← Chapters

အခန်း (၁၂၄)

Vol. 13 Ch. 124

အခန်း (၁၂၄)

Vol. 13 Ch. 124

မိသားစုက မဒမ်လီပြောခဲ့တဲ့အတိုင်း အလျင်အမြန်လုပ်ဆောင်ကြတယ်။

ကောင်ငယ်လေးနှစ်ယောက်ကိုအခြေချပြီးတဲ့နောက် မဒမ်လီက ဝမ်စုဖန်းကို စောင်ချုပ်လုပ်ဖို့ ပြင်ဆင်ရန်ပြောခဲ့တယ်။ ပြီးခဲ့တဲ့နှစ်ကုန်ခါနီးအချိန်တုန်းက ကျန်းကျန်းက ဝါဂွမ်းမျိုးစေ့တွေကို ယူလာပြီး ဝါဂွမ်းတွေ အများကြီးစိုက်ပျိုးခဲ့တယ်။

မဒမ်လီက အလွန်သတိထားခဲ့ပြီး သူမရဲ့မိသားစုအတွက် အင်္ကျီတစ်ထည်စီချုပ်ပေးကာ အတွင်းပိုင်းမှ ဝါဂွမ်းတွေကိုသာ ထည့်သွင်းအသုံးပြုခဲ့တယ်။

ကျန်းကျန်းက လီမင်တုန်အနေနဲ့ လယ်ယာထဲသို့သွားရတဲ့အချိန်မှာ ကျောင်းမှာတုန်းကထက် ပိုပြီး ခက်ခဲနေမှာဖြစ်ပြီး သူမရဲ့ ဘေးနားမှ လူတွေကလည်း ကူညီပေးနိုင်မှာ မဟုတ်ကြောင်း ပြောခဲ့တယ်။ ဒါကြောင့် ဆောင်းတွင်းမှာ အေးခဲခြင်းမှ ကာကွယ်နိုင်ရန် ပိုမိုထူထဲတဲ့ စောင် ချုပ်လုပ်ပေးဖို့သာ ကူညီနိုင်ခဲ့တယ်။

ကျန်းကျန်း ဝါဂွမ်းတွေအများကြီးကိုစိုက်ခဲ့ပေမဲ့ ဂွမ်းကတ်အင်္ကျီတွေဆိုတာက ဝါဂွမ်းတွေအများကြီးထည့်သွင်းရတာဖြစ်ပြီး ဗီဒိုထဲမှာ ထပ်ထည့်ထားတဲ့ ဝါဂွမ်းထုပ်တွေကအဝတ်အစားတွေချုပ်လုပ်ပြီးချိန်မှာ မကျန်ရစ်တော့ဘူး။

ကျန်းကျန်းကလည်း မဒမ်လီက စောင်ချုပ်ချင်တဲ့အကြောင်းကိုကြားတော့ သူမကို ဝါဂွမ်းတွေသယ်ဖို့အတွက် ဆွဲခေါ်သွားခဲ့တယ်။ နှစ်ပေါင်းများစွာ အပင်တွေကို ထိန်းချုပ်ပြီးတဲ့နောက်မှာ ကျန်းကျန်းက အလွန်အမင်း ကျွမ်းကျင်လာခဲ့ပြီ။

နှစ်မကုန်ခင်တုန်းက စိုက်ပျိုးခဲ့တဲ့ ဝါဂွမ်းစိုက်ခင်းကို ရောက်သွားချိန်မှာ ခြောက်သွေ့နေပြီဖြစ်တဲ့ အကိုင်းအခက်တွေကိုသာ တွေ့ရတော့တယ်။ ကျန်းကျန်း ရောက်လာချိန်မှာ သေဆုံးပြီးနေပြီဖြစ်တဲ့ ဝါဂွမ်းပင်တွေက ပြန်လည်ရှင်သန်လာခဲ့ပြီး အစိမ်းရောင်အပင်ပေါင်းများစွာက ကြီးထွားလာခဲ့တယ်။

ဝမ်စုဖန်းနှင့် မဒမ်လီက သူမရဲ့စွမ်းရည်ကို သိထားကြပေမဲ့ ဒီလိုမြင်ကွင်းကို မြင်လိုက်ရချိန်တိုင်းမှာ အံ့သြမင်သက်သွားကြတုန်းပဲ။

