← Chapters

အခန်း (၁၂၂)

Vol. 13 Ch. 122

အခန်း (၁၂၂)

Vol. 13 Ch. 122

ကျန်းကျန်းက ဂဏန်းနဲ့ ပုစွန်အများကြီးယူလာခဲ့တယ်။ ဝမ်စုဖန်းက တချို့တစ်ဝက်လောက်ကို ပြုတ်လိုက်ပြီး ကျန်တာကိုတော့ ကျန်းကျန်းရဲ့ ညွှန်ကြားချက်အရ ပုစွန်အစပ်နဲ့ ဂဏန်းအစပ်တွေ ချက်ပြုတ်ခဲ့တယ်။

လွန်ခဲ့တဲ့နှစ်တွေတုန်းက လီမိသားစုမှာ ကဏန်းတွေကို ဖမ်းမိခဲ့မယ်ဆိုရင် ပေါင်းတာကလွဲပြီး တခြားဘယ်လို ချက်ပြုတ်နည်းတွေကိုမှ မလုပ်ခဲ့ဘူး။ သို့ပေမယ့် လွန်ခဲ့တဲ့ နှစ်နှစ်အတွင်းမှာ သူတို့ရဲ့ စားသောက်နည်းတွေက တဖြည်းဖြည်းနှင့် ပိုပိုပြီး တိုးတက်လာလာခဲ့တယ်။

အစားအသောက်တွေကို ပေါပေါများများ စားသောက်ရတာကို နှစ်သက်ရုံသာမကဘဲ ဆီတွေ၊ သကြားတွေ ထည့်ပြီးချက်ပြုတ်ရတဲ့ ထူးဆန်းတဲ့ ဟင်းချက်နည်းလမ်းတွေအကြောင်းကိုလည်း ပြောဆိုလာကြလေ့ရှိတယ်။ ဘယ်တစ်ခုမှာပဲဖြစ်ဖြစ် သူတို့ကိုယ်သူတို့ အတော်လေး အလိုလိုက်နေခဲ့ကြတာပဲ။

ခါတိုင်းလိုပဲ ညည်းညူပြောဆိုရင်းနဲ့ပဲ အခန်းထဲမှာ အစပ်နံ့တွေ မွှေးပျံ့လာခဲ့တယ်။ ဝမ်စုဖန်းက ကျန်းကျန်းကို အကူအညီမဲ့စွာ ကြည့်ပြီး ပြောလာတယ်။

“ဒီနွေရာသီမှာ အိုးထဲက ငရုတ်သီးမှုန့် တစ်ဝက်လောက်ကို မင်း သုံးလိုက်တာပဲ.. မင်းရဲ့ ပါးစပ်ထဲမှာ အပူဖုတွေ ထွက်လာမှာကို မကြောက်ဘူးလား!”

“အရသာဆိုတာက စပ်စပ်လေး၀ားရရင် အကောင်းဆုံးပဲလေ.. မဟုတ်ရင် ငရုတ်သီးတွေကို ဘာလုပ်ဖို့ ထားနေမှာလဲ.. စပ်တဲ့အစားအစာတွေကို စားတာက အစာစားချင်စိတ်ကို တိုးစေပြီး စိတ်ခံစားချက်ကိုလည်း ပိုပြီး ကောင်းမွန်စေတယ်”

ကျန်းကျန်းက အနောက်ဖက်ခန်းကိုလှမ်းကြည့်လိုက်ပြီး ဝမ်စုဖန်းရဲ့ လက်ကိုဆွဲကာ အောက်ဘက်ကို အသာငုံ့ခိုင်းရင်း တီးတိုးပြောလိုက်တယ်။

“အမေ၊ ကြည့်လိုက်လေ.. ဒုတိယအစ်ကိုသာ ဒီပုဇွန်အစပ်နဲ့ ကဏန်းအစပ်ကို စားလိုက်မယ်ဆိုရင် သူ သေချာပေါက် ပျော်သွားမှာပဲ”

“မင်းရဲ့ဒုတိယအစ်ကိုက မင်းလိုမျိုး အစားအသောက်ကို လောဘကြီးတယ်လို့ မင်းထင်နေတာလား”

