အခန်း (၁၂၃)
Vol. 13 Ch. 123
ကွေ့ဟွားရဲ့ အော်ငိုသံက အတော်လေး ကျယ်လောင်ပြီး အလျှင်စလိုဖြစ်နေခဲ့တာကြောင့် မဒမ်လီက ခန်ပေါ်မှ ထလာခဲ့သလို ဝမ်စုဖန်းကလည်း ဥယျာဥ်ထဲမှ ပြေးလာခဲ့တယ်။
ဝမ်စုဖန်းက ကွေ့ဟွားရဲ့လက်မောင်းကို အလျှင်အမြန်ဆွဲကာ စိတ်ပူပန်စွာမေးခဲ့တယ်။
“ဘာဖြစ်လို့လဲ.. ဘာလို့ငိုတာလဲ”
“အမေ .. အစ်ကိုမင်တုန်က ဆရာတွေအားလုံး အလုပ်သမားအဖြစ် ပြုပြင်ပြောင်းလဲခံရလိမ့်မယ်လို့ပြောတယ်”
ကွေ့ဟွားက အသက်ရှူရပ်လုမတတ်ငိုနေခဲ့တယ်။ မဒမ်လီက လမ်းတစ်ဝက်လောက်အထိ လျှောက်ပြီးနောက် ထိုစကားကို ကြားလိုက်ရပြီး အေးခဲသွားခဲ့တယ်။
သူမက လီမင်တုန် အလုပ်ခန့်အပ်ခံထားခဲ့ရစဥ်တုန်းက ကျန်းကျန်းပြောခဲ့တဲ့ စကားကိုချက်ချင်း တွေးမိသွားခဲ့တယ်။ ဒါကြောင့် ချက်ချင်းပဲ နောက်ပြန်လှည့်ကာ အရှေ့ဘက်အခန်းသို့ပြန်သွားခဲ့တော့တယ်။
ကျန်းကျန်းက မနက်ခင်းတစ်ခုလုံး အလုပ်များနေခဲ့ပြီး မွန်းတည့်ချိန်မှာတော့ ထမင်းစားပြီးတာနဲ့ ခေါင်းအုံးပေါ်မှာ အိပ်ပျော်သွားကာ နိုးလာခြင်းမရှိသေးဘူး။
မဒမ်လီက သူမရဲ့ တင်ပါးကို အသာပုတ်လိုက်ပြီး သူမရဲ့မျက်လုံးတွေ ပွင့်လာခဲ့ချိန်မှာ အလျှင်စလိုနဲ့ မေးမြန်းခဲ့တယ်။
“ပေါင်ပေ့.. ပထမတုန်းက မင်းရဲ့ အစ်ကိုကြီး ဆရာတစ်ယောက်ဖြစ်တော့မယ်ဆိုတော့ မင်းရဲ့နှလုံးသားထဲမှာ တစ်ခုခုဖြစ်တော့မယ်လို့ ခံစားခဲ့ရတယ်ဆို”
ကျန်းကျန်းက ထိုစကားကိုကြားတော့ မျက်နှာအမူအရာပြောင်းလဲသွားခဲ့တယ်။
“အစ်ကိုကြီးက အလုပ်သမားအဖြစ် ပြောင်းလဲခံလိုက်ရတာလား “
“မင်းဘယ်လိုသိနိုင်တာလဲ”
မဒမ်လီလျင်မြန်စွာမေးလာတယ်။
ကျန်းကျန်းက ဗီရိုပေါ်မှ ရေဒီယိုကိုညွှန်ပြလိုက်တယ်။
“အခု နေရာတော်တော်များများမှာအဓိကရုဏ်းတွေ အများကြီးရှိတယ်ဆိုတာ နေရာတိုင်းကနေ ကြေညာနေတာပဲလေ”
“ မင်းက ဒီလောက်ပြောခဲ့တာတောင် ငါ ဘယ်လိုလုပ်ပြီး ဂရုမစိုက်မိခဲ့တာလဲ.. ဒီလိုဖြစ်မယ်ဆိုတာသိခဲ့ရင် ငါ သူကို ကောလိပ်ကို မသွားခိုင်းခဲ့ပါဘူး.. ငါ သူ့ကို အပြစ်လုပ်မိတာပဲ”
မဒမ်လီက ပြောရင်းနဲ့ ငိုကြွေးလာခဲ့တယ်။ ကျန်းကျန်းအနေနဲ့ မွေးဖွားလာပြီးကတည်းက မဒမ်လီအပေါ်ထင်မြင်ချက်မှာ အလွန်သန်မာတဲ့ အမျိုးသမီးဖြစ်ပြီး အမြဲတမ်းပြင်းထန်တဲ့စိတ်သဘောထားရှိတယ်။ သူမ အခုလို ဝမ်းပမ်းတနည်းငိုကြွေးလာတာကို ကျန်းကျန်း ပထမဆုံးမြင်ဖူးတာပဲ။
