ဈေးနှုန်းလေးတော့ အပြောင်းအလဲ ရှိလိမ့်မယ်
Vol. 19 Ch. 285
အခန်း (၂၈၅) : ဈေးနှုန်းလေးတော့ အပြောင်းအလဲ ရှိလိမ့်မယ်
ဒါက စစ်နတ်ဘုရား မျှော်နန်းဆောင်ရဲ့ မျှော်နန်းဆောင် ဝိညာဉ်မလေးလား
မျှော်နန်းဆောင် ဝိညာဉ်မလေး၏ သိမ်မွေ့ပြီး ကြင်နာသော အသံက ချီရှောက်ရွှမ်ကို ထိတ်လန့်သွားစေသည်။
သူက ထိုနေရာတွင် တည်ငြိမ်စွာ မတ်တပ်ရပ်ရင်း ပြောလိုက်သည်
“ မျှော်နန်းဆောင် ဝိညာဉ်မလေး ကျွန်တော်ကို စည်းမျဉ်းတွေ ပြောပြပေးပါ”
“ ဟုတ်ပြီ သေချာနားထောင်နော်။
စစ်နတ်ဘုရား စင်မြင့်က စစ်နတ်ဘုရား မျှော်နန်းဆောင်ရဲ့ ပင်မနေရာပဲ။ ထာဝရရှင်သန်သူပါရမီရှင်တွေနဲ့ လူသားပါရမီရှင်တွေရဲ့ ပုံရိပ်တွေကို ဒီနေရာမှာ ဖန်တီးထားတယ်။
မင်းဒီနေရာမှာ ပါရမီရှင်အမျိုးမျိုးကို စိန်ခေါ်ပြီးတော့ အတွေ့အကြုံတွေ စုဆောင်းလို့ ရတယ်။
မင်း ကြယ်တစ်ပွင့် ပါရမီရှင်ကို အနိုင်ရရင် လုပ်ဆောင်မှုအပေါ် မူတည်ပြီးတော့ ကြယ်တစ်ပွင့် ကျင့်ကြံရေး ပညာရပ်နဲ့ အမွေအနှစ် ပညာရပ်တွေကို ရရှိလိမ့်မယ်။ မင်း ရှုံးနိမ့်ခဲ့ရင်တော့ စစ်နတ်ဘုရားအမှတ် ၁၀ မှတ်ကို ဆုံးရှုံးရလိမ့်မယ်။
“ ကြယ်လေးပွင့် ပါရမီရှင်ဆိုရင် လုပ်ဆောင်မှုအပေါ် မူတည်ပြီးတော့ ကြယ်လေးပွင့် ကျင့်ကြံခြင်းပညာရပ်နှင့် အမွေအနှစ်ပညာရပ်တွေကို ရရှိလိမ့်မယ်။ ရှုံးနိမ့်ခဲ့မယ်ဆိုရင်တော့ စစ်နတ်ဘုရားအမှတ် ၃၀၀ကို ဆုံးရှုံးရလိမ့်မယ်။
ကျန်တဲ့ ပါရမီရှင်တွေအတွက်လည်း စည်းမျဉ်းကတော့ အတူတူပဲ။ ဒါပေမဲ့ သူတို့ကို ရှုံးသွားမယ်ဆိုရင် စစ်နတ်ဘုရားအမှတ် တစ်ထောင် ကုန်မယ်။
စစ်နတ်ဘုရားအမှတ်ကို ရဖို့အတွက် ဝိညာဉ်ကျောက်တုံး၊ ဓမ္မရတနာတွေနဲ့ ဆေးလုံးတွေနဲ့ လဲလှယ်လို့ရတယ်။ အမှတ်တစ်မှတ်ချင်းစီက ဝိညာဉ်သလင်းကျောက် ၁၀ ခု ဒါမှမဟုတ် ဝိညာဉ်ကျောက်တုံး တစ်သောင်း တန်တယ်”
ချီရှောက်ရွှမ်က မျှော်နန်းဆောင် ဝိညာဉ်မလေး ရှင်းပြသည်ကို နားထောင်ကာ ချန်ကျုံးထျန်း ပြောပြသော အကြောင်းအရာနှင့် တိုက်ကြည့်နေသည်။
