← Chapters

တောင်းဆိုမှု

Vol. 153 Ch. 2180

တောင်းဆိုမှု

Vol. 153 Ch. 2180

ကျိုးမုဟွမ် ထွက်သွားပြီးနောက် ရီဖူရှင်းက သူ့အနီးမှ လူများကို ပြောလိုက်သည်။ “ကျုပ် သွားပြီး ဒါကို ဖြေရှင်းလိုက်ဦးမယ်။”

“ဘယ်လိုလဲ။” အဘိုးမာက သူ့ကို မေးလိုက်သည်။

“ကျုပ်က မဟာအင်ပါယာရှန်ကျားရဲ့ ရုပ်ကြွင်းကို တမင်သက်သက် လုယက်ခဲ့တာ မဟုတ်ဘူး။ နတ်ဘုရားရုပ်ကြွင်းက ရှန်ချင်းနယ်မြေတစ်ခုလုံးရဲ့ စောင့်ကြပ်မှုအောက်မှာ ရှိနေပြီး ဆန္ဒရှိသလို အလွယ်တကူ ယူသွားလို့ ရနိုင်တဲ့ အရာမဟုတ်ဘူး။ အခု ဒါကို သူတို့ဆီ ပြန်ပေးရမယ်။” ရီဖူရှင်းက ပြောလိုက်သည်။

အဘိုးမာက ခေါင်းညိတ်လိုက်သည်။ သူသည် နယ်မြေအတွင်းရှိ ထိပ်သီးပုဂ္ဂိုလ်များအားလုံးက နတ်ဘုရားရုပ်ကြွင်းကို အာရုံစိုက်နေသည်အား ကောင်းစွာ သိရှိပြီး ထိုသည်မှာ သူတို့ကိုယ်တိုင်အတွက် ယူဆောင်သွားရန်မှာ မည်သူ့အတွက်မှ မဖြစ်နိုင်ကြောင်း သေချာပေသည်။

...

လေးမျက်နှာကျေးရွာ၏ အပြင်ဘက်သို့ ကျိုးမုဟွမ်က ပြန်ထွက်လာသည့်အခါ လူတိုင်း၏ အာရုံက သူ့ထံ ကျရောက်လာသည်။ သို့သော် ကျိုးမုဟွမ်က သာမန်ကာလျှံကာပင် ပြောလိုက်သည်။ “လူတိုင်းပဲ ဒီကိစ္စကို အဆင်ပြေသလို ကြည့်လုပ်လိုက်ကြပါ။”

သူ့အသံထွက်ပေါ်လာသောအခါ အင်အားစုအားလုံးမှ လူတိုင်းသည် ရုတ်တရက် အေးစက်သော အမူအရာတို့နှင့် လေးမျက်နှာကျေးရွာဘက်သို့ စိုက်ကြည့်လိုက်ကြသည်။

ကျိုးမုဟွမ်က သူတို့ လုပ်ရန် လိုအပ်သော မည်သည့်အရာမဆို လုပ်နိုင်ပြီး ဝင်စွက်ဖက်မည်မဟုတ်ဟု ဆိုလိုသည်လား။

ဤသည်မှာ ကျိုးမုဟွမ်က ရွာထဲသို့ ဝင်သွားပြီးနောက် ရီဖူရှင်းအား မည်သည့် စကားများ ပြောခဲ့သည်ကို သိချင်လာစေပေသည်။

ယခင်က နယ်မြေသခင်အိမ်တော်သည် ရီဖူရှင်းနှင့် တိုက်ခိုက်ရန် တွန့်ဆုတ်နေဆဲ ဖြစ်သော်လည်း ယခု သူတို့က ဝင်ရောက်စွက်ဖက်ခြင်း ပြုတော့မည် မဟုတ်ဟု ထင်မှတ်ရပေသည်။

သို့သော် သူတို့သည် နယ်မြေသခင်က အဘိုးမာကို မတားဆီးခဲ့ဘဲ ရီဖူရှင်းအား အသက်ရှုချောင်စေရန် အခွင့်အရေးပေးခဲ့သည်ကို မြင်နိုင်ပေသည်။