မဒမ်လီက တံတွေးမြိုချလိုက်ပြီး သူမယူလာတဲ့အိတ်ကိုဖွင့်လိုက်ကာ အဖြူရောင်တိမ်တွေလိုမျိုး ကြွေကျလာတဲ့ ဝါဂွမ်းတွေကို ကောက်ယူပြီး ထည့်လိုက်တယ်။ ဝမ်စုဖန်းတစ်ယောက် သတိပြန်မဝင်လာသေးခင်မှာပဲ မဒမ်လီက အိတ်တစ်လုံး ထည့်ပြီးသွားပြီဖြစ်ကာ အိတ်ကို သေသေချာချာ ချည်နှောင်လိုက်တယ်။ ထို့နောက် တခြားအိတ်တလုံးယူပြီး ထည့်ပြန်တယ်။

ဝါဂွမ့်အားလုံးကို ကောက်ပြီးနောက်မှာ အိတ်ခြောက်လုံးပြည့်သွားခဲ့ပြီ။ ကျန်းကျန်းက သူမရဲ့ လက်တစ်ဖက်ကို ဝှေ့ရမ်းလိုက်တော့ ဝါဂွမ်းပင်ရဲ့ အကိုင်းအခက်တွေက နဂို ခြောက်သွေ့တဲ့အခြေအနေအတိုင်း ပြန်ရောက်သွားခဲ့ကြတယ်။

မဒမ်လီနှင့် ဝမ်စုဖန်းတို့က တောင်ပေါ်မှာ အချိန်ကြာမြင့်စွာနေဖို့ မတွေးတောခဲ့ကြဘဲ အထုတ်တွေကို ယူပြီး အိမ်သို့ အလျင်အမြန်ပြန်သွားခဲ့ကြတယ်။

ကျန်းကျန်း သူမရဲ့အိပ်စက်ခြင်းကနေ ရုတ်တရက် အနှိုးခံလိုက်ရတယ်။ နေရောင်ခြည်က သူမရဲ့ ခေါင်းပေါ်မှာ အလွန်တောက်ပနေသေးတာကိုမြင်တော့ သူမတောင်ပေါ်သို့မဆင်းချင်သေးဘူး။

မဒမ်လီက အိတ်နှစ်လုံးကို ကြိုးနဲ့အတူအတူတကွ ချည်နှောင်ရင်း ပုခုံးပေါ်ကို တင်လိုက်ပြီး ကျန်းကျန်းကို အကူအညီမဲ့စွာကြည့်ခဲ့တယ်။

“မင်း ဘာလို့ တောင်ကို ဒီလောက်တောင် စိတ်ဝင်စားနေတာလဲ.. အိမ်မှာကို တစ်နေကုန်မနေတော့ဘူး”

ကျန်းကျန်း ပြုံးလိုက်တယ်။

“ဒီတောင်က ရတနာတွေနဲ့ ပြည့်နေတာလေ.. သမီး ဒီမှာရှိနေသရွေ့ သက်သောင့်သက်သာခံစားရတယ်”

ဝမ်စုဖန်းက ရွေးချယ်စရာမရှိတော့ဘဲ ပြောလိုက်ရတယ်။

“အိမ်ကို စောစောပြန်လာခဲ့.. မနေ့ကလိုမျိုး နောက်ကျတဲ့အထိ မနေနဲ့.. မင်းရဲ့ အဖွားက စိတ်ပူနေလိမ့်မယ်”

ကျန်းကျန်းက အလျှင်အမြန် ပြန်ဖြေခဲ့တယ်။

“သမီးသိပါတယ်.. ဒီနေ့သမီး တောကော််နည်းနည်းလောက်ရှာပြီး ပြန်လာခဲ့မယ်.. အစ်ကိုကြီးအတွက် ဒီနှစ်ရက်ကို အသားတွေကျွေးလိုက်ရအောင်လို့.. ဒါမှ အရင်တုန်းက မစားခဲ့ရတာကို အစားပြန်ပြင်ပေးနိုင်မှာ.. နောက်ပြီး နှစ်သစ်ကူးအကြိုပြီးသွားလို့ အန်းပေကိုပြန်သွားရင်လည်း နည်းနည်းလောက် အားအင်ပြည့်ဝစေလိမ့်မယ်.. သူ့အတွက် အသားဟင်းတွေ ထပ်တိုးလာတာပေါ့”

ဒီ သူမရဲ့စကားကိုကြားတော့ မဒမ်လီက နေ့လည်တုန်းက ကျန်းကျန်းယူလာတဲ့အမဲသားက အလေးချိန် လေး၊ငါးကီလိုဂရမ်လောက် ရှိလောက်မယ်လို့ တွေးမိတယ်။ မူလတုန်းက သူမက ထိုအသားကို စတူးဟင်းချက်ပြီး ကျန်ရှိနေတာတွေကို နှပ်ထားဖို့ တွေးတောထားခဲ့တယ်။