ဘေးဖက်ရှိ စင်မြင့်ပေါ်တွင် ရှေးဟောင်းကျောက်ပြား နှစ်ခုရှိပြီး ခမ်းနားသော နာမည်များကို ရေးထိုးထားသည်။
ပိုကြီးမားပြီး ရှေးပိုကျသော ကျောက်ပြားကြီးက ပိုပြီး ကြံ့ခိုင်တောင့်တင်းသည်။
သေးငယ်သော ကျောက်ပြားက ကျောက်ပြားကြီးထက်ပိုပြီး သစ်သည်။
ချီရှောက်ရွှမ်က တိုက်ခိုက်ဖို့အတွက် အလျင်မလိုဘဲ ကျောက်ပြားပေါ်ရှိ နာမည်များကို သေချာ ဂရုတစိုက်ဖတ်နေသည်။
ဖန်ချန်းက ငါ ၉ ဆင့်မြောက် ရွှေအမြုတေသန့်စင်ခြင်းအဆင့်မှာ ရှိတုန်းကလောက်နဲ့ အရည်အချင်းအတူတူပဲ။ အဲဒါကို သူက လူသစ် စစ်နတ်ဘုရားစာရင်းမှာ အဆင့်၂ ပဲ ရခဲ့တယ်တဲ့လား
ဒီစာရင်းမှာ နံပါတ်တစ် ချိတ်နေတာက တောင်ပိုင်းနယ်မြေရဲ့ နံပါတ်တစ် ပါရမီရှင် ခုံမုန့်ပဲ
ငါ သူမနဲ့ တစ်နေ့တော့ တကယ် တိုက်ခိုက်ချင်တယ်
သို့သော် ခုံမုန့်ထက် ချီရှောက်ရွှမ်က ရှန်ထျန်းနှင့် တိုက်ခိုက်ချင်နေသည်။
သူက မေးလိုက်သည်
“ မျှော်နန်းဆောင် ဝိညာဉ်မလေး အံ့ဖွယ်မိုးကောင်းကင် သူတော်စင်ရှန်ထျန်းက နယ်မြေငါးခုမှာ တစ်ဦးတည်းသော ကြယ်ခုနစ်ပွင့် ပါရမီရှင်ဆိုတာ ဟုတ်လားဟင်”
မျှော်နန်းဆောင် ဝိညာဉ်မလေးက ဖြည်းဖြည်းချင်း ပြန်ဖြေလိုက်သည်
“ အံ့ဖွယ်မိုးကောင်းကင် သူတော်စင်က စစ်နတ်ဘုရားစာရင်းမှာရှိတဲ့ သူ့နာမည်ကို ဖုံးကွယ်ဖို့အတွက် ရွေးချယ်ခဲ့တာ။ ပါဝင်သူအားလုံးရဲ့ ကိုယ်ရေးကိုယ်တာကို ကာကွယ်ပေးရမှာမလို့ ပြောပြလို့ မရပါဘူး”
ချီရှောက်ရွှမ်က ထပ်စဉ်းစားက မေးလိုက်သည်
“ ဒါဆိုရင် ခဏနေ တိုက်ခိုက်တဲ့အခါ သူနဲ့တွဲမိသွားဖို့ ဖြစ်နိုင်လား”
မျှော်နန်းဆောင် ဝိညာဉ်မလေးက ခဏတာငြိမ်သက်သွားပြီးနောက် ပြောလိုက်သည်
“ ဖြစ်နိုင်ချေတော့ ရှိပါတယ်”
သူတို့ ပြောသောစကားများအရ သူကြားထားသည့်အတိုင်း မျှော်နန်းဆောင် ဝိညာဉ်မလေးက လူဆန်သူ မဟုတ်ဘူးဆိုသော စကားကို ချီရွှောက် မယုံကြည်ပေ။
ငါက အရည်အချင်းရှိလို့ သူမရဲ့ အသားပေးမှုကို ရတာများလား
ချီရှောက်ရွှမ်က ဂရုတစိုက်ဖြင့် မေးလိုက်သည်