ဝမ်စုဖန်းက သူမကို ဒေါသတကြီး ဟန်နဲ့ စိုက်ကြည့်လိုက်တော့ ကျန်းကျန်းက ပြုံးလိုက်ပြီး သူမကို မီးဖိုခန်းထဲသို့ ပြန်လည်တွန်းထုတ်လိုက်တယ်။

“အမေ၊ အိုးကိုပါ မြန်မြန်လေးသွားကြည့်လိုက်တော့.. ကဏန်းဟင်းကိုသေချာပေါက် အရသာကောင်းအောင် ချက်ရမယ်နော်! သမီး ဒုတိယအစ်ကို့ကို ညစာစားဖို့ သွားခေါ်လိုက်မယ်”

လီမင်ရှီက အနောက်ဘက်အိမ်ခန်းထဲမှာ ဘီဒိုကိုမှီပြီး ရေဒီယိုကို နားထောင်နေခဲ့တယ်။ ကျန်းကျန်း ဝင်လာချိန်မှာ သူက မျက်မှောင်ကို အနည်းငယ် ကြုံ့ထားပြီး ဝမ်းနည်းနေဟန်ရှိတယ်။

“ဒုတိယအစ်ကို.. အစ်ကို နားထောင်နေတဲ့ ရေဒီယိုက ညီမလေး နားထောင်တဲ့ အသံနဲ့ မတူဘူး.. ညီမလေးက အမြဲတမ်းပျော်စရာကောင်းတာတွေပဲ နားထောင်တာ ဟားဟား၊ ကြည့်လိုက်ဦး.. အစ်ကို့ရဲ့မျက်ခုံးမွှေးတွေက အောက်ဘက်တောင် ကုပ်နေပြီ”

“အခုဘာတွေဖြစ်နေတာလဲဆိုတာ မင်းနားမလည်ပါဘူး”

လီမင်ရှီက ကျန်းကျန်းကို တစ်ချက်စိုက်ကြည့်လိုက်ပြီး စကားမပြောချင်တော့တဲ့ အမူအရာမျိုး ဖြစ်နေခဲ့တယ်။

“ဘာလို့ နားမလည်ရမှာလဲ၊ ညီမလေးက ရေဒီယိုကို တစ်နေ့လုံး နားထောင်နေတာ.. အစ်ကိုထက် အများကြီး ပိုသိတယ်”

ကျန်းကျန်းက ခန်ပေါ်ကို တက်လိုက်ပြီး လီမင်ရှီနှင့် တူညီတဲ့ ကိုယ်ဟန်အနေအထားအတိုင်း ထိုင်လိုက်တယ်။

“ဒုတိယ အစ်ကို၊ အခုက အပြင်ဘက်မှာ နည်းနည်းလောက်ရှုပ်ထွေးနေတယ်၊ ညီမလေး ခန့်မှန်းရရင် ဒီလိုကိစ္စတွေက ကိုးနှစ်၊ ဆယ်နှစ်လောက်အထိ မပြီးပြတ်နိုင်လောက်သေးဘူး.. ကောလိပ်ဝင်ခွင့် စာမေးပွဲကိုလည်း ဖျက်သိမ်းတော့မယ်၊ ဒီနှစ်အစပိုင်းလောက်ကစပြီး ကောလိပ်ကျောင်းသားတွေက အနာဂတ်မှာ နာမည်ကြီးလာတော့မဟုတ်လောက်တော့ဘူး”

လီမင်ရှီက ပြုံးလိုက်ပြီး ကျန်းကျန်းရဲ့ခေါင်းကို ပွတ်သပ်ပေးလိုက်တယ်။

“ငါတို့ရဲ့ အကြီးဆုံးညီမလေးက အသက် အရမ်းမကြီးပေးမဲ့.. အများကြီးသိတာပေါ့”

“မှန်တာပေါ့.. ညီမလေးက လူတွေကိုနားလည်တယ်”

