က တူညီနေကြပြီး သူတို့က အချင်းချင်း တစ်သက်စာရန်သူဟု သတ်မှတ်ထားခဲ့ကြသည်။

ဇာမဏီဘုရင်မကတော့ ထိုဆိုးရွားသော ရှေးဟောင်းတိုက်ပွဲထဲမှ ရှင်သန်နိုင်ခဲ့ပြီး တောင်ပိုင်းနယ်မြေ၏ ခေါင်းဆောင် ဖြစ်လာသည်။

ထိုအချိန်တွင် အောင်းပင်းက နတ်ဘုရားလောကမှ နတ်ဘုရားတစ်ပါး၏ ချုံခိုက်တိုက်ခိုက်မှုကို ခံရပြီး အသတ်ခံရကာ ပိတ်လှောင်ခံခဲ့ရသည်။

ထိုရှေးဟောင်းစစ်ပွဲထဲတွင် မရေတွက်နိုင်သော အက်ကြောင်းများပေါ်လာကာ အောင်းပင်းကို နောက်ထပ် မျက်နှာပြင်တစ်ခုထဲမှာ ပိတ်လှောင်ခံရပြီးနောက် နဂါးမျိုးနွယ်လည်း ဘယ်လိုနည်းနှင့်မှ သူမကို ခြေရာခံနိုင်ခြင်း မရှိတော့ပေ။

ရလဒ်အနေဖြင့် နဂါးနက်ကျွန်းလည်း သူတို့၏ မူလဂုဏ်သိက္ခာကို ပြန်လည်ရရှိဖို့အတွက် အကောင်းဆုံး မျှော်လင့်ချက် ပျောက်ဆုံးသွားကာ တောင်ပိုင်းနယ်မြေ ဇာမဏီမျိုးနွယ်၏ ဖိနှိပ်ခြင်းကို နှစ်ပေါင်းတစ်သောင်းကျော် ခံစားခဲ့ရသည်။

ဇာမဏီဘုရင်မက အာဏာအပြည့်အဝ ရရှိဖို့အတွက် သိပ်ပြီး စိတ်မဝင်စားပေ။ လွန်ခဲ့သော နှစ်ပေါင်းတစ်သောင်းက သူတို့ ဒီအခြေအနေကို အသုံးချပြီး မြောက်ပင်လယ် နတ်ဆိုးမျိုးနွယ်များကို တိုက်ခိုက်ဖို့အတွက် အသုံးမချခဲ့ပေ။

သို့သော် နဂါးမျိုးနွယ်မှာလည်း ကိုယ့်မာနနှင့်ကိုယ် ရှိသည်။ သူတို့က သူတို့၏ အကြီးမားဆုံး ယှဉ်ပြိုင်သူ၏ သနားမှုအပေါ် မမှီခိုချင်တော့ပေ။

လွန်ခဲ့သော နှစ်ပေါင်းတစ်သောင်းကျော်က နဂါးနက်ဘုရင်နှင့် မျိုးဆက်အားလုံး၏ အိမ်ရှေ့မင်းသားက ကျင့်ကြံဖို့အတွက် အားကုန်စိုက်ထုတ်ကာ နဂါးမျိုးနွယ်ကို ပိုမိုသန်မာလာအောင်လုပ်ဖို့အတွက် မျှော်လင့်ထားခဲ့ကြသည်။

သူတို့က သူတို့၏ မျိုးရိုးသန့်စင်မှုက ကန့်သတ်ခံထားရသည့်အတွက် ဇာမဏီဘုရင်မပင် မယှဉ်နိုင်ပေ။ သို့သော် သူတို့ မလုပ်နိုင်လျှင်ပင် သူတို့၏ သားများ၊ မြေးများနှင့် မြစ်များက လုပ်နိုင်လိမ့်မည်။

နဂါးမျိုးနွယ်၏ အမွေအနှစ် ဥပဒေများအရ မိဘများ၏ ကျင့်ကြံဆင့် မြင့်လေလေ သူတို့ မွေးဖွားလာသော သားသမီးများ၏ မျိုးရိုးက သန့်စင်လေလေ ဖြစ်သည်။

သူတို့၏ သားသမီးများကို သန်မာသော စတင်မှုရှိစေရန် နဂါးနက်မိဘများက ပိုပြီးတော့ စွမ်းအားကြီးလာအောင် အပြင်းအထန် ကြိုးစားခဲ့ကြသည်။

အားလုံးက သူတို့၏ သားသမီးများကို ကြီးမြတ်စွာ မွေးဖွားလာဖို့အတွက် မျှော်လင့်ခဲ့ကြသလို ထိုရာက နဂါးမျိုးနွယ်၏ ဂုဏ်သိက္ခာနှင့်လည်း သက်ဆိုင်နေသည်။

“ နဂါးစစ်တော်ဝင်ကျမ်းရဲ့ တားမြစ်အခန်းက အရမ်းစွမ်းအားကြီးပေမဲ့လည်း ငါ့မျိုးရိုးက မသန်မာဘူး”

တစ်ပတ်လုံး အလုပ်ကြိုးစားပြီးနောက် အောင်းယဲ့က ကျင့်ကြံရေး ပြီးမြောက်သွားပြီး အရမ်းနောင်တရနေပုံပေါ်သည်

“ အဲဒီအလွှာက ဒီအတိုင်း ကျန်ရှိနေသေးတယ်”

လူသားမျိုးနွယ်နှင့် နှိုင်းယှဉ်လိုက်လျှင် နတ်ဆိုးမျိုးနွယ်က သူတို့၏ မျိုးရိုးသန့်စင်မှုအပေါ် အများကြီးမှီခိုသည်။

လူသားကျင့်ကြံသူတစ်ယောက်၏ အောင်မြင်မှုအတွက် မွေးရာပါ အရည်အချင်းနှင့် ကြိုးစားခြင်းရာခိုင်နှုန်းကို မျှဝေရမည်ဆိုပါက တစ်ဝက်စီ ခွဲဝေပေးရမည် ဖြစ်သည်။

သို့သော် နတ်ဆိုးမျိုးနွယ်အတွက် သူတို့မျိုးရိုး သန့်စင်မှုက အနည်းနှင့်အများ သူတို့အလားအလာရှိမှု၏ ၉၀ ရာခိုင်နှုန်းကို ဆုံးဖြတ်သည်။ သူတို့၏ ကျင့်ကြံဆင့်မြင့်လေလေ သူတို့က ထိုကန့်သတ်ချက်ကို ရောက်မည်ဟူသော အရာကို သတိပြုမိလေလေ ဖြစ်သည်။

အဆင့်၈ နဂါးနက်မျိုးရိုးက ဘယ်တော့မှ အဆင့် ၉ နဂါးနက်မျိုးရိုးထက် ပိုပြီးတော့ ကောင်းနိုင်မည် မဟုတ်ပေ။ နေ့ရောညပါ ကျင့်ကြံမည်ဆိုပါက အဆင့် ၈ က အဆင့် ၉ ကို မဖြတ်ကျော်နိုင်ဖြစ်နေဦးမှာ သေချာသည်။

ရုတ်တရက် ပုံရိပ်တစ်ခု နဂါးနတ်ဘုရား စံအိမ်တော်ထဲတွင် ပေါ်လာသည်။

အောင်းယဲ့၏ အကြည့်က ခက်ထန်သွားကာ အလျင်အမြန် အရိုအသေပြုပြီး ပြောလိုက်သည်

“ အဖေကို နှုတ်ခွန်းဆက်သအပ်ပါတယ်။ ကျွန်တော်ကို ဘာများ ညွှန်ကြားချင်လို့ပါလဲခင်ဗျာ”

သူက အောင်းလိန် ဖြစ်သည်။ သူက မထိန်းသိမ်းနိုင်စွာ ပြုံးရင်း ပြောလိုက်သည်

“ မင်းကို အရမ်းကောင်းတဲ့ သတင်းတစ်ခု ပြောပြဖို့အတွက် အထူးတလည် လာခဲ့တာ”

အောင်းယဲ့ ကြောင်အသွားသည်။ သူ့အမြင်တွင် သူ့အဖေက မှုန်သုန်နေသော နဂါးတစ်ကောင် ဖြစ်ခဲ့သည်။ လွန်ခဲ့သောနှစ်ပေါင်းထောင်ကျော်တွင်လည်း သူ့အပြုံးကို တစ်ခါ၊ နှစ်ခါသာ မြင်ဖူးသည်။

ယခုတော့ သူက အရူးတစ်ယောက်လိုမျိုး ပြုံးနေသည်။

အောင်းယဲ့က သိချင်စိတ်ဖြင့် မေးလိုက်သည်

“ ကျွန်တော်အဖေကို ပျော်ရွှင်သွားအောင် လုပ်နိုင်တဲ့ သတင်းက ဘာများလဲ”

အောင်းယဲ့က ပြုံးကာ ပြောလိုက်သည်

“ မင်းရဲ့ အဒေါ် အောင်းပင်းကို မှတ်မိလား။ သူမ မသေဘူး။ ကမ္ဘာဦးတိုက်ပွဲနယ်မြေထဲမှာ နှစ်ပေါင်းတစ်သောင်းကြာ အပိတ်ခံခဲ့ရတာ။

အခု သူမ အောင်အောင်မြင်မြင်နဲ့ ထွက်လာပြီးတော့ ပြန်လည် မွေးဖွားလာပြီ။ သူမကို အချိန်နည်းနည်းလောက် ပေးလိုက်တာနဲ့ ဝိဇ္ဇာအဆင့်ကို ပြန်ရောက်ပြီးတော့ အရင်အခြေအနေအတိုင်း ပြန်ဖြစ်သွားတော့မှာ”

ဘာ…အဒေါ်အောင်းပင်းက မသေဘူးတဲ့လား။

အောင်းယဲ့ အရမ်းစိတ်ပူနေသည်။

အဖေက ကျင့်ကြံတာများပြီးတော့ ရူးသွားတာများလား

သို့သော် အောင်းလိန်၏ အရှိန်အဝါကို သေချာအကဲခတ်ကြည့်လိုက်သည့်အခါ အရမ်းတည်ငြိမ်နေသည်ကိုသာ တွေ့လိုက်ရပြီး ရူးသွပ်မှု အရိပ်အယောင်ကို လုံးဝ မတွေ့ရပေ။

သူ ရူးသွားပြီလို့ ငါ ထင်တယ်

“အဖေ…အမေ့ရဲ့နာမည်ကိုရော မှတ်မိသေးရဲ့လား”