“အဖွား စိတ်မပူပါနဲ့, ဒါကအဲလောက်ထိ မဆိုးပါဘူး”
ကျန်းကျန်းက သူမရဲ့လက်ကိုင်ပဝါကို ထုတ်ယူပြီး မဒမ်လီရဲ့မျက်ရည်တွေကို သုတ်ပေးလိုက်တယ်။
မဒမ်လီက ကျန်းကျန်းရဲ့ စကားကိုကြားတော့ သူမရဲ့လက်ကိုဆွဲပြီး အားကိုးတကြီးဟန်နှင့် မေးလာတယ်။
“ပေါင်ပေ့ အဖွားကို ပြောပါဦး.. ဘာလို့ မဆိုးတာလဲ”
ကျန်းကျန်း ခဏလောက်စဉ်းစားပြီး ပြောလိုက်တယ်။
“အဖွားလည်း အစ်ကိုရဲ့ အဓိက မေဂျာက စိုက်ပျိုးရေးကိုအထူးပြုထားတာဆိုတာကို သိတယ်မလား.. ရှင်းရှင်းပြောရရင် အဲဒီမေဂျာက ကောက်ပဲသီးနှံတွေ ပိုမိုများပြားလာဖို့ ဘယ်လိုစိုက်ပျိုးရမလဲဆိုတာကို သင်ပေးတာပဲ..
သမီးတို့ တိုင်းပြည်မှာ လူတွေအများကြီးရှိတယ်.. အစားအစာအလုံအလောက်မရှိတဲ့ကိစ္စက လူတွေအတွက်ရော၊ တိုင်းပြည်အတွက်ပါ အရမ်းအရေးကြီးမှာပဲ..
လွန်ခဲ့တဲ့ နှစ်နှစ်အတွင်း စိုက်ပျိုးရေးကောလိပ်တွေကနေ ဘွဲ့ရခဲ့တဲ့ ကောလိပ်ကျောင်းသားတွေက ရာဂဏန်းလောက်ပဲရှိတယ်.. သူတို့တွေကလည်း ဆိုင်ရာဆိုင်ရာနေရာတွေကို စေလွှတ်ခံလိုက်ရကြတယ်လေ..
အန်းပေလိုမျိုး ကောလိပ်က ကြီးမားပြီး လေးနက်ပေမဲ့ အစ်ကိုကြီးကပဲ စိုက်ပျိုးရေးကောလိပ်ကနေ ဘွဲ့ရခဲ့တဲ့ တစ်ယောက်တည်းသောလူပဲ..
ဒီတော့ သူတို့တွေ အစ်ကိုကြီးကို အလုပ်ကြမ်းခိုင်းဖို့အတွက် ဖြုန်းတီးလိုက်မယ်လို့ ထင်လား.. သမီးထင်တာတော့ သူတို့က အစ်ကိုကြီးရဲ့နောက်ကိုလိုက်ပြီး သင်ယူကြလိမ့်မယ်”
ကျန်းကျန်းရ်် ခွဲခြမ်းစိတ်ဖြာမှုကိုနားထောင်ပြီးနောက် မဒမ်လီရဲ့နှလုံးသားက အနည်းငယ်လောက်အေးဆေးသွားသလို ခံစားခဲ့ရတယ်။
သို့ပေမယ့် လီမင်တုန်က အတွင်းထဲမှာ ပိတ်မိနေပြီး ဘယ်အချိန်လောက်မှာမှ ပြန်ထွက်လာနိုင်မလဲဆိုတာကို မသိဖြစ်နေခဲ့တာကို ပြန်တွေးမိပြီး ခံစားချက်က ကောင်းမွန်ခြင်းမရှိသေးဘူး။
ကျန်းကျန်း အလျှင်အမြန်ပြောလိုက်တယ်။
“အခုက ကျောင်းတွေအားလုံး ပိတ်ထားကြပေမယ့် အချိန်ကြာရှည်မှာတော့ မဟုတ်ပါဘူး.. အလွန်ဆုံး အစ်ကိုကြီးက တစ်နှစ်လောက်အတွင်း ပြန်ထွက်လာနိုင်ပြီး ဆရာအဖြစ် ပြန်လုပ်နိုင်မှာပါ”