သို့ပေမယ့် ၎င်းက အရေးကြီးကိစ္စ မဟုတ်တော့ပေ။

ပို၍ များပြားသော လူများက လေးမျက်နှာကျေးရွာသို့ ရောက်လာကြသည်။ အဓိကပုဂ္ဂိုလ်များက တစ်ယောက်ပြီးတစ်ယောက် ရောက်လာကြပြီး ရှားရှင်းယွန် နှင့် လေးမျက်နှာကျေးရွာမှ အခြားလူများကို ပြန်ခေါ်လာခဲ့သည့် ရှေးဟောင်းတော်ဝင် သွမ့်မိသားစုမှ တန်ခိုးရှင်များလည်း ရောက်လာကြသည်။

ဤနေရာမှ အခြေအနေကို ကြည့်ရင်း သူတို့က စိုးရိမ်ပူပန်လာကြသည်။ အခြေအနေက အလွန် ကောင်းမွန်နေခြင်း မရှိပုံရလေသည်။

လေးမျက်နှာမြို့မှ လူများသည်လည်း မည်သည်တို့ ဖြစ်ပျက်နေသည်အား သိကြပေသည်။ ရီဖူရှင်းသည် ရှန်ချင်းကုန်းမြေ၏ နတ်ဘုရားရုပ်ကြွင်းကို လုယူခဲ့ပြီး လူအများ၏ ဒေါသမီးကို တောက်လောင်စေခဲ့သည်။

လေးမျက်နှာကျေးရွာတွင် နာမည်ကျော်အောင် လုပ်ဆောင်နိုင်ခဲ့သည့် ကောင်းကင်၏ ဂုဏ်ယူရသော သားတော်က သွားလေရာ နေရာတိုင်းတွင် ဆူပူလှုပ်ရှားမှုများ ဖြစ်စေခဲ့သည်။ ဤနေရာတွင် အဓိကအင်အားစုအပါအဝင် ရှန်ချင်းကုန်းမြေမှ ထိပ်သီးပုဂ္ဂိုလ်အားလုံး ရောက်နေကြပြီး ရီဖူရှင်းက သူတို့လက်ထဲမှ နတ်ဘုရားရုပ်ကြွင်းအား လုယက်သွားခဲ့သည်။

ထိုအချိန်တွင် တစ်စုံတစ်ယောက်က ဖန်းဟွမ်နှင့် လေးမျက်နှာကျေးရွာမှ အခြားလူများကို ကြည့်လိုက်သည်။ “အထဲသွားပြီး သူ့ကို လက်လွှဲပေးဖို့ သွားပြောလိုက်။ အကယ်၍ မင်းတို့ထဲက တစ်ယောက်ယောက်များ ရီဖူရှင်းကို ဖွက်ထားပေးဖို့ ကြိုးစားရင် ကျုပ်တို့လည်း ရွေးစရာမရှိဘဲ အထဲကို ကိုယ်တိုင်ဝင်ရလိမ့်မယ်။”

မျက်မမြင်ထျယ်နှင့် ဖန်းဟွမ်တို့နှစ်ယောက်လုံးက လေးနက်စွာ ကြည့်လိုက်ကြသည်။ လက်ရှိအ​ခြေအနေက အမှန်တကယ်ပင် သူတို့အတွက် အရေးမသာနေပေ။

ထိုအခိုက်တွင် လူအများကြီး ရွာထဲမှ လျှောက်ထွက်လာခဲ့သည်။ ဦးဆောင်လာသူမှာ ရီဖူရှင်း ဖြစ်သည်။ အဘိုးမာက သူ့ဘေးမှ လိုက်ပါလာပြီး သူတို့၏ နောက်တွင် မှော်ဆန်သော စွမ်းအားများနှင့် လွှမ်းခြုံခံထားရသည့် နတ်ဘုရားရုပ်ကြွင်းကို မြင်လိုက်ရပေသည်။

“ဟမ်…” ထိုသည်က လူအများကို အံ့အားသင့်နေခဲ့ကြသည်။ နတ်ဘုရားရုပ်ကြွင်းကို ရီဖူရှင်းက ဝါးမြိုလိုက်သည် မဟုတ်ပါလား။ ယခု ၎င်းက တဖန် ပြန်ထွက်လာသည်လား။