ဂွက်…

ကျယ်လောင်လှသော ရိုက်နှက်မှုက အောင်းယဲ့ကို မြေပြင်ပေါ်သို့ လဲကျသွားစေသည်။

အောင်းလိန်က နှာခေါင်းရှုံ့ကာ ပြောလိုက်သည်

“ ငါ လုံးဝ အဆင်ပြေပါတယ်။ ငါ ရူးသွားတယ်လို့များ မင်းက ထင်နေတာလား။ မင်းရဲ့အဖေကို ဘယ်လိုလုပ်ပြီးတော့ သံသယဝင်ရဲရတာလဲ”

ဒီလို ရင်းနှီးတဲ့ ခံစားချက်….ရင်းနှီးနေတဲ့ ‘အဖေတစ်ယောက်ရဲ့ ချစ်ခြင်းမေတ္တာ’…

အောင်းယဲ့က ခေါင်းပေါ်ရှိ အဖုကို ပွတ်ရင်း ရင်ထဲမှာတော့ ဝမ်းသာနေသည်။

အဖေက မရူးဘူးပဲ။ ဒါဆိုရင် ဒါက သတင်းတု မဟုတ်ဘဲနဲ့ အဒေါ်က တကယ် မသေဘူးပေါ့

ပြင်းထန်သော ပျော်ရွှင်မှုက ရုတ်တရက် အောင်းယဲ့၏ နှလုံးသားထဲသို့ ဝင်ရောက်လာသည်။ သူ့ပုခုံးပေါ်မှာ ထမ်းထားရသော ဖိအားလည်း ဖြည်းဖြည်းချင်း လျော့နည်းသွားသည်။

မြောက်ပင်လယ် နဂါးမျိုးနွယ်အတွက် နဂါးနက်ဘုရင်၏ ရာထူးက စွမ်းအားနှင့် အာဏာကို ကိုယ်စားမပြုပေ။ ထိုအရာက တာဝန်ယူမှုကို ကိုယ်စားပြုသည်။

မြောက်ပင်လယ်ရှိ တခြားနတ်ဆိုးမျိုးနွယ်များအားလုံးကို အမှန်တကယ် ဖိနှိပ်နိုင်ပြီး တခြားနယ်မြေများကို ခြိမ်းခြောက်နိုင်မှသာ ထိုနဂါးက ပုလ္လင်ပေါ် တက်ခွင့်ရသည်။

ပုလ္လင်ပေါ် ထိုင်ရသူတစ်ဦးအနေဖြင့် တခြားနယ်မြေလေးခုအပေါ် ဖိအားပေးဖို့နှင့် နဂါးနက်မျိုးနွယ်ကို ခြိမ်းခြောက်လာနိုင်သော ရန်သူများကို သတိထားစောင့်ကြည့်ရသည်။

အပွင့်လင်းဆုံး ပြောရလျှင် ထိုအရာက အောင်းပင်းအပေါ် ကြီးမားသော ဝန်ထုတ်ဝန်ပိုးကြီး တစ်ခု ဖြစ်ခဲ့သည်။ သူ ညဘက်လည်း ကောင်းကောင်းအိပ်မပျော်ဘဲ ဆံပင်များလည်း ကျွတ်လာပြီ ဖြစ်သည်။

ယခု သူ၏ အဒေါ်အောင်းပင်း မသေဘူးဆိုတာကို ကြားသိလိုက်ရသည့်အတွက် အောင်းယဲ့က ပံ့ပိုးမှုအသစ် ရသွားသည့် အထီးကျန်သော မိဘမဲ့ ကလေးတစ်ယောက်လိုမျိုး ဖြစ်နေသည်။ သူ ပိုပြီး တက်ကြွလာသည်။ သူက အဒေါ်အောင်းပင်း၏ ဆန်းကြယ်သော ပုံပြင်များအကြောင်းကို နားထောင်ရင်း ကြီးပြင်းလာသူ တစ်ယောက်လည်း ဖြစ်နေသည်။

“ အဖေ အခု အဒေါ်အောင်းပင်းက ဘယ်မှာလဲ။ ကျွန်တော် တခြားအကြီးအကဲတွေရော ချက်ချင်း ဦးဆောင်ခေါ်သွားပြီးတော့ သူမကို ပြန်ခေါ်လာခဲ့မယ်လေ”

အောင်းလိန်က တည်ငြိမ်စွာ ပြန်ဖြေလိုက်သည်

“ မလိုဘူး။ အစ်မကြီးက အံ့ဖွယ်မိုးကောင်းကင် အထွတ်အမြတ်မြေမှာ လူသားယောက်ျားတစ်ယောက်ကို တွေ့ပြီးတော့ သူနဲ့ နဂါးနတ်ဘုရားစာချုပ်ကို ချုပ်ဆိုထားတယ်။

သူမက ကမ္ဘာဦးတိုက်ပွဲနယ်မြေထဲမှာ အကြာကြီး ပိတ်မိထားတာဆိုတော့ နဂါးနက်ကျွန်းဆီကို အချိန်တစ်ခုကြာတဲ့အထိ ပြန်မလာချင်သေးဘူးတဲ့။ သူမက အရင်ဆုံး လူသားကမ္ဘာမှာပဲ ပျော်ပျော်နေချင်သေးတယ်တဲ့”

အောင်းယဲ့က ကြောင်အသွားကာ ပြောလိုက်သည်

“ အဒေါ်အောင်းပင်းက လူသားနဲ့ နဂါးနတ်ဘုရားစာချုပ်ကို ချုပ်ဆိုခဲ့တယ်တဲ့လား။ တကယ်…တကယ် ပြောနေတာလား”

လူသားတွဲဖက်တွေက နဂါးမျိုးနွယ်ရဲ့ ပင်မမျိုးဆက်နဲ့ပဲ စာချုပ်ချုပ်ဆိုကြတာလေ

ဒါပေမဲ့ အောင်းပင်းက ဘယ်သူလဲဆိုတာကို သိရဲ့လား။ သူက လွန်ခဲ့တဲ့ နှစ်ပေါင်းတစ်သောင်းကျော်ကတည်းက နဂါးနက်မျိုးနွယ်ရဲ့ စွမ်းအားအကြီးဆုံး ပါရမီရှင်ပဲ။ လူသားတွေထဲက ဘယ်သူက သူမနဲ့ ထိုက်တန်လို့လဲ

အောင်းလိန်က စိတ်ပျက်လက်ပျက်ဖြင့် ပြောလိုက်သည်

“ သူမ ပြောပြတဲ့အတိုင်းဆိုရင်တော့ အဲဒီလူက အံ့ဖွယ်မိုးကောင်းကင် သူတော်စင်ဖြစ်ပြီးတော့ သူ့ဆီမှာ သူမထက်ပိုတဲ့ ကျင့်ကြံခြင်းအရည်အချင်းတွေကို ပိုင်ဆိုင်ထားတယ်။ ပြီးတော့ သူက ရုပ်လည်း အရမ်းချောတယ်တဲ့။

သူမသာ ဒီသူတော်စင်နဲ့ နဂါးနတ်ဘုရား စာချုပ်ကို ချုပ်ဆိုပြီးတော့ သူ့ကို ကာကွယ်ပေးရင်း သူတိုးတက်လာရင် သူ့မှာ နတ်ဧကရာဇ် ဖြစ်လာနိုင်တဲ့ အရမ်းမြင့်တဲ့ အလားအလာရှိတယ်လို့ အစ်မကြီးက ယုံကြည်ထားတယ်။

အဲဒီအချိန်ရောက်လာရင် သူ့ရဲ့ ဂုဏ်သိက္ခာကြောင့် နဂါးနက်မျိုးနွယ် တစ်ခုလုံးလည်း စိတ်အေးချမ်းသာစွာ နေလို့ရပြီ”

သူမ ပြောသော အံ့ဖွယ်မိုးကောင်းကင် သူတော်စင်က “ သူမထက်ပိုသော အရည်အချင်းများကို ပိုင်ဆိုင်ထားသည်” ဆိုသောစကားကို အောင်းလိန် လုံးဝ မယုံပေ။

လာနောက်နေတာလား။ အောင်းပင်းက ဘယ်လောက်ထိ အရည်အချင်းရှိလဲဆိုတာကိုရော သိရဲ့လား

လွန်ခဲ့တဲ့ နှစ်ပေါင်းတစ်သောင်းကျော်က လူသားမျိုးနွယ်ရဲ့ ပါရမီရှင်တွေထဲက သုံးယောက်ပဲ အောင်းပင်းရဲ့ အရည်အချင်းနဲ့ ယှဉ်ပြိုင်နိုင်ခဲ့တာ

သူတို့ရဲ့ အရည်အချင်းတွေက အောင်းပင်းနဲ့ အတူတူလောက်ပဲ။ အောင်းပင်းကို တကယ် ကျော်ဖြတ်နိုင်တဲ့သူက ဟွမ်ရှစ် တစ်ယောက်တည်းပဲ ရှိတယ်

ဒီအံ့ဖွယ်မိုးကောင်းကင်သူတော်စင်က ဘယ်ကရောက်လာလဲဆိုတာကို ဘယ်သူမှမသိသလို သူ့အကြောင်းကိုလည်း သူ မကြားဖူးပေ။

သူကအခု အစ်မကြီးထက် အရည်အချင်းရှိတယ်လို့ ပြောနေတာလား။ နောက်နေတာပဲ ဖြစ်ရမယ်

အောင်းလိန်၏ ထင်မြင်ယူဆချက်အရ သူ့အစ်မကြီး နတ်ဘုရားစာချုပ်ကို ချုပ်ဆိုရခြင်းက သူက “အရမ်းရုပ်ချောလို့”ဆိုသော အကြောင်းက အဓိက ဖြစ်လိမ့်မည်။

အောင်းလိန်က အောင်းပင်းနှင့်အတူ ကြီးပြင်းလာသည့်အတွက် သူ့အစ်မကြီး ဘယ်လောက်ထိ ရုပ်ချောတာကို ကြိုက်လဲဆိုတာ ကောင်းကောင်း သတိထားမိသည်။

ကမ္ဘာဦးတိုက်ပွဲနယ်မြေတွင် နှစ်ပေါင်းတစ်သောင်းကြာ ပိတ်လှောင်ခံရပြီးနောက် ထိုရုပ်ချောသော လူငယ်လေး၏ ကယ်တင်ခြင်းကို ခံရပါက သူ့ကို အရူးအမူးချစ်ပြီး နဂါးနတ်ဘုရားစာချုပ်ကို သူနှင့် ချုပ်သွားတာ ဖြစ်သင့်သည်။

အောင်းယဲ့က အံ့အားသင့်စွာဖြင့် မေးလိုက်သည်

“ အဖေ ဒါဆိုရင် အဒေါ်အောင်းပင်းကို အံ့ဖွယ်မိုးကောင်းကင် အထွတ်အမြတ်မြေမှာပဲ နေခွင့်ပြုလိုက်တော့မလို့လား”