ကျန်းကျန်းက ပျော်ရွှင်စွာ ရယ်မောလိုက်ပြီး လီမင်ရှီကို ခန်ပိါ်မှ ဆွဲချလိုက်တယ်။

“ကောင်းပြီ၊ ရေဒီယို နားထောင်တာကို ရပ်လိုက်ပြီး မြန်မြန်သွားစားရအောင်။ အပြင်မှာ ဟင်းနံ့တွေ မွှေးနေတာ အနံ့မရဘူးလား”

“ဘာလို့ အနံ့မရရမှာလဲ တစ်အိမ်လုံးက အစပ်နံ့တွေပြည့်နေတာ.. မင်းက အရူးမလေးလား”

လီမင်ရှီက ကျန်းကျန်းရဲ့ ခေါင်းကို ခေါက်လိုက်ပြီး ရယ်ချင်နေတဲ့ အကြည့်ဖြင့် သူမကို ကြည့်ကာ ပြောလာတယ်။

“မင်းအပြင် ငါတို့အိမ်မှာ ဒီလိုအရသာမျိုးချက်အောင်လုပ်နိုင်တဲ့သူမရှိဘူး”

ကျန်းကျန်း စကားပြောခါနီးမှာပဲ ပြတင်းပေါက်ကနေတဆင့် လီမင်တုန်က ကျောပိုးအိတ်ကို ကျောမှာပိုးပြီး အပြင်ကနေ ဝင်လာတာကို တွေ့လိုက်ရတယ်။

“အစ်ကိုကြီး ပြန်ရောက်လာပြီ.. သူက အရမ်းကံကောင်းတာပဲ.. ညီမတို့မိသားစုက နေ့လယ်စာ ကောင်းကောင်းချက်ထားတာကို သူသိနေတာဖြစ်မယ်”

လီမင်ရှီရဲ့ မျက်နှာအမူအရာတွေကလည်း ပြောင်းလဲသွားခဲ့ပြီး ပြုံးရွှင်သွားခဲ့ကာ အပြင်သို့ အလျှင်အမြန် ပြေးထွက်သွားခဲ့ပြီး ပစ္စည်းတွေကို ကူသယ်ပေးခဲ့တယ်။

လီမင်တုန် ရေဇလုံထဲကို ရေတွေလောင်းထည့်လိုက်ပြီး သူ့ရဲ့မျက်နှာပေါ်မှ ချွေးတွေကို ဆေးကြောလိုက်တယ်။ ထို့နောက် ဘေးနားမှာရပ်ကာ စပ်စုနေတဲ့ အသားမုန့်လုံးကို ပွေ့ချီပြီး မေးလိုက်တယ်။

“မင်း အဖေ့ကို မှတ်မိနေသေးလား.. အဖေ့ကို လွမ်းနေသေးလား”

အသားမုန့်လုံးက တခစ်ခစ်ရယ်မောနေခဲ့တာကြောင့် လီမင်တုန်က ပြုံးလိုက်ပြီး သူ့ရဲ့ မျက်နှာလေးကို နမ်းလိုက်ပြီး မေးလိုက်တယ်။

“မင်းရဲ့အမေရော ဘယ်မှာလဲ”

“အမေက ပဲမုန့်လုံးရဲ့ သေးခံကို ပြေးပေးနေတယ်”

အသားမုန့်လုံးက ပြန်ဖြေလိုက်ပြီး အိနောက်ဖက်အိမ်ဆီကို ပြေးသွားခဲ့တယ် ။

“သား အမေကို သွားခေါ်လိုက်မယ်”

ဟိုးအစပိုင်းမှာကတည်းက လီမင်တုန်က တက္ကသိုလ်ဆရာတစ်ယောက်အဖြစ်နဲ့ တက္ကသိုလ်ကို သွားခဲ့ပြီး ဒါက ပထမဆုံးအကြိမ်အဖြစ်နဲ့ အိမ်ကို ပြန်ရောက်လာခဲ့တာပဲ။ ဒါကြောင့် မဒမ်လီက သူ့ကိုကျောင်းမှာ ဘယ်လိုနေလဲဆိုကို မေးမြန်းချင်ခဲ့တယ်။