“တကယ်လား”
မဒမ်လီက စိတ်မဖြောင့်နိုင်သေးဘူး
ကျန်းကျန်း ခေါင်းကို အလျှင်အမြန်ညိတ်လိုက်ပြီး သူမရဲ့ ရင်ဘတ်ကို ပုတ်ကာ အလွန် ယုံကြည်ချက်ရှိစွာပြောလိုက်တယ်။
“သေချာပါတယ်”
တခြားလူတွေက ပြောတာဆိုရင် မဒမ်လီက မယုံနိုင်လောက်ဘူးဆိုပေမဲ့ တစ်ဖက်မှ ပြောနေတာက ကျန်းကျန်းဖြစ်နေတာကြောင့် မဒမ်လီတစ်ယောက် လုံးဝစိတ်သက်သာရာရသွားခဲ့တယ်။
ဒါက မသေမျိုးတွေရဲ့ စွမ်းရည်ဖြစ်ကြောင်း ထည့်ပြောစရာတောင်မလိုဘူး။ သူမရဲ့ပင်ကိုယ်သိစိတ်ဆိုရင်တောင် တခြားလူတွေထက် ပိုတိကျတယ်။
လီမင်တုန် ဘွဲ့ရပြီးတာဝန်ပေးအပ်ခံရစဥ်တုန်းက ကျန်းကျန်းက မကောင်းကြောင်းပြောခဲ့ပေမဲ့ သူမကသာ ဆက်မပြောခိုင်းခဲ့တဲ့လူပဲ။
မဒမ်လီက ခန်ပေါ်မှ အမြန်ဆင်းလိုက်တယ်။
“မင်တုန်ကို သွားပြောလိုက်ဦးမယ်”
ကျန်းကျန်း အလျှင်အမြန် လှမ်းအော်လိုက်တယ်။
“သမီးပြောတာလို့ မပြောနဲ့နော်”
မဒမ်လီက ကျန်းကျန်းကို ခန်ပေါ်သို့ ပြန်လှဲခိုင်းလိုက်တယ်။
“စိတ်မပူပါနဲ့,.. မင်းရဲ့အဖွားက တုံးအနေတာ မဟုတ်ဘူး”
ကျန်းကျန်းကို ပြန်ပြောခဲ့ပြီးနောက် မဒမ်လီက သူမရဲ့ ခြေထောက်တိုတိုလေးတွေနှင့် ဘေးခန်းဆီသို့ အလျှင်အမြန်ပြေးသွားခဲ့တယ်။
ထို့နောက် ကိစ္စတွေကို အတွင်းအပြင် မေးမြန်းပြီးနောက် ကျန်းကျန်းဆီက အခုလေးတင်ကြားခဲ့ရတဲ့ စကားတွေကို သူမ ပြောသလိုမျိုး ပြန်ပြင်ပြီး ပြောခဲ့တယ်။
လီမင်ရှီက မဒမ်လီကို အံ့အားသင့်စွာကြည့်ပြီး ရေရွက်လာတယ်။
“အဖွား..အဖွားဒါတွေကို ဘယ်လိုလုပ်ပြီး ခွဲခြမ်းစိတ်ဖြာတတ်နေတာလဲ.. အဖွားက တစ်နေကုန် “အနောက်အရပ်သို့ ခရီးသွားခြင်း”ဆိုတဲ့အစီအစဉ်ကိုပဲ နားထောင်နေတာ မဟုတ်ဘူးလား”
“အခု အဲဒီအစီအစဉ်က မထုတ်လွှင့်တော့ဘူး”
မဒမ်လီက ဆေးတံကို ခေါက်ပြီး ဆေးရွက်ကြီးတွေကို ဆေးအိုးထဲသို့ ထည့်လိုက်တယ်။
“ငါအခု သတင်းတွေကို နားထောင်နေတာ.. မင်တုန် အဖွားပြောတာကိုနားထောင်.. မင်း တကယ်ပဲ ပြုပြင်ပြောင်းလဲရေးထဲမှာ ပါဝင်သွားရမယ်ဆိုရင်လည်း မကြောက်နဲ့.. မင်း တစ်နှစ်အတွင်းမှာ ထွက်လာနိုင်လိမ့်မယ်”
မဒမ်လီက သူမရဲ့ရင်ဘတ်ကို လက်နဲ့သုံးကြိမ်ပုတ်လိုက်တယ်။
“အဖွား သေချာပေါက် ကတိပေးတယ်”