သူမက အခုမှ ပြန်လည် မွေးဖွားလာတာဆိုတော့ အောင်းပင်းရဲ့ ကျင့်ကြံဆင့်က အရမ်းမြင့်သေးမှာ မဟုတ်ဘူး

သူမ အန္တရာယ်နဲ့ ကြုံတွေ့ရရင် ဘယ်လိုလုပ်မလဲ

အောင်းလိန်က ပြန်ဖြေလိုက်သည်

“ နှစ်ခြိုက်စွာ အိပ်ပျော်သွားတဲ့ ရှေးဟောင်းဘိုးဘေးတွေကို ဖယ်လိုက်ရင် အစ်မကြီးက အသက်အကြီးဆုံးပဲ။ သူမ နဂါးနက်ကျွန်းကို ပြန်မလာချင်ဘူးဆိုရင် အခုအတွက် ဘယ်သူမှ သူမကို ဖိအားပေးလို့ မရဘူး။ ဒါပေမဲ့ သူမ လုံခြုံဖို့တော့ လိုအပ်တယ်။

ဒါဆို ဒီလိုလုပ်ရအောင်။ မင်း အံ့ဖွယ်မိုးကောင်းကင် အထွတ်အမြတ်မြေဆီ သွားပြီးတော့ သူမကို အံ့ဖွယ်နဂါး အစောင့်အရှောက်တစ်ကောင် ပေးလိုက်။

အကောင်းဆုံးကိုပဲ ပေးလိုက်နော်။ ငါတို့ အစ်မကြီးရဲ့ လုံခြုံရေးအတွက် သေချာအောင် လုပ်ရမယ်။

အစ်မကြီး ဆံချည်မျှင်တစ်မျှင်လောက် ဆုံးရှုံးမယ်ဆိုရင် မင်း ငါ့ဆီကနေ အပြစ်ပေးတာကို ခံယူဖို့အတွက် အနီရောင်မီးလျှံတောင်ကို တန်းပြီးလာခဲ့”

အောင်းယဲ့က တုန်ရီစွာဖြင့် ပြောလိုက်သည်

“ စိတ်မပူပါနဲ့ အဖေ ကျွန်တော် အခုပဲ သွားလိုက်ပါ့မယ်”

ဂါး…

ကျယ်လောင်သော ဟိန်းဟောက်သံနှင့်အတူ အောင်းယဲ့က နဂါးအသွင်ပြောင်းလိုက်သည်။

နဂါးနက်တစ်ကောင်က မြောက်ပင်လယ်မှ ထွက်လာကာ ကမ္ဘာမြေကို  ကြီးမားသောလှိုင်းများနှင့် ငလျင်များ ဖြစ်သွားစေသည်။

မြောက်ပင်လယ် နဂါးနက်ကျွန်း၏ အထက်ပိုင်း စီမံခန့်ခွဲသူများက နယ်မြေငါးခုတွင် အောင်းပင်း ပေါ်ထွက်လာမှုကြောင့် ထိတ်လန့်နေကြသည်။

ထိုအချိန်တွင် သူတော်စင်တောင်အောက်တွင် ချီရှောက်ရွှမ်က အားလုံး၏ အာရုံစိုက်ရာ ပစ်မှတ်တစ်ခု ဖြစ်လာပြန်သည်။

နှုတ်ဆက်ရမလား…ဒါမှမဟုတ် မနှုတ်ဆက်ရဘူးလား။ နှုတ်ဆက်မလား…ဒါမှမဟုတ် မနှုတ်ဆက်ဘူးလား

ခရမ်းရောင် အရှိန်အဝါ လွှမ်းခြုံနေသော ချီရှောက်ရွှမ်က စိတ်ဓာတ်ကျနေပြီ ဖြစ်သည်။ သူ့ခန္ဓာကိုယ်ထဲရှိ ဆဲလ်များအားလုံးလည်း ကို့ရို့ကားရား ဖြစ်နေသည်။

ငါက အရွယ်ရောက်ပြီးသားသူဆိုတော့ ငါ ဘာလုပ်လုပ် လွတ်လွတ်လပ်လပ် လုပ်လို့ရတယ်။ ငါတို့ကလည်း ပါရမီရှင်တွေပဲလေ …

စီနီယာအစဉ်ကို အသုံးချပြီး ငါ့ကိုဖိနှိပ်တာကတော့ အတော်လေး လွန်သွားပြီ

ချီရှောက်ရွှမ်က ရှန်ထျန်းကို ရိုးသားစွာ စိုက်ကြည့်လိုက်သည်။ သူက လည်ချောင်းကို ရှင်းကာ ပြောလိုက်သည်

“ အံ့ဖွယ်မိုးကောင်းကင် သူတော်စင်မှာ ထူးခြားအံ့ဩဖွယ်ကောင်းတဲ့ မွေးဖွားမှုနဲ့ အံ့ဩစရာကောင်းတဲ့ အရည်အချင်းရှိတယ်လို့ ကြားထားပါတယ်။ အခု လူချင်းတွေ့လိုက်မှပဲ ကောလဟာလတွေက အပိုမဟုတ်ဘူးဆိုတာကို သိသွားတော့တယ်။

မင်းနဲ့ မင်းလူတွေကို လေးယောက် တစ်ယောက် တိုက်ခိုက်နိုင်တယ်ဆိုပြီးတော့ ငါ ကြွားဝါခဲ့မိတယ်။ ငါက အရမ်းမောက်မာခဲ့မိတယ်။ အဲဒါကြောင့် အခု အားလုံးကို တောင်းပန်ပါတယ်။

အံ့ဖွယ်မိုးကောင်းကင်ရဲ့ ထိပ်သီးပါရမီရှင် လေးယောက် မင်းတို့တစ်ယောက်ချင်းစီမှာ အရှေ့ပိုင်းလွင်ပြင်ကို အုပ်ချုပ်ဖို့အတွက် လုံလောက်တဲ့ အရည်အချင်းတွေ ရှိတယ်။ ဒါက အရည်အချင်းတွေကို ကျင့်ကြံဖို့အတွက် နေရာကောင်းတစ်ခုပဲ။”

အရှင်းဆုံးပြောရလျှင် ဂုဏ်မောက်သော ချီရှောက်ရွှမ်လို လူမျိုးအတွက် အံ့ဖွယ်မိုးကောင်းကင် အထွတ်အမြတ်မြေကို ထိုကဲ့သို့သော အပြုအမူမျိုးဖြင့် ချီးကျူးရတာ သူ့အတွက် အင်မတန် ခက်ခဲလှသည်။

ဒါပေမဲ့ သူ ဘာတတ်နိုင်မှာလဲ

အောင်းပင်းရဲ့ အမိန့်ကို လျစ်လျူရှုပြီးတော့ ခေါင်းစဉ်ပြောင်းလိုက်တာက အကောင်းဆုံးနည်းလမ်းပဲလေ

အောင်းပင်းက ချီရှောက်ရွှမ်ရဲ့ လှည့်ကွက်လေးကို မြင်သွားတာတော့ သနားစရာပဲ

“ ဟေး…ခေါင်းစဉ်မပြောင်းနဲ့လေ။ သူ့ကို အဘိုးလေးလို့ မြန်မြန်ခေါ်လိုက်”

ချီရှောက်ရွှမ် ဘာပြန်ပြောရမယ်မှန်းမသိ ဖြစ်သွားသည်။

ချီရှောက်ရွှမ်က အားပြုပြုံးကာ ရှန်ထျန်းကို ကြည့်ရင်း ပြောလိုက်သည်

“ စောနက ဖန်ချန်း၊ ကျန်းယွင်ထင်နဲ့ ကျန်းယွင်ရှီးတို့နဲ့ တိုက်ခိုက်ပြီးတော့ အများကြီး သင်ယူခဲ့ပါတယ်။ ဒီနေ့ သင်ယူခဲ့တာတွေကို ပြန်လည် စစ်ဆေးဖို့အတွက် အခုတော့ ပြန်ရတော့မယ် ထင်တယ်။ နောက်နေ့ကျမှ သူတော်စင်ရှန်ထျန်းဆီ လာလည်ပါဦးမယ်”

ထို့နောက် ချီရှောက်ရွှမ်က ခရမ်းရောင် အရှိန်အဝါအလင်းတန်းအဖြစ် အသွင်ပြောင်းကာ နဂါးနက်ရထားလုံးဆီသို့ ဦးတည်သွားလိုက်သည်။ သူက အခက်တွေ့သော အခြေအနေကို ရှောင်ရှားနိုင်ဖို့ ကြိုးစားနေသည်။

ရွေးချယ်စရာ မရှိဘူး။ သူမက ဝါစဉ်ကြီးတာကို အသုံးချပြီးတော့ ငါ့ကို နှိပ်ကွပ်နေတာ။ ငါ သေချာပေါက် လွတ်မြောက်အောင် လုပ်မှ ဖြစ်မယ်

အောင်းပင်း၏ ငယ်ရွယ်သော မျက်နှာလေးပေါ်တွင် အေးစက်သော အပြုံးတစ်ခုထွက်ပေါ်လာကာ ထွက်ပြေးသော ချီရှောက်ရွှမ်ကို ကြည့်ပြီး ပြောလိုက်သည်

“ မင်းက ငါ့ကို အဖွားလို့တောင် မခေါ်ရသေးဘူးလေ။ အဲဒါကို ငါ့ရဲ့ နဂါးမျိုးနွယ် ရထားလုံးကို အသုံးပြုချင်သေးတယ်ပေါ့ ဟုတ်လား”

ဂါး…

အောင်းပင်း ဟိန်းဟောက်လိုက်သည့်အခါ သူမ၏ မျက်နှာတွင် အရှိန်အဝါကြီးမှုတို့ဖြင့် ပြည့်နှက်နေသည်။

သူမ၏ ဟိန်းဟောက်သံကြောင့် ရထားလုံး၏ အရှေ့ဖက်ရှိ ဦးချိုမဲ့ နဂါးခြောက်ကောင်လည်း တုန်လှုပ်သွားကြသည်။ သူတို့က ရထားလုံးကို လူးလွန့်စေကာ ချီရှောက်ရွှမ်ကို ဖယ်ရှားလိုက်ပြီး အောင်းပင်းဆီသို့ သွားလိုက်သည်။ သူတို့က အောင်းပင်းရှေ့တွင် တစ်ကောင်ချင်း ဝပ်တွားသွားကြသည်။

နဂါးမျိုးနွယ်စုတွင် အဆင့်မြင့် နဂါးနက်တစ်ကောင်က အဆင့်နိမ့် နဂါးနက်အပေါ် လွှမ်းမိုးမှုရှိသည်။