သို့ပေမယ့် လီမင်တုန်ရဲ့ ညိုမည်းနေတဲ့အသားအရည်တို့နှင့် ကြမ်းတမ်းလွန်းနေတဲ့ လက်ဖဝါးတွေကို မြင်တွေ့လိုက်ရချိန်မှာ သူမရဲ့ မျက်နှာပေါ်မှ အပြုံးက ချက်ချင်းပဲ လျော့ပါးသွားကာ ညည်းတွားလာနေတုန်းပဲ။

“အခုမှ တစ်နှစ်ခွဲလောက်ပဲရှိသေးတာကို ဒီလိုတွေဖြစ်သွားပြီ၊ မင်းက စာသွားသင်နေတဲ့ပုံမပေါ်ပဲ အလုပ်ကြမ်းတွေ သွားလုပ်နေရသလိုပဲ”

ညစာစားချိန်မှာတော့ ကျန်းကျန်းက ငရုတ်သီးအနီအနှစ်တွေနဲ့ ဖုံးအုပ်ထားတဲ့ ကဏန်းအစပ်တစ်ကောင်ကိုယူပြီး လီမင်ရှီဆီကို ထည့်ပေးလိုက်တယ်။

“ဒုတိယအစ်ကို.. ဒါကို စမ်းစားကြည့်မလား”

လီမင်ပေက ကျန်းကျန်းကိုကြည့်ပြီး အလိုမကျစွာနဲ့ ပြောလာတယ်။

“ ဒီအစ်ကိုက မင်းကို အိမ်မှာ တစ်နေကုန် ကူပြီးကစားပေးနေခဲ့တာကို.. မင်းက မင်းရဲ့ဒုတိယ အစ်ကို ပြန်လာတာနဲ့ ငါ့ကို မေ့သွားခဲ့ပြီပေါ့လေ.. မင်းမှာ အသိတရားမရှိဘူးပဲ”

ကျန်းကျန်းက ပုဇွန်အစပ်တစ်ကောင်ကို တူနဲ့ကောက်ယူလိုက်ပြီး သူ့ရဲ့ပါးစပ်ထဲသို့ တိုက်ရိုက်ထည့်ပေးလိုက်တယ်။ အခုတော့ နားရွက်တွေက လုံးဝရှင်းလင်းသွားခဲ့ပြီ။

အစပ်ဟင်းက လူတွေကို အမှန်တကယ်ပျော်ရွှင်စေနိုင်ပုံရတယ်။ လီမင်ရှီက ဂဏန်းတစ်ဝက်လောက်ကို စားပြီးတဲ့နောက်မှာ သူ့ရဲ့မျက်နှာမှာ အပြုံးတစ်ခု ပေါ်လာခဲ့တယ်။

ကဏန်း တစ်လုံးကုန်အောင်စားပြီးနောက်မှာတော့ သူ့ရဲ့ ပန်းကန်လုံးထဲသို့ အဆီများပြားပုံရတဲ့ နောက်ထပ်ကဏန်းကြီးတစ်လုံးကို ထပ်ထည့်ကာ အားရပါးရစားတော့တယ်။

လီမိသားစုက ထမင်းစားသောက်ပြီးနောက် မဒမ်လီက တစ်ရေးတစ်မောသွားအိပ်တဲ့အချိန်မှာ ညီအစ်ကိုတွေက အနောက်ဘက်အိမ်ဆီကိုဝင်သွားကြပြီး တိုးတိုးကြိတ်ကြိတ်နဲ့ စကားပြောကြတယ်။

လီမင်ရှီက သူ့ရဲ့အစ်ကိုဖြစ်သူကို အသံတိုးတိုးနဲ့ မေးလိုက်တယ်။

“အခုတော့ နေရာတော်တော်များများမှာ ဆရာတွေက ချီတက်ဆန္ဒပြတဲ့အထဲမှာ ရောနှောပါဝင်နေပြီးပြုပြင်မွမ်းမံဖို့ ဆွဲသွင်းခံနေကြရတယ်.. အစ်ကိုကြီးဘက်မှာ အခြေအနေတွေ ဘာထူးသေးလဲ”