သို့ပေမဲ့ မြေးဖြစ်သူက အန်းပေကို ပြန်န်ရောက်သွားခဲ့ရင် အသားမစားနိုင်တော့ကြောင်း ကြားရပြီးချိန်မှာတော့ သူမက အသားတွေကို ချန်ထားဖို့ စိတ်မဝင်စားတော့ဘူး။ သူမက တွေးတောရင်း ဝမ်စုဖန်းကို အလျှင်အမြန်ပြောလိုက်တယ်။

“မင်း အိမ်ပြန်ရောက်ရင် ဂျုံနည်းနည်းလောက် အရင်ဆုံးထုတ်ပြီး ဂျုံဖြူ မုန့်သား နယ်ထားလိုက်.. ငါတို့ဒီည အမဲသားဘန်းမုန့်စားရအောင်.. ကျန်းကျန်း အရင်တစ်ခေါက်တုန်းက ရေအားလျှပ်စစ်စက်ရုံကနေ ပြန်ယူလာတဲ့ အမဲသားဘန်းမုန့်ကို မင်းကြိုက်တယ်မလား”

ကျန်းကျန်းတစ်ယောက် နောက်ဆုံးအကြိမ်တုန်းက စားခဲ့ရတဲ့ မုန့်သားပါးလွှာပြီး အတွင်းမှာ အသားတွေပြည့်နေတဲ့ ဘန်းမုန့်ကို ပြန်လည် သတိရမိပြီး ပါးစပ်အတွင်းမှာ သွားရည်တွေ ပြည့်လာရတယ်။ ကျန်းကျန်း သူမရဲ့ပါးစပ်မှ တံတွေးတွေကို မျိုချလိုက်ပြီး ဝမ်စုဖန်းကို အလျှင်အမြန် လှမ်းပြောလိုက်တယ်။

“အမေ.. အထဲမှာ ကြက်သွန်စိမ်းများများထည့်ပေးနော် တခြားအသီးအရွက်တွေ မထည့်နဲ့တော့.. သမီး အသားသီးသန့်စားချင်တယ်”

ဝမ်စုဖန်းက ကျန်းကျန်းရဲ့ ဝကစ်ပြီးဖောင်းကားနေတဲ့ မျက်နှာလေးကို ဖြစ်ညှစ်လိုက်ပြီး ပြုံးရယ်ကာ ပြောလာတယ်။

“မင်းကတော့ ဝလွန်းလို့ ဝက်ပေါက်လေးနဲ့တောင်တူနေပြီ.. ဒါကို အသားသီးသန့်စားချင်နေသေးတယ်ပေါ့”

“ဒါက ကောင်းချီးပေးခံထားရလို့ ကျန်းမာသန်စွန်းနေတာလို့ ခေါ်တယ်”

ကျန်းကျန်းက စိတ်မကျေနပ်စွာနဲ့ သူမရဲ့ ပါးပြင်လေးတွေကိုဖောင်းကားလိုက်ပြီး မဒမ်လီဘက်သို့ လှည့်ပြီး ပြောလိုက်တယ်။

“အဖွား .. အဖွားရော သမီးက ကောင်းချီးပေးခံရတာလို့ မထင်ဘူးလား”

မဒမ်လီက ဒီမြေးမလေးကို အချစ်ဆုံးပဲ။ သူမက ဖြူဖွေးပြီး နူးညံ့လှကာ အလွန်အမင်း ချစ်စရာကောင်းတယ်။ ဒါကြောင့် ကျန်းကျန်းတစ်ယောက် နှုတ်ခမ်းထော်နေတာကိုမြင်တွေ့ရချိန်မှာ အလျှင်အမြန်ပဲ ခေါင်းညိတ်လာတယ်။

“ငါတို့မိသားစုရဲ့ကျန်းကျန်းက ကောင်းချီပေးခံထားရပြီး ချစ်စရာအကောင်းဆုံးဖြစ်နေတာ.. ဘယ်သူမှ မမှီနိုင်ဘူး”

ကျန်းကျန်း သူမရဲ့ ဖောင်းဖောင်းကစ်ကစ်မျက်နှာလေးကို လက်နဲ့ကိုင်ရင်း တုံးအအနိုင်စွာ ရယ်မောလာတယ်။

မဒမ်လီနှင့် ဝမ်စုဖန်းတို့ တောင်အောက်ကို ဆင်းသွားပြီဖြစ်ကြောင်း သေချာတော့မှ ကျန်းကျန်း နေရာလွတ်ထဲသို့ ဝင်ဖို့ လုပ်ခဲ့တယ်။