အောင်းပင်း၏ ကျင့်ကြံဆင့်က ယခင်ကထက် အဆင့်နိမ့်သော်လည်း သူမက ယခု ကနဦးဝိညာဉ်အဆင့် နီးပါးဖြစ်နေဆဲ ဖြစ်သည်။ သူမ၏ တိုက်ခိုက်စွမ်းရည်က သေချာပေါက် ဦးချိုမဲ့နဂါးခြောက်ကောင်၏ အထက်မှာ ရှိသည်။

မျိုးရိုးနှင့် တိုက်ခိုက်စွမ်းရည်၏ ဖိနှိပ်မှုကြောင့် ထိုဦးချိုမဲ့နဂါးခြောက်ကောင်က အောင်းပင်အနေဖြင့် သူတို့ကို သတ်သေဖို့ အမိန့်ပေးလည်း လွန်ဆန်ရဲမည် မဟုတ်ပေ။

အောင်းပင်းက ထိုရထားလုံးကို ခပ်ဖွဖွပုတ်ကာ တည်ငြိမ်စွာ ပြောလိုက်သည်

“မြေးလေး ဒီရထားလုံးက မင်းပိုင်တာ မလား”

ခြိမ်းခြောက်နေပုံရသည့် အောင်းပင်းကို ကြည့်ပြီး အောင်းဝူက သတ္တိကြောင်ဖို့ ဆုံးဖြတ်လိုက်သည်

“ဖွားဖွား  ကြိုက်တယ်ဆိုရင် ကျွန်တော် ပေးလိုက်လို့ရပါတယ်”

ချီရှောက်ရွှမ်က ဘာပြောရမယ်မှန်းမသိ ဖြစ်သွားသည်။

အောင်းဝူက ပြုံးကာ ပြောလိုက်သည်

“ ဒါက အရမ်းအဆင့်မြင့်ကြီး မဟုတ်သလို ဦးချိုမဲ့နဂါးခြောက်ကောင်ကလည်း နည်းနည်းအားနည်းတယ်ဆိုပေမဲ့ ဒါက ကျွန်တော်ရဲ့ ဖော်ရွေမှုလေးပါ”

“ ဒါဆိုလည်း လက်ခံလိုက်မယ်လေ။ အဲဒီလူသားကောင်လေးက ဘာဖြစ်နေတာလဲ။ ငါက နှစ်ပေါင်းတစ်သောင်းကျော် နေထိုင်ခဲ့တာတောင် မင်းဆီကနေ ရိုးရှင်းတဲ့ နှုတ်ခွန်းဆက်သမှုလေးတောင် မရနိုင်ဘူးလား။ လုံးဝ ယဉ်ကျေးမှု မရှိဘူး”

ခရမ်းရောင်အရှိန်အဝါက ပြင်းထန်စွာ လှုပ်ခတ်သွားပြီး ချီရှောက်ရွှမ်ကတော့ တစ်ခုခု ခါးသက်သက်အရာ စားထားသလိုမျိုး မျက်နှာထား ဖြစ်နေသည်။

အောင်းပင်းက သူ့ဘေးကနေ တီးတိုးပြောလိုက်သည်’

“ အစ်ကိုရှောက်ရွှမ် သူမကို နှုတ်ခွန်းဆက်သလိုက်တာ ပိုကောင်းမယ်နော်။ နဂါးနက်ကျွန်းတစ်ခုလုံးမှာ အဖွားက အသက်အကြီးဆုံးနော်။

အစ်ကို သူမအပေါ် ရိုင်းပျနေမယ်ဆိုရင် အဖေနဲ့ အဘိုးက ဒေါသထွက်သွားမှာ သေချာတယ်။ ဒါဆိုရင် ကျွန်တော်တို့ရဲ့ နဂါးနတ်ဘုရားစာချုပ်ကို ဖျက်သိမ်းခိုင်းလိမ့်မယ်။ အဲလိုဆိုရင် ကျွန်တော်တို့အတူတူ ထပ်ပြီးတော့ ကစားလို့ မရတော့ဘူး”

ချီရှောက်ရွှမ်၏ နှုတ်ခမ်းထောင့်များ တွန့်ချိုးသွားသည်။ သူက ထိုစကားလုံးများကို အတင်းညှစ်ထုတ်နေရသည်

“ ဒေါ်…ဒေါ်…ဒေါ်လေး…”

အောင်းပင်းက နှုတ်ခမ်းကို ကိုက်ကာ ပြောလိုက်သည်

“ ဘာအဒေါ်လဲ။ ငါက မင်းရဲ့ အဖွား ပါဆိုနေ။ ထွက်ပြေးလို့ရမယ် မထင်နဲ့နော်။

ပြီးတော့ ကျယ်ကျယ်ခေါ်။ မကြားရဘူး”

“အ … အဖွား ”

စူးစူးဝါးဝါး အော်ဟစ်သံတစ်ခု ခရမ်းရောင် အရှိန်အဝါဘောလုံးထဲမှ ထွက်လာသည်။

သူက သူမကို အဖွားဟု ခေါ်ဖို့အတွက် အနည်းနှင့်အများ ဖိအားပေးခံထားရသည်။ သို့သော် သူ ရှန်ထျန်းကိုတော့ အဘိုးလေးဟု ဘယ်လိုနည်းနှင့်မှ မခေါ်နိုင်ပေ။

ချီရှောက်ရွှမ်က ရုတ်တရက် ခရမ်းရောင်အလင်းတန်အဖြစ် ရုတ်တရက် ပြောင်းလဲသွားကာ ကောင်းကင်သို့ ဦးတည်သွားလိုက်သည်။

သူက ရှန်ထျန်းကို စိန်ခေါ်မည့် အတွေးများအားလုံးကို လက်လျှော့လိုက်သည်။ သူသာ ဒီလူဆိုးဂိုဏ်းဝင် နဂါးမလေးရှေ့မှာ တစ်စက္ကန့်လောက် ထပ်နေရမည်ဆိုပါက လုံးဝ ရူးသွပ်သွားနိုင်သည်။

အဲဒီ အံ့ဖွယ်မိုးကောင်းကင် သူတော်စင်ကတော့။ ငါ့ကို မတိုက်ခိုက်ပဲ ထွက်သွားအောင်လို့ အဲလိုစက်ဆုပ်ဖို့ကောင်းတဲ့ နည်းလမ်းကို သုံးလိုက်တာပဲ။ အဲဒီရှေးဟောင်းအမွေကိုလည်း ဘယ်နေရာကနေ တူးဖော်လာလဲမသိဘူး။ ကျိုးကြောင်းမဆီလျော်လိုက်တာ

ချီရှောက်ရွှမ် ကံကြမ္မာ ဒီလောက်ထိ ဆိုးရွားတာ ပထမဆုံးဖြစ်သည်ဟု သူခံစားနေရသည်။

ဒီတစ်ခါတော့ သူ လုံးဝကို လှောင်ပြောင်ခံလိုက်ရပြီ

“ အစ်မကြီးပင်းက သူ့ကို ဒီဝါစဉ်ကြီးမှုနဲ့ ပတ်သက်ပြီးတော့ တကယ် အခက်တွေ့အောင် လုပ်လိုက်တာပဲ”

ရှန်ထျန်းက နှုတ်ခမ်းကို တွန့်ချိုးကာ ထွက်ပြေးသွားသော ချီရှောက်ရွှမ်ကို စိုက်ကြည့်လိုက်သည်။

ဒီအောင်းပင်းက အသက်ခြောက်နှစ်အရွယ် မိန်းကလေးတစ်ယောက်လိုသာ ဖြစ်ရင်ဖြစ်နေလိမ့်မယ် သူမထဲမှာ အန္တရာယ်ရှိတဲ့ နဂါးတစ်ကောင်ရှိနေတုန်းပဲ

ချီရှောက်ရွှမ်က အံ့ဖွယ်မိုးကောင်းကင် အထွတ်အမြတ်မြေဆီကို စိန်ခေါ်ဖို့အတွက် လာခဲ့သော်လည်း အဖွား တစ်ယောက်ရှိတာကို သိလိုက်ရပြီး အဆုံးသတ်သွားသည်။

သူ့စိန်ခေါ်မှု၏ ပစ်မှတ်ကလည်း သူ၏ အဘိုးလေး ဖြစ်နေပြန်သည်။ ဘယ်သူပဲဖြစ်ဖြစ် ဒီလိုအရာကို ကြုံတွေ့ရပါက ရူးသွားနိုင်သည်။

လှပတဲ့ မိန်းကလေးတွေအားလုံးက တုံးအတယ်လို့ ဘယ်သူပြောလဲ။ အစ်မကြီးပင်းရဲ့ ရုပ်ရည်က သူမရဲ့ ဉာဏ်ရည်အပေါ် ထိရောက်မှု မရှိဘူး။ ပိုပြီးတော့တောင် ဉာဏ်ကောင်းနေသေးတယ်

အောင်းပင်းက ချီရှောက်ရွှမ်ကို တစ်ချိန်လုံး အနိုင်ကျင့်နေတော့ ရှန်ထျန်းကတော့ ကြည့်ရတာ အရမ်းကို ပျော်နေတာ

အဆုံးမဲ့ရှေးဟောင်း နယ်မြေထဲတွင် မိစ္ဆာဝိညာဉ်ဂိုဏ်းနှင့် တိုက်ခိုက်ခဲ့သော အတွေ့အကြုံအရ အမဲလိုက်သူက အပေါ်လွင်ဆုံးငှက်ကိုပဲ လိုက်တယ်ဆိုတာကို သိသွားခဲ့ရသည်။ ထို့ကြောင့် လူမသိသူမသိနေခြင်းက အသက်ရှင်သန်ရမည့် နည်းလမ်း ဖြစ်သည်။

ရှန်ထျန်း၏ ယခုလက်ရှိ အရှေ့ပိုင်းလွင်ပြင်တွင် ကျော်ကြားမှုက အတော်လေး မြင့်နေပြီ ဖြစ်သည်။

တစ်ချို့အချက်များတွင် သူက ချီရှောက်ရွှမ်နှင့် တန်းတူရည်တူ ဖြစ်သည်။

သူသာ ချီရှောက်ရွှမ်ကို တိုက်ခိုက်ပြီး သူ့ကို အနိုင်ယူလိုက်ရင် သူ့ကို အရှေ့ပိုင်းလွင်ပြင်မှာ နံပါတ်တစ် ပါရမီရှင် ဖြစ်သွားစေမှာ မဟုတ်လား

ထိပ်ဆုံးရောက်သွားရင် အေးစက်ပြီးတော့ အထီးကျန်တယ်

ယဲ့ချန်းခန်နှင့် ချူးလုံဟယ်တို့က ရှန်ထျန်းကို သူတို့၏ ကိုယ်ပိုင် ကံဆိုးမှုများကို ပြောပြပြီးပြီ ဖြစ်သည်။ အရမ်းထင်ပေါ်လို့ အကျိုးရလဒ်များတာ မရှိပေ။ သူ့ဆရာ ဂိုဏ်းချုပ်ကဲ့သို့ တိတ်ဆိတ်တသူ အဖြစ် နေတာက ပိုပြီး လုံခြုံသည်။