“ အံ့ဖွယ်မိုးကောင်းကင် သူတော်စင်နဲ့ တိုက်ခိုက်ဖို့ ရွေးချယ်ဖို့အတွက် နည်းလမ်း ရှိနိုင်မလား”
မျှော်နန်းဆောင် ဝိညာဉ်မလေးက တည်ငြိမ်စွာ ပြန်ဖြေလိုက်သည်
“ စည်းမျဉ်းတွေအရဆိုရင် စစ်နတ်ဘုရား မျှော်နန်းဆောင်ထဲက တိုက်ခိုက်ပွဲတွေက ကျပန်းပဲလုပ်တာ။ ပုံမှန်ဆိုရင် ကျွန်မတို့က ပြိုင်ဘက် ရွေးချယ်တာမျိုး လက်မခံဘူး”
စည်းမျဉ်းအရတဲ့လား။ ပုံမှန်အားဖြင့်တဲ့လား။
ချီရှောက်ရွှမ်၏ အကြည့်တို့ တောက်ပလာသည်။
ဒါဆိုရင် ဖြစ်နိုင်တာပဲ
ချီရှောက်ရွှမ်က လျင်မြန်စွာ ပြောလိုက်သည်
“ အရှင်းဆုံးပြောရရင် ကျွန်တော် အံ့ဖွယ်မိုးကောင်းကင် သူတော်စင်နဲ့ အမြဲတမ်း တိုက်ခိုက်ချင်နေခဲ့တာ။ ကျွန်တော်ကို အဲဒါလေး ကူညီပေးလို့ ရနိုင်မလားဟင်”
မျှော်နန်းဆောင် ဝိညာဉ်မလေးက ပြန်ဖြေလိုက်သည်
“ အမ်…စစ်နတ်ဘုရား မျှော်နန်းဆောင်က စည်းမျဉ်းတွေက တင်းကြပ်တယ်။ အဲဒီစည်းမျဉ်းတွေကို ချိုးဖောက်ဖို့ဆိုရင် စွမ်းအင်တွေအများကြီးကို အသုံးပြုရလိမ့်မယ်”
ချီရှောက်ရွှမ်က စိတ်ဆုံးဖြတ်ပြီး ပြောလိုက်သည်
“ ကျွန်တော် နှစ်ဆ သုံးချင်တယ်။ နေဦး ရှန်ထျန်းကို စိန်ခေါ်ဖို့အတွက် ပမာဏ ငါးဆပေးမယ်”
မျှော်နန်းဆောင် ဝိညာဉ်မလေးက သိမ်မွေ့စွာ ပြောလိုက်သည်
“ အဲဒါက မလုံလောက်သေးဘူး။ အနည်းဆုံး ဆယ်ဆပေးဖို့ လိုအပ်တယ်။ စစ်နတ်ဘုရား အမှတ် တစ်သောင်းမှရမှာ”
စစ်နတ်ဘုရားအမှတ် တစ်သောင်းတဲ့လား
ဝိညာဉ်သလင်းကျောက် တစ်သိန်းပေါ့
အထွတ်အထိပ်အဆင့် ဝိညာဉ်အသုံးအဆောင် ပစ္စည်းတောင် အဲလောက်ထိ မကုန်ဘူး။ အံ့ဖွယ်အသုံးအဆောင် ပစ္စည်းနီးပါးလောက် ရှိတယ်
ကောင်းကင်အသျှင် အများစုမှာတောင် ဝိညာဉ်သလင်းကျောက် တစ်သိန်း မရှိဘူး။ ဒါက တကယ်ကို များပြားတဲ့ ပမာဏပဲ
ဒါပေမဲ့ ဈေးနှုန်းက ချီရှောက်ရွှမ် မတတ်နိုင်တာတော့ မဟုတ်ဘူး။ သူ့မှာ နှစ်နှစ်ဆယ်ကျော် ကံကြမ္မာကောင်း ရှိလို့ ကံအပြောင်းအလဲ အခွင့်အရေးတွေအများကြီးကို စုဆောင်းမိထားတယ်။