ရီဖူရှင်းက နတ်ဘုရားရုပ်ကြွင်းကို ဆန္ဒရှိသလို ဝါးမြို၍ ပြန်ထုတ်နိုင်သည်လား။

ထို့အပြင် သူသည် နတ်ဘုရားရုပ်ကြွင်း၏ ကြောက်မက်ဖွယ် စွမ်းအားများကို ထိန်းချုပ်နိုင်စွမ်းရှိပြီး အပြင်သို့ ထုတ်ယူနိုင်ပေသည်။ ရီဖူရှင်းက  နတ်ဘုရားရုပ်ကြွင်းအတွင်းမှ စွမ်းအားများကို သန့်စင်ပြီးသွားခြင်း ဖြစ်နိုင်သလား။

ရီဖူရှင်းက လေဟာနယ်ထဲသို့ ခြေလှမ်းကာ လူအုပ်ကြီးကို ဝေ့ကြည့်လိုက်သည်။ “ကျုပ် ကျင့်ကြံနေတုန်း အချို့ပြဿနာလေးတွေ ​ဖြစ်သွားခဲ့တယ်။ ဒါပေမယ့် ကျုပ်မှာ နတ်ဘုရားရုပ်ကြွင်းကို ယူသွားဖို့ ဆန္ဒမရှိပါဘူး။ ခင်ဗျားတို့အားလုံးကို ဒီနေရာထိ ရောက်လာအောင် ပြဿနာဖြစ်စေတဲ့အတွက် ကျုပ် တောင်းပန်ပါတယ်။ ကျုပ် အခုပဲ နတ်ဘုရားရုပ်ကြွင်းကို ပြန်ပေးပြီး ရှန်ချင်းကုန်းမြေဆီ ပို့ပေးပါ့မယ်။”

ရီဖူရှင်းက စကားဆုံးအောင် ပြောလိုက်သည်နှင့် လူတိုင်း၏ မျက်လုံးများက သူ့ပေါ်ကျရောက်လာသည်။ ထိုထက်ရှသော မျက်လုံးများက သူ့ကို ​ဖြတ်၍ ကြည့်နေသလို ထင်မှတ်ရသည်။ တိုင်းတာ၍မရသော ဖိအားက လေဟာနယ်ထဲမှ ထိုးဖောက်ထွက်လာပြီး လေးမျက်နှာကျေးရွာ၏ အပြင်ဘက် ကျယ်ပြောသော နေရာကို ဖိနှိပ်ထားပေသည်။

“နတ်ဘုရားရုပ်ကြွင်းကို ယူသွားဖို့ မင်း ဘယ်လို စီစဥ်ခဲ့တာလဲ။” နန်ဟိုင်မိသားစုကလန်ခေါင်းဆောင်က သူ့ကို မေးခွန်းထုတ်လိုက်သည်။ သူ့အသံထဲမှ အားကောင်းသော ဖိအားက ရီဖူရှင်းပေါ် တိုက်ရိုက်ကျရောက်လာသည်။

ရီဖူရှင်းက နတ်ဘုရားရုပ်ကြွင်းနှင့် သဟဇာဖြစ်အောင် လုပ်နိုင်သည့်အပြင် ဝါးမြို၍ပင် ပေါင်းစပ်နိုင်ခဲ့သည်။ ဆိုလိုသည်မှာ သူ့ထံ၌ လျှို့ဝှက်နည်းစနစ် တစ်ခုခု ဖုံးကွယ်ထားခြင်း ဖြစ်ရပေမည်။ သိသာစွာပင် သူက ထိုမဖြစ်နိုင်သည့်အရာကို မည်ကဲ့သို့ အောင်မြင်နိုင်စွမ်း ရှိသွားကြောင်း သိချင်နေပေသည်။

သူနှင့် အခြားအင်အားစုများမှ လူများသည် ကောင်းကင်ထက်၌ ရပ်နေရင်း ရီဖူရှင်းအား ကြည့်လိုက်ကြသည်။ သူတို့သည်လည်း အဖြေကို သိချင်နေပေသည်။

ယခင်က သူ့ထံမှ အဖြေရရန် အတင်းအကျပ် မေးဖို့ရာ မဖြစ်နိုင်သော်ငြား ယခုသည် သူ့ကို စစ်ဆေးရန် အကောင်းဆုံး အခွင့်အရေးပင် ဖြစ်သည်။