ရလဒ်အနေဖြင့် ချီရှောက်ရွှမ်က စိန်ခေါ်မှုကို ပြီးအောင် မလုပ်ဘဲ ထွက်ပြေးသွားတာကို ရှန်ထျန်း အရမ်းပျော်နေမိသည်။ သူက အထွတ်အမြတ်၏ ဂုဏ်သိက္ခာကိုလည်း ထိန်းသိမ်းလိုက်နိုင်ပြီး လူမသိသူမသိလည်း နေလို့ရသွားသည်။

သူ အခုထိ လုံခြုံနေဆဲ ဖြစ်သည်။

အောင်းပင်းက ရှန်ထျန်းကို တစ်ချက်ကြည့်ကာ ပြောလိုက်သည်

“ မင်းက အဲဒီကောင်လေးကို လုံးဝ အပြတ်အသတ်ကို အနိုင်ယူလိုက်လို့ရတယ်လေ။ မင်းဘာလို့ မတိုက်ခိုက်ချင်ရတာလဲ”

ရှန်ထျန်းက ပြုံးကာ ပြောလိုက်သည်

“ ငြိမ်းချမ်းမှုက အရေးအကြီးဆုံးပဲ။ အစ်မကြီးပင်း ပြောသလိုမျိုးပဲ ဝါစဉ်အရ သူ ကျွန်တော့်ကို အဘိုးလေးလို့ ခေါ်ရမယ်။ ကျွန်တော် သူ့ကို ရိုက်ပြီးတော့ အနိုင်ကျင့်မယ်”

အောင်းပင်းက ဆွဲဆောင်မှုရှိစွာ ပြီတီတီဖြင့် စိတ်မရှည်သည့်ပုံစံ လုပ်လိုက်သည်။

ဟုတ်တယ် ရှန်ထျန်းတောင် ဒီငါးနှစ်အရွယ် ကောင်မလေးမှာ ဘယ်လိုလုပ်ပြီးတော့ ပြီတီတီမျက်နှာထား ရှိနေရလဲဆိုတာကို မစဉ်းစားတတ်တော့ဘူး

တစ်ခုတည်းသော ရှင်းပြချက်က အဲဒီနဂါးမလေးရဲ့ ခန္ဓာကိုယ်ထဲမှာ မြေခွေးမျိုးရိုးလည်း အနည်းငယ် ပုန်းကွယ်နေပုံရတယ်

အောင်းပင်းက နဂါးနက်ရထားလုံးပေါ် တက်ကာ အမြန်လေ့လာပြီး ပြောလိုက်သည်

“ ဒါက သိပ်မကောင်းပေမဲ့လည်း အချိန်တစ်ခုအတွက်တော့  အသုံးပြုလို့ရပါသေးတယ်။ မင်းအတွက်လက်ဆောင်။

ရှေ့လျှောက် မင်း ငါနဲ့အတူ နဂါးနက်ကျွန်းကို လိုက်ခဲ့လို့ရတယ်။ အောင်းလိန်ကို မင်းအတွက် ပိုကောင်းတဲ့ ရထားလုံးတစ်စီး ပေးဖို့ ပြောလိုက်မယ်။

ငါက မင်းနဲ့ နဂါးနတ်ဘုရားစာချုပ် ချုပ်ဆိုထားတယ်ဆိုတော့ မင်းကို မကောင်းတဲ့ ရထားလုံး ပေးခဲ့ပြီးတော့ သစ္စာဖောက်တာမျိုး မလုပ်ပါဘူး။

လာတက်…မင်းကို တစ်ပတ်လောက် စီးဖို့ ခေါ်သွားမယ်”

ရှန်ထျန်းက ၁.၂မီတာ ရှည်ပြီး ခန္ဓာကိုယ်ကောက်ကြောင်း ရှိနေဆဲ အောင်းပင်းကို ကြည့်ကာ နှုတ်ခမ်းကို တွန့်ချိုးလိုက်မိသည်။

သူ ဘာလို့ ရုတ်တရက် အပျော်လင်လေး တစ်ယောက်လို ခံစားလာရတာလဲ

ကျွန်တော်က အံ့ဖွယ်မိုးကောင်းကင် သူတော်စင်လေ။ ဒီနဂါးနက်ရထားလုံးက အရမ်းမိုက်တဲ့ပုံပေါ်ရုံနဲ့တင် ကျွန်တော်ရဲ့ ဂုဏ်သိက္ခာကို ပစ်ချထားခဲ့မယ်များ ထင်နေလား

အဲလိုဆိုရင်တော့ အစ်မကြီးခန့်မှန်းတာ မှန်သွားပြီ

ဒီလိုမျိုး အရမ်းမိုက်တဲ့ စီးနင်းမှုမျိုးရဲ့ ဆွဲဆောင်မှုကို ဘယ်ယောက်ျားမှ ငြင်းဆန်နိုင်မှာ မဟုတ်ဘူး

ရှန်ထျန်းက နဂါးနက်ရထားလုံးဆီ လမ်းလျှောက်သွားကာ ဦးချိုမဲ့ နဂါးခြောက်ကောင်ကို အသာထိတွေ့ကြည့်လိုက်သည်။

ရှန်ထျန်းက သူ့အရည်အချင်းသူ ယုံကြည်မှု ရှိသည်။ ထိုနဂါးများကို သူ့ ဓားတစ်ချက်ဖြင့် သတ်နိုင်သည်။

အဲလိုဆိုလျှင်ပင် ဤဦးချိုမဲ့နဂါးခြောက်ကောင်နှင့် ရထားလုံးကို ထိန်းချုပ်နိုင်မည်ဆိုသော အတွေးက အံ့ဩစရာကောင်းပြီး စိတ်ကျေနပ်စရာကောင်းလှသည်။ သူ မစောင့်နိုင်ပေ။

သူတော်စင်တောင်ခြေတွင် ကျန်းယွင်ရှီးက သူ့မောင်လေး နဂါးမြေခွေးမလေး၏ ရထားလုံးစီးသွားသည်ကို ခါးသီးစွာ စိုက်ကြည့်နေသည်။

ဂါး…

ဦးချိုမဲ့နဂါးခြောက်ကောင်က ညီညာစွာ ဟိန်းဟောက်လိုက်ပြီး တိမ်ထဲသို့ ပျံသန်းသွားသည်။

ရှန်ထျန်းက ရထားလုံးပေါ်တွင် ထိုင်လိုက်ပြီး နဂါးများစတင်ပျံသန်းသည်နှင့် တစ်ပြိုင်နက် အားကောင်းသော ကမ္ဘာမြေဆွဲအားကို ခံစားလိုက်ရသည်။ ထိုအရာက အရမ်းစိတ်လှုပ်ရှားဖို့ ကောင်းသည်။

ထိုအခိုက်အတန့်တွင် ဝိဇ္ဇာများနှင့် ပါရမီရှင်များက ဓားပျံစီးနင်းခြင်းကို အသုံးပြုသော်လည်း ဘာလို့ ရထားလုံးသုံးရသလဲဆိုတာကို ရှန်ထျန်း သိသွားသည်။

ဓားပျံစီးနင်းခြင်းကို အသုံးပြုခြင်းက အရှိန်ပါသော ယာဉ်ကို စီးနင်းခြင်းမှ ရလာသော စိတ်လှုပ်ရှားမှုကို မယှဉ်နိုင်ပေ။

သူက လက်တစ်ဖက်ဖြင့် ဘေးနားရှိ တိမ်များကို ထိတွေ့ရင်း သူ့ဘေးရှိ အောင်းပင်းကို ရှန်ထျန်း တစ်ချက်ကြည့်လိုက်သည်။

စစ်မှန်တဲ့ နဂါးသူရဲကောင်းဆိုတာ ဒီလိုခံစားမှုမျိုးလား။ ငါတို့ အရမ်းမြန်မြန်သွားမယ်ဆိုရင် လဲကျပြီး တိုက်မိသွားမှာလား

အဲဒီဂျိုနှစ်ခုက ကိုယ့်ကိုယ်ကို ထိန်းဖို့ကိုင်ထားရမဲ့ လက်ကိုင်တွေတော့ မဟုတ်ပါဘူးနော်။ ဒါမှမဟုတ် မောင်းနှင်ကိရိယာလား။ ကျွန်တော် သူတို့ ပျံသန်းတာကို ထိန်းချုပ်ကြည့်လို့ ရမလား

ရှန်ထျန်းက အိပ်မက်ကမ္ဘာထဲသို့ ရောက်ရှိနေသည်။

သူ့ဘေးမှ အောင်းပင်း ၏အသံထွက်လာသည်

“ ကောင်စုတ်လေး ငါ့ကို စိုက်ကြည့်ပြီးတော့ ဘာတွေတွေးနေတာလဲ”

ရှန်ထျန်းက ပေါ့ပါးစွာ ဖြေလိုက်သည်

“ အစ်မကြီးအပေါ် တက်စီးရင် ဘယ်လိုခံစားရမလဲဆိုပြီး တွေး…”

သူ့စကားကို ဆုံးအောင် မပြောရသေးခင် ရှန်ထျန်း အသိပြန်ဝင်လာပြီး နဖူးမှ ချွေးစေးများပင် ထွက်လာသည်။

မမျှော်လင့်ထားစွာဖြင့် အောင်းပင်း ဒေါသမထွက်ပေ။ သူမက ရှန်ထျန်းကို စိုက်ကြည့်ကာ ပြောလိုက်သည်

“ မင်း စမ်းကြည့်ချင်လို့လား”

လေထုထဲရှိ အပူချိန် ကျသွားသည်ကို ခံစားလိုက်ရသည့်အတွက် ရှန်ထျန်း တောင်းပန်လိုက်သည်

“ မစီးချင်ပါဘူး… လုံးဝ မစီးချင်ပါဘူး”

မစီးချင်ဘူး…လုံးဝ မစီးချင်ပါဘူးတဲ့လား

ဂါး…

အောင်းပင်းက ရထားလုံးထဲတွင် ဟိန်းဟောက်ကာ ပြောလိုက်သည်

“ မင်းက ငါ့ကို ဘယ်လိုလုပ်ပြီးတော့ ဒီလိုမျိုး စော်ကားရဲရတာလဲ။ မင်းက နှိပ်စက်တာကို တောင်းခံနေတာပဲ”

“ နဂါးလက်သည်း”

“နဂါးသက်ငွေ့”

“ နဂါးရိုက်ချက်”

“ နဂါးတူ”