မနေ့တုန်းက အကြိမ်ပေါင်းများစွာ ဝင်လိုက်ထွက်လိုက်လုပ်ပြီးတဲ့နောက်မှာ ကျန်းကျန်း ဒီနေရာလွတ်ရဲ့ တည်နေရာကို နားလည်သဘောပေါက်သွားခဲ့ပြီ။

အရင်တုန်းကတော့ နေရာကူးပြောင်းတဲ့အချိန်တွေမှာ သူမအလွန်လျှင်မြန်စွာသွားလာနေခဲ့တာကြောင့် သူမမိုင်ပေါင်းများစွာဝေးတဲ့နေရာဆီကို ဘာကြောင့် အချိန်ခဏအတွင်း ရောက်လာနိုင်တာလဲဆိုတာကို နားမလည်ခဲ့ဘူး။ အခုအချိန်မှာမှ သူမက ဒီနေရာလွတ်ကို တံခါးပေါက်တစ်ချပ်လိုမျိုး ဝင်လိုက်ထွက်လိုက်လုပ်နေတာဖြစ်ကြောင်း နားလည်သွားခဲ့တယ်။

တကယ်တမ်းမှာ သူမက တစ်မီတာအကွာအဝေးကိုသာ ဖြတ်ကျော်ရန်သာလိုအပ်ခဲ့တာပဲ။ ထိုနေရာလွတ်ထဲကနေ ဖြတ်သန်းလိုက်မယ်ဆိုရင် သူမရဲ့အသိစိတ်ဖြန့်ကျက်နိုင်တဲ့ အတိုင်းအတာအတွင်းမှ ဘယ်နေရာကိုမဆို ရောက်နိုင်လိမ့်မယ်။ ဒါက အတော်လေး အာဏာရှင်ဆန်တဲ့ တံခါးမျိုးပဲ။

ဒီနေရာလွတ်ဆီကို လာဖို့အတွက် သွားရတဲ့နေရာက တံတိုင်းတစ်ခုမဟုတ်ဘဲ တကယ်တမ်းမှာတော့ အလင်းနံရံတစ်ခုသာ ဖြစ်နေတယ်။ သူမက အလင်းနံရံဆီကိုကျော်ဖြတ်ပြီး သွားလာနေခဲ့တာ။ ကျန်းကျန်းက ဘယ်ဘက်ခြမ်းကိုသာ အသုံးပြုဖူးသေးပြီး ညာဘက်ခြမ်းကတော့ ကျန်ရှိနေဆဲဖြစ်ကာ ဘာတွေရှိနေမလဲဆိုတာ မသိနိုင်သေးဘူး။

ကျန်းကျန်းတစ်ယောက် ဒီနေ့ညမှာ အမဲသားဘန်းမုန့်လုပ်မဲ့အကြောင်းကို တွေးမိပြီး တောရိုင်းဟင်းသီးဟင်းရွက်တွေကို တခြင်းခူးလာခဲ့ပြီး ရစ်ငှက်ကြီးနှစ်ကောင်နှင့် ငါးတချို့ဖမ်းကာ အိမ်ကိုပြန်လာခဲ့တယ်။

ကျန်းကျန်းက ဒီနေ့မှာ အိမ်ကိုအစောကြီးပြန်ခဲ့တာကြောင့် လမ်းမှာသိကျွမ်းတဲ့လူတွေတဲ့ တွေ့ဆုံခဲ့တယ်။ အိမ်နီးချင်းတွေက လီမိသားစုက တောကောင်တွေ ဖမ်းတဲ့နေရာမှာ တော်ကြောင်းကိုသိပေမဲ့ ကျန်းကျန်းလိုမျိုး ငယ်ရွယ်တဲ့ကလေးမလေးကပါ ရစ်ငှက်ကြီးနှစ်ကောင်ကို ဖမ်းမိလာတာကိုမြင်ချိန်မှာတော့ ကျန်းကျန်းကိုရှက်ရွံ့စေတဲ့အထိ ချီးကျူးလာခဲ့ကြတယ်။

“အိုး လီမိသားစုဟောင်းက ဒီမိန်းကလေးက အရမ်းစွမ်းရည်ရှိတာပဲ.. သူမက ဒီလောက်ကြီးတဲ့ ရစ်ငှက်ကြီးတွေကိုတောင် ဖမ်းမိခဲ့တယ်.. ငါတို့မိသားစုထဲက အကြီးဆုံးသားထက်တောင် ပိုပြီး လုပ်နိုင်စွမ်းရှိတယ်”