သူတို့သည် ရီဖူရှင်း၏ နည်းစနစ်ကို ကျွမ်းကျင်သွားလျှင် သူတို့သည်လည်း နတ်ဘုရားရုပ်ကြွင်းမှ တစ်စုံတစ်ခု နားလည်ရရှိနိုင်မည်လား။

“ဒါက ကျုပ်ရဲ့ ကိုယ်ပိုင်ကျင့်ကြံရေး နည်းလမ်းမို့ မပြောပြနိုင်တဲ့အတွက် ခွင့်လွှတ်ပေးပါ။” ရီဖူရှင်းက တုံ့ပြန်လိုက်သည်။

“နတ်ဘုရားရုပ်ကြွင်းက မင်းရဲ့ ဝါးမြိုမှုကို ခံခဲ့ရပြီးပြီ။ အခု မင်းက အဲဒါကို ပြန်ပေးမယ်ဆိုရင်တောင် ရုပ်ကြွင်းက မင်းရဲ့ ထိန်းချုပ်မှုကို ခံနေရမလား ဘယ်သူသိမှာလဲ။” နန်ဟိုင်ကလန်ခေါင်းဆောင်က ပြောလိုက်သည်။ သူ့အကြည့်များက ရီဖူရှင်းထံမှ မည်သည့်အခါမှ ဖယ်ခွာမသွားခဲ့ပေ။

“ကျုပ်လည်း အဲဒီလို ထင်တယ်။” အသံတစ်ခုက ပဲ့တင်ထပ်လာသည်။ ထိုသည်မှာ နတ်ဆိုးတိမ်လွှာကလန်၏ မဟာအကြီးအကဲပင် ဖြစ်သည်။ သူ့မျက်လုံးများက အေးစက်သော အလင်းတို့ဖြင့် တောက်ပနေခဲ့သည်။ သူက ကောင်းကင်ထက်၌ ရပ်နေပြီး အောက်ဘက်ရှိ ရီဖူရှင်းအား စိုက်ကြည့်နေသည်။ လူတိုင်းက အေးစိမ့်မှုကို ခံစားမိလိုက်ကြပေသည်။

အခြားအင်အားစုများမှ တန်ခိုးရှင်များမှာလည်း သိသာစွာပင် သူ့ကို အလွတ်ပေးလိုခြင်း မရှိပေ။ ကျင့်ကြံသူများစွာက ရီဖူရှင်း နတ်ဘုရားရုပ်ကြွင်းနှင့် မည်သို့ ပေါင်းစပ်နိုင်ခဲ့သည်ကို သူတို့အား ပြောပြရန် ဖိအားပေးချင်နေကြသည်။

သို့သော် ရီဖူရှင်းက သူတို့ အဖြေပေးရန် နည်းလမ်းမရှိပေ။

“ကျုပ်ရဲ့ ကိုယ်ပိုင်ကျင့်ကြံခြင်းကြောင့်မို့လို့ နတ်ဘုရားရုပ်ကြွင်းရဲ့ စွမ်းအားကို နားလည်နိုင်စွမ်းရှိခဲ့တယ်။ ကျုပ်က နတ်ဘုရားရုပ်ကြွင်းရဲ့ စွမ်းအားနဲ့ သေချာပေါက် တသားတည်းကျလာအောင် လုပ်ဆောင်နိုင်စွမ်းရှိတယ်။ ဒီလိုကျင့်ကြံခြင်းနည်းစနစ်က အလွယ်တကူ ပေးပစ်လို့မရနိုင်ဘူး။ အဓိကအင်အားစုတွေရဲ့ စီနီယာတို့အားလုံးမှာ ကိုယ်ပိုင်ကျင့်ကြံရေးနည်းလမ်းတွေနဲ့ ကိုယ်ပိုင်အခွင့်အလမ်းတွေ ရှိကြတယ်။ ခင်ဗျားတို့လည်း ကိုယ်ပိုင်နည်းလမ်းတွေနဲ့ နတ်ဘုရားရုပ်ကြွင်းကို နားလည်နိုင်မယ့် နည်းလမ်းရှာတွေ့မယ်လို့ ကျုပ် ယုံကြည်တယ်။” ရီဖူရှင်းက အလွန် စိတ်ပျက်လက်ပျက် ဖြစ်နေသော်လည်း သူက ရွေးချယ်စရာမရှိဘဲ အချိန်တစ်ခုထိ သူတို့အပေါ် သူ၏ အတွေးအစစ်အမှန်များကို ဖိနှိပ်ထိန်းချုပ်ထားရန် လိုပေသည်။