လီမူဝူနှင့် ဝမ်စုဖန်းတို့က မဒမ်လီနှက့်အတူ တစ်သက်တာလုံး နေထိုင်ခဲ့ကြတယ်။ မဒမ်လီရဲ့ပြင်းထန်တဲ့စိတ်သဘောထားနှင့် သန်စွမ်းတဲ့ပုံစံက လီမိသားစုအတွက် စိတ်ဝိဥာဥ်အထောက်အပံ့ဖြစ်လာခဲ့တယ်။
လက်ရှိ မဒမ်လီက သူမရဲ့ ရင်ဘတ်ပုတ်ပြိး ကိစ္စတွေက အဆင်ပြေသွားမှာဖြစ်ကြောင်း အသေအချာပြောနေတာကိုမြင်တော့ ဝမ်စုဖန်းတစ်ယောက် ချက်ချင်းပဲ ပျော်ရွှင်သွားခဲ့ပြီး သူမရဲ့မျက်ရည်တွေကိုသုတ်လိုက်တယ်။
ထို့နောက် လီမင်တုန်နှင့် ကွေ့ဟွားတို့ကိုပွေ့ဖက်လိုက်တယ်။
“အိုး ကောင်းလိုက်တာ.. ဒါပေမယ့် ဒါက ကျွန်မကို သေလောက်အောင် ကြောက်လန့်သွားစေတာပဲ.. ကွေ့ဟွား.. မငိုနဲ့တော့ မင်းရဲ့အဖွားက အဆင်ပြေလိမ့်မယ်လို့ ပြောမှတော့ အဆင်ပြေသွားမှာပါ.. မင်း ကလေးနှစ်ယောက်နှင့် အကြာကြီး တောင့်ခံနေစရာမလိုဘူး.. တစ်နှစ်ဆိုတဲ့အချိန်က ကလေးတွေငိုတာကိုချော့ရင်း ၊ သူတို့ရဲ့ သေးခံတွေကိုလျှော်ရင်း ပြီးသွားလိမ့်မယ်”
လီမင်တုန် အနေနဲ့ အစောပိုင်းတုန်းက လီမိသားစုရဲ့ အကြီးတွေက ဒီရှုထောင့်ကို နားမလည်နိုင်လောက်ဘူးလို့ ခံစားခဲ့ရပြီး သူတို့ရဲ့နောက်ကွယ်မှာသာပြောဖို့ ရွေးချယ်ခဲ့တယ်။
ဒါပေမယ့် မဒမ်လီက နှာခေါင်းနှင့်မျက်လုံးကို ကွဲပြားစွာမြင်နိုင်တဲ့အပြင် ဒီကိစ္စနဲ့ပတ်သက်ပြီး ပညာရှိစွာ ခွဲခြမ်းစိတ်ဖြာခဲ့တယ်။ ဒါကြောင့် လူတိုင်းရဲ့စိတ်နှလုံးကလည်း သက်သာရာရသွားတာကိုတွေ့ခဲ့ရတာကြောင့် သူ အဖွားဖြစ်သူအပေါ် အလွန်အထင်ကြီးသွားခဲ့ရတယ်။
ကွေ့ဟွားက လီမင်တုန်ရဲ့ လက်ကိုဆုတ်ကိုင်ပြီး ငိုနေဆဲဆိုတာကိုမြင်တော့ မဒမ်လီက ဆေးတံကို နှစ်ကြိမ်လောက်ဖွာရှိုက်လိုက်တယ်။
“မင်းက မင်တုန်အတွက် စိတ်ဆင်းရဲနေတုန်းပဲဆိုတာ ငါသိတယ်.. ဒါပေမယ့် မင်း အန်းပေကို လိုက်သွားလို့ မရသေးဘူး”
မဒမ်လီက ကွေ့ဟွားရဲ့ ငြင်းဆန်လိုမှုကို မြင်တော့ သူမရဲ့ ပုခုံးကိုဆုတ်ကိုင်ရင်း ခိုင်မြဲစွာ ပြောလိုက်တယ်။
“မင်းရဲ့အဖွား ပြောတာကို နားထောင်.. မင်းရဲ့ အခြေအနေက သိပ်ပြီး ကောင်းတာမဟုတ်ဘူး.. ငါတို့ရဲ့ပေရှားမှာ လယ်တောအိမ်ထဲကဇနီးသည်အတွက် ဘယ်သူကမှ အရေးအရာလုပ်ပြီး ရောက်လာမှာမဟုတ်ဘူး.. တကယ်လို့ အနီးအနားကလူတွေ လာခဲ့ရင်လည်း ငါက သူတို့ကို ခွင့်လွှတ်မှာမဟုတ်ဘူး.. ဒါပေမယ့် အန်းပေကတော့ မတူဘူး”