“ ရတာပေါ့ ကျွန်တော် ဒီဈေးနှုန်းကို လက်ခံနိုင်ပါတယ်” ချီရှောက်ရွှမ်က မျက်မှောင်ကြုတ်ကာ ထပ်မေးလိုက်သည် “ အံ့ဖွယ်မိုးကာင်းကင် သူတော်စင်ကရော ဒီအကြောင်းကို သိသွားမှာလား”
မျှော်နန်းဆောင် ဝိညာဉ်မလေးက ပြုံးကာ ပြောလိုက်သည်
“ စိတ်မပူပါနဲ့။ ဘယ်လိုအကြောင်းပဲရှိရှိ ကျွန်မတို့ ဖောက်သည်တွေရဲ့ ကိုယ်ရေးကိုယ်တာကို ထိန်းသိမ်းပေးထားမှာပါ”
တစ်ချိန်တည်းမှာ ရှန်ထျန်းက ချက်ချင်း နိုးနိုးကြားကြား ဖြစ်သွားကာ ပြောလိုက်သည်
“ ဘာ… ချီရှောက်ရွှမ်က ကျွန်တော်ကို စိန်ခေါ်ချင်တယ်တဲ့လား။ ဒါ အရမ်းကောင်းတဲ့ အခွင့်အရေးပဲ ”
ရှန်ထျန်းက ချက်ချင်း စိတ်ဆုံးဖြတ်ကာ ပြောလိုက်သည်
“ ဒါဆို သူ့ဆီကနေ ပိုက်ဆံများနိုင်သလောက် များများရဖို့ လုပ်လိုက်ပါ”
ချီရှောက်ရွှမ်ကတော့ ထိုနေရာမှာတင် သစ္စာဖောက်ခံနေရပြီဆိုတာကို မသိခဲ့ပေ။
မျှော်နန်းဆောင် ဝိညာဉ်မလေး ပြောတာကိုသာ ကြားပြီး ချီရှောက်ရွှမ်က စိတ်သက်သာရာရနေသည်။ သူက သိုလှောင်လက်စွပ်ထဲရှိ ရတနာအားလုံးကို ထုတ်ကာ ပြောလိုက်သည်
“ ကျွန်တော် အရင်ဆုံး စစ်နတ်ဘုရားအမှတ် ၃သောင်း လဲမယ်”
စစ်နတ်ဘုရားအမှတ် သုံးသောင်းတဲ့လား
မျှော်နန်းဆောင် ဝိညာဉ်မလေးက စိတ်လှုပ်ရှားစွာဖြင့် ပြောလိုက်သည်
“ ရတာပေါ့။ ခဏလေးပဲ စောင့်ပါနော်။ အဲဒီရတနာတွေအတွက် ဈေးနှုန်းကို ချက်ချင်း တွက်ကြည့်လိုက်ပါမယ်”
ဝိညာဉ်အသုံးအဆောင် ပစ္စည်းများ၊ ရတနာများ ဖြည်းဖြည်းချင်း ပျောက်ကွယ်သွားကာ ချီရှောက်ရွှမ်၏ စစ်နတ်ဘုရားအမှတ်များ ဖြစ်လာသည်။
မကြာခင်မှာပဲ ချီရှောက်ရွှမ်၏ စစ်နတ်ဘုရားအမှတ် သုံးသောင်း ပြည့်သွားသည်။
“ မင်း အခုချက်ချင်း သူတော်စင်ကို ချက်ချင်းစိန်ခေါ်တော့မှာလား”
ချီရှောက်ရွှမ်က ခဏတာ စဉ်းစားလိုက်သည်။ သူက အရမ်းယုံကြည်မှု ရှိသော်လည်း သူ့အခြေအနေက သိပ်မကောင်းသေးသည့်အတွက် အံ့ဖွယ်မိုးကောင်းကင် သူတော်စင်ကို မရိုက်နှက်ခင် ကြယ်ငါးပွင့် ပါရမီရှင်နှင့် သွေးပူအောင် အရင်လုပ်သင့်သည်ဟု စဉ်းစားလိုက်သည်။