သို့သော် သူ၏ စကားလုံးများက အားလုံးကို လက်ခံသွားစေရန် မလုံလောက်ပေ။ ထိုအကြည့်များက သူ့ထံ၌ စူးစိုက်နေပြီး သူတို့သည် သူ့လျှို့ဝှက်ချက်များကို တူးထုတ်ကာ နတ်ဘုရားရုပ်ကြွင်းအား နားလည်သဘောပေါက်နိုင်သည့် သူ၏ ကျင့်ကြံရေးနည်းလမ်းအား ထိန်းချုပ်ချင်နေပုံရလေသည်။

“ကျုပ်အပါအဝင် ရှန်ချင်းနယ်မြေမှာရှိတဲ့ တန်ခိုးရှင်တွေအားလုံး နတ်ဘုရားရုပ်ကြွင်းကို မထိန်းချုပ်နိုင်ခဲ့ပေမယ့် မင်းကတော့ ခြွင်းချက်​ဖြစ်ပြီး နတ်ဘုရားရုပ်ကြွင်းကို ဝါးမြိုနိုင်ရုံသာမကဘဲ မင်းကိုယ်တိုင်အတွက်တောင် အဝေး ယူသွားနိုင်တယ်။ အခု ဒါက ကျင့်ကြံရေးနည်းလမ်းတစ်ခုလေးပဲဆိုတာ ကျုပ်တို့က ဘယ်လို ယုံကြည်နိုင်မှာလဲ။” အသံတစ်ခုက သူ့ကို အပြစ်တင်လိုက်သည်။ ရှင်းလင်းစွာပင် သူတို့ထဲက မည်သူကမှ ရီဖူရှင်းကို အလွတ်ပေးရန် စိတ်ကူးမရှိပေ။

“အဲဒါဆို စီနီယာတို့က ဘာလုပ်မယ်လို့များ တွေးထားကြလဲ။” ရီဖူရှင်းက မေးလိုက်ပြီး လေဟာနယ်ထဲမှ လူများကို မော့ကြည့်လိုက်သည်။

ထိုထိပ်သီးပုဂ္ဂိုလ်များက လေထဲတွင် ဝင့်ကြွားစွာ ရပ်နေကြပြီး သူ့ကို အရေးမစိုက်သော အကြည့်များဖြင့် ငုံ့ကြည့်လိုက်ကြသည်။ နယ်မြေသခင်က ဤတစ်ကြိမ်၌ မရောက်လာခဲ့ဘဲ ကိုယ်စားပြုရန် ဒုနယ်မြေသခင် ကျိုးမုဟွမ်သာလျှင် ရောက်လာခဲ့ပေသည်။ သို့သော် သူက ဤတစ်ကြိမ်တွင် ဘေးတွင် တိတ်ဆိတ်စွာ ရပ်၍ စောင့်ကြည့်နေရုံသာ ရှိမည်ဟု ထင်ရပေသည်။

ရီဖူရှင်းသည် ကျိုးမုဟွမ်က ဝင်စွက်ဖက်ခြင်းမပြုဘဲ ရှိနေလိမ့်မည်ကို နားလည်ထားသည်။ ယခု ရွာအတွင်းသို့ လာကာ ကျိုးမုဟွမ်က သူ့ကို အခွင့်အရေးတစ်ခု ပေးရန် ကြိုးစားခဲ့သည်။

ကြည့်ရသည်မှာ သူက ဤပြဿနာကို ခန့်မှန်းထားပြီး ဖြစ်ပုံရလေသည်။

“ကျုပ်တို့နဲ့ လိုက်ခဲ့။” နန်ဟိုင်မိသားစုခေါင်းဆောင်က ပြောလိုက်သည်။ သူက နတ်ဘုရားရုပ်ကြွင်းကို ပြန်လိုချင်ရုံသာမက ရီဖူရှင်းကို သူတို့နှင့် အတူ ခေါ်ဆောင်သွားချင်နေသည်။ သူက နတ်ဘုရားရုပ်ကြွင်းကို လုယက်ကာ လေးမျက်နှာကျေးရွာသို့ ထွက်ပြေးသွားခဲ့၏။ ယခု သူသည် နတ်ဘုရားရုပ်ကြွင်းကို ပြန်ပေးရုံမျှနှင့် အဆုံးသတ်သွားလိမ့်မည်ဟု ထင်နေသည်လား။ ထိုသို့ဆိုလျှင် သူ့အတွက် အလွန် လွယ်ကူနေလိမ့်မည်။