ထိတ်လန့်စရာကောင်းသော လှိုင်းများ အဘက်ဘက်သို့ ပျံ့နှံ့သွားသည်။

အာကာပြင်ထဲရှိ တိမ်များအားလုံးကို ရှင်းလင်းပြီးပြီ ဖြစ်သည်။ မိုင်တစ်သောင်းပတ်လည် တိမ်များ ကင်းစင်သွားသည်။

နဂါးနက်ရထားလုံး ပြင်းထန်စွာ တုန်ခါလာကာ ယာဉ်ပေါ်တွင် အက်ကြောင်းများ ပေါ်ထွက်လာသည်။

ထိုရထားလုံးက အထွတ်အထိပ်အဆင့် ဝိညာဉ်ရွှေဖြင့် လုပ်ထားသည်။ ကနဦးဝိညာဉ်အဆင့် ကျင့်ကြံသူပင် အားအပြည့်သုံးကာ ဖျက်စီးလျှင်ပင် ဖျက်စီးဖို့ ခက်ခဲသည်။

ဝိညာဉ်အသွင်ပြောင်းအဆင့် ကျင့်ကြံသူသာ ရထားလုံးကို ထိခိုက်ပျက်စီးအောင် လုပ်နိုင်သည်။ ယခု ရထားလုံးက ရှန်ထျန်းနှင့် အောင်းပင်းကြားတွင် အက်ကြောင်းပေါ်နေပြီး အရမ်းအားကောင်းစွာ အက်ကြောင်းထင်နေသည်။

တစ်စုံတစ်ယောက်သာ ဒီမြင်ကွင်းကို မြင်လိုက်ရပါက သူတို့ မေးပြုတ်ကျသွားသည်အထိ လန့်သွားမည်ဖြစ်သည်။

ဝုန်း…

အံ့ဖွယ်ဝါးမျိုနွယ်ပင်က အောင်းပင်း၏ ခြေထောက်ကို ရစ်ပတ်ထားကာ ရှန်ထျန်းက သူမ၏ လက်များကို ကိုင်ထားသည်။ သူမကို ရထားလုံး၏ ထိုင်ခုံပေါ်တွင် လှုပ်မရအောင် လုပ်ထားသည်။

ရှန်ထျန်းက မခံမရပ်နိုင် ဖြစ်နေသည်။ ဤပုဂ္ဂိုလ်က လွန်ခဲ့သော နှစ်ပေါင်းတစ်ထောင်က နတ်ဆိုးတစ်ကောင် ဖြစ်သည်ဟု သိထားသော်လည်း သူမက ၁.၂မီတာ ရှည်သောအရပ်နှင့် ချစ်စရာကောင်းသော မျက်နှာလေးကို ပိုင်ဆိုင်ထားသည့်အတွက် ကောင်မလေးတစ်ယောက်ကို အနိုင်ကျင့်မိနေသလို ခံစားရသည်။

“ ငါ့ကိုလွှတ်…ငါ့ကို အခု ချက်ချင်း လွှတ်ပေး။ မဟုတ်ရင် ငါ စွမ်းအားအပြည့် ပြန်ရတဲ့အချိန်ကျရင် မင်းကို သတ်ပစ်မယ်”

အောင်းပင်းက အစွမ်းကုန်သုံးကာ ရုန်းနေသော်လည်း ရှန်ထျန်းက သူမ၏ အဆင့်၈ နဂါးနက်မျိုးရိုးကို အပြည့်အဝ ပယ်ဖျက်ထားကြောင်း သူ သတိထားမိသွားသည်။

သေစမ်း…ဒီလူက ဘာလုပ်ချင်နေတာလဲ

သူက ငါ့အပေါ် ဩဇာလွှမ်းမိုးချင်နေတာလား။ သူက ငါ့ထက် စွမ်းအားကြီးတယ်ဆိုတာကို ပြသချင်နေတာလား

တချို့လူသားနှာဘူးတွေက ကြာပွတ်နဲ့ နတ်ဆိုးတစ်ကောင်ရဲ့ တင်ပါးကို ရိုက်ပြီးတော့ သူတို့ရဲ့ အိမ်မွေးနတ်ဆိုး ဖြစ်လာအောင် လုပ်တယ်လို့ ငါ ကြားဖူးတယ်

ငါ ဒီကောင်လေးကို အကဲခတ် မှားသွားတာတော့ မဟုတ်ပါဘူးနော်။ သူ့ကို ကြည့်ရတာ ရည်မွန်တဲ့ပုံလေးပါပဲ။ စိတ်ထားလေးကတော့ တကယ်ကို ကောင်းပါတယ်။ သူက ငါ့ကို အလျှော့ပေးစေချင်တာလား

သူ၏ ဩဇာကြောင့် အောင်းပင်း အရှက်ရမှုနှင့် စော်ကားမှုကို ခံစားလိုက်ရသည်။

လွန်ခဲ့သော နှစ်ပေါင်းတစ်သောင်းတုန်းက ခေတ်မကောင်းသောအချိန်ကပင် သူမ အခုလိုမျိုး ဖိနှိပ်ခံခဲ့ရခြင်း မရှိပေ။ သူမနှင့် အဆင့်တူသူများထဲတွင် သူမက ပြိုင်ဘက်ကင်း တစ်ယောက် ဖြစ်ခဲ့သည်။

ဇာမဏီဘုရင်မနှင့် တိုက်ခိုက်သည့်အခါမှာပင် အောင်းပင်းက သူမနှင့် တန်းတူတိုက်ခိုက်နိုင်ခဲ့ပြီး သူတို့နှစ်ယောက်ကြားမှာ အနိုင်ရသူဟူ၍ ရှင်းရှင်းလင်းလင်း မရှိခဲ့ပေ။

ရှန်ထျန်းက သတ္တမမြောက် ရွှေရောင်ကိုယ်ထည် သန့်စင်ခြင်းအဆင့်ဖြစ်ပြီး သေချာသောရှုထောင့်မှ ကြည့်လျှင် သူမနှင့် လုံးဝ အဆင့်မတူပေ။

သို့သော် အောင်းပင်းက သူ၏ ဖိနှိပ်ခြင်းကို လုံးဝ ခံလိုက်ရသည်။

နဂါးတစ်ကောင် ဖြစ်သော သူမအတွက် လက်ခံဖို့ ခက်ခဲသောအရာ တစ်ခု ဖြစ်၏။

နဂါးမျိုးနွယ်က သန်မာသူကို ကိုးကွယ်ကြပြီး သူမက နဂါးမျိုးနွယ်၏ မင်းသမီး ဖြစ်သည်။

သူမက နဂါးသူရဲကောင်းတစ်ယောက်ရဲ့ ကြာပွတ်နဲ့ အရိုက်ခံရမယ်ဆိုရင် အရမ်းရှက်ဖို့ကောင်းတာပေါ့။ သူ ဘယ်လိုလုပ်ပြီးတော့ ဒီလိုမျိုး လုပ်ရက်ရတာလဲ

နှစ်ပေါင်းတစ်သောင်းအတွင်း ပထမဆုံးအကြိမ်အဖြစ် အောင်းပင်း ဘဝအဓိပ္ပာယ်ကို မေးခွန်းထုတ်မိသည်။

သို့သော် လက်တွေ့က သက်သေပြသွားသည်။

အောင်းပင်းက အတွေးလွန်နေခြင်း ဖြစ်သည်။

သူမကို နွယ်ဖြင့်ချည်ထားပြီး ရှန်ထျန်းက ငြိမ်ငြိမ်လေးထိုင်ကာ သူမကို ကြည့်နေသည်။

ရှန်ထျန်းက အရမ်းစိတ်ဖိစီးနေသည့် ပုံစံဖြင့် ပြောလိုက်သည်

“ အစ်မကြီးပင်း ကျွန်တော် မှားသွားတယ်ဆိုတာ သိပါတယ်။ ကျွန်တော်ကို ခွင့်လွှတ်ပေးပါနော်”

“…”

မင်း ငါ့ကို ဖက်ထုပ်လိုမျိုး ချည်ထားတာက မင်းကို ခွင့်လွှတ်ခိုင်းဖို့တဲ့လား

မင်းက မင်းမှားသွားတယ် ပြောပေမဲ့ ဘယ်နေရာ မှားသွားတယ်ဆိုတာရော သိရဲ့လား။ ငါ ဘာကို စိတ်တိုနေတယ်ဆိုတာကိုရော သိရဲ့လား

မစီးဘူ လုံးဝ မစီးပါဘူးဆိုတာက ဘာကိုဆိုလိုတာလဲ။ နဂါးသူရဲကောင်းဆိုရင် နဂါးတွေ စီးရမှာပဲ မဟုတ်လား

မင်း မစီးဘူးလို့ ပြောလိုက်တာက မင်း ငါ့ကို အထင်သေးလို့ မဟုတ်ဘူးလား။ ငါက အစီးခံရဖို့အတွက် မကိုက်ညီလို့လား

ဦးချိုမဲ့နဂါးများက ကောင်းကင်တစ်ခွင်တွင် ဆက်လက်ပျံသန်းနေသည်။

ထိုအခိုက်အတန့်တွင် ချီရှောက်ရွှမ်ကို အလွယ်လေး အနိုင်ယူလိုက်သော မြောက်ပင်လယ် မင်းသမီးကြီး အောင်းပင်းက ဒေါသထွက်နေသည်ဆိုတာ ဘယ်သူမှ မသိပေ။

………….