လီမင်တုန်က ခေါင်းကိုခါရမ်းလိုက်ပြီး ပြောလာတယ်။

“ငါ အခု စကားပြောတာနဲ့ အပြုအမူတွေကို သတိထားပြီး နေရတယ်.. အတန်းချိန်တွေမှာလည်း စာသင်တာကလွဲပြီး တခြားစကားတွေ အများကြီး မပြောနိုင်ဘူး.. အန်းပေက ပေရှားထက်တော့ပိုပြီး နီးစပ်တယ်.. ဒါပေမယ့် နီးစပ်တာကလည်း အားသာချက်တွေရှိတယ်လေ.. နောက်ပြီး အဲဒီက ကျောင်းသားတွေက သိပ်ပြီး ကလန်ကဆန်မလုပ်ကြဘူး.. ဆန့်ကျင်ရေး စာတွေ ကပ်တာကလွဲရင် ရန်လိုတာမျိုးတွေတော့ မရှိဘူး”

လီမင်ရှီက သက်ပြင်းချရင်း ပြန်ပြောခဲ့တယ်။

“အချိန်ခဏတာလောက် တော့ အဆင်ပြေဦးမှာပါ၊ ဒါပေမယ့် ရေဒီယိုထဲက ထုတ်လွှင်မှုတွေက ပျံ့နှံ့လာရင်၊ လှုပ်ရှားမှုတွေကလည်း ပိုပြီး တိုးလာမှာပဲ.. ဒါဆို မကြာခင်မှာ အဲဒီမီးက မင်းအပေါ်ကိုပါ လောင်ကျွမ်းလာနိုင်တယ်.. အစ်ကို တစ်ခုခုဖြစ်လာရင် မင်း ဘယ်လိုနည်းလမ်းနဲ့ ထွက်လာဖို့ တွေးထားလဲ”

လီမင်တုန်က ခါးသက်စွာ ပြုံးလိုက်ပြီး ခေါင်းကိုခါရမ်းလာတယ်။

“ဘယ်လိုပဲဖြစ်ဖြစ်၊ ငါ့အတွက်တော့ စောင့်နေဖို့ နည်းလမ်းတစ်ခုပဲ ရှိတော့တယ်”

လီမင်တုန်က စီးကရက်ဘူးထဲက စီးကရက်တစ်လိပ်ကို ထုတ်ယူပြီး ပါးစပ်ထဲသို့ ထည့်လိုက်ကာ နိုင်ငံခြားမီးကို ကိုင်ထားရင်း မီးညှိလိုက်ပေမဲ့ မီးတောက်အောင် မလုပ်နိုင်ခဲ့ဘူး။ လီမင်ရှီက သက်ပြင်းချလိုက်ပြီး နိုင်ငံခြားမီးခြစ်ကို ယူလိုက်ကာ စီးကရက်ကိုမီးညှိပေးလိုက်တယ်။

စီးကရက်ကိုနှစ်ဖွာလောက်သောက်ပြီးနောက် လီမင်တုန်က သူ့ရဲ့ညီလေးသုံးယောက်ကို စိုက်ကြည့်ပြီး ပြောလာခဲ့တယ်။

“မင်းတို့ကို အမှန်တိုင်းပြောရရင် ဒါက ကျောင်းအုပ်ကြီးရဲ့ အထူးအတည်ပြုထားတဲ့ အတုပဲ...”

လီမင်တုန်က သူ့ရဲ့စကားကို ဆုံးအောင် မပြောခဲ့သေးပေမယ့် သူ ဘာကို ဆိုလိုတာလဲဆိုတာကို လူတိုင်းနားလည်လိုက်ကြတယ်။ မိသားစု ပြန်လည်ဆုံဆည်းတာပဲဖြစ်ဖြစ် ၊ အိမ်ကို အလည်အပတ်ပြန်တာပဲဖြစ်ဖြစ် ဒါက မကြာခင်မှာ ဝေဖန်/ တိုက်ခိုက်ခြင်းကို ခံရဖို့အတွက် နှုတ်ဆက်တဲ့အချိန်လို့ သတ်မှတ်ရလိမ့်မယ်။