ရီဖူရှင်းက အသံတိတ်သွားသည်။ သူသည် နန်ဟိုင်မိသားစုခေါင်းဆောင်အား ကြည့်လိုက်ပြီး သူက သူတို့နှင့်အတူ လိုက်မည်ဟု ကတိပေးလိုက်ပါက အသက်ရှင်လျက် ပြန်ရောက်လာပါမည်လား။

ထိုလူများသည် သူ၏ နတ်ဘုရားရုပ်ကြွင်းအား နားလည်နိုင်သည့် လျှို့ဝှက်ချက်ကို သိချင်နေကြခြင်း ဖြစ်ပြီး သူ၏ လျှို့ဝှက်ချက်အား နှိုက်ထုတ်ရန် ကြိုးစားအားထုတ်ကြမည်မှာ သံသယဖြစ်ရန်ပင် မလိုပေ။ ထို့ကြောင့် ရီဖူရှင်းသာ သဘောတူလိုက်လျှင် သူက သေလုနီးပါးဖြစ်သွားရလိမ့်မည်မှာ သေချာပေသည်။

ထို့အပြင် သူက ထိုလူများထဲ မည်သူ့ကိုမှ ယုံကြည်ခြင်း မရှိပါချေ။

သို့သော် သူက သဘောမတူလျှင် သူတို့ ကိုယ်စားပြုနေသော ရှန်ချင်းနယ်မြေတစ်ခုလုံးမှ တန်ခိုးရှင်များ၏ ဆန္ဒကို ဆန့်ကျင်နိုင်ပါမည်လား။

သူက သူတို့၏ စိတ်ကို မပြောင်းနိုင်လျှင် ခုခံရုံသာ ရှိတော့ပေသည်။

“တောင်းဆိုချက်ကို မလိုက်လျောနိုင်တာ ကျေးဇူးပြုပြီး ခွင့်လွှတ်ပေးပါ။” ရီဖူရှင်းက ခေတ္တမျှ တိတ်ဆိတ်သွားပြီးနောက် ပြန်ဖြေလိုက်သည်။ သူ ပြောပြီးသွားသည်နှင့် ဖိနှိပ်ခံထားရသော လေဟာနယ်က ရုတ်တရက် ပို၍ ပြင်းထန်လာသည်။ လေးမျက်နှာကျေးရွာတစ်ခွင်ကို အလွန် အစွမ်းထက်သော ချုပ်ကိုင်ဖိနှိပ်နိုင်သည့် အရှိန်အဝါတို့က အတွင်းအပြင် လွှမ်းခြုံသွားပေသည်။

အဝေးမှ လေးမျက်နှာမြို့အတွင်း ရှိနေသော တန်ခိုးရှင်များသည် လေဟာနယ်ထဲမှ ကြောက်မက်ဖွယ် ကောင်းသည့် တန်ခိုးရှင်များကို မြင်သည့်အခါ သက်ပြင်းချလိုက်ကြသည်။ ၎င်းသည် နယ်မြေတစ်ခွင်လုံးမှ တန်ခိုးရှင်များက ဤနေရာ၌ စုစည်းလာပြီး ရီဖူရှင်းအား သူတို့ ရန်သူအဖြစ် ယူဆကာ ပူးပေါင်းတိုက်ခိုက်ရန် ကြိုးစားနေခြင်းဖြစ်သည်။ သူက ထိုသို့အင်အားမျိုးကို မည်ကဲ့သို့ ရင်ဆိုင်နိုင်ပါမည်နည်း။

“လူတိုင်းပဲ.. ကျုပ်တို့က နတ်ဘုရားရုပ်ကြွင်းကို တမင်သက်သက် ယူသွားခဲ့တာ မဟုတ်ဘူး။ အခု ခင်ဗျားတို့ကို ပြန်ပေးနေပြီပဲ။ ဒီလို လုပ်နေဖို့ မလိုပါဘူး။” အဘိုးမာက ရီဖူရှင်း၏ နောက်ဘက် မနီးမဝေး၌ ရပ်နေကာ လေဟာနယ်ထဲမှ တန်ခိုးရှင်များကို ကြည့်လိုက်သည်။