ချီရှောက်ရွှမ်က ပြောလိုက်သည်
“ အရင်ဆုံး ကြယ်ငါးပွင့် ပါရမီရှင်နဲ့ အကြောလျှော့မယ်”
“ ကြယ်ငါးပွင့်အဆင့် ပါရမီရှင်နဲ့ တွဲပေးနေပါတယ်….တွဲပေးတာ အောင်မြင်ပါပြီ။ တိုက်ပွဲ စတင်ပါပြီ”
မကြာခင်မှာပဲ ပြိုင်ဘက်၏ ပုံရိပ် ပေါ်လာသည်။
အနီရောင် ချပ်ဝတ်တန်ဆာ ဝတ်ဆင်ထားသော လူငယ်တစ်ယောက် ဖြစ်သည်။ သူ့ကျောပေါ်တွင် မီးတောက်နေသော လေးတစ်ခုရှိပြီး ဘေးဖက်တွင် ရွှေမြားကိုးချောင်း ရှိသည်။ သူ့လက်နက်က အရမ်းသန်မာပုံပေါ်သည်။
“ လေးသည်တော် မျိုးနွယ်ရဲ့ မျိုးဆက် ကျူးရီပါ။ တွေ့ရတာ ဝမ်းသာပါတယ်”
ချီရှောက်ရွှမ်က ကျူးရီ၏ မျက်လုံးထဲသို့ စိုက်ကြည့်ပြီးနောက် ကောင်းကင်ပုဆိန်လှံရှည်က တောက်ပလာသည်။
ထိုလူက အားနည်းသောသူ မဟုတ်ဘူးဆိုတာကို သူ ခံစားသိရှိနိုင်သည်။ ထိုသူက သူ အနိုင်ယူဖူးသော အရည်အချင်းရှိ ကျင့်ကြံသူများအားလုံးထက် သန်မာသည်။
အနည်းဆုံး အရှေ့ပိုင်းလွင်ပြင်ရှိ ရွှေအမြုတေစာရင်းတွင် အံ့ဖွယ်မိုးကောင်းကင်၏ ထိပ်သီးပါရမီရှင် လေးယောက်နှင့် ဗောဓိသတ္တဝ ကူသို့သာ သူနှင့် ယှဉ်ပြိုင်နိုင်သည်ဟု ချီရှောက်ရွှမ် ခံစားရသည်။
စစ်နတ်ဘုရား မျှော်နန်းဆောင်က ပေါ့သေးသေး မဟုတ်ပေ။ ကြယ်ငါးပွင့် ပါရမီရှင်က ရွှေအမြုတေ စာရင်းဝင် ထိပ်ဆုံးသုံးယောက်၏ စွမ်းအားနှင့် တူညီသည်။
သို့သော် သူက ချီရှောက်ရွှမ်အတွက်တော့ သန်မာသည့်သူ မဟုတ်ပေ။
“ အရှေ့ဘက်အရပ် မိုင်၃သောင်းအကွာမှ ခရမ်းရောင်။ အရှေ့ပိုင်းလွင်ပြင် လှံတံ”
ချီရှောက်ရွှမ် အော်လိုက်ပြီးနောက် သူ့ပတ်လည်တွင် ခရမ်းရောင်အရှိန်အဝါများ ပေါ်ပေါက်လာသည်။ ထိုအရာက သူ့ကို လွှမ်းခြုံသွားကာ သူ့ခန္ဓာကိုယ်ပေါ်တွင် ခရမ်းရောင် ချပ်ဝတ်တန်ဆာကို ဖန်တီးလိုက်သည်။
နဂါးနက်ချပ်ဝတ်တန်ဆာက အတော်လေး သန်မာမည့်ပုံပေါ်သည်။ ခရမ်းရောင်အရှိန်အဝါများ ဖုံးလွှမ်းသွားသည့်အတွက် ပိုပြီးကြောက်ဖို့ကောင်းနေသည်။
အရှိန်အဝါက အရမ်းပြင်းသည့်အတွက် ကျူးရီ တစ်ယောက် နောက်သုံးလှမ်းလောက် ဆုတ်မိသွားသည်။