မဒမ်လီက သူမရဲ့လက်ကိုလွှတ်လိုက်ပြီး ခန်ပေါ်ကို ထိုင်လိုက်တယ်။
“မင်တုန်က ပြန်လည်ပြုပြင်မွမ်းမံဖို့လယ်ယာမြေကို အလုပ်သမားအဖြစ်သွားရမှာ.. ဒါပေမယ့် ငါပြောခဲ့သလိုပဲ သူ့ရဲ့ ပညာအရည်အချင်းကြောင့် မကြာခင် ပြန်ထွက်လာနိုင်လိမ့်မယ်.. ဒါပေမယ့် မင်းကရော.. တကယ်လို့ မင်းသာ ပြန်မထွက်လာနိုင်ရင် ဘယ်သူက မင်းကို ကယ်ပေးနိုင်မှာလဲ”
ကွေ့ဟွားက ဟိုအရင်ကတည်းက တုံးအ,မိုက်မဲတတ်တဲ့မဟုတ်ဘဲ သူတို့ညီအစ်ကိုတွေရဲ့စကားဝိုင်းကိုကြားလိုက်ရတာကြောင့်သာ ကြောက်လန့်တုန်လှုပ်သွားခဲ့ပြီး ဦး ချိုပေါက်ချင်လာတာပဲ။
မဒမ်လီက သူမ စိတ်ငြိမ်သွားတာကိုမြင်တော့ ဆက်ပြောလိုက်တယ်။
“မင်း အသားမုန့်လုံးနဲ့ ပဲမုန့်လုံးတို့ကို စောင့်ရှောက်ရင်း စိတ်ကိုအေးအေးထားပြီး အိမ်မှာပဲ ဆက်နေခဲ့ပါ.. မင်တုန် ပြန်ထွက်လာပြီဆိုရင် မင်း လိုက်သွားလို့ရတယ်.. အချိန်ရောက်လာပြီဆိုရင် အဖွားက မင်းတို့အတွက် ကလေးတွေကို အိမ်မှာ ဂရုစိုက်ပေးဖို့ကူညီပေးမယ် .. မင်းကို ဘယ်တော့မှမတားဆီးတော့ဘူး “
ကွေ့ဟွားက လီမင်တုန်ကို လက်မလွှတ်ချင်စွာနဲ့ ကြည့်ရင်း သူမရဲ့ မျက်ဝန်းထဲမှာ ကျန်ရှိနေတဲ့ မျက်ရည်တွေက နောက်တစ်ကြိမ်မျက်တောင်ခတ်လိုက်ချိန်မှာ စီးဆင်းလာခဲ့ပြန်တယ်။
လီမင်တုန် စိတ်သောကရောက်ပြီးအကူအညီမဲ့နေခဲ့ရကာ သူ့ရဲ့လက်ကိုမြှောက်ပြီး သူမရဲ့ မျက်ရည်တွေကို သုတ်ပေးလိုက်တယ်။
သို့ပေမဲ့ သူ့ရဲ့အဘွား၊ သူ့ရဲ့မိဘတွေနှင့် သူ့ရဲ့ညီလေးတွေက ဘေးပတ်လည်မှာ ရှိနေသေးတယ်။ အာ.. ပျော်စရာတွေကို လိုက်ကြည့်ရတာကြိုက်တဲ့ သူ့ရဲ့ညီမငယ်လေးကလည်း အနောက်ဘက်မှ ဝင်လာခဲ့ပြန်တယ်။ ဒါကြောင့် လီမင်တုန်က အတော်လေး ရှက်နေခဲ့တယ်။
မဒမ်လီက ရယ်မောလိုက်တယ်။ သူမက ဆေးတံထဲမှ ဆေးရွက်ကြီးတွေ ကုန်ဆုံးနေတာကိုမြင်တော့ အကျင့်ဖြစ်စွာနဲ့ ခေါက်လိုက်ပြီး လှမ်းပြောခဲ့တယ်။
“မင်းတို့နှစ်ယာက် အိမ်ကိုပြန်သွားပြီး ကိုယ့်အခန်းထဲမှာသီးသန့် စကားပြောကြဦး.. မူဝူနှင့် ဇနီးသည်က အသားမုန့်လုံးနှင့် ပဲမုန့်လုံးကို အရှေ့ခန်းထဲကို ခေါ်ပြီး ကြည့်ပေးလိုက်ကြ.. ကလေးတွေ ဒီနေ့ မင်းတို့နဲ့ အိပ်ပါစေ”