သူတို့အားလုံးက ရီဖူရှင်းကို ရင်ဆိုင်ရန် ရည်ရွယ်နေသည်လား။

ဤသည်မှာ အမြင့်ဆုံးသစ်ပင်က အမြဲ အရင်ဆုံး လေတိုက်ခံရသည်ဟု ပြောခြင်းမှာ ဤသည်ကို ဆိုလိုခြင်းဖြစ်နိုင်ပေသည်။

“ကျုပ်တို့က မင်းကို ကျုပ်တို့နဲ့အတူ နည်းနည်းပါးပါး စကားလာပြောဖို့ မေးရုံပါပဲ။ ဘာကို ဒီလောက် ကြောက်နေတာလဲ။” နန်ဟိုင်မိသားစုခေါင်းဆောင်က ပြောလိုက်သည်။

“ကျုပ်တို့ လေးမျက်နှာကျေးရွာက ဘယ်သူ့ကိုမှ လွယ်လွယ်လေး ခေါ်သွားလို့မရဘူး။” အဘိုးမာက ပြောလိုက်သည်။ သို့သော် ရှန်ချင်းနယ်မြေမှ ပုဂ္ဂိုလ်ကြီးများစွာနှင့် ရင်ဆိုင်ရသည့်အခါ ထိုအခြေအနေ၌ အဘိုးမာသည်ပင် အနည်းငယ် သိမ်နုပ်နေသလို ခံစားရပေသည်။ ဤကျင့်ကြံသူများထဲမှ မည်သူမဆို သူတို့ခေတ်တစ်ခါတွင် ထွန်းတောက်ကျော်ကြားခဲ့သူများ ဖြစ်ကြသည်။

သူတို့က အဘိုးမာ၏ စကားလုံးများကို ကြားသောအခါ အထင်အမြင်သေးမှုတို့ ပေါ်ပေါက်လာသည်။ သူတို့သည် သူ့ကို သာမန်ကာလျှံကာမျှ ကြည့်ကာ ပြောလိုက်သည်။ “လေးမျက်နှာကျေးရွာက ဝင်ရှုပ်မယ်ဆိုရင် နောက်ပိုင်း ကျုပ်တို့ကို အပြစ်မတင်နဲ့။”

ထို့နောက် သူက မေးလိုက်သည်။ “မင်းတို့ထဲက ဘယ်သူ သူ့ကို သွားခေါ်မှာလဲ။”

ထိပ်သီးပုဂ္ဂိုလ်များထဲက မည်သူကမှ ရီဖူရှင်းနှင့် တိုက်ခိုက်ရန် မလုပ်ချင်ကြပေ။ သူတို့ထက် ငယ်ရွယ်သော ဂျူနီယာတစ်ယောက်ကို ရင်ဆိုင်ရန် ကိုယ်တိုင် လှုပ်ရှားခြင်းက သူတို့အတွက် သိက္ခာကျစေပေလိမ့်မည်။ ထို့ကြောင့် သူတို့က ထိပ်သီးအင်အားစုများထဲရှိ လူငယ်မျိုးဆက်ထဲမှ တစ်ယောက်ယောက်က စတင်လှုပ်ရှားလာစေရန် အရိပ်အမြွက်ပေးလိုက်သည်။

သူ၏ အမေးကို အဖြေပေးသည့်အနေနှင့် တန်ခိုးရှင်များစွာသည် တစ်ချိန်တည်း ရှေ့တက်လာကြပြီး သူတို့အားလုံးက လက်ရှိ အစွမ်းထက်တန်ခိုးရှင်များ ဖြစ်ကြပေသည်။ သူတို့ကြားတွင် နတ်ဆိုးတိမ်လွှာကလန်မှ မော့ခယ်လည်း ပါဝင်သည်။ သူသည် မျက်မမြင်ထျယ်နှင့် တူညီစွာပင် ပြီးပြည့်စုံသော မဟာလမ်းစဥ်နှင့် အဆင့်ရှစ်တန်ခိုးရှင်တစ်ယောက် ​ဖြစ်ပေသည်။