“ငါတို့က နီရဲပြီး ပူလောင်နေတဲ့ ပျိုးပင်တွေဖြစ်နေပြီ.. ဆင်းရဲတဲ့ တောင်သူလယ်သမား မျိုးဆက်သုံးဆက်ကို ဝေဖန်/တိုက်ခိုက်တာတွေ မပြုလာနိုင်လောက်ပေမယ့် အလုပ်သမားအဖြစ်နဲ့ ပြုပြင်ပြောင်းလဲရေးမှာ ဆွဲခေါ်သွားခံရနိုင်ချေရှိတယ်.. အန်းပေရဲ့ လယ်ယာမြေတွေထဲကို လွန်ခဲ့တဲ့ ရက်အနည်းငယ်လောက်က တက္ကသိုလ် ဆရာတွေနဲ့ ကျောင်းအုပ်ကြီးတွေ ခေါ်ယူခံလိုက်ရတယ်”

လီမင်တုန်က စီးကရက်တစ်ဖွာ ထပ်သောက်ပြီး ဆက်ပြောခဲ့တယ်။

“တကယ်တော့ ငါတို့ကျောင်းအုပ်ကြီးက တိတ်တိတ်လေး သွားပြီးစုံစမ်းမေးမြန်းထားတယ်.. အဲဒီ အပို့ခံလိုက်ရတဲ့ ဆရာတွေက လယ်ယာမြေထဲမှာ ဒါမှမဟုတ် အလုပ်ကြမ်းတစ်ခုခုကို လုပ်နေရတာတဲ့.. ဒါက ငါ့ရဲ့မေဂျာပဲလေ.. ငါအများကြီး လေ့ကျင့်ပြီးလုပ်ရုံပါပဲ.. ဘာအန္တရာယ်မှ မရှိဘူး.. ဒါပေမယ့် ငါဝင်သွားရင် ဘယ်အချိန်မှ ပြန်ထွက်လာနိုင်မလဲဆိုတာကို မသိရုံပဲ”

လီမင်တုန် ထိုစကားကို ပြောပြီးတာနဲ့ ပြတင်းပေါက်ကနေ ငိုရှိုက်သံတွေ ထွက်လာခဲ့တယ်။

လီမင်တုန်က စီးကရက်ကို အလျင်အမြန်ငြိမ်းသတ်လိုက်ပြီး ပြတင်းပေါက်နားကို သွားကာ ဖွင့်ဟပြီး ကြည့်လိုက်တော့ ကွေ့ဟွားကးရဲ့ နီရဲနေတဲ့ မျက်လုံးတွေကို တွေ့လိုက်ရတယ်။

“ဆရာတစ်ယောက် သွားလုပ်နေတာကို ဘာလို့ အခုလို ဖြစ်လာရတာလဲ.. ရှင် ဘာလို့ အလုပ်သမားတစ်ယောက်အဖြစ် ပြုပြင်ပြောင်းလဲရမှာလဲ..

ကျွန်မတို့တွေက သူများတွေကို ထိခိုက်အောင်လည်း ဘာမှ မလုပ်ခဲ့ဘူးလေ.. ကျွန်မရဲ့ နောက်ခံက ရှင့်အတွက် ဆိုးရွားသွားခဲ့စေတာလား .. ဒါမှမဟုတ် ကျွမ်မတို့ကွာရှင်းလိုက်ရင်ရော.. ကျွန်မ သူတို့ကို ရှင်က ကျွန်မနဲ့ ဘာမှ မပတ်သက်ဘူးလို့ ပြောလိုက်မယ်လေ”

လီမင်တုန် ကူကယ်ရာမဲ့စွာနဲ့ ပြတင်းပေါက်မှလက်လှမ်းကာ သူမရဲ့မျက်ရည်တွေကိုသုတ်ပေးလိုက်တယ်။

“ဒါက မင်းနဲ့ ဘာမှ မဆိုင်ပါဘူးကွာ”

**

All Chapters