ဦးလေးတစ်ယောက်က အခုလေးတင် ငါးဖမ်းပြီးပြန်လာတဲ့ ကျန်းကျန်း တည့်တည့်ကြည့်ပြီး ချီးမွန်းကာ သူ့ဘေးမှ ဆယ့်ခုနှစ်နှစ်အရွယ်ကောင်လေးကိုကြည့်လိုက်တယ်။

တစ်ဖက်မှာလည်းရှစ်နှစ်အရွယ်ကောင်လေးတစ်ယောက်က ခေါင်းနောက်ဘက်ကို အရိုက်ခံလိုက်ရတယ်။

“မင်း သူများတွေကိုကြည့်ဦ်း.. နှစ်မကုန်ခင်တုန်းက ငါ မင်းအမေအတွက် ယုန်တစ်ကောင်လောက်ဖမ်းလာခဲ့ဖို့ပြောခဲ့တာ.. မင်းရဲ့ယုန်ဘယ်မှာလဲ”

ကျန်းကျန်းက တစ်ဖက်မှ လူတွေကို တောင်းပန်လိုဟန်နဲ့ ပြုံးပြလိုက်ပြီး လက်တစ်ဖက်ကငါးတွေကိုကိုင်ပြီး တခြားတစ်ဖက်က ရစ်ငှက်တွေကိုဆွဲကာ အလျှင်အမြန် ပြေးသွားတော့တယ်။

သို့ပေမယ့် ကျန်းကျန်း ခြေလှမ်းအနည်းငယ်လောက် ဆက်သွားပြီးချိန်မှာ နောက်ထပ်အသိအကျွမ်းတစ်ယောက်နဲ့ တွေ့ခဲ့ပြီး ထိုသူက ကျန်းကျန်းကိုမြင်တော့ ပြောလာတယ်။

“အောင်မြင်တဲ့ လီမိသားစုထဲက မိန်းကလေးကတော့ ဒီလိုမျိုးတော်လွန်းနေတာပဲ.. မင်းမှာ ဒီလိုအရည်အချင်းတွေရှိနေတော့ အနာဂတ်မှာလက်ထပ်ဖို့အတွက် စိတ်ပူစရာမလိုတော့ဘူး ... “

ကျန်းကျန်းရဲ့မျက်နှာက အနက်ရောင်ပြောင်းသွားခဲ့တယ်။

“ဦးလေး.. ဦးလေးပြောတာ ရှေ့ကိုအရမ်းဝေးလွန်းနေတယ်”

ထိုလူက ရယ်မောလိုက်ပြီး :

“မဝေးပါဘူး.. ငါ့မိသားစုမှာလည်း မင်းထက်နှစ်နှစ်ကြီးတဲ့ကောင်လေးတစ်ယောက်ရှိတယ်လေ.. မင်းတို့တွေ ကျောင်းမှာ အတူ မကစားကြဘူးလား.. အချင်းချင်း တွေ့ဖြစ်ကြတယ်မလား”

ကျန်းကျန်းတစ်ယောက် သူမရဲ့မျက်နှာပေါ်မှာ အနက်ရောင်လိုင်းတွေနဲ့ ပြန်စဥ်းစားလိုက်ကာ သူမရဲ့အတန်းထဲမှာ အလွန်ကြီးမားတဲ့ ငတုံးတစ်ယောက်ရှိတာကို တွေးလိုက်မိတယ်။

“ဝမ်တာ့ကျွမ်းကို ပြောတာလား.. ကျွန်မတို့ရဲ့အတန်းကို သုံးခါမြောက် ပြန်တက်တဲ့တစ်ယောက်လေ

“သူက ဒီနှစ်မှာ ထပ်ပြီးပြန်တက်နေစရာမလိုတော့ပါဘူး.. ဒီနှစ်ကစပြီး စာမေးပွဲတွေ မပြုလုပ်နိုင်တော့ဘူး.. ဒီတော့ လာမဲ့နှစ်မှာလည်း မင်းတို့တွေ အတန်းအတူတူတက်ရလိမ့်မယ်.. ဟေး.. လီမင်ကျန်း.. မင်း ဘာလို့ပြေးသွားတာလဲ”

ထိုလူက ကျန်းကျန်းရဲ့နောက်ကို ကြည့်ရင်း သူမ ပျောက်ကွယ်သွားတာကိုမြင်တော့ နောင်တရစွာနဲ့ ပြောလိုက်တယ်

“ဒီမိန်းကလေးကအရမ်းမြန်မြန်ပြေးနိုင်တာပဲ.. အနာဂတ်မှာ လုပ်ကိုင်နိုင်စွမ်း မြင့်လောက်မယ်”

**

All Chapters