မော့ခယ်က ရီဖူရှင်းအား ငုံ့ကြည့်ရင်း ​ပြောလိုက်သည်။ “နတ်ဘုရားရုပ်ကြွင်းကို ဝါးမြိုပြီး မင်း စွမ်းအားဘယ်လောက် ရရှိလိုက်လဲ ကျုပ်မသိဘူး။”

ထို့နောက် သူက လက်ကို မြှောက်ကာ ကောင်းကင်အောက်ဘက်သို့ ဆွဲဆုပ်ဟန် လုပ်လိုက်သည်။ ထိုကြောက်မက်ဖွယ် လက်ကြီးက နတ်ဆိုးလက်ဝါးကြီးသဖွယ်ပင် ဖြစ်သည်။ ၎င်းတွင် ကြောက်မက်ဖွယ် အနက်ရောင်ရွှေအလင်းများ ရောင်ပြန်ဟပ်နေကာ ရီဖူရှင်းထံ တိုးဝင်လာ၍ ဆွဲဆုပ်လိုက်သည်။

မျက်မမြင်ထျယ်နှင့် အခြားလူများက တစ်ချိန်တည်း လှုပ်ရှားလိုက်ကြသည်။ နတ်အလင်းများဖြင့် လွှမ်းခြုံခံထားရသည့် ကြောက်မက်ဖွယ် ရွှေရောင်တူတစ်လက်က ထွက်ပေါ်လာပြီး ၎င်းသည် နတ်ဆိုးလက်ဝါးကို ရင်ဆိုင်တိုက်ခိုက်လိုက်သည်။  ကြောက်မက်ဖွယ် မုန်တိုင်းတစ်ခုကဲ့သို့ ပြင်းထန်သည့် အသံများက နေရာတစ်ခွင်ကို ပျံ့နှံ့လာသည်။

တစ်ချိန်တည်းတွင် လေးမျက်နှာကျေးရွာမှ တန်ခိုးရှင်များက ရှေ့သို့ ထွက်လာပြီး ရီဖူရှင်း နောက်တွင် ရပ်လိုက်ကာ လေထဲမှ ပုံရိပ်အား ကြည့်လိုက်သည်။

နန်ဟိုင်မိသားစု၏ ကလန်ခေါင်းဆောင်က သူတို့ကို မြင်သည့်အခါ နှာခေါင်းရှုံ့လိုက်သည်။ လေးမျက်နှာကျေးရွာက ဝင်စွက်ဖက်ချင်နေသည်လား။

သို့ဆိုလျှင် ပို၍ ကောင်းပေလိမ့်မည်။

ဘုန်း...

ကြောက်မက်ဖွယ် အရှိန်အဝါက လေဟာနယ်ကို ထိုးဖောက်လာပြီး လွှမ်းမိုးနိုင်သော ပုံရိပ်များက လေထဲမှ တစ်ယောက်ပြီးတစ်ယောက် ရှေ့ထွက်လာကြသည်။ သူတို့ထဲတွင် မုယွင်လန်လည်း ပါဝင်သည်။ ဤတစ်ကြိမ်၌ သူ၏ ပြိုင်ဘက်များမှာ လေးမျက်နှာကျေးရွာမှ ကျင့်ကြံသူများ ဖြစ်သည်။ သူတို့သည် ယခင်က သူ၏ အသိအကျွမ်းများ ဖြစ်ခဲ့ဖူးသည်။

သူတို့ထံ အဘက်ဘက်မှ လာနေသည့် တန်ခိုးရှင်များကို ကြည့်ရင်း အဘိုးမာက သက်ပြင်းချလိုက်သည်။ နတ်ဘုရားရုပ်ကြွင်းအား ပြန်ပေးပြီးသော်လည်း သူတို့က ဤပြဿနာအား ကျေအေးလိုက်ရန် တွန့်ဆုတ်နေသေးသည်လား။

မည်သို့ပင်ဖြစ်စေ လေးမျက်နှာကျေးရွာက ရီဖူရှင်း၏ ကျေးဇူးကြွေးတင်နေသည်ဖြစ်ရာ မည်သူကမှ သူ့ကို ခေါ်ဆောင်သွားခွင့် မပြုနိုင်ပေ။

***

All Chapters