“ ဘယ်လောက်တောင် အားပြင်းတဲ့ဖိအားလဲ။ ဒါပေမဲ့ ငါ တောင့်ခံမယ်”
သူက မီးတောက်နေသော လေးကို မြောက်ကာ ရွှေမြားထည့်ပြီး ချိန်ရွယ်လိုက်သည်။
သူ့ကို ကြည့်ရတာ ဇာမဏီငှက် တစ်ကောင်က သူ့သားကောင်ကို အမဲလိုက်ဖို့ ပြင်ဆင်နေသောပုံနှင့်တူသည်။
ရှူး…
မြားက လေးမှ ထွက်သွားသည့်အခါ အလင်းတန်းအဖြစ်သို့ ပြောင်းလဲသွားသည်။
ထိုအလင်းတန်း၏ အလျင်က အရမ်းမြန်သည့်အတွက် ချီရှောက်ရွှမ် ခက်ခဲစွာ တုံ့ပြန်လိုက်ရသည်။
ထိုအမျိုးသားတွင် ကြောက်စရာကောင်းသော သတ်ဖြတ်ရေးပညာရပ်များကို သင်ယူထားသည်။ ထိုတိုက်ခိုက်မှုက သူ့ထက် ကျင့်ကြံဆင့်မြင့်သောသူကို အလွယ်တကူ တိုက်ခိုက်လို့ရနိုင်သည်။
“ ခရမ်းရောင် နယ်ပယ်အဆင့်”
ချီရှောက်ရွှမ်က သူ၏ ကောင်းကင်ပုဆိန်လှံရှည်ကို မြေပြင်တွင် ထိုးစိုက်ကာ လက်သီးကျစ်ကျစ်ပါအောင် ဆုပ်ထားရင်း လက်ဟန်များ ပြုလုပ်တော့သည်။ နတ်သင်္ကေတဆယ်ခု ပါဝင်သော ရွှေအမြုတေတစ်ခု လေထဲတွင် ပေါ်လာသည်။ ထိုအရာက သူ ၁၀ ဆင့်မြောက် သန့်စင်ခြင်းကို အောင်မြင်သွားပြီဆိုသော လက္ခဏာ ဖြစ်သည်။
သူ၏ ခရမ်းရောင် အရှိန်အဝါက ရွှေအမြုတေနှင့် ပေါင်းစပ်သွားသည့်အခါ ရွှေအမြုတေကန့်သတ်ချက် နယ်ပယ်အဆင့်ဖြစ်သွားပြီး ချီရှောက်ရွှမ်ကို လုံးဝ ကာကွယ်ထားလိုက်သည်။
မူလက မြားက အလင်း၏ မြန်နှုန်းအတိုင်း သွားနေသည်။ သို့သော် မြားက ခရမ်းရောင်နယ်ပယ်အဆင့်ထဲသို့ရောက်သွားသည့်အခါ နှေးသွားသည်။
“ ဒါက အားပြင်းတဲ့ တိုက်ကွက်ဆိုပေမဲ့လည်း မလုံလောက်သေးဘူး”
ချီရှောက်ရွှမ်က သူ၏ ကောင်းကင်ပုဆိန်လှံရှည်ကို ကိုင်ဆောင်ကာ မြားကို နှစ်ခြမ်း ခြမ်းလိုက်သည်။
ထို့နောက် သူက လှံတံကို ကိုင်ဆွဲကာ ကျူးရီဆီသို့ ဦးတည်သွားသည်။
ဒါက မြောက်ပင်လယ် နဂါးမျိုးနွယ်ရဲ့ ရှေးဟောင်း ခုခံမှုပညာရပ်ဖြစ်တဲ့ နဂါးခြေလှမ်းပဲ
ဂါး…
ပထမဆုံးခြေလှမ်း… စင်မြင့်ထက်တွင် နဂါးဟိန်းဟောက်သံများ ပဲ့တင်ထပ်သွားသည်။
ဒုတိယခြေလှမ်း… အသံက ပိုမိုရှင်းလင်းလာကာ ချီရှောက်ရွှမ်က နဂါးအရှိန်အဝါကို ထုတ်လွှတ်လိုက်သည်။