ထိုအချိန်တွင် အံ့ဖွယ်မိုးကောင်းကင် မြို့တော်၏ လျှို့ဝှက်နေရာတွင်…

ချီရှောက်ရွှမ်က ဝင်ပေါက်တွင် ညှိုးနွမ်းနေသော မုန်လာဉနီကဲ့သို့ ဒူးထောက်လျက် ရှိနေသည်။

သူ အံ့ဖွယ်မိုးကောင်းကင် အထွတ်အမြတ်မြေသို့ ခရီးထွက်ပြီး အကြီးမားဆုံး ဆုတ်ယုတ်မှုကို ခံစားခဲ့ရသည်။ သူ့နှလုံးသားက အကြွင်းအကျန် ဖုန်မှုန့်များကဲ့သို့ ခံစားနေရသည်။

သူ့ဘေးတွင် ချန်ကျုံးထျန်းနှင့် အောင်းဝူတို့က အချင်းချင်း ကြည့်နေကြသည်။ သူတို့လည်း သူ့ကို ဘယ်လိုနှစ်သိမ့်ရမလဲဆိုတာကို မသိဖြစ်နေသည်။ ချီရှောက်ရွှမ်က တကယ်ကို သနားဖို့ ကောင်းသည်။

ချန်ကျုံးထျန်းက ချီရှောက်ရွှမ်ကို ကိုယ်ချင်းစာနာစွာ စိုက်ကြည့်လိုက်သည်။ အမှန်အတိုင်းပြောရလျှင် သူက ချီရှောက်ရွှမ်၏ သောကကို အနည်းနှင့်အများ နားလည်နိုင်သည်။ သူလည်း ရှန်ထျန်းကြောင့် ခံစားခဲ့ရဖူးသည်။

အံ့ဖွယ်မိုးကောင်းကင် သူတော်စင်က အဆိပ်ပဲ

သူ ရှန်ထျန်းနှင့် တွေ့ဆုံခဲ့ရသည့်အတွက် သူ့ရွှေအမြုတေ ကွဲအက်သွားခဲ့ရသည်။

ချီရှောက်ရွှမ်၏ အပြုအမူကို ကြည့်ပြီး ချန်ကျုံးထျန်းလည်း ထပ်တူခံစားနေရသည်။

“ ကျုံးထျန်း… ငါ ဒီတစ်ခေါက် အံ့ဖွယ်မိုးကောင်းကင် အထွတ်အမြတ်မြေကို သွားလိုက်တာ အမှားတစ်ခုလို့ ထင်လား။ အရမ်း… အရမ်း ရှက်ဖို့ ကောင်းတာပဲ”

ချီရှောက်ရွှမ်က ဖြည်းဖြည်းချင်း ပြောလိုက်သည်။ သူ၏ သန်မာပြီး ချောမောသော အစိတ်အပိုင်းများအားလုံး “ စိတ်ပျက်အားလျော့မှု”တို့ဖြင့် ပြည့်နှက်နေသည်။

ဂုဏ်မောက်သော အရှိန်အဝါကိုလည်း ထုတ်လွှတ်ခြင်း မရှိတော့ပေ။

ရွေးချယ်စရာမရှိတော့ဘူး။ သူက ပြိုင်ဘက်ကင်းလမ်းကို လျှောက်ခဲ့မိတာလေ

ပြိုင်ဘက်ကင်းလမ်းဆိုတာက သူက သူနဲ့အဆင့်တူ ပါရမီရှင်တွေကို လွှမ်းမိုးနိုင်မယ်လို့ သူ တကယ်ယုံကြည်ခဲ့တာကို ဆိုလိုတယ်

ဒါပေမဲ့ ဒီတစ်ခေါက်တော့ အံ့ဖွယ်မိုးကောင်းကင် အထွတ်အမြတ်မြေမှာ ဖန်ချန်းတားဆီးတာကို ခံလိုက်ရပြီးတော့ ဖန်ချန်းနဲ့ ယွင်ရှီးတို့ရဲ့ ဖိနှိပ်တာကို ခံလိုက်ရတယ်

ပြီးတော့ နတ်ဆိုးအိုကြီး အောင်းပင်းရဲ့ တိုက်ခိုက်မှုတစ်ချက်လေးနဲ့တင် ရှုံးနိမ့်သွားရတယ်။ ဆက်တိုက် ရှုံးနိမ့်မှုကို ခံစားလာရတော့ ပြိုင်ဘက်ကင်းတဲ့ လေထုလည်း ပျောက်ဆုံးသွားပြီလေ

ပြီးတော့ ဝါစဉ်ကြီးမှုကလည်း ချီရှောက်ရွှမ်အတွက် ပြင်းထန်သော တိုက်ခိုက်မှုတစ်ခုပဲ

သူက ခရမ်းစံအိမ် သူတော်စင်ဖြစ်ပြီး ရွှေအမြုတေစာရင်းတွင် နံပါတ်တစ်ချိတ်သော စွမ်းအားကြီးသည့် ပါရမီရှင်ဖြစ်သည့်အတွက် တခြားသူထက် အဆင့်နှစ်ခု နိမ့်နေတာကို သည်းမခံနိုင်ပေ။

အရှေ့ပိုင်းလွင်ပြင်က ရက်စက်တဲ့ အတင်းပြောသူတွေက ဒီနေ့အဖြစ်အပျက်ကို ဘယ်လိုတွေပြောကြဦးမှာလဲဆိုတာကို တွေးလိုက်ရရုံနဲ့တင် ခေါင်းကိုက်တယ်။ သူတို့က မလိုအပ်တဲ့ အပိုစကားတွေကိုပါ ထည့်ပြောနေဦးမှာ သေချာတယ်

ချန်ကျုံးထျန်းလည်း ချီရှောက်ရွှမ် ဝမ်းနည်းနေတာကို ကြည့်ပြီး စိတ်မကောင်းဖြစ်နေမိသည်။

ချီရှောက်ရွှမ်က နတ်ဧကရာဇ်ဖြစ်ဖို့ အလားအလာရှိသည့်အတွက် သူ့နောက်ကို တကောက်ကောက်လို က်နေခဲ့သည်။

သို့သော် ချီရှောက်ရွှမ်ကလည်း ချန်ကျုံးထျန်းကို ကောင်းကောင်း ဆက်ဆံသည်။ ချန်ကျုံးထျန်း၏ ရွှေအမြုတေ ကွဲအက်သွားစဉ်က ချီရှောက်ရွှမ်က သူ့ကို များပြားသော နိဗာနတော်ဝင်ရေစင် ပမာဏအများအပြားကို ပေးခဲ့သည်။

သူက နိဗာနထာဝရတော်ဝင်ကျမ်း၏ အစိတ်အပိုင်းများကိုပင် ချန်ကျုံးထျန်းကို သင်ကြားပေးခဲ့ပြီး မိတ်ဆွေစစ် တစ်ယောက်လည်း ဖြစ်သည်။

အနည်းငယ်တွေးတောပြီးနောက် ချန်ကျုံးထျန်းက ပြောလိုက်သည်

“ အစ်ကို အဲလောက်လည်း ရှက်မနေပါနဲ့။ ဒါ…ဒါက ထူးထူးခြားခြား မတော်တဆ ဖြစ်သွားတာပါ။

သေချာစဉ်းစားကြည့်လိုက်ရင် တစ်ကြိမ်တည်းနဲ့ အံ့ဖွယ်မိုးကောင်းကင် ထိပ်သီးပါရမီရှင်လေးယောက်ကို စိန်ခေါ်ခဲ့တာလေ။

ဒါပေမဲ့ တိုက်ခိုက်မှုက မဖြစ်ခဲ့ပဲနဲ့ သုံးယောက်နဲ့ပဲ တိုက်ခိုက်ခဲ့ရတာလေ။

သူတို့သုံးယောက်လုံး ပေါင်းပြီး တိုက်ခိုက်တာတောင် အစ်ကိုကို နိုင်အောင် မတိုက်နိုင်ခဲ့ဘူးလေ။ ဒါက အစ်ကို့စွမ်းအားရဲ့ သက်သေပဲလေ။

စီနီယာအစဉ်ကိစ္စအတွက်က အဲဒီအမျိုးသမီးက တကယ်ပဲ လွန်ခဲ့တဲ့နှစ်ပေါင်းတစ်သောင်းက နဂါးနက်ကျွန်းရဲ့ အကြီးဆုံး မင်းသမီး အောင်းပင်းဆိုရင် လုံးဝ အရှက်ရစရာ ဘာမှမရှိဘူးလေ။ ရှေးဟောင်းမှတ်တမ်းတွေအရဆိုရင် အောင်းပင်းက အဆင့် ၉ နဂါးမျိုးရိုးကိုပိုင်ဆိုင်ထားတယ်ဆိုတော့ သူမထက် ပိုပြီးကြီးမြတ်တဲ့ နဂါးနက်ဆိုတာ မရှိတော့ဘူး။ လွန်ခဲ့တဲ့နှစ်ပေါင်းတစ်သောင်းက နယ်မြေငါးခုလုံးမှာ သူမနဲ့ ယှဉ်ပြိုင်တိုက်ခိုက်နိုင်တဲ့သူကို လက်တစ်ဖက်ထဲနဲ့ ရေတွက်လို့ရတယ်တဲ့။

အစ်ကိုရှောက်ရွှမ် အစ်ကိုက အခုမှ အသက်နှစ်ဆယ်ပဲရှိသေးတာ။ လွန်ခဲ့တဲ့ နှစ်ပေါင်းတစ်သောင်းတုန်းကဆိုတော့ အခုဆိုရင် အဲဒီနတ်ဆိုးရဲ့အသက်က တစ်ထောင်တောင် ရှိနေပြီလေ။ သူမရဲ့ တိုက်ပွဲအတွေ့အကြုံကိုတော့ ယှဉ်လို့ရမှာ မဟုတ်ဘူး။

အဲဒီနတ်ဆိုးဆီက တိုက်ခိုက်ခံရတာတောင် မသေချင်ဘူးဆိုတော့ အစ်ကိုက နယ်မြေငါးခုရဲ့ ဂုဏ်ဆောင် ဖြစ်နေပါပြီ”

ချီရှောက်ရွှမ်က စိတ်ပျက်အားလျော့စွာဖြင့် ပြောလိုက်သည်

“ ဒါပေမဲ့ အံ့ဖွယ်မိုးကောင်းကင် သူတော်စင်က အောင်းပင်းနဲ့ နဂါးနတ်ဘုရား စာချုပ်ကို ချုပ်ဆိုထားလို့ ဝါစဉ်အရ သူက …”

ချန်ကျုံးထျန်းက နှစ်သိမ့်လိုက်သည်

“ အစ်ကိုရှောက်ရွှမ် အစကတော့ အံ့ဖွယ်မိုးကောင်းကင် သူတော်စင်က အောင်းပင်းနဲ့ နဂါးနတ်ဘုရားစာချုပ်ကို တကယ်ချုပ်ဆိုထားလားဆိုတာကို အတည်မပြုနိုင်ခဲ့ဘူး။ ဒါပေမဲ့ သူ ချုပ်ဆိုထားတော့ရော ဘာဖြစ်လဲ။

ကျင့်ကြံရေးလောကမှ စွမ်းအားကိုပဲ လေးစားဖို့ လိုအပ်တယ်လေ။ အံ့ဖွယ်မိုးကောင်းကင် သူတော်စင်က အခုမှ ရွှေအမြုတေအဆင့်ပဲ ရှိသေးတာလေ။ သူက ဘယ်လိုလုပ်ပြီးတော့ အောင်းပင်းရဲ့ အဆင့်နဲ့ ကိုက်ညီပါ့မလဲ။

ရှေ့လျှောက် သူ နဂါးနက်ကျွန်းကို သွားပြီးတော့ လည်ပတ်တဲ့အခါ ကောင်းကင်အသျှင်အဆင့်နဲ့ ဝိဇ္ဇာအဆင့် နဂါးနက်တွေက သူ့ကို ဦးညွှတ်ချင်ပါ့မလား။