တတိယခြေလှမ်း … နဂါးဟိန်းဟောက်သံများ ပိုမိုပြင်းထန်လာသည်။
စတုတ္ထခြေလှမ်း… စင်မြင့်ထက်ရှိ နေရာတိုင်းတွင် နဂါးတို့၏ အရိပ်များပေါ်လာသည်။
ချီရှောက်ရွှမ်၏ အရှိန်တိုးမြင့်လာသည့်အတွက် ခြေလှမ်း လေးလှမ်း လှမ်းပြီးနောက် ကျူးရီရှေ့သို့ ရောက်ရှိသွားသည်။
“ ဘယ်လိုလုပ်ပြီးတော့ အရမ်းမြန်မြန် ရွေ့လျားနိုင်ရတာလဲ”
ကျူးရီ၏ အကြည့်များ ရှုပ်ထွေးနေပြီ ဖြစ်သည်။ သူက နောက်ထပ် မြားသုံးချောင်းကို ထုတ်ပြီးသည့်အခါ ရှောက်ရွှမ်က သူ့ရှေ့မှာ ရောက်ရှိနေပြီ ဖြစ်၏။
သူ အရမ်းနောက်ကျသွားပြီ
လေးသည်တော် တစ်ယောက်အနေနဲ့ ချီရှောက်ရွှမ်လိုလူမျိုးနှင့် အနီးကပ် တိုက်ခိုက်ပါက ရလာမည့် ရလဒ်ကို မေးခွန်းထုတ်စရာပင် မလိုတော့ပေ။
ကျိုးနေသော လေးနှင့်မြား စင်မြင့်ပေါ်သို့ ပြုတ်ကျကျန်နေခဲ့ပြီး အလင်းတန်းအဖြစ် ပျောက်ကွယ်သွားသည်။
သူက ယခု ပြိုင်ဘက်ကင်း တစ်ယောက်ဖြစ်လာပြီဟု ချီရှောက်ရွှမ် ခံစားလာရပြီ ဖြစ်သည်။
နောက်ဆုံးတော့ သူ့ယုံကြည်မှုကို သူ ရရှိသွားလေပြီ။
“ ဂုဏ်ပြုပါတယ် သူတော်စင်လေး။ အခု မင်းက ကြယ်ငါးပွင့် ပါရမီရှင်ပုံရိပ်ကို အနိုင်ရသွားပြီဆိုတော့ စစ်နတ်ဘုရား မျှော်နန်းဆောင်ရဲ့ စည်းမျဉ်းအရ ကြယ်ငါးပွင့် အမွေအနှစ်ပညာရပ်ကို ရွေးချယ်ခွင့်ရပါပြီ။
ဂုဏ်ပြုပါတယ်။ မင်းရဲ့ လုပ်ဆောင်မှုအပေါ် မူတည်ပြီးတော့ ကြယ်ငါးပွင့်အဆင့် ပါရမီရှင်အဖြစ် သတ်မှတ်ပေးလိုက်ပါပြီ။
ကြယ်ငါးပွင့် ပါရမီရှင်အနေနဲ့ စစ်နတ်ဘုရား စာရင်းကို ပြောင်းလဲနိုင်ပြီးတော့ တိုက်ပွဲတွေ ဆက်တိုက်လို့ရတယ်။
မင်းရဲ့ လုပ်ဆောင်မှုက ပိုပြီးတော့ ကောင်းလာတယ်ဆိုရင် ကြယ်ခြောက်ပွင့် ပါရမီရှင် ဖြစ်လာဖို့လည်း အခွင့်အရေး ရှိပါတယ်။
သူတော်စင်လေး ဆက်ပြီးတော့ တိုက်ခိုက်လိုက်ပါ”
မျှော်နန်းဆောင်ဝိညာဉ်မလေး စကားပြောပြီးနောက် တောက်ပသော ပညာရပ်စာအုပ်များ ချီရှောက်ရွှမ်၏ ရှေ့တွင် ပေါ်လာသည်။