နဂါးမျိုးနွယ်အကြီးအကဲတွေက သူ့ကို နဂါးမျိုးနွယ်ရဲ့ လူသားတွဲဖက်အဖြစ် ကြာကြာ ထားမယ်လို့ မထင်ဘူး။

ဒါက ဝါစဉ်ကျမှုကလည်း ဘာမှမဟုတ်တော့ဘူးလေ”

ချီရှောက်ရွှမ်က တွေးရင်း ပြောလိုက်သည်

“ ဒါပေမဲ့ ဘာပဲဖြစ်ဖြစ် ဒီတစ်ခေါက် အံ့ဖွယ်မိုးကောင်းကင် အထွတ်အမြတ်မြေကို သွားတော့ ကိုယ့်ကိုယ်ကို လှောင်ခဲ့မိတယ်”

ချန်ကျုံးထျန်းက အကောင်းမြင်ဝါဒဖြင့် ပြောလိုက်သည်

“ အမှန်တော့ ဒီရှက်စရာကောင်းတဲ့ အခိုက်အတန့်ကို ရှင်းထုတ်ပစ်ချင်ရင် နည်းလမ်းတစ်ခု ရှိပါတယ်။”

ချီရှောက်ရွှမ်က တောက်ပစွာကြည့်ရင်း ပြောလိုက်သည်

“ ကျေးဇူးပြုပြီး ပြောလိုက်ပါ”

ချန်ကျုံးထျန်းက ခရမ်းရောင် တောက်ပနေသော စစ်နတ်ဘုရား မျှော်နန်းဆောင်ကို ကြည့်ကာ ပြောလိုက်သည်

“ အခု အရှေ့ပိုင်းလွင်ပြင်တစ်ခွင်မှာ စစ်နတ်ဘုရား မျှော်နန်းဆောင်က သတင်းမွှေးနေတာ။

ပါရမီရှင်တွေအများကြီးက စစ်နတ်ဘုရား မျှော်နန်းဆောင်ရဲ့ အများကြီးရှိတဲ့ စိန်ခေါ်မှုတွေကို တတ်နိုင်သလောက် ဖြတ်ကျော်ပြီးတော့ စစ်နတ်ဘုရားစာရင်း ဒါမှမဟုတ် လူသစ်စာရင်းမှာ မှတ်တမ်းတင်နိုင်ကြဖို့ မျှော်လင့်ကြတယ်။

ကျွန်တော် အခုလက်ရှိစာရင်းကို စစ်ကြည့်လိုက်တော့ ထိပ်ဆုံးအဆင့် ချိတ်နေတာက တောင်ပိုင်းနယ်မြေရဲ့ နံပါတ်တစ် ခုံမုန့်ပဲ။

သူမက ကြယ်ငါးပွင့် ပါရမီရှင်ဖြစ်ပြီးတော့ စစ်နတ်ဘုရား စာရင်းမှာ နံပါတ်ခြောက် ချိတ်ခဲ့တယ်။ အံ့ဖွယ်မိုးကောင်းကင် ဂိုဏ်းချုပ်ထက်တောင် မြင့်နေသေးတယ်။

လူသစ်စာရင်းရဲ့ ဒုတိယနေရာမှာ အံ့ဖွယ်မိုးကောင်းကင် အထွတ်အမြတ်မြေရဲ့ ဖန်ချန်း ရှိတယ်။ သူက စစ်နတ်ဘုရားစာရင်းမှာ အဆင့် ၁၃ ချိတ်တယ်။

ချီရှောက်ရွှမ်က ကြောင်အစွာဖြင့် ပြောလိုက်သည်

“ အံ့ဖွယ်မိုးကောင်းကင်သူတော်စင်ရဲ့ အဆင့်ကရော ဘယ်လောက်လဲ”

ချန်ကျုံးထျန်းက နှာခေါင်းရှုံ့ကာ ပြောလိုက်သည်

“ အံ့ဖွယ်မိုးကောင်းကင် သူတော်စင်က စာရင်းထဲမှာ လုံးဝ မရှိဘူး။ သူက တခြားသူတွေကို အရမ်း ဆိုးဆိုးရွားရွား မခံစားစေချင်လို့လို့ ကြားထားတယ်။

ဒါပေမဲ့ ကျွန်တော် အတွေးထဲမှာတော့ အံ့ဖွယ်မိုးကောင်းကင် တပည့်တွေက သူတို့သူတော်စင်ကို ဆန်းကြယ်သလို ဟန်ဆောင်လို့ရအောင် ဆင်ခြေပေးထားတာလို့ပဲ ထင်တယ်။

အရှေ့ပိုင်းလွင်ပြင်ရဲ့ လူသစ်စာရင်းမှာ နံပါတ်တစ်က တောင်ပိုင်းနယ်မြေက ပါရမီရှင်တဲ့။ အရမ်းရယ်စရာကောင်းတာပဲ။

အစ်ကို ရှောက်ရွှမ်သာ စစ်နတ်ဘုရား မျှော်နန်းဆောင်ကို လွှမ်းမိုးနိုင်ပြီးတော့ ကြယ်ခြောက်ပွင့် ပါရမီရှင်ဖြစ်လာမယ်ဆိုရင် လူသစ်စာရင်းမှာ ပထမ ချိတ်သွားမှာပဲ။

အစ်ကိုရဲ့ ကြယ်ခြောက်ပွင့် ပါရမီရှင် ဂုဏ်သိက္ခာနဲ့ဆိုရင် ခုနစ်စဉ်ကြယ် အထွတ်အမြတ်မြေနဲ့ ခရမ်းစံအိမ် အထွတ်အမြတ်မြေရဲ့ ပံ့ပိုးမှုကို ရရှိမှာပဲ။ ဒါဆိုရင် နယ်မြေငါးခုရဲ့ စိတ်ကူးယဉ်မှုကို ပုံဖော်ဖို့အတွက် လုံလောက်တယ်။

ဒါဆိုရင် အဲဒီသေးငယ်တဲ့ ဝါစဉ်အလိုက် ခေါ်ဝေါ်ရမှာကိုလည်း မေ့မေ့ပျောက်ပျောက် ဖြစ်သွားလိမ့်မယ်”

အဓိပ္ပာယ်ရှိတယ် …

ချီရှောက်ရွှမ်က ချန်ကျုံးထျန်း၏ စကားလုံးများကို ကြားပြီး ချက်ချင်း စိတ်ဓာတ်တက်ကြွလာသည်

“ ကျုံးထျန်း…ကျုံးထျန်း…အမလေး မင်း ဒီလောက် ဉာဏ်ကောင်းတာကို ငါ ဘာလို့များ မသိခဲ့တာပါလိမ့်”

ချန်ကျုံးထျန်းက ပြုံးကာ ပြောလိုက်သည်

“ အောင်မြင်ဖို့အတွက် နစ်နာခံရတာတွေတော့ ရှိမှာပဲ။ ဒါကို ကျွန်တော် အရင်တစ်ခါ ချီဖောက်ပြန်ခြင်း ခံစားရတုန်းက သိခဲ့တာ။

အစ်ကိုရှောက်ရွှမ် စစ်နတ်ဘုရား မျှော်နန်းဆောင်ကို စိန်ခေါ်တဲ့ကိစ္စကို ပုံကြီးချဲ့ပြီးသားဖြစ်သွားအောင် ရုပ်သံလွှင့်ဖို့ အကြံပေးချင်တယ်”

ချီရှောက်ရွှမ်က အံ့ဩသွားကာ မေးလိုက်သည်

“ ရုပ်သံလွှင့်ရမယ်တဲ့လား။ မင်းက ဘာကိုဆိုလိုချင်တာလဲ”

ချန်ကျုံးထျန်းက ပြုံးကာ ပြောလိုက်သည်

“ ရုပ်သံလွှင့်တယ်ဆိုတာက အစ်ကို တိုက်ခိုက်နေတာကို ပရိတ်သတ်တွေကိုပါ အတူတူကြည့်ခိုင်းလိုက်တာပဲ။

အစ်ကို စစ်နတ်ဘုရား မျှော်နန်းဆောင်ထဲမှာ ကြယ်ငါးပွင့် ပါရမီရှင်ကို အရင်ဆုံး စိန်ခေါ်ကြည့်လို့ရတယ်။ လွယ်လွယ်အနိုင်ရလေလေ ပရိသတ်ရဲ့  အာရုံကို ဆွဲဆောင်နိုင်လေလေပဲ။

အချိန်ကိုက်ဖြစ်ရင်တော့ အစ်ကိုရှောက်ရွှမ်က ကြယ်ခြောက်ပွင့် ပါရမီရှင်ကို စိန်ခေါ်ပြီးတော့ ပရိသတ်ကို အံ့ဩသွားအောင် လုပ်လို့ရတယ်”

ချီရှောက်ရွှမ်က မြင်ကွင်းကို စိတ်ကူးယဉ်ကြည့်ရင်း မျက်လုံးများက ပိုမိုတောက်ပလာသည်။

သူက တိုက်ခိုက်လိုစိတ် ပျောက်သွားသေးသော်လည်း ယခု ပြန်လည်ဖြစ်ပေါ်လာလေပြီ။

ရိုးရှင်းစွာ နလန်ထူပြီးနောက် ချီရှောက်ရွှမ်က သူ၏ အကောင်းဆုံးအခြေအနေကို ပြန်လည်ပိုင်ဆိုင်လိုက်ရသည်။

သူက အသုံးအဆောင်များကို လဲလှယ်ကာ မျက်နှာဖုံးတပ်ပြီးနောက် စစ်နတ်ဘုရား မျှော်နန်းဆောင်သို့ ဦးတည်ပျံသန်းသွားသည်။

ချီရှောက်ရွှမ်က ချက်ချင်း ရုပ်သံလွှင့်ဦးမည် မဟုတ်ပေ။ သူက အရင်ဆုံး စိတ်ပျက်အားလျော့နေသည့်အတွက် ဒေါသပုံချချင်နေသည်။

စစ်နတ်ဘုရား မျှော်နန်းဆောင်နားတွင် စုရုံးနေသော အတင်းပြောသည့်သူများကို ရှောင်ရှားရန်အတွက် ချီရှောက်ရွှမ်က မျှော်နန်းဆောင်ထဲသို့ တိတ်တဆိတ်ဝင်သွားသည်။

ထို့နောက် ခရမ်းရောင်များ လွှမ်းခြုံထားသော နေရာသို့ ရောက်ရှိသွားသည်။ သိမ်သိမ်မွေ့မွေ့ အမျိုးသမီးတစ်ယောက်၏ အသံ ထွက်ပေါ်လာသည်။

“ သူတော်စင်လေး စစ်နတ်ဘုရား စင်မြင့်မှ ကြိုဆိုပါတယ်”

All Chapters