သို့သော် ချီရှောက်ရွှမ်က မကျေနပ်နိုင်သေးပေ။ ကြယ်ငါးပွင့် ပါရမီရှင်က သူ ရည်မှန်းထားတာထက် အများကြီး လိုနေသေးသည်။
ငါအခု သွေးပူသွားပြီဆိုတော့ ရုပ်သံလွှင့်တာကို စတင်ဖို့ အချိန်ရောက်ပြီ။ သူတို့က ငါက ပြိုင်ဘက်ကင်းတယ်ဆိုတဲ့ အကြောင်းကို ပြသရမယ်
ချီရှောက်ရွှမ်က တောက်ပစွာကြည့်ရင်း ပြောလိုက်သည်
“ နောက်ထပ် တိုက်ပွဲကို ရုပ်သံလွှင့်ချင်တယ်”
မျှော်နန်းဆောင် ဝိညာဉ်မလေးက ခဏငြိမ်သွားပြီးမှ ပြန်ဖြေလိုက်သည်
“ ရှင့်ရဲ့ တိုက်ပွဲကို ရုပ်သံလွှင့်ဖို့ ရွေးချယ်လို့ ရပါတယ်။ ဒါပေမဲ့ အံ့ဖွယ်မိုးကောင်းကင် သူတော်စင်နဲ့ တိုက်ခိုက်တာအတွက်တော့ ရုပ်သံလွှင့်ပေးလို့ မရပါဘူး”
ချီရှောက်ရွှမ်က ကြောင်အသွားကာ ပြောလိုက်သည်
“ ဘာလို့လဲ”
မျှော်နန်းဆောင် ဝိညာဉ်မလေးက ပြောလိုက်သည်
“ ဒီနေရာမှာ ရက်စက်တဲ့ ကစားပွဲရှိနေတယ်လို့ တခြားသူတွေ ထင်သွားရင် မကောင်းဘူးလေ”
ချီရှောက်ရွှမ်က မျက်မှောင်ကြုတ်လိုက်မိသည်။ သူက စစ်နတ်ဘုရား မျှော်နန်းဆောင်ကိုလာပြီး အသန်မာဆုံး ပြိုင်ဆိုင်သူဖြင့် တိုက်ခိုက်သည့်ပွဲကို ရုပ်သံလွှင့်ပြီး ရှန်ထျန်းကို စိန်ခေါ်တာက အပိုသက်သက်ဟု သတ်မှတ်ထားသည်။ သူသာ ရှန်ထျန်းကို အားလုံးရှေ့မှာ အနိုင်ယူပြလိုက်ပါက ချီရှောက်ရွှမ်ကို ပြိုင်ဘက်ကင်း တစ်ယောက်ဟု အားလုံးက ယုံကြမည်ဖြစ်သည်။
သို့သော် သူ မျှော်နန်းဆောင် ဝိညာဉ်မလေး ပြောတာကို သဘောတူသည်။ တိုက်ခိုက်ပွဲတွင် ပရိသတ်ရှိ၊ မရှိက သေချာပေါက် ခြားနားမှု ရှိသည်။
ချီရှောက်ရွှမ်က အသက်ပြင်းပြင်းရှူကာ ပြောလိုက်သည်
“ ကျွန်တော် ပမာဏဆယ်ဆပေးမယ်။ တစ်ခုခု လုပ်ပေးပါဦး”
မျှော်နန်းဆောင် ဝိညာဉ်မလေးက ခဏတာငြိမ်သက်သွားသည်။
အချိန်ကြာလာသည်နှင့် တစ်ပြိုင်နက် ချီရှောက်ရွှမ် ပိုမိုကြောက်ရွံ့လာသည်။
ထို့နောက် မျှော်နန်းဆောင် ဝိညာဉ်မလေးက ပြောလိုက်သည်။
“ ကောင်းပြီ…နည်းလမ်းတစ်ခုတော့ ရှိတယ်… အဲလိုလုပ်ချင်တယ်ဆိုရင်လည်း ဈေးနှုန်းလေးတော့ အပြောင်းအလဲ ရှိလိမ့်မယ်”